Truyen3h.Co

Playing With Jealousy

Part 2

KimFany059

#zawgyi

"Mino ေဟ့ေရာင္....."

Jinwoo သူ႔ေကာင္မေလးနဲ႔ မုန္႔စားေနရင္း ေကာင္မေလးတစ္ေယာက္နဲ႔ ကန္တင္းထဲ ဝင္လာတ့ဲ Minoကို ေတြ႔လုိက္လုိ႔ လွမ္းေခၚလုိက္သည္

"သူက ဘယ္သူလည္း "

Minoနား ကပ္ၿပီး Jennie တုိးတုိးေလးေမးလုိက္သည္

"ငါ့နာမည္ေခၚမွေတာ့ ငါ့သူငယ္ခ်င္းေပါ့ဟ "

"ဟ့ဲ ငါတုိ႔ရည္းစားလုိ ဟန္ေဆာင္ရမယ္ေနာ္ သိတယ္မလား "

"ေအးပါကြာ "

Jisooလည္း မုန္႔စားရင္း လွမ္းၾကည့္ေတာ့ ေကာင္ေလးတစ္ေယာက္လက္ကို တြဲၿပီး သူမတုိ႔ဆီ ေလ်ွာက္လာတဲ့ Jennieကို ေတြ႔ရေလသည္

"ဟင္ Jennie နင္ ဘယ္တုံးက ရည္းစားရသြားတာလည္း "

"ခုနကဘဲ...."

Jisooရဲ႕ အ့ံျသေနတဲ့ မ်က္လုံးကုိ စုိက္ၾကည့္ၿပီး Jennie ျပန္ေျဖလုိက္သည္

"ဟယ္ ျမန္တာ "

"တကယ္ေတာ့ သူ ငါ့ကုိဖြြင့္ေျပာထားတာၾကာၿပီ ငါ အခုမွ အေျဖေပးလုိက္တာ "

Jennie စကားေၾကာင့္ Song Minoေလးမွာ အူေၾကာင္ေၾကာင္ ျဖစ္သြားသည္

"ငွယ္ ဗုိလ္ခ်ဳပ္ေရ ကယ္ပါအုံး ငါကဘဲ သူ႔ကုိ ဖြင့္ေျပာတယ္ ျဖစ္ရေသး💭"

"Sooတုိ႔က အသိေတြလား "

"ဟုတ္ပါ့ မူလတန္းကတည္းက ေပါင္းလာတဲ့ ငယ္သူငယ္ခ်င္းေတြေလ Oppa...သူ႔နာမည္က Jennieတဲ့...."

"ေတြ႔ရတာ ဝမ္းသာပါတယ္ Jinwooပါ...ဒါနဲ့ Mino မင္းေျပာေတာ့ final က Noona CLကို ႀကိဳက္တာဆုိ ခုက် "

"ဟုိ ဒါက...ဒီလုိ....ဟာ.....အား...."

Mino ဘာေျဖရမွန္း မသိ ျဖစ္ေနစဥ္ Jennie တစ္ေယာက္ Minoရဲ႕ လက္ကို မသိမသာေလး ဆြဲဆိတ္လုိက္သည္

Jinwooမွာ သူ႔သူငယ္ခ်င္း Minoကို နားမလည္တ့ဲ ပုံစံနဲ႔ ၾကည့္ေနသည္

"Oppaက စိတ္လႈပ္႐ွားေနလုိ႔ ဘာမွမေျပာႏုိင္ေတာ့ chawကဘဲ သူ႔အစားေျပာေပးမယ္ သူဖြင့္ေျပာတာ တစ္ပတ္ေလာက္ဘဲ ႐ွိပါေသးတယ္
အ့ဲတာ ဒီေန႔ ေက်ာင္းေပါက္ကေန ေစာင့္ၿပီး အေျဖေတာင္းေနလုိ႔ သနားလို႔ အေျဖေပးလုိက္တာ "

Minoလည္း Jennieဆီက ထပ္ၿပီး ဆြဲဆိတ္ခံရမွာဆုိးလုိ႔ ဘာမွမေျပာဘဲ သက္ျပင္းသာ ခ်မိလုိက္သည္

"ဒါဆုိ မုိက္တာေပါ့ Sooနဲ႔ Jennie ကလည္း သူငယ္ခ်င္းေတြ Minoနဲ႔ ကိုယ္ကလည္း သူငယ္ခ်င္းဆုိေတာ့ ေပ်ာ္စရာႀကီး....."

