ငါညာခဲ့ပါတယ်..... ဒါပေမယ့်.....
ငါ ညာခဲ့ပါတယ်.... ဒါပေမယ့်.....(Part-10)
Yuriကြောင့် Yoona အံ့သြနေလေသည်....
"အဟမ်း Yoona.... Yoonaကို ငါ ချစ်နေတာ ကြာပါပြီ..... ဖွင့်ပြောမယ် ဖွင့်ပြောမယ်နဲ့ ကြောက်လို့ ဖွင့်မပြောဘဲ သူရဲဘောကြောင်စွာနဲ့ ငါ ပုန်းနေခဲ့တာ ကြာပါပြီ..... အခုတော့ ငါ့ရင်ထဲက ခံစားချက်တွေကို မနေနိုင်လို့ ဖွင့်ပြောလိုက်တာပါ......"
Yuriရဲ့ လက်ထဲက နှင်းဆီပန်းကို ယူပြီး Yoona လက်ကို မြှောက်လိုက်တော့ သူပေးတဲ့ နှင်းဆီပန်းကို လွှင့်ပစ်မှာလားဆိုပြီး Yuri စိုးရိမ်နေတယ်...... ဒါပေမယ့် Yoona ထိုပန်းကို မလွှင့်ပစ်ဘဲ Yuriကို ဖက်လိုက်သည်။
"ငါ လက်ခံပါတယ် Yuri......"
"ဟင် နင် တကယ်ပြောနေတာလား Yoona..... 😍😍😍"
"ငါက အချစ်နဲ့ ပတ်သက်ရင် မနောက်တတ်ပါဘူး....."
"ပျော်လိုက်တာ Yoonaရယ် 😍😍😍😍😍😍"
Yuriနဲ့ Yoonaတို့ရဲ့ အိမ်ပြန်လမ်းက အပျော်တွေနဲ့ ဖုံးလွှမ်းနေတယ်.....
Busကားပေါ်မှာ Yoonyulတို့ အတူထိုင်ရင်း Yuriရဲ့ ပခုံးပေါ် Yoona မှီပြီး လိုက်လာတယ်.... Yuri နားကြပ်တစ်ဖက်ကို Yoonaရဲ့ နားကို တပ်ပေးလိုက်ပြီး Chenရဲ့ Everytime OST Songကို ဖွင့်လိုက်တယ် (Everytime Yoonyul verက တော်တော်မိုက်တယ် သိလား ကျွန်တော်ကတော့ နေ့တိုင်း လိုလို ကြည့်တယ် 😁😁)
Yoona တနေကုန် အလုပ်လုပ်ရတာ ပင်ပန်းလို့ ထင်ပါရဲ့ ကားပေါ်မှာ သီချင်းနားထောင်ရင်း အိပ်ပျော်သွားတယ်......Yuriကတော့ Yoonaရဲ့ လက်ကို ကိုင်ပြီး သူ့ပခုံးပေါ် မှီအိပ်နေတဲ့ Yoonaကို ကြည့်မ၀ရှုမ၀ ဖြစ်နေတယ်.. .... Yoonaတို့ အိမ်ကို ရောက်တော့
"အထဲ ၀င်တော့လေ အပြင်မှာ အေးတယ် Yoona....."
"ဟင့်အင်း Yul Yulလို့ဘဲ ခေါ်မယ်....Yul ပြန်သွားတာကို ကြည့်ပြီးမှ ၀င်မှာ......"
Yoonaရဲ့ နဖူးကို Yuri နမ်းလိုက်ပြီး
"Yoonaလေးက လိမ်မာပါတယ် အိမ်ထဲဝင်တော့ အပြင်မှာ အေးတယ်...... ဖျားလိမ့်မယ်.. ....."
"Ommပါလေ ချစ်သူရဲ့ စကား နားထောင်လိုက်ပါမယ်...... "
Yoona အိမ်ထဲ ၀င်တာကို Yuri ရပ်ကြည့်နေသည်..... Yoona အိမ်တံခါးနား ရောက်နေပေမယ့် မ၀င်သေးဘဲ Yuriဆီ ပြန်ပြေးလာတယ်.. ... Yuriရဲ့ နှုတ်ခမ်းလေးကို Yoona နမ်းလိုက်ပြီး
"Good night kiss😘" လို့ပြောပြီး အိမ်ထဲ ၀င်ပြေးသွားတယ်.....
Yuriကတော့ Yoona နမ်းသွားတဲ့ သူ့နှုတ်ခမ်းကို ကိုင်ကြည့်ပြီး သဘောကျနေတယ်...... အိမ်ကို ပြန်ရောက်တော့ နှုတ်ခမ်းကိုဘဲ တစ်ချိန်လုံး ကိုင်ပြီး ပြုံးနေတဲ့ Yuriကို ကြည့်ပြီး
"ဒီတစ်ယောက် ဘာဖြစ်နေတာလည်း.. .."
