Truyen3h.Co

My Little Kitty

Part 3

KimFany059

#unicode

"မင်း ဘယ်သူလည်း ဘာလို့ ငါ့အခန်းထဲကို ရောက်နေတာလည်း မင်း ဘယ်လို ဒီထဲ ၀င်လာတာ ငါ့အနောက်ကို လိုက်တဲ့ stalkerထဲက တစ်ယောက်လား.. ...သူခိုးလား....... "

Lisa အသက်မရှူ ဘဲ မေးခွန်းတွေ ဆက်တိုက်မေးနေတယ်....ကောင်မလေးမှာ Lisaကို ကြည့်ပြီး ပြောလိုက်တဲ့ စကားကား....

"Meow......"

Lisaကတော့ သူ့ခန္ဓာကိုယ်ပေါ်မှာ အ၀တ်အစားတွေ ရှိသေးလို့ ဒီကောင်မလေးနဲ့ ဘာမှမဖြစ်ခဲ့ဘူးဆိုပြီး စိတ်သက်သာရာနည်းနည်း ရသွားပေမယ့် Meowဆိုတဲ့ ကောင်မလေးရဲ့ တုံ့ပြန်မှုကြောင့် ကြောင်သွားတယ်

"Meow ?"

Lisaမှာ  အူကြောင်ကြောင်ဖြင့် မေးလိုက်တယ်.......

"မင်း ငါ့ကို စနောက်နေတာလား ဒါက ရယ်စရာမဟုတ်ဘူးနော်..ဘာ Meowလည်း ......."

Lisa ဒေါသထွက်ပြီး အော်လိုက်တယ်.....

ပြီးတော့ အခန်းရှေ့ ဧည့်ခန်း ပါမကျန် တစ်ခုခုကို လိုက်ရှာနေပေမယ့် သူရှာနေတာကို မတွေ့ရပေ.....

"လက်မြှောက်..... "

Lisa သက်ပြင်းချလိုက်ကာ သူ့အပေါ်ဝတ် အင်ကျီ ကို ချွတ်ပြီး ကောင်မလေးကို လက်မြှောက်ခိုင်းလိုက်တယ်......

ချက်ချင်းဘဲ ကောင်မလေးက လက်မြှောက်ပေးတော့ ကောင်မလေးကို အင်ကျီဝတ်ပေးပြီး အခန်းထဲကို Lisa ပြန်၀င်သွားတယ်......

ပြီးတော့ အခန်းထဲကနေ ပြန်ထွက်လာပြီး သူယူလာတဲ့  ဘောင်းဘီကို မိန်းကလေးဆီ ပစ်ပေးကာ

"​ဘောင်းဘီဝတ်ပြီး ထွက်သွား"

". ..."

"ငါ ပြောနေတယ် ထွက်သွားလို့......"

Lisa  အော်လိုက်ပေမယ့် ကောင်မလေးမှာ နေရာတောင်မရွေ့ပေ......

ကော်ဇောမှာ ထိုင်ပြီး သူမရဲ့ မျက်လုံးအညိုရောင်လေးနဲ့ Lisaကို  ကြည့်နေတယ်....

ကောင်မလေးမှာ ဘောင်းဘီလည်း မဝတ်တတ်သောကြောင့် Lisaရဲ့ အင်ကျီ အရှည်ကြီးကြောင့်သာ ​လုံခြုံနေခြင်း ဖြစ်သည်

"မင်း နားလေးနေတာလား"

Lisa နောက်ထပ်အော်လိုက်ပြီး ကောင်မလေးကို ဆွဲခေါ်သွားတယ်.....

"သခင် ကျွန်မကို နာအောင်လုပ်နေတယ်....."

