Truyen3h.Co
My Little Kitty
Part 41
KimFany059
#unicode
YG CEOခေါ်လို့ Chaelisa တို့ YGကို သွားကြသည်။
Chaeyoungမှာ Lisa ရွေးပေးတဲ့ အ၀တ်အစားတွေကို ၀တ်ပြီး နှုတ်ခမ်းစူကာ လိုက်လာ၏
အမှန်က Chaeyoungမှာ ဂါ၀န်နဲ့ စကတ်တိုတိုလေးတွေ ၀တ်ချင်သော်လည်း Lisaက မ၀တ်ခိုင်းဘဲ ဂျင်းဘောင်းဘီအရှည်သာ ၀တ်ခိုင်းချင်းဖြစ်သည်
Lisaမှာ ကားမောင်းရင်း စူပုပ်နေတဲ့ ကောင်မလေးကို ကြည့်ကာ ရယ်နေ၏
"ဘာရယ်နေတာလည်း....."
Lisaက တဟားဟား ရယ်နေလို့ Chaeyoungမှာ  မျက်စောင်းထိုးကာ မေးလိုက်သည်။
"ဘာလို့ မျက်နှာက စူပုပ်နေတာလည်း....စိတ်ဆိုးနေတာလား....ငါလည်း ဂျင်း၀တ်ထားတာဘဲလေ...."
"တခြားမိန်းကလေးတွေ ဂါ၀န်တွေ စကတ်တိုတွေ ၀တ်ကြတာကြည့်ပြီး Chaeလည်း ၀တ်ချင်တာပေါ့....တစ်ခါလာလည်း ဂျင်းဘောင်းဘီဘဲ ဝတ်နေရတယ်...."
"ဂျင်းဘောင်းဘီနဲ့ဆိုလည်း မင်းက လှတာဘဲ....မင်းခြေထောက်ကို တစ်ခြား လူတွေ ကြည့််ကြတာ သဘောမကျဘူး...."
"ဘာဖြစ်လဲ.. .တစ်ခြား သူတွေမှာလည်း ခြေထောက်ပါတာဘဲကို...."
"မင်းခြေထောက်ကို ကြည့်ကြတာကို မကြိုက်ဘူးဆို "
"သူတို့မှာ မျက်လုံးပါလို့ ကြည့်ကြတာကို ...."
"Yah ငါ ပြောတာ နားမလည်ဘဲ ပြန်မပြောနဲ့ ...."
"ဒါဆို နားလည်အောင် ရှင်းပြလေ...."
"တစ်ခြားကောင်တွေက မင်းကို ၀ိုင်းငမ်း ဝိုင်း​ကြည့် ​မှာ မကြိုက်လို့ မင်းကို ဂါ၀န်မ၀တ်ခိုင်းတာ......စကတ်တိုတို ၀တ်ရင် အဲ့ကောင်စုတ်တွေ မျက်လုံးကျွတ်ကျမတတ် မင်းကိုကြည့်ကြတာတွေ မကြိုက်လို့ တစ်ယောက်ယောက်က မင်းကိုကြည့်တာတွေ့ရင် ငါ သ၀န်တိုလို့ဟေ့ ရှင်းပြီလား...."
"Aww စောစောကတည်းက အဲ့လိုပြောပြပါ့လား ဒါဆို chaeလည်း စိတ်မကောက်တော့ဘူးလေ ...."
Lisa စကားကြောင့် Chaeyoung ပြောပြီး ရယ်လိုက်သည်။
"Lili...."
"ဘာလည်း ..."
"သ၀န်တိုနေတာ မဟုတ်လား ...."
"ငါ မင်းနဲ့ ပတ်သက်ရင် မင်းဘေးနားက အရုပ်က အစ သ၀န်တိုတယ်....."