"ေနာက္မွ ေပ်ာ္ေတာ့ ငါ့ေကာင္ေရ ငါ ဗုိက္ဆာေနၿပီဟ "

Mino ေဘးက ထုိင္ခုံတစ္ခုံကုိ ဆြဲၿပီး ဝင္ထုိင္လုိက္သည္

Jennieလည္း Jisoo ေဘးနား ဝင္ထုိင္ၿပီး စားစရာေတြ မွာလုိက္သည္။

မနက္စာစားၿပီး အတန္းဘက္သြားေနၾကစဥ္ Minoတစ္ေယာက္ Jennie လက္ကိုဆြဲၿပီး

"Jinwoo မင္းတုိ႔အရင္ သြားႏွင့္ ငါ Jennie နဲ႔ ေျပာစရာ႐ွိလုိ႔ "

"Aww ေအးေအး "

Jennie လက္ကို ဆြဲၿပီး ေက်ာင္းေခါင္မုိးထပ္ေပၚသုိ႔ ေခၚလာသည္

"ကဲ အေမႊစိန္မယ္ေတာ္ေခ်ာ မင္း ေမႊလုိက္လုိ႔ ငါ့မွာ ေနရင္းထုိင္ရင္း ရည္းစားတစ္ေယာက္က အပိုရသြားၿပီ ၿပီးက် ငါကဘဲ မင္းကုို ႀကိဳက္ရတယ္ေျပာေသး တြဲဖုိ႔ အရင္လာေျပာတာ မင္းေလ "

Mino သူ႔ဆံပင္ေတြကို ဖြၿပီး ေျပာလုိက္သည္

"ငါ့လုိ အေခ်ာေလးနဲ႔တြဲရတာကုိ နင္ကဘဲ စိတ္တုိရတယ္႐ွိေသး ငါတုိ႔ အေပးအယူနဲ႔တြဲရေအာင္ေလ"

"ဘယ္လုိ အေပးအယူလည္း "

"နင္ ငါနဲ႔တြဲဟန္ေဆာင္ေပး နင္ျဖစ္ခ်င္တာေတြ ငါ လုပ္ေပးမယ္ နင္လုိခ်င္တာေတြ ဝယ္ေပးမယ္ "

"မင္းက Sugar Mommyလား....."

"Whatever...အေပးအယူနဲ႔တြဲတယ္လုိ႔ သေဘာထားလုိက္ၿပီ bye အတန္းေနာက္က်ေတာ့မယ္ '

Minoကို ႏႈတ္ဆက္ၿပီး Jennie ထြက္လာခဲ့သည္

*********************************

Jisooရဲ႕ တုိက္ခန္းက Jennieတုိ႔ တုိက္ခန္း အေပၚထပ္မွာမုိ႔ ညေနခင္း Jennieမွာ Jisoo နဲ႔ အတူ စာလုပ္ဖုိ႔ ေရာက္လာသည္

ႏွစ္ေယာက္သား စားပြဲခုံမွာ မ်က္ႏွာခ်င္းဆုိင္ထုိင္ၿပီး စာလုပ္ေနစဥ္ Jennieရဲ႕ လက္က ခုံေအာက္ကေန Jisooရဲ႕ ေပါင္ကုိ သြားပြတ္ေနသည္

"Yah Jendukie ဘာလုပ္တာလည္း "

"Aww ေဘာပင္ျပဳတ္က်သြားလုိ႔ လုိက္႐ွာေနတာ ေဆာတီး "

"ေဘာပင္က ၾကမ္းျပင္ေပၚ ျပဳတ္က်တာ ငါ့ေပါင္နဲ႔ဘာဆုိင္လို႔လည္း "

"ေရဆာတယ္.....ေရတုိက္အုံး "

Jennie စကားလမ္းေၾကာင္းလႊဲပစ္လုိက္သည္

"ခဏ ငါ သြားယူအုံးမယ္ "

Jisoo စာလုပ္ရာက ရပ္ၿပီး သူမ အခန္းထဲက ထြက္သြားကာ ေရဘူးသြားယူေလသည္။

"ရၿပီ....ေရာ့ '.

