Final
#Unicode
"အခုမှ အင်နိုးစန့်အထာတွေ ဖမ်းမနေနဲ့ Kim Jisoo..... မင်းတို့ နမ်းနေတာ ငါ အကုန် မြင်ခဲ့တွေ့ခဲ့ပြီးသား အဟက် မင်းတို့က သာယာနေချိန် ငါ့သူငယ်ချင်း Jinwooက သေမလိုခံစားခဲ့ရတာကွ "
"နင် နင်ဘယ်လို......."
"Jennieကတော့ သူ လုပ်တာမို့လို့ Jinwooကို သွားမပြောပါနဲ့ဆိုပြီး တောင်းပန်ခဲ့တာ .....အဲ့ဒါကြောင့် အဲ့နေ့က မင်းတို့ကို တစ်ခန်းထဲအတူ မအိပ်အောင် ငါ ခွဲခဲ့တာ "
Mino စကားကြောင့် Jisoo စိတ်ထဲ နည်းနည်းတော့ သက်သာရာရသွားတယ်
ဘာလို့ဆို Minoနဲ့ Jennie အတူအိပ်ခဲ့တယ်လို့ Jisoo ထင်နေခဲ့လို့လေ.. ဒါဆို အကြောင်းအရာသေချာမသိဘဲ Jennie ကို Jisoo အထင်လွဲခဲ့တာပေါ့.......
"သူ့အပေါ်က ဖယ်လိုက်ပါ Mino. ...နင် ဘာလို့ သူ့ကို ရိုက်ရတာလည်း "
"ဒါ ငါတို့ကိတ်စပါ ......"
Mino အခုထိ မဖယ်ဘဲနေနေလို့ Jisoo စိတ်တိုလာပြီး Jennie အပေါ်ကနေ Minoကို တွန်းဖယ်လိုက်သည်
"Mino နင်တို့ရန်ဖြစ်ထားတယ်ဆိုလည်း မနက်ဖြန်မှ ပြေလည်အောင်ညှိကြ အရွယ်ရောက်ပြီးသား မိန်းကလေး တစ်ယောက် အိမ်မှာ ယောက်ျားလေး ရှိနေတာ မြင်မကောင်းဘူးလေ......"
Mino လည်း Jisooကို ပြောပစ်ချင်ပေမယ့် Jinwoo ကြောင့် သူ့သူငယ်ချင်းကို အားနာလို့ မပြောတော့ဘဲ တောက်ခေါက်ပြီးသာ Jennie အိမ်က ထွက်လာသည်
"သူ ရိုက်တာကို ဘာလို့ငြိမ်ခံနေတာလည်း အရူးလား နင်က "
Jennie ရဲ့ ကွဲနေတဲ့နှုတ်ခမ်းကို ဆေးထည့်ပေးရင်း Jisoo ဆူလိုက်သည်
"သူက ငါ့အပေါ်တက်ခွထားမှတော့ ငါက ဘယ်လိုရုန်းနိုင်မှာလည်း "
"နင်တို့ ရန်ဖြစ်တာကလည်း ကြောက်စရာကြီးဟယ် တော်သေးတာပေါ့ ငါ အသံကြားလို့ စိတ်ပူပြီး အမြန်ရောက်လာလို့ မဟုတ်ရင် မတွေးရဲစရာဘဲ "
"ကျေးဇူးတင်ပါတယ် Jisoo "
"နင်တို့ ဘာလို့ ရန်ဖြစ်ကြတာလည်း "
"အင်း သူလိုချင်တာ ငါ မပေးနိုင်လို့ "
Jennie စကားကြောင့် Jisoo သက်ပြင်းချပြီး
"အဲ့တာနဲ့ဘဲ နင့်ကို ရိုက်စရာမှမလိုတာ လက်ပါတဲ့ ကောင်တွေဆို ငါ ဘယ်လိုမုန်းမှန်းမသိဘူး "
Jisoo ဆေးထည့်ပေးရင်း Jennieရဲ့ နှုတ်ခမ်းကို စိုက်ကြည့်မိသွားသည်.....
Jennieလည်း Jisooရဲ့ ခေါင်းလေးကို ကိုင်ပြီး ဖြည်းဖြည်းချင်း ရှေ့ကို တိုးလာသည်......
Jisooရဲ့ နှုတ်ခမ်းလေးကို နမ်းခါနီးတွင်.......
"အား Jinwoo Oppaနဲ့ ချိန်းထားတာ မေ့နေတယ် သေတော့မှာဘဲ ဘယ်အချိန်ရှိပြီလည်း "
Jisoo တစ်ယောက် အခုမှ Jinwooနဲ့ ချိန်းထားတာ သတိရသွားပြီး နာရီကို အမြန်မော့ကြည့်လိုက်သည်
"ခုနှစ်နာရိထိုးသွားပြီဘဲ..... နောက်ကျနေပြီ....Oppaရှိသေးလား မသိ သွားကြည့်အုံးမယ်.....Jen Miyanhae.... ငါ ချိန်းထားတာ ရှိလို့ see ya take care တံခါးပိတ်ထားနော် ဟိုတစ်ယောက်လာရင် ဖွင့်မပေးနဲ့ "
ပြောချင်တာပြော မှာချင်တာမှာပြီး ထွက်သွားတဲ့ Jisooကို ကြည့်ပြီး Jennie သက်ပြင်းချမိသည်......
