Truyen3h.Co

Playing With Fire

Playing With Fire (Part-4) Z+U

KimFany059

Jennieနဲ႔ Jisooတုိ႔ လက္​တြဲၿပီး ​ကန္​တင္​းကုိ ​ေလ်ွာက္​လာတာကုိ Lisaတို႔ ျမင္​​ေတာ့
"Hey Jisoo နင္​တုိ႔ တြဲ​ေနၾကတာလား......"
Lisaရဲ႕ စကာ​း​ေၾကာင္​့ Jisoo ႐ွက္​ၿပီး Jennieကုိ တြဲထားတဲ့ လက္​ကုိ လႊတ္​လုိက္​သည္​။
"အာညီး မတြဲပါဘူး......"
"မသိပါဘူး နင္​တုိ႔က လက္​တြဲၿပီး ​ေလ်ွာက္​လာၾကလုိ႔ တြဲမ်ား တြဲ​ေနတာလားလုိ႔......"
"သူငယ္​ခ်င္​း အခ်င္​းခ်င္​း လက္​တြဲ​ေလ်ွာက္​တာနဲ႔ တြဲတယ္​ ျဖစ္​​ေရာလား Lisaရဲ႕ ..."
Lisaရဲ႕ ​ေခါင္​းကုိ Jisoo ဖြဖြ​ေလး ထုၿပီး ​ေျပာလုိက္​တယ္​.... Lisa သူ႔ရဲ႕ ​ေခါင္​းကုိ ပြတ္​ၿပီး
"နာတယ္​ဟ "
"အပုိလုပ္​မ​ေနနဲ႔ ငါက သာသာ​ေလးထု​တာ "
Lisaတုိ႔နဲ႔အတူ ​ေန႔လည္​စာ စားၾကရင္​း Jennieဆီ ဖုန္​း၀င္​လာတယ္​..... Jennie phကုိ ၾကည္​့ၿပီး အားရ၀မ္​းသာနဲ႔ ဖုန္​းကုိင္​လုိက္​တယ္​
"Hello Tae Hyun Oppa.......
(သူကလည္​း Winnerကပါ ဒါ​ေပမယ္​့ Member ​ေဟာင္း တစ္​​ေယာက္​ျဖစ္​သြားပါၿပီ  Winnerက ထြက္​ၿပီး​ေနာက္​ ဒီ​ေန႔ဘဲ သူ Hug Meဆုိတဲ့ သီခ်င္​း​ေလး ထြက္​ထားပါတယ္​ အရမ္​းနား​ေထာင္​လုိ႔ ​ေကာင္​းတယ္​ Feelခ်င္​သူ​ေတြ အတြက္​ဆုိ ကြက္​တိပါ 😁 author ​ေၾကာ္​ျငာ၀င္​​ေနတာ မ်ားၿပီ ႀကိဳက္​လုိ႔ပါ သီးခ​ံ​ေပးၾကပါ​ေနာ္​ 😁😁)
"တကယ္​​ေျပာတာလား Tae Hyun Oppa..... "
ပုံမွန္​ဆုိ အ​ေခ်႐ုပ္​နဲ႔ Jennieက အခု​ေတာ့ ျပံဳးရႊင္​စြာနဲ႔ ဖုန္​း​ေျပာ​ေနလုိ႔ Tae Hyunဆုိတဲ့ တစ္​​ေယာက္​က ဘယ္​သူလည္​းဆုိတာ Jisoo သိခ်င္​လာတယ္​......
"Nae Nae I can't wait to see you  Bye Oppa..... "
Jennieလည္​း ဖုန္​းခ်​ေရာ
"ခ်စ္​သူထင္​တယ္​​ေနာ္​ ဖုန္​း​ေျပာ​ေနတာကုိက ျပံဳးရႊင္​​ေနတာပဲ.. ..."
Rose' က Jennieကုိ ​ေျပာလုိက္​တယ္​
"Hee..... ခ်စ္​ရသူ Oppaပါ "
Jennieရဲ႕ စကား​ေၾကာင္​့ Jisoo မ်က္​ႏွာညိွဳးသြားတယ္​
"Aww..... ခ်စ္​ရသူ Oppaတဲ့လား  ဒါဆုိ သူ႔မွာ ခ်စ္​သူ ႐ွိတယ္​​ေပါ့ ခ်စ္​သူ ႐ွိ႐ွိ မ႐ွိ႐ွိ ငါနဲ႔ ဆုိင္​မွ မဆုိင္​တာ 💭💭💭"
႐ုတ္​တရက္​ မ်က္​ႏွာညိွဳးသြားတဲ့ Jisooကုိ Lisa သတိထားမိသြားတယ္​.....
"ၾကည္​့ရတာ Jisooမ အ​ေခ်မကုိ သ​ေဘာက်​ေနတယ္​ထင္​တယ္​ 💭💭💭💭💭"
