Part 2
#Unicode
Irene နဲ့ Lisa အရမ်းရင်းနှီးသွားပြီးနောက်
Ireneဆီကို နေ့တိုင်းလိုလို နှင်းဆီပန်းတွေ ချောကလက်တွေ Lisa ပို့ပေးလေ့ရှိတယ်......
တစ်ခါတစ်လေ ညနက်တဲ့ထိ messageပို့ပြီး ဖုန်း စကားပြောလေ့ရှိတယ်.......အခုနောက်ပိုင်းဆို Chaeyoung ကိုတောင် Lisa မေ့လုနီးပါးရှိနေပြီ
Lisa ပြန်လာလို့ Chaeyoung ကြိုရင်တောင် အရင်ကလိုမနှုတ်ဆက်ဘဲ အခန်းထဲ ၀င်သွားတယ်
Chaeyoungနဲ့ အရင်လို ကစားဖို့ဆိုတာ ဝေးစွ တစ်ခါတစ်ရံဆို Chaeyoungကို ထမင်းကျွေးဖို့တောင် မေ့နေတယ်.....
Chaeyoung က သူ့ခန္ဓာကိုယ်ပေါ်တက်ပြီး မျက်နှာလေးကို နမ်းရင် Chaeyoung ကို Lisa ဆွဲဖယ်သည်
"Chae ငါ ပင်ပန်းနေတယ် လာမနှောင့်ယှက်နဲ့ကွာ......"
Lisaက သူမကို လျစ်လျူရှုထားလို့ Chaeyoung အရမ်း ၀မ်းနည်းသွားတယ်
တစ်နေ့မှာတော့ Irene နဲ့တွေ့ဖို့ Irene တို့ အခန်းဘက်ကို Lisaသွားချိန် Seulgiနဲ့ Irene စကားပြောနေတာကို Lisa ကြားသွားတယ်
"Irene. .......နင် ငါ့ကို ရွဲ့ပြီး Lisaနဲ့ ရောပြနေတယ်ဆိုတာ ငါ သိပါတယ်.........."
"နင် ဘယ်လိုခံစားရလည်း ပြောကြည့်လေ......"
"ငါ နင့်ခံစားချက်ကို နားလည်ပါပြီ...ငါ တောင်းပန်ပါတယ်......ငါ မိန်းကလေးတွေနဲ့ သိပ်မရောတော့ပါဘူးဟာ......နင်လည်း Lisaနဲ့ သိပ်မရောနဲ့တော့နော်....."
"ငါတို့က စီနီယာ ဂျူ နီယာ ဆက်ဆံရေးဘဲ နင်သာ တွေ့သမျှကောင်မလေးတွေနဲ့.........."
"ငါ မရောတော့ဘူးလေနော်... ငါ တောင်းပန်ပါတယ် ငါ နင့်ကိုဘဲ ချစ်တာပါ '
"ငါကရော နင့်ကိုမချစ်ဘဲ တစ်ခြားသူကို ချစ်တယ် ထင်နေလို့လား "
"မဟုတ်ပါဘူး ဒါဆို နင် Lisaကို သဘောမကျဘူးပေါ့ ဟုတ်လား"
"Lisaက ငါ့ဂျူနီယာပါဘဲ ငါက နင်သဝန်တိုအောင်သာ ရောခဲ့တာ ဘာ စိတ်မှ မရှိဘူး "
Seulrene တို့ ပြောတာကြားပြီး Lisa အရမ်း ၀မ်ုနည်းသွားတယ်
Irene က သူ့ကို သဘောကျနေတာလို့ Lisa ထင်ခဲ့မိတာလေ.....အခုတော့ သူ့အထင်နဲ့ လက်တွေ့က တလွဲဖြစ်နေတယ်
Lisaမှာ Entertainmentထဲကနေ ပြေးထွက်လာပြီး သူ့ကားဆီကို သွားသည်...အိမ်ပြန်တဲ့
တစ်လမ်းလုံးလည်း ကားမောင်းရင်း ငိုလာတယ်
အိမ်ကို ပြန်ရောက်တော့ Lisa မျက်ရည်တွေနဲ့ အိမ်ထဲ ဝင်လာသည်
"Chae....."
