Part 37
#unicode
ဆူညံသံတွေကြောင့် Lisa အိပ်ရာမှ နိုးလာပေမယ့် မျက်လုံးမဖွင့်သေးဘဲ မထသေးဘဲ သူ့ဘေးနားက Chaeyoungကို လှမ်းဖက်လိုက်သည်။
သို့သော် Chaeyoung မရှိတာကို သိလိုက်တော့ အိပ်ရာမှ ထကာ Lisa လက်ကိုဆန့်တန်းကာ အကြောဆန့်လိုက်သည်။
အချိန်ကို ကြည့်လိုက်တော့ မနက် ၁၀နာရီထိုးနေပြီ ...
မနေ့ညက Chaeyoung နဲ့ အလွမ်းသယ် စကားပြောနေတာ ညလုံးပေါက်နီးပါး ဖြစ်သွားလို့ Lisa နောက်ကျမှ အိပ်ရာက နိုးလာတယ်....
ညအိပ်၀တ်စုံ မလဲဘဲ မျက်နှာသစ်ကာ အပြင်ကို ထွက်လာလိုက်သည်။
ပန်ကိတ်နဲ့ ကြက်ဥကြော် အနံ့က သူ့နှာခေါင်းထဲ တိုး၀င်လာတယ်.....မီးဖိုချောင်ထဲ ၀င်ကြည့်တော့ နာနီနဲ့ Chaeyoungက မနက်စာ အတူတူ ပြင်ဆင်နေကြတာကို မြင်ပြီး Lisa အရမ်း သဘောတွေကျနေ၏
"Good Morning......"
Lisa ပြုံးပြီး နှုတ်ဆက်ကာ မီးဖိုခန်းထဲ ဝင်လာသည်။
"Morning Lisa.."
နာနီလည်း ပြန်နှုတ်ဆက်လိုက်တယ်
"Morning Lili..."
Lisaရဲ့ နှုတ်ခမ်းလေးကို နမ်းကာ Chaeyoung ပြန်ပြီးနှုတ်ဆက်လိုက်သည်။
"ကဲ ငါတော့ ကျီစယ်နေတဲ့ အချစ်ငှက်အတွဲကို ထားခဲ့မယ်ဟေ့..."
နာနီ စလိုက်ပြီး မီးဖိုးခန်းထဲက ထွက်လာကာ အိပ်ရာ သိမ်းဖိို့ Lisaရဲ့ အခန်းထဲကို ၀င်သွားလိုက်သည်
"ဒါတွေ အားလုံး မင်းလုပ်ထားတာလား ..."
စားပွဲပေါ်မှာ ရှိတဲ့ မုန့်တွေကို ကြည့်ပြီး Chaeyoungကို Lisa မေးလိုက်သည်။
"ပန်ကိတ်နဲ့ ကြက်ဥဘဲ chae လုပ်ထားတာ...ကျန်တဲ့ဟာတွေက နာနီလုပ်တာ...."
"Aigoo....ငါ့ကလေးတောင် ချက်တတ်ပြုတ်တတ်နေပြီ Lisa Manoban တို့ ငတ်မှာ မပူရတော့ဘူး...."
Lisa ပြောပြီး စားပွဲပေါ်က ပန်ကိတ်ကို ယူစားလိုက်သည်။
ပန်ကိတ်ကို ဝါးရင်း မျက်မှောင်ကြုတ်ကာ
"Chae....ပန်ကိတ်က စားလို့ကောင်းတယ်ဆိုတာ သေချာလား...."
Chaeyoung ခေါင်းညိတ်ပြပြီး Lisaရဲ့ Reactionကို စိတ်လှုပ်ရှားစွာ စောင့်နေ၏....
ပန်ကိတ်တစ်ခုလုံး ကုန်သွားပေမယ့် Lisa ဘက်က ဘာမှ မပြောတော့ Chaeyoung မျက်နှာလေးက ညိုးသွားတယ်....
Chaeyoung မျက်နှာ ညိုးသွားတာကို Lisa သတိထားမိတော့
"Chae ဘာလို့ မျက်နှာက ၀မ်းနည်းတဲ့ပုံပေါက်နေတာလည်း....."
ပန်ကိတ်တစ်ခုကို လှမ်းယူရင်း Chaeyoung ကို Lisa မေးလိုက်သည်။
"Liliက ပန်ကိတ်ကို မကြိုက်ဘူးမဟုတ်လား...."
"Chae ရော...စားပြီးပြီလား.. ..."
"မစားရသေးဘူး ....Liliကို စောင့်နေတာ....."
"Oh....ငါ ပန်ကိတ်တွေ အကုန်နီးပါး စားမိတော့မလို့....."
