Truyen3h.Co

My Little Kitty

Part 36

KimFany059

#unicode

Chaeyoungတို့ အိမ်ပြန်ရောက်တော့ ကုတင်ပေါ်ကို အားရပါးရ Lisa လှဲအိပ်ချလိုက်သည်

"Chaeရေ..ငါ ခဏအိပ်အုံးမယ် လေယာဥ်စီးလာရတာ ပင်ပန်းနေလို့ မနှောင့်ယှက်နဲ့နော်....."

Lisq ပင်ပန်းနေတဲ့ လေသံနဲ့ ပြောပြီး မျက်လုံး မှိတ်လိုက်ရာ....ခဏလေးအတွင်းမှာပဲ အိပ်ပျော်သွားလေ၏

အိပ်ပျော်နေတဲ့ Lisa  ရဲ့ ခြေအိတ်ကို Chaeyoung ချွတ်ပေးလိုက်သည်။

ထို့နောက် Jacket ကို ချွတ်ပေးတော့ Lisa အိပ်ချင်မူးတူးဖြင့်
"Chae ထားလိုက်တော့.. ..."

"အိပ်ရတာ အဆင်မပြေမှာဆိုးလို့ပါ ....."

Chaeyoung ပြောရင်း Lisaရဲ့ ဂျင်းဘောင်းဘီဇစ်ကို ဆွဲလိုက်တော့ Lisaမှာ အိပ်ချင်စိတ်ပျောက်ပြီး လန့်ဖြန့်ကာ ထအော်တယ်....

"Yah.... ဘာလုပ်တာလည်း....."

"Lili ဂျင်းဘောင်းဘီနဲ့ အိပ်ရတာ အဆင်မပြေဖြစ်မှာဆိုးလို့ပါဆို...."

"Ash...."

Lisa အိပ်ချင်မူးတူးနဲ့ ထကာ ဘောင်းဘီ ချွတ်လိုက်သည်......

Chaeyoungက ဘီဒိုထဲက ညအိပ်၀တ်စုံကို ယူပြီး Lisa အား ပေးလိုက်သည်.....

Lisa ညအိပ်၀တ်စုံကို ၀တ်​ပြီး​ကုတင်ပေါ် လှဲအိပ်ပြန်သည်

Chaeyoung ကတော့ Lisa ရဲ့ အ၀တ်အဟောင်းတွေကို ယူကာ ခြင်းထဲ ထည့်ပြီး ရေချိုးခန်းထဲ ၀င်သွားတယ်.....

အ၀တ်လျော်စက်နဲ့ အ၀တ်အစားတွေကို လျှော်ပြီးနောက် အခန်းထဲသို့ ပြန်၀င်လာသည်။

"Lili.....အရမ်း သတိရနေတာ...အရမ်းလည်းလွမ်းနေတာ သိလား...."

Lisaရဲ့ ပါးကို နမ်းပြီး Lisa ဘေးနား Chaeyoung ၀င်အိပ်လိုက်သည်

နောက်တစ်နေ့ မနက် Lisa နိုးလာတော့ သူ့ဘေးနားမှာ ကွေးကွေးလေး အိပ်နေတဲ့ Chaeyoungကို တွေ့လိုက်ရသည်.....

သူ အရမ်းလွမ်းနေခဲ့ရတဲ့ Chaeyoungကို Lisa တစိမ့်စိမ့်ထိုင်ကြည့်ရင်း Chaeyoungရဲ့  နဖူးကို နမ်းလိုက်သည်

"Chae..မင်းကို ငါ အရမ်း လွမ်းနေခဲ့တာ.. ..မင်းရဲ့ နှုတ်ခမ်းလေးရော......"

Lisa တိုးတိုးလေးရေရွတ်ရင်း Chaeyoungရဲ့ နှုတ်ခမ်းကို ထပ်နမ်းပြန်သည်။

Chaeyoung နိုးလာတော့ Lisa သူ ဘာမှမလုပ်ခဲ့တဲ့ ပုံစံနဲ့ အိပ်ရာက ထလိုက်သည်

"နိုးပြီလား Chae......မျက်နှာသစ်ပြီးရင် မနက်စာ သြားစားရအောင် ငါ ဗိုက်ဆာနေပြီ....."

"Lili မျက်နှာလိုက်သစ်ပေး......"

"Chaeက ကလေးလား....."

"အင်း ဟုတ်တယ် ကလေး....."

