Truyen3h.Co
My Little Kitty
Part 40
KimFany059
#Unicode
Lisa တို့ကတော့ ဘာမှ မသိဘဲ Chaeyoungရဲ့ အကကို ကြည့်ပြီး သဘောကျနေကြတယ်......
ထိုစဉ် ရုတ်တရက် မီးပြတ်သွားသောအခါ.....
"ဘာဖြစ်သွားတာလည်း....."
Jennie ရေရွတ်လိုက်သည်။
"Chae...ငါ့ဘေးမှာဘဲနေနော်....."
Lisaမှာ သူ့ချစ်သူကို ဘယ်မှထွက်မသွားဖို့  သတိပေးလိုက်သည်။
"စိတ်မပူပါနဲ့.. ...chae က အမှောင်ထဲမှာ ဆိုပေမယ့် အားလုံးကို မြင်ရတယ်.. ...."
Chaeyoung ပြောပြီး သူရဲ့ကြောင် မျက်လုံးနဲ့ ပတ်၀န်းကျင်ကို ကြည့်နေစဉ် တစ်ခုခုထူးဆန်းနေတာကို ခံစားမိတယ်.......
ခြေသံတစ်သံကြားလို့ လှည့်ကြည့်တော့ ယောင်္ကျားတစ်ယောက်က ဓားချွန်ကို ကိုင်ပြီး သူတို့ဆီ လျှောက်လာတာကို တွေ့လိုက်ရသည်။
Chaeyoung ချက်ချင်းဘဲ Lisaကို တစ်ဖက် တွန်းထည့်လိုက်ပြီး တိုက်ခိုက်သံတွေ ပေါ်ထွက်လာတယ်....
"Chae.."
Lisa တိုက်ခိုက်သံက ဘယ်သူ့ကြောင့်လည်းဆိုတာ သိလို့ လဲကျနေရာက အမြန်ထလိုက်သည်။
"Chae Chae ဘယ်မှာလည်း ...."
Lisa အမှောင်ထဲ Chaeyoungကို လိုက်ရှာနေသည်
ထိုစဉ် မီးပြန်လာသောအခါ ယောင်္ကျားတစ်ယောက် သွေးအိုင်ထဲမှာ လဲကျနေတာကို တွေ့လိုက်ရသည် ....ရင်ဘတ်မှာလည်း ကုတ်ရာအကြီးကြီးနဲ့..........
Lisa လန့်ပြီး မျက်လုံးပြူးသွားပေမယ့် Chaeyoungကတော့ အေးအေးဆေးပင် Lisa နားသို့ ကပ်ကာ
"သူကလေ Liliကို သတ်ဖို့ ကြိုးစားနေတာ....."
ဘယ်သူမှ မကြားအောင်  တိုးတိုးလေးပြောလိုက်သည်
"ဓားအချွန်ကြီး ကိုင်ပြီး လာတာမြင်လို့ chae  အခုလို လုပ်လိုက်တာ....."
Jisoo  နဲ့ Jennie တို့ကလည်း ယောင်္ကျားရဲ့ ရင်ဘတ်က ကုတ်ရာက Chaeyoungရဲ့ လက်ချက်မှန်း သိသည်။ သို့သော် ဘာမှမပြောဘဲ Chaeyoungကိုသာ ကြည့်နေကြသည်။
လုံခြုံရေးတွေ အမြန်ရောက်လာပြီး ဘယ်သူ ထိခိုက်သွားသေးလည်းဆိုပြီး စစ်ဆေးနေကြသည်။
"အိမ်ပြန်ကြစို့....."
"ငါတို့လည်း လိုက်မယ်....."
"Ok...."
Lisa သူ့မန်နေဂျာကို ပြောပြီး အိမ်ကို ပြန်လာကြသည်။
ဧည့်ခန်းထဲတွင် ဘယ်သူမှ စကားမပြောဘဲ တိတ်ဆိတ်နေကြသည်။ အတော်ကြာမှ Chaeyoung  စကားစပြောတယ်.....
"Chae လုပ်လိုက်တာ......"
"ငါတို့ သိပါတယ်....ဒါပေမယ့် ဘာလို့လုပ်လိုက်တာလည်း....."
Jennie မေးလိုက်သည်။
"Chae အမှောင်ထဲမှာတောင် မြင်ရတာ Jenjen တို့ သိပါတယ်.....သူက ဓားချွန်ကြီး ကိုင်ပြီး Lisaဆီ ပြေးလာတာကို မြင်လို့ Lisaကို တွန်းပြီး သူ့ကို တားလိုက်တာပါ ....သူ့ကို မသတ်ချင်ပါဘူး.....ဒါပေမယ့်.. ..."