တစ်လမ်းလုံး ကားမောင်းရင်း Chaelisaတို့ စကားပြောလာကြရင်း YGတို့ ရောက်လာကြသည်။
Practice အခန်းထဲသွားတော့ YGCEOက Jennieတို့နဲ့ စကားပြောပြီး ထိုင်နေတာကို တွေ့လိုက်ရသည်
Chaeyoungမှာ YG CEOကို တွေ့တော့  ကြောက်ပြီး Lisaရဲ့ အနောက်သို့ ၀င်ပုန်းလိုက်သည်။
"Good Morning Lisa ....စောစောစီးစီး ပျော်လာတယ်ပေါ့......"
YG CEOက Lisa ကို နှုတ်ဆက်လိုက်သည်။
"CEOက ဘာလို့ ဒီမှာ ရှိနေတာလည်း.......Chawတို့ကို ရုံးခန်းထဲမှာ စကားပြောမယ်လို့ ထင်နေတာ...."
"သတင်းတွေကြားနေရလို့လေ...."
'ဘာတွေလည်း.....'
"Chaeyoungနဲ့ မင်းရဲ့ အကြောင်းတွေလေ.....မင်းနဲ့ Loren Fanတွေက သူ့ကို မုန်းနေကြပြီ...မကြာခင် Chaeyoungကို  တစ်ခုခုလုပ်ကြလိမ့်မယ်....ပြီးတော့.....ဒီ fandomကနေ  ထွက်သွားကြမှာလည်း ငါစိုးရိမ်တယ်...သိတယ်မလား idol datingထွက်ရင် fanတော်တော်များများက ပစ်ချသွားတတ်တာ...."
"CEO ဘာကိုဆိုလိုချင်တာလည်း....."
"Public မှာ သူ့ကို ချ​ပြရအောင်...."
"No...CEO....ဒါမဖြစ်သင့်ဘူး......"
YG CEOရဲ့ စကားကို Lisa အသည်းအသန်ကန့်ကွက်တယ်..
"Lisa....ငါပြောတာကို အရင်နားထောင်ပါအုံး....ဒီလိုလုပ်မှ Rumorတွေက ရပ်သွားမှာ.....Chaeက  မင်းရဲ့ ငယ်သူငယ်ချင်းလို့ ငါတို့ဖြေရှင်းမှာပါ ....ပြီးတော့ အဖွဲ့တစ်ခုလုပ်ထားတယ်......"
"ဘာအဖွဲ့လည်း ...."
Lisaမှာ CEOက သူ့ကို ဘာမှမပြောသေးဘဲ သူ့ဘာသာသူ စီစဥ်လုပ်လို့ စိတ်ဆိုးနေ၏
"Tell Lisa  Your wish ....အဲ့အဖွဲ့မှာ Fanတွေက သူတို့ဖြစ်ချင်တာတွေ ပြောလိမ့်မယ်....."
"သူတို့ ဖြစ်စေချင်သလို chaw မလုပ်ပေးနိုင်ရင်ရော...ပြီးတော့ Chaeကို ဘာလို့ ဆွဲထည့်တာလည်း "
"ဘာလို့ ဆွဲထည့်တာလည်းဆိုတော့ မင်း Fanတွေနဲ့ တွေ့တိုင်း သူလိုက်လာမယ်....တဖြည်းဖြည်းနဲ့ Fanတွေနဲ့ သူရင်းနှီးသွားမယ် .....ပြိီးတော့ နောက်ကျ သူတို့လက်ခံလာလိမ့်မယ်....."
"CEO ဘာတွေလုပ်နေလည်းဆိုတာ မသိတော့ဘူး....."
"Chaeyoung ဘာမှမဖြစ်စေရဘူးလို့ ကတိပေးတယ်...."
"Sorry CEO...Chaw လက်မခံနိုင်ပါဘူး "
"Lisa.. ..မင်းအတွက် ငါလုပ်နေတာနော်......"
"Sorry CEO...."
"Lisa Manobam .. ."
Lisaက ဇွတ်ငြင်းနေလို့ YG CEOမှာ ဒေါသထွက်ပြီး အော်လိုက်သည်။
"Chaw မလုပ်နိုင်ဘူး......"
"မင်းလုပ်ရမယ်....လက်ခံရမယ်....."
