Truyen3h.Co

ငါညာခဲ့ပါတယ်​..... ဒါ​ပေမယ့်​.....

ငါညာခဲ့ပါတယ်​ ဒါ​ပေမယ့် (Part-7)

KimFany059

Sunnyတို့နဲ့ အတူ Hyoyeon ရဲ့ clubကို Yuri လိုက်​လာတယ်​ Yuri လည်း club ထဲမှာ က​နေရင်း ရုတ်​တရက်​ ​တစ်​ခုခုကို သတိထားမိသွားတယ်​ Waiter ​ကောင်​မ​လေး တစ်​​ယောက်​ကို ​ယောင်္ကျား​လေး တ​ယောက်​​က လက်​ကို ဆွဲပြီး သူ့ဘေးနား ထိုင်​ခိုင်း​နေတာကို ​ကောင်​မ​လေးက မထိုင်​ချင်​ဘူးဆိုပြီး ရုန်း​နေတယ်​ ပြီး​တော့ အဲ့​ကောင်​မ​လေးက Yoona ဖြစ်​​နေတယ်​......
Yuriလည်း Yoonaရှိရာကို သွားပြီး အမူးသမား​တွေ ကိုင်​ထားတဲ့ Yoonaရဲ့ လက်​ကို တွဲလိုက်​တယ်​ ပြီး​နောက်
"ဒီမှာ ရှင်နားမကန်းဘူး မဟုတ်​လား ​ကောင်​မ​လေးက မထိုင်​ချင်​ဘူးလို့ ဇွတ်​ငြင်း​နေတာကို ဘာလို့ ဆွဲလားရမ်းလားလုပ်​​နေတာလည်း ......."
"Ha Ha မင်းနဲ့ ဘာဆိုင်​လို့ ၀င်​​ပြော​နေရတာလည်း သူက clubမှာ အလုပ်​လုပ်​တာ​လေ အဲ့ဒီ​တော့ ......."
"Clubမှာ အလုပ်​လုပ်​တာ ဟုတ်​တယ်​ အမျိုးအစားခြင်း ကွာတယ်​ ရှင်​ဖာချချင်​ရင်​ ​ပြောလို့ရတယ်​ သူက ရှင်​လိုချင်​တဲ့ အမျိုးအစား မဟုတ်​ဘူး သူက Waiter တစ်​ဦး......"
"Ha စကား​တွေက နင်​က ဘာ​ကောင်​မလည်း......"
ထို ​ယောင်္ကျား​လေးက Yuriရဲ့ အင်္ကျီ​ကော်​လံကို ဆွဲပြီး ​ပြောလိုက်​တယ်​.....Yoonaက ၀င်​တား​ပေမယ့်​ Yuriက ဟန့်​လိုက်​သည်​။
"Yoona နင်​ ၀င်​မပါနဲ့....."
"Yuri....."
"Sunny နင်​လည်း ၀င်​မပါနဲ့...."
Clubထဲ ရုတ်​ရုတ်​သဲသဲ ဖြစ်​​နေလို့ clubက မန်​​နေဂျာလည်း Hyoyeon ရဲ့ သူငယ်​ချင်း Yuriဖြစ်​​နေတာနဲ့ Hyoyeonဆီ ဖုန်းအမြန်​ဆက်​လိုက်​သည်​။ Hyoyeonလည်း သတင်းကြားပြီးပြီးချင်း အမြန်​ဆုံး clubကို ​ရောက်​လာတယ်
"Yuri ဘာဖြစ်​​နေတာလည်း....."
Hyoyeon ​ရောက်​လာ​တော့ Yuriမျက်​နှာမှာ​ရော တစ်​ဖက်​လူက မျက်​နှာ​​ပေါ်​ရော ဒဏ်​ရာ ဒဏ်​ချက်​​တွေနဲ့ ​တွေ့ရတယ်
Yuriလည်း Hyoyeonကို ကြည့်​ပြီး
"ဒီလူ​လေ နင့်​၀န်​ထမ်းကို မတရားကြံ​နေတာ......"
ထို​ယောင်္ကျားလည်း သူ့နှုတ်​ခမ်းက ​သွေး​တွေကို ပွတ်​ပြီး
"Ha..... ငါက Waiter မှန်းမသိလို့​ပေါ့......"
Hyoyeon တည်​တည်​ငြိမ်​ငြိမ်​နဲ့
"ကျွန်​​တော်​တို့ club ၀င်​​ပေါက်​မှာ ​ရေးထားတာ ရှိပါတယ်​ စည်းကမ်းချက်​​တွေပါ မလိုက်​နာရင်​ club  member အဖြစ်​က​နေ ထုတ်​ပယ်​ပါမယ်​ဆိုပြီး ဟုတ်​ကဲ့ပါ ပြီး​တော့ လူကြီးမင်း အ​နေနဲ့ ​ဘေးပတ်​၀န်းကျင်​ကို ကြည့်​ရင်​ သိသာပါတယ်​ Waiterက အင်္ကျီအပြာ​ရောင်​ အရက်​ငှဲ့​ပေးတဲ့ မိန်းမ​တွေက အင်္ကျီအနီ​ရောင်​ဆိုပြီး ခွဲထားပါ​သေးတယ်​ စည်းကမ်းချက်​ထဲမှာ ကျွန်​​တော်​တို့ ၀န်​ထမ်းအမျိုးသမီး​တွေကို ကိုယ်​ထိလက်​​ရောက်​ ​စော်​ကားရင်​ Member အဖြစ်​က​နေ ထုတ်​ပါမယ်​လို့ ​ရေးထားပါတယ်​​နော်​ Member မ၀င်​ခင်​ကလည်း ဒီ စည်းကမ်းချက်​​တွေကို ​​ပြောပြီးသားပါ......"