Minoကလည်း CL Noona Birthday အတွက် ဇွတ်ကို Jennieဆီက ငွေတွေတောင်းနေသည်.....
Jennie မှာလည်း ထိုငွေပမာဏ မရှိတော့ မပေးနိုင်......ငြင်းခုန်ရင်း ဟန်ဆောင်တွဲတာကို အဆုံးသတ်ဖို့ Minoကို ပြောမိလို့ အရိုက်ခံလိုက်ရသည်
Jennie တက်ခွခံရပြီး အရိုက်ခံနေရချိန် Jisoo ရောက်လာလို့ Jennie အရမ်း ပျော်သွားတယ်
Jisooက..... Jisooက ငယ်ငယ်ကတည်းကနေ အခုထိ Jennie ရန်ဖြစ်တိုင်း အမြဲ Jennie ဘက်က ဝင်ပါခဲ့သည်......
ဒါတွေကြောင့်လည်း Jennie တစ်ယောက် Jisoo ကို သဘောကျမိတာ......
Jisoo ချိန်းထားတဲ့ coffeeဆိုင်ကို ရောက်တော့ မပြန်သေးဘဲ သူမကို စောင့်နေတဲ့ Jinwooကို တွေ့ရလို့ အရမ်းပျော်သွားတယ်
"Oppaaaa..... "
Jinwoo နာရီကို ငုံ့ကြည့်ရင်း Jisoo အသံကြားလို့ ခေါင်းမော့လာသည်
"အော် ရောက်လာပြီလား "
"အကြာကြီး စောင့်ခိုင်းရတာ အားနာလိုက်တာ "
Jisoo ပြောပြီး Jinwoo ရှေ့ဝင်ထိုင်လိုက်သည်
" ဘာကြောင့် နောက်ကျနေတာလည်း"
"Jennieနဲ့ Mino Oppa ရန်ဖြစ်နေတာ သွားဖြန်ဖြေနေလို့ "
Jisoo စကားကြောင့် Jinwoo မျက်နှာပျက်သွားသည်
"Aww ကိုယ်က Jennieလောက်တောင် အရေးမပါဘူးထင်တယ်....."
Jinwoo စကားကြောင့် Jisoo မျက်လုံးပြူးသွားပြီး
"အာ အဲ့လိုမဟုတ်ပါဘူး ဆူညံသံတွေကြားရလို့ စိတ်ပူပြီး သွားကြည့်တာပါ "
"ကိုယ် အကြာကြီး စောင့်ရတာကိုရော တွေးပြီး စိတ်မပူဘူးလား "
Jinwooရဲ့ စကားကြောင့် Jisoo အားနာလို့ ဆက်မပြောဘဲ ခေါင်းငုံ့နေလိုက်သည်
Jinwoo နဲ့ Jisooကြား မိနစ်အနည်းငယ်ထိ တိတ်ဆိတ်မှုက ဝင်ရောက်လာသည်
"Jisoo ya. .."
"Nae Oppa "
Jisooကို Jinwoo စိုက်ကြည့်ပြီး သက်ပြင်းချလိုက်သည်
"ကိုယ်တို့ လမ်းခွဲရအောင်......"
Jinwooရဲ့ စကားကြောင့် Jisoo အံ့သြသွားသည်
"ချိန်းထားတာ နောက်ကျခဲ့လို့ Oppa စိတ်ဆိုးနေတာ မဟုတ်လား တောင်းပန်ပါတယ် နောက်တခါ အခုလို မဖြစ်စေရပါဘူး လမ်းခွဲမယ်လို့တော့ မပြောပါနဲ့ Oppaရယ်....."
"နောက်ကျလို့ စိတ်ဆိုးပြီး လမ်းခွဲတာမဟုတ်ဘူး Jisoo. ...ကိုယ် အချိန်တိုင်း......မင်းကို စောင့်ရင်းရော တွေးနေမိခဲ့တယ် မင်း ကိုယ့်ကို တကယ်ရော ချစ်ရဲ့လားဆိုပြီး "
"Chaw Oppaကို ချစ်ပါတယ်...."
"မဟုတ်ဘူး မင်း ငါ့ကို သဘောကျတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မင်း ငါ့ကိုမချစ်ဘူး Jisoo. ........"
"Oppa. .."
"မင်း ချစ်တဲ့သူက တစ်ခြားတစ်ယောက်...."
"ဟင်..."
