ငါညာခဲ့ပါတယ်..... ဒါပေမယ့်.....
ငါညာခဲ့ပါတယ် ဒါပေမယ့် (Part-2)
စားပြီးသောက်ပြီး ပန်းကန်များကို ဆေးပြီးနောက် Taeyeonကတော့ သူ့ချစ်သူ Tiffanyနဲ့ ချိန်းထားလို့ဆိုပြီး အပြင်ကို ထွက်သွားတယ်.....
Hyoyeonကတော့ သူ့clubကို သွားစစ်ဆေးနေတယ်......
Yuriကတော့ သွားစရာလည်းမရှိ သူမမှာ တွေ့စရာ ချစ်သူလည်းမရှိတော့ အခန်းထဲမှာ သူ့စာအုပ်တွေနဲ့ဘဲ အချိန်ဖြုန်းနေလိုက်သည်။
နေ့လည်ဘက်ရောက်တော့ Taeyeonကလည်း သူ့ချစ်သူနဲ့ နေ့လည်စာ စားနေတယ်... Hyoyeonကလည်း သူ့အသိနဲ့ နေ့လည်စာစားမယ်ဆိုပြီး ဖုန်းဆက်လို့ Yuriတစ်ယောက်တည်း အိမ်မှာ ထမင်းစားလိုက်သည်။ စားပြီးနောက် ရေခဲမုန့် စားချင်လို့ စတိုးဆိုင်ဘက်ကို ရေခဲမုန့်
သွားဝယ်လိုက်သည်။ စတိုးဆိုင်ထဲကနေ ရေခဲမုန့် ၀ယ်ပြီး ထွက်လာစဉ် တစ်စုံတစ်ယောက်နဲ့ ၀င်တိုက်မိသည်။ Yuri လဲကျနေရာက မော့ကြည့်တော့ မျက်နှာကို မမြင်ရ Mickey Mouse အရုပ်ကြီး ၀တ်ထားတာကိုဘဲ တွေ့ရသည်။ ထို Mickey Mouseက Yuriကို ထူပေးပြီး လမ်းတစ်ဖက်ကို အမြန်ဆုံးပြေးသွားလေသည်။ Yuriကတော့ မြေပြင်က ရေခဲမုန့် အပိုင်းအစတွေကို ကြည့်ပြီး နှမြောနေတယ်....
"ဘယ်လိုလူမှန်းလည်းမသိဘူး ၀င်တိုက်သွားတုန်းကတိုက်ပြီး ထူရုံဘဲ ထူပေးတယ် တောင်းပန်စကားလည်း မပြောသွားဘူး"ဆိုပြီးတော့ လမ်းတစ်ဖက်ကို လှမ်းကြည့်လိုက်တယ်...ခုန သူ့ကို ၀င်တိုက်ခဲ့တဲ့ Mickey Mouseကို သူ့အလုပ်ရှင်က ဆူနေပြီး Mickey Mouseကတော့ ခေါင်းလေးငုံ့ပြီး နားထောင်နေတဲ့ မြင်ကွင်းကို တွေ့တော့ Yuri စိတ်တိုနေတာ ပျောက်ပြီး စိတ်မကောင်း ဖြစ်သွားတယ်....
"Aww... သူအလုပ်နောက်ကျနေလို့ အလောတကြီး ဖြစ်ပြီး ငါ့ကို တိုက်မိတာနေမှာပါလေ...... "ဆိုပြီး သူ့ကိုယ်ပေါ်က ဖုန်တွေခါရင်း စတိုးဆိုင်ထဲ ပြန်ဝင်ပြီး ရေခဲမုန့် ထပ်ဝယ်လိုက်သည်။
ညနေစောင်းတော့ Yoona အလုပ်ကနေ အိမ်ကို ပြန်လာသည်။ အိမ်ပြန်ရောက်တော့ ဧည့်ခန်းမှာ လှဲအိပ်လိုက်ပြီး....
"ဟူး.... ပင်ပန်းလိုက်တာ....."
"သမီးတောင် ပြန်ရောက်လာပြီဘဲ Omar သံပုရာရည် သွားဖျော်လိုက်အုံးမယ် ငါ့သမီးလေး အတွက်...."
Yoonaလည်း လှဲအိပ်ရာမှ ထပြီး သူ့အမေရဲ့ လက်ကိုဆွဲကာ....
"နေပါစေ မဖျော်ပါနဲ့ Omar..... "
Yoona သူ့ အမေရဲ့ လက်ကို ကိုင်တော့ ရေတွေစိုနေတာကို သိပြီး
"Omar..... အ၀တ်တွေ လျှော်ထားပြန်ပြီလား chaw ပြန်ရောက်ရင် လျှော်ပါမယ် Omarက အေးဆေး နေနေပါလို့ ပြောထားတာကို😔😔"
Yoona ရဲ့ Omarလည်း Yoona ရဲ့ မျက်နှာရှေ့မှာ ကျနေတဲ့ ဆံပင်တွေကို ဖယ်ပေးရင်း
"ငါ့သမီးလေးက တနေကုန်လုံး ပိုက်ဆံတွေရှာပြီး ပင်ပန်းနေချိန် Omarက အိမ်မှာ ဘာမှမလုပ်ဘဲ အသင့်ထိုင် မနေရက်ပါဘူးကွယ်....."
