Part 7
#un
အိပ်ရာကို နောက်ကျမှ ထသော်လည်း Lisa တစ်ယောက် အိပ်ချင်မူးတူး ဖြစ်နေ၏
မျက်လုံးပိတ်လျက် ဘေးနားက နေရာကို လက်နဲ့စမ်းလိုက်သည်......သူ့ဘေးနားမှာ ဘာမှမရှိတာကို သိလိုက်ရတော့ ချက်ချင်း မျက်လုံးဖွင့်သွားတယ်
ချက်ချင်းဘဲ အိပ်ရာက ထပြီး အခန်းထဲကို ကြည့်လိုက်တော့ Chaeyoungကို မတွေ့ရပေ.....
Lisa အခန်းထဲက ထွက်လာပြီး ဧည့်ခန်းထဲကို အမြန်ပြေးသွားတယ်
"Chae....."
Lisa အော်ခေါ်ပေမယ့် ဧည့်ခန်းထဲမှာ Chaeyoung မရှိဘူး ဖြစ်နေတယ်
မီးဖိုထဲ စတိုခန်းထဲ လိုက်ရှာပေမယ့် Chaeyoungကို မတွေ့ရဘူး......
Lisa နှလုံးခုန်နှုန်းတွေ တအားမြန်လာပြီး စိတ်တွေပူလာတယ်............
အိပ်ခန်းထဲ ပြန်၀င်ပြီး ကုတင်အောက်ထဲ ငုံ့ကြည့်တော့လည်း မတွေ့ရ.......အ၀တ်ဗီဒိုဖွင့်ကြည့်တော့လည်း Chaeyoung ကို မတွေ့ရပေ.....
နောက်ဆုံးတော့ ရေချိူးခန်းတစ်ခုဘဲ ရှာဖို့ကျန်တော့တယ်ဆိုတာ Lisa သတိရသွားတယ်...
ဒါပေမယ့် Chaeyoung က ရေကြောက်တတ်တယ်လေ......
ရေချိူးခန်းထဲရှိမယ်ဆိုတာ ဖြစ်နိုင်မလားဆိုပြီး Lisa တွေးရင်း ရေချိုးခန်းဘက်ကို သွားလိုက်တယ်......
"ဗိုင်း......."
ရေချိုးခန်းထဲက အသံကြားရလို့ Lisa အမြန်တံခါးဖွင့်ကြည့်လိုက်တော့ အ၀တ်မပါဘဲ ကြမ်းပြင်ပေါ် လဲကျနေတဲ့ Chaeyoungကို တွေ့လိုက်ရသည်
Lisaမှာ Chaeyoungကို ကြည့်ရင်း တံတွေးမျိုချမိသည်
Charyoung တစ်ကိုယ်လုံး ဆပ်ပြာရည် ခေါင်းလျှော်ရည်တွေနဲ့ ပေပွနေပြီး ခု ရေချိူးခန်းထဲမှာ ပစ်လဲနေပြန်ပြီ......
Lisa ချက်ချင်းဘဲ Chaeyoungကို ကျောပေးလိုက်သည်
"တံခါးပိတ်လိုက်....."
"သခင် ကျွန်မ နာမည်ကို ခေါ်တာကြားလို့ ရေချိူးခန်းထဲက ထွက်လာတာလေ....."
"မင်း ရေချိုးပြီးမှ ပြောတော့မယ်........."
"ဒါပေမယ့် သခင်......."
"Lisa Lisa. ..........."
Lisa အော်လိုက်တော့ Chaeyoung လန့်ပြီး မျက်ရည်တွေကျလာတယ်
"မင်းကိုငါ သခင်လို့မခေါ်ဖို့ ဘယ်နှခါပြောရမှာလည်း ....."
Chaeyoung သူ့မျက်ရည်တွေကို သုတ်ပြီး နာကျင်နေတဲ့ကြားမှ ထရပ်လိုက်သည်......
ထို့နောက် ရေချိုးခန်းတံခါးကို ပိတ်ပြီး Lisa သင်ပေးထားတဲ့အတိုင်း ရေချိုးလိုက်သည်
Chaeyoung ရေချိုးပြီး ထွက်လာတော့ Lisaက ကုတင်ဘေးနားမှာ ရပ်နေတယ်......
