လူဆိုးမလေး ကိုယ့်ချစ်သူPart-1
"Tiffany....မင်းကို အဲ့လို စကတ်အတိုလေး မ၀တ်ရဘူးလို့ ငါသတိပေးမထားဘူးလား......."
Fany ကျောပိုးအိတ်လေး လွယ်ပြီး သီချင်းလေးညည်းကာ ကျောင်းထဲဝင်လာစဉ် ဂိတ်စောင့်ဆရာကြောင့် လန့်သွားလေသည်။
"God......"
'လာစမ်း ရုံးခန်းလိုက်ခဲ့ အပြစ်ပေးရမယ် မင်းကို....'
ရုံးခန်းကို ဆွဲခေါ်ဖို့ သူ့ဆီလျှောက်လာတဲ့ ဆရာလက်က လွတ်ဖို့ Fanyတစ်ယောက် ဘာမှမစဉ်းစားဘဲ အသားကုန် ပြေးလေ၏
"Tiffany ဘယ်ပြေးတာလည်း......"
Taeyeon တစ်ယောက် စာအုပ်လေးကို ဖတ်ပြီး အေးအေးဆေးဆေး လမ်းလျှောက်လာလေ၏
Taeyeon အေးဆေးစာအုပ်ဖတ်ပြီး လျှောက်လာစဉ် ဆရာလိုက်ရိုက်လို့ အသားကုန်ပြေးနေတဲ့ Trouble Maker Tiffany နဲ့ဝင်တိုက်မိပြီး နှစ်ယောက်သား မြေပြင်ပေါ် လဲကျသွားသည်။
Taeyeonပေါ်ကို Fanyလဲကျပြီး နှုတ်ခမ်းချင်းထိမိသောအခါ
1s....2s.....3s..........1minute
"Arr.....နင်တို့ ဘယ်အချိန်ထိ ကြမ်းပြင်ပေါ်မှာ လှဲပြီး Roနေကြမှာလည်းဟင်....."
Sunny လက်ပိုက်ပြီး မေးလိုက်သည်။
"Omo Fany Noona နှုတ်ခမ်း....."
Seohyunတစ်ယောက် မျက်မှန်ကို ပင့်တင်ရင်း အော်လိုက်သည်။
ထိုအခါမှ Fanyလည်း Taeyeon အပေါ်မှ ထပြီး သူ့ကိုယ်ပေါ်က ဖုန်တွေကို ခါလိုက်တယ်.....
Taeyeonကတော့ ထိုင်ပြီး သူ့မျက်မှန်ကို သေချာတပ်လိုက်သည်။
"ဘယ်လိုတွေ ဖြစ်ကုန်တာလည်း ငါ့ရဲ့ First kissကို ဒီဂျပိုးကောင်က ....ငါ့ရဲ့ First kissလား သေစမ်း.....ကမ္ဘာပေါ်မှာ ယောင်္ကျားတွေ အများကြီးရှိတာကို ဘာလို့ သူနဲ့မှ💭💭💭💭"
"Oh God......မိန်းကလေးလို့ကို မမြင်ဖူးတဲ့ Trouble Maker Tiffanyဆီ ငါ့ရဲ့ ပထမအနမ်းလေးပါသွားပြီ....💭💭"
Fany မသိချင်ယောင်ဆောင်ပြီး ထွက်သွားဖို့ ပြင်လိုက်ပေမယ့် Taeyeonစကားကြောင့် ခြေလှမ်းတွေ ရပ်တန့်သွား၏§
"ယုံတောင်မယုံနိုင်ဘူး....မင်းလို လူရမ်းကားလေးက ငါ့အနမ်းကို ရသွားတယ်ဆိုတာ"
"ဘာပြောတယ်....."
Fany အနောက်ကို ပြန်လှည့်ပြီး ရန်ထောင်လိုက်သည်။
"ရော် မင်း နားမကြားဘူးလား.....ဒါမှမဟုတ် ငါ့ရဲ့ Attentionကို လိုချင်လို့များလား စိတ်မပူပါနဲ့  ငါမင်းကို သတိထားမိပါတယ်..."
