လူဆိုးမလေး ကိုယ့်ချစ်သူ Part-12
Fanyမှာ လေယာဉ်ပေါ် အိပ်ချင်နေသော်လည်း သူ့ဘေးနားမှာ ထိုင်နေတဲ့ တစ်ယောက်ကြောင့် အိပ်မရပေ.....
ထိုသူကား တစ်ခြားမဟုတ် Fanyရဲ့ ချစ်လှစွာသော Taeyeon ပင်ဖြစ်သည်....
Fany မှာ Sicaတို့နဲ့ အတူထိုင်ပြီး လေယာဉ်စီးချင်သော်လည်း Taeyeonမှာ သူ့ရဲ့ ဘေးသို့ Fanyကို ဆွဲခေါ်လာခဲ့သည်
Fanyမှာ မျက်လုံးတွင် စည်းထားသော မျက်မှန်ကို ဖြုတ်ပြီး (ရုပ်ရှင်တွေထဲ ညအိပ်ရင် မျက်မှန်လို အမည်းလေးလေ မရေးတတ်လို့) သူ့ဘေးတွင် ထိုင်နေသော Taeyeonကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်
"Jagiya ဘာဖြစ်လို့လဲ "
"ဘာဖြစ်လို့လဲ ဟုတ်လား ငါ အိပ်လို့မရဘူးဟဲ့ လုံးဝအိပ်မပျော်ဘူး ဂျပုစုတ်ရဲ့ နင်က ငါ့ကို ဖက်ထားပြီး မျော့တွယ်သလို တွယ်နေတော့ ငါ ဘယ်လိုမှ အိပ်မရဘူး ...."
Fanyရဲ့ စကားကြောင့် Taeyeon ရယ်လိုက်ပြီး
"Sorry....ကိုယ် အရမ်း overဖြစ်သွားတယ် .....အဲ့ဒါကလည်း မင်းပျောက်သွားမှာဆိုးလို့...."
"တော်ပါ....အိပ်တော့....."
Taeyeonမှာ သူ့ချစ်သူစကားကို တော်တော်နားထောင်သည် မအိပ်ဘဲ Fany ပြန်အိပ်နေတာကို စိုက်ကြည့်နေ၏
ကြည့်ရင်း အူယားလာလို့ ထင်ပါတယ် Taeyeonတစ်ယောက် ချောင်းဟန့်ပြီး
"Fany ah.....ကိုယ် မင်းကို နမ်းလို့ရလားဟင် "
ခါတိုင်းဆို ဘာမှမပြောဘဲ ဆွဲဖက်လို့ဖက် နမ်းလို့နမ်း ကြိုက်သလိုလုပ်နေတဲ့သူက အခု ခွင့်လာတောင်းနေလို့ Fany တစ်ယောက် တော်တော်အံ့သြနေသည်
"ငါဘဲ အိမ်မက်မက်နေတာလား နင်ဘဲ လေယာဉ်မူးပြီး လျှောက်ပြောနေတာလား...."
Fanyရဲ့ စကားတောင် မဆုံးသေး Taeyeon မှာ ပြွတ်ခနဲ သူ့ချစ်သူရဲ့ နှုတ်ခမ်းကို နမ်းလိုက်သည်
"၀က်ပေါက်လုံးလေးရဲ့ အသည်းယားအောင် အရမ်းလုပ်နေတာ.. ...ဘာလို့ ချစ်ဖို့ကောင်းအောင် အိပ်နေတာလည်း ကိုယ်စိတ်မထိန်းနိုင်တော့ဘူး....."
Taeyeonရဲ့ စကားမဆုံးသေး Fanyမှာ Taeyeonရဲ့ ခြေထောက်ကို တက်နင်းလိုက်သည်
"အား......."
Taeyeonရဲ့ အော်သံကြောင့် လေယာဉ်ပေါ်က ကျောင်းသူကျောင်းသားတွေ လန့်နိုးလာပြီး သူတို့ကို လှည့်ကြည့်ကြသည်
"Sorry အိပ်ပျော်ရင်း ခေါင်းနဲ့ ခုံနဲ့တိုက်မိသွားလို့...."