"Jennie..... Jennieကို မင်း မသိစိတ်က ချစ်နေတာ Jisoo..... မင်းစိတ်ကို မြင်အောင်ကြည့်ဖို့လိုနေပြီ....."
"ဟို "
"ကိုယ့်ကို လာမငြင်းပါနဲ့ Jisooရယ်....ကိုယ် မင်းနဲ့တွဲလာတဲ့ တစ်လျှောက်လုံး နေ့တိုင်း မင်းပါးစပ်က Jennieနာမည် မပြောတဲ့နေ့ မရှိသလို ဘယ်သွားသွား Jennie ကို အမြဲ ခေါ်ချင်တာ......မင်းစိတ်ထဲမှာ ကိုယ့်ထက် Jennieဘဲ ရှိနေတာများတယ်......"
Jinwooရဲ့ စကားကြောင့် Jisoo တိတ်ဆိတ်သွားသည်
"မင်း သေချာစဥ်းစားပါ.....မင်း စိတ်ကို မြင်အောင်ကြည့်ပါ.....အော် ဒါနဲ့ သတင်းကောင်းတစ်ခုပြောရအုံးမယ်.....Minoနဲ့ Jennieက တကယ်တွဲတာ မဟုတ်ဘူး အပျော်တွဲတာတဲ့ .....သူတို့ မကြာခင်ပြတ်တော့မယ်လို့ပြောတယ် မင်း သေချာစဥ်းစားပြီး Jennieကို ဖွင့်ပြောလိုက်ပါ "
"တောင်းပန်ပါတယ် Jinwoo Oppa "
'ရပါတယ် Jisooရ.....ငါတို့ ပြတ်သွားတောင် ငါ့ကို အကိုတစ်ယောက်အနေနဲ့ မင်း ခင်မင်ရင်းနှီး အကူအညီတောင်းလို့ရပါတယ်....."
"ကျေးဇူးတင်ပါတယ် Oppa. .."
"နောက်ဆုံး အနေနဲ့ ဖက်လို့ရမလား "
Jinwooစကားကြောင့် Jisoo သဘောတူလိုက်သည်
Jinwoo ထပြီး Jisooကို ဖက်တော့ Jisoo လည်း Jinwoo ကို ပြန်ဖက်လိုက်သည်
ထိုစဥ် coffeeဆိုင်ဘက် ဖြတ်သွားတဲ့ Jennie တစ်ယောက် Jinwooတို့ ဖက်နေကြတာကို မြင်သွားသည်
Jisooကလည်း coffeeဆိုင်ရှေ့မှာ သူမတို့ကိုကြည့်နေတဲ့ Jennieကို မြင်ပြီး Jinwooကို ဖက်ရာကနေ ဖယ်လိုက်သည်
"Jennie...... "
Jinwooလည်း Jennieကိုတွေ့သွားပြီး
"Jisoo သွား ရှင်းပြလိုက်ပါ....."
"ဟုတ် Oppa "
Jennie တစ်ယောက် ညစာမရှိလို့ အပြင်ထွက်ပြီး စားသောက်ဆိုင်သွားစဥ် မမျှော်လင့်ဘဲ ကော်ဖီဆိုင်ထဲ Jisooနဲ့ Jinwoo ဖက်နေတာကို တွေ့လိုက်ရသည်....
Jennie ဒီလောက် ရိုက်ခံထားရတာတောင် Jisoo က ...Jisooကတော့ သူ့ချစ်သူနဲ့ဖက်ပြီး ကြည်နူးနေတယ်လား.... Jennieဆီ Jisooပြေးလာတာမြင်လို့ ဘာလို့မှန်းမသိ Jisooနဲ့ဝေးရာကို Jennie ပြေးသွားမိသည်
"Jen. ...နေပါအုံး Jen. ..."
Jisooနဲ့ဝေးရာကို Jennie ပြေးပေမယ့် Jisooက Jennieနောက်ကို ထပ်ကြပ်မခွာ လိုက်လာသည်
Jennieနောက် Jisooလိုက်ရင်း.... Jennie အပေါ်ထားတဲ့ သူမ စိတ်ကို တဖြည်းဖြည်း မြင်လာသည်
ငယ်ကတည်းက လူတကာနဲ့ရန်ဖြစ်တတ်တဲ့ Jennieကို အားလုံးက ပယ်ထားပေမယ့် Jisoo ကတော့ သူမ ဘေးနားမှာ အမြဲရှိပေးခဲ့သည်
အထက်တန်းကျောင်းသူဘဝမှာ Jennie ရည်းစားစထားတော့ Jisoo ရင်ထဲ နေလို့မကောင်း ဖြစ်ပြီး သုံးလေးရက်လောက် ထမင်းမစားနိုင်မအိပ်နိုင် ဖြစ်ခဲ့သေးသည်
Jinwooနဲ့တွဲနေပေမယ့် Jinwoo နဲ့ ရှိချိန်ထက် Jennieနဲ့ အတူရှိနေချိန်တွေမှာ Jisoo ပိုပျော်သည်
Jinwoo အနမ်းတွေကျ Jisoo ရှောင်ဖယ်ပြီး Jennie အနမ်းတွေကျ Jisoo ခုန်မင်နှစ်သက်သည်......
