Truyen3h.Co

ငါညာခဲ့ပါတယ်​..... ဒါ​ပေမယ့်​.....

ငါညာခဲ့ပါတယ်​ ဒါ​ပေမယ့်​ (Part-9)

KimFany059

Yoonaနဲ့ Yuriတို့ ရင်းနှီးသွားကြတာ တစ်​ပတ်​​လောက်​ရှိ​နေပြီ.... Taeyeonတို့ ဆိုင်​ကို တစ်​ခါမှ Yuri မသွားဖူး​ပေမယ့်​ Yoonaလည်း ထိုဆိုင်​မှာ အလုပ်​လုပ်​​ရော Yuriတစ်​​ယောက်​ မနက်​တစ်​ခါ ​နေ့လည်​တစ်​ခါ ည​နေတစ်​ခါ ဆိုင်​ကိုသွားပြီး ငမ်း အဲ့မှားလို့ coffee​သောက်​ရတာအ​မော... ကြာ​တော့ Taeyeonတို့​တောင်​ အမြင်​ကတ်​​နေ​လေသည်​.....
"Yuri yrr အရင်​က ငါတို့ဆိုင်​ဘက်​ကို ​ခြေဦး​တောင်​ မလှည့်​တဲ့ နင်​က အခု​တော့ ဆိုင်​​ရှေ့ ​ချောင်း​ပေါက်​မတတ်​လာ​နေတာ ဘာလို့လည်း......"
"Aww အရင်​က ငါနင်​တို့ဆိုင်​က coffee မ​သောက်​ဖူးဘူး​လေ အခု​တော့ နင်​တို့ဆိုင်​က coffee ​သောက်​ကြည့်​တာ ကြိုက်​သွားလို့ ​နေ့တိုင်းလိုလို လာ​သောက်​ဖြစ်​တာ......"
"Coffeeက ​ကောင်းလွန်းလို့ ​သောက်​တာလား waiter​လေး ​ချောလွန်းလို့ ​သောက်​တာလား😝😝😝😝"
Fanyရဲ့ သီချင်း​ကြောင့်​ Yuri ရှက်​​နေတယ်​.....
"Arr.... ငါ ပြန်​​တော့မယ်​ စာရင်း​တွေ မပြီး​သေးဘူး.... Yoona shii ပြန်​​တော့မယ်​​နော်​....."
"Nae....."
Sooyoung ​ကောင်​တာမှာ ထိုင်​ရင်း Yuriတို့ကို ကြည့်​ပြီး သ​ဘောကျ​နေတယ်​.....
"Taeyeon...... "
"Omm ​ပြော Sooyoung......"
" နင်​တို့ သူငယ်​ချင်းကို သိပ်​မစပါနဲ့ဟာ ဟိုမှာ ရှက်​လို့ ပြန်​သွားပြီ ​တော်​ကြာ ​နောက်​တခါကျ ငါတို့ဆိုင်​ကို မလာဘဲ​နေလိမ့်​မယ်​....."
"မလာဘဲနဲ့​တော့ မ​နေဘူး စိတ်​မပူနဲ့ Sooyoung ​ရေ..... သူက ဒီဆိုင်​ကို စွဲလမ်း​နေတာ​လေ...... aww ဆိုင်​ထက်​ ဆိုင်​က တစ်​​ယောက်​​ယောက်​ကို​ပေါ့....."
Taeyeon စကား​ပြောရင်း Yoonaကို မျက်​စပစ်​ပြတယ်​.....Yoonaက​တော့ မသိဘဲ စားပွဲခုံ​တွေကို သန့်​ရှင်း​ရေးလုပ်​​နေတယ်​......
✂✂✂✂
Taeny,YulHyoတို့ ညစာစား​နေကြချိန်
"Yuri..... နင်​ ဖွင့်​​ပြောလိုက်​​တော့​လေ Yoonaကို......"
Taeyeon စကား​ကြောင့်​ Yuri ထမင်းစား​နေရာက ရပ်​လိုက်​တယ်​ ပြီး​တော့ သက်​ပြင်းချပြီး
"ငါ ​ကြောက်​တယ်​......"
"ဘာကို ​ကြောက်​​နေတာလည်း......"
"Yoonaက ငါ သူ့ကို ဖွင့်​​ပြောလိုက်​ရင်​ သူငယ်​ချင်း အချင်းချင်း အခွင့်​​ကောင်းယူတယ်​ဆိုပြီး ငါ့ကို အထင်​လွဲသွားမှာ..... ပြီး​တော့ သူက မိန်းက​လေးချင်း ချစ်​တာ လက်​ခံချင်​မှ လက်​ခံမှာ​လေ Straight  ဖြစ်​​နေရင်​ ဘယ်​လိုလုပ်​မလည်း......"
Yuriရဲ့ စကား​ကြောင့်​ Fany ပြုံးစိစိဖြစ်​​နေတယ်​​လေ..... ဖြစ်​မှာ​ပေါ့ Yuri ကသာ စိုးရိမ်​​နေတာ Im Yoonaကဖြင့်​ Fanyကို​တောင်​ Yuri အ​ကြောင်း ရင်​ဖွင့်​ထားတာကိုး......
Fanyရဲ့ ပြုံးစိစိ မျက်​နှာကို Yuriကြည့်​ပြီး
"အဲ့တာ ဘာဖြစ်​​နေတာတုံး ရုပ်​က ပြုံးစိစိနဲ့ Tiffany......"
"ဟို..... ငါ့ဘာသာငါ ပြုံးတာ ဘာဖြစ်​လို့လဲ Yuri...... "
"ငါက အတည်​​ပြော​နေချိန်​ နင်​က ပြုံးစိစိဖြစ်​​နေလို့ ဘာဖြစ်​တာတုံး​မေးတာ ......"
"ဒီလိုဘဲ အ​တွေးထဲ ပြုံးစရာဖြစ်​စရာ​လေး​တွေ ​ပေါ်လာလို့......"
"😒😒😒"
"Yuri နင်​ ဖွင့်​​ပြောလိုက်​ပါဟ ​တော်​ကြာ တခြား တစ်​​ယောက်​​နောက်​ ပါသွားရင်​ ဘယ်​လိုလုပ်​မလည်း......."
"Tae ​ပြောတာ ဟုတ်​တယ်​ Yuri..... Yoonaနဲ့ ငါ အလုပ်​ အတူတူ လုပ်​ဖူးတယ်​..... ​သူ့ကိုဆို ​ကောင်​​လေး​တွေက လာလာပြီး စကား​ပြောကြတာ....."
" ငါ ဖွင့်​​ပြောဖို့ အား​မွေးလိုက်​ပါအုံးမယ်​....."
"​အေး အား​မွေး​ရင်​လည်း မြန်​မြန်​​မွေး ဟိုက တခြားတစ်​​ယောက်​​နောက်​ ပါသွားမှ ရင်​ထုငိုမ​နေနဲ့......"
Yuriလည်း ထမင်းစားပြီး​နောက်​ အခန်းထဲမှာ စာအုပ်​ဖတ်​ရင်း Yoonaကို ဖွင့်​​ပြောရင်​ ​ကောင်းမလားဆိုပြီး စဉ်းစား​နေတယ်​.....