Tv ကြည့်နေကြတဲ့ Taenyတို့လည်း Yuriကို ကြည့်ကြပြီး
"Yoonaဆီက အဖြေရလာပြီလား....."
"ရလာပြီ ထင်ပါတယ် ရုပ်ကြီးက ပြုံးဖြီးနေတာဘဲ Fanyရေ....."
"Omm ဟုတ်တယ် Taeyeon ပြောသလိုဘဲ ငါ Yoonaဆီက အဖြေရသွားပြီ 😎😎"
Yuri အရမ်းပျော်နေတယ်.....
"ဒါနဲ့ နှုတ်ခမ်းကို တချိန်လုံး ကိုင်နေပုံထောက်ရင်...... မဟုတ်မှလွဲလို့ နင်တို့ အကြင်နာ ပေးခဲ့ကြတာလား "
Taeyeon လက်ဖျောက်တီးကာ Yuriကို မေးလိုက်သည်.....
"Hee...... ဟုတ်တယ်...... ပြန်ခါနီး Good night kissဆိုပြီး ပေးသွားတာ အဟိ......"
"အပျော်လွန်ပြီး ရူးသွားအုံးမယ် ငကွမ်ရာ....."
"Good nightပါ ချစ်သူငယ်ချင်းတို့ရေ အိမ်မက်လှလှမက်ကြပါစေ မင်္ဂလာညချမ်းလေးပါလို့......"
Kwon Yuri တယောက် သူ ပြောချင်တာတွေ ပြောပြီး သူ့အခန်းထဲ ခုန်ပေါက်ပြီး ၀င်သွားတယ်.. ... Taenyနဲ့ Hyoyeonကတော့ Yuriကို ကြည့်ပြီး
"Hyo..... မနက်မှာ သူ မူမမှန်ဘူးဆိုရင် ငါတို့ သူ့ကို ချုပ်ပြီး အရူးထောင် ပို့ရအောင်......" ဆိုပြီး တိုင်ပင်နေကြတယ်.......
Yoonaမှာ အခန်းထဲတွင် အိပ်မပျော်နိုင်..... Yuri သူမကို ဖွင့်ပြောခဲ့ချိန်ကို ပြန်တွေးပြီး ရင်တွေခုန်နေတယ်.. .... Yuriကလည်း Yoona ပေးခဲ့တဲ့ အနမ်းကို ပြန်မြင်ယောင်ပြီး အိပ်မပျော်နိုင်ဘဲ ဖြစ်နေတယ်.. ........
✂✂✂✂✂✂
Yuri မနက်နိုးလာတော့ အလုပ်သွားဖို့ ပြင်ဆင်ပြီး သူမရဲ့ ချစ်သူရှိတဲ့ coffeeဆိုင်ကို ထွက်လာလိုက်သည်။ Coffeeဆိုင်ကို ရောက်တော့
"တော်သေးတယ်..... Yuri ပုံမှန်ပြန်ဖြစ်သွားလို့......"
Taeyeon ပြောတာကို Fanyက နားလည်ပေမယ့် Sooyoungကတော့ နားမလည်ဘဲ.....
"Yuriက ဘာဖြစ်နေလို့လည်း......"
"ညက သူချစ်တဲ့ ကောင်မလေးဆီက အဖြေပြန်ရရုံတင် မဟုတ်ဘဲ Good night kissပါ ရလို့ဆိုပြီး အရူးလို ခုန်ပေါက်နေတာလေ...."
Yoona ကို Fany မျက်စပစ်ပြတော့ Sooyoung သဘောပေါက်သွားပြီး
"Congratulations ပါ YoonYul..... 👏👏👏👏"
"Gomawo Sooyoung shii......"
"ကျေးဇူးမတင်ပါနဲ့ Yuriရယ် ငါကသာ ငါ့ဆိုင် နေ့တိုင်း လာ အားပေးလို့ ကျေးဇူးတင်နေတာပါ....."
"ငါကလည်း Yoonaကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်.. ..'
Yuri မနက်စာ စားပြီးနောက်
"Yoona..... ငါ အလုပ်သွားပြီနော် ညနေကျ လာကြိုမယ် စောင့်နေနော်....."
"Omm Yul..... ဖြည်းဖြည်းသွားအုံးနော်....."
"အင်းပါ..... ဟာ.... နေအုံး..... Taeyeon..... မင်း လုပ်ထားတဲ့ ကွတ်ကီး လေးထုပ်နဲ့ ကော်ဖီလေးခွက် ငါ့ကို ပေးပါ..."