Jennieကရော....Jennieကလည်း သေချာပေါက် သူမကိုချစ်နေတာဘဲ.....
Jinwooနဲ့တွဲတယ်ဆိုတာလည်း သိရော ချက်ချင်း Minoနဲ့ကောက်တွဲပစ်တာလေ....ဆိုးပါတယ် Jennie Kimက......
Jisoo First kiss ကို သူများဦးသွားမှာဆိုးလို့ သူကဘဲ အရင် ယူသွားတယ်.....
Jinwoo အကြောင်းပြောရင် သူမ အမြဲမျက်နှာပျက်တက်တယ် အစကတော့ Jisoo သတိမထားမိပေမယ့် အခုမှ အားလုံးသတိထားမိသွားပြီလေ
Jisoo နင်ဟာလေ ငပိန်းဘဲ.......
Jisoo တွေးလေလေ သူမစိတ်ကို ပိုမြင်လာလေလေ....နောက်ဆုံး တံတားပေါ်ရောက်တော့ Jennie တစ်ယောက် ပြေးရတာမောသွားပြီထင်ရ ရပ်သွားသည်
Jisooကတော့ အနောက်ကနေ Jennieရဲ့ ခါးကို ပြေးဖက်လေသည်
"Jen. ....."
"လွှတ် လွှတ်ပါ ....သူများတွေမြင်ကုန်မယ် "
"ဘယ်သူမြင်မြင် ငါဂရုမစိုက်ဘူး Jen "
Jennieရဲ့ခါးကို ဖက်ပြီး Jisoo ပြောလိုက်သည်
"Jinwoo မြင်ရင်ရော "
"ဂရုမစိုက်ဘူး သူနဲ့ငါ လမ်းခွဲလိုက်ပြီ Jen. ..."
"ဟင် ဘာလို့လည်း "
"သူ့ကို ငါ တကယ်မချစ်ဘူးလေ...."
"Aww. ..."
"ငါ တစ်ကယ်ချစ်တဲ့သူကို အခုမှ ငါ သိသွားတယ် "
Jisoo တကယ်ချစ်တဲ့သူ? ဘယ်သူလည်းဆိုတာ Jennie သိချင်မိသည်
"ဘယ် ဘယ်သူလည်းဟင် နင် တကယ်ချစ်တဲ့သူက "
"ဒီဘက်လှည့် "
Jennieကို သူမဘက်လှည့်ခိုင်းပြီး Jisoo နမ်းလိုက်သည်
Jisooရဲ့ အနမ်းကြောင့် Jennie အရမ်းအံ့သြသွားပြီး ပျော်သွားသည်
"ငါ တကယ်ချစ်တဲ့သူက နင်ဘဲ Jen. ....အနားမှာ ထားပြီး စိတ်ဒဏ်ရာပေးမိလို့ တောင်းပန်ပါတယ်....."
"နင် နင်တကယ်ပြောတာလား "
Jisoo ခေါင်းညိတ်ပြတော့ Jennie အရမ်းပျော်သွားပြီး Jisooရဲ့ နှုတ်ခမ်းကို ပြန်နမ်းလိုက်သည်
ထိုနေ့ညက ကောင်မလေးနှစ်ယောက် ဘယ်သူ့မှဂရုမစိုက်ဘဲ တံတားပေါ်တွင် အနမ်းတွေခြွေရင်း
#TheEnd❤
#မကောင်းမကန်းficလေးကိုအဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်❤နောက်ထပ် Jensoo ficလေးရေးဖို့ အစီအစဥ်ရှိပါတယ် စောင့်မျှော်ပေးကြပါနော်😍
#Zawgyi
"အခုမွ အင္နိုးစန့္အထာေတြ ဖမ္းမေနနဲ႕ Kim Jisoo..... မင္းတို႔ နမ္းေနတာ ငါ အကုန္ ျမင္ခဲ့ေတြ႕ခဲ့ၿပီးသား အဟက္ မင္းတို႔က သာယာေနခ်ိန္ ငါ့သူငယ္ခ်င္း Jinwooက ေသမလိုခံစားခဲ့ရတာကြ "
"နင္ နင္ဘယ္လို......."