Chaeyoung ဆက်မပြောဘဲ ခေါင်းငုံ့သွားတယ်.....
"ဒါပေမယ့်.....ဘာဖြစ်လို့လဲ Chae......."
"သူ chaeကို တွေ့သွားတယ် ထင်တယ်....လက်သည်းရှည်ကြီးနဲ့ chaeကိုလေ...."
Chaeyoung ရဲ့ လက်ကို Lisa ကိုင်လိုက်ပြီး နှစ်သိမ့်လိုက်တယ်
"စိတ်မပူပါနဲ့ သူ့မှာ သက်သေ မရှိလို့ ဘယ်သူမှ သူပြောတာကို ယုံမှာမဟုတ်ဘူး....ပြီးတော့ သူက YGက ၀န်ထမ်းမဟုတ်တော့...လက်နက်ကိုင်ပြီး အထဲ၀င်လာတော့ တရားစွဲခံရပြီး ထောင်ကျမှာသေချာတယ်...."
"No Lisa...နင်ပြောတာ မှားတယ်....အခုလေးတင်ဘဲ မန်နေဂျာဆီက စာရတယ်....သူက ငါတို့၀န်ထမ်းဘဲ...လွန်ခဲ့တဲ့ တစ်ပတ်ကမှ ရောက်လာတဲ့အသစ်....."
Jisoo ဖုန်းကြည့်ရင်း ပြောလိုက်သည်။
"ဒါဆို ဘာလို့ သူအခုလို လုပ်တာလည်း....သူ ဘယ်မှာလဲ ...."
"ဆေးရုံမှာ....ရဲတွေက သူ့ကိုသယ်သွားတာတဲ့ အခုထိ သတိမရသေးဘူးတဲ့....."
"တစ်ယောက်ယောက်က သူ့ကို ပိုက်ဆံပေးခိုင်းတာ ဖြစ်နိုင်တယ် ...."
"Jennie လိုဘဲ ငါတွေးနေတာ....ဒါပေမယ့်....ဘာလို့လည်း...."
"ငါ့ကို ပျက်စီးစေချင်တဲ့ တစ်ယောက်ယောက်နေမှာ...."
Lisa ဝင်ပြောလိုက်သည်
"ဘာဘဲဖြစ်ဖြစ်....အခုကစပြီး သေချာသတိထားနေမှ ဖြစ်မယ်....နောက်ထပ် ထပ်လုပ်ရင်လုပ်နေမှာ......"
Jennie စိတ်ပူပြီး Lisaကို သတိပေးလိုက်သည်။
အခုလို ကိစ္စတွေ ဖြစ်လာပြီးတဲ့နောက်ပိုင်း မန်နေဂျာမှာ Lisaတို့ကို ပိုဂရုစိုက်ရသည်။ တစ်နေရာရာသွားရင်လည်း လုံခြုံရေးတွေတင်းကြပ်ရသည်။
Chaeyoung လက်ချက်ကြောင့် ဒဏ်ရာရသွားတဲ့ ယောင်္ကျားမှာတော့ အခုထိ ဆေးရုံမှာ သတိမရသေးပေ
Lisa Chaeyoung,Loren ရဲ့ သုံးပွင့်ဆိုင် သတင်းတွေကလည်း လူတွေကြားမှာ အမျိုးမျိုးပျံ့နှံ့နေကြပေမယ့် YG Entertainment ကရော ဟိုဘက်ကပါ ဘာမှမဖြေရှင်းဘဲ နေကြသည်။
Lisa ကတော့ အခုဆို မီဒီယာတွေက သူတို့ကိုယ်ပိုင် ဘ၀ကိုတောင် ၀င်ရောက်စွက်ဖက်တော့  Chaeyoung ဘယ်သူလည်းဆိုတာ သိသွားမှာ အရမ်းစိုးရိမ်နေ၏
ကိုယ်ပြောတယ်နော် မစပ်သေးပါဘူးဆို😝😝😝အခုထိ အစပ်မကျွေးသေးဘူး နောက်မှ ကုလားအော်သီးကျွေးမယ်လေ 😝😝😝
#TBC
အပိုင်းတို သွားလို့ ညကျ ထပ်ဒိတ်ပေးမယ်နော် xD
#zawgyi
"ဘာဖြစ်သွားတာလည်း....."
"Chae.."
"Chae Chae ဘယ်မှာလည်း ...."
"အိမ်ပြန်ကြစို့....."
"ငါတို့လည်း လိုက်မယ်....."
"Ok...."
"Chae လုပ်လိုက်တာ......"
Jennie မေးလိုက်သည်။
Lisa ဝင်ပြောလိုက်သည်
#TBC
Bạn đang đọc truyện trên: Truyen3h.Co