Chaeyoungရဲ့ အဖြေကြောင့် Lisa ရယ်လိုက်ပြီး Chaeyoung ကို ပွေ့ချီကာ ရေချိူးခန်းထဲသို့ ခေါ်သွားတယ်....

မျက်နှာသစ်ပေးပြီးနောက် dinning roomထဲတွင် Chaeyoungမှာ မထိုင်သေးဘဲ ပန်းကန်နှစ်ချပ်ကို ယူကာ နာနီ ပြင်ပေးထားတဲ့ မနက်စာကို ထည့်ပြီး စားပွဲခုံပေါ် တင်လိုက်သည်။

ထို့နောက် ဖန်ခွက် နှစ်ခွက်ယူပြီး နွားနို့ထည့်ကာ စားပွဲခုံပေါ် တင်လိုက်ပြန်သည်။

"Wow.....Chae လူနဲ့တူလာပြီ......ငါ မရှိတုံး တော်တော်လေး လေ့လာထားတာလား....."

Chaeyoung ကို ကြည့်ပြီး Lisa တော်တော်လေး အံ့သြနေသည် အရင်ကဆို Lisa ပြင်ပေးမှ Chaeyoung စားတတ်တာလေ

"နာနီ သင်ပေးထားတာလေ....."

Chaeyoung ပြောပြီး Lisa  နဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်

"Wow Wow Wow.....ဇွန်းနဲ့ ခက်ရင်းသုံးပြီးတောင် စားတတ်နေပြီပေါ့....."

'ဒါပေါ့ နာနီသင်ပေးထားတာပါဆို....."

"မင်းနဲ့ တစ်လလေး ခဏခွဲနေတဲ့ အချိန်အတွင်း မင်းတော်တော် တတ်လာတာဘဲ...."

Lisaမှာ  နွားနို့်သောက်ရင်း ပြောလိုက်သည်။

"နင့်ကို ချစ်တယ်ဆိုတဲ့ အဓိပ္ပာယ်လည်း Chae သိခဲ့တယ်......"

Chaeyoung  ရဲ့ စကားကို ကြားတော့ Lisaမှာ နွားနို့တွေ သီးကုန််တယ်

"ဘယ်လို.....မင်း သိတယ် ဟုတ်လား ......."

"Omm ဟုတ်တယ် နာနီက ရှင်းပြတာ...."

"ဒါဆို မင်းက ငါ့ကို ချစ်တယ်ပေါ့...."

Lisa မေးတော့ Chaeyoung ခေါင်းညိတ်ပြသည်။

"ငါ့ကို ချစ်နေမှန်း မင်း ဘယ်လိုသိလည်း......."

"Liliနဲ့ အမြဲ  အတူ ရှိချင်တယ်.......Liliက တစ်ခြားမိန်းကလေးတွေနဲ့ အတူရှိနေတာ မြင်ရရင်.....Chae ရဲ့ ရင်ထဲ တစ်မျိူးကြီး.....Liliနဲ့ အတူရှိနေရရင် နှလုံးခုန်မြန်လာတယ်......"

Chaeyoung ပြောပြီး သူ့နှလုံးခုန်မြန်တာ သိစေရန် Lisa လက်ကို ယူပြီး သူ့ရင်ဘတ်ပေါ် တင်လိုက်သည်။

"မင်း အဲ့လို ခံစားရတယ်ပေါ့....."

Chaeyoung ပြောတာတွေ နားထောင်ပြီး Lisa အရမ်း အံ့သြသွားတယ်....

"ဟုတ်တယ်....Lili အဲ့တာကြောင့် အခုလေ......liliကို ချစ်တယ်လို့ ပြောရင်.....အဖြေက..Lili အဖြေကရော........."

'ငါလည်း မင်းကို ချစ်တယ် အရမ်းချစ်တယ် Chae ....မင်း ငါ့ကို ချစ်တယ်ဆိုတာ မသိခင်ကတည်းက မင်းကို ချစ်နေတာ....."

"တကယ်......"

Lisaရဲ့ စကားကြောင့် Chaeyoung ပျော်ပြီး ထခုန်မိတယ် ...

"တကယ်ပြောတာ ...Chaeကို.... ချစ်တယ် ချစ်တယ်..... .."

"Liliကို ဟောဒီလောက်ကြီး ချစ်တယ်......"

