ငါညာခဲ့ပါတယ်..... ဒါပေမယ့်.....
ငါညာခဲ့ပါတယ် ဒါပေမယ့်.. .. (Part-5)
Taeyeon သူ့ကို ကျိန်ဆဲနေတာကို Kwon Yuri တယောက် မကြားချေ ။ သူ့ဘာသာသူ သီချင်းလေး ညည်းရင်း ကုတင်ပေါ် လှဲအိပ်လိုက်သည်။ ပြီးနောက် သူမရဲ့ အင်္ကျီကို ချွတ်ပြီး အက်ႌသစ္တစ္ထည္လဲကာ ထုိ အက်ႌကုိ ခေါက်ပြီး ဘီဒို အပေါ်ဆုံးထပ်တွင် သိမ်းထားလေသည်။
ခဏကြာတော့ ညစာစားမယ်ဆိုပြီး Hyoyeon လာခေါ်တယ်..... မီးဖိုထဲက ထမင်းစားပွဲမှာ လေးယောက်သား အတူထိုင်ပြီး ထမင်းစားနေကြသည်။ Taeyeon တယောက် Fany စားဆိုပြီး Fanyထဲ ဟင်းတွေထည့်ပေးပေမယ့် Fanyကတော့ ဘာမှ မပြောဘဲ ထမင်းကိုသာ ဆက်စားနေသည်။ ခါတိုင်းဆို Taeyeon ဟင်းထည့်ပေးတိုင်း Tae Taeလည်း စားဆိုပြီး ပြန်ထည့်ပေးတတ်တဲ့ Fany တယောက် ငြိမ်နေတော့ Hyoyeon တယောက် ထူးဆန်းနေလေရဲ့.....
"နင်တို့ ရန်ဖြစ်ထားတာလား....."
Fanyကတော့ Hyoyeon မေးတာ မဖြေဘဲ ပဲပင်ပေါက် ဟင်းရည်ကို သောက်နေတယ်.... Taeyeonကဘဲ ၀ါးလိုက်စ ထမင်းကို မျိုချပြီး
" ရန်မဖြစ်ပါဘူးကွာ သူက ငါ့ကို စိတ်ကောက်နေတာဟ......"
"နင်က ဘာလုပ်လိုက်လို့ သူက စိတ်ကောက်နေရတာလည်း....."
Taeyeon တယောက် ချက်ချင်းဘဲ သူ့ဘေးမှာ ထိုင်ပြီး ထမင်းစားနေတဲ့ Kwon Yuriကို လက်ညိုးထိုးလိုက်ပြီး
"သူလေ..... သူကြောင့် Fanyက ငါ့ကို စိတ်ဆိုးသွားတာ....."
Taeyeon စကားကြောင့် Yuriလည်း အံ့သြပြီး
"ဟင် ငါက ဘာလုပ်လို့လည်း......"
" တံတွေး Romantic ဆန်နေတာလေ "
" တံတွေး Romantic?"
" အော် ရှင်ကတော့ မသိသလိုနဲ့ ကျယ်မမှာတော့ စိတ်ဆိုးသွားလို့ ဘာလုပ်ရမှန်းတောင် မသိဘူး Kwon Yuri shiii......"
"Kwon Yuriက ဘယ်လို ရိုဆန်တာလည်း Taeyeon..... ငါ့လည်း ရှင်းပြပါအုံး....."
Taeyeonလည်း ဇွန်းကြီးကို ကိုင်ပြီး
"ဒီလိုဟာ..... ငါနဲ့ Fanyက ဧည့်ခန်းထဲမှာ ရုပ်ရှင်ကြည့်နေတာ ..... အဲ့အချိန် သူက ပြန်ရောက်လာတယ်... ငါတို့လည်း သူ့ကို နှုတ်ဆက်ရင်း သူ့အင်္ကျီပေါ်က အကွက်ကိုတွေ့တော့ ငါ့ရဲ့ ဒီပါးစပ်က အငြိမ်မနေဘဲ ဘာအကွက်တွေလည်းလို့ မေးလိုက်မိတယ်...... အဲ့အကွက်က တန်ဖိုးရှိတဲ့ တံတွေးကွက်တဲ့ မင်းတို့ မသိပါဘူး ခက်ခဲနက်နဲတယ်ဆိုပြီး အခန်းထဲ ၀င်သွားတယ် အဲ့မှာ Fanyက စဖောက်တာ......"
Taeyeonရဲ့ စကားကြောင့် Fanyလည်း သူစားထားတဲ့ ပန်းကန်ကို ဆေးရင်း လှမ်းပြီး ရန်ထောင်လိုက်သည်။
"Yrr..... ငါက ဘာကို ဖောက်လို့လည်း....."
Fanyရဲ့ အော်သံကြောင့် Taeyeon သူ့ပါးစပ်ကို ဇွန်းနဲ့ ကာပြီး
"Ah.... Sorry.... Fanyကမဖောက်ပါဘူး ငါ စကား မှားထွက်မိတာ....."