"Jennieကေတာ့ သူ လုပ္တာမို႔လို႔ Jinwooကို သြားမေျပာပါနဲ႕ဆိုၿပီး ေတာင္းပန္ခဲ့တာ .....အဲ့ဒါေၾကာင့္ အဲ့ေန႕က မင္းတို႔ကို တစ္ခန္းထဲအတူ မအိပ္ေအာင္ ငါ ခြဲခဲ့တာ "
Mino စကားေၾကာင့္ Jisoo စိတ္ထဲ နည္းနည္းေတာ့ သက္သာရာရသြားတယ္
ဘာလို႔ဆို Minoနဲ႕ Jennie အတူအိပ္ခဲ့တယ္လို႔ Jisoo ထင္ေနခဲ့လို႔ေလ.. ဒါဆို အေၾကာင္းအရာေသခ်ာမသိဘဲ Jennie ကို Jisoo အထင္လြဲခဲ့တာေပါ့.......
"သူ႕အေပၚက ဖယ္လိုက္ပါ Mino. ...နင္ ဘာလို႔ သူ႕ကို ရိုက္ရတာလည္း "
"ဒါ ငါတို႔ကိတ္စပါ ......"
Mino အခုထိ မဖယ္ဘဲေနေနလို႔ Jisoo စိတ္တိုလာၿပီး Jennie အေပၚကေန Minoကို တြန္းဖယ္လိုက္သည္
"Mino နင္တို႔ရန္ျဖစ္ထားတယ္ဆိုလည္း မနက္ျဖန္မွ ေျပလည္ေအာင္ညွိၾက အ႐ြယ္ေရာက္ၿပီးသား မိန္းကေလး တစ္ေယာက္ အိမ္မွာ ေယာက္်ားေလး ရွိေနတာ ျမင္မေကာင္းဘူးေလ......"
Mino လည္း Jisooကို ေျပာပစ္ခ်င္ေပမယ့္ Jinwoo ေၾကာင့္ သူ႕သူငယ္ခ်င္းကို အားနာလို႔ မေျပာေတာ့ဘဲ ေတာက္ေခါက္ၿပီးသာ Jennie အိမ္က ထြက္လာသည္
"သူ ရိုက္တာကို ဘာလို႔ၿငိမ္ခံေနတာလည္း အ႐ူးလား နင္က "
Jennie ရဲ႕ ကြဲေနတဲ့ႏႈတ္ခမ္းကို ေဆးထည့္ေပးရင္း Jisoo ဆူလိုက္သည္
"သူက ငါ့အေပၚတက္ခြထားမွေတာ့ ငါက ဘယ္လို႐ုန္းနိုင္မွာလည္း "
"နင္တို႔ ရန္ျဖစ္တာကလည္း ေၾကာက္စရာႀကီးဟယ္ ေတာ္ေသးတာေပါ့ ငါ အသံၾကားလို႔ စိတ္ပူၿပီး အျမန္ေရာက္လာလို႔ မဟုတ္ရင္ မေတြးရဲစရာဘဲ "
"ေက်းဇူးတင္ပါတယ္ Jisoo "
"နင္တို႔ ဘာလို႔ ရန္ျဖစ္ၾကတာလည္း "
"အင္း သူလိုခ်င္တာ ငါ မေပးနိုင္လို႔ "
Jennie စကားေၾကာင့္ Jisoo သက္ျပင္းခ်ၿပီး
"အဲ့တာနဲ႕ဘဲ နင့္ကို ရိုက္စရာမွမလိုတာ လက္ပါတဲ့ ေကာင္ေတြဆို ငါ ဘယ္လိုမုန္းမွန္းမသိဘူး "
Jisoo ေဆးထည့္ေပးရင္း Jennieရဲ႕ ႏႈတ္ခမ္းကို စိုက္ၾကည့္မိသြားသည္.....
Jennieလည္း Jisooရဲ႕ ေခါင္းေလးကို ကိုင္ၿပီး ျဖည္းျဖည္းခ်င္း ေရွ႕ကို တိုးလာသည္......
Jisooရဲ႕ ႏႈတ္ခမ္းေလးကို နမ္းခါနီးတြင္.......
"အား Jinwoo Oppaနဲ႕ ခ်ိန္းထားတာ ေမ့ေနတယ္ ေသေတာ့မွာဘဲ ဘယ္အခ်ိန္ရွိၿပီလည္း "
Jisoo တစ္ေယာက္ အခုမွ Jinwooနဲ႕ ခ်ိန္းထားတာ သတိရသြားၿပီး နာရီကို အျမန္ေမာ့ၾကည့္လိုက္သည္
"ခုႏွစ္နာရိထိုးသြားၿပီဘဲ..... ေနာက္က်ေနၿပီ....Oppaရွိေသးလား မသိ သြားၾကည့္အုံးမယ္.....Jen Miyanhae.... ငါ ခ်ိန္းထားတာ ရွိလို႔ see ya take care တံခါးပိတ္ထားေနာ္ ဟိုတစ္ေယာက္လာရင္ ဖြင့္မေပးနဲ႕ "
ေျပာခ်င္တာေျပာ မွာခ်င္တာမွာၿပီး ထြက္သြားတဲ့ Jisooကို ၾကည့္ၿပီး Jennie သက္ျပင္းခ်မိသည္......