Chaeyoung ကလေးတစ်ယောက်လို လက်ကို ၀ိုင်း​ပြပြီး ပြောလိုက်သည်

"ဟင် အဲ့လောက်လေးလား.....သေးတာပေါ့...."

Lisa ၀မ်းနည်းသွားတဲ့ ပုံစံနဲ့ ပြောလိုက်သည်။

"သေးတယ်ပေါ့....ဒါဆို chaeတို့ အခန်းလောက်ဆိုရင်ရော....."

"သေးသေးတယ်....."
Lisa နှုတ်ခမ်းစူပြီး ပြောလိုက်သည်။

Chaeyoung သူ့ရဲ့ အချစ်တွေက ဘယ်လောက်ကြီးကြောင်း နှိုင်းယှဉ်ပြဖို့ စဉ်းစားနေ၏

"Umm...ကမ္ဘာကြီးလောက် ချစ်တယ်ဆိုရင်ရော...."

"သေးတယ်......နည်းတယ်....."

"နေမင်းကြီးလောက်....."

"....."

"ကြယ်....အာ ကြယ်လေးတွေက သေးတယ် စကြ၀ဠာ တစ်ခုလုံး...."

"သေးတယ်ဆို....."

"Ash....စဉ်းစားလို့ မရတော့ဘူး .....အာ.....Chaeလေ  Liliကို Chae ဘ၀တစ်ခုလုံး ပုံအပ်ပြီး ချစ်တယ်....."

"ဘယ်ရုပ်ရှင်ထဲက စာသားတွေလည်း ကြောင်ပေါက်လေး"

Lisa မျက်စောင်းထိုးကာ ပြောတော့ Chaeyoung စပ်ဖြီးဖြီးနဲ့ ရယ်ပြသည်

"ဒါမျိုး မိမိလက်မခံပါ.....ကိုယ်ပိုင် စာသားပြောပါ....."

"Okay....Liliအတွက်ဆို ဘယ်အခြေအနေရောက်ရောက်....ဘာဖြစ်နေနေ Lili ကိုယ်စား သေပေးရဲတဲ့ အထိ.........ချစ်တယ်...."

"Yah....သေပေးမယ်ဆိုတဲ့ အတွေးတွေ မတွေးစမ်းနဲ့ ...."

"Liluဘဲ ကိုယ်ပိုင် စာသားပြောဆို....ဘာလို့ စိတ်ဆိုးနေတာလည်း...."

"ကတိပေး....ငါ့အစား သေပေးမယ်ဆိုတဲ့ စကားထပ်မပြောဘူးလို့...."

"Liliရော.... Chae ကို ဘယ်လောက်ထိ ချစ်လည်း...."

Chaeyoungမှာ Lisaကို ကတိမပေးဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။

Chaeyoung မေးတာကို Lisa  မဖြေနိုင်.....ခုန Chaeyoung ပြောတဲ့ စကားကို ကြားယောင်မိပြီး Lisa ကြောက်နေ၏

"Lili..........ဘာလို့ မဖြေတာလည်း"

"Humm....နှိုင်းယှဉ်ပြလို့ မရလောက်အောင်ထိ မင်းကို ချစ်တယ် ......"

Lisa ပြောပြီး... သူ့ချစ်သူရဲ့ နှုတ်ခမ်းကို စုပ်နမ်းလိုက်သည်

ထိုစဉ် နာနီရောက်လာပြီး
"အာ....အချိန်မှားပြီး ၀င်လာတာဘဲ....."

"ရတယ် နာနီ....chaaတို့ အခန်းထဲ သွားလိုက်ပါမယ် babyလာ....."

နာနီကို Lisa ရယ်ပြပြီး Chaeyoungကို ပွေ့ချီကာ အခန်းထဲ ၀င်သွားလိုက်သည်

#Tbc

#zawgyi

Chaeyoungတို႔ အိမ္ျပန္ေရာက္ေတာ့ ကုတင္ေပၚကို အားရပါးရ Lisa လွဲအိပ္ခ်လိဳက္သည္

"Chaeေရ..ငါ ခဏအိပ္အုံးမယ္ ေလယာဥ္စီးလာရတာ ပင္ပန္းေနလို႔ မႏွောင့္ယွက္နဲ႕ေနာ္....."