Hyoyeon ကတော့ Taeyeon နဲ့ Fanyကို ကြည့်ပြီး ရယ်ရင်း ခေါင်းခါနေတယ်
"အဲ့မှာ Fanyက မေးတယ် သူ့ရဲ့ တံတွေးကွက်ဆိုရင်ရော တန်ဖိုးထားမှာလားတဲ့ သူမေးတာကို ရုတ်တရက်ဆိုတော့ ငါ နားမလည်လိုက်ဖူးလေဟာ.... အဲ့တာကို ချက်ချင်း ပြန်မဖြေလို့ဆိုပြီး စိတ်ကောက်နေတာ 😔😔😔အဲ့တာ နင့်ကြောင့် Kwon Yuriရဲ့...."
Taeyeon သူ့လက်ထဲက ဇွန်းနဲ့ Yuriကို ရိုက်နေတယ်
"နားမလည်ရအောင် ငါက ဂြိုလ်သားစကား ပြောနေလို့လား Kim Taeyeonရဲ့ 😐😐😕😕"
"အဲ့ အဲ့လို မဟုတ်ပါဘူး Fany...."
"သွား ဘာမှ လာမပြောနဲ့ ဒီည ငါနဲ့ လာမအိပ်နဲ့....."
Fany ဆောင့်အောင့်ပြီး အခန်းထဲ ၀င်ကာ အခန်းတံခါးကို ၀ုန်းခနဲ ပိတ်လိုက်တယ် Taeyeon ကတော့ သူ ညစာငတ်ပြီဆိုပြီး Yuriကို ထုရိုက်နေတယ်..... Hyoyeonကတော့ ညစာငတ်ပြီဆိုတဲ့ အဓိပ္ပါယ်ကို နားမလည်လို့ ပြန်မေးနေသည်။
"ဟဲ့ ညစာ ငတ်တယ်ဆိုတာ ဘာလည်း...ခုနကမှ နင် ထမင်းစားထားတာလေ..... "
Hyoyeon ရဲ့ မေးခွန်းကြောင့် Yuri နဲ့ Taeyeonတို့ တယောက်မျက်နှာကို တယောက်ကြည့်ကြပြီး Yuriက ခေါင်းလေးကုတ်ရင်း
"ဟို..... ငါက ညစာမစားဖူးတော့ မသိဘူးဟ အာ့.... Taeyeonကို မေးလိုက် သူက စားနေကျဆိုတော့ သိတယ်လေ......"
"Taeyeon....ပြောပြ....."
"အာ..... ဒီလိုဟ...... ညဆို သူက ငါ့ကို အဆာပြေ ချောကလက်ကျွေးတယ်လေ...."
"အပြားလေး...."
"ဘာအပြားလေးတုံး Yuri.... 😕😕"
"ချောကလက်မှာ အပြားရှိတယ်လေ 😐😐"
"အလုံးလည်း ရှိသားဘဲ... 😏😏 "
" အပြား အတောင့်ကြီးက ပိုများတယ်လေ Kim Taeyeonရဲ့..... "
"ကဲ တော်ကြပါတော့ ချောကလက်က sizeစုံရှိတယ် အပြား အလုံး လေးထောင့် တြိဂံ ဟုတ်ပြီလား.....'
Hyoyeon ပြောလိုက်မှ YulTae နှစ်ယောက် အငြင်းပွားနေရာမှ ရပ်သွားသည်။
" Aww.... ဒါဆို နင်က ချောကလက် မစားရတော့လို့ ညစာငတ်ပြီ ပြောတာပေါ့..... "
"Omm...... ဒါပေါ့..... "
"ပေါက်စီပါ ငတ်တာ ထည့်ပြောလေ 😜😜😜😜"
"Yrr.... Kwon Yuri 😠😠😠"
"ပေါက်စီက ဘာလည်းဟင်..."
"ဒီလိုဟ Taeyeonက အားမရှိဘူးလေ သိတယ်မဟုတ်လား အဲ့တော့ Fanyက သူ့ကို အားရှိအောင် ညတိုင်း နို့ပေါက်စီ ကျွေးတာဟာ.... အဲ့တာကြောင့် Taeyeon ရဲ့ မျက်နှာလေး ခုတလော ဖောင်းလာတာ သတိထားမိလား...."
Taeyeonရဲ့ ပါးကို Yuri ဆွဲလိမ်လိုကိပြီး ပြောလိုက်သည်။ Taeyeonကတော့ သူ့လက်ထဲက ဇွန်းနဲ့ Yuri ကို ရိုက်လိုက်သည်။
"ပေါက်ကရတွေ ပြောမနေနဲ့ Yuri....."
Yuriကတော့ လက်ခုပ်တီးပြီး အားရပါးရ ရယ်နေတယ်.....
"ဒါနဲ့ ဟို တံတွေးကွက်က Mickey Mouse လက်ချက်လား....."
