Truyen3h.Co

My Little Kitty

Part 39

KimFany059

#Unicode

ညရောက်တော့ Chaeyoung နဲ့ Lisaမှာ YG clubကို ရောက်လာကြသည်

"အထဲကို ရောက်ရင် ငါ့အနားမှာဘဲ နေနော် ကြားလား....Chae...."

Lisa ပြောတော့ Chaeyoung ခေါင်းညိတ်ပြပြီး Lisaရဲ့ လက်ကို တွဲလိုက်သည်

အထဲကိုရောက်တော့ မှောင်ပြီး သီချင်းသံတွေက ဆူညံနေလို့ Chaeyoung ကြောက်ပြီး Lisaရဲ့ ရင်ခွင်ထဲမှာ ခေါင်းအပ်ထားလေ၏

ဆူညံနေတဲ့ သီချင်းသံတွေကြောင့် sound boxကြောင့် Chaeyoung နားစည်တွေ ကွဲမတတ် ဖြစ်နေသည်။ ထို့ကြောင့် သူမရဲ့ နားရွက်လေးကို လက်နဲ့ကာလိုက်သည်

"Chae ဘာဖြစ်လို့လဲ ......."

"နားစည်တွေ ကွဲပြီး နားလေးတော့မယ်ထင်တယ်.....တစ်ခြားတစ်နေရာသွားရအောင် Lili ပြီးတော့ ဘာအနံ့ကြီးမှန်းမသိဘူး မူးလိုက်တာ...."

"ဒါက ပုံမှန်ပါဘဲ Chaeရ ....ပထမဆုံးမို့လို့ မင်းစိမ်းနေတာ.....နောက်ကျ အဆင်ပြေသွားလိမ့််မယ်......လာ.."

Lisa ပြောပြီး သူ့သူငယ်ချင်း Jensooတို့ ထိုင်နေတဲ့ Barကို သွားလိုက်သည်။

Chaeyoung မှာ တစ်ခြားသူတွေ ကနေတာကြည့်ပြီး သဘောကျကာ လက်ခုပ်တီးနေ၏.....

Lisaမှာ ကလေးလေးလို သဘောကျနေတဲ့ Chaeyoungကို  ကြည့်ပြီး ရယ်နေသည်

"Lili...Chae တို့ရော အဲ့လို ကလို့ရလား....."

"Chaeက ခေါင်းမူးနေတာ မဟုတ်ဘူးလား....."

"နည်းနည်းလောက်ပါ သွားကချင်လို့......"

Chaeyoung ပြောပြီး လူကြားထဲ ပြေးသွားလေသည်။

လူကြားထဲ ပြေးသွားတဲ့ Chaeyoungရဲ့ လက်ကို Lisa အမြန် လှမ်းဆွဲလိုက်ရသည်

"Yah သူတို့နဲ့ သွားကလို့ မရဘူးလေ ....ငါနဲ့ဘဲ ကရမယ်....."

"ဘာလို့လည်း...."

Chaeyoung နှုတ်ခမ်းစူကာ Lisaကို မေးလိုက်သည်။

"ဘာလို့လည်းဆိုတော့ မင်းမှာ ချစ်သူရှိတယ်လေ.....ချစ်သူဖြစ်တဲ့ ငါနဲ့ဘဲ ကလို့ရမှာ😒😒😒"

"ဒါဆို ပြောချင်တာက Liliကလည်း Chaeနဲ့ဘဲ ကခွင့်ရှိတာပေါ့လေ ....ouch....Lili ဘာလို့ chaeရဲ့ ခေါင်းကို ပုတ်တာလည်း...."

Chaeyoung နှုတ်ခမ်းလေးစူကာ ပြောနေတာကို ကြည့်ပြီး Lisa အသည်းယားလာလို့ Chaeyoungရဲ့  ခေါင်းကို သာသာယာယာလေးပုတ်လိုက်သည်။

"ငတုံးမလေး....ငါက မင်းက လွဲပြီး ဘယ်မိန်းကလေးနဲ့မှ မကချင်ဘူး"

"ဒါဆိုရင် ကကြစို့လေ..."

တက်ကြွနေတဲ့ Chaeyoungကို  Lisa သူ့အနားသို့ ဆွဲခေါ်လိုက်သည်။

"နောက်မှ....."

"အခု ကချင်တာပါဆို"

"ခဏနေမှ ကမယ် အိုကေ....အခု တစ်ခြားလူတွေကို လိုက်နှုတ်ဆက်ရအောင်...."