"ဒီလောက် အများကြီး ဘာလုပ်မလို့ လဲ.. ..."
"ငါ့အလုပ်က Bossနဲ့ ကလေးတွေကို Yoona နဲ့ အဆင်ပြေရင် မုန့်ဝယ်ကျွေးမယ်လို့ ကတိပေးထားလို့ အဲ့တာကြောင့်......"
"သူတို့ကျ ကျွေးပြီး ငါတို့ကျ မကျွေးဘူးလား....."
Fanyရဲ့ စကားကို Taeyeon ထောက်ခံလိုက်တယ်
"အေ့လေ အေ့လေ သူငယ်ချင်း အရင်းကိုကျ မေ့ထားတယ်ကွာ 😪😪😪😪"
"အဲ့လို မဟုတ်ပါဘူး နင်တို့ကိုလည်း တစ်ဝိုင်းကျွေးမှာပါ....."
ငွေကောင်တာမှာ ထိုင်နေတဲ့ Sooyoung လည်း
"ကျွေးမယ့်ထဲ ငါရော ပါလားဟင်....."
"ပါတာပေါ့ ငါ့ရဲ့ Yoonaကို အလုပ်ခန့်ပေးလို့ ကျေးဇူးတင်တဲ့ အနေနဲ့ ကျွေးမှာ....."
"Yeah....."
Yuriလည်း Taeyeon ပေးတဲ့ မုန့်ထုပ်တွေ ယူပြီး အလုပ်ကို လာခဲ့လိုက်သည်......
မုန့်ထုပ်တွေနဲ့ ၀င်လာတဲ့ Yuriကို ကြည့်ပြီး Seulgiတို့ အားရပါးရ အော်ကြတယ်
"
Yeah......... ဂျာကြီး မုန့်တွေ ၀ယ်လာတယ်ကွ......."
Sunnyလည်း ပစ္စည်းတွေ စစ်နေရာက Seulgiတို့ အော်သံကြားလို့ ကြည့်လိုက်တော့ မုန့်ထုပ်တွေနဲ့ Yuriကို တွေ့ရတယ်.......
"ဟာ........ မုန့်တွေနဲ့ဆိုတော့ အခြေအနေ ကောင်းတဲ့ပုံဘဲ ....."
"ဟုတ်တယ် Sunnyရေ ငါ အဖြေရခဲ့ပြီ 😎😎😎 အဲ့တာကြောင့် ကတိအတိုင်း မုန့်ဝယ်ကျွေးတာ......"
"ဂျာကြီးတို့ အိုအောင်မင်းအောင် ပေါင်းရပါစေ 👏👏👏👏👏"
ညနေ အလုပ်ဆင်းတော့ yoonaတို့ ဆိုင်ရှေ့မှာ Yuri ရပ်စောင့်နေတယ်...... Yoonaလည်း အလုပ်ပြီးလို့ ထွက်လာတော့ Yoonaရဲ့ လက်ကိုတွဲလိုက်ပြီး
"Yoona....... မနက်ဖြန် အလုပ်နားရက် မဟုတ်လား......."
"Omm ဟုတ်တယ်......."
"ဒါဆို ငါတို့ First date လုပ်ရအောင်........."
" 😍😍😍😍 ဘယ်သွားကြမလည်း "
"ကလေးတွေလို ကစားကွင်းတို့ ဘာတို့ မသွားဘူး......"
"ဒါဆို ဘယ်သွားမှာလည်း.. ....."
"အဲ့တာတော့ မနက်ဖြန်ကျ သိရလိမ့်မယ်....."
"Yulနော် လျိုထားတယ်ပေါ့......."
"Yoonaရဲ့ လက်ကို အခုလို တွဲခွင့်ရမယ်လို့ မမျှော်လင့်ရဲခဲ့ဘူး....... အိမ်မက်ထဲမှာဘဲ တွဲခွင့်ရတဲ့ Yoonaရဲ့ လက်နုနုလေးကို အပြင်မှာ အခု တကယ် တွဲခွင့်ရပြီ 😍😍😍"
"ဘာလို့ မမျှော်လင့်ရဲခဲ့တာလည်း........"
"Yoonaက Yuri, Lesbianကို လက်မခံမှာဆိုးလို့ပါ...."
Yuriရဲ့ စကားကြောင့် Yoona ရယ်လိုက်ပြီး
"နောက်နေ့ကျ အိမ်ကို လိုက်ခဲ့......."
"ဘာလို့လည်း အမေတို့နဲ့ မိတ်ဆက်ပေးမလို့လား 😜😜😜"
Yuriရဲ့ လက်မောင်းကို Yoona ရှက်ပြီး ခပ်ဖွဖွလေး ထုလိုက်တယ်.....
Bạn đang đọc truyện trên: Truyen3h.Co