Minoကလည္း CL Noona Birthday အတြက္ ဇြတ္ကို Jennieဆီက ေငြေတြေတာင္းေနသည္.....
Jennie မွာလည္း ထိုေငြပမာဏ မရွိေတာ့ မေပးနိုင္......ျငင္းခုန္ရင္း ဟန္ေဆာင္တြဲတာကို အဆုံးသတ္ဖို႔ Minoကို ေျပာမိလို႔ အရိုက္ခံလိုက္ရသည္
Jennie တက္ခြခံရၿပီး အရိုက္ခံေနရခ်ိန္ Jisoo ေရာက္လာလို႔ Jennie အရမ္း ေပ်ာ္သြားတယ္
Jisooက..... Jisooက ငယ္ငယ္ကတည္းကေန အခုထိ Jennie ရန္ျဖစ္တိုင္း အၿမဲ Jennie ဘက္က ဝင္ပါခဲ့သည္......
ဒါေတြေၾကာင့္လည္း Jennie တစ္ေယာက္ Jisoo ကို သေဘာက်မိတာ......
Jisoo ခ်ိန္းထားတဲ့ coffeeဆိုင္ကို ေရာက္ေတာ့ မျပန္ေသးဘဲ သူမကို ေစာင့္ေနတဲ့ Jinwooကို ေတြ႕ရလို႔ အရမ္းေပ်ာ္သြားတယ္
"Oppaaaa..... "
Jinwoo နာရီကို ငုံ႕ၾကည့္ရင္း Jisoo အသံၾကားလို႔ ေခါင္းေမာ့လာသည္
"ေအာ္ ေရာက္လာၿပီလား "
"အၾကာႀကီး ေစာင့္ခိုင္းရတာ အားနာလိုက္တာ "
Jisoo ေျပာၿပီး Jinwoo ေရွ႕ဝင္ထိုင္လိုက္သည္
" ဘာေၾကာင့္ ေနာက္က်ေနတာလည္း"
"Jennieနဲ႕ Mino Oppa ရန္ျဖစ္ေနတာ သြားျဖန္ေျဖေနလို႔ "
Jisoo စကားေၾကာင့္ Jinwoo မ်က္ႏွာပ်က္သြားသည္
"Aww ကိုယ္က Jennieေလာက္ေတာင္ အေရးမပါဘူးထင္တယ္....."
Jinwoo စကားေၾကာင့္ Jisoo မ်က္လုံးျပဴးသြားၿပီး
"အာ အဲ့လိုမဟုတ္ပါဘူး ဆူညံသံေတြၾကားရလို႔ စိတ္ပူၿပီး သြားၾကည့္တာပါ "
"ကိုယ္ အၾကာႀကီး ေစာင့္ရတာကိုေရာ ေတြးၿပီး စိတ္မပူဘူးလား "
Jinwooရဲ႕ စကားေၾကာင့္ Jisoo အားနာလို႔ ဆက္မေျပာဘဲ ေခါင္းငုံ႕ေနလိုက္သည္
Jinwoo နဲ႕ Jisooၾကား မိနစ္အနည္းငယ္ထိ တိတ္ဆိတ္မႈက ဝင္ေရာက္လာသည္
"Jisoo ya. .."
"Nae Oppa "
Jisooကို Jinwoo စိုက္ၾကည့္ၿပီး သက္ျပင္းခ်လိဳက္သည္
"ကိုယ္တို႔ လမ္းခြဲရေအာင္......"
Jinwooရဲ႕ စကားေၾကာင့္ Jisoo အံ့ၾသသြားသည္
"ခ်ိန္းထားတာ ေနာက္က်ခဲ့လို႔ Oppa စိတ္ဆိုးေနတာ မဟုတ္လား ေတာင္းပန္ပါတယ္ ေနာက္တခါ အခုလို မျဖစ္ေစရပါဘူး လမ္းခြဲမယ္လို႔ေတာ့ မေျပာပါနဲ႕ Oppaရယ္....."
"ေနာက္က်လိဳ႕ စိတ္ဆိုးၿပီး လမ္းခြဲတာမဟုတ္ဘူး Jisoo. ...ကိုယ္ အခ်ိန္တိုင္း......မင္းကို ေစာင့္ရင္းေရာ ေတြးေနမိခဲ့တယ္ မင္း ကိုယ့္ကို တကယ္ေရာ ခ်စ္ရဲ႕လားဆိုၿပီး "
"Chaw Oppaကို ခ်စ္ပါတယ္...."
"မဟုတ္ဘူး မင္း ငါ့ကို သေဘာက်တာ ျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ မင္း ငါ့ကိုမခ်စ္ဘူး Jisoo. ........"
"Oppa. .."
"မင္း ခ်စ္တဲ့သူက တစ္ျခားတစ္ေယာက္...."
"ဟင္..."