"ကောင်းပြီ ဒါဆို အပေးအယူ တစ်ခုတော့ လုပ်မယ် Chaeyoung တစ်ခုခုဖြစ်လို့ကတော့ Chaw YGက ထွက်မှာ ဘယ်လိုလည်း....."
"Ok.....လက်ခံတယ်...ဒါဆို မနက်ဖြန် Chaeyoungက ငါဘေး လာထိုင်ရမယ်...."
YG CEOမှာ Lisaရဲ့ အပေးအယူကို လက်ခံလိုက်သည်
YG CEO ရဲ့ စကားကြောင့် Chaeyoungမှာ ခေါင်းခါပြလိုက်သည်။
"Chaeyoung ငါ့ကို ကြောက်နေတာလား...."
YG CEOကမေးတော့ Chaeyoung  ကလေးတစ်ယောက်လို ခေါင်းညိတ်ပြသည်။
"Lisa....မင်းရဲ့ ပရိတ်သတ်တွေက တဖြည်းဖြည်း သူ့ကိုချစ်လာပြီး မင်းနဲ့သဘောတူလာမယ်ဆိုတာ ငါအာမခံရဲတယ်.......ကဲ Chaeyoung..ရုံးခန်းကို လာခဲ့ မေးခွန်းတွေအတွက် အဖြေပြောပြမယ်......"
"Chae..."
"Chae အဆင်ပြေပါတယ်....ခဏလိုက်သွားအုံးမယ်နော် Lili ...."
YG CEOနဲ့အတူ Chaeyoung ရုံးခန်းကို သွားလိုက်သည်။
"Liaa...ငါတို့လည်း ရှိနေတာဘဲ အရာအားလုံး အဆင်ပြေသွားမှာပါ...."
Lisa သက်ပြင်းချပြီး အပြင်ကို ငေးကြည့်လိုက်သည်။ မနက်ဖြန် ဘာဆက်ဖြစ်မလည်းဆိုတာ မတွေးကြည့်ချင်တော့ပေ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Fan meeting မစခင် သတင်းထောက်တွေနဲ့ အတူ တွေ့ဆုံပွဲစလေ၏ ...သတင်းထောက်တွေမှာ Lisaနဲ့  သူ့ဘေးနားက မိန်းကလေးအကြောင်း သိချင်လို့ အများအပြား ရောက်လာကြသည်။
မိနစ်သုံးဆယ်ကြာတော့ YG CEO နဲ့ Lisaတို့ မန်နေဂျာရောက်လာကြသည်။ သတင်းထောက်တွေကလည်း တဖျက်ဖျက်နဲ့ ဓာတ်ပုံတွေ ရိုက်နေကြသည်။
"Good morning Everyone.. ..ဒီသတင်းစာ ရှင်းလင်းပွဲလေးကို တက်ရောက်ပေးကြလို့ ကျေးဇူးတင်ပါတယ်.. ..အခုရက်ပိုင်း ဖြစ်ပျက်နေတဲ့ သတင်းလေးတွေအကြောင်း ဖြေရှင်းချင်လို့ အခုလိုစီစဉ်လိုက်ရခြင်း ဖြစ်ပါတယ် ....Lisaနဲ့ Chaeyoungလည်း မကြာခင်ရောက်လာတော့မှာပါ...."
သတင်းထောက်တွေလည်း Lisaတို့ ထွက်လာမယ့်ဘက်ကို စိတ်၀င်စားစွာကြည့်နေကြသည်။
Lisaတို့ ထွက်လာတော့ အလျှင်အမြန်ဓာတ်ပုံရိုက်ကြသည်။ Lisaရဲ့ အနောက်က ပါလာတဲ့ Chaeyoungကို  မြင်တော့ သတင်းထောက်တွေမှာ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
Chaeyoungမှာ ဂါ၀န်အတို အနီရောင်လေးနဲ့ မိတ်ကပ်အဖွေးသား လိမ်းထားကာ ဒေါက်ဖိနပ်လှလှလေးဖြင့် ထွက်လာလေသည်။
ပွဲမစခင်က Lisa တစ်ယောက် Stylist နဲ့ ရန်ဖြစ်ခဲ့ရတယ်လေ.....