Chaeyoung နာမည်ကို Lisa အကျယ်ကြီး အော်ခေါ်တယ်.......
Chaeyoung လည်း Tvရှေ့မှာ အိပ်နေရာမှ Lisaရဲ့ အသံကြားလို့ ထလာတော့ ဧည့်ခန်းထဲမှာ ဒူးထောက်ကာ ငိုနေတဲ့ Lisaကို တွေ့လိုက်ရတယ်
Chaeyoung အမြန်ပြေးလာပြီး သူ့လက်လေးနဲ့ Lisaရဲ့ ပါးပေါ်က မျက်ရည်တွေကို သုတ်ပေးနေတယ်
"Chae......ငါ အရူးလုပ်ခံလိုက်ရတာ....သူ ငါ့ကို သဘောကျတယ် ထင်မိတာ ခုတော့ ......သူက ငါ့ကို အသုံးချသွားတာ..သူ့ရည်းစား သ၀န်တိုအောင် ငါ့ကို အသုံးချသွားတာ......"
Chaeyoung စိတ်မကောင်းတဲ့ မျက်နှာလေးနဲ့ကြည့်ကာ Lisa ရဲ့ ရင်ခွင်ထဲတိုး၀င်တယ်
"ငါ့ကို တကယ်ချစ်တဲ့သူက မင်းဘဲ ဖြစ်မယ် ....မင်းကသာ အမြဲတမ်း ဘာဖြစ်နေနေ ငါ့ဘေးနားရှိတာ.....ငါ မင်းကို လျစ်လျူ ရှုထားရင်တောင် ငါ့ဘေးနားက ထွက်မသွားခဲ့ဘူး ......မင်းသာ လူသားတစ်ယောက် ဖြစ်ရင် ဘယ်လောက်ကောင်းမလည်း....."
Lisa အကြာကြီး ငိုပြီးနောက် မျက်ရည်တွေ သုတ်ကာ မီးဖိုခန်းထဲ ဝင်သွားကာ Chaeyoung အတွက် ညစာပြင်ပေးနေတယ်......
"ရော့ မင်းအတွက်......"
Chaeyoung သူ့ရဲ့ပန်းကန်ကို လက်နဲ့တွန်းပြီး Lisaကို ကြည့်နေတယ်
"ဒီည ငါ မစားချင်တော့လို့ မင်းဘဲ စားပါ...ငါ မင်းစားတာကို ထိုင်စောင့်နေပါမယ်......"
Chaeyoung က ထမင်းငုံ့စားနေတော့ Chaeyoung ရဲ့ ခေါင်းလေးကို Lisa လက်နဲ့ပွတ်လိုက်တယ်
ညရောက်တော့ Lisaရဲ့ ဗိုက်ပေါ်မှာ Chaeyoung တက်အိပ်တယ်
"Good night Chae..."
Lisa အိပ်ပျော်သွားတဲ့အချိန် အရမ်းလှပတဲ့ မိန်းမကြီး တစ်ဦး ရုတ်တရက် အခန်းထဲ ရောက်လာသည်
"ကလေးမ.....မင်းရဲ့ ဒုတိယ ဆုတောင်းပြည့်သွားပြီ......သူမကို သေချာဂရုစိုက်ပေးပါ.....ဘယ်သူကမှ သူမကို ထိခိုက်အောင် မလုပ်စေနဲ့ မင်းက ကာကွယ်ပေးပါ.....မင်းရဲ့ တတိယ ဆုတောင်းကျ ငါပြန်လာခဲ့မယ်......ဒါပေမယ့် မင်း တတိယဆုတောင်း မရှိလာဖို့ ငါမျှော်လင့်ပါတယ်.....အကယ်၍ တတိယဆုတောင်းက Chaeyoung နဲ့ မသက်ဆိုင်ဘူးဆို သူက မင်းဆီက ထာ၀ရပျောက်ကွယ်သွားလိမ့်မယ်......."
