Truyen3h.Co

ငါညာခဲ့ပါတယ်​..... ဒါ​ပေမယ့်​.....

ငါညာ​ခဲ့ပါတယ်​ ဒါ​ပေမယ့်​ (Part-6)

KimFany059

Yuri မနက်​ နိုးလာ​တော့ ​ရေချိုးခန်းထဲ ၀င်​ပြီး ​ရေချိုး ​နေတယ်​..... ခဏကြာ​တော့ Yuri အ၀တ်​အစားလဲပြီး အလုပ်​သွားဖို့ ပြင်​ဆင်​​နေချိန်​ Hyoyeonရဲ့ အခန်းထဲက​နေ ​အော်​သံကြားလိုက်​ရလို့ Yuriလည်း သူ့ အခန်းထဲက​နေ ​ပြေးထွက်​လာတယ်​..... Fanyကလည်း အလန့်​တကြား သူမရဲ့ အခန်းထဲက​နေ ထွက်​လာခဲ့တယ်​..... Yuriနဲ့ Fanyတို့ Hyoyeonရဲ့ အခန်း​ရှေ့မှာ ရပ်​​လိုက်​ကြပြီး
"Hyo..... ဘာဖြစ်​လို့လဲ အဆင်​​ပြေရဲ့လား......" ဆိုပြီး Yuri ​အော်​​မေးလိုက်​တယ်​....
ခဏကြာ​တော့ Hyoyoen နဲ့ Taeyeon အိပ်​ခန်းထဲက​နေ ထွက်​လာကြတယ်​.....
"Taeyeon​လေ....."
Taeyeonကို လက်​ညိုးထိုးပြီး Hyoyeon စကား စလိုက်​တယ်​....
"ငါ အိပ်​​နေတုံး Fany Good Morning ဆိုပြီး လာနမ်းတယ်​ 😑😑😑"
Hyoyeon စကား​ကြောင့်​ Fany ရှက်​သွားပြီး အခန်းထဲ ပြန်​၀င်​သွားတယ်​.....Taeyeonက​တော့ Fnay အခန်းတံခါး မပိတ်​ခင်​ အမြန်​ လိုက်​၀င်​လိုက်​တယ်​..... Hyoyeonက​တော့ သူ့ပါး​လေးကို ကိုင်​ပြီး
"ဗြဲ ငါ့ First kiss​လေး ပါသွားပြီ 😭😭 ငါ့ပါးကို င့ါချစ်​တဲ့သူ ပထမဆုံးနမ်းရမယ်​ဆိုပြီး စဉ်းစားထားတာကို "
Hyoyeonရဲ့ ​ကျောကို ပုတ်​ပြီး Yuri နှစ်​သိမ့်​လိုက်​သည်​။
"မငိုပါနဲ့ဟာ နင့်​ပါးကို နမ်းမယ့်​သူမှ ​ပေါ်မလာ​သေးတာ......"
Yuriရဲ့ နှစ်​သိမ့်​အား​ပေးတဲ့ စကား​တွေ​ကြောင့်​ Hyoyeon အားရှိလာတယ်​ ထင်​ရ Yuriကို လိုက်​ရိုက်​ပါ​လေ​ရော......
Yuriက​တော့ Hyoyeonကို ​ပြောင်​ပြပြီး ထွက်​​ပြေးသွားတယ်​......
Yoona မနက်​ပိုင်း နွားနို့ပို့တဲ့ အလုပ်​လုပ်​ပြီး​နောက်​ သူမအလုပ်နဲ့နီးတဲ့ ​သူမ၏ သူငယ်​ချင်း အလုပ်​လုပ်​တဲ့ မုန့်​ဆိုင်​ထဲ ၀င်​ပြီး မုန့်​စားလိုက်​သည်​။
"Hi Yoong......"
"Hi Fany....."
"ဘယ်​က​နေ ဘယ်​လို ဒီဆိုင်​ကို ​ရောက်​လာတာလည်း...."
"ငါ အလုပ်​လုပ်​​နေတဲ့ ​နေရာနဲ့ နီး​တော့ လမ်းကြုံလို့ ၀င်​လာ​တာ နင့်​ကိုလည်း သတိရ​နေ​တော့....."
"ထိုင်​အုံး ... ငါမုန့်​သွား ယူလိုက်​အုံးမယ်​....."