"Unnie.. ..Chaeyoungကို ဒီတိုင်း ဂျင်းဘောင်းဘီတို့ဘာတို့ဘဲ ၀တ်ပေးလိုက်ပါ...."
"Lisa နင်က သူ့ကို သူတောင်းစားနဲ့တူစေချင်လို့လား....လူအများရှေ့မှာ အကြာကြီးထိုင်ရမှာလေဟယ်...."
Lisa သဘောမကျပေမယ့်လည်း stylist ပြောနေတာမှန်သောကြောင့် လက်ခံလိုက်သည်။
Chaelisaတို့က အလယ်မှာထိုင်ကြသည်။ မန်နေဂျာဘေးမှာ Lisa ..Lisa ဘေးမှာ Chaeyoung.... Chaeyoung ဘေးမှာ CEO....အစဉ်လိုက်ထိုင်ကြသည်။
Chaeyoung ကို Lisa ခိုးကြည့်တော့ သူ့ကလေးမှာ စိတ်အရမ်းလှုပ်ရှားနေသောကြောင့် Lisa ဘယ်သူမှမမြင်အောင် စားပွဲခုံအောက်ကနေ Chaeyoungရဲ့ လက်ကို တွဲလိုက်သည်။
Chaeyoungရဲ့ လက်မှာ ချွေးတွေစိုရွှဲနေ၏ ....Lisa  သူ့လက်ကို ကိုင်တော့ Chaeyoung ပြန်ပြီးတင်းကြပ်စွာ ကိုင်လိုက်သည်။
"Lisa နဲ့ Chaeyoungကို  မေးခွန်းတွေ မေးဖို့ အချိန်ခဏပေးပါမယ်.....ပြီးမှ ကျွန်တော်တို့ပြောစရာရှိတာပြောပါမယ်နော်....မေးချင်တာရှိရင် မေးလို့ရပါတယ်....."
မန်နေဂ်ာက ပြောလိုက်သည်။
"Good Morning.....Today သတင်းစာက သတင်းထောက် Mr.Jameပါ...Lisa  shii..သူနဲ့ မိတ်ဆက်ပေးလို့ရလား....."
"Park Chaeyoungပါ .....chawရဲ့ ငယ်သူငယ်ချင်းပါ... "
Lisa တိုတိုတုပ်တုပ်ဖြေလိုက်သည်။
"ဘာလို့ ရုတ်တရက်ပေါ်လာရတာလည်း....ငယ်သူငယ်ချင်းဆိုတာရော ဟုတ်ရဲ့လားရှင့်...."
Sooheeဆိုတဲ့ နာမည်ကတ်နဲ့ သတင်းထောက်က မေးလိုက်သည်။
"သူက နိုင်ငံခြားက လာတာပါ....."
Lisa လိမ်ပြောလိုက်သည်။
"သူက နိုင်ငံခြားမှာ နေလာတာကြာပြီဆိုတော့....ဘာလို့များ lisa နဲ့အပြင် lisaတို့ အဖွဲ့သားနှစ်ယောက်နဲ့ပါ အရမ်းရင်းနှီးနေတာလည်း...."
Kang Hoဆိုသော သတင်းထောက်က မေးလိုက်သည်။
"သူက တစ်နှစ်တစ်ခါ ဒီကိုပြန်လာတယ်လေ....Jisooတို့နဲ့ ခဏခဏလည်း တွေ့ဖြစ်တော့ ရင်းနှီးသွားကြတယ်..."
Lisa တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်သည်။
"Miss Park....ဒီကိုရောက်နေတာ ဘယ်လောက်ကြာပြီလည်း....."
Chaeyoungကို Lisa လှမ်းကြည့်တော့ Chaeyoungမှာ အူကြောင်ကြောင်နဲ့ စဉ်းစားနေတာကြည့်ပြီး Lisa  ရယ်လိုက်သည်။
"သုံးလကြာပါပြီ....."