မိန်းမကြီးမှာ သူ့လက်ထဲက တုတ်တံနဲ့ Chaeyoungကို တို့လိုက်ပြီး ပျောက်သွားတယ်
Lisa နိုးလာတော့ လက်ကိုဆန့်ကာ သန်းလိုက်တယ်......
ဒါပေမယ့် သူမကို တစ်ခုခုတက်ဖိထားသလို လေးလံနေသလို ခံစားရလို့ ကြည့်လိုက်တော့ သူမရဲ့ ဗိုက်ပေါ်မှာ ကောင်မလေးတစ်ယောက်က အိပ်ပျော်နေတယ်......
Lisa အော်လိုက်ပြီး သူ့ဗိုက်ပေါ်က ကောင်မလေးကို တွန်းချလိုက်တယ်.......
ကောင်မလေးရဲ့ အ၀တ်အစားမပါတဲ့ ခန္ဓာကိုယ်ကို မြင်ပြီး Lisa ထပ်အော်ပြန်တယ်
"အား........"
ကောင်မလေးမှာ လန့်နိုးလာပြီး မျက်လုံးကို လက်နဲ့ကာကာ အော်နေတဲ့ Lisa ကို ကြောင်ပြီး ကြည့်နေတယ်
"Chae. ....Chae ......"
Lisa မျက်လုံးမှိတ်ပြီး တံခါးဘက်ကို ပြေးထွက်သွားတယ်
အခန်းအပြင်ဘက်ကို ရောက်တော့ ကောင်မလေးကလည်း သူ့နောက်လိုက်လာတယ်
"ငါ့နောက်က ဘာလို့ လိုက်လာတာလည်း မင်း ဘယ်သူလည်း ထွက်သွားစမ်း....."
Lisa မျက်လုံးကို ပိတ်ထားပြီး အကျယ်ကြီး အော်လိုက်တယ်
"Chae မင်း ဘယ်မှာလည်း......."
Chaeyoung ကို ထပ်ခေါ်ပေမယ့် Chaeyoung ရောက်မလာဘဲ ကောင်မလေးက သူ့ဘေးကို လာရပ်တယ်
Lisa ထပ်ပြီးတော့ သူ့အခန်းရှေ့က ထွက်ပြေးပြန်တယ်
"သခင်......"
ကောင်မလေးမှာ သူ့အသံကို သူကြားပြီး မျက်လုံးပြူးသွားတယ်
"ငါ့အသံက ဘာလို့ ပြောင်းသွားတာလည်း....."
"အား....."
ကောင်မလေးမှာ သူ့လက် သူ့ခြေထောက် သူ့ခန္ဓာကိုယ်ကို ကြည့်ပြီး အော်လိုက်သောကြောင့် Lisa မှာ လန့်သွားတယ်.....
#TBC
တစ်နေ့ နှစ်ပိုင်းဒိတ်ပေးဆိုလို့ ဒိတ်ပေးလိုက်ပြီနော် 🤧 Vote လေးတွေတော့ ပေးသွားကြ xD
ကဲ Kitty Chaeလေး လူဖြစ်သွားပြီဆိုတော့ Lisaနဲ့ ဘယ်လို နှစ်ပါးသွားမလည်းဆိုတာ စောင့်ဖတ်ကြပါ xD
#Zawgyi
#Unicode
Lisa ပြန်လာလို့ Chaeyoung ကြိုရင်တောင် အရင်ကလိုမနှုတ်ဆက်ဘဲ အခန်းထဲ ၀ငျသှားတယျ
Seulrene တို့ ပြောတာကြားပြီး Lisa အရမ်း ၀မျုနညျးသှားတယျ
"Chae....."
"ရော့ မင်းအတွက်......"
"Good night Chae..."
"အား........"
"Chae. ....Chae ......"
"Chae မင်း ဘယ်မှာလည်း......."
"သခင်......"
"အား....."
#TBC
Bạn đang đọc truyện trên: Truyen3h.Co