Yoonaကို မုန့်​​တွေချ​ပေးလိုက်​ပြီး Fany တစ်​​ယောက်​ ဆိုင်​မှာ customer သိပ်​မရှိ​သေးတာနဲ့ Yoonaနဲ့ စကား​ထိုင်​​ပြော​နေသည်​။
"Fany...... "
" Omm​ပြော Yoong....."
" လူတ​စ်​​ယောက်​ အ​ကြောင်းကို အမြဲလိုလို ​တွေး​နေတယ်​ ပြီး​တော့ အဲ့လူအ​ကြောင်း​တွေ လိုက်​တိုင်း ရင်​ခုန်​လာတာ ဘာလို့လည်း အဲ့လူကို ချစ်​​နေလို့လား......."
"ဒါ​ပေါ့ဟ အဲ့လူကို စိတ်​၀င်​စား​နေလို့ သ​ဘောကျ​နေလို့​ပေါ့ ဘာလို့​မေး​နေတာလည်း...... မဟုတ်​မှလွဲလို့ နင်​....."
"Omm ဟုတ်​တယ်​ ငါ အခု အဲ့လိုဖြစ်​​နေတာ......"
"နင့်​ကို အဲ့လို ဖြစ်​​အောင်​ လုပ်​​တဲ့သူက ဘယ်​သူလည်း နင်​နဲ့ သူနဲ့ ​ဘယ်​လို သိတာလည်း သူက ဘယ်ကလည်း ဘာလုပ်​တာလည်း နင်​နဲ့ အလုပ်​ အတူတူဘဲလား......"
"အမ​လေး ​မေးခွန်း​တွေ များလိုက်​တာဟာ ငါ ဘယ်​ဟာကို အရင်​​ဖြေရမှာလည်း.. ....."
Fanyလည်း သူ သိချင်​​ဇောကြီးသွားတာကို ရယ်​လိုက်​ပြီး
"ကြိုက်​တာ အရင်​​ဖြေပါ ဟီးဟီး....."
Fanyနဲ့ Yoonaတို့ ရယ်​​မော​နေတာကို ကြည့်​ပြီး Taeyeon Jelly​တွေ နင်​​နေပြီ​လေ
"Hey..... Kookie လှလှ​လေး​တွေ လုပ်​ခိုင်းတာ​နော်​ Taeyeon....."
သူမ၏ သူငယ်​ချင်းလည်းဟုတ်​ အလုပ်​ရှင်​လည်း ဟုတ်​တဲ့ Sooyoung အသံ​ကြောင့်​ Taeyeon Jellyနင်​​နေတာ ရပ်​လိုက်​ပြီး Sooyoungကို ရယ်​ပြလိုက်​တယ်​.....
"နင်​ ဂျယ်​လီနင်​​နေတယ်​ ​coffee​သောက်​လိုက်​အုံး Taeyeon....."
Taeyeon ကို Sooyoung စလိုက်​ခြင်း ဖြစ်​သည်​။
"Soo.... အလုပ်​ချိန်​မှာ သူ့ကို စကား​ပြောခွင့်​​ပေးထားလား....."
Fanyကို လက်​ညှိုးထိုးပြီး Taeyeon ​မေးလိုက်​ခြင်း ဖြစ်​သည်​။
Sooyoung ရယ်​လိုက်​ရင်း
"အခုချိန်​ လုပ်​စရာ​တွေ သိပ်​မရှိ​သေးဘူး​လေ Customer ​တွေလညိး မလာ​သေး​တော့ ​ပြောပါ​စေ စိတ်​မပုပ်​ရဘူး​လေ Taeyeon 😜😜"
" 😒😒😒"
Fanyက​တော့ Taeyeon သူမကို Yoonaနဲ့ သူငယ်​ချင်းမှန်း မသိဘဲ J ၀င်​​နေတဲ့ Taeyeonကို သတိမထားမိဘဲ Yoonaရဲ့ အ​ကြောင်းကိုသာ စိတ်​၀င်​စား​နေတယ်​....
"သူကလည်း ငါ့လိုဘဲ မိန်းက​လေးဟ....."
"ဒါဆို နင်​က မိန်းက​လေးချင်း စိတ်​၀င်​စား​နေတာ​ပေါ့......"
