Part 1
#zawgyi
"Jisooေရ ....မၿပီးေသးဘူးလား ငါေရာက္ေနၿပီေနာ္...."
"Jennieေတာင္ ေရာက္ေနၿပီ ငါ့သမီးေလးကေတာ့ ခုမွ အဝတ္အစားလဲတုံး "
တုိက္ခန္းေ႐ွ႕ ရပ္ေအာ္ေနတဲ့ Jennie အသံေၾကာင့္ Jisoo အေမမွာ အဝတ္အစားလဲေနတဲ့ သူ႔သမီးကုိ ေျပာလုိက္သည္
"Jennie သမီး ဝင္လာခဲ့ေလ....."
Jisoo အေမ တံခါးဖြင့္ေပးၿပီး Jennieကို အိမ္ထဲဝင္လာခုိင္းလုိက္သည္
"ၿပီးပါၿပီ Ommaရ....."
Jisooလည္း ေက်ာင္းဝတ္စုံလဲၿပီး ထြက္လာခဲ့သည္
Jennieမွာ အခန္းထဲက ထြက္လာတ့ဲ Jisooကို မ်က္ေတာင္မခတ္ စုိက္ၾကည့္ေနတာကို Jisoo က သတိမထားမိေပ
"Jennie သမီးေရာ မနက္စာ စားခ့ဲလား တစ္ခါတည္း ဝင္စားသြားပါလား '
"Omma chawလည္း မနက္စာ မစားေတာ့ဘူးမို႔ Jennieနဲ႔ အတူ လမ္းမွာ မုန္႔ဝယ္စားလုိက္မယ္ အတန္းေနာက္က်မွာ ဆုိးလုိ႔ သြားၿပီေနာ္ "
Jisooမွာ သူ႔အေမကို မနက္စာမစားေတာ့မယ့္အေၾကာင္း ေျပာၿပီး Jennie လက္ကို ဆြဲကာ ထြက္လာခဲ့သည္
"ကဲ လမ္းမွာ မုန္႔ဝယ္စားမယ္ဆုိေတာ့ ဘာမုန္႔ဝယ္ေကြၽးမွာလည္း Jisoo "
Jennie စိတ္လႈပ္႐ွားၿပီး ေမးေနေပမယ့္ Jisooက ဖုန္းနဲ႔ တစ္စုံတစ္ေယာက္ကုိ စာပုိ႔ေနသည္
"ဟဲ့ Jisoo....."
"Aww အင္း ဘာလည္း "
Jennieက သူ႔လက္ေမာင္းကုိ ႐ုိက္မွ Jennieကို Jisoo ၾကည့္လုိက္သည္
"ငါ့ကုိ ဘာမုန္႔ဝယ္ေကြၽးမလုိ႔လည္း ငါ မနက္စာမစားရေသးေတာ့ ဗုိက္ဆာ....."
"ဟုိ ဟို Sorry Jennie...တကယ္ေတာ့ ငါ နင့္ကုိ မုန္႔ဝယ္ေကြၽးမယ္ဆုိတာ ညာေျပာတာ "
"ဘာ နင့္ေၾကာင့္ ငါ အန္တီေကြၽးမယ့္မုန္႔ေတာင္ မစားခ့ဲရဘူးေနာ္ "
"တကယ္ေတာ့ ငါ...ငါ စီနီယာ Jinwooနဲ႔ ေက်ာင္းကို အတူသြားဖုိ႔ ခ်ိန္းထားလုိ႔ ေနာက္က်မွာဆုိးၿပီး အျမန္ထြက္လာခဲ့တာ "
"ဘာ တတိယႏွစ္က Visual Kingလား ......"
"ဟုတ္တယ္ ..."
"ေနပါအုံး နင္တုိ႔က တြဲေနၿပီလား "
"တြဲေနၿပီ သူနဲ႔ငါက "
"ဟင္ နင္ ငါ့ကုိလည္း ေျပာမျပဘူး.....ငါ နင့္သူငယ္ခ်င္းေရာ ဟုတ္ရဲ႕လား Jisoo...ငါတုိ႔ မူလတန္းကတည္းက ခင္လာတ့ဲဟာကို သူဖြင့္ေျပာတာ နင္ အေျဖေပးတာေတာင္ မသိလုိက္ရဘူး..... ငါ စိတ္မေကာင္းျဖစ္သြားၿပီ Jisoo "
"အာ အ့ဲလုိမဟုတ္ပါဘူး အရင္ရက္ပုိင္းေတြက လပတ္စာေမးပြဲေၾကာင့္ ငါတုိ႔ မေတြ႔ျဖစ္ၾကဘူးေလ အ့ဲတုံးကပါ...."