Lisq ပင္ပန္းေနတဲ့ ေလသံနဲ႕ ေျပာၿပီး မ်က္လုံး မွိတ္လိုက္ရာ....ခဏေလးအတြင္းမွာပဲ အိပ္ေပ်ာ္သြားေလ၏

အိပ္ေပ်ာ္ေနတဲ့ Lisa  ရဲ႕ ေျခအိတ္ကို Chaeyoung ခြၽတ္ေပးလိုက္သည္။

ထို႔ေနာက္ Jacket ကို ခြၽတ္ေပးေတာ့ Lisa အိပ္ခ်င္မူးတူးျဖင့္
"Chae ထားလိုက္ေတာ့.. ..."

"အိပ္ရတာ အဆင္မေျပမွာဆိုးလို႔ပါ ....."

Chaeyoung ေျပာရင္း Lisaရဲ႕ ဂ်င္းေဘာင္းဘီဇစ္ကို ဆြဲလိုက္ေတာ့ Lisaမွာ အိပ္ခ်င္စိတ္ေပ်ာက္ၿပီး လန့္ျဖန့္ကာ ထေအာ္တယ္....

"Yah.... ဘာလုပ္တာလည္း....."

"Lili ဂ်င္းေဘာင္းဘီနဲ႕ အိပ္ရတာ အဆင္မေျပျဖစ္မွာဆိုးလို႔ပါဆို...."

"Ash...."

Lisa အိပ္ခ်င္မူးတူးနဲ႕ ထကာ ေဘာင္းဘီ ခြၽတ္လိုက္သည္......

Chaeyoungက ဘီဒိုထဲက ညအိပ္၀တ္စုံကို ယူၿပီး Lisa အား ေပးလိုက္သည္.....

Lisa ညအိပ္၀တ္စုံကို ၀တ်ၿပီးကုတင္ေပၚ လွဲအိပ္ျပန္သည္

Chaeyoung ကေတာ့ Lisa ရဲ႕ အ၀တ္အေဟာင္းေတြကို ယူကာ ျခင္းထဲ ထည့္ၿပီး ေရခ်ိဳးခန္းထဲ ၀င်သွားတယ်.....

အ၀တ္ေလ်ာ္စက္နဲ႕ အ၀တ္အစားေတြကို ေလွ်ာ္ၿပီးေနာက္ အခန္းထဲသို႔ ျပန္၀င္လာသည္။

"Lili.....အရမ္း သတိရေနတာ...အရမ္းလည္းလြမ္းေနတာ သိလား...."

Lisaရဲ႕ ပါးကို နမ္းၿပီး Lisa ေဘးနား Chaeyoung ၀င်အိပ်လိုက်သည်

ေနာက္တစ္ေန႕ မနက္ Lisa နိုးလာေတာ့ သူ႕ေဘးနားမွာ ေကြးေကြးေလး အိပ္ေနတဲ့ Chaeyoungကို ေတြ႕လိုက္ရသည္.....

သူ အရမ္းလြမ္းေနခဲ့ရတဲ့ Chaeyoungကို Lisa တစိမ့္စိမ့္ထိုင္ၾကည့္ရင္း Chaeyoungရဲ႕  နဖူးကို နမ္းလိုက္သည္

"Chae..မင္းကို ငါ အရမ္း လြမ္းေနခဲ့တာ.. ..မင္းရဲ႕ ႏႈတ္ခမ္းေလးေရာ......"

Lisa တိုးတိုးေလးေရ႐ြတ္ရင္း Chaeyoungရဲ႕ ႏႈတ္ခမ္းကို ထပ္နမ္းျပန္သည္။

Chaeyoung နိုးလာေတာ့ Lisa သူ ဘာမွမလုပ္ခဲ့တဲ့ ပုံစံနဲ႕ အိပ္ရာက ထလိုက္သည္

"နိုးၿပီလား Chae......မ်က္ႏွာသစ္ၿပီးရင္ မနက္စာ ၾသားစားရေအာင္ ငါ ဗိုက္ဆာေနၿပီ....."

"Lili မ်က္ႏွာလိုက္သစ္ေပး......"

"Chaeက ကေလးလား....."

"အင္း ဟုတ္တယ္ ကေလး....."

Chaeyoungရဲ႕ အေျဖေၾကာင့္ Lisa ရယ္လိုက္ၿပီး Chaeyoung ကို ေပြ႕ခ်ီကာ ေရခ်ိဴးခန္းထဲသို႔ ေခၚသြားတယ္....