"Jennie..... Jennieကို မင္း မသိစိတ္က ခ်စ္ေနတာ Jisoo..... မင္းစိတ္ကို ျမင္ေအာင္ၾကည့္ဖို႔လိုေနၿပီ....."
"ဟို "
"ကိုယ့္ကို လာမျငင္းပါနဲ႕ Jisooရယ္....ကိုယ္ မင္းနဲ႕တြဲလာတဲ့ တစ္ေလွ်ာက္လုံး ေန႕တိုင္း မင္းပါးစပ္က Jennieနာမည္ မေျပာတဲ့ေန႕ မရွိသလို ဘယ္သြားသြား Jennie ကို အၿမဲ ေခၚခ်င္တာ......မင္းစိတ္ထဲမွာ ကိုယ့္ထက္ Jennieဘဲ ရွိေနတာမ်ားတယ္......"
Jinwooရဲ႕ စကားေၾကာင့္ Jisoo တိတ္ဆိတ္သြားသည္
"မင္း ေသခ်ာစဥ္းစားပါ.....မင္း စိတ္ကို ျမင္ေအာင္ၾကည့္ပါ.....ေအာ္ ဒါနဲ႕ သတင္းေကာင္းတစ္ခုေျပာရအုံးမယ္.....Minoနဲ႕ Jennieက တကယ္တြဲတာ မဟုတ္ဘူး အေပ်ာ္တြဲတာတဲ့ .....သူတို႔ မၾကာခင္ျပတ္ေတာ့မယ္လို႔ေျပာတယ္ မင္း ေသခ်ာစဥ္းစားၿပီး Jennieကို ဖြင့္ေျပာလိုက္ပါ "
"ေတာင္းပန္ပါတယ္ Jinwoo Oppa "
'ရပါတယ္ Jisooရ.....ငါတို႔ ျပတ္သြားေတာင္ ငါ့ကို အကိုတစ္ေယာက္အေနနဲ႕ မင္း ခင္မင္ရင္းႏွီး အကူအညီေတာင္းလို႔ရပါတယ္....."
"ေက်းဇူးတင္ပါတယ္ Oppa. .."
"ေနာက္ဆုံး အေနနဲ႕ ဖက္လို႔ရမလား "
Jinwooစကားေၾကာင့္ Jisoo သေဘာတူလိုက္သည္
Jinwoo ထၿပီး Jisooကို ဖက္ေတာ့ Jisoo လည္း Jinwoo ကို ျပန္ဖက္လိုက္သည္
ထိုစဥ္ coffeeဆိုင္ဘက္ ျဖတ္သြားတဲ့ Jennie တစ္ေယာက္ Jinwooတို႔ ဖက္ေနၾကတာကို ျမင္သြားသည္
Jisooကလည္း coffeeဆိုင္ေရွ႕မွာ သူမတို႔ကိုၾကည့္ေနတဲ့ Jennieကို ျမင္ၿပီး Jinwooကို ဖက္ရာကေန ဖယ္လိုက္သည္
"Jennie...... "
Jinwooလည္း Jennieကိုေတြ႕သြားၿပီး
"Jisoo သြား ရွင္းျပလိုက္ပါ....."
"ဟုတ္ Oppa "
Jennie တစ္ေယာက္ ညစာမရွိလို႔ အျပင္ထြက္ၿပီး စားေသာက္ဆိုင္သြားစဥ္ မေမွ်ာ္လင့္ဘဲ ေကာ္ဖီဆိုင္ထဲ Jisooနဲ႕ Jinwoo ဖက္ေနတာကို ေတြ႕လိုက္ရသည္....
Jennie ဒီေလာက္ ရိုက္ခံထားရတာေတာင္ Jisoo က ...Jisooကေတာ့ သူ႕ခ်စ္သူနဲ႕ဖက္ၿပီး ၾကည္ႏူးေနတယ္လား.... Jennieဆီ Jisooေျပးလာတာျမင္လို႔ ဘာလို႔မွန္းမသိ Jisooနဲ႕ေဝးရာကို Jennie ေျပးသြားမိသည္
"Jen. ...ေနပါအုံး Jen. ..."
Jisooနဲ႕ေဝးရာကို Jennie ေျပးေပမယ့္ Jisooက Jennieေနာက္ကို ထပ္ၾကပ္မခြာ လိုက္လာသည္
Jennieေနာက္ Jisooလိုက္ရင္း.... Jennie အေပၚထားတဲ့ သူမ စိတ္ကို တျဖည္းျဖည္း ျမင္လာသည္
ငယ္ကတည္းက လူတကာနဲ႕ရန္ျဖစ္တတ္တဲ့ Jennieကို အားလုံးက ပယ္ထားေပမယ့္ Jisoo ကေတာ့ သူမ ေဘးနားမွာ အၿမဲရွိေပးခဲ့သည္
အထက္တန္းေက်ာင္းသူဘဝမွာ Jennie ရည္းစားစထားေတာ့ Jisoo ရင္ထဲ ေနလို႔မေကာင္း ျဖစ္ၿပီး သုံးေလးရက္ေလာက္ ထမင္းမစားနိုင္မအိပ္နိုင္ ျဖစ္ခဲ့ေသးသည္
Jinwooနဲ႕တြဲေနေပမယ့္ Jinwoo နဲ႕ ရွိခ်ိန္ထက္ Jennieနဲ႕ အတူရွိေနခ်ိန္ေတြမွာ Jisoo ပိုေပ်ာ္သည္
Jinwoo အနမ္းေတြက် Jisoo ေရွာင္ဖယ္ၿပီး Jennie အနမ္းေတြက် Jisoo ခုန္မင္ႏွစ္သက္သည္......