Jisoo ရည္းစားရသြားၿပီလုိ႔ သိလုိက္ရေတာ့ Jennie ရင္ထဲတစ္မ်ိဳးႀကီး ျဖစ္သြားၿပီး ဝမ္းနည္းသြားသည္
"Aww ဒါေၾကာင့္ နင္ အရမ္းမိတ္ကပ္ေတြ လိမ္းထားပါတယ္လုိ႔ ငါ သတိထားမိတာ.....သူ႔ေၾကာင့္ကိုး "
တီတီ.....
ဆုိင္ကယ္ဟြန္းသံေၾကာင့္ Jisoo ၾကည့္လုိက္ေတာ့ ဆုိင္ကယ္ေပၚကေန Jinwoo က လက္လွန္းျပေနသည္
"Miyanhae Jennie ဒီေန႔ေတာ့ နင္တစ္ေယာက္တည္း ေက်ာင္းသြားလုိက္ေနာ္ "
Jennieကို ႏႈတ္ဆက္ၿပီး Jinwoo ဆုိင္ကယ္ေပၚ Jisoo တက္လုိက္သည္
သူမကို လက္ျပႏႈတ္ဆက္ၿပီး Jinwoo ခါးကုိ ဖက္ကာ လုိက္သြားတဲ့ Jisooကို ၾကည့္ရင္း Jennie မ်က္ရည္ေတြက်လာသည္
Jennie သူမ အခင္ဆုံးသူငယ္ခ်င္းက ရည္းစားရသြားလုိ႔ ဝမ္းနည္းေနတယ္လုိ႔ ထင္မိေနေပမယ့္ သူမ မသိစိတ္ကေတာ့ Jisooကို ခ်စ္မိေနမလား?
"ဟင္း သူေတာင္ ရည္းစားထားေသးတာဘဲ ငါလည္း ထားမွာ ဒါဘဲ "
Jennie ေက်ာင္းကုိေလ်ွာက္လာရင္း စိတ္တုိၿပီး သူမေ႐ွ႕က အခ်ိဳရည္ဗူးခြံကုိ ေျပးကန္လုိက္သည္
ခြပ္
"အမေလးဗ်ာ့ "
Jennie သူမကန္လုိက္တဲ့ ဗူးခြံက ေကာင္ေလးတစ္ေယာက္ကုိ မွန္သြားတယ္ဆုိတာ သိၿပီး ျပႆ နာမျဖစ္ခင္ ထြက္ေျပးေလသည္
"ဟိတ္ မေျပးနဲ႔.... ဟိတ္ "
Jennie ေျပးေသာ္လည္း အေနာက္ကေန ေကာင္ေလးက ေျပးလုိက္သည္။
"ဟိတ္ ဂ်ပုမ ရပ္စမ္း လူပုသေလာက္ အေျပးကျမန္တာ "
Jennie သူမကို ဂ်ပုမလုိ႔ ေခၚလုိ႔ ေျပးရာကရပ္ၿပီး ရန္လုပ္လုိက္သည္
"ဘာဂ်ပုမလည္း သူ႔ကုိၾကည့္ေတာ့ ေခ်ာကလက္လုိ ညိဳမဲၿပီး "
"ေအာင္မာ.....ေယာကၤ်ားဆုိတာ ညိဳမွ ခန္႔တာ ေခ်ာ့တာသိလား.......ေနပါအုံး မင္းက ငါ့ကုိ ဗူးခြံနဲ႔ထုၿပီး မေတာင္းပန္ဘဲ ဘာလုိ႔ ထြက္ေျပးတာလည္း "
"Sorry... ငါ စိတ္႐ွဴပ္လာလုိ႔ပါ ရၿပီမလား ဆက္လုိက္မလာနဲ႔ ဒါဘဲ "
Jennie ေတာင္းပန္ၿပီး ထြက္လာခဲ့လုိက္သည္
ေက်ာင္းမတက္ခင္ ဗုိက္ဆာလုိ႔ ေက်ာင္းကန္တင္းဘက္ကို သြားေတာ့ Jinwooနဲ႔ မုန္႔အတူစားေနတဲ့ Jisooကို ေတြ႔ရေလသည္
Jennie မစားခ်င္တာနဲ႔လွည့္အထြက္ ခုနက သူမနဲ႔ ျပႆ နာ ျဖစ္ခဲ့တဲ့ေကာင္ေလးနဲ႔ တုိက္မိျပန္သည္