သူမရဲ့ လက်ကောက်၀တ်ကို ကျစ်ကျစ်ပါအောင်ဆွဲပြီး တံခါးအပြင်ဘက်ကို လျှောက်သွားတဲ့ Lisaကို  ပြောလိုက်ပေမယ့် Lisaက လျစ်လျူ ရှုပြီး ကောင်မလေးကို ဆွဲခေါ်သွားတယ်

အပြင်ဘက်ကိုလည်း ရောက်ရော ကောင်မလေးကို ထားခဲ့ပြီး Lisa တံခါးဆောင့်ပိတ်လိုက်တယ်

ကောင်မလေးမှာ တံခါးအပြင်ဘက် ငုတ်တုတ်လေးထိုင်ပြီး နာကျင်လို့ ငိုနေတယ်

Lisa ကတော့ အိမ်ထဲမှာ သူ့ရဲ့ Chaeyoungကို လိုက်ရှာနေတယ်

ရေချိူးခန်း ကုတင်အောက် မီးဖိုပါမချန် နေရာအနှံ့ ရှာပေမယ့် Chaeyoungကို မတွေ့သောကြောင့် စိတ်ပူလာတယ်

"ခုန ရူးနေတဲ့ ကောင်မလေးက တစ်ခုခုလုပ်လိုက်လို့ Chaeyoung ထွက်ပြေးသွားတာဖြစ်မယ်....."

"သခင် သခင်......"

တံခါးကို တဘုန်းဘုန်းထုပြီး အော်နေတဲ့ ကောင်မလေးကြောင့် Lisa ဒေါသထွက်လာပြန်ရော

တံခါးကို ဖွင့်ပြီး အံကြိတ်ကာ သူ့ရှေ့မှာ မျက်ရည်တွေစီးကျနေတဲ့ ကောင်မလေးကို Lisa  မေးလိုက်တယ်............

"မင်း မသွားသေးဘူးလား........."

"သခင်...ကျွန်မက Chaeyoungပါ....."
ကောင်မလေးမှာ ငိုရှိုက်ရင်း ပြောလိုက်သည်

"ဘာ.....ဘယ်မှာလဲ Chae ဘယ်မှာလည်း.....မင်း သူ့ကို ဘာလုပ်လိုက်တာလည်း........."

ကောင်မလေးရဲ့ ပခုံးကို ဆောင့်ကိုင်ပြီး Lisa  ဒေါသတကြီး မေးလိုက်သည်

"ကျွန်မပါ......Chaeyoungပါ....သခင်က ကျွန်မကို နာကျင်အောင် လုပ်နေတာပါ......"

Lisa ကို ကြည့်ပြီး ကောင်မလေး အော်ငိုလိုက်သည်

"ငါ့ကို အရူးလုပ်တာ ရပ်တော့ Chaeက ကြောင်ပေါက်လေး  မင်းက အ၀တ်တောင်မပါတဲ့ လမ်းဘေးက မိန်းမပျက်....."

ကောင်မလေးမှာ ကြမ်းပြင်ပေါ် လှဲပြီး မြေကြီးကိုထုကာ ငိုလိုက်သည်

"သခင်ဘဲ မနေ့က ကျွန်မကို လူဖြစ်ရင်ကောင်းမယ်ဆိုပြီး ဆုတောင်းပြီး အခုကျွန်မ လူဖြစ်တော့ သခင်က မကြိုက်ပြန်ဘူး.....ကျွန်မ ကြောင်လေးဘဲ ပြန်ဖြစ်ချင်တယ်.....ဘာလို့လည်းဆိုတော့ သခင်က ကျွန်မကို နာကျင်အောင်လုပ်တယ်.....ကျွန်မ ကြောက်တယ်......Chaeyoung ပါဆို သခင်ကို အရူးလုပ်နေတာမဟုတ်ဘူး......."

"ငါ မင်းပြောတာကို မယုံဘူး....ဘယ်နဲ့ ကြောင်ကနေ လူဖြစ်ရမှာလည်း......မင်းက ငါနဲ့ နီးစပ်ချင်လို့ ကြားဖူးနား၀ ဇာတ်လမ်းဆင်နေတဲ့ Fanလား.............."

"No....Chae. ..Chaeyoungပါဆို ဘာလို့မယုံတာလည်း သခင်........"

"ထွက်သွား ........"

