Truyen3h.Co

My Little Kitty

Part 6

KimFany059

#Unicode

Lisa ကားထဲကိုရောက်တော့ သူ့အဖြစ်အပျက်တွေကို သူ မယုံနိုင်ဘဲ ဖြစ်နေတယ်......

ကြောင်တစ်ကောင်ကနေ အရမ်းလှပတဲ့ ကောင်မလေးအဖြစ်ကို ပြောင်းသွားတော့.....မယုံကြည်နိုင်သေးသလို ဖြစ်နေတယ်

YG entertainment ထဲကို ရောက်တော့ CEOက သူ့ကို အပြစ်ပေးမယ်ဆိုတာ သိပြီး အပြစ်ပေးခံရဖို့ အဆင်သင့်ပြင်ထားလိုက်တယ်......

Dance Practice အခန်းကို ရောက်တော့
"Lisa.....ဘာလို့ ကြာနေတာလည်း......"

Jisoo စိတ်ပူလို့မေးလိုက်သည်

"ဒီအတိုင်း အိမ်မှာ တစ်ခုခုဖြစ်နေလို့...."

"CEOက ငါတို့ကိုတွေ့ချင်နေတာ သွားရအောင်....."

Lisaလည်း Jennieတို့နဲ့ အတူတူ ရုံးခန်းဘက်ကို သွားလိုက်သည်

ရုံးခန်းထဲကို ရောက်တော့ CEOမှာ Lisaကို စိုက်ကြည့်ပြီး....

"Lisa Manoban ......မင်း နာမည်ကြီး အဆိုတော်ဖြစ်ချင်တာ သေချာတယ်နော် မဟုတ်ရင်......အချိန်မနှောင်းခင် ထွက်သွားတာ ကောင်းမယ်..........တာ၀န်မဲ့တာမျိုး ငါ သဘောမကျဘူး....ဒီအလုပ်ထဲမှာ ရှိနေရင် တခြားကိစ္စတွေကို ဘေးဖယ်ထားပါ......."

"နောက်ကျသွားလို့ တောင်းပန်ပါတယ်.....Chae ပျောက်သွားလို့ပါ......"

Lisa  လိမ်ပြောလိုက်သည် .....

Lisaရဲ့ စကားကြောင့် CEO သူ့စားပွဲခုံကို လက်နဲ့ထုလိုက်သည် ......

"ဘယ်ဟာက အရေးကြီးလည်း Lisa..မင်းအလုပ်လား ကြောင်လား....."

CEO Yang ကြောင့် သုံးယောက်လုံးလန့်သွားတယ်

"Sorry sir.....နောက်မဖြစ်စေရပါဘူး......."

Lisa တောင်းပန်လိုက်သည် ......

ရုံးခန်းက ပြန်လာကြပြီး Dance Practice အခန်းကို ရောက်တော့

"Yah....lisa နင် ဘာဖြစ်နေတာလည်း မနေ့ကလည်း ဘာမှမပြောဘဲ ထွက်သွားတယ်....."

"Sorry Jennie....."

"ရပါတယ်....အချင်းချင်းဘဲ မနေ့ကဘာဖြစ်တာလည်းသာ ပြော....."

Lisa ခေါင်းကို ကုပ်ပြီး
"မနေ့ကလား......."

"ဟုတ်တယ် မနေ့က ပြောစမ်းပါ အချိန်ဆွဲမနေနဲ့.. ..."

Lisaရဲ့ တင်ပါးကို Jisoo ရိုက်ပြီး ပြောလိုက်သည်

"Chae  ပျောက်သွားလို့ ဟုတ်တယ်.....မနေ့က သူပျောက်သွားလို့ ငါဒေါသထွက်ပြီး လိုက်ရှာနေတာ....."

Lisa ထပ်ပြီး လိမ်ပြောလိုက်သည်

"ဟုတ်လို့လား Lisa ......"

"Omm. ဟုတ်တယ် ...."

"မလိမ်စမ်းနဲ့.....သူသာ ပျောက်ရင် အခုချိန် နင် ဒီကိုမလာဘူး လိုက်ရှာနေအုံးမှာ Lisa .....ပြီးတော့ အခုလို မျက်နှာက ပြုံးရွှင်နေမှာ မဟုတ်ဘူး တငိုငိုတရီရီဖြစ်နေမှာ....."

