Truyen3h.Co
Playing With Fire
Playing With Fire (Part-3) Z+U
KimFany059
#Zawgyi
✂✂✂✂✂✂
Jisoo​ရေ.......
"နိုးပြီ Omar....."
"​အေး ​အေး ​...."
"ရယ်​ပြမ​နေနဲ့......"
"ဆရာ.... "
"ဘာမှ ​စောဒကမတက်​နဲ့....."
"ဟုတ်​လို့လား.. ..."
"ဟုတ်​ပါတယ်​ Jennieရယ်​....."
Jisooကို ကြည့်​​နေတယ်
"ဟို...ဟို...."
"Hi..... Jennie......"
"Hi......"
Jennieရဲ့ reply​​ကြောင့်​ Jisoo ​ပျော်​သွား​ပေမယ့်​ Minoက​တော့ မျက်​နှာ​လေးညှိုးသွားတယ်
"ဘာလို့လည်းဗျာ့....."
"Nae....."
#tbc
#unicode
Jisoo clubကနေ ထွက်လာပြီး အိမ်ကို ပြန်လာလိုက်တယ်...
ဝရန်တာမှာ ရပ်ပြီး ဝိုင်ပုလင်းလေး ကိုင်လိုက် ကောင်းကင်ကြီးကို ကြည့်လိုက်နဲ့ Jisoo တစ်ခုခုကို စဉ်းစားနေသည်။
Jisooတို့ အိမ်နဲ့ မျက်နှာချင်းဆိုင်က အိမ်ကို လှမ်းကြည့်တော့ ခါတိုင်း သူတွေ့နေကျ လူတွေမဟုတ် မရင်းနှီးသေးတဲ့ သူတွေ ဖြစ်နေတော့
"Aww..... ဟိုဘက်အိမ်ကို လူအသစ်တွေ ပြောင်းလာတာ ထင်တယ်...... ဘယ်တုံးက ပြောင်းလာတာလည်း ငါတောင် မသိလိုက်ပါ့လား....."
Jisoo ဝိုင်တစ်ငုံ မော့သောက်လိုက်ပြီး နှုတ်ကနေ Jennie......ဆိုပြီး ခေါ်လိုက်မိတယ်.....
✂✂✂✂✂✂
Jisooရေ.......
သူမ အမေရဲ့ ကျယ်လောင်တဲ့ အသံကြောင့် Jisoo အိပ်နေရာက အမြန်ထလိုက်တယ်......
"နိုးပြီ Omar....."
"အေး အေး ...."
Jisoo ရေအမြန်ချိုး ပြီးနောက် မနက်စာကို ဇိမ်ပြေနပြေ ထိုင်စားနေတယ်
"ဟဲ့ ဇိမ်ပြေနပြေ ထိုင်စားမနေနဲ့ နာရီကို ကြည့်အုံး 8နရီထိုးဖို့ ငါးမိနစ်ဘဲ လိုတော့တယ်....."
သူမ အမေရဲ့ စကားတောင်မဆုံးသေး Jisoo ထိုင်နေရာကနေ ဝုန်းကနဲ ထလိုက်ပြီး
"ကျောင်းသွားပြီ Omarရေ......."
ကျောင်းကို အမြန်ပြေးသွားတယ်.....
ပိတ်ထားတဲ့ ကျောင်းတံခါးကို ကျောင်းက လုံခြုံရေး ဦးလေးကြီးအလစ် ကျော်ခွလိုက်ပြီး အတန်းရှိရာကို ပြေးလာတယ်
အတန်းထဲမှာ ဆရာရောက်နေတော့ Jisoo မသိမသာနဲ့ အတန်းရှေ့ကနေ ထွက်သွားလိုက်ပေမယ့် စာသင်နေရင်း အတန်းရှေ့မှာ လူရိပ်မြင်လို့ လှမ်းကြည့်တဲ့ ဆရာနဲ့ တွေ့သွားတယ်
"ဟိုတယောက် ကျောင်း ဘာလို့ နောက်ကျနေတာလည်း......"
Jisooလည်း အတန်းရှေ့က ထွက်ဖို့ ကြိုးစားနေတဲ့ သူ့ခြေလှမ်းတွေကို ရပ်လိုက်ပြီး ဆရာ့ဘက်ကို လှည့်ကာ ရယ်ပြလိုက်လေသည်။
"ရယ်ပြမနေနဲ့......"