မ်က္ႏွာသစ္ေပးၿပီးေနာက္ dinning roomထဲတြင္ Chaeyoungမွာ မထိုင္ေသးဘဲ ပန္းကန္ႏွစ္ခ်ပ္ကို ယူကာ နာနီ ျပင္ေပးထားတဲ့ မနက္စာကို ထည့္ၿပီး စားပြဲခုံေပၚ တင္လိုက္သည္။

ထို႔ေနာက္ ဖန္ခြက္ ႏွစ္ခြက္ယူၿပီး ႏြားနို႔ထည့္ကာ စားပြဲခုံေပၚ တင္လိုက္ျပန္သည္။

"Wow.....Chae လူနဲ႕တူလာၿပီ......ငါ မရွိတုံး ေတာ္ေတာ္ေလး ေလ့လာထားတာလား....."

Chaeyoung ကို ၾကည့္ၿပီး Lisa ေတာ္ေတာ္ေလး အံ့ၾသေနသည္ အရင္ကဆို Lisa ျပင္ေပးမွ Chaeyoung စားတတ္တာေလ

"နာနီ သင္ေပးထားတာေလ....."

Chaeyoung ေျပာၿပီး Lisa  နဲ႕ မ်က္ႏွာခ်င္းဆိုင္မွာ ဝင္ထိုင္လိုက္သည္

"Wow Wow Wow.....ဇြန္းနဲ႕ ခက္ရင္းသုံးၿပီးေတာင္ စားတတ္ေနၿပီေပါ့....."

'ဒါေပါ့ နာနီသင္ေပးထားတာပါဆို....."

"မင္းနဲ႕ တစ္လေလး ခဏခြဲေနတဲ့ အခ်ိန္အတြင္း မင္းေတာ္ေတာ္ တတ္လာတာဘဲ...."

Lisaမွာ  ႏြားနို႔္ေသာက္ရင္း ေျပာလိုက္သည္။

"နင့္ကို ခ်စ္တယ္ဆိုတဲ့ အဓိပၸာယ္လည္း Chae သိခဲ့တယ္......"

Chaeyoung  ရဲ႕ စကားကို ၾကားေတာ့ Lisaမွာ ႏြားနို႔ေတြ သီးကုန္္တယ္

"ဘယ္လို.....မင္း သိတယ္ ဟုတ္လား ......."

"Omm ဟုတ္တယ္ နာနီက ရွင္းျပတာ...."

"ဒါဆို မင္းက ငါ့ကို ခ်စ္တယ္ေပါ့...."

Lisa ေမးေတာ့ Chaeyoung ေခါင္းညိတ္ျပသည္။

"ငါ့ကို ခ်စ္ေနမွန္း မင္း ဘယ္လိုသိလည္း......."

"Liliနဲ႕ အၿမဲ  အတူ ရွိခ်င္တယ္.......Liliက တစ္ျခားမိန္းကေလးေတြနဲ႕ အတူရွိေနတာ ျမင္ရရင္.....Chae ရဲ႕ ရင္ထဲ တစ္မ်ိဴးႀကီး.....Liliနဲ႕ အတူရွိေနရရင္ ႏွလုံးခုန္ျမန္လာတယ္......"

Chaeyoung ေျပာၿပီး သူ႕ႏွလုံးခုန္ျမန္တာ သိေစရန္ Lisa လက္ကို ယူၿပီး သူ႕ရင္ဘတ္ေပၚ တင္လိုက္သည္။

"မင္း အဲ့လို ခံစားရတယ္ေပါ့....."

Chaeyoung ေျပာတာေတြ နားေထာင္ၿပီး Lisa အရမ္း အံ့ၾသသြားတယ္....

"ဟုတ္တယ္....Lili အဲ့တာေၾကာင့္ အခုေလ......liliကို ခ်စ္တယ္လို႔ ေျပာရင္.....အေျဖက..Lili အေျဖကေရာ........."

'ငါလည္း မင္းကို ခ်စ္တယ္ အရမ္းခ်စ္တယ္ Chae ....မင္း ငါ့ကို ခ်စ္တယ္ဆိုတာ မသိခင္ကတည္းက မင္းကို ခ်စ္ေနတာ....."

"တကယ္......"

Lisaရဲ႕ စကားေၾကာင့္ Chaeyoung ေပ်ာ္ၿပီး ထခုန္မိတယ္ ...

"တကယ္ေျပာတာ ...Chaeကို.... ခ်စ္တယ္ ခ်စ္တယ္..... .."