Taeyeon စာအုပ်ကို ကောက်ပြီး မေးလိုက်သည်။
Fany မျက်မှောင်ကြုတ်ပြီး Taeyeonရဲ့ ခြေထောက်ကို တက်နင်းကာ
"First ငါက လူရမ်းကား မဟုတ်ဘူး Second ငါက နင့်ရဲ့ Fan မဟုတ်ဘူး နင့်ကို ကြည့်မရတဲ့သူ Third နင့်ရဲ့ အာရုံစိုက်မှုကို ဘယ်တုံးကမှ မလိုချင်ဘူး ရှင်းတယ်နော်...."
Taeyeonရဲ့ မျက်လုံးကို Fany စိုက်ကြည့်ပြီး
"Fourth.....Tiffany Hwangဆိုတဲ့ ငါလိုမိန်းကလေးရဲ့ First kissရသွားတာကို ကျေးဇူးတင်ပြီး ဂုဏ်ယူလိုက်စမ်းပါ "
Fany ပြောချင်တာပြောပြီး သူ့သူငယ်ချင်းတွေနဲ့ ထွက်သွားလေ၏
Taeyeonကတော့ ခေါင်းခါပြီး အတန်းဘက်ပြန်ဖို့ လုပ်စဉ် မြေကြီးပေါ် ကျနေတဲ့ လက်ကောက်လေးကို တွေ့ပြီး ကောက်ယူလိုက်သည်။
"Gameတစ်ခု ကစားကြမလား Tiffany....."
Taeyeon ရေရွတ်လိုက်ပြီး လက်ကောက်ကို သူ့အိတ်ကပ်ထဲ ထည့်လိုက်သည်။
Fany စားပွဲခုံပေါ်ကို သူ့ကျောပိုးအိတ် ပစ်တင်လိုက်သည်။
"Hey ဘာဖြစ်နေတာလည်း ...."
Sunnyမေးတာကို Fany ပြန်မဖြေတော့ သူတို့သူငယ်ချင်းတွေကြားမှာ အငယ်ဆုံးလေး Seohyunက ထပ်မေးသည်။
"Noona အဆင်ပြေရဲ့လား...."
"Taeyeonက နင့်အနမ်းကို ယူသွားလို့လား....."
Jessica ရယ်ပြီး မေးလိုက်သည်။
"Yeah Sica အဲ့အကြောင်းကို ထပ်မပြောပါနဲ့ဆို......"
Fanyတစ်ယောက် Sicaကို အော်လိုက်သည်။
"ဒါဆို ဘာလို့ ရုပ်ကြီးက မှုန်သုန်နေတာလည်း..."
"Sunnyရေ ငါ့လက်ကောက်လေး ပျောက်သွားလို့"
"စိတ်ပူမနေနဲ့ နေ့လည်ရောက်ရင် ငါတို့ဝိုင်းရှာပေးမယ် ok...."
Fany သက်ပြင်းချပြီး စားပွဲခုံပေါ် မှောက်အိပ်လိုက်သည်
ခဏကြာတော့ ဆရာတစ်ယောက် အခန်းထဲဝင်လာ၏
"Tiffanyက ဘယ်လိုဖြစ်တာလည်း..."
စားပွဲခုံပေါ် မှောက်အိပ်နေတဲ့ Fanyကို ကြည့်ပြီး ဆရာက မေးလိုက်သည်။
"နေမကောင်းဖြစ်နေလို့ပါ ဆရာ...."
Sunny လက်ညိုးထောင်ပြီး သူ့သူငယ်ချင်းဘက်က လိမ်ပြောလိုက်သည်။
"1အချိန်ရှိသေးတယ် အပျင်းရောဂါက စပြီ..."
Fanyအကြောင်း သိတဲ့ဆရာကတော့ ခေါင်းခါပြီး ပြောရင်း စာသင်ဖို့ စာအုပ်ထုတ်လိုက်သည်။
Fanyကတော့ စားပွဲခုံပေါ် မှောက်အိပ်ရင်း..........သူ့လက်ကောက် ဘယ်မှာကျပျောက်ခဲ့လည်းဆိုတာ တွေးနေ၏
Bạn đang đọc truyện trên: Truyen3h.Co