Jennie လက်ပိုက်ပြီး ပြောလိုက်သည်

"ငါ သူ့ကိုပြန်ရှာတွေ့ပြီလေ....."

Jennieလည်း Lisa နဲ့ ဆက်မပြောတော့ဘဲ  သက်ပြင်းချလိုက်ပြီး

"ထားပါတော့ အကတိုက်ရအောင်......"

ထိုအခါမှ Lisa စိတ်သက်သာရာရသွားတယ်.....

Chaeyoungက လူဖြစ်သွားတဲ့ အကြောင်းကို သူတို့ကိုပြောပြရင် ၁၀၀ရာခိုင်နှုန်း သူ့ကိုမယုံကြည်မယ့်အပြင် ဟားတိုက်ရယ်မောကြမယ်ဆိုတာ lisa သိနေတယ်လေ

အကတိုက်ပြီး ၂နာရီလောက်ကြာတော့ Lisaဆီကို ဖုန်း၀င်လာတယ် .....

Lisaလည်း အိတ်ထဲက ဖုန်းကို ထုတ်ပြီး အိမ်သာထဲသို့ ၀ငျ သွားလိုက်သည်

"Hello Chae....ဘာဖြစ်လို့လည်း......"

"သခင်....ကျွန်မ......"

"အင်း ပြော ဘာဖြစ်လို့လဲ.. ......"

"သခင်.....ကျွန်မကြောင့် Tv......ကွဲသွားပြီ......"

Chaeyoung ရဲ့ စကားကြောင့် Lisa အော်လိုက်ချင်ပေမယ့်လည်း Jisooတို့ သိမှာဆိုးလို့ မအော်မိအောင် ထိန်းကာ မေးလိုက်သည်

"ဘယ်လို Tvကွဲသွားတယ် ဟုတ်လား.....မင်း ဘယ်လိုလုပ်လိုက်တာလည်း.. ..."

"ကျွန်မ နံရံကို ဘောလုံးနဲ့ ပစ်ပြီး လိုက်ဖမ်းတိုင်း ဆော့ရင်း.......ကျွန်မ လူဆိုတာကို မေ့ပြီး.......Tvကို နောက်ခြေထောက်နဲ့ ကန်မိသွားတယ်......."

Chaeyoungရဲ့ စကားကြောင့် Lisa သူ့မျက်နှာကို သူ လက်နဲ့အုပ်ပြီး သက်ပြင်းချလိုက်သည်

"အခု မင်း ဘယ်မှာလဲ.. ...."

"Tvအကွဲရဲ့ ဘေးနားမှာ........"

"ကြမ်းပြင်ပေါ်မှာ တွားသွားနေတာမလား......yah မင်းကို အဲ့လိုမလုပ်ဖို့ ငါ ဘယ်နှခါပြောရမှာလည်း....."

Lisa ရဲ့ စကားကြောင့် Chaeyoung ထရပ်လိုက်သည်

"ငါပြောတာ ဟုတ်တယ်မလား.....မင်း တကယ်ဘဲ တွားသွားနေတာလား......"

"မဟုတ်ပါဘူး....သခင်....ကျွန်မ တွားမသွားပါဘူး ထိုင်နေတာပါ......"

"ထိုင်နေ.........."

Lisa အော်လိုက်တော့ Chaeyoung ဆိုဖာပေါ်ကို ခုန်တက်လိုက်ပြီး

"ကျွန်မ ဆိုဖာပေါ်မှာ ထိုင်နေတာပါ......"

"ဘယ်မှာဖြစ်ဖြစ် အဲ့မှာဘဲနေ.....လျှောက်မသွားနဲ့ ကြားလား"

"Nae သခင်......."

"Ok ဒါဆို ငါ ဖုန်းချလိုက်တော့မယ်.....ငါပြောတာတွေကို မှတ်မိတယ်မလား"

"Nae....."

Lisa phကို ချလိုက်ပြီး အိမ်သာထဲက ထွက်လာပေမယ့် Chaeyoungကို စိုးရိမ်နေတယ်.....

"ဘယ်သူနဲ့ ဖုန်းပြောနေတာလည်း နင့်မျက်နှာက......."