အတန္​းခ်ိန္​မွာ Jennieက​ေတာ့ ျပံဳး​ေန​ေပမယ္​့ Jisooက​ေတာ့ သူ႔စိတ္​ထဲ တစ္​ခုခုကုိ အလုိမက်​ေနသလုိ ျဖစ္​​ေနတယ္​.. ... ည​ေန​ေက်ာင္​းဆင္​း​ေတာ့ Mino သူ႔ကုိ စကားလာ​ေျပာတာ​ေတာင္​ Jisoo ျပန္​မ​ေျပာဘဲ အိမ္​ကုိ ျပန္​လာခဲ့တယ္​ အိမ္​​ေရာက္​​ေတာ့ ​ေရခ်ိဳးၿပီး ၀ရန္​တာ​ေ႐ွ႕မွာ ထြက္​ထုိင္​ၿပီး အျပင္​ကုိ ​ေငး​ေနတယ္​...... ႐ုတ္​တရက္​ သူတုိ႔နဲ႔ မ်က္​ႏွာခ်င္​းဆုိင္​ အိမ္​မွာ Jennieကုိ ​ေတြ႔လုိက္​ရတယ္​.... . Jisoo. သူ႔မ်က္​လုံးကုိ သူ ပြတ္​လုိက္​ၿပီး
"မျဖစ္​ႏုိင္​ပါဘူး ငါဘဲ အျမင္​မွားတာ​ေနမွာပါ......"
Jennie အိမ္​​ေ႐ွ႕ကုိ ထြက္​ၿပီး အမိႈက္​ပစ္​​ေတာ့ Jennieဆုိတာ Jisoo ​ေသခ်ာသြားၿပီး ထ​ေအာ္​လုိက္​တယ္​....
"Jennie yrr......"
Jennie အမႈိက္​ပစ္​ရင္​း သူမရဲ႕ နာမည္​​ေခၚသံ ၾကားလုိ႔ ပတ္​၀န္​းက်င္​ကုိ တခ်က္​ၾကည္​့လုိက္​တယ္​..... သူမနဲ႔ မ်က္​ႏွာခ်င္​းဆုိင္​ အိမ္​ရဲ႕ ၀ရန္​တာက​ေန ခုန္​ဆြ ခုန္​ဆြနဲ႔ လက္​ရမ္​းျပ​ေနတဲ့ Jisooကို ​ေတြ႔​ေတာ့ Jennie လက္​ျပန္​ျပၿပီး သူမအ​ေမ ခုိင္​းထားတဲ့ အလုပ္​​ေလး ႐ွိ​ေသးလုိ႔ အိမ္​ထဲကုိ ျပန္​၀င္​သြားတယ္​..... Jisoo က​ေတာ့ Jennieကုိ ၾကည္​့ၿပီး
"ဘာလည္​းဟ လက္​​ေလးျပၿပီး အိမ္​ထဲ ျပန္​၀င္​သြားတယ္​. . . ငါနဲ႔ စကားမ​ေျပာခ်င္​တာလား...... ​ေနပါအုံး ဒါဆုိ အိမ္​ အသစ္​​ေျပာင္​းလာတဲ့ လူ​ေတြက Jennieတုိ႔လား........"
Jennieရဲ႕ အိမ္​ကုိ Jisoo စိုက္​ၾကည္​့​ေနတယ္​ Jennieကိုမ်ား ​ေတြ႔ရမလားဆုိၿပီး ဒါ​ေပမယ္​့ Jennieရဲ႕ အရိပ္​အ​ေယာင္​​ေတာင္​ မ​ေတြ႔ရ​ေတာ့​ေခ်....."
ညစာ စားၿပီး​ေနာက္​ ၀ရန္​တာမွာ မွန္​​ေျပာင္​း တစ္​ခုနဲ႔ အလုပ္​႐ႈပ္​​ေနသူက Jisoo......
မွန္​​ေျပာင္​းနဲ႔ Jennieကို ​ေခ်ာင္​း​ေခ်ာင္​းၾကည္​့ရတာ အ​ေမာ..... ​ေနာက္​ဆုံး သူမ ၾကည္​့ရက်ိဳးနပ္​သြားတယ္​​ေလ Jisooတုိ႔ ၀ရန္​တာနဲ႔ တည္​့တည္​့အခန္​းက Jennieရဲ႕ အခန္​းျဖစ္​​ေနတယ္​..... Jennie အခန္​းထဲ ၀င္​လာၿပီး အိမ္​စာလုပ္​​ေနတာကုိ Jisoo ​ေတြ႔လုိက္​ရတယ္​......
"အမ​ေလး အ​ေခ်မရယ္​ တည​ေနလုံး ထုိင္​​ေခ်ာင္​း​ေနတာ ခုမွ ​ေတြ႕ရ​ေတာ့တယ္​......"