Yoonaကို Fany ​မေးလိုက်​ပြီး သူ့နဖူးသူ ပြန်​ရိုက်​ရင်း
"ဟုတ်​သားဘဲ နင်​က Yuriဆိုတာကို ငါ​မေ့သွားတယ်​..... သူနဲ့ ဘယ်လို စ​တွေ့တာလည်း Yoong......"
"ဒီလိုဟာ ငါအလုပ်​​နောက်​ကျ​နေတုံး ​ပြေးလွှားရင်း သူ့ကို ၀င်​တိုက်​မိသွားတာ အဲ့တုံးက ငါလည်း အလုပ်​​နောက်​ကျ​နေတာနဲ့ သူ့ကို မ​တောင်းပန်​လိုက်​ရဘူး​လေ.... ဒီလိုနဲ့ ငါ အလုပ်​လုပ်​တဲ့ ​coffeeဆိုင်​ကို သူလာ​သောက်​တယ်​ ငါပြဿ      နာဖြစ်​​တော့ သူဝင်​ရှင်း​ပေးတယ်​ အဲ့မှာ သူနဲ့ငါ သိသွားတာ..... ​နောက်​ သူ အလုပ်​လုပ်​တဲ့ Fashionဆိုင်​မှာ ငါ ​ခေါက်​ဆွဲသွားပို့မိတယ်​ အဲ့မှာ တစ်​ခါ​တွေ့တယ်​.... အဲ့တုံးက ည​နေ အိမ်​ပြန်​​တော့ သူနဲ့ငါ ဘတ်​စ်​ကား စီးရင်း ​တွေ့ပြီး စကား​ပြောကြတယ်​ စကား​ပြောရင်း ငါ သူ့ပုခုံး​ပေါ် အိပ်​​ပျော်​သွား​တော့ ငါ့ကို မနှိုးရက်​လို့ဆိုပြီး သူ့မှတ်​တိုင်​​ရောက်​တာ​တောင်​ မဆင်းဘဲ ငါ့အိမ်​ထိ လိုက်​ပို့​ပေးတာ....."
"ဒါဆို နင်​တို့ ​တွေ့တာ သုံးခါဘဲ ရှိ​သေးတာ​ပေါ့......"
"Omm ဟုတ်​တယ်​ Fany......"
"အဲ့ အချိန်​​လေးတွင်းမှာ နင်​က သူ့ကို စိတ်​၀င်​စားသွားတယ်​​ပေါ့....."
" 😁😁😁"
"ငါ့သူငယ်​ချင်းကို ရင်​ခုန်​​အောင်​ လုပ်​တဲ့ သူ့ရဲ့ နာမည်​က ...."
သူ့ရဲ့ နာမည်​က...."
Yuriရဲ့ နာမည်​ကို Yoona ​ပြောမလို့ ရှိ​သေးသည်​ ဆိုင်​ထဲကို customer နှစ်​ဦး ၀င်​လာတဲ့ အတွက်​​ကြောင့်​ Fany စကားစဖြတ်​ပြီး customer​တွေကို သွားပြီး ​မေးမြန်း​နေတယ်
Yoonaလည်း Fany အလုပ်​များ​နေတာနဲ့ နှုတ်​ဆက်​ပြီး အိမ်​ကို ခဏပြန်​လာ နားလိုက်​သည်​။
နေ့လည်​စာ စားချိန်​​ရောက်​​တော့ Sunny တ​ယောက်
"Hey..... မ​နေ့ကလို ပဲ​ခေါက်​ဆွဲ စားမလား....."
Seulrene တို့ ပြိုင်​တူ ​ဖြေလိုက်​သည်​။
"Nae...... "
"ဒါဆို မှာလိုက်​မယ်​​နော်​ ဂျာကြီး 😜😜"
Yuriကို Sunny လှမ်းစလိုက်​သည်​။
"မှာလိုက်​ပါ Chawတို့လည်း ဗိုက်​၀ ဂျာကြီးလည်း ဗိုက်​​ရော အကုန်​ ၀ပြီးသား ဖြစ်​​အောင်​....."
ဆိုပြီး Seulgi က Yuriကို စ​လိုက်​သည်​။
"Seulgi.... မ​နေ့က Fashion​တွေ ပြီးပြီလား....."