Jennieလည္း ေရကုိ အားပါတရေသာက္ၿပီး Jisooနား ကပ္လာသည္

"နင္ေရာ ေရမဆာဘူးလား "

"ဆာတာေပါ့ နင္ၿပီးရင္ ငါေသာက္မလုိ႔ "

"ဒါဆုိ ေရာ့ "

Jennie မေျပာမဆုိနဲ႔ Jisooရဲ႕ ႏႈတ္ခမ္းကုိ နမ္းလုိက္သည္

#TBC

#Unicode

"Mino ဟေ့ရောင်....."

Jinwoo သူ့ကောင်မလေးနဲ့ မုန့်စားနေရင်း ကောင်မလေးတစ်ယောက်နဲ့ ကန်တင်းထဲ ဝင်လာတဲ့ Minoကို တွေ့လိုက်လို့ လှမ်းခေါ်လိုက်သည်

"သူက ဘယ်သူလည်း "

Minoနား ကပ်ပြီး Jennie တိုးတိုးလေးမေးလိုက်သည်

"ငါ့နာမည်ခေါ်မှတော့ ငါ့သူငယ်ချင်းပေါ့ဟ "

"ဟဲ့ ငါတို့ရည်းစားလို ဟန်ဆောင်ရမယ်နော် သိတယ်မလား "

"အေးပါကွာ "

Jisooလည်း မုန့်စားရင်း လှမ်းကြည့်တော့ ကောင်လေးတစ်ယောက်လက်ကို တွဲပြီး သူမတို့ဆီ လျှောက်လာတဲ့ Jennieကို တွေ့ရလေသည်

"ဟင် Jennie နင် ဘယ်တုံးက ရည်းစားရသွားတာလည်း "

"ခုနကဘဲ...."

Jisooရဲ့ အံ့သြနေတဲ့ မျက်လုံးကို စိုက်ကြည့်ပြီး Jennie ပြန်ဖြေလိုက်သည်

"ဟယ် မြန်တာ "

"တကယ်တော့ သူ ငါ့ကိုဖွင့်ပြောထားတာကြာပြီ ငါ အခုမှ အဖြေပေးလိုက်တာ "

Jennie စကားကြောင့် Song Minoလေးမှာ အူကြောင်ကြောင် ဖြစ်သွားသည်

"ငှယ် ဗိုလ်ချုပ်ရေ ကယ်ပါအုံး ငါကဘဲ သူ့ကို ဖွင့်ပြောတယ် ဖြစ်ရသေး💭"

"Sooတို့က အသိတွေလား "

"ဟုတ်ပါ့ မူလတန်းကတည်းက ပေါင်းလာတဲ့ ငယ်သူငယ်ချင်းတွေလေ Oppa...သူ့နာမည်က Jennieတဲ့...."

"တွေ့ရတာ ဝမ်းသာပါတယ် Jinwooပါ...ဒါနဲ့ Mino မင်းပြောတော့ final က Noona CLကို ကြိုက်တာဆို ခုကျ "

"ဟို ဒါက...ဒီလို....ဟာ.....အား...."

Mino ဘာဖြေရမှန်း မသိ ဖြစ်နေစဉ် Jennie တစ်ယောက် Minoရဲ့ လက်ကို မသိမသာလေး ဆွဲဆိတ်လိုက်သည်

Jinwooမှာ သူ့သူငယ်ချင်း Minoကို နားမလည်တဲ့ ပုံစံနဲ့ ကြည့်နေသည်

"Oppaက စိတ်လှုပ်ရှားနေလို့ ဘာမှမပြောနိုင်တော့ chawကဘဲ သူ့အစားပြောပေးမယ် သူဖွင့်ပြောတာ တစ်ပတ်လောက်ဘဲ ရှိပါသေးတယ်
အဲ့တာ ဒီနေ့ ကျောင်းပေါက်ကနေ စောင့်ပြီး အဖြေတောင်းနေလို့ သနားလို့ အဖြေပေးလိုက်တာ "

Minoလည်း Jennieဆီက ထပ်ပြီး ဆွဲဆိတ်ခံရမှာဆိုးလို့ ဘာမှမပြောဘဲ သက်ပြင်းသာ ချမိလိုက်သည်

"ဒါဆို မိုက်တာပေါ့ Sooနဲ့ Jennie ကလည်း သူငယ်ချင်းတွေ Minoနဲ့ ကိုယ်ကလည်း သူငယ်ချင်းဆိုတော့ ပျော်စရာကြီး....."