Jennieကို ၾကည္​့ရင္​း Jisoo ၾကည္​ႏူး​ေနတယ္​...... Jennie စာလုပ္​ရင္​း ​ေအးလာလုိ႔ ျပတင္​း​ေပါက္​ကို ထပိတ္​လုိက္​​ေတာ့ မွန္​​ေျပာင္​းနဲ႔ Jisooကို ​ေတြ႔လုိက္​ရတယ္​..... Jennieလည္​း သူမကုိ ၾကည္​့​ေရာ Jisooတစ္​​ေယာက္​ မွန္​​ေျပာင္​းနဲ႔ ​ေကာင္​းကင္​ကုိ ​ေမာ့ၾကည္​့တာလုိလုိ ၾကယ္​​ေတြ ၾကည္​့သလုိလုိနဲ႔ ဟန္​​ေဆာင္​​ေနတယ္​.....
Jennie လက္​ခုပ္​တီးၿပီး Jisooကို ​ေခၚလုိက္​တယ္​ Jisooလည္​း မွန္​​ေျပာင္​းကုိ ခ်လုိက္​ၿပီး မ်က္​ခံုး ပင္​့ျပ​ေတာ့ Jennie အမူအရာနဲ႔ မအိပ္​​ေသးဘူးလားဆုိၿပီး ​ေမးလုိက္​တယ္​...  Jisooလည္​း လက္​ခါျပၿပီး မွန္​​ေျပာင္​းကုိင္​ျပကာ ​ေကာင္​း​ကင္​ကုိ လက္​ညိဳးထုိးျပ​ေနတယ္​.....
Jisoo​ေျပာတာကုိ Jennie သ​ေဘာ​ေပါက္​သြားတယ္​
"Aww သူက မွန္​​ေျပာင္​းနဲ႔ ​ေကာင္​းကင္​က ၾကယ္​​ေတြကုိ ၾကည္​့​ေနတာ ျဖစ္​မယ္​......"
Jisooကို လက္​ျပၿပီး ျပတင္​း​ေပါက္​ ပိတ္​ကာ Jennie အိပ္​လုိက္​သည္​။
Jennie ျပတင္​း​ေပါက္​ ပိတ္​လုိက္​မွ Jisoo သက္​ျပင္​းခ်ၿပီး
"ဟူး ​ေတာ္​ပါ​ေသးတယ္​ သူ႔ကုိ ​ေခ်ာင္​းၾကည္​့​ေနတယ မရိပ္​မိလုိ႔ "
မနက္​ မုိးလင္​း ​ေက်ာင္​းသြားမယ္​ ဟန္​ုျပင္​​ေတာ့ Jennieရဲ႕ အိမ္​​ေ႐ွ႕မွာ Jisoo ရပ္​​ေစာင္​့​ေနတာ ​ေတြ႔ရတယ္​....
"Jisoo ​ေက်ာင္​း မသြား​ေသးဘူးလား......."
"Jennieနဲ႔ အတူတူသြားမလုိ႔ ရပ္​​ေစာင္​့​ေနတာ ​ေနာက္​ရက္​က စၿပီး အတူ သြားရ​ေအာင္​​ေလ......"
"Aww.... Nae....."
Jennieနဲ႔ Jisoo ​ေက်ာင္​းကုိ လမ္​း​ေလ်ွာက္​လာၾကရင္​း လမ္​းမွာ စကား​ေတြ အမ်ားႀကီး ​ေျပာလာၾကတယ္​....
"Jisoo ညက ၾကယ္​​ေတြကုိ ၾကည္​့​ေနတာလား......"
"ဟင္​..... ​ဟုတ္​ ဟုတ္​တယ္​ ငါ ၾကယ္​​ေတြကုိ ၾကည္​့​ေနတာ......"
"ဟာ အဲ့တာဆုိ shake..."
Jennie လက္​ကမ္​း​ေပး​ေတာ့ Jisooလည္​း အူ​ေၾကာင္​​ေၾကာင္​နဲ႔ shake လုိက္​သည္​။
" Jennieလည္​း ၾကယ္​​ေတြကုိ ၾကည္​့ၿပီး ​ေရတြက္​​ေနရတာကုိ အရမ္​းသ​ေဘာက်တယ္​....."
"ဟုတ္​လား ဒါဆုိလည္​း ​ေနာက္​ရက္​က် ငါ့ အိမ္​လာ​ေလ ၾကယ္​​ေတြ အတူၾကည္​့ၾကတာ​ေပါ့....."
"Omm ၾကည္​့ၾကမယ္​​ေလ...."
Jennie စကား​ေျပာရင္​း ဘယ္​အခ်ိန္​႐ွိၿပီလည္​းဆုိတာ သိခ်င္​လုိ႔ ဖုန္​းက နာရီကုိ ၾကည္​့လုိက္​တယ္​...... Jisooလည္​း Jennieရဲ႕ ဖုန္​းကုိ ၾကည္​့လုိက္​​ေတာ့ Jennieရဲ႕ ဖုန္​း Wallpaperက ​သူမနဲ႔ ​ေကာင္​​ေလး တစ္​​ေယာက္​ အတူ တြဲ႐ိုက္​ထားတဲ့ပုံကုိ ​ေတြ႔​ေတာ့
