Truyen3h.Co

ငါညာခဲ့ပါတယ်​..... ဒါ​ပေမယ့်​.....

ငါညာခဲ့ပါတယ်​ ဒါ​ပေမယ့်​ (Part-1)

KimFany059

Yuri နဲ့ Taeyeon ဆိုတဲ့ ​ကောင်​မ​လေး နှစ်​​ယောက်​က အ​ဆောင်​တစ်​ခုမှာ အတူတူ​နေကြသူ​တွေပါ.... ဇီဇာ​ကြောင်​သူတစ်​ဦးဖြစ်​သူ ဇီဇာ​ကြောင်​လွန်းလို့ အပျိုကြီးဖြစ်​မယ်​လို့ ၀ိုင်း သမုတ်​ခံရသူ သူတို့ရဲ့ သူငယ်​ချင်းလည်း ဖြစ်​တဲ့ Kim Hyoyeonက​တော့ Yuriနဲ့ Taeyeonတို့ ​နေတဲ့ အ​ဆောင်​ပိုင်​ရှင်​ ဖြစ်​ပါတယ်​..... Hyoyeonက သူ့အိမ်​မှာ ​အေး​ဆေး​နေနိုင်​တယ်​​ပြော​ပေမယ့်​ Yuriတို့က​တော့ အားနာလို့ အ​ဆောင်​​နေသလို သတ်​မှတ်​ပြီး အ​ဆောင်​ခ ယူပါဆိုပြီး ဇွတ်​​ပေးကြလို့ အားနားပါးနာနဲ့ ယူလိုက်​ရတယ်​......Taeyeonနဲ့ Yuriက မိဘမဲ့ က​လေး​တွေပါ သူတို့ငယ်​စဉ်​ကတည်းက အလုပ်​လုပ်​ရင်း ​ကျောင်းတက်​ရပြီး လူချမ်းသာသမီး Hyoyeonနဲ့ ခင်​သွားကြသူများ ဖြစ်​သည်​။
Taeyeon နဲ့ Yuri ဒီ​နေ့ နားရက်​ရတာနဲ့ ​နေမြင့်​တဲ့ထိ အိပ်​​နေကြသည်​။ Hyoyeonက​တော့ အ​စောကြီး ထပြီး ညတုံးက ရုပ်​ရှင်​ကြည့်​ရင်း Taeyeonတို့ ဖွထားတဲ့ မုန့်​ခွံ​တွေကို ပွစိပွစိ ​ပြောရင်း လိုက်​​ကောက်​​နေသည်​။
"ဘယ်​​တော့မှ သပ်​သပ်​ရပ်​ရပ်​ မ​နေကြဘူး ဗရမ်းဗတာ​တွေ ​နေ​နေကြတာ သူတို့ကို ယူမယ့်​ ​ယောင်္ကျား​တွေကို သနားလိုက်​တာ 😒😒😒"
Taeyeon လက်​ကြီး​မြှောက်​ပြီး သန်းရင်း အခန်းထဲက ထွက်​လာသည်​။
"ဘယ်​သူ​တွေကို သနား​နေတာလည်း Hyo....."
"နင်​တို့ကို ယူမယ့်​ ​ယောင်္ကျား​လေး​တွေကို​လေ....."
"​အေး​ပေါ့ ငါတို့ကို ယူမယ့်​ ​ယောင်္ကျား​လေး​တွေကို နင်​က သနားသလို ငါတို့ကလည်း နင့်​လို ဇီဇာ​ကြောင်​တဲ့ မိန်းက​လေးကို ယူမယ့်​ ​ယောင်္ကျား​လေး​ကို သနားမိတယ်​ ဒါမယ့်​ နင့်​ကို ယူမယ့်​ သူ​ရော ရှိပါ့မလား😜😜"
"Yrrr ကင်​ထယ်​ပု....."
"နင်​လည်း အပုဘဲကို😝😝"
"Yrr....ငါ မနက်​စာ ချက်​ပြီးပြီ...... yuriကို သွားနှိုးလိုက်​​တော့ ​နောက်​ကျ​နေပီ.. ."
"ငါ မအားဘူး မျက်​နှာသစ်​ရအုံးမှာ နင်​သွားနှိုးလိုက်​😝😝"လို့​ပြောပြီး ​ရေချိုးခန်းထဲ ၀င်​သွားတဲ့ Taeyeonကို ​ခေါင်းခါရင်း ကြည့်​ပြီး Yuriကို Hyoyeon သွားနှိုးသည်​။အခန်းထဲလည်း ၀င်​လိုက်​​ရော မြင်​လိုက်​ရတဲ့ မြင်​ကွင်း​ကြောင့်​ Hyoyeonတ​ယောက်​ ထ​အော်​ပါ​လေ​ရော.. ...Hyoyeonအသံ​ကြောင့်​ Yuri လန့်​နိုးလာပြီး
"Wae..... ဘာဖြစ်​လို့လည်း.. ..."
"နင်​​လေ....."
"ငါက ဘာဖြစ်​လို့လဲ....."
