Truyen3h.Co

My Little Kitty

Part 34

KimFany059

"'မငိုပါနဲ့ ကလေးရယ်....Lisaက ပြန်လာမှာပါ....အပြီး ထွက်သွားတာ မဟုတ်ဘူးလေ အလုပ်ကိစ္စနဲ့ သွားတာပါ မငိုနဲ့တော့နော်..."

အိမ်မှာ ငိုရင်း ကျန်ခဲ့တဲ့ Chaeyoung ကို ဖက်ပြီး နာနီ နှစ်သိမ့်လိုက်သည်။

"သူနဲ့ အဝေးကြီးမှာ  ရှိနေရတာကို ကြောက်တယ်.....သူနဲ့ အတူ မရှိနေနိုင်တာကို ကြောက်တယ်....သူနဲ့ မတွေ့ရမှာ ကြောက်တယ် ......"

Chaeyoung ပြောတာ နားထောင်ပြီး နာနီပြုံးမိသွားတယ်

"Lisaကို အဲ့ဒီလောက်တောင် ချစ်တာလား....."

"ချစ်တယ်.. ..အဲ့တာ ဘာကို ပြောတာလည်းဟင်...."

Chaeyoung မှာ နာနီ စကားကြောင့် သိချင်လို့  မျက်ရည်တွေ သုတ်ပြီး မေးလိုက်သည်

"Omo....ချစ်တယ်ဆိုတာ ဘာကိုပြောတာမှန်းမသိဘဲ Lisaရဲ့ ချစ်သူ ဘယ်လိုဖြစ်လာတာလည်း.. .."
Chaeyoung စကားကြောင့် နာနီ အံ့သြပြီး မေးလိုက်သည်.....

"နာနီကို လျို့ဝှက်ချက်တစ်ခု ပြောပြမယ်......ဘယ်သူ့ကိုမှ ပြန်မပြောဘူးလို့ ကတိပေးနော်....."

"Ok....နာနီ ကတိပေးပါတယ် ဘာလျို့ဝှက်ချက်များလည်း.."

"Liliရဲ့ကြောင်လေး Chaeyoung  ကို သိတယ်မလား....အဲ့တာ chaeဘဲ...."

"What?!. ...ရယ်စရာပြောနေတာလား Chae "

Chaeyoung နောက်နေတယ် ဟာသပြောနေတယ်ထင်ပြီး နာနီမှာ ရယ်လိုက်သည်

"Chae က ကြောင် ပါ...Liliရဲ့ ဆုတောင်းကြောင့် လူဖြစ်လာတာ....."

"Chae ဟာသပြောနေတာ ရပ်လိုက်တော့....."

"မယုံဘူးလား.. ..ဒါဆို ဘာလို့ Chaeက  ရုတ်တရက် ပေါ်လာတာလည်း...."

"Lisa က လူတွေ သတင်းဖွကြမှာဆိုးလို့ နင့်ကို ဖွက်ထားတာနေမှာပေါ့...."

"လူတွေ သတင်းဖွကြမှာတင် မဟုတ်ဘူး.. ..Chae ဘယ်သူလဲဆိုတာ သိသွားကြမှာဆိုးလို့....Chaeရဲ့ အစစ်အမှန်ကို သိချင်လား ကြောင် အဖြစ် ပြောင်းပြမယ်လေ.....နာနီကို ယုံလို့ chae က ပြောပြတာပါ....အခုက Lili ကမရှိဘူး နာနီနဲ့ အတူနေရမယ်ဆိုတော့ Chae ရဲ့ အပြုအမူတွေကြောင့် နာနီ ထူးဆန်းနေမှာဆိုးလို့...."

"Chae နင် တကယ်ပြောနေတာလား....."

Chaeyoung ပြောတာတွေ  နားထောင်ပြီး ယုံရမလိုလို မယုံရဘူးလိုလိုနဲ့ နာနီ ဇေ၀ဇဝါတွေ ဖြစ်နေ၏

"ကဲ မယုံဘူးဆို Chae ပြမယ်....."

Chaeyoung သူ့လက်ကို ဆန့်ထုတ်လိုက်တယ်.....လက်သည်းမရှိရာကနေ ကြောင် လက်သည်း ပုံစံပြောင်းသွားတော့ နာနီမွာ ကြောက်ပြီး အော်ကာ ထွက်ပြေးသွားလေ၏

Chaeyoungလည်း ထိုင်ချပြီး နာနီက သူ့ကို ကြောက်သွားလို့ စိတ်မကောင်းဖြစ်လို့  ခေါင်းငုံ့ကာ ငိုနေ၏.....သိပ်မကြာပါ နာနီ ပြန်ပြီးရောက်လာကာ Chaeyoung ကို ဆွဲထူလိုက်သည်

"နာနီ....Chae ကို မကြောက်ပါနဲ့နော်....နာနီပြောသမျှ နားထောင်ပါမယ်လို့ ကတိပေးပါတယ်...."

"ကြောင် က လူပြန်ဖြစ်လာတယ်ဆိုတော့....အို လောကကြီးက ဘာတွေ ဖြစ်ကုန်ပြီလည်း......."

"Liliရဲ့ ဆုတောင်းကြောင့်.. ..လူဖြစ်တာ...."

"အဲ့တာကြောင့် နင် Dumb Dumb ဖြစ်နေတာကိုး..."

"နာနီ ဘာပြောတာလည်းဟင်...."