"Aww.... မ​ေန႔က သူနဲ႔ ဖုန္​း​ေျပာ​ေနတဲ့ ​တ​ေယာက္​ထင္​တယ္​..... Jennieကုိ ၾကည္​့ရတာ အဲ့​တ​ေယာက္​ကို ​ေတာ္​​ေတာ္​ ခ်စ္​တဲ့ပုံဘဲ ပုံ​ေတာင္​ Wallpaper ထားတယ္​ဆုိ​ေတာ့..... 💭💭💭"
Jisoo အ​ေတြးလြန္​​ေနတာနဲ႔ Jennie ​ေခၚတာ​ေတာင္​ မၾကား​ေတာ့​ေခ်..... Jisooရဲ႕ ပခံုးကုိ နာနာ​ေလး Jennie ႐ုိက္​လုိက္​မွ Jisoo အသိျပန္​၀င္​လာတယ္​
"ဟင္​ ငါ့ကုိ ဘာလုိ႔ ႐ုိက္​တာလည္​း...."
" မနက္​စာ စားခဲ့လားလုိ႔ ​ေမး​ေနတာ ဆယ္​ခါ​ေလာက္​႐ွိ​ေနၿပီ ျပန္​မ​ေျဖလုိ႔ ႐ုိက္​တာ...... ဘာ​ေတြ ဘယ္​​ေကာင္​​ေလး အ​ေၾကာင္​း​ေတြမ်ား ​ေတြး​ေနလုိ႔ ​ေခၚမၾကား ​ေအာ္​မၾကား ျဖစ္​​ေနရတာလည္​း "
"အာ ငါ့မွာ ​ေကာင္​​ေလးမ႐ွိပါဘူး ....."
"ဟုတ္​လို႔လား Minoနဲ႔က....."
" အဲ့ မိႏုိမနဲ႔ ငါက ငယ္​ငယ္​ကတည္​းက ​ေပါင္​းလာတဲ့ သူငယ္​ခ်င္​း​ေတြပါဟာ ...."
"ဟုတ္​လုိ႔လား သူငယ္​ခ်င္​းက​ေန အဆင္​့တက္​သြားၾကတာလည္​း ႐ွိတာဘဲ....."
"Minoက ငါ့ကုိ သ​ေဘာမက်ဘူး သူက ​ေကာင္​မ​ေလး တစ္​​ေယာက္​ကုိ သ​ေဘာက်​ေနတာ......"
"ဒါဆုိ နင္​​ကက်​ေတာ့​ေရာ....."
Jisoo တစ္​ခ်က္​​ေတြးလုိက္​ၿပီး
"သိခ်င္​တယ္​​ေပါ့ Jennieက "
Jennie ​ေခါင္​းညိတ္​ျပ​ေတာ့
" သိခ်င္​ ၀ယ္​ဖတ္​ "လုိ႔​ေျပာၿပီး ​ေျပာင္​ျပလုိက္​တယ္​..... Jennieလည္​း Jisoo ကုိ လုိက္​႐ုိက္​ရင္​း ​ေက်ာင္​းကုိ ​ေရာက္​လာၾကတယ္​.....Minoနဲ႔ ​ေက်ာင္​း​ေပါက္​၀မွာ​ေတြ႔​ေတာ့
"Hi Jennie.... Jisoo နင္​တုိ႔ အတူလာၾကတာလား....."
"Omm ဟုတ္​တယ္​ လမ္​းမွာ မ​ေတာ္​တဆ​ေတြ႔လုိ႔ အတူလာၾကတာ....."
Jisooရဲ႕ လိမ္​​ေျပာတဲ့ စကား​ေၾကာင္​့ Jennie ​ေၾကာင္​သြားတယ္​..... Jisoo ဘာလုိ႔မွန္​းမသိ Jennieနဲ႔ သူက အိမ္​နီးနားခ်င္​းဆုိတာ Minoကို မ​ေျပာျပခ်င္​ဘဲ ျဖစ္​​ေနတယ္​.....  Mino သိၿပီး Jennie ရဲ႕ အိမ္​​​ေ႐ွ႕ ​ေခ်ာင္​း​ေပါက္​​ေအာင္​ ျဖတ္​သြားျဖတ္​လာ လုပ္​​ေနမွာကုိလည္​း Jisooမလုိလား​ေခ်..... တစ္​ခ်ိန္​ခ်ိန္​မွာ Jisooရဲ႕ အိမ္​ကုိ Minoလာရင္​း သိသြား​မွာဆုိ​ေပမယ္​့လည္​း အခုခ်ိန္​မ​ွာ​ေတာ့ Jisoo လိမ္​ညာ​ေျပာလုိက္​တယ္​....