"Omm ဟုတ်တယ်ဟ သူနဲ့ ငါ တွေ့တာ သုံးခါရှိပီ Hyo....."
"ဟုတ်လား ချောလား....."
"အရမ်းချောပြီး ချစ်စရာကောင်းတယ် ငါ video ပြမယ် ငါသူ့ကို ခိုးရိုက်ထားတာ ရှိတယ်......"
Yuriလည်း သူ့ဖုန်းထဲက ဟိုတလောက သူခိုးရိုက်ထားတဲ့ Yoonaရဲ့ videoကို ပြတော့
"ဟာ....... ချစ်စရာလေး Yuri.... အဲ့ ကောင်မလေး တော်တော် ချစ်ဖို့ကောင်းတယ်....."
"ဟုတ်ပါ့ Yuriရာ..... ပြုံးနေတာက ချစ်စရာလေး...."
ထိုစဉ် မီးဖိုထဲ ရေလာသောက်သော Tiffany Hwang တယောက် Kim Taeyeonရဲ့ ပြုံးနေတာက ချစ်စရာလေး ဟူသော စကားကြားသောအခါ
" Kim Taeyeon ငါကရော ငါ့အပြုံးက ချစ်စရာ မကောင်းဘူးလား....."
"ငိ...... သေပြီ......"
"ကိုယ့် ချစ်သူက စိတ်ဆိုးနေတာကို လာမချော့ဘဲ တခြား ကောင်မလေးကို ဘူးနေတယ်ပေါ့....."
"မဟုတ်ဘူး Fanyရဲ့ Yuriက သူ့ကောင်မလေးက ချစ်စရာကောင်းတယ်နော်လို့ မေးလို့ ကိုယ်ဖြေပေးတာ...."
"ဘာမှ လာမပြောနဲ့.. ..."ဆိုပြီး Fany ဆောင့်အောင့်ကာ ထွက်သွားပြန်ရော.....
"ကောင်မလေးက ချစ်စရာကောင်းတော့ Yuriမ တံတွေးကွက်ကိုတောင် ချစ်နေတာ မထူးဆန်းပါဘူး.. ..."
"အခုမှ သတိရတယ် Yuri နင် အင်္ကျီကို မလျော်ဘဲများ သိမ်းထားတာလား....."
"Omm ဟုတ်တယ် သိမ်းထားတာ Taeyeon......."
"😬😬😬 ရေရော ချိုးရဲ့လား......"
"မနက်ကျမှ ချိုးမလို့....."
"ဝေါ့ 😷😷😷😷 ငါ ဒီနေ့ Yuriနဲ့ မအိပ်ဘူး Hyo နင်နဲ့ လာအိပ်မယ် သိလား ဘယ်လောက် အာပုပ်စော် နံနေမလည်း မသိဘူး....."
"မွှေးပါတယ်ဟ မယုံရင် ရှူ ကြည့်....."
"နင်ဘဲ အားရပါးရ ထိုင်ရှူ နေတော့....."
Taeyeon ပြောပြောဆိုဆိုနဲ့ Hyoyeon အခန်းထဲ ပြေးဝင်သွားတယ်......
ဓာတ်ဆီဆိုင်မှာ Yoona တယောက် ကား ဆီ ဖြည့်ပေးနေရင်းကားပေါ်မှာ Yuriရဲ့ ပခုံးပေါ် မှီအိပ်ခဲ့တာတွေ Yuriရဲ့ " Yoona အိပ်နေတာလေး မနှိုးရက်လို့ပါ..."ဆိုတဲ့ စကားတွေ ပြန်ကြားယောင်ပြီး သဘောကျနေတာ နောက် ကားတစ်စီး ဆီ လာဖြည့်တာတောင် မသိဘဲ ပြုံးနေလေရဲ့......
"Im Yoona အလုပ်ထဲ အာရုံစိုက်ပါ.. .."ဆိုတဲ့ သူ့ အလုပ်ရှင်ရဲ့ သတိပေးချက်ကြောင့် Yoona အတွေးတွေကို ရပ်ပြီး
"တောင်းပန်ပါတယ် သူဌေး...."
အလုပ်တွေပြီးလို့ အိမ်ပြန်ရောက်တော့ Yoona ကုတင်ပေါ် ပစ်လှဲပီး
"ဟား...ဒီခေါင်းအုံးကလည်း Yuriရဲ့ ပခုံးလောက်တောင် အိပ်လို့ မကောင်းဘူး....ဂါး....ငါဘာတွေ ပြောနေတာလည်း Im Yoona စိတ်ထိန်း စိတ်ထိန်း....."
တဖက်မှာလည်း Yuri တယောက် သူ့ပခုံးလေးကို ကိုင်ပြီး ကားပေါ်က အကြောင်းတွေးရင်း မအိပ်နိုင်ဘဲ ဖြစ်နေလေရဲ့.....
Bạn đang đọc truyện trên: Truyen3h.Co