"Liliကို ေဟာဒီေလာက္ႀကီး ခ်စ္တယ္......"

Chaeyoung ကေလးတစ္ေယာက္လို လက္ကို ၀ိုင်းျပၿပီး ေျပာလိုက္သည္

"ဟင္ အဲ့ေလာက္ေလးလား.....ေသးတာေပါ့...."

Lisa ၀မ်းနည်းသွားတဲ့ ပုံစံနဲ႕ ေျပာလိုက္သည္။

"ေသးတယ္ေပါ့....ဒါဆို chaeတို႔ အခန္းေလာက္ဆိုရင္ေရာ....."

"ေသးေသးတယ္....."
Lisa ႏႈတ္ခမ္းစူၿပီး ေျပာလိုက္သည္။

Chaeyoung သူ႕ရဲ႕ အခ်စ္ေတြက ဘယ္ေလာက္ႀကီးေၾကာင္း ႏွိုင္းယွဥ္ျပဖို႔ စဥ္းစားေန၏

"Umm...ကမၻာႀကီးေလာက္ ခ်စ္တယ္ဆိုရင္ေရာ...."

"ေသးတယ္......နည္းတယ္....."

"ေနမင္းႀကီးေလာက္....."

"....."

"ၾကယ္....အာ ၾကယ္ေလးေတြက ေသးတယ္ စၾက၀ဠာ တစ္ခုလုံး...."

"ေသးတယ္ဆို....."

"Ash....စဥ္းစားလို႔ မရေတာ့ဘူး .....အာ.....Chaeေလ  Liliကို Chae ဘ၀တစ္ခုလုံး ပုံအပ္ၿပီး ခ်စ္တယ္....."

"ဘယ္႐ုပ္ရွင္ထဲက စာသားေတြလည္း ေၾကာင္ေပါက္ေလး"

Lisa မ်က္ေစာင္းထိုးကာ ေျပာေတာ့ Chaeyoung စပ္ၿဖီးၿဖီးနဲ႕ ရယ္ျပသည္

"ဒါမ်ိဳး မိမိလက္မခံပါ.....ကိုယ္ပိုင္ စာသားေျပာပါ....."

"Okay....Liliအတြက္ဆို ဘယ္အေျခအေနေရာက္ေရာက္....ဘာျဖစ္ေနေန Lili ကိုယ္စား ေသေပးရဲတဲ့ အထိ.........ခ်စ္တယ္...."

"Yah....ေသေပးမယ္ဆိုတဲ့ အေတြးေတြ မေတြးစမ္းနဲ႕ ...."

"Liluဘဲ ကိုယ္ပိုင္ စာသားေျပာဆို....ဘာလို႔ စိတ္ဆိုးေနတာလည္း...."

"ကတိေပး....ငါ့အစား ေသေပးမယ္ဆိုတဲ့ စကားထပ္မေျပာဘူးလို႔...."

"Liliေရာ.... Chae ကို ဘယ္ေလာက္ထိ ခ်စ္လည္း...."

Chaeyoungမွာ Lisaကို ကတိမေပးဘဲ စကားလမ္းေၾကာင္း လႊဲလိုက္သည္။

Chaeyoung ေမးတာကို Lisa  မေျဖနိုင္.....ခုန Chaeyoung ေျပာတဲ့ စကားကို ၾကားေယာင္မိၿပီး Lisa ေၾကာက္ေန၏

"Lili..........ဘာလို႔ မေျဖတာလည္း"

"Humm....ႏွိုင္းယွဥ္ျပလို႔ မရေလာက္ေအာင္ထိ မင္းကို ခ်စ္တယ္ ......"

Lisa ေျပာၿပီး... သူ႕ခ်စ္သူရဲ႕ ႏႈတ္ခမ္းကို စုပ္နမ္းလိုက္သည္

ထိုစဥ္ နာနီေရာက္လာၿပီး
"အာ....အခ်ိန္မွားၿပီး ၀င်လာတာဘဲ....."

"ရတယ္ နာနီ....chaaတို႔ အခန္းထဲ သြားလိုက္ပါမယ္ babyလာ....."

နာနီကို Lisa ရယ္ျပၿပီး Chaeyoungကို ေပြ႕ခ်ီကာ အခန္းထဲ ၀င်သွားလိုက်သည်

#Tbc

Bạn đang đọc truyện trên: Truyen3h.Co