Part 35
#Unicode
Lisa တို့ ဂျပန်မှာ concertကြောင့်သာ မဟုတ် Tvရိုက်ဖို့ပါ တစ်လနီးပါး ဂျပန်တွင် နေနေရသည်။
Chaeyoung ဆီ ဆက်သွယ်ချင်ပေမယ့်လည်း အချိန်တိုင်း cameraနဲ့ အတူနေရသောကြောင့် Lisaမှာ စိတ်ထိန်းထားရလေ၏
ညဆိုရင် မီးပိတ်ကာ အခန်းထဲ အမြဲ အသံတိတ်ငိုရပေါင်းလဲ မနည်း......
Chaeyoung လေး လည်း ထို့အတူပင်.....ညတိုင်း မအိပ်နိုင်ဘဲ Lisa ဝယ်ပေးထားတဲ့ Teddyနှစ်ရုပ်ကို ဖက်ကာ ငိုနေ၏
Japanမှာ လုပ်စရာကိစ္စတွေ ပြီးနောက် နောက်ဆုံးတော့ Lisaတို့ အဖွဲ့ Koreaကို ပြန်လာခွင့်ရသွားပြီလေ......သို့သော် ပြန်ရောက်ရောက်ချင်း Seoulတွင် ပွဲတစ်ပွဲ ဖျော်ဖြေရအုံးမည်ဟု YG က ပြောသည်... .. Lisaတို့မှာ ပင်ပန်းနေသော်လည်း သူတို့ကို ချစ်တဲ့ ပရိတ်သတ်တွေအတွက် ကြိုးစားပြီး လေယာဉ်ပေါ်တွင် အိပ်ရင်း အားမွေးကာ လိုက်လာကြလေ၏
ကျန်တဲ့သူတွေက အိပ်ပျော်သွားကြပေမယ့် မအိပ်ပျော်နိုင်တဲ့သူက Lisa......Chaeyoung နဲ့ ပြန်တွေ့ရမှာမို့ အရမ်းပျော်ပြီး စိတ်လှုပ်ရှားနေလေရဲ့....
Koreaကို ပြန်ရောက်တော့ နာနီဆီကို Lisa phဆက်ပြီး သူတို့ပွဲကို Chaeyoung ကိုခေါ်ပြီး လာခဲ့ဖို့ ပြောလိုက်သည်။ ထို့နောက် သူတို့နဲ့အတူ ပါလာတဲ့ ၀န်ထမ်းတွေကိုလည်း Chaeyoung လာရင် ၀င်လာခွင့်ပေးဖို့ ပြောလိုက်သည်။
Concert ကျင်းပမယ့် hallကို Lisa တို့ ရောက်တော့ ပရိတ်သတ်တွေ အများကြီးရောက်နေတာကို တွေ့လိုက်ရသည်။ Jisoo တို့မှာ ပရိတ်သတ်တွေကို ကြည့်ရင်း ပင်ပန်းမှုတွေ ပျောက်ကာ အရမ်းပျော်ပြီး ၀မ်းသာနေကြသည်
Backstageမှာ Lisa တို့ မိတ်ကပ်လိမ်းနေကြရင်း အခုချိန်ထိ နာနီတို့ ရောက်မလာသေးလို့ Lisa စိတ်ပူနေ၏....
Lisa သက်ပြင်းချပြီး သူ့အဖွဲ့သားတွေနဲ့ သီချင်းတွေကို အကောင်းဆုံး သီဆိုသွားလေသည်။
အဖွဲ့လိုက်ဆိုပြီးနောက် Soloဆိုရလေသည်။
Jennie က "Solo" ဆိုနေစဉ် Lisa မှာ ဖုန်းကို ကြည့်ပြီး စိတ်လှုပ်ရှားနေ၏
"Lisa...Jennie ပြီးရင် နင့်အလှည့်နော် ....."
Jennie အလှည့်ပြီးတော့ Lisa သူမ အလှည့်မို့ သူ့မျက်နှာပေါ်က စိုးရိမ်တဲ့ အမူအရာကို ဖယ်ပစ်ပြီး အကောင်းဆုံးပြုံးကာ စင်ပေါ်သို့ တက်သွားလေသည်။
Lisa သီချင်းတွေဆိုပြီး ကရင်း ပရိတ်သတ်များစွာကြားထဲ Chaeyoungများ ရှိမလားဆိုပြီး လိုက်ရှာနေသည်။
ခဏကြာတော့ စင်အောက်ထဲ ရုတ်တရက် Lisa ခုန်ဆင်းသွားလေ၏
လုံခြုံရေးတွေမှာလည်း အလျင်အမြန် Lisa ရှိရာပြေးပြီး Fanတွေကြားမှ ကာကွယ်ပေးရသည်။
Jensooတို့မှာ Lisaကို ကြည့်ရင်း အံ့သြနေကြ၏
"သူ ဘာဖြစ်တာလည်းဟ....."