Jennieကေရာ....Jennieကလည္း ေသခ်ာေပါက္ သူမကိုခ်စ္ေနတာဘဲ.....
Jinwooနဲ႕တြဲတယ္ဆိုတာလည္း သိေရာ ခ်က္ခ်င္း Minoနဲ႕ေကာက္တြဲပစ္တာေလ....ဆိုးပါတယ္ Jennie Kimက......
Jisoo First kiss ကို သူမ်ားဦးသြားမွာဆိုးလို႔ သူကဘဲ အရင္ ယူသြားတယ္.....
Jinwoo အေၾကာင္းေျပာရင္ သူမ အၿမဲမ်က္ႏွာပ်က္တက္တယ္ အစကေတာ့ Jisoo သတိမထားမိေပမယ့္ အခုမွ အားလုံးသတိထားမိသြားၿပီေလ
Jisoo နင္ဟာေလ ငပိန္းဘဲ.......
Jisoo ေတြးေလေလ သူမစိတ္ကို ပိုျမင္လာေလေလ....ေနာက္ဆုံး တံတားေပၚေရာက္ေတာ့ Jennie တစ္ေယာက္ ေျပးရတာေမာသြားၿပီထင္ရ ရပ္သြားသည္
Jisooကေတာ့ အေနာက္ကေန Jennieရဲ႕ ခါးကို ေျပးဖက္ေလသည္
"Jen. ....."
"လႊတ္ လႊတ္ပါ ....သူမ်ားေတြျမင္ကုန္မယ္ "
"ဘယ္သူျမင္ျမင္ ငါဂ႐ုမစိုက္ဘူး Jen "
Jennieရဲ႕ခါးကို ဖက္ၿပီး Jisoo ေျပာလိုက္သည္
"Jinwoo ျမင္ရင္ေရာ "
"ဂ႐ုမစိုက္ဘူး သူနဲ႕ငါ လမ္းခြဲလိုက္ၿပီ Jen. ..."
"ဟင္ ဘာလို႔လည္း "
"သူ႕ကို ငါ တကယ္မခ်စ္ဘူးေလ...."
"Aww. ..."
"ငါ တစ္ကယ္ခ်စ္တဲ့သူကို အခုမွ ငါ သိသြားတယ္ "
Jisoo တကယ္ခ်စ္တဲ့သူ? ဘယ္သူလည္းဆိုတာ Jennie သိခ်င္မိသည္
"ဘယ္ ဘယ္သူလည္းဟင္ နင္ တကယ္ခ်စ္တဲ့သူက "
"ဒီဘက္လွည့္ "
Jennieကို သူမဘက္လွည့္ခိုင္းၿပီး Jisoo နမ္းလိုက္သည္
Jisooရဲ႕ အနမ္းေၾကာင့္ Jennie အရမ္းအံ့ၾသသြားၿပီး ေပ်ာ္သြားသည္
"ငါ တကယ္ခ်စ္တဲ့သူက နင္ဘဲ Jen. ....အနားမွာ ထားၿပီး စိတ္ဒဏ္ရာေပးမိလို႔ ေတာင္းပန္ပါတယ္....."
"နင္ နင္တကယ္ေျပာတာလား "
Jisoo ေခါင္းညိတ္ျပေတာ့ Jennie အရမ္းေပ်ာ္သြားၿပီး Jisooရဲ႕ ႏႈတ္ခမ္းကို ျပန္နမ္းလိုက္သည္
ထိုေန႕ညက ေကာင္မေလးႏွစ္ေယာက္ ဘယ္သူ႕မွဂ႐ုမစိုက္ဘဲ တံတားေပၚတြင္ အနမ္းေတြေႁခြရင္း
#TheEnd❤
#မေကာင္းမကန္းficေလးကိုအဆုံးထိဖတ္ေပးလို႔ေက်းဇူးတင္ပါတယ္❤ေနာက္ထပ္ Jensoo ficေလးေရးဖို႔ အစီအစဥ္ရွိပါတယ္ ေစာင့္ေမွ်ာ္ေပးၾကပါေနာ္😍
Bạn đang đọc truyện trên: Truyen3h.Co