ကုတင်အစွန်းလေးမှာ ခေါင်းက ဆံပင်အစိုကို မသုတ်ဘဲ ထိုင်ငိုနေတဲ့ Chaeyoungကို ကြည့်ပြီး Lisa သက်ပြင်းချလိုက်သည်
ဗီဒိုထဲက တဘတ်တစ်ထည်ယူပြီး Chaeyoungရဲ့ ဆံပင်တွေကို သုတ်ပေးလိုက်တယ် .....
Chaeyoung ချက်ချင်းဘဲ သူ့ရှေ့က Lisaကို ဖက်လိုက်သည်
"ငါ မင်းကို အော်ခဲ့လို့ တောင်းပန်ပါတယ်........"
Lisa ပြောတော့ Chaeyoung ခေါင်းညိတ်လိုက်သည်
ဒါပေမယ့် ငိုနေတုံးဘဲ.....
"ငါ့ကို သခင်လို့ မခေါ်နဲ့တော့.....ပြီးတော့ အ၀တ်မပါဘဲ ရေချိုးခန်းထဲက ထွက်လာတာမျိုး မလုပ်နဲ့......ငါခေါ်ရင် အထဲကနေဘဲ ပြန်ထူး ....."
Chaeyoung ဘာမှမပြောဘဲ ခေါင်းညိတ်ပြပြန်တယ်
"မငိုနဲ့တော့......"
Chaeyoung သူ့လက်နဲ့ မျက်ရည်တွေကို သုတ်လိုက်ချိန် Lisa သူ့ဗီဒိုထဲက အ၀တ်အစားတွေကို ထုတ်ပေးလိုက်သည်
"ရော့ ဒါတွေ၀တ်......"
Lisa အ၀တ်အစားတွေ ပေးပြီး ရေချိုးခန်းထဲ ၀ငျသှားကာ မျက်နှာသွားသစ်နေ၏.....
ပြန်ထွက်လာတော့ အ၀တ်အစားတွေ ၀တျပွီး မျက်လုံးအညိုလေးနဲ့ သူ့ကို စိုက်ကြည့်နေတဲ့ Chaeyoungကို Lisa တွေ့တော့ သက်ပြင်းချမိပြီး ပြုံးပြလိုက်တယ်.....
သူ့ရဲ့ Chaeyoungကို ကြာကြာ စိတ်မဆိုးနိုင်ဘူးလေ......Chaeyoung ငိုရင်ကို သူ့နှလုံးသားက ပျော့ညံ့သွားတာ.....
သူ့ သခင်က သူ့ကိုပြုံးပြတော့ Chaeyoung ပျော်သွားတယ်......
Chaeyoung ဆီကို လျှောက်သွားပြီး Chaeyoungရဲ့ နဖူးကို Lisa နမ်းလိုက်သည် ....
Chaeyoung ကို ထိုင်ခုံမှာ ထိုင်ခိုင်းပြီး မှန်တင်ခုံက ခေါင်းဖြီးကို ယူလိုက်သည်.......
"မင်း ဆံပင်တွေကို ဒီလိုဖြီးရတယ် သိလား......"
Chaeyoung ခေါင်းညိတ်ပြတော့ ခေါင်းဖြီးကို Lisaမှာ Chaeyoungကို ပေးလိုက်တယ်
"ရော့ ကိုယ့်ဘာသာကိုယ် ဖြီးကြည့်....."
Chaeyoung လည်း ခေါင်းဖြီးကို ယူပြီး Lisa သင်ပေးသလို ဖြီးနေတယ်
Lisa အိပ်ရာသိမ်းပြီးနောက် Chaeyoung ရဲ့ မျက်နှာကိုကြည့််ပြီး
"ငါ မင်းကို ရေကြောက်တယ်လို့ တွေးနေခဲ့တာ.....ဒါနဲ့ မင်းက ဘာလို့ အစောကြီး ရေချိုးနေတာလည်း "
"Lili အတွက် ၀နျထုပျ ဝန်ပိုး မဖြစ်ချင်လို့.....မနေ့ကလည်း ကျွန်မ ရှုပ်ပြနေအောင် လုပ်ခဲ့ပြီးပြီလေ....."
Lisa ခေါင်းညိတ်လိုက်ပြီး
"Aww ငါက မနေ့ညက မင်းကို ဆူလိုက်လို့ မင်းငါ့ကို ထားပြီး ထွက်သွားတယ် ထင်နေတာ....."
"Liliက ကျွန်မကို ထွက်သွား....ဆိုပြီး မပြောခင်အထိ ကျွန်မ Lili ဘေးနားမှာ နေပေးမှာပါ......"