"ဘာဖြစ်ရမှာလည်း ​​အ၀တ်​အစား​တွေ မပါဘဲ ​အတွင်းခံနဲ့ အိပ်​​နေတာ​လေ......"
"အာ.... အဲ့တာ ပူလို့ပါ​ဟာ...."
"Air Conမဖွင့်​ဘူးလား....."
"Taeyeonက ချမ်းလို့ဆိုပြီး ပိတ်​လိုက်​လို့...."
Yuriကို ကြည့်​ပြီး Hyoyeon စိတ်​ပျက်​တဲ့ ​လေသံနဲ့
"အ၀တ်​​တွေ မြန်​မြန်​ပြန်​၀တ်​စမ်းပါ....."
"ဘာလို့လည်း မိန်းက​လေးအချင်းချင်းကို.. .."
Hyoyeonတ​ယောက်​ Yuriရဲ့ အ၀တ်​အစား​တွေကို ​ကောက်​​ပေးပြီး
"နင့်​အခန်းထဲလည်း Yuri စာအုပ်​​တွေချည်းဘဲ....."
"ငါ့အခန်းပါဆို ငါ့စာအုပ်​ဘဲ ရှိမှာ​ပေါ့ဟ...."
"ငါဆိုလိုတာက Yuri ဟိုစာအုပ်​​တွေဟာ....."
"ဟဲ့ ရှင်းရှင်းလင်းလင်း ​ပြောပါဟဲ့ မသိတဲ့ လူ​တွေဆို ဟို စာအုပ်​ကို ဟို စာအုပ်​လို့ ထင်​​နေမှာ...."
"နင်​​ပြောမှဘဲ ​ပိုဆိုးသွားပြီ ငါက ​ပြောမထွက်​လို့ဟ...."
"မိန်းက​လေးချင်း ချစ်​တဲ့ အ​ကြောင်း ​ရေးထားတဲ့ Yuriစာအုပ်​ကို ​ပြောတာမဟုတ်​လား....."
"​အေး....ဟုတ်​တယ်​​...."
"မိန်းက​လေးချင်း ချစ်​တာ ရှက်​စရာမှ မဟုတ်​တာ လူ လူ ချင်း ချစ်​ကြတာဘဲ အပြစ်​တစ်​ခုမှ မဟုတ်​တာ.. ..."
"ဟုတ်​ပါတယ်​ ငါသိပါတယ် နင်​က yuriဆိုတာ....."
"သိရမှာ​ပေါ့ ငယ်​ငယ်​​လေးကတည်းက ​ပေါင်းလာတာကို....."
"ငါ ​ပြောတာက Kwon Yuriကို မဟုတ်​ဘူး နင်​က မိန်းက​လေးချင်း ချစ်​တာ Yuriကို လက်ခံတဲ့ သူဆိုတာ ငါသိပါတယ်လို့ အမ​လေး ​မောတာဟယ်​ Yuriနဲ့ ပတ်​ရှုပ်​​နေတယ်​ ​တော်​ပြီ ​တော်​ပြီ ဆက်​မ​ပြော​တော့​ဘူး မနက်​စာ ပြင်​ထားတယ်​ လာစားလှည့်​ အ​မ​လေး မူးလိုက်​တာ..."
Hyoyeon တ​ယောက်​ သူ့​ခေါင်းကို ကိုင်​ပြီး အခန်းထဲက​နေ မီးဖို​ချောင်​ဘက်​ကို ထွက်​သွားတယ်​....
Taeyeon တို့ မနက်​စာစားကြရင်း
"Hyoyeon.. ..."
"Omm​ပြော Taeyeon.. ...."
"နင့်​ clubမှာ စားပွဲထိုး တစ်​ခါ လုပ်​ဖူးတဲ့ Tiffany ဆိုတဲ့ တ​ယောက်​ကို မှတ်​မိလား......"
Hyoyeon အ​တော်​အတန်​ စဉ်းစားပြီး​နောက်
"အာ.... မှတ်​မိပြီ အဲ့​ကောင်​မ​လေးက Eye smile ​လေးနဲ့ ​တော်​​တော်​ ချစ်​ဖို့​ကောင်းတာ အလုပ်​လည်း ကြိုးစားတယ်​​လေ ဒါ​ပေမယ့် သူ့ချစ်​သူက Clubမှာ လုပ်​တာ မကြိုက်​ဘူး ​ပြောလို့ဆိုပြီး အလုပ်​ထွက်​သွားတဲ့ တ​ယောက်​....."
"နင်​မှတ်​မိလို့ ​တော်​​သေးတာ​ပေါ့.. .."
"ဘာကိစ္စလည်း.. .."
"ဒီလိုဟာ သူငှါးထားတဲ့ တိုက်​ခန်းက စာချုပ်​ပြည့်​သွားလို့ ​နေစရာမရှိလို့ဆိုပြီး ငါ့ကို​ပြောလို့ မင်းအိမ်​ အ​ပေါ်ထပ်​မှာ ထပ်​ခိုး အခန်း​လေးရှိတာ ငါသတိရလို့...."