နောက်​တစ်​​နေ့ မနက်​​ရောက်​​တော့ Yuri အလုပ်မသွားခင်​ Yoona အလုပ်​လုပ်​တဲ့ Sooyoungရဲ့ ဆိုင်​ကို ​ရောက်​လာတယ်​..... ထုံးစံအတိုင်း coffee မှာ​သောက်​ပြီး ပြန်​ခါနီးကျ
"Yoona..... ညကျ ခဏ​တွေ့လို့ ရမလား​ ​ပြောစရာရှိလို့......"
Yuriရဲ့ စကား​ကြောင့်​ kitchen ထဲ ကွတ်​ကီးလုပ်​​နေတဲ့ Taenyတို့ နှစ်​​ယောက်​ ထ​အော်​ကြတယ်
"Yeah....."
Sooyoungတို့ ၀ိုင်းကြည့်​ကြ​တော့ Taenyတို့ နှစ်​​ယောက်​ ရယ်​ပြပြီး
"ဟီး ကွတ်​ကီး​တွေ လုပ်​ပြီးလို့ ​ပျော်​လို့ ​အော်​မိတာ....."
Yuriက​တော့ Taenyတို့ကို မျက်​​စောင်းထိုးလိုက်​တယ်​....
"Nae ရပါတယ်​...."
"ဒါဆို အလုပ်​ပြီးတာနဲ့ လာ​ခေါ်လိုက်​မယ်​​နော်​..... "
"Nae Yuri shii...."
Yuriလည်း ဆိုင်​ထဲက​နေ အမြန်​​ထွက်​လာပြီး လမ်းတွင်​ သက်​ပြင်းချပြီး
"အမ​လေး..... ရင်​​တွေခုန်​လို့ ​သေ​တော့မှာဘဲ ဒါ​တောင်​ ငါသူ့ကို ဖွင့်​မ​ပြောရ​သေးဘူး ဖွင့်​​ပြောတဲ့ အချိန်​ကျ ငါ ရင်​ခုန်​လွန်​ပြီး ​သေမလား မသိဘူး 😥"