"Chawက မပင်ပန်းပါဘူး Chawကို ကိုယ်ဝန်ဆောင်ပြီး ခုလို စောင့်ရှောက်ပေးတဲ့ ကျေးဇူးတွေကို ခုလို ဆပ်ခွင့်ရတာကိုဘဲ ကျေးဇူးတင်ပါတယ်.. .."
"ဟုတ်ပါပြီ ရေချိုးပြီး ခဏ အနားယူလိုက်အုံး....."
"Nae Omar....."
Yoonaလည်း ရေချိုးပြီး စာအုပ်ဆိုင်က ၀ယ်လာတဲ့ Yuri ၀တ္ထုတစ်အုပ်ကို အခန်းထဲမှာ လှဲအိပ်နေရင်း ဖတ်နေသည်။ ၀တ္ထုထဲမှာ မင်းသမီး နှစ်ယောက်က Storeဆိုင်မှာ မတော်တဆ တိုက်မိရာကနေ ရင်းနှီးပြီး ချစ်ကြိုက်သွားတဲ့ အကြောင်းကို ဖတ်ရင်း ရုတ်တရက် နေ့လည်က Store ဆိုင်ရှေ့မှာ သူဝင်တိုက်ခဲ့တဲ့ ကောင်မလေး တယောက်ကို သတိရသွားသည်။
"Arrr အဲ့တုံးက ငါ အလုပ်နောက်ကျနေလို့ သူ့ကို ထူရုံဘဲ ထူပြီး မတောင်းပန်နိုင်ဘဲ ထားခဲ့မိတာ အားနာစရာကြီး..... ငါ သူ့မျက်နှာကိုတော့ မှတ်မိပါတယ် နောက် သူနဲ့ ငါနဲ့ တွေ့ရင် တောင်းပန်လိုက်မယ်...."
Yoonaလည်း တွေးလက်စကို ရပ်ပြီး ၀တ္ထုဆက်ဖတ်နေသည်။ ၀တ္ထုထဲမှာ ရေးထားတဲ့
"မိန်းကလေးအချင်းချင်း နင်တို့ ဘာလို့ ချစ်နေကြတာလည်း..."ဆိုတဲ့ စာတစ်ကြောင်းကို Yoona ဖတ်လိုက်ပြီးနောက်
"အချစ်မှာ မိန်းမ ယောင်္ကျား သတ်မှတ်ချက်တွေ မရှိပါဘူး အချစ်ကို တန်ဖိုးထားပြီး ချစ်တတ်ဖို့ဘဲ လိုတာပါ... "ဆိုပြီး ရေရွတ်နေတုံး မီးဖိုချောင်ထဲက သူ့Omarရဲ့ ခေါ်သံကို ကြားပြီး ဖတ်လက်စ စာရွက်ကို ခေါက်ပြီး စာအုပ်ကို စားပွဲခုံပေါ်တင်ပြီး မီးဖိုချောင်ဘက်ကို ထွက်သွားသည်။
"Wooo..... ကင်မ်ချီထမင်းကြော် အနံ့လေး မွှေးနေတာဘဲ 😍😍"
"ကဲပါ ထိုင်ခုံမှာ အရင်ထိုင်လိုက်ပါအုံး....."
Yoona ထိုင်ခုံမှာ ထိုင်လိုက်တော့ သူ့ Omarက ကင်မ်ချီထမင်းကြော် ပန်းကန်ကို သူ့ရှေ့ချပေးလိုက်သည်။
"ဆွဲဆောင်နေတယ်.... မနေနိုင်တော့ဘူး စားပြီ.... ဟင် Omarရဲ့ ကြက်ဥကြော် chawထဲ ပါလာတယ်.... ရော့....."
Yoonaပေးတဲ့ ကြက်ဥကြော်ကို လက်ကာပြပြီး သူ့ Omar ငြင်းလိုက်တယ်
"Omarက တမင်ထည့်ပေးထားတာ...."
"ဟင် ဘာလို့.. .."
"ငါ့ သမီးလေး အားရှိအောင်လို့....."
"Omarကလည်း.....😢😢😢😢"
"Omarကို ချစ်ရင် စားလိုက်နော်...."
"Omarရော မစားဘူးလား...."
"Omar မနက်က စားပြီးပြီ Yoonaလေး အလုပ်မှာလည်း အချိန်မှန်စားနော် အစာစားချိန် မနောက်ကျစေနဲ့.... တော်ကြာ အစာအိမ်ဖြစ်လာလိမ့်မယ်....."
