လူဆိုးမလေး ကိုယ့်ချစ်သူ Part-2
နေ့လည်ထမင်းစာ စားချိန်တွင်
"ကဲ ဒါဆို ငါတို့ ဘယ်နေရာကနေ စရှာမလည်း နင့်ရဲ့ လက်ကောက်ကို "
Fanyနဲ့အတူ လမ်းလျှောက်ရင်း Sica မေးလိုက်သည်။
"Fany နင် Basketball ဆော့သေးတယ်မလား အဲ့မှာ ပြုတ်ကျခဲ့တာရော မဖြစ်နိုင်ဘူးလား "
"Sunny ပြောတာ ဟုတ်တယ် ငါ Basketball ဆော့ရင်း ပြုတ်ကျခဲ့တာနေမယ် အဲ့ကို သွားရှာရအောင်...."
Fanyတို့လည်း လက်ကောက်ရှာဖို့ အားကစားရုံကို လျှောက်လာကြသည်။
အားကစားရုံထဲတွင် Taeyeon တစ်ယောက် တခြားကောင်လေးတွေနဲ့ basketball ကစားနေ၏
"Goal.....We Love Taeyeon Oppa "
Taeyeon သူ့ fanတွေဘက်လှည့်ပြီး ရယ်ပြလေသည်။ Taeyeonလည်း ရယ်ပြရော ကောင်မလေးတွေမှာ အသားကုန်အော်ကြ၏
Taeyeon basketball ဆော့ရာမှာ ခဏနားပြီး ရေသောက်နေရင်း လက်က လက်ကောက်လေးကို ကြည့်ပြီး ပြုံးလိုက်သည်။
ခဏနားပြီး ဆော့ဖို့ ထလိုက်တဲ့ အချိန် အားကစားရုံထဲ ၀င်လာတဲ့ Fanyကို မြင်လိုက်သည်။
Fany ရုံထဲကို ၀င်လာလာချင်း သူမေ့ဖို့ ကြိုးစားနေတဲ့ သူ့ရဲ့ ပထမအနမ်းကို ယူသွားတဲ့ Taeyeonကို မြင်လိုက်၏
Taeyeon basketballကို ပုတ်ရင်း Fanyရှေ့ကနေ ဖြတ်သွားသည်။
ကောင်မလေးတွေမှာ Taeyeonကို ကြည့်ပြီး အော်ကြလေ၏
Fanyကတော့ မျက်မှောင်ကြုတ်ကာ Taeyeonကို ကြည့်နေတယ်.....
"Fany.....Kingက basketball ဆော့နေတာဘဲ....."
Fanyနားသို့ ကပ်ကာ Sunny တိုးတိုးလေး ပြောလိုက်သည်။
"အဲ့တာ ငါ ဘာလုပ်ရမှာလည်း ငါက သူ့ကို ကြည့်ဖို့ လာတာမဟုတ်ဘူး လက်ကောက်လာရှာတာ Sunny"
Sunnyကို လှည့်ပြီး ရန်ထောင်နေတုံး သူ့ရှေ့ကို Taeyeon ရောက်လာတာ သတိမထားမိပေ.....
ရှေ့ကိုလည်း ပြန်လှည့်ရော
"Omo......."
"ငါ့ကို သတိရလို့ လာတွေ့တာလား........"
Taeyeon မျက်ခုံးပင့်ပြီး မေးလိုက်သည်။
"လဲသေလိုက်.......ငါက ရှာစရာလေးရှိလို့ ...."
ခုနက ဆူညံနေတဲ့ မိန်းကလေးအသံတွေ အားလုံး တိတ်ဆိတ်သွားလေသည်။
"Aigoo...."
Taeyeonရယ်ပြီး Fanyရဲ့ ဆံပင်တွေကို လက်ဖြင့်ဖွလိုက်သည်။
Taeyeon လက်က လက်ကောက်ကို မြင်တော့ Fany ချက်ချင်းဘဲ Taeyeonရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး
"Hey ငါ့လက်ကောက်ကြီး ဘာလို့ ၀တ်ထားတာလည်း..."
"ဘယ်ဟာ....ဘာပြောတာလည်း......"
Taeyeon ဘာမှမသိတဲ့ ပုံစံနဲ့ မေးလိုက်သည်။
"နင့်လက်က လက်ကောက်က ငါ့ဟာ....ပြန်ပေး...."
"Oh.....ဒါလား......"
Taeyeon သူ့လက်ကို မြှောက်ရင်း လက်ကောက်ကို မြင်ယောင်ပြပြီး မေးလိုက်သည်။
"ဟုတ်တယ် ပြန်ပေး .........."
"မင်း လက်ကောက်လို့ ပြောရအောင် လက်ကောက်မှာ မင်းနာမည်ရေးထားလို့လား ....."
Fanyကို ကြည့်ပြီး Taeyeon မေးလိုက်သည်။
Fany ချောင်းတစ်ချက်ဟန့်ပြီး လက်ကောက်က စာလုံးလေးကို ကိုင်ပြီး
"ဒီမှာ ငါ့နာမည်ပါတယ် T..........Tဆိုတဲ့ စာလုံးလေး တွေ့လား....."
"Tဆိုတဲ့ စာလုံးတိုင်း မင်းနာမည်ပေါ့ ငါ့နာမည်လည်းဖြစ်နိုင်တယ် Taeyeonလေ....."
"Yah Kim Taeyeon....."