Lisa တံခါးကို ပိတ်လိုက်ပေမယ့် Chaeyoung မှာ ငိုပြီး တံခါးကို ဆက်တိုက်ထုနေတယ်......

Lisaတံခါးကို မှီထားပြီး ကောင်မလေးပြောတာတွေကို စဉ်းစားကာ မယုံနိုင်ဘဲ ဖြစ်နေတယ်

ကောင်မလေးငိုတာကို မြင်ရတော့လည်း သူ့ရင်ထဲမှာ တစ်မျိုးကြီးခံစားရပြန်တယ်.......

ကောင်မလေးကိုလည်း သူမသိဘူး တစ်ခါမှလည်း မမြင်ဖူးဘူးဆိုပေမယ့် ငိုသံကြားရတော့ သူ့ရင်ထဲ တစ်မျိူးကြီး ဖြစ်နေတယ်................

"သခင် ကျွန်မ Chaeyoungပါ .......ကျွန်မကို အထဲ၀င်ခွင့်ပြုပါ.....ဘယ်လိုလုပ်မှ  သခင်က ကျွန်မ Chaeyoungဆိုတာ ယုံမှာလည်း......"

Lisa မှာ Chaeyoung ပြောတာတွေကို အထဲက ကြားနေရတယ်......

"သခင်ရဲ့ အသက်ရှစ်နှစ်ကတည်းက အတူနေလာတာလေ မိန်းမကြီးက သခင်ရဲ့မွေးနေ့မှာ ကျွန်မကို ပေးတာလေ....."

Lisa အထဲကနေ Chaeyoung ပြောတာတွေ နားထောင်ပြီး အံ့အားသင့်နေတယ်

"သူ ဘယ်လိုသိတာလည်း....."

" Lisa  shii.......ဒီ မိန်းကလေးကို နှင်ထုတ်လိုက်ရမလား......"

အပြင်ဘက် လုံခြုံရေးက ရောက်လာပြီး Lisaကို  မေးလိုက်သည်

"ဟုတ် ခေါ်သွားပေးပါ....."

အပြင်ဘက်က ကောင်မလေး ငိုသံကြားပေမယ့် မသိချင်ယောင်ဆောင်ထားလိုက်တယ်

Lisa တံခါးဖွင့်ကြည့်တော့ လုံခြုံရေးသုံးယောက်က ကောင်မလေးကို ချုပ်ထားကြတယ်.....

"သခင်.....ကျွန်မ သူတို့နဲ့ မလိုက်ပါရစေနဲ့ ကျေးဇူးပြု၍ Chaeyoung ဆိုတာ ယုံကြည်ပေးပါ သခင်......ငါ့ကို တကယ်ချစ်တဲ့သူက မင်းဘဲ ဖြစ်မယ် ....မင်းကသာ အမြဲတမ်း ဘာဖြစ်နေနေ ငါ့ဘေးနားရှိတာ.....ငါ မင်းကို လျစ်လျူ ရှုထားရင်တောင် ငါ့ဘေးနားက ထွက်မသွားခဲ့ဘူး ......မင်းသာ လူသားတစ်ယောက် ဖြစ်ရင် ဘယ်လောက်ကောင်းမလည်းဆိုပြီး မနေ့ညက သခင်ပြောခဲ့တယ်လေ......ဘာလို့ ကျွန်မကို သူတို့နဲ့ထည့်လိုက်တာလည်း ကျွန်မ အရမ်းကြောက်တယ်......"

လုံခြုံရေး သုံးယောက် ဆွဲခေါ်ရာနောက် ပါသွားရင်း Chaeyoung အော်ဟစ်နေတယ်

#tbc

#zawgyi

"မင္း ဘယ္သူလည္း ဘာလို႔ ငါ့အခန္းထဲကို ေရာက္ေနတာလည္း မင္း ဘယ္လို ဒီထဲ ၀င်လာတာ ငါ့အေနာက္ကို လိုက္တဲ့ stalkerထဲက တစ္ေယာက္လား.. ...သူခိုးလား....... "

Lisa အသက္မရႉ ဘဲ ေမးခြန္းေတြ ဆက္တိုက္ေမးေနတယ္....ေကာင္မေလးမွာ Lisaကို ၾကည့္ၿပီး ေျပာလိုက္တဲ့ စကားကား....