Chaeyoung အစား Lisa ဖြေလိုက်သည်။
Chaeyoung လည်း သုံးလဆိုတာ ဘယ်လောက်မှန်းမသိပေမယ့် ခေါင်းညိတ်ပြလိုက်သည်။
"ရှင်တို့နှစ်ယောက်က ဘာမှမဟုတ်ဘူးဆိုတာ သေချာရဲ့လား Lisa shii..."
Jin Minဆိုသော သတင်းထောက်က မေးလိုက်သည်။
"ဟုတ် သေချာပါတယ်....သူက chawရဲ့ ပထမဆုံးသူငယ်ချင်းပါ .....YGမှာ နာမည်မကြီးခင်...ဘယ်သူနဲ့မှ မသိခင်ကတည်းက သူနဲ့ သိလာရင်းနှီးလာတာပါ "
Chaeyoungနဲ့  စတွေ့တုံးက အကြောင်းကို ပြန်တွေးပြီး Lisa ဖြေလိုက်သည်။
"Lisaတို့  တွဲနေတယ်ဆိုပြီး သတင်းတွေ ထွက်လာတယ်နော်....ပြီးတော့ Lorenကရော သူ့ကို သဘောကျနေတာဆို ဟုတ်ပါသလား"
Dean ဟူသော သတင်းထောက်က မေးလိုက်သည်။
"Chawတို့က သူငယ်ချင်းတွေပါ....တွဲနေကြတာ မဟုတ်ပါဘူး ....Lorenက သူ့ကို သဘောကျတဲ့ အကြောင်းတော့ မသိပါဘူး အခုမှ ကြားဖူးတာပါ...."
"Lisaကို Ireneနဲ့လည်း  အရင်က  တပူးပူးတတွဲတွဲမြင်ဖူးတယ်နော်...."
သတင်းထောက် Sooheeက ထပ်မေးလိုက်သည်။
"အရင်က ဟုတ်ပါတယ် အခုတော့ မဟုတ်တော့ပါဘူး....."
Sooheeရဲ့ မျက်လုံးကို တည့်တည့်ကြည့်ကာ ဖြေလိုက်သည်။
"Miss Park.....Lisa နဲ့ ဘယ်မှာ စသိတာလည်း......"
Deanက ထပ်မေးလိုက်သည်။
"သူ အသက် ရှစ်နှစ်တုံးကပေါ့.....သူ့မွေးနေ့မှာ ကစားကွင်းမွာ တစ်ယောက်တည်း ငိုနေတုံးက သူနဲ့ တွေ့ခဲ့တာပါ....သူက သူ့မွေးနေ့မှာ တစ်ယောက်တည်းအထီးကျန်နေကြောင်း chaeကို ပြောပြပြီးငိုခဲ့တယ်လေ ....သူ့ကို နှစ်သိမ့်ပေးရင်း သူနဲ့ရင်းနှီးသွားတာပါ...."
YG CEO သင်ပေးတဲ့အတိုင်း Chaeyoung ဖြေလိုက်သည်။
"Lorenကို ဘယ်လိုသိတာလည်း......"
Dean က ထပ်မေးပြန်သည်။
"သူ့ကို မသိပါဘူး.....Mallမှာဘဲ တစ်ခါတွေ့ဖူးတာပါ "
"သူ့ရဲ့ ပရိတ်သတ်လား....."
"Chae သူ့ကို လုံး၀မသိတာပါ.....Mallမှာ တိုက်မိလို့ သူကထူပေးတာပါ အဲ့တာပါဘဲ... "
"Miss Park က အရမ်းလှတယ်နော်....ချစ်သူရှိလားဗျာ့ ယောင်္ကျားထုကြီးတော်တော်များများ Miss Parkကို စိတ်၀င်စားနေကြတာ....."
Kelvin ဆိုသော သတင်းထောက်က မေးလိုက်သည်။
"Gomawo....."
Chaeyoung ရှက်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။ ထို့နောက် Lisa ကို Chaeyoung ကြည့်လိုက်တော့ Lisaက  သူ့ကို မကြည့်ဘဲ မိုက်ကိုဆော့နေ၏
"Chaeမှာ ချစ်သူရှိပါတယ် ...."