"Ah လုပ္ျပန္ၿပီ မင္းဘဲ ဘာလည္း ငါ့ကုိ ဇာတ္ကားေတြထဲကလုိ ဇာတ္လမ္းလာထြင္ေနတာလား "
"အံမယ္ ဆုေတာင္းေလ "
Jennie ရန္ျပန္လုပ္ေပမယ့္ တစ္ခုခုကုိေတြးမိၿပီး
"ငါ့နာမည္က Jennie...ဒုတိယႏွစ္က နင့္နာမည္ကေရာ ..."
"Mino တတိယႏွစ္က "
"ငါတုိ႔တြဲမလား...."
"ဟမ္...."
Jennie စကားေၾကာင့္ Mino မ်က္လုံးျပဴ းၿပီး အ့ံျသသြားသည္
Jennieကေတာ့ မ့ဲျပံဳးျပံဳးၿပီး Minoလက္ကိုတြဲလုိက္သည္
"အေျဖေနာက္မွေပး အခုေတာ့ မုန္႔အတူသြားစားရေအာင္ ငါ ဗုိက္ဆာလုိ႔ "
"ဟ ဟ ေနပါအုံး ေဟာဗ်ာ "
Mino ဘာမွမေျပာႏုိင္ဘဲ Jennie ေခၚရာကုိ ပါလာသည္
Jennie တကယ္ေတာ့ သူမကုိ ထားသြားတဲ့ Jisooကို လက္စားေခ်ဖုိ႔ ဘာမွမေတြးဘဲ ေခါင္းထဲ ေပၚလာတဲ့အၾကံကုိသာ လက္ေတြ႔ေဖာ္လုိက္ျခင္း ျဖစ္သည္....Minoမွာေတာ့ ဘာမွမသိဘဲ ရည္းစားတစ္ေယာက္ ရသြားေလသည္
To be continued
#Unicode
"Jisooရေ ....မပြီးသေးဘူးလား ငါရောက်နေပြီနော်...."
"Jennieတောင် ရောက်နေပြီ ငါ့သမီးလေးကတော့ ခုမှ အဝတ်အစားလဲတုံး "
တိုက်ခန်းရှေ့ ရပ်အော်နေတဲ့ Jennie အသံကြောင့် Jisoo အမေမှာ အဝတ်အစားလဲနေတဲ့ သူ့သမီးကို ပြောလိုက်သည်
"Jennie သမီး ဝင်လာခဲ့လေ....."
Jisoo အမေ တံခါးဖွင့်ပေးပြီး Jennieကို အိမ်ထဲဝင်လာခိုင်းလိုက်သည်
"ပြီးပါပြီ Ommaရ....."
Jisooလည်း ကျောင်းဝတ်စုံလဲပြီး ထွက်လာခဲ့သည်
Jennieမှာ အခန်းထဲက ထွက်လာတဲ့ Jisooကို မျက်တောင်မခတ် စိုက်ကြည့်နေတာကို Jisoo က သတိမထားမိပေ
"Jennie သမီးရော မနက်စာ စားခဲ့လား တစ်ခါတည်း ဝင်စားသွားပါလား '
"Omma chawလည်း မနက်စာ မစားတော့ဘူးမို့ Jennieနဲ့ အတူ လမ်းမှာ မုန့်ဝယ်စားလိုက်မယ် အတန်းနောက်ကျမှာ ဆိုးလို့ သွားပြီနော် "
Jisooမှာ သူ့အမေကို မနက်စာမစားတော့မယ့်အကြောင်း ပြောပြီး Jennie လက်ကို ဆွဲကာ ထွက်လာခဲ့သည်
"ကဲ လမ်းမှာ မုန့်ဝယ်စားမယ်ဆိုတော့ ဘာမုန့်ဝယ်ကျွေးမှာလည်း Jisoo "
Jennie စိတ်လှုပ်ရှားပြီး မေးနေပေမယ့် Jisooက ဖုန်းနဲ့ တစ်စုံတစ်ယောက်ကို စာပို့နေသည်
"ဟဲ့ Jisoo....."