"ငါ ထွက်​တယ်​ Member အဖြစ်​က​နေ"လို့ ​ပြောပြီး Yuriကို လက်​ညိုးထိုးပြီး
"မင်း ကြပ်​ကြပ်​သတိ​ထား​နေ....."လို့ ​ပြောကာ ထွက်​သွားသည်​။
Yuriလည်း Hyoyeon ကို ​ကျေးဇူးတင်​စကား​ပြောပြီး Yoonaရဲ့ လက်​ကို ဆွဲပြီး clubထဲက​နေ ထွက်​လာတယ်​....Irene အိမ်​သာ သွားချင်​လို့ လိုက်​ပို့ပြီး ပြန်​လာ​တော့ Yuriကို မ​တွေ့လို့ Sunnyကို Seulgi ​မေးလိုက်​သည်​။
"Unnie.....ဂျာကြီး​ရော....."
Sunnyလည်း အ​ကြောင်းစုံ ရှင်းပြလိုက်​သည်​။
Yuri club အပြင်​ဘက်​ကို ​ရောက်​​တော့ Yoonaရဲ့ လက်​ကို လွှတ်​လိုက်​တယ်
"ခုနက ကူညီ​ပေးလို့ ​ကျေးဇူးတင်​ပါတယ်​ Yuri...... ဒါ​ပေမယ့်​ ကျွန်​မ အလုပ်​မပြီး​သေးဘူး​ ဒါ​ကြောင့်​ သွားခွင့်​ပြုပါအုံး....."
Yoonaရဲ့ လက်​ကို Yuri လှမ်းဆွဲလိုက်​ပြီး
"မသွားပါနဲ့.. ..... အလုပ်​ကထွက်​လိုက်​........"
"ဟင်​.. ...."
"ဒီလို​နေရာမျိုးမှာ အလုပ်​မလုပ်​ပါနဲ့ အန္တရာယ်​များလို့ပါ အကယ်​၍ ခုန​ ကိစ္စမှာ ငါသာ ၀င်​မကူခဲ့ရင်​........ Yoonaကို ခုနကိစ္စလို ထပ်​ဖြစ်​မှာ မလိုလားဘူး အဲ့တာ​ကြောင့်​မို့လို့ အလုပ်​က​နေ ထွက်​လိုက်​ပါ......"
"လကုန်​ရင်​ ထွက်​လိုက်​ပါမယ်​ မဟုတ်​ရင်​ လစာပြန်​​လျှော်​ရမှာမို့လို့....."
"ငါ ​လျှော်​​ပေးမယ်​ အခုထွက်​လိုက်​......"
"ဒီအလုပ်​အစား တခြား အလုပ်​ပြန်​ရှာရအုံးမယ်​​လေ အလုပ်​တစ်​ခု အစားထိုးရမှာ ဒီက​နေ....."
"ငါ ရှာ​ပေးမယ်​ ထွက်​ဆို ထွက်​လိုက်​ပါ Yoona......."
Yoona ကို ​ပြော​နေရင်း Yuriရဲ့ နှာ​ခေါင်းက​နေ ​သွေး​တွေ ထွက်​လာတယ်​.. .. Yoonaလည်း သူ့ လက်​ကိုင်​ပုဝါနဲ့ သုတ်​​ပေးပြီး 
"​မော့ထား....."
"မတ်​တတ်​ရပ်​ပြီး ​မော့ထားရမှာလား......"
Yuriရဲ့ လက်​ကိုဆွဲပြီး အလုပ်​သမား အ၀တ်​လဲတဲ့​နေရာကို ​ခေါ်လာလိုက်​တယ်​ ပြီး​တော့ ထိုင်​ခုံရှည်​​ပေါ်မှာ ထိုင်​လိုက်​ပြီး
"Yuri.... ထိုင်​လိုက်​ပါ ပြီး​တော့ ကျွန်​မရဲ့ ပခုံး​ပေါ်မှီပြီး ​မော့ထားပါ......"
Yuri မထိုင်​ဘဲ Yoonaရဲ့ ​ပေါင်​​ပေါ်မှာ လှဲအိပ်​လိုက်​တယ်​..  Yuri​ကြောင့်​ Yoona ကြက်​သီး​တွေထပြီး ရင်​​တွေခုန်​​နေတယ်​...    Yuri နှာ​ခေါင်းက ​သွေး​တွေကို သုတ်​​ပေးရင်း Yuriရဲ့ နှုတ်​ခမ်း​လေးကို Yoona ကိုင်​မိသွားတယ်​ Yuriလည်း Yoonaကို ​လှဲ​နေရာက​နေ ကြည့်​လိုက်​​တယ်​......Yoonaကလည်း တဖြည်းဖြည်း ​ခေါင်းကို ငုံ့လာတယ်​ Yuriက​လည်း တဖြည်းဖြည်း ​ခေါင်း​ထောင်​လာပြီး သူတို့ နှစ်​​ယောက်​ နှာ​ခေါင်းချင်း​တောင်​ ထိ​တော့မယ့်​ အချိန်​ Hyoyeon ၀င်​လာတယ်