"ဘာမှမဟုတ်ဘူး လာ ဆိုဖာမှာ ထိုင်....ဒါကြောင့် အပြစ်ကင်းတဲ့ ကလေးတယောက်လို တခုခုဆို ငိုနေတာ....နင်က ဘာမှမသိသေးတာ တကယ့်ကလေးပါဘဲ....ရေ ဘယ်လိုချိုးရလည်း သိလား....."

"Lili သင်ပေးတယ်...."

"အ၀တ်အစား ၀တ်နည်းရော......"

"Lili ဘဲ သင်ပေးတာ....."

"ဒါဆို သူက နင် အ၀တ်အစား မပါတာကို မြင်ခဲ့တယ်ပေါ့ ...."

"အမြဲတမ်း တွေ့နေရတာ ဘာလို့လည်း...."

"Ash...ထားလိုက်ပါတော့ Lisa ကို ချစ်လား ...."

"အချစ်က ဘာလဲ ပြီးတော့ ငါနင့်ကို ချစ်တယ်ဆိုတာ ဘာကိုပြောတာလည်း "

"Lisa  နင့်အနားမှာ ရှိတဲ့အချိန်တိုင်း....သူ နင့်ကို နမ်းတိုင်း နှလုံးခုန်တာ အရမ်းမြန်လား...."

Chaeyoung ခေါင်းညိတ်ပြတော့ နာနီ ပြုံးလိုက်တယ်

"သူနဲ့ အမြဲတမ်း အတူရှိချင်လား....."

Chaeyoung  ခေါင်းထပ်ညိတ်ပြသည်။

"သူ့ကို တခြားမိန်းကလေးတွေနဲ့ အတူရှိနေတာ မမြင်ချင်ဘူးမဟုတ်လား......."

"Ireneနဲ့ အတူရှိတုံးကဆို မြင်ရတာလေ  chae ရင်ထဲ အရမ်းနာကျင်တာ..ငိုလည်းငိုချင်တယ်..."

"သူ နာကျင်ရင် နင်လည်း နာကျင်ရတယ်မဟုတ်လား...."

"ဟုတ်...."

"အဲ့တာ နင် သူ့ကို ချစ်နေတာဘဲ ကလေး...."

"တကယ်......"

Chaeyoungမှာ နာနီရဲ့ စကားကို ကြားပြီး အရမ်းပျော်သွားတယ်

"ဒါပေါ့....."

"ဒါဆို Lili ကရော Chae  ကို ချစ်လား......"

"ဒီလောက် သည်းသည်းလှုပ် ငုံထားမတတ် ချစ်နေတာကို....."

"နာနီ သူက ဘာလို့ Chaeကို ငုံထားချင်တာလည်းဟင်...."

"God သုံးနှစ်ကလေးနဲ့ စကားပြောနေရသလိုဘဲ ထားပါတော့ သူက နင့်ကို အရမ်းချစ်တာ....."

"အကယ်၍ သူ့ကို ချစ်တယ်ပြောလို့ သူက ပြန်ပြောရင် Char ဘာပြန်ပြောရမလည်း....."

"ရှင်းရှင်းလေးပါ ပိုပြီးချစ်တယ်လို့ ဖြေလိုက်ပေါ့ "

Chaeyoung ပြုံးပြီး Lisaနဲ့ တွေ့တဲ့အခါကျ ချစ်တယ် ပြောဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။

"Chae..ဒီမှာ ခဏနေအုံး ငါ ညစာအတွက် ပြင်လိုက်အုံးမယ်....."

"Tv ကြည့်လို့ရလား နာနီ......"

"Ok ငါ ဖွင့်ပေးမယ်...."

နာနီမှာ Tv ဖွင့်ပေးပြီး ကိုရီးယား အချစ်ကားလိုင်းကို ပြောင်းပေးတော့

"Chaw ကာတွန်းကားကြည့်လို့မရဘူးလား...."

"ကာတွန်းကားက ကလေးတွေအတွက် ဒီကားတွေကြည့် ဒါမှ နင် လူတွေအကြောင်း နားလည်မွာ...."

"Liliက Chaeကို  စိတ်ဆိုးလိမ့်မယ်....."

"ငါ ပြန်မပြောပါဘူး....."

နာနီ Tv ဖွင့်ပြပြီး ညစာချက်ဖို့ ဧည့်ခန်းကနေ ထွက်သွားလိုက်သည်။ Chaeyoungကတော့  Tvကြည့်ရင်း ကျန်ခဲ့သည်

ကြောင်လေးကတော့ အချစ်အကြောင်း သိသွားပြီနော် နောက်ပိုင်း.................ရိုမယ်လို့😁😁😁 xD

အပိုင်းတိုသွားတယ်မလား ဆောတီးပါ ညကျ ထပ်ဒိတ်ပေးပါမယ်😘🖤

#Zawgyi




























"နာနီ ဘာပြောတာလည်းဟင်...."


"Lili သင်ပေးတယ်...."

"အ၀တ္အစား ၀တ်နည်းရော......"

"Lili ဘဲ သင်ပေးတာ....."












"ဟုတ်...."


"တကယ်......"


"ဒါပေါ့....."









"Tv ကြည့်လို့ရလား နာနီ......"

"Ok ငါ ဖွင့်ပေးမယ်...."





"ငါ ပြန်မပြောပါဘူး....."




Bạn đang đọc truyện trên: Truyen3h.Co