"Meow......"

Lisaကေတာ့ သူ႕ခႏၶာကိုယ္ေပၚမွာ အ၀တ္အစားေတြ ရွိေသးလို႔ ဒီေကာင္မေလးနဲ႕ ဘာမွမျဖစ္ခဲ့ဘူးဆိုၿပီး စိတ္သက္သာရာနည္းနည္း ရသြားေပမယ့္ Meowဆိုတဲ့ ေကာင္မေလးရဲ႕ တုံ႕ျပန္မႈေၾကာင့္ ေၾကာင္သြားတယ္

"Meow ?"

Lisaမွာ  အူေၾကာင္ေၾကာင္ျဖင့္ ေမးလိုက္တယ္.......

"မင္း ငါ့ကို စေနာက္ေနတာလား ဒါက ရယ္စရာမဟုတ္ဘူးေနာ္..ဘာ Meowလည္း ......."

Lisa ေဒါသထြက္ၿပီး ေအာ္လိုက္တယ္.....

ၿပီးေတာ့ အခန္းေရွ႕ ဧည့္ခန္း ပါမက်န္ တစ္ခုခုကို လိုက္ရွာေနေပမယ့္ သူရွာေနတာကို မေတြ႕ရေပ.....

"လက္ျမႇောက္..... "

Lisa သက္ျပင္းခ်လိဳက္ကာ သူ႕အေပၚဝတ္ အင္က်ီ ကို ခြၽတ္ၿပီး ေကာင္မေလးကို လက္ျမႇောက္ခိုင္းလိုက္တယ္......

ခ်က္ခ်င္းဘဲ ေကာင္မေလးက လက္ျမႇောက္ေပးေတာ့ ေကာင္မေလးကို အင္က်ီဝတ္ေပးၿပီး အခန္းထဲကို Lisa ျပန္၀င္သြားတယ္......

ၿပီးေတာ့ အခန္းထဲကေန ျပန္ထြက္လာၿပီး သူယူလာတဲ့  ေဘာင္းဘီကို မိန္းကေလးဆီ ပစ္ေပးကာ

"ေဘာင္းဘီဝတ္ၿပီး ထြက္သြား"

". ..."

"ငါ ေျပာေနတယ္ ထြက္သြားလို႔......"

Lisa  ေအာ္လိုက္ေပမယ့္ ေကာင္မေလးမွာ ေနရာေတာင္မေ႐ြ႕ေပ......

ေကာ္ေဇာမွာ ထိုင္ၿပီး သူမရဲ႕ မ်က္လုံးအညိုေရာင္ေလးနဲ႕ Lisaကို  ၾကည့္ေနတယ္....

ေကာင္မေလးမွာ ေဘာင္းဘီလည္း မဝတ္တတ္ေသာေၾကာင့္ Lisaရဲ႕ အင္က်ီ အရွည္ႀကီးေၾကာင့္သာ လုံၿခဳံေနျခင္း ျဖစ္သည္

"မင္း နားေလးေနတာလား"

Lisa ေနာက္ထပ္ေအာ္လိုက္ၿပီး ေကာင္မေလးကို ဆြဲေခၚသြားတယ္.....

"သခင္ ကြၽန္မကို နာေအာင္လုပ္ေနတယ္....."

သူမရဲ႕ လက္ေကာက္၀တ္ကို က်စ္က်စ္ပါေအာင္ဆြဲၿပီး တံခါးအျပင္ဘက္ကို ေလွ်ာက္သြားတဲ့ Lisaကို  ေျပာလိုက္ေပမယ့္ Lisaက လ်စ္လ်ဴ ရႈၿပီး ေကာင္မေလးကို ဆြဲေခၚသြားတယ္