"မင်းကို ထွက်သွား...ဆိုပြီး ငါ မပြောရက်ပါဘူး......"
Chaeyoung ပြုံးပြီး Lisa ကို ဖက်လိုက်သည်
"ကျွန်မကို အမြဲ ဂရုစိုက်ပေး နားလည်ပေး စိတ်ရှည်ပေးလို့ ကျေးဇူးတင်ပါတယ် ....Lilj ဆီ အပေးခံရတုံးက ကျွန်မ အရမ်းပျော်ခဲ့တာ.. ...Lili က ကျွန်မကို အမြဲ ပျော်အောင်ထားတယ်.......Liliနဲ့ အတူရှိနေရင် ကျွန်မ အမြဲ လုံခြုံသလို ခံစားရတယ် .....Liliနဲ့ အမြဲအတူရှိနေချင်တယ်.....ကျွန်မ မသေခင်အထိ Lili ဘေးမှာ နေချင်တယ်......"
Chaeyoung ရဲ့ စကားတွေကို ကြားလိုက်ရတော့ Lisa ရင်ထဲ ခံစားနေရတယ် .....Chaeyoung သာ သူ့ဘ၀ထဲက ထွက်သွားရင် သူ ဘာဖြစ်သွားမယ်ဆိုတာ Lisa မသိဘူး ....
သူ့ဘ၀တစ်လျှောက်လုံး Chaeyoung နဲ့ အတူနေလာတာကြာပြီလေ.....သူ အိပ်ရာနိုးရင် အရင်ဆုံး နှုတ်ဆက်သူက Chaeyoung ..... သူ မျက်လုံးဖွင့်ဖွင့်ချင်း Chaeyoung ကို မတွေ့ရရင် ဘယ်လောက်စိုးရိမ်ပြီး ကြောက်ရတယ်ဆိုတာ သူသာအသိဆုံး.....
Lisaကို စိုးရိမ်အောင်.......ပျော်အောင် အမြဲလုပ်နိုင်သူက Chaeyoung ......သူ့မိဘတွေပြီးရင် lisa အတွက် အရေးပါဆုံးသူကလည်း Chaeyoung.....ဒါကြောင့် Chaeyoungကို အဆုံးရှုံးမခံနိုင်ဘူး.. ....
Chaeyoung သာ မရှိရင် Lisa ဘ၀ဟာ အခွံသက်သက်တစ်ခုသာ......
"ငါတို့ အမြဲအတူတူနေကြမယ်လေ ......ငါ မင်းကို ဘယ်တော့မှ ထွက်မသွားခိုင်းပါဘူး ဒါပေမယ့် ငါနဲ့နေရတာ မင်းမပျော်ဘူး.....မင်းစိတ်မချမ်းသာဘူးဆိုရင်တော့ ငါ့ကိုပြောပါ....ငါမင်းကို.....မင်းအလိုရှိရာ သွားခိုင်းပါမယ်....ငါ မင်းပျော်တာကိုဘဲ အမြဲမြင်ချင်သူပါ Chae. .......ငါ မင်းကို နာကျင်စေတဲ့သူ မဖြစ်ချင်ဘူး.....ငါ့အပြုအမူတွေက မင်းကို နာကျင်စေတယ်ဆိုရင် ငါ့ကိုပြောပါ......"
"Lili. ....."
"Umm...."
"ကျွန်မကို ဘယ်တော့မှ ထွက်မသွားခိုင်းပါနဲ့နော်....ကျွန်မက Liliနဲ့ဆိုရင် ဘယ်လိုဖြစ်နေနေ ပျော်တယ်........"
"အင်းပါ........"
Chaeyoung ပြုံးလိုက်ပေမယ့် မျက်ရည်တွေက ကျလာတယ် ......Lisa အခုလိုပြောပေမယ့် အဆုံးသတ်ကို Chaeyoung သိနေတယ်လေ......
"ရေချိုးလိုက်အုံးနော်.....ကျွန်မ ဒီမှာ စောင့်နေပါမယ်......."
Chaeyoung မျက်ရည်တွေကို သုတ်ပြီး ပြောလိုက်သည်
Chaeyoung ဝမ်းနည်းနေတာကို မြင်တော့ သူမမျက်နှာကို Lisa ကိုင်လိုက်ပြီး
"၀မျးနညျးမနနေဲ့တော့နောျ ငါမင်းကို စိတ်မဆိုးတော့ပါဘူး...."