Taeyeon သူ့ခေါင်းကို ကိုင်ပြီး နာကျင်သလို ဟန်ဆောင်ကာ ပြောလိုက်သည်
Fanyမှာ သက်ပြင်းချပြီး ခေါင်းခါကာ အိပ်ပျော်အောင် အိပ်လိုက်တော့သည်
ဂျယ်ဂျူကျွန်းကို ရောက်တော့ Fanyတစ်ယောက် ပင်လယ်ပြင်ကြီးကို ကြည့်ပြီး သဘောကျနေသည်
"ဘယ်လိုလည်း သဘောကျနေတယ် မဟုတ်လား....အဲ့တာကြောင့် လိုက်ခဲ့ပါလို့ ပြောနေတာကို..... "
Sica တစ်ယောက် သူ့သူငယ်ချင်းရဲ့ ပခုံးကို ဖက်ပြီး ပြောလိုက်သည်
"Gomawo ....နင်တို့ကို ကျေးဇူးတင်ပါတယ်.. .."
"No no ငါတို့က ကျေးဇူးတင်ခံချင်လို့ အခုလို လုပ်တာ မဟုတ်တာ.. ....နင် ပျော်ရင် ငါတို့ ကျေနပ်ပါတယ်....."
"Hello.....ကျောင်းသားတွေ ကျောင်းသူတွေ လူစုမယ်....."
ဆရာရဲ့ အသံကြောင့် Fanyတို့လည်း ဆရာတွေ ရှိရာဆီ သွားကြသည်
"ဆရာတို့က လေ့လာရေး ခရီး ထွက်လာတာနော်.....ဆရာတို့ hotelမှာ booking လုပ်ထား တယ်....တစ်ခုရှိတယ် ဟိုတယ်နှစ်ခုမှာ လုပ်ထားတာ.....မိန်းကလေးတွေအတွက် တစ်နေရာ ယောင်္ကျားလေးတွေအတွက် တစ်နေရာ ပြောချင်တာက မိန်းကလေးတွေရှိတဲ့ ဟိုတယ်မှာ မင်းတို့ ကျောင်းသားတွေကို မမြင်ချင်ဘူး....."
Teacher kangမှာ Taeyeonကို ကြည့်ပြီး ပြောလိုက်သည်....Taeyeonမှာ မကြားချင်ယောင်ဆောင်ပြီး လက်သည်းကိုက်နေ၏
ဆရာတွေက မှာစရာရှိတာတွေ မှာပြီးနောက် Fanyတို့ ဟိုတယ်မှာ သွားနားကြလေသည်.....
"Fany ah ရေသွားဆော့ရအောင်....."
Sicaမှာ ရေကူးဝတ်စုံတွေ ထုတ်ရင်းပြောလိုက်သည်
"Oh sure...."
Sunnyလည်း ထောက်ခံပြီးနောက် အပြင်ကို ထွက်လာခဲ့ကြသည်
သုံးယောက်လုံးမှာ ရေကူးဝတ်စုံတွေနဲ့ အရမ်းလန်းနေသောကြောင့် ကမ်းခြေက ပုရိသတွေမှာ သွားရေတမြားမြားဖြစ်နေသည်....
"Jagiya....."
Fanyတစ်ယောက် ကဲဖို့ ကြံနေတုံးရှိသေး ချွဲပစ်နေတဲ့ အသံကြောင့် စိတ်ညစ်သွားလေသည်၊
Taeyeon မှာ အင်္ကျီမပါဘဲ ဘောင်းဘီသာ ၀တ်ထားပြီး Fany ဆီ လျှောက်လာလေသည်
"Fany....sexy baby....ah Jessica shii မင်းတို့ သူငယ်ချင်းကို ခဏခေါ်သွားမယ် ရလား...."
Sunnyတို့ ခေါင်းညိတ်ပြတော့ ချက်ချင်း ဘဲ Fanyကို ပွေ့ချီသွားသည်....
Sunnyတို့မှာ ရေထဲဆင်းဆော့နေရင်း ခဏကြာတော့ ည၀တ်အင်္ကျီကြီးနဲ့ မျက်နှာကြီးစူပုပ်ကာ ထွက်လာတဲ့ Fanyကို ကြည့်ပြီး အော်ရယ်ကြလေသည်.....
"Jealous Taeyeon....."
Fanyမှာ စူပုပ်နေသလောက် Taeyeonမှာတော့ သူ့ချစ်သူကို ကြည့်ကာ သဘောကျပြီး ရယ်နေ၏
Bạn đang đọc truyện trên: Truyen3h.Co