အျပင္ဘက္ကိုလည္း ေရာက္ေရာ ေကာင္မေလးကို ထားခဲ့ၿပီး Lisa တံခါးေဆာင့္ပိတ္လိုက္တယ္

ေကာင္မေလးမွာ တံခါးအျပင္ဘက္ ငုတ္တုတ္ေလးထိုင္ၿပီး နာက်င္လို႔ ငိုေနတယ္

Lisa ကေတာ့ အိမ္ထဲမွာ သူ႕ရဲ႕ Chaeyoungကို လိုက္ရွာေနတယ္

ေရခ်ိဴးခန္း ကုတင္ေအာက္ မီးဖိုပါမခ်န္ ေနရာအႏွံ႕ ရွာေပမယ့္ Chaeyoungကို မေတြ႕ေသာေၾကာင့္ စိတ္ပူလာတယ္

"ခုန ႐ူးေနတဲ့ ေကာင္မေလးက တစ္ခုခုလုပ္လိုက္လို႔ Chaeyoung ထြက္ေျပးသြားတာျဖစ္မယ္....."

"သခင္ သခင္......"

တံခါးကို တဘုန္းဘုန္းထုၿပီး ေအာ္ေနတဲ့ ေကာင္မေလးေၾကာင့္ Lisa ေဒါသထြက္လာျပန္ေရာ

တံခါးကို ဖြင့္ၿပီး အံႀကိတ္ကာ သူ႕ေရွ႕မွာ မ်က္ရည္ေတြစီးက်ေနတဲ့ ေကာင္မေလးကို Lisa  ေမးလိုက္တယ္............

"မင္း မသြားေသးဘူးလား........."

"သခင္...ကြၽန္မက Chaeyoungပါ....."
ေကာင္မေလးမွာ ငိုရွိုက္ရင္း ေျပာလိုက္သည္

"ဘာ.....ဘယ္မွာလဲ Chae ဘယ္မွာလည္း.....မင္း သူ႕ကို ဘာလုပ္လိုက္တာလည္း........."

ေကာင္မေလးရဲ႕ ပခုံးကို ေဆာင့္ကိုင္ၿပီး Lisa  ေဒါသတႀကီး ေမးလိုက္သည္

"ကြၽန္မပါ......Chaeyoungပါ....သခင္က ကြၽန္မကို နာက်င္ေအာင္ လုပ္ေနတာပါ......"

Lisa ကို ၾကည့္ၿပီး ေကာင္မေလး ေအာ္ငိုလိုက္သည္

"ငါ့ကို အ႐ူးလုပ္တာ ရပ္ေတာ့ Chaeက ေၾကာင္ေပါက္ေလး  မင္းက အ၀တ္ေတာင္မပါတဲ့ လမ္းေဘးက မိန္းမပ်က္....."

ေကာင္မေလးမွာ ၾကမ္းျပင္ေပၚ လွဲၿပီး ေျမႀကီးကိုထုကာ ငိုလိုက္သည္

"သခင္ဘဲ မေန႕က ကြၽန္မကို လူျဖစ္ရင္ေကာင္းမယ္ဆိုၿပီး ဆုေတာင္းၿပီး အခုကြၽန္မ လူျဖစ္ေတာ့ သခင္က မႀကိဳက္ျပန္ဘူး.....ကြၽန္မ ေၾကာင္ေလးဘဲ ျပန္ျဖစ္ခ်င္တယ္.....ဘာလို႔လည္းဆိုေတာ့ သခင္က ကြၽန္မကို နာက်င္ေအာင္လုပ္တယ္.....ကြၽန္မ ေၾကာက္တယ္......Chaeyoung ပါဆို သခင္ကို အ႐ူးလုပ္ေနတာမဟုတ္ဘူး......."

"ငါ မင္းေျပာတာကို မယုံဘူး....ဘယ္နဲ႕ ေၾကာင္ကေန လူျဖစ္ရမွာလည္း......မင္းက ငါနဲ႕ နီးစပ္ခ်င္လို႔ ၾကားဖူးနား၀ ဇာတ္လမ္းဆင္ေနတဲ့ Fanလား.............."

"No....Chae. ..Chaeyoungပါဆို ဘာလို႔မယုံတာလည္း သခင္........"