Chaeyoungရဲ့ အဖြေကို ကြားတော့ Lisaမှာ အောင်နိုင်သူအပြုံးဖြင့် ပြုံးမိသွားတယ်
"Oh...ယောင်္ကျားထုကြီးတော့ စိတ်ပျက်သွားကြမှာ သေချာတယ်.......ချစ်ရသူက ဘယ်သူလည်းဆိုတာ သိခွင့်ရမလား....."
Deanက ထပ်မေးပြန်သည်။
"Chaeyoungက Private personလေ ဒီလိုမေးခွန်းတွေ မေးခွင့်ရှိလား......."
Lisaမှာ Deanရဲ့ မေးခွန်းကို ၀င်ထောက်လိုက်သည်
"Okay......ဒါဆိုလည်း မေးခွင့်ရှိတဲ့ Lisa ကို မေးမယ်နော် ....chaeyoungကို မေးတဲ့မေးခွန်းပါဘဲ ချစ်သူရှိလား Lisa manoban shii"
Dean ထပ်မေးလိုက်သည်။
"Datingအတွက် အချိန်မပေးနိုင်သေးပါဘူး....chaw သီချင်းတွေအတွက် ကြိုးစားနေပါတယ်....အကယ်၍ သဘောကျလာတဲ့သူရှိရင် တစ်နေ့ကျ အားလုံးကို ရှက်ရွံ့ခြင်း မရှိဘဲ အသိပေးမှာပါ ...."
Lisaမှာ တကယ်တော့ အခုချက်ချင်း ဒီ Chaeyoungက  သူ့အပိုင်ပါဆိုပြီး ပြောချင်နေတာပါ....ဒါပေမယ့်လည်း.. .....
"Lisa shii ဟိုတနေ့က ဖြစ်သွားတဲ့ ကိစ္စမှာ လက်သည်းရှည်နဲ့ တိရစ္ဆာန်တစ်ကောင်ကို Party မှာ တွေ့တယ်လို့ သတင်းတွေကြားနေရတယ်နော်........"
သတင်းထောက် တစ်ယောက်က မေးလိုက်သည်။
"တိရစ္ဆာန်ကို ပါတီထဲ ဘယ်သူကခေါ်မှာလည်း....စဉ်းစားကြည့်ပါအုံး😅😅အကြောင်းအရာ အားလုံးသေချာသိရရင် ပြောပြမှာပါ...."
Lisaရဲ့ မန်နေဂျာက ၀င်ဖြေလိုက်သည်
"Chaeyoungရဲ့ မိဘတွေက ဘယ်မှာနေတာလည်း.....-
Chaeyoung မဖြေတတ်တဲ့ မေးခွန်းကို သတင်းထောက် တစ်ယောက်က မေးလိုက်သည်။
"သူက မိဘမဲ့ပါ ....."
Lisa ၀င်​ဖြေပေးလိုက်သ​ည်
ကင်မရာတွေ အားလုံးက Chaeyoungကို  ချိန်ထားကြတာမြင်တော့ Lisaမှာ သူ့ချစ်သူရဲ့ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားတယ်
"Miss Park သူပြောတာ ဟုတ်ပါသလား....."
Chaeyoung ပြန်ပြီး မဖြေဘဲ ခေါင်းညိတ်ပြလေသည်။
"ဒါဆို အခု ဘယ်မှာနေပြီး ဘာတွေလုပ်နေလည်းဗျာ့...."
"Lisa's PA. ..Personal Assistant ပါ....သူအခု YGမှာ အလုပ်လုပ်နေတာပါ ဒါကြောင့် သူတို့နှစ်ယောက်ကို အတူတူတွေ့ရတာပေါ့..."
YG CEOက ၀င်ဖြေလိုက်သည်
"ဒါဆို ဘာလို့ အရင်က သူ့ကို မတွေ့ရတာလည်း .....ပြီးတော့ နိုင်ငံခြားမှာ သူ ဘာအလုပ်လုပ်တာလည်း....."