ဆိုပြီး Chaeyoungရဲ့ နှုတ်ခမ်းကို နမ်းလိုက်သည်......
Lisa သူ့အပြုအမူကို သူ ပြန်အံ့သြသွားတယ်
Chaeyoung လူပြန်ဖြစ်လာကတည်းက အသားချင်းထိတွေ့ရင် ထူးဆန်းသလိုခံစားရပြီး အမြဲတမ်း Chaeyoungရဲ့ အပြုအမူတွေကြောင့် နှလုံးခုန်မြန်ခဲ့ရတယ်....အခုလည်း Chaeyoungကို သူ ဘာလုပ်မိမှန်းမသိဖြစ်နေတယ်
"ငါ့ကို စောင့်နေနော်......."
Lisa ပြောပြီး ရေချိုးခန်းထဲ ၀ငျသှားတယျ
Chaeyoung ကတော့ မှန်ထဲက သူမပုံရိပ်ကိုကြည့်ပြီး
"Lili. ........နတ်သမီး ပြောတာတွေ တကယ် ဖြစ်မလာပါစေနဲ့လို့ ကျွန်မမျှော်လင့်ပါတယ် .....Liljနဲ့ အမြဲအတူထာ၀ရနေနိုင်ဖို့က ကျွန်မရဲ့ ဆုတောင်းတစ်ခုပါ.....ကျွန်မ ကျန်တာမဆုတောင်းပါဘူး.....ဒီတစ်ခုလေး....."
"Lisaက မင်းကို ထွက်သွားဖို့ ပြောတဲ့အချိန်ကျရင်...မင်းထွက်သွားရမယ်......"
နတ်သမီးပြောတဲ့ စကားကိုကြားမိတိုင်း Chaeyoung ကြောက်နေခဲ့တယ်.......ဒါပေမယ့်......Lisaရှေ့ကျရင် ဘာမှမဖြစ်သလိုအမြဲ ဟန်ဆောင်ခဲ့သည်
#TBC
#zawgyi
"Chae....."
နောက်ဆုံးတော့ ရေချိုးခန်းတစ်ခုဘဲ ရှာဖို့ကျန်တော့တယ်ဆိုတာ Lisa သတိရသွားတယ်...
ရေချိုးခန်းထဲရှိမယ်ဆိုတာ ဖြစ်နိုင်မလားဆိုပြီး Lisa တွေးရင်း ရေချိုးခန်းဘက်ကို သွားလိုက်တယ်......
"ဗိုင်း......."
Charyoung တစ်ကိုယ်လုံး ဆပ်ပြာရည် ခေါင်းလျှော်ရည်တွေနဲ့ ပေပွနေပြီး ခု ရေချိုးခန်းထဲမှာ ပစ်လဲနေပြန်ပြီ......
"တံခါးပိတ်လိုက်....."
"သခင် ကျွန်မ နာမည်ကို ခေါ်တာကြားလို့ ရေချိုးခန်းထဲက ထွက်လာတာလေ....."
"ဒါပေမယ့် သခင်......."
"Lisa Lisa. ..........."
ဒါပေမယ့် ငိုနေတုံးဘဲ.....
"မငိုနဲ့တော့......"
"ရော့ ဒါတွေဝတ်......"
Lisa အ၀တ်အစားတွေ ပေးပြီး ရေချိုးခန်းထဲ ၀ငသြှားကာ မျက်နှာသွားသစ်နေ၏.....
ပြန်ထွက်လာတော့ အ၀တ်အစားတွေ ၀တပြှီး မျက်လုံးအညိုလေးနဲ့ သူ့ကို စိုက်ကြည့်နေတဲ့ Chaeyoungကို Lisa တွေ့တော့ သက်ပြင်းချမိပြီး ပြုံးပြလိုက်တယ်.....
Lisa အိပ်ရာသိမ်းပြီးနောက် Chaeyoung ရဲ့ မျက်နှာကိုကြည့်ပြီး
"Lili အတွက် ၀နထြုပြ ဝန်ပိုး မဖြစ်ချင်လို့.....မနေ့ကလည်း ကျွန်မ ရှုပ်ပြနေအောင် လုပ်ခဲ့ပြီးပြီလေ....."
"Lili. ....."
"Umm...."
"အင်းပါ........"
"ငါ့ကို စောင့်နေနော်......."
Lisa ပြောပြီး ရေချိုးခန်းထဲ ၀ငသြှားတယြ
#TBC
Bạn đang đọc truyện trên: Truyen3h.Co