"Aww အင်း ဘာလည်း "
Jennieက သူ့လက်မောင်းကို ရိုက်မှ Jennieကို Jisoo ကြည့်လိုက်သည်
"ငါ့ကို ဘာမုန့်ဝယ်ကျွေးမလို့လည်း ငါ မနက်စာမစားရသေးတော့ ဗိုက်ဆာ....."
"ဟို ဟို Sorry Jennie...တကယ်တော့ ငါ နင့်ကို မုန့်ဝယ်ကျွေးမယ်ဆိုတာ ညာပြောတာ "
"ဘာ နင့်ကြောင့် ငါ အန်တီကျွေးမယ့်မုန့်တောင် မစားခဲ့ရဘူးနော် "
"တကယ်တော့ ငါ...ငါ စီနီယာ Jinwooနဲ့ ကျောင်းကို အတူသွားဖို့ ချိန်းထားလို့ နောက်ကျမှာဆိုးပြီး အမြန်ထွက်လာခဲ့တာ "
"ဘာ တတိယနှစ်က Visual Kingလား ......"
"ဟုတ်တယ် ..."
"နေပါအုံး နင်တို့က တွဲနေပြီလား "
"တွဲနေပြီ သူနဲ့ငါက "
"ဟင် နင် ငါ့ကိုလည်း ပြောမပြဘူး.....ငါ နင့်သူငယ်ချင်းရော ဟုတ်ရဲ့လား Jisoo...ငါတို့ မူလတန်းကတည်းက ခင်လာတဲ့ဟာကို သူဖွင့်ပြောတာ နင် အဖြေပေးတာတောင် မသိလိုက်ရဘူး..... ငါ စိတ်မကောင်းဖြစ်သွားပြီ Jisoo "
"အာ အဲ့လိုမဟုတ်ပါဘူး အရင်ရက်ပိုင်းတွေက လပတ်စာမေးပွဲကြောင့် ငါတို့ မတွေ့ဖြစ်ကြဘူးလေ အဲ့တုံးကပါ...."
Jisoo ရည်းစားရသွားပြီလို့ သိလိုက်ရတော့ Jennie ရင်ထဲတစ်မျိုးကြီး ဖြစ်သွားပြီး ဝမ်းနည်းသွားသည်
"Aww ဒါကြောင့် နင် အရမ်းမိတ်ကပ်တွေ လိမ်းထားပါတယ်လို့ ငါ သတိထားမိတာ.....သူ့ကြောင့်ကိုး "
တီတီ.....
ဆိုင်ကယ်ဟွန်းသံကြောင့် Jisoo ကြည့်လိုက်တော့ ဆိုင်ကယ်ပေါ်ကနေ Jinwoo က လက်လှန်းပြနေသည်
"Miyanhae Jennie ဒီနေ့တော့ နင်တစ်ယောက်တည်း ကျောင်းသွားလိုက်နော် "
Jennieကို နှုတ်ဆက်ပြီး Jinwoo ဆိုင်ကယ်ပေါ် Jisoo တက်လိုက်သည်
သူမကို လက်ပြနှုတ်ဆက်ပြီး Jinwoo ခါးကို ဖက်ကာ လိုက်သွားတဲ့ Jisooကို ကြည့်ရင်း Jennie မျက်ရည်တွေကျလာသည်
Jennie သူမ အခင်ဆုံးသူငယ်ချင်းက ရည်းစားရသွားလို့ ဝမ်းနည်းနေတယ်လို့ ထင်မိနေပေမယ့် သူမ မသိစိတ်ကတော့ Jisooကို ချစ်မိနေမလား?