"Huh....ဒီအတိုင်းပဲ ငါ့ ငယ်ငယ်တုံးက သူငယ်ချင်းပါ......Jennie...."

Lisa အမှန်တိုင်းပြောလိုက်သည်....

ဟုတ်တယ်လေ.....ငယ်ငယ်ကတည်းက Chaeyoung ဟာ သူ့အတွက် သူငယ်ချင်းတစ်ယောက်လိုဘဲ.....အခုနောက်ပိုင်းတော့ သူငယ်ချင်းထက် ပိုရင်ပိုမယ်...xD

"နင့်ရဲ့ သူငယ်ချင်း ဟုတ်လား.....နင်တစ်ခါမှ ငါတို့ကို နင် ငယ်ငယ်တုံးက သူငယ်ချင်းရှိတယ်လို့ မပြောဖူးဘူး......"

"မဟုတ်ဘူး.. ..ငါ့မှာ သူငယ်ချင်း တစ်ယောက်ရှိတယ်.....သူက ကောင်မလေး......"

"Really? ...."

Jennieတို့ကို Lisaခေါင်းညိတ်ပြလိုက်သည်

"သူ့နာမည်က.....သူက လှလား...."

Jisoo သိချင်စိတ်နဲ့ မေးလိုက်သည်.....

"နင် သိစရာမလိုပါဘူး ...."

Jisooတို့ကို  Chaeyoungနဲ့ မိတ်ဆက်ပေးဖို့ အစီအစဉ် Lisaဆီမှာ လုံး၀မရှိဘူး.....

"ဘာလို့လည်းဟာ....."

"သိစရာမလိုဘူးလို့....."

"Aww နင်က အဲ့လိုကြေးလား.......သူငယ်ချင်း ကောင်းမပီသတာဟာ.....ဘာလည်း နင်က သူ့ကို တိတ်တခိုးချစ်နေလို့ သ၀န်တိုနေတာလား....အဲ့တာကြောင့် ငါနဲ့ မိတ်ဆက်မပေးချင်တာလား....."

Jisoo စကားပြောပြီး ကြည့်လိုက်တော့ Lisa တို့က သူ့အနားမှာမရှိတော့ပေ.....

"Jisoo.....အသံသွင်းမယ်လေ မင်းအဲ့မှာ ဘာရပ်လုပ်နေတာလည်း......"

Producerက အော်လိုက်တော့  Jisoo  studio ခန်းထဲကို ပြေး၀င်လာတယ်.....

Lisaကတော့ Jisooကို လျှာထုတ်ပြောင်ပြပြီး စလိုက်သည်

Lisaတို့ အသံသွင်းပြီး လေ့ကျင့်ပြီးနောက် ည၈နာရီကျော်ရှိနေပြီ .....

Lisa  မြန်မြန်ဘဲ အဝတ်အစား လဲပြီး  ပစ္စည်းတွေကို သူ့အိတ်ထဲ ထည့်လိုက်သည်

"ငါတို့ ဒီနေ့ Jisooရဲ့ အိမ်ကို သွားသောက်ကြမလို့ လိုက်အုံးမလား Lisa ....."

Lisaကို Jennie  မေးလိုက်သည်

Lisa ခေါင်းခါပြီး ကျောပိုးအိတ်ကို လွယ်လိုက်သည်

"ငါ ပင်ပန်းနေလို့ နားတော့မယ်.. ...နောက်တခါမှ လိုက်တော့မယ်နော်....."

Lisaပြောပြီး အိမ်ပြန်လာခဲ့လိုက်သည်

"Chae ...ငါ ပြန်ရောက်ပြီ......"

Lisa အော်ပြီး အိမ်ထဲကို ၀င်လာတယ်

"သခင်........"

ဧည့်ခန်းထဲက Chaeyoungရဲ့  အသံကို Lisa ကြားလိုက်ရသည်

ဧည့်ခန်းဘက်ကို လျှောက်လာတော့ ရှုပ်ပွနေတဲ့ ပစ္စည်းတွေကြောင့် Lisa  မျက်မှောင်ကြုတ်သွားတယ်

Tvမှန် အကွဲအစတွေက ကြမ်းပြင်ပေါ် ပြန့်ကျဲပြီး စားပွဲခုံကလည်း လဲနေတယ်......နံရံပေါ်မှာ ချိတ်ထားတဲ့ ဂစ်တာကလည်း ကြမ်းပြင်ပေါ်ရောက်နေတယ်

"သခင်......."