အလုပ်​တွင်​လည်း Yuri တစ်​​ယောက်​ မှန်​​ရှေ့ မတ်​တတ်​ရပ်​ပြီး တစ်​​ယောက်​တည်း စကား​ပြော​နေတယ်​..... Sunnyတို့လည်း Yuriကို အထူးတဆန်း ဖြစ်​ပြီး ကြည့်​​နေကြတယ်​....
နောက်​ဆုံး Sunny မ​နေနိုင်​တာနဲ့ ​မေးလိုက်​တယ်
"Yuri..... မှန်​​ရှေ့ မတ်​တပ်​ရပ်​ပြီး ဘာ​တွေ​ပြော​နေတာလည်း ရုပ်​ရှင်​မင်းသမီးလုပ်​မလို့ သရုပ်​​ဆောင်​ စကား​ပြော ​လေ့ကျင့်​​နေတာလား....."
"မဟုတ်​ပါဘူး ည​နေကျ ငါအ​ရေးကြီးကိစ္စတစ်​ခုကို ​ပြောစရာရှိလို့ ​လေ့ကျင့်​​နေတာ....."
"ဘာအ​ရေးကြီး ကိစ္စလည်း....."
"Yoonaကို ငါ ဖွင့်​​ပြော​တော့မလို့....."
"Woo ဂျာကြီး အဆင်​​ပြေရင်​ တစ်​၀ိုင်း ​ကျွေး​နော်​....."
"Ommပါ ​ကျွေးပါမယ်​.. .."
Seulgi တို့ ​ပျော်​ပြီး လက်​ခုပ်​တီးကြတယ်
"ငါ့ သူငယ်​ချင်း​လေး ကံ​ကောင်းပါ​စေလို့ ငါ ဆု​တောင်း​ပေးပါတယ်​...."
"Gomawo Sunny......"
"ဂျာကြီး သူနဲ့ မ​တွေ့ခင်​ သူ့အတွက်​ ပန်းဝယ်​သွားပါ့လား မိန်းက​လေး​တွေက ပန်းကို သ​ဘောကျကြတယ်​....."
"Gomawo Irene....."

Yuri ည​နေ အလုပ်​ဆင်း​တော့ Yoona အတွက်​ နှင်းဆီပန်း တစ်​ပွင့်​ ၀ယ်​ပြီး ဆိုင်​​ရှေ့မှာ ရပ်​​စောင့်​​နေတယ်​..... နှင်းဆီပန်း​​ကို​တော့ Yoona မမြင်​​အောင်​ သူ့ coatအင်္ကျီက အတွင်းအိတ်​ထဲ ဖွက်​ထားတယ်​.... Yoona အလုပ်​ဆင်းပြီး ဆိုင်​ထဲက ထွက်​လာ​တော့ ဆိုင်​ထဲမှာ ကျန်​ခဲ့တဲ့ Taeny တို့ နှစ်​​ယောက်​ အမူအရာ​တွေ လုပ်​ပြပြီး Yuriကို အား​ပေး​နေကြတယ်​.....
"Yuri shii သွားမယ်​​လေ...."
"Nae Yoona..."
Yuriနဲ့ Yoonaတို့ လမ်း​လျှောက်​ပြီး စား​သောက်​ဆိုင်​ကို သွားကြတယ်​ လမ်း​လျှောက်​​နေရင်း Yuriရဲ့ လက်​က Yoonaရဲ့ လက်​ကို ခဏခဏ သွားထိမိ​နေတယ်​.... Yoonaကလည်း ရင်​​တွေ ခုန်​​နေ​လေရဲ့......