Lisa  ပြောပြီး လက်ကိုဆွဲကာ သူ့အဖွဲ့၀င်တွေဘက်ကို ခေါ်သွားလေသည်

"Lisa ရောက် လာပြီလား Chaeyoung လည်း ပါတာလား........."

"Yah Lisa....Chaeyoung ကို ဘောင်းဘီအရှည်ကြီးနဲ့ ဘယ်လိုဆင်ပေးထားတာလည်းဟ😂😂"

Chaeyoung ရဲ့ ဒီဇိုင်းကို ကြည့်ပြီး Jennie ရယ်လေ၏.....Jennie  ရယ်လည်း ရယ်ချင်စရာပါ....

Chaeyoungမှာ အင်ကျီ လက်ရှည်နဲ့ ဘောင်းဘီအရှည်ကြီး၀တ်ထားသည်။

"Chaeyoungကို ကြည့်ရတာ ဂြိုဟ်သားနဲ့တူတာ...တခြားမိန်းကလေးတွေဆို စကတ်တို ဘောင်းဘီတိုလေးနဲ့....."

Jisoo ပြောလိုက်တော့ Lisa မျက်မှောင်ကြုတ်ပြီး Jisooကို ရန်လုပ်လိုက်သည်

"ဘာဖြစ်တုံး....ဘယ်လို ၀တ်ဝတ် သူက လှပြီးသားကို ...."

"Lili Chae ရေဆာလို့....."

Jisooရဲ့  လက်ထဲက အရက်ခွက်ကို ကြည့်ပြီး Chaeyoung ပြောလိုက်သည်။

"ရေတစ်ခွက်လောက်....."
၀ိတ်တာကို Lisa မှာလိုက်တော့ Jennie က ရယ်လိုက်ပြီး

"Really Lisa မင်းအတွက်လား...."

"Chae အတွက်ဟ "

"ရေမသောက်ချင်ဘူး Jisooသောက်တဲ့အရည်တွေ သောက်ချင်တာ....."

"Chae ရော့ သောက်လေ...."

Jisoo အရက်ခွက်ကို Chaeyoung ကို ပေးတော့ Lisa  ဖြတ်ယူပြီး မော့သောက်လိုက်သည်။

(မဟုတ်ရင် ပတ်ခ်ချယ်မူးကို Lisa လိုက်ထိန်းရလိမ့်မယ် xD)

"Chae  အဲ့အရည်တွေ သောက်လို့ မရဘူး...ရော့ ရေသောက်.. .."

၀ိတ်တာလာပေးတဲ့ ရေခွက်ကို ယူပြီး Chaeyoungကို  ပေးလိုက်သည်။

Jennie တို့မှာ အရမ်း စန်းစန်းတင့်ဖြစ်နေတဲ့ Lisaကို ကြည့်ပြီး ရယ်လေ၏

"ရေမသောက်ချင်ပါဘူးဆို....အဲ့အရည်တွေ သောက်ချင်တာ....အဝါရောင်လေးနဲ့ အရသာရှိမယ့်ပုံဘဲ...."

"အရသာ မရှိဘူး ခါးတယ်....မင်း ကြိုက်မှာမဟုတ်ဘူး.. ..."

"Chae မြည်းကြည့်လို့ရလား....."

"နည်းနည်းလောက် မြည်းခိုင်းလိုက်ပါကွာ....သူ့အတွက် အန္တရာယ် မရှိလောက်ပါဘူး နင်လည်း ဒီမှာရှိနေတာကို....."

Chaeyoungက အရမ်း သောက်ချင်နေတော့ Chaeyoungဘက်ကနေ Jennie ပြောလိုက်သည်။

"နည်းနည်းဘဲသောက်နော် အိုကေ"

Lisaက ခွင့်ပြုတော့ Chaeyoung ခေါင်းညိတ်ပြသည်

Lisaလည်ယ အရက်ခွက်သေးသေးလေးကို Chaeyoungအား  ပေးလိုက်သည်။

Chaeyoungလည်း  အရက်ခွက်ကို ယူပြီး မော့တော့ Jisooတို့မှာ Chaeyoung ရဲ့ reaction ကို စောင့်နေကြ၏

"ရော့ ရေသောက်....."

Lisaပေးတဲ့ ရေကို chaeyoung ယူသောက်လိုက်သည်။

"အရသာက ဘယ်လိုလည်း..."