ဆိုဖာပေါ်မှာ မျက်လုံးနဲ့ပါးစပ်လှုပ်ရှားမှုက လွဲပြီး ကျောက်ရုပ်လို ထိုင်နေတဲ့ chaeyoungကို Lisa လှမ်းကြည့်ပြီး

"မင်း ဘယ်လိုတွေလုပ်ထားတာလည်း......"

Lisa ဒေါသထွက်နေတဲ့ အသံဖြင့် ပြောလိုက်သည်

"တောင်းပန်ပါတယ် သခင်........"

Chaeyoung မျက်ရည်အဝိုင်းသားနဲ့ တောင်းပန်လိုက်သည်

"ဒီကိုလာခဲ့......."

Lisa အမိန့်ပေးလိုက်တော့ Chaeyoung  ထိုင်နေရာမှ ထရပ်လိုက်သည်.....သို့သော် ချက်ချင်း လဲကျသွားသည်

Lisa ချက်ချင်းဘဲ Chaeyoungကို  ပွေ့ချီပြီး ဆိုဖာပေါ်တင်လိုက်တယ်.....

"Chae....ဘာဖြစ်တာလည်း နေမကောင်းဘူးလား .....မျက်နှာလေးလည်း ဖြူ ဖတ်နေတာဘဲ......"

Lisaရဲ့ လက်ကို Chaeyoungကိုင်ပြီး မျက်လုံးမှိတ်ထားတယ်.....

"ဘာဖြစ်တာလည်းလို့......."

Chaeyoungရဲ့ နဖူးကို Lisa စမ်းကြည့်တော့ ကိုယ်ပူနေတာကို သိလိုက်ရသည်

"ကျွန်မ ဗိုက်အရမ်းဆာပြီး ပင်ပန်းနေလို့ပါ သခင်....."

Chaeyoung တိုးတိုးလေး ပြောလိုက်သည်

"ဗိုက်ဆာလို့ ဟုတ်လား မင်းအတွက် ငါ ထမင်းစားပွဲပေါ်မှာ ပြင်ပေးထားခဲ့တယ်လေ....."

"သခင်ဘဲ ဘယ်မှမသွားရဘူး ထိုင်နေလို့ ပြောတာလေ"

"What......ဒါဆို ငါနဲ့ ဖုန်းပြောပြီးကတည်းက မင်းအခုလို ထိုင်နေတာလား....."

Chaeyoung ခေါင်းညိတ်ပြတော့

"မင်း ရူးနေတာလား ငါက မင်းကို ပစ္စည်းတွေကို မဖျက်စီးဘဲ ငြိမ်ငြိမ်နေဖို့ ​ပြောတာလေ Chaeရ......10နာရီလုံးလုံး မင်းဒီမှာ တစ်နေရာမှ မရွေ့ဘဲ ထိုင်နေတာလား"

Chaeyoung ခေါင်းညိတ်ပြလိုက်တယ်.....ပြီးတော့ မျက်လုံးထဲက မျက်ရည်တွေက စီးကျလာတယ်.....

"သခင်....ကျွန်မကို စိတ်ဆိုးနေတာလား....."

Lisa သက်ပြင်းချလိုက်ပြီး
"ဟူး.....မငိုနဲ့တော့ "

Chaeyoungရဲ့ ဆံပင်တွေကို ဖွလိုက်ပြီး နဖူးကို နမ်းလိုက်သည်....

"ခဏလှဲနေလိုက်အုံး  မင်းအတွက် ငါ ညစာသွားယူလိုက်အုံးမယ်....."

Lisa မီးဖိုချောင်ထဲ ၀င်သွားပြီး မနက်စာကို ပြန်နွှေးလိုက်သည်.....

ပြီးတော့ ဧည့်ခန်းထဲယူလာကာ Chaeyoung ကို ထူလိုက်ပြီး သူ့ပခုံးပေါ်မှာ မှီစေတယ်......ပြီးနောက် ညစာခွံ့ကျွေးလိုက်သည်

"သခင်....ကျွန်မ တောင်းပန်ပါတယ်နော်....."