#TBC

#UNICODE

Jennieနဲ့ Jisooတို့ လက်တွဲပြီး ကန်တင်းကို လျှောက်လာတာကို Lisaတို့ မြင်တော့

"Hey Jisoo နင်တို့ တွဲနေကြတာလား......"
Lisaရဲ့ စကားကြောင့် Jisoo ရှက်ပြီး Jennieကို တွဲထားတဲ့ လက်ကို လွှတ်လိုက်သည်။

"အာညီး မတွဲပါဘူး......"

"မသိပါဘူး နင်တို့က လက်တွဲပြီး လျှောက်လာကြလို့ တွဲများ တွဲနေတာလားလို့......"

"သူငယ်ချင်း အချင်းချင်း လက်တွဲလျှောက်တာနဲ့ တွဲတယ် ဖြစ်ရောလား Lisaရဲ့ ..."

Lisaရဲ့ ခေါင်းကို Jisoo ဖွဖွလေး ထုပြီး ပြောလိုက်တယ်....

Lisa သူ့ရဲ့ ခေါင်းကို ပွတ်ပြီး
"နာတယ်ဟ "
"အပိုလုပ်မနေနဲ့ ငါက သာသာလေးထုတာ"

Lisaတို့နဲ့အတူ နေ့လည်စာ စားကြရင်း Jennieဆီ ဖုန်းဝင်လာတယ်.....

Jennie phကို ကြည့်ပြီး အားရဝမ်းသာနဲ့ ဖုန်းကိုင်လိုက်တယ်

"Hello Tae Hyun Oppa.......
(သူကလည်း Winnerကပါ ဒါပေမယ့် Member ဟောင်း တစ်ယောက်ဖြစ်သွားပါပြီ 😔 Winnerက ထွက်ပြီးနောက် ဒီနေ့ဘဲ သူ Hug Meဆိုတဲ့ သီချင်းလေး ထွက်ထားပါတယ် အရမ်းနားထောင်လို့ ကောင်းတယ် Feelချင်သူတွေ အတွက်ဆို ကွက်တိပါ 😁 author ကြော်ငြာဝင်နေတာ များပြီ ကြိုက်လို့ပါ သီးခံပေးကြပါနော် 😁😁)

"တကယ်ပြောတာလား Tae Hyun Oppa..... "

ပုံမှန်ဆို အချေရုပ်နဲ့ Jennieက အခုတော့ ပြုံးရွှင်စွာနဲ့ ဖုန်းပြောနေလို့ Tae Hyunဆိုတဲ့ တစ်ယောက်က ဘယ်သူလည်းဆိုတာ Jisoo သိချင်လာတယ်......

