Part 8
#Unicode
Jisoo သူမအနမ်းတွေကို မလွန်ဆန်နိုင်နေတာ Jennie သိလို့ Jisooရဲ့ နှုတ်ခမ်းလေးကို Jennie ထပ်နမ်းလိုက်သည်
"Humm. ..."
Jisoo မလွန်ဆန်နိုင်တဲ့အပြင် ညည်းသံလေးက ထွက်လာခဲ့သည်
Jennie အခြေအနေကောင်းနေပြီလို့ တွေးမိပြီး Jisooရဲ့ ရင်သားလေးကို ဆုပ်ကိုင်လိုက်သည်
"Jen. ........"
Jennieရဲ့ နာမည်ကို Jisoo အတိုကောက်ခေါ်လိုက်သည်......
Jennieရဲ့ အနမ်းတွေကြား Jisoo နစ်မြောနေရင်း.....Jennie က သူမရဲ့ စကတ်ကို ဆွဲချွတ်တဲ့ အခါမှတော့ Jisoo အသိစိတ်ပြန်ဝင်လာသည်
"တော် တော်တော့ Jennie "
"ဘာလို့လည်း နင် သဘောမကျဘူးလား "
"ငါတို့က သူငယ်ချင်းတွေလေ.....နမ်းတာနဲ့တင်လွန်နေပြီ ......တော်တော့....."
"ငါ နမ်းတာကို နင် သဘောကျနေတယ်လေ Jinwooနဲ့တုံးကတောင် နင် ငြင်းနိုင်ခဲ့တယ်မလား "
"Jenn. ..."
Jisoo သူမ ဖုန်းသံကြောင့် ပြောမယ့်စကားတွေ ရပ်သွားသည်
Jisoo သူမဖုန်းကို ဖွင့်ကြည့်တော့ Jinwooဆီက Message ဖြစ်နေတယ်
"Jisoo.... "
"ခဏနော် Jinwoo Oppa message ပို့နေလို့ "
"Jisoo ငါ စကားပြောနေတုံးအဲ့သောက်ကောင်ကို အာရုံမစိုက်ပေးလို့ မရဘူးလား ဟမ် Jinwoo oppa Jinwoo oppa အဲ့နာမည်ကို နင့်ပါးစပ်က ကြားရလွန်းလို့ ငါ အရမ်းစိတ်ကုန်နေပြီ "
"နောက်မှ ဆက်ပြောမယ်နော်..... "
Jisoo ပြောပြီး Jennieတိုက်ခန်းကနေ အမြန်ထွက်လာသည်
တကယ်တော့ Jisoo ထွက်လာခဲ့ခြင်းက Jinwooကြောင့် မဟုတ်....သူမစိတ်ကို သူမ ထိန်းမရသောကြောင့် ဖြစ်သည်....
Jennieနဲ့တွေ့တိုင်း သူ့အနမ်းတွေအောက် Jisoo ကျရှုံးရတဲ့အကြောင်းအရင်းကို အခုထိ Jisoo အဖြေရှာမရပေ.....
Jinwooက ရှေ့မှာ ပိတ်နေသောကြောင့် သူမ တကယ့်ခံစားချက်အစစ်ကို Jisoo ရှာမတွေ့တာလည်း ဖြစ်နိုင်သည်
Jisoo အိမ်ပြန်ရောက်တော့ Jinwoo ပို့ထားတဲ့ Message ကို ဖတ်လိုက်သည်
💌မနက်ဖြန် ညနေ ၆နာရီ Heaven cafeဆိုင်မှာ တွေ့ရအောင်......
Jinwoo သူမကို စိတ်ဆိုးပြေသွားပြီဆိုတာ Jisoo သိပြီး အရမ်းပျော်သွားတယ်
"တောက်....."
Jennieကတော့ Jisoo လုပ်ရပ်တွေကို စိတ်တိုနေသည်
ထိုစဥ် Minoဆီက ဖုန်းဝင်လာသည်
"အေးပြော "
"Jennie ငါ့ကို ငါးသိန်းလောက်ပေး "
"ဟာ အဲ့လောက်တော့ ငါ့မှာ ဘယ်ရှိမှာလည်း Ommaတို့ကလည်း ငွေလွှဲမပေးသေးဘူး "
"မရှိလို့ မရဘူး ရှိအောင် ရှာ ငါ Noona CLကို Birthday suprise လုပ်ပေးချင်လို့ အရေးပေါ်ငွေလိုတယ် "
"ဟာ မရှိပါဘူးဆိုမှ "
"Jennie မင်း ဆက်ငြင်းနေရင် Jinwooကို ငါအကုန်ပြောလိုက်မှာနော်....."