Chaeyoung  ထမင်းတွေမျိုချပြီး ပြောလိုက်သည်

ပြီးတော့ Lisaရဲ့ မျက်နှာကို လျှာနဲ့မရက်ဘဲ သူ့နှာခေါင်းလုံးလုံးလေးနဲ့ Chaeyoung  နမ်းလိုက်သည်

"Wow မင်း ငါ့စကားနားထောင်သားဘဲ ...."

Lisa  ပြုံးပြီး ချီးကျူးလိုက်သည်

ညစာစားပြီးနောက်
"အခုရော ဘယ်လိုနေသေးလည်း......."

Chaeyoung ကို Lisaမေးလိုက်သည်

"ကျွန်မ သက်သာသွားပါပြီ သခင်....."

"ကောင်းပြီ ဒါဆိုရင် မင်းဖွထားတာတွေကို ရှင်းဖို့ ငါ့ကို ကူညီပေး...."

"Nae....."

"ဒီကိုလာ.....မှန်ကွဲတွေရှင်းရမှာဆိုတော့ မင်းခြေထောက် မရှအောင် ဖိနပ်စီးထား......."

Chaeyoungကို Lisa ဖိနပ်စီးပေးလိုက်သည်

ပြီးနောက် Lisa မှန်ကွဲစတွေကို တံမြက်စည်းနဲ့လှဲပြီး Tvအစုတ်ကိုကျ စတိုခန်းထဲ ထည့်လိုက်သည်.....

Lisaကို chaeyoung လိုက်ကြည့်ပြီး

"သခင်....ကျွန်မက ဘာလုပ်ရမှာလည်း......"

"ဒီကိုလာခဲ့......"

Lisa ဘေးနား Chaeyoung သွားရပ်လိုက်သည်

"CDချပ်ပြားတွေကို ဒီအိတ်ထဲ သေချာထည့်နော် အိုကေ......."

Chaeyoung ခေါင်းညိတ်ပြပြီး သူ့သခင်ပြတဲ့အတိုင်း ထည့်နေသည်

Chaeyoung  ထည့်တာကို ကြည့်ပြီး Lisa  ချီးကျူးလိုက်တယ်

"Good....တော်တယ်...."

Chaeyoungမှာ ချီးကျူးခံရလို့ ပျော်ပြီး Lisaကို ပြေးဖက်လိုက်သည်

"သခင်....မနက်ဖြန် သခင်နဲ့အတူ လိုက်ချင်လို့ရလား.."

"No....."

Lisa အလန့်တကြား ထအော်လိုက်တယ်......

ဒါပေမယ့် chaeyoung ရဲ့ စိတ်မကောင်းဖြစ်သွးတဲ့ မျက်နှာကြောင့် စကားပြင်ပြောလိုက်တယ်

"Noဆိုပြီး ငါပြောတာက မနက်ဖြန် ငါတို့အလုပ်ရှုပ်မှာမို့ မင်းကိုမခေါ်တာ ဒါပေမယ့် ငါ အိမ်ပြန်ရောက်ရင် မင်းကို Mall လိုက်ပို့ပေးပြီး အဝတ်အစားတွေ ဝယ်ပေးမယ်....."

Chaeyoung   ပျော်သွားပြီး ခေါင်းညိတ်ပြလိုက်သည်

"အိပ်ကြစို့ ....."

Chaeyoungရဲ့  လက်ကို ဆွဲပြီး အခန်းထဲခေါ်လာတယ်......

အခန်းထဲရောက်တော့ Chaeyoungကို ကုတင်ပေါ်အိပ်ခိုင်းပြီး lisa က အခန်းထဲက ဆိုဖာမှာ အိပ်လိုက်တယ်

"သခင် အဲ့မှာဘာလုပ်တာလည်း ကုတင်က ဒီမှာလေ...."

Chaeyoung ကုတင်ကို ပုတ်ပြပြီး Lisaကို ပြောလိုက်သည်

"မင်းက ကုတင်မှာအိပ် ငါက ဒီမှာအိပ်မယ်......"

Lisaအိပ်ချင်မူးတူးနဲ့ပြန်ပြောလိုက်သည်

"ဘာလို့လည်း......."