"ဆရာကလည်း chaw နောက်ကျတာ chawကြောင့် မဟုတ်ပါဘူး....."
"ဆင်ခြေ ဆင်လက် ဆင်နှာမောင်းတွေ ပေးအုံးမယ် ..."
" အိမ်က နာရီကြောင့်ပါ..... chaw နိုးလာတော့ မနက် 7နာရီထိုးနေပြီလေ Chawလည်း ကျောင်းလာဖို့ ပြင်ဆင်ရင်း ကြည့်လိုက်တော့ 7နာရီထိုးဘဲ ရှိသေးတယ် အဲ့တာနဲ့ chawလည်း ဟာ ငါ ပြင်ဆင်တာ မြန်လှချည်လား ခုမှ 7နာရီထိုးဘဲ ရှိသေးတယ် ဆိုပြီး မုန့်ထိုင်စားရင်း နာရီကို မော့ကြည့်တော့ 7နာရီထိုးဘဲ ရှိသေးတယ် အဲ့တာနဲ့ မဟုတ်တော့ဘူး တစ်ခုခုတော့ မှားနေပြီဆိုပြီး ဖုန်းက နာရီကို ကြည့်လိုက်မှ 8နာရီထိုးဖို့ ဘယ်လောက်မှ မလိုတော့တာကို သိလိုက်ရတာ သိသိချင်း ကျောင်းကို အမြန်ပြေးလာတာပါ ဆရာရယ်  "
"ပြောချင်တာက နင်နောက်ကျတာ နာရီကြောင့်ပေါ့....."
" ဟုတ်တယ် ဆရာ အဲ့နာရီက ရပ်နေလို့ chaw နောက်ကျသွားတာ "
"အပိုတွေ ပြောမနေနဲ့ သွား လက်မြောက်ပြီး မတ်တပ်ရပ်နေ ဒီတစ်ချိန်ပြီးမှ အတန်းထဲ ပြန်ဝင်လာ ..."
"ဆရာ.... "
"ဘာမှ စောဒကမတက်နဲ့....."
Jisooလည်း ဆက်မပြောတော့ဘဲ လက်ကို မြှောက်ထားလိုက်တယ်....
Jennieကို လှမ်းကြည့်တော့ Jennieက သူမကို ကြည့်ပြီး ပြုံးပြနေတယ်......
Jisooလည်း ပြန်ပြီး ရယ်ပြလိုက်တော့
"အပြစ်ဒဏ်ပေးခံရတာတောင် မျက်နှာက ပြုံးဖြီးနေတာဘဲ ဒူးပါထောက်ခိုင်းလိုက်ရမလား တည်တည်နေစမ်း......"
ဆရာရဲ့ စကားကြောင့် Jisoo ပြုံးနေရာကနေ တည်သွားတယ်......
ပြီးနောက် Jennieကို လှမ်းကြည့်တော့ Jennie က ဆရာရှင်းပြတဲ့ စာတွေကို အာရုံစိုက်ပြီး နားထောင်နေတယ်.....
စာသင်ချိန်ပြီးလို့ နောက်တချိန်ရောက်မှ Jisoo အတန်းထဲကို ဝင်လာရတယ်.....
သူမရဲ့ လက်မောင်းကို ကိုင်ရင်း.
"အား ညောင်းလိုက်တာ......"ဆိုပြီး သူ့ခုံမှာ ဝင်ထိုင်လိုက်တယ်......
Jennie သူမရဲ့ လက်မောင်းကို နှစ်ချက်လောက်ထုလိုက်ပြီး
"ဘာလို့ ကျောင်းနောက်ကျတာလည်း....."
Jennieရဲ့ အပြုအမူကြောင့် Jisoo အံ့သြသွားတယ်....
"ငါ.....ငါ..... ဆရာ့ကို ပြောသလိုဘဲ "
"အပိုတွေ အပျင်းကြီးနေတာ မဟုတ်လား ငါ့အထင်ပြောရရင် မနေ့ညက နင် clubမှာ အကဲလွန် အမူးလွန်လို့ အိပ်ရာထ နောက်ကျတာ မဟုတ်လား....."
Jennie စကားကြောင့် Jisoo ရယ်လိုက်ပြီး
" မဟုတ်ပါဘူး Jennieရယ် ငါ မနေ့ညက Clubမှာ သိပ်ပြီး မကဲပါဘူး သောက်လည်း သိပ်မသောက်ပါဘူး......"