"ပြောလိုက် စောက်ဂရုမစိုက်ဘူး "
Jennie နဂိုကမှ စိတ်တိုနေပါသည်ဆို Minoက သူမကို လာခြိမ်းခြောက်နေလို့ ပိုစိတ်တိုလာပြီး Minoကို အော်ပစ်ကာ ဖုန်းချလိုက်သည်
နောက်တစ်နေ့ Jennie တစ်ယောက် Jisooကို မစောင့်ဘဲ တစ်ယောက်တည်း ကျောင်းကို ထွက်လာခဲ့သည်
Jisooလည်း မနေ့က အဖြစ်အပျက်ကြောင့် Jennieနဲ့ မျက်နှာချင်းမဆိုင်ရဲလို့ တစ်ယောက်တည်း ကျောင်းကိုလာခဲ့သည်
Jennie အတန်းဘက်သွားစဥ် Minoက သူမကို ဆွဲခေါ်ပြီး နံရံဘက်ဆောင့်တွန်းလိုက်သည်
"မနက်ဖြန် ငါလိုချင်တဲ့ ပိုက်ဆံပေးရင်ပေး မပေးရင်..... "
"ငါ က အဲ့လောက် ပိုက်ဆံမရှိဘူးလို့ "
"ရအောင်ရှာခဲ့ "
Jisoo သူမ အတန်းဘက်သွားစဥ် Minoက Jennie နားနားလေးကပ်ပြီး စကားပြောနေတာ တွေ့လိုက်ရသည်
"မနေ့ကကျ ငါ့ကိုနမ်းပြီး အခုကျ Minoနဲ့...ငါနဲ့မဆိုင်ပါဘူးလေ......"
Jisoo သူမရဲ့ သဝန်တိုစိတ်ကိုမေ့ပြီး သက်ပြင်းချကာ အတန်းထဲဝင်သွားသည်
Jennieနဲ့ Jisoo ကျောင်းမှာ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းမဆိုင်ဘဲ ရှောင်နေကြသည်
ကျောင်းဆင်းတော့ Jisooတစ်ယောက် Jinwooနဲ့တွေ့ဖို့ ရေချိုးအလှပြင်နေသည်
ထိုစဥ် အပေါ်ထပ်က Jennie တိုက်ခန်းဆီက ဆူညံသံတွေကြားရလို့ Jisoo စိတ်ပူပြီး သွားကြည့်မိသည်
Jennie တိုက်ခန်းရှေ့ရောက်တော့ တံခါးက ပွင့်နေတာနဲ့ ဝင်သွားသောအခါ.....
"Minoooooooo"
Jisoo မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အရမ်းဒေါသထွက်ပြီး Minoကို အော်လိုက်သည်
Jennie အပေါ်တက်ခွပြီး Jennieကို ရိုက်နေတဲ့ Minoမှာ Jisoo အသံကြောင့် လှည့်ကြည့်လိုက်သည်
"ဘာလည်း "
"သူ့အပေါ်က ဖယ်စမ်း "
Jisoo စကားကြောင့် Mino မဲ့ပြုံးပြုံးပြီး
"မဖယ်တော့ ဘာလုပ်မလို့လည်း Jinwooနဲ့ ချိန်းထားတယ်မလား ငါတို့ကြားဝင်မပါနဲ့ အေးဆေးသွားလိုရာသွား "
"မသွားနိုင်ဘူး နင် Jennie ကို အနိုင်ကျင့်နေတာ ငါ ရပ်မကြည့်နိုင်ဘူး "
"ဘာလို့ မကြည့်နိုင်တာလည်း ဘာလည်း နင်တို့က အီစီကလီတွေမို့လို့လား "
"Mino. ...."
"အခုမှ အင်နိုးစန့်အထာ ဖမ်းမနေနဲ့ နင်တို့နမ်းနေကြတာ ငါတွေ့ပြီးသား "
Mino စကားကြောင့် Jisoo အံ့သြသွားပြီး လန့်သွားတယ်
Jinwooကတော့ cafeဆိုင်တွင် လက်ကပတ်ထားတဲ့ နာရီကိုသာ အချိန်တိုင်းကြည့်နေမိသည်
၆နာရီခွဲနေပြီ.....Jisooက ခုထိ ရောက်မလာသေး....Jinwooရှေ့က ကော်ဖီခွက်ထဲက ကော်ဖီလည်း တဖြည်းဖြည်း ကုန်သွားသလို Jinwooရဲ့ Jisooအပေါ်ထားတဲ့ စိတ်ကလည်း တဖြည်းဖြည်း ကုန်လာနေသည်....
#TBC
Updateကြာသွားလို့ sorryပါဗျာ့ author ရေခဲမုန့်အစားလွန်နေလို့😁❤
#Zawgyi
#Unicode
"Humm. ..."
"Jen. ........"
"တော် တော်တော့ Jennie "
"Jenn. ..."
"Jisoo.... "
"တောက်....."
"အေးပြော "
"ဟာ မရှိပါဘူးဆိုမှ "
"ရအောင်ရှာခဲ့ "
"Minoooooooo"
"ဘာလည်း "
"သူ့အပေါ်က ဖယ်စမ်း "
"Mino. ...."
#TBC
Bạn đang đọc truyện trên: Truyen3h.Co