"နောက်မှ ပျော်တော့ ငါ့ကောင်ရေ ငါ ဗိုက်ဆာနေပြီဟ "

Mino ဘေးက ထိုင်ခုံတစ်ခုံကို ဆွဲပြီး ဝင်ထိုင်လိုက်သည်

Jennieလည်း Jisoo ဘေးနား ဝင်ထိုင်ပြီး စားစရာတွေ မှာလိုက်သည်။

မနက်စာစားပြီး အတန်းဘက်သွားနေကြစဉ် Minoတစ်ယောက် Jennie လက်ကိုဆွဲပြီး

"Jinwoo မင်းတို့အရင် သွားနှင့် ငါ Jennie နဲ့ ပြောစရာရှိလို့ "

"Aww အေးအေး "

Jennie လက်ကို ဆွဲပြီး ကျောင်းခေါင်မိုးထပ်ပေါ်သို့ ခေါ်လာသည်

"ကဲ အမွှေစိန်မယ်တော်ချော မင်း မွှေလိုက်လို့ ငါ့မှာ နေရင်းထိုင်ရင်း ရည်းစားတစ်ယောက်က အပိုရသွားပြီ ပြီးကျ ငါကဘဲ မင်းကို ကြိုက်ရတယ်ပြောသေး တွဲဖို့ အရင်လာပြောတာ မင်းလေ "

Mino သူ့ဆံပင်တွေကို ဖွပြီး ပြောလိုက်သည်

"ငါ့လို အချောလေးနဲ့တွဲရတာကို နင်ကဘဲ စိတ်တိုရတယ်ရှိသေး ငါတို့ အပေးအယူနဲ့တွဲရအောင်လေ"

"ဘယ်လို အပေးအယူလည်း "

"နင် ငါနဲ့တွဲဟန်ဆောင်ပေး နင်ဖြစ်ချင်တာတွေ ငါ လုပ်ပေးမယ် နင်လိုချင်တာတွေ ဝယ်ပေးမယ် "

"မင်းက Sugar Mommyလား....."

"Whatever...အပေးအယူနဲ့တွဲတယ်လို့ သဘောထားလိုက်ပြီ bye အတန်းနောက်ကျတော့မယ် '

Minoကို နှုတ်ဆက်ပြီး Jennie ထွက်လာခဲ့သည်

*********************************

Jisooရဲ့ တိုက်ခန်းက Jennieတို့ တိုက်ခန်း အပေါ်ထပ်မှာမို့ ညနေခင်း Jennieမှာ Jisoo နဲ့ အတူ စာလုပ်ဖို့ ရောက်လာသည်

နှစ်ယောက်သား စားပွဲခုံမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး စာလုပ်နေစဉ် Jennieရဲ့ လက်က ခုံအောက်ကနေ Jisooရဲ့ ပေါင်ကို သွားပွတ်နေသည်

"Yah Jendukie ဘာလုပ်တာလည်း "

"Aww ဘောပင်ပြုတ်ကျသွားလို့ လိုက်ရှာနေတာ ဆောတီး "

"ဘောပင်က ကြမ်းပြင်ပေါ် ပြုတ်ကျတာ ငါ့ပေါင်နဲ့ဘာဆိုင်လို့လည်း "

"ရေဆာတယ်.....ရေတိုက်အုံး "

Jennie စကားလမ်းကြောင်းလွှဲပစ်လိုက်သည်

"ခဏ ငါ သွားယူအုံးမယ် "

Jisoo စာလုပ်ရာက ရပ်ပြီး သူမ အခန်းထဲက ထွက်သွားကာ ရေဘူးသွားယူလေသည်။

"ရပြီ....ရော့ '.

Jennieလည်း ရေကို အားပါတရသောက်ပြီး Jisooနား ကပ်လာသည်

"နင်ရော ရေမဆာဘူးလား "

"ဆာတာပေါ့ နင်ပြီးရင် ငါသောက်မလို့ "

"ဒါဆို ရော့ "

Jennie မပြောမဆိုနဲ့ Jisooရဲ့ နှုတ်ခမ်းကို နမ်းလိုက်သည်

#TBC

Bạn đang đọc truyện trên: Truyen3h.Co