"Nae Nae I can't wait to see you  Bye Oppa..... "

Jennieလည်း ဖုန်းချရော
"ချစ်သူထင်တယ်နော် ဖုန်းပြောနေတာကိုက ပြုံးရွှင်နေတာပဲ.. ..."

Rosé က Jennieကို ပြောလိုက်တယ်

"Hee..... ချစ်ရသူ Oppaပါ "
Jennieရဲ့ စကားကြောင့် Jisoo မျက်နှာညှိုးသွားတယ်

"Aww..... ချစ်ရသူ Oppaတဲ့လား  ဒါဆို သူ့မှာ ချစ်သူ ရှိတယ်ပေါ့ ချစ်သူ ရှိရှိ မရှိရှိ ငါနဲ့ ဆိုင်မှ မဆိုင်တာ 💭💭💭"

ရုတ်တရက် မျက်နှာညှိုးသွားတဲ့ Jisooကို Lisa သတိထားမိသွားတယ်.....

"ကြည့်ရတာ Jisooမ အချေမကို သဘောကျနေတယ်ထင်တယ် 💭💭💭💭💭"

အတန်းချိန်မှာ Jennieကတော့ ပြုံးနေပေမယ့် Jisooကတော့ သူ့စိတ်ထဲ တစ်ခုခုကို အလိုမကျနေသလို ဖြစ်နေတယ်.. ...

ညနေကျောင်းဆင်းတော့ Mino သူ့ကို စကားလာပြောတာတောင် Jisoo ပြန်မပြောဘဲ အိမ်ကို ပြန်လာခဲ့တယ်

အိမ်ရောက်တော့ ရေချိုးပြီး ဝရန်တာရှေ့မှာ ထွက်ထိုင်ပြီး အပြင်ကို ငေးနေတယ်.....
. ရုတ်တရက် သူတို့နဲ့ မျက်နှာချင်းဆိုင် အိမ်မှာ Jennieကို တွေ့လိုက်ရတယ်.... .

Jisoo. သူ့မျက်လုံးကို သူ ပွတ်လိုက်ပြီး

"မဖြစ်နိုင်ပါဘူး ငါဘဲ အမြင်မှားတာနေမှာပါ......"
Jennie အိမ်ရှေ့ကို ထွက်ပြီး အမှိုက်ပစ်တော့ Jennieဆိုတာ Jisoo သေချာသွားပြီး ထအော်လိုက်တယ်....

"Jennie yrr......"

Jennie အမှိုက်ပစ်ရင်း သူမရဲ့ နာမည်ခေါ်သံ ကြားလို့ ပတ်ဝန်းကျင်ကို တချက်ကြည့်လိုက်တယ်.....

သူမနဲ့ မျက်နှာချင်းဆိုင် အိမ်ရဲ့ ဝရန်တာကနေ ခုန်ဆွ ခုန်ဆွနဲ့ လက်ရမ်းပြနေတဲ့ Jisooကို တွေ့တော့ Jennie လက်ပြန်ပြပြီး သူမအမေ ခိုင်းထားတဲ့ အလုပ်လေး ရှိသေးလို့ အိမ်ထဲကို ပြန်ဝင်သွားတယ်.....

Jisoo ကတော့ Jennieကို ကြည့်ပြီး
"ဘာလည်းဟ လက်လေးပြပြီး အိမ်ထဲ ပြန်ဝင်သွားတယ်. . . ငါနဲ့ စကားမပြောချင်တာလား...... နေပါအုံး ဒါဆို အိမ် အသစ်ပြောင်းလာတဲ့ လူတွေက Jennieတို့လား........"