"ငါလည်း မသိဘူး Jen."
Chaeyoung မှာလည်း Lisa ပြန်လာကြောင်း နာနီ ပြောပြလို့ ပျော်ပြီး Teddyကို ကိုင်ကာ ခုန်ပေါက်နေ၏
"Lili ပြန်လာပြီတဲ့....YEAH. ..ပျော်လိုက်တာ . .."
Chaeyoung ခုန်ပေါက်ရင်း ပျော်နေတာကြည့်ပြီး နာနီမှာ သဘောကျကာ ပြုံးနေ၏
"ကြောင်တွေက လူအဖြစ်ပြောင်းသွားရင် ဒီလိုချစ်ဖို့ကောင်းတာလား......ရိုးသားတဲ့ ကြောင် လေးတွေက လူဖြစ်ပြီး ဆိုးတဲ့လူတွေက ကြောင်တွေ ဖြစ်သွားရင် ကောင်းမယ်....."
Chaeyoungကို ကြည့်ရင်း နာနီ စိတ်ထဲ တွေးနေမိ၏
"Chaeyoungမှာ ကြင်နာတတ်တဲ့ နှလုံးသားရှိတယ်....ပြီးတော့ ရိုးသားတော့ အလွယ်တကူ အရူးလုပ်ခံရလောက်တယ်.....Lisa သူ့ကို အဆုံးထိ ကာကွယ်ပေးပါစေလို့ ဆုတောင်းရမယ်.. ....."
~~~~~~~~~~~~~~~~~~~~~~~~
Concertကို ရောက်တော့ အစောင့်က နာနီတို့ကို လက်မှတ်တောင်းသည်။
"Miss....လက်မှတ်လေးပြပါ......"
"Chaeyoung...နာနီပါ.....ငါတို့ကို Lisaက ဖိတ်ထားတာ....."
"IDလေးပြပါ....."
နာနီ သူ့အိတ်ကို ဖွင့်ပြီး ရှာနေတုံး Lisa ရဲ့ အသံကြားတာနဲ့ Chaeyoungလေးမှာ မစောင့်နိုင်ဘဲ ပွဲထဲသို့ ပြေး၀င်သြားလေ၏
"Lili Lili Lili...."
အစောင့်တွေမှာ ချက်ချင်း Chaeyoungနောက်ကို ပြေးလိုက်သွားလေ၏
"Lili...."
Chaeyoung အာခေါင်ခြစ်ကာ အော်ခေါ်လိုက်သော်လည်း ပရိတ်သတ်များစွာရဲ့ အသံကြောင့် lisa မှာ မကြားနိုင်ပေ.....
အစောင့်တွေ ရောက်လာပြီး Chaeyoung ကို ၀ိုင်းချုပ်ကြသည်
Chaeyoungက ရုန်းကန်တော့ အစောင့်တွေမှာ ဒေါသထွက်ပြီး Chaeyoungကို ဆောင့်ဆွဲကာ တရွတ်တိုက်ခေါ်သွားလေသည်။
Lisaမှာ သီချင်းဆိုနေရင်း ရုတ်တရက် ၀င်ပေါက်နား မှာ အစောင့်တွေလက်ထဲက ရုန်းကန်နေတဲ့ Chaeyoungကို မြင်သွားလေ၏
အစောင့်တွေက Chaeyoungကို ဆောင့်ဆွဲတာ မြင်တော့ ဒေါသထွက်ကာ ဘာမှမစဉ်းစားဘဲ စင်အောက်သို့ ခုန်ချပြီး Chaeyoungဆီသို့ သွားသည်။
လုံခြုံရေးတွေမှာ ရသလောက်တားသော်လည်း Fanတွေမှာ Lisacလက်ကို ဆွဲတဲ့သူကဆွဲ.....မျက်နှာကို လှမ်းကိုင်တဲ့သူကကိုင်နဲ့... Lisa ကတော့ ဘာကိုမှ မမြင်တော့ဘဲ သီချင်းဆိုကာ Chaeyoung ဆီကိုဘဲ ရောက်အောင်သွားလေ၏
လက်သည်းတွေနဲ့ အခြစ်ခံရလို့ လက်မောင်းမှာ သွေးတွေ ထွက်နေသော်လည်း Lisa နာကျင်မှုကို မခံစားရ.......Chaeyoung ငိုပြီး လုံခြုံရေးတွေကို တောင်းပန်နေတာ မြင်ပြီး ရင်ထဲ တအားနာကျင်နေရ၏
Chaeyoungဆီကိုလည်း ရောက်ရော Chaeyoungလက်ကို Lisa ဆွဲပြီး အစောင့်တွေကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်
Lisaကို တွေ့ရတော့ Chaeyoung အရမ်းပျော်သွားပြီး ဖက်ကာ ငိုလေ၏
ပရိတ်သတ်တွေ မရိပ်မိခင် Jennie Jisooမှာလည်း အမြန် စင်နောက်ကနေ ထွက်လာပြီး ပရိတ်သတ်ကြားထဲ ဆင်းကာ ပါတနာ ရှာကာ စင်ပေါ်သို့ ခေါ်လာကြသည်။
ထို့နောက် forever young သီချင်းကို သူတို့ ပါတနာ တနည်းအားဖြင့် lucky fanတွေနဲ့အတူ ဆိုရင်း ပွဲပြီးသွားလေ၏
Jensooတို့ ကျေးဇူးကြောင့် Chaeyoung တို့အကြောင်းကို ပရိတ်သတ်တွေ မရိပ်မိသွားပေ..ပုံမှန်အတိုင်း fan service ပေးတယ်လို့သာ ထင်နေကြ၏
ပွဲပြီးသွားတော့ ချက်ချင်းဘဲ Chaeyoungကို စင်နောက်ထဲ ဆွဲခေါ်ကာ တင်းတင်းကြပ်ကြပ် Lisa ဖက်လိုက်သည်။
"မငိုပါနဲ့တော့ ကလေးရယ်....."