"မေးခွန်းတွေ မေးတာရပ်ပြီး အိပ်တော့ Chae....."

"ကျွန်မက သခင်နဲ့အတူ အိပ်ချင်တာ......."

Chaeyoung နှုတ်ခမ်းစူပြီး ပြောလိုက်သည်

"Chae ခေါင်းမမာစမ်းနဲ့ ......"

Lisa ဘာအသံမျ မကြားရလို့ မျက်လုံးဖွင့်ကြည့်တော့ သူ့ဘေးနားမှာ ခွေခွေလေးအိပ်နေတဲ့ Chaeyoungကို  တွေ့လိုက်ရသည်.......

"Chae......ကြပ်တယ်ဟ ကုတင်ပေါ်သွားအိပ်......"

Lisa  ပြောတာကို Chaeyoung ဂရုမစိုက်ဘဲ အိပ်နေတယ် ....

"Chae......"

Lisa အော်လိုက်တော့ Chaeyoung မှာ ငိုလေသည်

"သခင် ဘာလို့ ကျွန်မနဲ့အတူမအိပ်ချင်တာလည်း အရင်ကကျ အတူတူအိပ်ပြီး......"

"ကဲ လာလာ အတူတူအိပ်မယ် လာ....."

Chaeyoung ကို ကုတင်ပေါ်သို့  Lisa ဆွဲခေါ်သွားတယ်

"သခင် ရေမချိုးတော့ဘူးလား......."

Chaeyoung စကား​​ကြောင့် Chaeyoungနဲ မျက်နှာချင်းဆိုင်အိပ်နေရာမှ lisa မျက်လုံးဖွင့်ပြီး
"No...မနက်ကျမှ ချိုးတော့မယ် ဒါနဲ့ Chae....."

"Nae....."

Chaeyoung မျက်လုံးအဝိုင်းသားနဲ့ သူ့သခင်ကို စိုက်ကြည့်နေတယ်

"ငါ့ကို သခင်လို့ခေါ်တာရပ်ပြီး Lisaလို့ခေါ်......"

"Lisa?.....LiLiလို့ ခေါ်လို့ရလားဟင်......."

"မင်း သဘော....."

"Lili  ......Lili...... Lili...."

သူ့နာမည်ကို ရေရွတ်နေတဲ့ Chaeyoungကို ကြည့်ရင်း Lisa ပင်ပန်းပြီး အိပ်ပျော်သွားတယ်

#tbc

#zawgyi




















"Sorry Jennie....."


"မနေ့ကလား......."





"ဟုတ်လို့လား Lisa ......"

"Omm. ဟုတ်တယ် ...."









Lisaလည်း အိတ်ထဲက ဖုန်းကို ထုတ်ပြီး အိမ်သာထဲသို့ ၀ငြ သွားလိုက်သည်


"သခင်....ကျွန်မ......"







"အခု မင်း ဘယ်မှာလဲ.. ...."

"Tvအကွဲရဲ့ ဘေးနားမှာ........"





"ထိုင်နေ.........."




"Nae သခင်......."


"Nae....."








"Really? ...."


"သူ့နာမည်က.....သူက လှလား...."


"နင် သိစရာမလိုပါဘူး ...."


"ဘာလို့လည်းဟာ....."

"သိစရာမလိုဘူးလို့....."













"Chae ...ငါ ပြန်ရောက်ပြီ......"

Lisa အော်ပြီး အိမ်ထဲကို ၀ငျလာတယျ

"သခင်........"




"သခင်......."




"တောင်းပန်ပါတယ် သခင်........"


"ဒီကိုလာခဲ့......."





"ဘာဖြစ်တာလည်းလို့......."











"ဟူး.....မငိုနဲ့တော့ "



Lisa မီးဖိုချောင်ထဲ ၀ငျသှားပွီး မနက်စာကို ပြန်နွှေးလိုက်သည်.....







ညစာစားပြီးနောက်




"Nae....."






"ဒီကိုလာခဲ့......"





"Good....တော်တယ်...."



"No....."





"အိပ်ကြစို့ ....."







"ဘာလို့လည်း......."








"Chae......"







"Nae....."




"မင်း သဘော....."

"Lili  ......Lili...... Lili...."


#tbc

Bạn đang đọc truyện trên: Truyen3h.Co