Lisa သိချင်တာနဲ့ မေးလိုက်သည်။

"ပထမကတော့ လည်ချောင်းရော ရင်ဘတ်ပါ ပူတယ်....ဒါမယ့် နောက်ပိုင်းကျ ကောင်းတယ်.....နောက်တစ်ခွက် သောက်လို့ရလား......"

"No...ဒီလောက်ဆို လုံလောက်ပြီ....ထပ်သောက်ရင် မင်း ဘာဖြစ်မယ်ဆိုတာ ငါတို့လည်း မသိဘူး"

"Lisa yah....အရမ်းလည်း စိတ်မပူပါနဲ့  ဒီမှာ အပြင်ကလူတွေမပါပါဘူးဟ သူတစ်ခုခုဖြစ်ရင် ငါတို့လည်းရှိနေတာဘဲကို...."

Jennie ပြောလိုက်သည်။

"အေးပါ သူအရက်အများကြီး သောက်ပြီး ကြောင် အကြီးကြီးအဖြစ် ပြောင်းသွားပြီဆိုရင်ရော....အခုလို ရယ်နိုင်မလား ကြည့်ကြသေးတာပေါ့ "

Lisaရဲ့ စကားကြောင့် စားပွဲခုံပေါ်က အရက်ခွက်တွေ အရက်ပုလင်းတွေအားလုံးကို Jennie တို့ ကောက်သိမ်းလိုက်ကြသည်။

"Chae ကကြစို့...ကြောင်လေးတွေ ဘယ်လိုကလည်းဆိုတာ ကြည့်ချင်လို့...."

"ငါတို့လည်း ပါမယ်ဟေ့....."

Dancing floorတွင် Chaeyoung တစ်ယောက် တစ်ခြားကောင်မလေးတွေလို buttလှုပ်ကာ ကလိုက် သားပိုက်ကောင်လို ခုန်ဆွခုန်ဆွလုပ်ပြီးကလိုက်နဲ့ Lisa တို့မှာ Chaeyoung ကတာ ကြည့်ရင်း ရယ်နေကြသည်။

"အချိန်ကောင်းရောက်ပြီ ထင်တယ်....ငါ မီးဖြတ်လိုက်တဲ့ ဆယ်မိနစ်အတွင်း ငါမှာထားတဲ့အတိုင်း သေချာလုပ်ပါ...."

လူတစ်ယောက်မှာတာကို တစ်ခြားလူတစ်ယောက်က ခေါင်းညိတ်ပြီး Dancing Floorက တစ်ခြားလူတွေကို ဂရုမစိုက်ဘဲ Lisaတို့ဆီ သွားလေသည်။

"သူ သီချင်းဆက်ဆိုလို့ မရအောင် လုပ်ခဲ့ပါ...."
မီးပျက်သွားတဲ့အချိန် ထိုလူကြီးမှာ သူ့ခါးကြားက ဓားကိုထုတ်ပြီး Lisa ရှိရာကို ပြေးသွားသည်။

#Tbc

#zawgyi






"Chae ဘာဖြစ်လို့လဲ ......."


"ဒါက ပုံမှန်ပါဘဲ Chaeရ ....ပထမဆုံးမို့လို့ မင်းစိမ်းနေတာ.....နောက်ကျ အဆင်ပြေသွားလိမ့်မယ်......လာ.."










"ဘာလို့လည်း...."






"ဒါဆိုရင် ကကြစို့လေ..."


"နောက်မှ....."

"အခု ကချင်တာပါဆို"









"ဘာဖြစ်တုံး....ဘယ်လို ၀တျဝတျ သူက လှပြီးသားကို ...."

"Lili Chae ရေဆာလို့....."


"ရေတစ်ခွက်လောက်....."
ဝိတျတာကို Lisa မှာလိုက်တော့ Jennie က ရယ်လိုက်ပြီး


"Chae အတွက်ဟ "


"Chae ရော့ သောက်လေ...."




ဝိတျတာလာပေးတဲ့ ရေခွက်ကို ယူပြီး Chaeyoungကို  ပေးလိုက်သည်။











"ရော့ ရေသောက်....."


"အရသာက ဘယ်လိုလည်း..."





Jennie ပြောလိုက်သည်။




"ငါတို့လည်း ပါမယ်ဟေ့....."





#tbc

Bạn đang đọc truyện trên: Truyen3h.Co