Jennieရဲ့ အိမ်ကို Jisoo စိုက်ကြည့်နေတယ် Jennieကိုများ တွေ့ရမလားဆိုပြီး ဒါပေမယ့် Jennieရဲ့ အရိပ်အယောင်တောင် မတွေ့ရတော့ချေ....."

ညစာ စားပြီးနောက် ဝရန်တာမှာ မှန်ပြောင်း တစ်ခုနဲ့ အလုပ်ရှုပ်နေသူက Jisoo......

မှန်ပြောင်းနဲ့ Jennieကို ချောင်းချောင်းကြည့်ရတာ အမော.....

နောက်ဆုံး သူမ ကြည့်ရကျိုးနပ်သွားတယ်လေ Jisooတို့ ဝရန်တာနဲ့ တည့်တည့်အခန်းက Jennieရဲ့ အခန်းဖြစ်နေတယ်...

.. Jennie အခန်းထဲ ဝင်လာပြီး အိမ်စာလုပ်နေတာကို Jisoo တွေ့လိုက်ရတယ်......

"အမလေး အချေမရယ် တညနေလုံး ထိုင်ချောင်းနေတာ ခုမှ တွေ့ရတော့တယ်......"

Jennieကို ကြည့်ရင်း Jisoo ကြည်နူးနေတယ်...... Jennie စာလုပ်ရင်း အေးလာလို့ ပြတင်းပေါက်ကို ထပိတ်လိုက်တော့ မှန်ပြောင်းနဲ့ Jisooကို တွေ့လိုက်ရတယ်.....

Jennieလည်း သူမကို ကြည့်ရော Jisooတစ်ယောက် မှန်ပြောင်းနဲ့ ကောင်းကင်ကို မော့ကြည့်တာလိုလို ကြယ်တွေ ကြည့်သလိုလိုနဲ့ ဟန်ဆောင်နေတယ်.....

Jennie လက်ခုပ်တီးပြီး Jisooကို ခေါ်လိုက်တယ် Jisooလည်း မှန်ပြောင်းကို ချလိုက်ပြီး မျက်ခုံး ပင့်ပြတော့ Jennie အမူအရာနဲ့ မအိပ်သေးဘူးလားဆိုပြီး မေးလိုက်တယ်... 

Jisooလည်း လက်ခါပြပြီး မှန်ပြောင်းကိုင်ပြကာ ကောင်းကင်ကို လက်ညိုးထိုးပြနေတယ်.....

Jisooပြောတာကို Jennie သဘောပေါက်သွားတယ်

"Aww သူက မှန်ပြောင်းနဲ့ ကောင်းကင်က ကြယ်တွေကို ကြည့်နေတာ ဖြစ်မယ်......"

Jisooကို လက်ပြပြီး ပြတင်းပေါက် ပိတ်ကာ Jennie အိပ်လိုက်သည်။

Jennie ပြတင်းပေါက် ပိတ်လိုက်မှ Jisoo သက်ပြင်းချပြီး
"ဟူး တော်ပါသေးတယ် သူ့ကို ချောင်းကြည့်နေတယ မရိပ်မိလို့ "

မနက် မိုးလင်း ကျောင်းသွားမယ် ဟန်ုပြင်တော့ Jennieရဲ့ အိမ်ရှေ့မှာ Jisoo ရပ်စောင့်နေတာ တွေ့ရတယ်....

"Jisoo ကျောင်း မသွားသေးဘူးလား......."

"Jennieနဲ့ အတူတူသွားမလို့ ရပ်စောင့်နေတာ နောက်ရက်က စပြီး အတူ သွားရအောင်လေ......"

"Aww.... Nae....."

Jennieနဲ့ Jisoo ကျောင်းကို လမ်းလျှောက်လာကြရင်း လမ်းမှာ စကားတွေ အများကြီး ပြောလာကြတယ်....

"Jisoo ညက ကြယ်တွေကို ကြည့်နေတာလား......"

"ဟင်..... ဟုတ် ဟုတ်တယ် ငါ ကြယ်တွေကို
ကြည့်နေတာ......"

"ဟာ အဲ့တာဆို shake..."

Jennie လက်ကမ်းပေးတော့ Jisooလည်း အူကြောင်ကြောင်နဲ့ shake လိုက်သည်။

" Jennieလည်း ကြယ်တွေကို ကြည့်ပြီး ရေတွက်နေရတာကို အရမ်းသဘောကျတယ်....."