"ဟင်း သူတောင် ရည်းစားထားသေးတာဘဲ ငါလည်း ထားမှာ ဒါဘဲ "
Jennie ကျောင်းကိုလျှောက်လာရင်း စိတ်တိုပြီး သူမရှေ့က အချိုရည်ဗူးခွံကို ပြေးကန်လိုက်သည်
ခွပ်
"အမလေးဗျာ့ "
Jennie သူမကန်လိုက်တဲ့ ဗူးခွံက ကောင်လေးတစ်ယောက်ကို မှန်သွားတယ်ဆိုတာ သိပြီး ပြဿ နာမဖြစ်ခင် ထွက်ပြေးလေသည်
"ဟိတ် မပြေးနဲ့.... ဟိတ် "
Jennie ပြေးသော်လည်း အနောက်ကနေ ကောင်လေးက ပြေးလိုက်သည်။
"ဟိတ် ဂျပုမ ရပ်စမ်း လူပုသလောက် အပြေးကမြန်တာ "
Jennie သူမကို ဂျပုမလို့ ခေါ်လို့ ပြေးရာကရပ်ပြီး ရန်လုပ်လိုက်သည်
"ဘာဂျပုမလည်း သူ့ကိုကြည့်တော့ ချောကလက်လို ညိုမဲပြီး "
"အောင်မာ.....ယောင်္ကျားဆိုတာ ညိုမှ ခန့်တာ ချော့တာသိလား.......နေပါအုံး မင်းက ငါ့ကို ဗူးခွံနဲ့ထုပြီး မတောင်းပန်ဘဲ ဘာလို့ ထွက်ပြေးတာလည်း "
"Sorry... ငါ စိတ်ရှူပ်လာလို့ပါ ရပြီမလား ဆက်လိုက်မလာနဲ့ ဒါဘဲ "
Jennie တောင်းပန်ပြီး ထွက်လာခဲ့လိုက်သည်
ကျောင်းမတက်ခင် ဗိုက်ဆာလို့ ကျောင်းကန်တင်းဘက်ကို သွားတော့ Jinwooနဲ့ မုန့်အတူစားနေတဲ့ Jisooကို တွေ့ရလေသည်
Jennie မစားချင်တာနဲ့လှည့်အထွက် ခုနက သူမနဲ့ ပြဿ နာ ဖြစ်ခဲ့တဲ့ကောင်လေးနဲ့ တိုက်မိပြန်သည်
"Ah လုပ်ပြန်ပြီ မင်းဘဲ ဘာလည်း ငါ့ကို ဇာတ်ကားတွေထဲကလို ဇာတ်လမ်းလာထွင်နေတာလား "
"အံမယ် ဆုတောင်းလေ "
Jennie ရန်ပြန်လုပ်ပေမယ့် တစ်ခုခုကိုတွေးမိပြီး
"ငါ့နာမည်က Jennie...ဒုတိယနှစ်က နင့်နာမည်ကရော ..."
"Mino တတိယနှစ်က "
"ငါတို့တွဲမလား...."
"ဟမ်...."
Jennie စကားကြောင့် Mino မျက်လုံးပြူ းပြီး အံ့သြသွားသည်
Jennieကတော့ မဲ့ပြုံးပြုံးပြီး Minoလက်ကိုတွဲလိုက်သည်
"အဖြေနောက်မှပေး အခုတော့ မုန့်အတူသွားစားရအောင် ငါ ဗိုက်ဆာလို့ "
"ဟ ဟ နေပါအုံး ဟောဗျာ "
Mino ဘာမှမပြောနိုင်ဘဲ Jennie ခေါ်ရာကို ပါလာသည်
Jennie တကယ်တော့ သူမကို ထားသွားတဲ့ Jisooကို လက်စားချေဖို့ ဘာမှမတွေးဘဲ ခေါင်းထဲ ပေါ်လာတဲ့အကြံကိုသာ လက်တွေ့ဖော်လိုက်ခြင်း ဖြစ်သည်....Minoမှာတော့ ဘာမှမသိဘဲ ရည်းစားတစ်ယောက် ရသွားလေသည်
To be continued
Bạn đang đọc truyện trên: Truyen3h.Co