Deanကို ထရိုက်ပစ်ချင်စိတ်တွေကို ထိန်းပြီး Lisa ပြုံးကာ
"သူက chawအဖေရဲ့ နိုင်ငံခြားက company မှာ အလုပ်လုပ်တာပါ..."
"Miss Park....Lorenက အကယ်၍ propose လာလုပ်ရင် ဘယ်လိုလုပ်မလည်း...Lisa ကရော သူငယ်ချင်းကို ခွင့်ပြုမှာလား...."
"No...."
Chaelisa တို့ တပြိုင်တည်း ငြင်းလိုက်ကြသည်။
"ဘာလို့လည်းဗျာ့ ....."
"ဘာလို့လည်းဆိုတော့....chaeမှာ ချစ်သူရှိတယ်လေ....ချစ်သူရှိရက်နဲ့ တခြားသူနဲ့တွဲရင် မကောင်းတဲ့ မိန်းမဖြစ်သွားမှာပေါ့ ဟုတ်တယ်မလား"
Chaeyoungရဲ့ အဖြေကို ကြားတော့ Lisa  ကျေနပ်ပိတိဖြာကာ ပြုံးလိုက်သည်။
"ဟုတ်ပါတယ်ဗျာ....အကယ်၍ Chaeyoungရဲ့ သူငယ်ချင်းဖြစ်သူ Lisaက ချစ်သူထားရင်ရော....."
"Lisa ဘာဖြစ်နေနေ ဘာဘဲလုပ်လုပ် chaeက အမြဲ သူ့ဘက်က ရှိနေမှာပါ......"
"Lisa shiii အကယ်၍ ပရိသတ်တွေက Chaeyoungကို  သဘောမကျဘူး Chaeyoungနဲ့ သူတို့ကို ရွေးပါဆို ဘယ်သူ့ကိုရွေးမလည်း....."
Lisa  သတင်းထောက်တွေကို စိတ်ထဲကနေ ကျိန်ဆဲပြီး
"နှစ်ခုလုံးက Chaw အတွက် အရေးပါတော့ ...Chaeyoung ..သူက နာမည်မကြီးခင်ကတည်းက အတူရှိလာပေးတဲ့သူ....ပရိတ်သတ်တွေကလည်း chawကို အခုလို ဖြစ်လာအောင် အတူရှိလာပေးတာဆိုတော့ ရွေးချယ်ဖို့ ခက်ခဲပါတယ်...."
"Miss Park.. ..အကယ်၍ ခင်ဗျားကြောင့် Lisaက လူမုန်းများလာပြီး နာမည်ကျသွားရင်ကော ဘယ်လိုလုပ်မလည်း...."
"Lisaက ထွက်သွားဖို့ ပြောရင် ချက်ချင်း ထွက်သွားပေးမှာပါ......"
"Ireneနဲ့ Chaeyoung  ဆိုရင်ကော ဘယ်သူ့ကိုရွေးမလည်း......"
"Chaeyoung ကို ရွေးချယ်မှာပါ...သူ့နေရာကို ဘယ်သူနဲ့မှ အစားမထိုးနိုင်ဘူး...Chaeyoungက ငယ်ငယ်လေးကတည်းက ဘာဖြစ်နေနေ အတူရှိလာပေးတဲ့သူ.. .ဘယ်သူတွေ ဘယ်လို chawကို စွန့်ခွာသွားပါစေ သူက အမြဲ ရှိနေပေးတယ်...."
"အချိန်ပြည့်ပြီ....."