စား​သောက်​ဆိုင်​ကို ​ရောက်​​တော့ YoonYulနှစ်​​ယောက်​ ညစာ စားကြတယ်​.. ... Yoonaထဲ အသား​လေး​တွေ လှီးထည့်​​ပေးတယ်​.... Yoonaက​တော့ Yuriရဲ့ လုပ်​ရပ်​​တွေကို ကြည့်ပြီး သ​ဘောကျ​နေတယ်​.....
"ဘယ်​​လောက်​​တောင်​ gentleman ပီသလည်း Yuriက ငါဖတ်​​နေတဲ့ ficထဲက Seme ပုံစံဘဲ သူက Semeဆို​တော့ ငါက uke​ပေါ့ ဟီး😁😁💭💭"
Yoona သူ့ဘာသာသူ ​တွေးရင်း သ​ဘောကျ​နေ​ပြီး အသံထွက်​ရယ်​မိသွားတယ်​ Yuriက​တော့ Yoonaကို အူ​ကြောင်​​ကြောင်​နဲ့ ကြည့်​​နေ​တော့
"မ​နေ့ညက ကာတွန်းကားကို သတိရပြီး ရယ်​မိတာပါ....😁😁 Yuriလည်း စား​လေ...."
Yuriလည်း Yoonaကို ပြုံးပြပြီး
"Ommပါ Yoona......"

ညစာစားပြီး​နောက်​ Yoonaတို့် အိမ်​ကို ပြန်​လာကြတယ်​ Yuri စား​သောက်​ဆိုင်​မှာ Yoonaကို ဖွင့်​​ပြောဖို့ ကြိုးစားခဲ့​ပေမယ့်​ Yoonaရဲ့ အပြုံးကို မြင်​ပြီး သူရဲ့ ကြိုးစားမှု ကျဆုံးသွားတယ်​....
"Yrr ဒီလို မင်း​ကြောက်​​နေတာနဲ့ဘဲ Yoonaက အိမ်​ပြန်​​ရောက်​သွားလိမ့်​မယ်​ ဖွင့်​​ပြော​တော့ 💭💭💭💭"
Yoonaကလည်း Yuri သူမကို ​ပြောစရာရှိတယ်​ဆိုပြီး ​ခေါ်လာလို့ လိုက်​လာ​ပေမယ့်​ Yuriက အခုထိ မ​ပြော​သေးတာ​ကြောင့်​ စိတ်​ထဲ ကလိကလိနဲ့ သိချင်​စိတ်​ ပြင်းပြ​နေတယ်​ ​နောက်​ဆုံး မ​နေနိုင်​​တော့တာနဲ့ ​မေးလိုက်​တယ်​....
"Yuri ​ပြောစရာရှိတယ်​ဆို....."
"Yoona ​ပြောစရာရှိလို့...."
သူတို့်နှစ်​​ယောက်​ တစ်​​ယောက်​ကို တစ်​​ယောက်​ကြည့်​ပြီး ရယ်​လိုက်​ကြတယ်​.....
"​ပြောပါ yuri.... နား​ထောင်​​နေပါတယ်​....."
Yuri သူ့ရဲ့ coat အင်္ကျီ အတွင်းအိတ်​ထဲ ထည့်​ထားတဲ့ နှင်းဆီပန်း​လေး ထုတ်​ပြီး Yoonaကို ​ပေးကာ...
" ငါ့ရဲ့ နှလုံးသားကို လက်​ခံ​ပေးပါ Yoona....."

*ဒိတ်​လိုက်​ပြီ​နော်​ ဒီFic​လေးကို ​စောင့်​​နေကြတဲ့သူ​ရော ရှိ​သေးရဲ့လားဟင်​ 😢😢 "

Bạn đang đọc truyện trên: Truyen3h.Co