"ထြက္သြား ........"

Lisa တံခါးကို ပိတ္လိုက္ေပမယ့္ Chaeyoung မွာ ငိုၿပီး တံခါးကို ဆက္တိုက္ထုေနတယ္......

Lisaတံခါးကို မွီထားၿပီး ေကာင္မေလးေျပာတာေတြကို စဥ္းစားကာ မယုံနိုင္ဘဲ ျဖစ္ေနတယ္

ေကာင္မေလးငိုတာကို ျမင္ရေတာ့လည္း သူ႕ရင္ထဲမွာ တစ္မ်ိဳးႀကီးခံစားရျပန္တယ္.......

ေကာင္မေလးကိုလည္း သူမသိဘူး တစ္ခါမွလည္း မျမင္ဖူးဘူးဆိုေပမယ့္ ငိုသံၾကားရေတာ့ သူ႕ရင္ထဲ တစ္မ်ိဴးႀကီး ျဖစ္ေနတယ္................

"သခင္ ကြၽန္မ Chaeyoungပါ .......ကြၽန္မကို အထဲ၀င္ခြင့္ျပဳပါ.....ဘယ္လိုလုပ္မွ  သခင္က ကြၽန္မ Chaeyoungဆိုတာ ယုံမွာလည္း......"

Lisa မွာ Chaeyoung ေျပာတာေတြကို အထဲက ၾကားေနရတယ္......

"သခင္ရဲ႕ အသက္ရွစ္ႏွစ္ကတည္းက အတူေနလာတာေလ မိန္းမႀကီးက သခင္ရဲ႕ေမြးေန႕မွာ ကြၽန္မကို ေပးတာေလ....."

Lisa အထဲကေန Chaeyoung ေျပာတာေတြ နားေထာင္ၿပီး အံ့အားသင့္ေနတယ္

"သူ ဘယ္လိုသိတာလည္း....."

" Lisa  shii.......ဒီ မိန္းကေလးကို ႏွင္ထုတ္လိုက္ရမလား......"

အျပင္ဘက္ လုံၿခဳံေရးက ေရာက္လာၿပီး Lisaကို  ေမးလိုက္သည္

"ဟုတ္ ေခၚသြားေပးပါ....."

အျပင္ဘက္က ေကာင္မေလး ငိုသံၾကားေပမယ့္ မသိခ်င္ေယာင္ေဆာင္ထားလိုက္တယ္

Lisa တံခါးဖြင့္ၾကည့္ေတာ့ လုံၿခဳံေရးသုံးေယာက္က ေကာင္မေလးကို ခ်ဳပ္ထားၾကတယ္.....

"သခင္.....ကြၽန္မ သူတို႔နဲ႕ မလိုက္ပါရေစနဲ႕ ေက်းဇူးျပဳ၍ Chaeyoung ဆိုတာ ယုံၾကည္ေပးပါ သခင္......ငါ့ကို တကယ္ခ်စ္တဲ့သူက မင္းဘဲ ျဖစ္မယ္ ....မင္းကသာ အၿမဲတမ္း ဘာျဖစ္ေနေန ငါ့ေဘးနားရွိတာ.....ငါ မင္းကို လ်စ္လ်ဴ ရႈထားရင္ေတာင္ ငါ့ေဘးနားက ထြက္မသြားခဲ့ဘူး ......မင္းသာ လူသားတစ္ေယာက္ ျဖစ္ရင္ ဘယ္ေလာက္ေကာင္းမလည္းဆိုၿပီး မေန႕ညက သခင္ေျပာခဲ့တယ္ေလ......ဘာလို႔ ကြၽန္မကို သူတို႔နဲ႕ထည့္လိုက္တာလည္း ကြၽန္မ အရမ္းေၾကာက္တယ္......"

လုံၿခဳံေရး သုံးေယာက္ ဆြဲေခၚရာေနာက္ ပါသြားရင္း Chaeyoung ေအာ္ဟစ္ေနတယ္

#tbc

Bạn đang đọc truyện trên: Truyen3h.Co