Lisa စကားက ပန်ကိတ်တွေကို သဘောကျတဲ့ပုံစံပေါ်နေတော့ Chaeyoung အရမ်းပျော်သွားတယ်
"ရပါတယ်....တခြားဟာ Chae စားလိုက်မယ်လေ....စားလို့ရော ကောင်းရဲ့လား....."
"No......"
Lisaရဲ့ စကားကြောင့် Chaeyoung ရဲ့ အပျော်တွေ ပျောက်သွားတယ်
"စားလို့ကောင်းရုံတင်မဟုတ်ဘူး အရမ်းအရသာရှိတယ်....သိလား Chaeလေးရ.."
Chaeyoungရဲ့ ရှုံ့မဲ့မဲ့မျက်နှာလေးကို နမ်းပြီး Lisa ပြောလိုက်သည်။
"Yeah..."
Lisaရဲ့ စကားကြောင့် Chaeyoung အရမ်းပျော်ပြီး ထခုန်တယ်.....မနက်စာစားပြီးနောက် Chaeyoung ပန်းကန်တွေ ဆေးနေတုံး Lisa ဧည့်ခန်းထဲ ၀င်လာပြီး Tv ဖွင့်လိုက်သည်။
"Lisa manoban သည် ...စတိတ်စင်ပေါ်ကို ခေါ်လာတဲ့ မိန်းကလေးနဲ့ တွဲနေကြောင်း သတင်းတွေထွက်လာခဲ့ပါတယ်......Lisa Manoban ဟာ Lesbian များလား?"
စတိတ်စင်နောက်မှာ Chaeyoung သူမကို ဖက်ပြီး ငိုတဲ့ပုံတွေကြောင့် Lisa မျက်လုံးပြူးသွားတယ်....ဒီပုံတွေ ဘယ်လို ရသွားတာလည်း
"အဲ့ကောင်မလေး ငိုနေတာကို Lisa ချော့နေတာဟာ ရုတ်တရက် ကြည့်ရင် နမ်းနေတာနဲ့ တူပါတယ်....ဒါပေမယ့် Loren ကရော......သူမနဲ့ ဘယ်လိုပတ်သတ်တာလည်း.....လွန်ခဲ့တဲ့ ရက်က Supermarketမှာ...Loren အဲ့ကောင်မလေး လက်ကို ကိုင်ပြီး စကားပြောနေတာကို ပရိတ်သတ်တစ်ယောက်က တွေ့ရှိခဲ့ပါတယ်....ဓာတ်ပုံထဲက ကောင်မလေးက Lisa Manobanနဲ့ အတူရှိခဲ့တဲ့ ကောင်မလေးဘဲလား...."
Chaeyoungနဲ့ Lorenပုံတွေ တက်လာတဲ့ သတင်းကြည့်ရင်း Lisa ဒေါသထွက်လာလို့ ဘေးနားက ပန်းအိုးနဲ့ Tvကို ပစ်ပေါက်လိုက်သည်။
Tvကွဲတဲ့ အသံကြောင့် မီးဖိုချောင်ထဲက Chaeyoung ပြေးထွက်လာသည်။
Lisaမှာ ပြေးထွက်လာတဲ့ Chaeyoungကို ဒေါသတကြီးကြည့်နေ၏
"နာနီနဲ့ မင်းနဲ့....Supermarketမှာ ဘာလုပ်ခဲ့တာလည်း "
Lisa အသံက တိုးတိုးလေးဖြစ်နေပေမယ့် ဒေါသထွက်နေမှန်း Chaeyoung သိသည်။
Chaeyoung ဘာပြန်ဖြေရမှန်းမသိဘဲ နှုတ်ခမ်းကိုသာ ကိုက်ပြီး ခေါင်းငုံ့ထားမိသည်။
"နာနီ.....နာနီ.....ထွက်လာခဲ့ပါအုံး..."
Lisaရဲ့ အော်သံကြောင့် နာနီ အခန်းရှင်းနေရာကနေ ပြေးထွက်လာ၏
"Wae....Lisa ဘာဖြစ်လို့လဲ.. ..."
လွန်ခဲ့တဲ့ မိနစ်ပိုင်းကဘဲ ပါးစပ်က နားရွက်တပ်ချိတ်မတတ် ပျော်နေတဲ့ Lisaက အခု စိတ်တိုနေလို့ နာနီ အံ့သြနေတယ်....
"Chae ကို Supermarket ခေါ်သွားပြီး ဘာသွားလုပ်တာလည်း ပြောပါ.. .."
"Li Lisa ....."
"မေးတာဖြေလေ....."