"Nae.... Omar "
Yoonaက သူ့အမေနဲ့ နှစ်ယောက်တည်း နေတာပါ....သူ့အဖေက သူ အလယ်တန်းကျောင်းသူ ဘ၀မှာ ရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လေ..... အဲ့တုံးကတော့ သူမ အလယ်တန်းကျောင်းသူ ဘ၀မို့လို့ သူမအမေကဘဲ ရှာကျွေးခဲ့သည်။ ယခု သူမ အထက်တန်း အောင်ပြီးနောက် အချိန်ပိုင်း အလုပ်တွေ လုပ်ပြီး သူ့အမေကို လုပ်ကျွေးနေသည်။ Yoonaကလည်း Yuriလိုဘဲ မိန်းကလေးချင်း ချစ်တာကို လက်ခံသူ တစ်ဦးပါ.... သူမနဲ့ အချိန်ပိုင်း အလုပ်တစ်ခုမှာ ရင်းနှီးတဲ့ Tiffanyဆိုတဲ့ တယောက် မိန်းကလေးချင်း တွဲတာကို အားလုံးက ရှုံ့ချကြပေမယ့် Yoonaကတော့ Tiffanyကို
"မိန်းကလေးချင်း ချစ်တာ အပြစ်မဟုတ်ပါဘူး ရှက်စရာလည်း မလိုဘူး သူတို့စကားတွေ ခေါင်းထဲမထည့်နဲ့ နားလည်းထောင် မနေနဲ့ အဓိကက တယောက်နဲ့ တယောက် အလေးထားပြီး ချစ်ဖို့ဘဲ...."ဆိုပြီး အားပေးတတ်သူ ဖြစ်သည်။
Hyoyeon အိမ်ပြန်လာတော့ ပဲခေါက်ဆွဲ စားရင်း Tvကြည့်နေတဲ့ Yuriကို တွေ့တော့....
"Yrr..... ထမင်းချက်မစားဘူးလား...."
"အာညီး အလုပ်ရှုပ်လို့ မချက်တော့ဘူး...."
Yuri စကားကြောင့် Hyoyeon ခေါင်းခါရင်း
"ငါနဲ့ Taeyeon များ မရှိရင် နင်တော့ နေ့တိုင်း ပဲခေါက်ဆွဲနဲ့ ညားပြီး အသားတွေ ဒီထက့် ပိုမဲလာမှာ...."
"Yrrrrr😒😒😒😒"
Yuriကို ပြောင်ပြပြီး Hyoyeon အခန်းထဲ ပြေးဝင်သွားသည်။ ခဏအကြာ.... Hyoyeon အိမ်နေရင်း အ၀တ်အစားတွေလဲလိုက်ပြီး Yuriရဲ့ ဘေးနား ၀င်ထိုင်သည်။ Yuriဆီက မုန့်လှမ်းနှိုက်လိုက်စဉ် Yuriက Hyoyeon ရဲ့ လက်ကို ပုတ်ချတော့ Hyoyeonလည်း Yuriရဲ့ ပခုံးကို ရိုက်လိုက်တော့
"အား..."လို့ အော်ပီး Yuri တစ်ချက်တွန့်သွားသည်။ Yuriကြောင့် Hyoyeon လန့်သွားပီး
"Wae.....Yuri ဘာဖြစ်တာလည်း....."
"နေ့လည်က Mickey Mouseနဲ့ တိုက်မိတာ အာ့ဒဏ်ထင်တာဘဲ....."
Yuriစကားကြောင့် Hyoyeon အားရပါးရ ရယ်ပြီး
"ပြောလိုက်ရင် အဆန်းတွေ ချည်းဘဲ Mickey Mouseက Tvထဲကနေ အပြင်ကို ဘယ်လိုလုပ် ရောက်နေတာလည်း😂😂"
"ဟာ.....ဒီလို ကစားကွင်းတွေမှာဆို အမြဲရှိတယ် အရုပ်ကြီးတွေလေ လူတွေက အဲ့အရုပ်အင်္ကျီတွေကို ၀တ်ထားတာလေ သိတယ်မလား အာ့လိုအရုပ်ကြီး..... သူက ငါ့ကို ၀င်တိုက်သွားတာ...."
""ပြန်မတောင်းပန်ဘူးလား သူက....."
"အာညီး သူအလုပ်နောက်ကျနေတယ် ထင်တာပဲ ကမန်းကတန်း ပြေးသွားတယ်....."
"Aww အာ့ဆိုလည်း ဆေးသေချာလိမ်းအုံး ငါတော့ ပင်ပန်းလာလို့ အနားယူတော့မယ်....."
"Ommပါ......"
Hyoyeonလည်း အခန်းထဲ ၀င်သွားရော Yuriတယောက် ရုပ်ရှင်ကြည့်ရင်း နေ့လည်က
ခေါင်းလေးငုံ့ပြီး အဆူခံနေတဲ့ Mickey Mouseကို မြင်ယောင်နေတော့
"အာ..... ဘာတွေမြင်ယောင်နေတာလည်း Kwon Yuriရေ.......တော်ပီ Taeကို မစောင့်တော့ဘူး မနက်ဖြန် အလုပ်နောက်ကျနေလိမ့်မယ် အိပ်ပြီ...."
Yuriလည်း Tvပိတ်ပြီး အခန်းထဲ ၀င်အိပ်သွားသည်။
Bạn đang đọc truyện trên: Truyen3h.Co