Fany ဒေါသထွက်ပြီး အော်လိုက်သည်။
Taeyeonမှာ ဒေါသထွက်နေတဲ့ Fanyကို ကြည့်ပြီး ရယ်ကာ
"Ok Ok....basketball ကစားမယ်လေ....ဘောလုံးသွင်းနိုင်ဖို့ ဘာစည်းမျဉ်းစည်းကမ်းမှ မလိုဘူး.....တစ်လုံးသွင်းနိုင်ရင် မင်းနိုင်ပြီ....."
"ငါ နိုင်ရင် လက်ကောက်ပြန်ရနိုင်မလား....."
Taeyeon စဉ်းစားဟန်ပြုပြီး
"လက်ကောက်က မင်းရဲ့ လက်ကောက်ဆိုတာ ဟုတ်ရောဟုတ်ရဲ့လား....ထားပါလေ ငါပေးပါမယ်....."
"ငါ့လက်ကောက်ပါဆို......"
"နေအုံး ငါ ပြောနေတာ မပြီးသေးဘူး အကယ်၍ ငါနိုင်သွားလည်း....မင်းကို လက်ကောက် ပေးမယ်...."
Taeyeonက လက်ကောက်ပြန်ပေးမယ် ပြောသောကြောင့် Fany ပျော်သွားတယ်
"ဒါပေမယ့် မင်းက ငါ့ကို အရမ်းချစ်ပါတယ်လို့ အော်ပြောပြီး Kim Taeyeon ရှင့်ကို ကျွန်မ အရမ်းချစ်တယ်.....ကျွန်မ ချစ်သူ ဖြစ်နိုင်မလားလို့ တောင်းဆိုရမယ်...."
"Yah......ဒါ မတရားဘူး......"
"မတရားဘူးဆိုလည်း နေပေါ့ လက်ကောက်ပြန်မပေးရုံဘဲ ....."
Taeyeon ထွက်သွားဖို့ လုပ်တော့ Taeyeonရဲ့ လက်ကို Fany ဆွဲလိုက်ပြီး
"Ok ok challenge accept....."
Fany စိန်ခေါ်မှုကို လက်ခံပြီး အပေါ်က စကတ်ကို ချွတ်လိုက်သည်။ အောက်က အသားကပ်ဘောင်းဘီနဲ့ ဘောလုံးကစားဖို့ ဆုံးဖြတ်လိုက်သည်။
"Fany fighting.. ..."
Sunnyတို့ သူ့သူငယ်ချင်းကို အားပေးကြသည်။
Fany ခေါင်းညိတ်ပြပြီး အကြောလျော့လိုက်သည်။
ပထမဆုံး စဆော့တော့ Taeyeonထက် Fany
က အရပ်ရှည်တော့ ဘောလုံးကို လုယူကာ ဂိုးသွင်းဖို့ ကြိုးစားသည်။
သို့သော် Taeyeonက ခုန်ပြီး ဘောလုံးကို ပုတ်ထုတ်ကာ Fany ဂိုးတိုင်ဘက်သို့ ဘောလုံးယူသွားသည်။
Fany အနောက်က ပြေးလိုက်ပြီး Taeyeonရဲ့ ဆံပင်ကို ဆောင့်ဆွဲလိုက်သည်။
"အား....မင်း ဘာလုပ်တာလည်း....."
"ဘာစည်းမျဉ်း စည်းကမ်းမှ မရှိဘူးဆို လွတ်လွတ်လပ်လပ် ကစားတာပေါ့ ....."
Fany ပြောင်ပြပြီး ဘောလုံးကို ပြန်လုသွားသည်။
Taeyeon ပြန်ပြေးလိုက်ပြီး ဘောလုံးကို ပြန်လုတော့ Taeyeonရဲ့ လက်ကို Fany ကုန်းကိုက်လိုက်သည်။
"Yah....Tiffany.. ..."
ညစ်နည်းပေါင်းများစွာနဲ့ Fany ကစားသော်လည်း အဆုံးမှာတော့ ကစားသမား Taeyeonက အနိုင်ရသွားလေသည်။
"ကဲ ငါနိုင်ပြီ......."
Fany ကြမ်းပြင်ပေါ် လှဲအိပ်ပြီး အမောဖြေရမှ ထကာ
"Kim Taeyeon.....ရှင့်ကို အရမ်းချစ်တယ်....ကျွန်မရဲ့ ချစ်သူ ဖြစ်ပေးပါ့လား.....ကဲ ရပြီလား......"
Taeyeon ရယ်လိုက်ပြီး သူ့လက်က လက်ကောက်ကို ချွတ်ကာ Fanyကို ၀တ်ပေးလိုက်သည်။
"နောက်တစ်ခါ မပျောက်စေနဲ့ သေချာဂရုစိုက်နော် အချစ်ကလေး....."
Fanyကို တိုးတိုးလေး ကပ်ပြောပြီး Taeyeon ထွက်သွားလိုက်သည်
Taeyeonနဲ့ Fanyကို ကြည့်ပြီး ကောင်မလေးတွေမှာတော့ တိုးတိုးတိုးတိုးနဲ့ အတင်းပြောရင်း အားကစားရုံက ထွက်သွားကြသည်။
"Kim Taeyeon ချီးထုပ်ကောင်......"
Fany ကြမ်းပြင်ပေါ် လှဲအိပ်ပြီး အကျယ်ကြီးအော်လိုက်တယ်
Sicaတို့ကတော့ သူ့သူငယ်ချင်းကို ကြည့်ပြီး ခွီးနေကြသည်။
Bạn đang đọc truyện trên: Truyen3h.Co