Chaeyoungရဲ့ မျက်ရည်တွေကို သုတ်ပေးပြီး Lisa ပြောလိုက်သည်။
"Lili.... အရမ်း သတိရနေတာ......."
Chaeyoung ပြောပြီး Lisaကို နမ်းလိုက်တော့ Jensooတို့မှာ ချောင်းဟန့်လိုက်သည်
"အဟမ်း ငါတို့ ရှိသေးတယ်နော်......."
"Lisa Manoban.. ...နင် ဘာလို့ မစဉ်းစားမဆင်ခြင်ဘဲ ပရိတ်သတ်တွေကြားထဲ ဆင်းပြေးသွားတာလည်း....နင့်ကြောင့် ငါတို့ ဘယ်လောက် ဒုက္ခရောက်သွားလည်း သိလား....ပြီးတော့ အစောင့်တွေက ဘာလို့ သူ့ကို ဆွဲခေါ်သွားတာလည်း....နင် သူတို့ကို Chaeyoungလာမယ့်အကြောင်း မပြောထားဘူးလား......"
ခုနက အစောင့်တွေမှာ ရောက်လာပြီး တောင်းပန်လေ၏
"Miss Taeyeonက ပြောထားပါတယ်...ဒါပေမယ့် သူက အတင်းပြေး၀င်လို့ပါ....တောင်းပန်ပါတယ်....."
Lisaလည်း နားထောင် ပေးပြီး အစောင့်ကိုအလုပ်ဖြုတ်လိုက်လေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~
နာနီက အရင် အိမ်ပြန်သွားတော့ Chaeyoungမှာ Lisaတို့ ကားနဲ့ အတူ ပါလာ၏
ကားပေါ်တွင် Lisaကို Chaeyoung ဖက်နမ်းတော့ Jennie ချောင်းဟန့်ပြီး
"Hey...ကားပေါ်မှာ ငါတို့ ရှိသေးတယ်ဆိုတာ သတိထားအုံး...."
"Wae.... ကားပေါ်မှာ နမ်းလို့ မရဘူးလား...."
Chaeyoungရဲ့ မေးခွန်းကြောင့် Jennie တို့ ရယ်ကြလေသည်။
"No.....မရဘူး...အထူးသဖြင့် လူတွေရှေ့မှာ နမ်းလို့ မရဘူးလေ...."
Jisoo ဖြတ်ပြောလိုက်သည်....
"Nae....Liliရေ ..ကားပေါ်မှာ မနမ်းတော့ဘူးနော်.....သူတို့တွေ ကြည့်နေကြတော့....."
Chaeyoung စကားကြောင့် Lisa ရယ်ပြီး ခေါင်းညိတ်ပြလေသည်။
အိမ်ပြန်လမ်းလေးဟာ ရယ်သံတွေနဲ့ ပြည့်နှက်နေလေရဲ့.....
#Tbc
#zawgyi
"သူ ဘာဖြစ်တာလည်းဟ....."
"ငါလည်း မသိဘူး Jen."
~~~~~~~~~~~~~~~~~~~~~~~~
"Miss....လက်မှတ်လေးပြပါ......"
"IDလေးပြပါ....."
"Lili Lili Lili...."
"Lili...."
Lisaမှာ သီချင်းဆိုနေရင်း ရုတ်တရက် ၀ငျပေါကျနား မှာ အစောင့်တွေလက်ထဲက ရုန်းကန်နေတဲ့ Chaeyoungကို မြင်သွားလေ၏
"Lili.... အရမ်း သတိရနေတာ......."
~~~~~~~~~~~~~~~~~~~~~~~~~~
#tbc
Bạn đang đọc truyện trên: Truyen3h.Co