Yuriရဲ့ ​မေးခွန်း​ကြောင့်​ Seulgi ပါးစပ်​ပိတ်​သွားပြီး အလုပ်​ဆက်​လုပ်​ လိုက်​သည်​။
"မှာလိုက်​ရမလားလို့...."
" စားချင်​ရင်​ မှာလိုက်​​လေ "
" yuri နင်​က​ရော မစားချင်​ဘူးလား....."
Yuriကို Sunny ​မေးလိုက်​သည်​။
"ကဲပါ စားပါမယ်​ မှာလိုက်​......"
Sunnyလည်း ပဲ​ခေါက်​ဆွဲဆိုင်​ကို ဖုန်းဆက်​ပြီး ပဲ​ခေါက်​ဆွဲမှာလိုက်​တယ်​.....
"ငါ​တော့ ပဲ​ခေါက်​ဆွဲမှာပြီးပြီ​နော်​ Yuri........"
Yuri တံ​တွေးမျိုချပြီး သူ့နှုတ်​ခမ်းကို လျှာနဲ့သပ်​လိုက်​သည်​။
"ဂျာကြီး ​ရေငတ်​​နေတယ်​ထင်​တယ်​ လျှာ​တွေ​တောင်​ သပ်​​နေပြီ ဟီးဟီး......"
သူ့ကို စ​နေတဲ့ Ireneကို ရုပ်​တည်​နဲ့ ကြည့်​လိုက်​​တော့ Irene တ​ယောက်​ ဆက်​မ​ပြောဘဲ ငြိမ်​သွားတယ်​.....
Yuriလည်း  Income ​ငွေ​တွေ တွက်​​နေရင်း
"ပဲ​ခေါက်​ဆွဲရပါပြီ......"
Yuri ထိုအသံဟာ Yoona မဟုတ်​ဘူးဆိုတာ သိလိုက်​သည်​။ ​စာရင်းတွက်​​နေရာက ​မော့ကြည့်​​တော့ သူထင်​တဲ့ အတိုင်းဘဲ တခြားသူ ဖြစ်​​နေတယ်​..... Yuriလည်း သူ ​တွေ့ချင်​တဲ့သူ မဟုတ်​ဘဲ တခြားသူ ဖြစ်​​နေ​တော့ မျက်​နှာ​လေး ညိုးသွားတယ်​.......Sunnyလည်း Yuriကို ကြည့်​ပြီး ပဲ​ခေါက်​ဆွဲ လာပို့တဲ့ တ​ယောက်​ကို ​မေးလိုက်​သည်​။
"ဟို​လေ Yoonaဆိုတဲ့ တ​ယောက်​ ဒီ​နေ့မလာ ဘူးလားဟင်​....."
"သူလား လာပါတယ်​ ခုနက မှာတဲ့သူ ဖုန်းဆက်​လို့ သွားပို့​နေတာ သူမရှိလို့ chawက လာ​ပို့တာပါ...."
"Aww nae တာဝန်​​ကျေပါတယ်​.. .."
ပဲ​ခေါက်​ဆွဲပို့တဲ့ ​ကောင်​​မ​လေးလည်း ထွက်​သွား​ရော Yuriရဲ့ ​ကျောကို Sunny ပုတ်​လိုက်​ပြီး
"စိတ်​မ​ကောင်း မဖြစ်​ပါနဲ့..... ဒါနဲ့ ဒီ​နေ့ ငါ့​မွေး​နေ့​နော်​ club သွားမယ်​ ကဲမယ်​ အားလုံး လိုက်​ခဲ့ရမယ်​​နော်​......"
"Yeah......"
"Hey Yuri...... နင့်​အသံမကြားရဘူး ကျယ်​ကျယ်​​လေး ​ပြော.... က​လေး နှစ်​​ယောက်​ အသံဘဲ ကြားရတယ်​....."
"Ok ငါလိုက်​ခဲ့မယ်​...."
Yuriရဲ့ တက်​ကြွတဲ့ အသံ​ကြောင့်​ Sunny လက်​​ဖျောက်​တီးပြီး
"အဲ့လို တက်​ကြွစမ်းပါ Kwon Yuri....."
Yuriက​တော့ ပဲ​ခေါက်​ဆွဲ မစား​တော့ဘဲ သူ့အလုပ်​ကို ဆက်​လုပ်​​နေတယ်

Bạn đang đọc truyện trên: Truyen3h.Co