Lisa ခံစားချက် အပြည့်နဲ့ ပြောနေချိန် YG CEOက ဖျက်လိုက်သည်။
သတင်းထောက်တွေလည်း.......Chaeyoungအကြောင်း ပြောနေတဲ့အချိန် Lisaရဲ့ မျက်လုံးကို ကြည့်ပြီး သူတို့က ငယ်သူငယ်ချင်းထက် ပိုတဲ့ခံစားချက်ရှိကြောင်း သတိထားမိသွားကြတယ်
Chaelisaတို့လည်း သတင်းထောက်တွေကို နှုတ်ဆက်ပြီးထွက်သွားကြသည်
အရှည်ကြီးရေးပေးထားတယ်နော်😌😍 မကြာခင် ဒါလေးပြီးတော့မှာပါ
#tbc
#Zawgyi
Chaeyoungမှာ Lisa ရွေးပေးတဲ့ အ၀တ်အစားတွေကို ၀တျပွီး နှုတ်ခမ်းစူကာ လိုက်လာ၏
"ဘာရယ်နေတာလည်း....."
"ဂျင်းဘောင်းဘီနဲ့ဆိုလည်း မင်းက လှတာဘဲ....မင်းခြေထောက်ကို တစ်ခြား လူတွေ ကြည့်ကြတာ သဘောမကျဘူး...."
"တစ်ခြားကောင်တွေက မင်းကို ၀ိုငျးငမျး ဝိုင်းကြည့် မှာ မကြိုက်လို့ မင်းကို ဂါဝန်မ၀တ်ခိုင်းတာ......စကတ်တိုတို ၀တျရငျ အဲ့ကောင်စုတ်တွေ မျက်လုံးကျွတ်ကျမတတ် မင်းကိုကြည့်ကြတာတွေ မကြိုက်လို့ တစ်ယောက်ယောက်က မင်းကိုကြည့်တာတွေ့ရင် ငါ သ၀န်တိုလို့ဟေ့ ရှင်းပြီလား...."
"Lili...."
"ဘာလည်း ..."
"သ၀န်တိုနေတာ မဟုတ်လား ...."
'ဘာတွေလည်း.....'
"No...CEO....ဒါမဖြစ်သင့်ဘူး......"
"ဘာအဖွဲ့လည်း ...."
"ဘာလို့ ဆွဲထည့်တာလည်းဆိုတော့ မင်း Fanတွေနဲ့ တွေ့တိုင်း သူလိုက်လာမယ်....တဖြည်းဖြည်းနဲ့ Fanတွေနဲ့ သူရင်းနှီးသွားမယ် .....ပွီးတော့ နောက်ကျ သူတို့လက်ခံလာလိမ့်မယ်....."
"Sorry CEO...."
"Lisa Manobam .. ."
"Chaw မလုပ်နိုင်ဘူး......"
"Chae..."
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"Unnie.. ..Chaeyoungကို ဒီတိုင်း ဂျင်းဘောင်းဘီတို့ဘာတို့ဘဲ ၀တျပေးလိုကျပါ...."
"သုံးလကြာပါပြီ....."
Deanက ထပ်မေးလိုက်သည်။
Dean က ထပ်မေးပြန်သည်။
"သူ့ရဲ့ ပရိတ်သတ်လား....."
"Gomawo....."
Deanက ထပ်မေးပြန်သည်။
Dean ထပ်မေးလိုက်သည်။
"Lisa shii ဟိုတနေ့က ဖြစ်သွားတဲ့ ကိစ္စမှာ လက်သည်းရှည်နဲ့ တိရစ်ဆာန်တစ်ကောင်ကို Party မှာ တွေ့တယ်လို့ သတင်းတွေကြားနေရတယ်နော်........"
"တိရစ်ဆာန်ကို ပါတီထဲ ဘယ်သူကခေါ်မှာလည်း....စဉ်းစားကြည့်ပါအုံး😅😅အကြောင်းအရာ အားလုံးသေချာသိရရင် ပြောပြမှာပါ...."
Lisaရဲ့ မန်နေဂျာက ၀ငျဖွလေိုကျသညျ
"သူက မိဘမဲ့ပါ ....."
Lisa ၀ငျဖြေပေးလိုက်သည်
YG CEOက ၀င်ဖြေလိုက်သည်
"No...."
"ဘာလို့လည်းဗျာ့ ....."
"အချိန်ပြည့်ပြီ....."
#tbc
Bạn đang đọc truyện trên: Truyen3h.Co