Lisaမှာ သူမေးတာ မဖြေလို့ နာနီကို အော်လိုက်သည်။
"Lili... နာနီကို ဘာလို့အော်တာလည်း...."
Lisaရဲ့ လက်မောင်းကို Chaeyoung ကိုင်ပြီး မေးလိုက်သည်
"နာနီ...မေးတာကို ဖြေလေ.. ..."
"Lili....နာနီကို စိတ်မဆိုးပါနဲ့ သူက Lo..."
"အဲ့ခွေးမသား နာမည်မပြောစမ်းနဲ့...."
Lisa သူ့လက်မောင်းပေါ်က Chaeyoung လက်ကို ဖယ်ချလိုက်သည်။
"နာနီက အဲ့ကောင်ကို Chae နဲ့ တွေ့ခွင့်ပေးလိုက်တာဘဲ....ပြီးတော့ မင်း.....ဘာလို့ သူလက်ကိုင်တာကို ငြိမ်ခံနေတာလည်း...."
Chaeyoung ကို Lisa လက်ညှိုးထိုးပြီး ပြောလိုက်သည်။
"သူနဲ့ Chae ၀င်တိုက်မိပြီး သူက ထူပေးရင်း တောင်းပန်စကားပြောတာပါ.......နေပါအုံး ဘာလို့ နာနီကို စိတ်ဆိုးပြီး အော်ရတာလည်း...Lili အရမ်းဆိုးတာဘဲ.....သူက chae လက်ကိုင်တာကို chae က သဘောကျပြီး ငြိမ်ခံနေတယ်ထင်နေတာလား....လူတွေအများကြီး ရှိနေလို့ သီးခံနေတာ....စိတ်ရှိတိုင်းသာဆို အဲ့ကောင် အကုတ်ခံရလို့သေနေပြီ......"
Chaeyoung မှာ သူမကို အော်လိုက်တဲ့ Lisa ပြန်အော်ပြောပြီး ဝမ်းနည်းလို့ ငိုကာ အခန်းထဲကို ပြေး၀င်သွားတယ်
"I'm sorry....နာနီ မသိလို့ပါ တောင်းပန်ပါတယ်.."
နာနီလည်း ပထမဆုံး အကြိမ် Lisa ဆီက အော်ခံရလို့ စိတ်မကောင်းဖြစ်ပြီး သူ့အခန်းထဲကို ၀င်သွားလိုက်သည်
Merry Christmas ပါဗျို့ ပျော်စရာကောင်းတဲ့ Christmas လေး ပိုင်ဆိုင်ပါစေ🎄❤
#Tbc
#zawgyi
"Good Morning......"
"Morning Lisa.."
"Morning Lili..."
နာနီ စလိုက်ပြီး မီးဖိုးခန်းထဲက ထွက်လာကာ အိပ်ရာ သိမ်းဖို့ Lisaရဲ့ အခန်းထဲကို ၀ငျသှားလိုကျသညျ
"Chae ဘာလို့ မျက်နှာက ၀မ်းနည်းတဲ့ပုံပေါက်နေတာလည်း....."
"No......"
"Yeah..."
Lisaရဲ့ စကားကြောင့် Chaeyoung အရမ်းပျော်ပြီး ထခုန်တယ်.....မနက်စာစားပြီးနောက် Chaeyoung ပန်းကန်တွေ ဆေးနေတုံး Lisa ဧည့်ခန်းထဲ ၀ငျလာပွီး Tv ဖွင့်လိုက်သည်။
"Wae....Lisa ဘာဖြစ်လို့လဲ.. ..."
"Li Lisa ....."
"မေးတာဖြေလေ....."
"နာနီ...မေးတာကို ဖြေလေ.. ..."
"သူနဲ့ Chae ၀ငျတိုကျမိပွီး သူက ထူပေးရင်း တောင်းပန်စကားပြောတာပါ.......နေပါအုံး ဘာလို့ နာနီကို စိတ်ဆိုးပြီး အော်ရတာလည်း...Lili အရမ်းဆိုးတာဘဲ.....သူက chae လက်ကိုင်တာကို chae က သဘောကျပြီး ငြိမ်ခံနေတယ်ထင်နေတာလား....လူတွေအများကြီး ရှိနေလို့ သီးခံနေတာ....စိတ်ရှိတိုင်းသာဆို အဲ့ကောင် အကုတ်ခံရလို့သေနေပြီ......"
နာနီလည်း ပထမဆုံး အကြိမ် Lisa ဆီက အော်ခံရလို့ စိတ်မကောင်းဖြစ်ပြီး သူ့အခန်းထဲကို ၀ငျသှားလိုကျသညျ
#tbc
Bạn đang đọc truyện trên: Truyen3h.Co