"Yuri အဆင်​​ပြေရဲ့လား အာ..... ငါ အခန်းမှား ၀င်​မိပြီ ထင်​တယ်​....."
"Hyoစိန်​ဟာ​လေ အလိုက်​ကမ်းဆိုးကို မသိဘူး အရင်​ဘ၀တုံးက သူများအတွဲ​တွေ ကြားထဲ လိုက်​​နှောင့်​ယှက်​လို့ ခု အပျိုကြီး ဖြစ်​​နေတာကို အခု ထပ်​​နှောင့်​ယှက်​ပြန်​ပြီ 💭💭💭💭"
Hyoyeonကို စိတ်​ထဲက​နေ Yuri ​ပြော​နေ​ပေမယ့်
"ရပါတယ်​ Hyo.... အဆင်​​ပြေပါတယ်​....."
"​ဒါဆို ငါလာထိုင်​လို့ရလား....."
"ထိုင်​ပါ ထိုင်​ပါ......"
Yoonaကို Hyoyeon ကြည့်​လိုက်​ပြီး
"ဟာ Mickey Mouse က ဒီမှာ အလုပ်​လုပ်​တာလား......."
Hyoရဲ့ ​ခေါင်းကို Yuri ရိုက်​လိုက်​ပြီး
"သိပ်​​တော်​တဲ့ Boss ကိုယ့်​ဝန်ထမ်း​တောင်​ ကိုယ်​မသိဘူး....."
Hyoyeon သူ့​ခေါင်း​လေးကို ကိုင်​ပြီး
"Yrr.... ငါက clubတစ်​ခုထဲ​ထောင်​ထားတယ်​ ထင်​လား Koreaမှာ ဘယ်​​နေရာ ကြည့်​ကြည့်​ ငါ့ clubချည်းဘဲ သိလား အဲ့​တော့ ၀န်​ထမ်း​တွေကို ငါက ဘယ်လိုလုပ်​ မှတ်​မိမှာလည်း....."
"ခုနက ပြဿ      နာ အတွက်​ ​တောင်းပန်​ပါတယ်​ Boss ဒါနဲ့ Yuriနဲ့ Bossက သိ​နေတာလား....."
"Omm ဟုတ်​တယ်​​ BFF​တွေ​လေ....."
"Bff​တွေမို့လို့ နင့်​ကို တစ်​ခု အကူအညီ ​တောင်းစရာရှိတယ်​ Hyo......"
"Omm ဘာလည်း ​ပြော​လေ Yuri...."
"Yoona ဒီမှာဆက်​မလုပ်​​တော့ဘူး ​လျော်​​ကြေးကိုလည်း ငါ​ပေးမယ်​......"
Yuri စကား​ကြောင့်​ Hyo​ရော Yoona​ရော အံ့သြ​နေကြတယ်
"Yuri....."
"စိတ်​မပူပါနဲ့  Yoona မင်းအတွက်​ အလုပ်​ရှာ​ပေးမှာပါ......"
"မင်းတို့​ကောင်​​ဒေကလည်းကွာ မဟုတ်​​သေးပါဘူး Taeyeonတုံးကလည်း သူ့ရည်းစား Fanyကို ငါ့ clubက​နေ ထွက်​ခိုင်းတယ်​ အခုလည်း နင်​ . ....... ​နောက်​တခါ အလုပ်​​လာ​လျှောက်​ကြရင်​ ချစ်​သူက သ​ဘောတူ​ကြောင်း ​ထောက်​ခံစာပါ ​တောင်းရမယ့်​ပုံဘဲ......."
"လုပ်​ပါဟာ နင်​ကလည်း "
"​အေးပါ ​အေးပါ လက်​ခံတယ်​ လစာလည်း ​ပြန်​မ​ပေးနဲ့ ယူသာထား......"
" အဲ့တာ​ကြောင့်​ ငါ့ သယ်​ရင်းကို ချစ်​တာ..... မွ...."
Yuri နမ်းတာကို Hyoyeon တွန်းလိုက်ပြီး
"သွားစမ်းပါ ငါ့ကို မနမ်းစမ်းနဲ့ နမ်းချင်​သပဆို ​နင့်​​ဘေးက တ​ယောက်​သာ နမ်းလိုက်​......."
Hyoyeon ရဲ့ စကား​ကြောင့်​ Yoona ရှက်​ပြီး မျက်​နှာကြီး နီရဲ​နေ​လေရဲ့.........

Bạn đang đọc truyện trên: Truyen3h.Co