"ဟုတ်လား ဒါဆိုလည်း နောက်ရက်ကျ ငါ့ အိမ်လာလေ ကြယ်တွေ အတူကြည့်ကြတာပေါ့....."

"Omm ကြည့်ကြမယ်လေ...."

Jennie စကားပြောရင်း ဘယ်အချိန်ရှိပြီလည်းဆိုတာ သိချင်လို့ ဖုန်းက နာရီကို ကြည့်လိုက်တယ်......

Jisooလည်း Jennieရဲ့ ဖုန်းကို ကြည့်လိုက်တော့ Jennieရဲ့ ဖုန်း Wallpaperက သူမနဲ့ ကောင်လေး တစ်ယောက် အတူ တွဲရိုက်ထားတဲ့ပုံကို တွေ့တော့

"Aww.... မနေ့က သူနဲ့ ဖုန်းပြောနေတဲ့ တယောက်ထင်တယ်..... Jennieကို ကြည့်ရတာ အဲ့တယောက်ကို တော်တော် ချစ်တဲ့ပုံဘဲ ပုံတောင် Wallpaper ထားတယ်ဆိုတော့..... 💭💭💭"
Jisoo အတွေးလွန်နေတာနဲ့ Jennie ခေါ်တ
ာတောင် မကြားတော့ချေ....

. Jisooရဲ့ ပခုံးကို နာနာလေး Jennie ရိုက်လိုက်မှ Jisoo အသိပြန်ဝင်လာတယ်

"ဟင် ငါ့ကို ဘာလို့ ရိုက်တာလည်း...."

" မနက်စာ စားခဲ့လားလို့ မေးနေတာ ဆယ်ခါလောက်ရှိနေပြီ ပြန်မဖြေလို့ ရိုက်တာ...... ဘာတွေ ဘယ်ကောင်လေး အကြောင်းတွေများ တွေးနေလို့ ခေါ်မကြား အော်မကြား ဖြစ်နေရတာလည်း "

"အာ ငါ့မှာ ကောင်လေးမရှိပါဘူး ....."

"ဟုတ်လို့လား Minoနဲ့က....."

" အဲ့ မိနိုမနဲ့ ငါက ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ သူငယ်ချင်းတွေပါဟာ ...."

"ဟုတ်လို့လား သူငယ်ချင်းကနေ အဆင့်တက်သွားကြတာလည်း ရှိတာဘဲ....."

"Minoက ငါ့ကို သဘောမကျဘူး သူက ကောင်မလေး တစ်ယောက်ကို သဘောကျနေတာ......"

"ဒါဆို နင်ကကျတော့ရော....."
Jisoo တစ်ချက်တွေးလိုက်ပြီး

"သိချင်တယ်ပေါ့ Jennieက "
Jennie ခေါင်းညိတ်ပြတော့

" သိချင် ဝယ်ဖတ် "လို့ပြောပြီး ပြောင်ပြလိုက်တယ်.....

Jennieလည်း Jisoo ကို လိုက်ရိုက်ရင်း ကျောင်းကို ရောက်လာကြတယ်.....Minoနဲ့ ကျောင်းပေါက်ဝမှာတွေ့တော့

"Hi Jennie.... Jisoo နင်တို့ အတူလာကြတာလား....."

"Omm ဟုတ်တယ် လမ်းမှာ မတော်တဆတွေ့လို့ အတူလာကြတာ....."

Jisooရဲ့ လိမ်ပြောတဲ့ စကားကြောင့် Jennie ကြောင်သွားတယ်.....

Jisoo ဘာလို့မှန်းမသိ Jennieနဲ့ သူက အိမ်နီးနားချင်းဆိုတာ Minoကို မပြောပြချင်ဘဲ ဖြစ်နေတယ်..... 

Mino သိပြီး Jennie ရဲ့ အိမ်ရှေ့ ချောင်းပေါက်အောင် ဖြတ်သွားဖြတ်လာ လုပ်နေမှာကိုလည်း Jisooမလိုလားချေ.....

တစ်ချိန်ချိန်မှာ Jisooရဲ့ အိမ်ကို Minoလာရင်း သိသွားမှာဆိုပေမယ့်လည်း အခုချိန်မှာတော့ Jisoo လိမ်ညာပြောလိုက်တယ်....

#TBC

Bạn đang đọc truyện trên: Truyen3h.Co