"အဲ့​တော့....."
"အဲ့အခန်း​လေး သူ့ကို ငှါးလိုက်​ပါ့လား ......."
"ဟဲ့ ငါ့အိမ်​က အ​ဆောင်​မဟုတ်​ဘူး​နော်​....."
"ငါ သိပါတယ်​ဟာ.... ဒါ​ပေမယ့် တခါ​လောက်​​တော့ ကူညီ​ပေးပါ​နော်​...."
"​နေပါအုံး နင်​က သူနဲ့ ဘယ်​လိုသိတာလည်း "
"Aww.... ငါအလုပ်​လုပ်​တဲ့ Sooyoung တို့ မုန့်​ဆိုင်​ကို ခဏခဏ လာစားတယ်​​လေ အဲ့မှာ ခင်​သွားကြပြီး သူနဲ့ ဟီး😁 ချစ်​သူ ဖြစ်​သွားတာ....."
"ဘာ.... Tiffanyနဲ့ဟုတ်​လား....."
"Omm...."
"ဒါဆို နင်​က Yuri​ပေါ့...."
"Hyo... ဘာ​တွေ​ကြောင်​​နေတာတုံး ငါက Taeyeon ​လေ Yuriက ငါ့​ဘေးမှာ မနက်​စာ စား​နေတယ်​.. .."
Hyoyeon သူ့​ခေါင်း​ကို တဗြင်းဗြင်းကုတ်​ရင်း
"မနက်​ကတည်းက ဒီ Yuriနဲ့ ပတ်​ရှုပ်​​နေတာ😖😖 Kwon Yuri​ရေ နင်​ရှင်းပြလိုက်​စမ်းပါ"
Yuriလည်း ပဲပင်​​ပေါက်​ ဟင်းရည်​ကို ​မော့လိုက်​ပြီး
"ဒီလိုဟာ Yuriဆိုတာ နင်​တို့လို မိန်းက​လေး ချင်း ချစ်​ကြိုက်​တဲ့သူ​တွေကို ​ခေါ်တာ ငါလည်း Yuriဘဲ....."
"Aww .... သိပြီ နင်​က Yuriဆိုတာ ငါသိပါတယ်.. .."
"ငါ​ပြောချင်​တာက....."
"​တော်​ကြပါ​တော့​အေ ရှင်း​လေ ရှုပ်​​လေ ဒီတသက်​ ပြီးအုံးမှာလား နင်​လည်း နာမည်​​ပြောင်းမှဘဲ Kwon Yuri.....😒😒"
"​တော်​လိုက်​ပါပြီ Hyoရာ တခါ​လောက်​ပါ plz ငါ့ Fany​လေး သနားပါတယ်​ ကိုယ်​နဲ့ မရင်းနှီးတဲ့ မြို့ကို လာအလုပ်​လုပ်​ပြီး နယ်​က မိဘ​တွေကို ပိုက်​ဆံပို့​ပေးရတာ😢😢😢😢😢 "
"​အေးပါ ​အေးပါ လက်​မခံချင်​လို့လည်း မရဘူး​​လေ မျက်​နှာက ဇီးရွက်​​လောက်​ ရှိ​နေပြီ....."
"Yeah..... ဒါမှ ငါ့ Hyoကွ😘😘"
"​တော်​စမ်းပါ စားစရာရှိတာသာ စားစမ်းပါ...."
"ထပ်​ခိုးအခန်းက Tiffanyဆိုတဲ့ တစ်​​ယောက်​ ​နေရမှမဟုတ်​ဘူး ငါ​နေရမှာ..."
"ဘာလို့လည်း Yuri...."
"မင်းတို့က အတွဲ​တွေ​လေ😏😏😏Taeyeon"
"😁"
"မနက်​ကဘဲ နင်​တို့ကို ယူမယ့်​ ​ယောင်္ကျား​တွေ​တော့ သနားပါတယ်​လို့ ငါ​ပြော​နေတာ ခု​တော့ စကားပြန်​​ပြောင်းပြီ နင်​တို့ကို ယူမယ့်​ မိန်းမ​တွေ​တော့ သနားပါတယ်​.....Taeyeonက​တော့ ​သေချာ​ပေါက်​ မိန်းမယူမှာ..... Yuriက​တော့....."
"ငါက Yuri​လေ....."
"​တော်​ပြီ​ဟေ့ ​ငါကြာရင်​ ဒီ Yuri​ကြောင့်​ ရူး​တော့မယ်​ စားပြီးသား ပန်းကန်​​တွေ နင်​တို့ထဲက တ​ယောက်​ ​ဆေးလိုက်​​တော့ ဒီမှာ ငါဆက်​ထိုင်​​နေရင်​ မူးလဲသွားလိမ့်​မယ်​..."
Hyoyeonတ​ယောက်​ သူ့အခန်းထဲကို ​ပြေးဝင်​သွားတယ်​.....

Bạn đang đọc truyện trên: Truyen3h.Co