"ဟုတ်လို့လား.. ..."
သူမကို မယုံသင်္ကာနဲ့ မေးနေတဲ့ Jennieကို အူယားလာတာနဲ့ Jennieရဲ့ ပါးနှစ်ဖက်ကို ဆွဲလိုက်ပြီး
"ဟုတ်ပါတယ် Jennieရယ်....."
Jennieကတော့ သူမရဲ့ ပါးလေးကို ကိုင်ပြီး
Jisooကို ကြည့်နေတယ်
"ဘာလို့လည်း ငါဆွဲလိုက်တာ နာသွားလို့လား မီယား"
"မဟုတ်ပါဘူး ငါမနာပါဘူး....."
"ဒါဆို ဘာလို့ ကြည့်နေတာလည်း ငါ့ကို....."
Jisoo စကားကြောင့်  Jennieလည်း ဘာပြန်ဖြေရမှန်းမသိတာနဲ့
"ဟို...ဟို...."
Jennieရဲ့ အူကြောင်ကြောင် အပြုအမူလေးကို ကြည့်ပြီး
"နင်က ချစ်ဖို့ကောင်းတယ်နော်....."
Jisooရဲ့ စကားကြောင့် Jennie ရင်ခုန်သွားတယ်....
Jennieလည်း သူ့ရင်ဘတ်ကို သူကိုင်ကြည့်ပြီး အံ့သြနေတယ်....
Jisooကတော့ Jennieကို မျက်နှာလွှဲလိုက်ပြီး Lisaဆီက လွတ်သွားတဲ့ စာတွေကို ပြန်ကူးဖို့ စာအုပ်ငှါးလိုက်သည်။
Jennieကတော့ Jisooရဲ့
"နင်က ချစ်ဖို့ကောင်းတယ်နော်...."ဆိုတဲ့ စကားကိုဘဲ ကြားယောင်နေတယ်.....
.
Jisoo စာသာ ကူးနေတယ် မျက်လုံးက ရှက်နေတဲ့ Jennieရဲ့ မျက်နှာလေးကို မြင်ယောင်နေတယ်.....
ထမင်းစားဆင်းတော့ Mino အတန်းထဲကို ရောက်လာတယ်
"Hi..... Jennie......"
"Hi......"
Jisoo ကတော့ မျက်မှောင်ကြုတ်ပြီး Minoကို ကြည့်နေတယ်.....
"ဘာကြည့်နေတာလည်း ငါက ချောလို့လား "
Jisoo သူ့ပါးစပ်ထဲ လက်ညိုးထည့်ပြီး  ပျို့ဟန်ချင်ယောင်ဆောင်ပြလိုက်တယ်
  Minoကတော့ Jisooကို လျစ်လျူ ရှုပြီး
" Jennie..... ဒီနေ့ည အားလား ကိုယ် Dinnerကျွေးချင်လို့ပါ......"
Jennie ရဲ့ Replyကို Jisooရော Minoရော ရင်ခုန်စွာ စောင့်မျှော်နေကြတယ်
" အားနာပါတယ် ကျွန်မ ငြင်းပယ်ပါရစေ...."
Jennieရဲ့ replyကြောင့် Jisoo ပျော်သွားပေမယ့် Minoကတော့ မျက်နှာလေးညိုှးသွားတယ်
"ဘာလို့လည်းဗျာ့....."
" ကျွန်မ အိမ်ပြောင်းလာတာ နှစ်ရက်ဘဲ ရှိသေးတယ် အထုပ်တွေ မဖြည်ရသေးလို့ အဲ့တာကြောင့်ပါ...."
"Aww.... ဒါဆိုလည်း  Jennie အားတဲ့နေ့ ကျွန်တော့်ကို အချိန်ပေးပါနော် ....  "
"Nae....."
Minoလည်း ထွက်သွားရော Jisoo သက်ပြင်းချလိုက်မိတယ်
"ဟာ အဘွားအိုပေါက်စလေး ဘာလို့ သက်ပြင်းတွေ ချနေတာလည်း......"
Jisooကို Jennie စလိုက်သည်။ Jisooကတော့ ခေါင်းခါပြပြီး Jennieရဲ့ လက်ကိုတွဲပြီး ကန်တင်းကို သွားလိုက်သည်။
#Tbc
Bạn đang đọc truyện trên: Truyen3h.Co