လူဆိုးမလေး ကိုယ့်ချစ်သူ Part-13
ညနေ ခြောက်နာရီတွင် ကမ်းခြေဘေးနား ဆရာတွေနဲ့ ကျောင်းသားတွေမှာ အသားကင်တွေ ကင်စားနေကြ၏....
Fanyမှာ တစ်ခါမှ အသားကင် မစားဖူးတဲ့ ပုံစံနဲ့ ပလုပ်ပလောင်း စားနေသည်.........
"Jagiya.. ...ဖြည်းဖြည်းစားပါဟ..."
Taeyeon ပလုပ်ပလောင်းစားနေတဲ့ သူ့ချစ်သူကို ကြည့်ပြီး ရယ်ကာ ရေထည့်ပေးတယ်
"Shut up ငါဗိုက်ဆာနေတယ်.... "
"Taeyeon nah သူက အမြဲ အဲ့လိုဘဲမို့ လွှတ်ထားလိုက်ပါ...."
Sunny ရယ်ပြီး ပြောလိုက်သည်
အရင်က ရေခဲတုံး စာဂျပိုး Kim Taeyeonမှာ Tiffanyနဲ့ တွေ့မှ ရေခဲတုံးအရည်ပျော်သွားပြီး အမြဲတမ်းလိုလို စပ်ဖြီးဖြီးနဲ့ ထိန်းမနိုင်သိမ်းမရ နှာဘူးအကြီးစား ဖြစ်သွားလေခြင်း....
"ထပ်ပြီး....မိန်းကလေးတွေနဲ့ ယောင်္ကျားလေးတွေ မရောရဘူးလို့ ပြောမထားဘူးလား Kim Taeyeon....."
Mr.Kangမှာ သူ့ကို အရေးတောင်မလုပ်ဘဲ သူ့ချစ်သူ စားနေတာကို ပြုံးပြီးကြည့်နေတဲ့ Taeyeonကို အော်လိုက်သည်
"Kim Taeyeon ငါ နှစ်ခါမပြောဘူးနော် ကိုယ့်နေရာကိုယ်သွား......"
Taeyeonမှာ သက်ပြင်းချပြီး မိန်းကလေးတွေ ၀ိုင်းထဲက ထလာလိုက်သည်
Fanyမှာ ညစာစားပြီး တရေးမှေးမယ်ကြံတုံး တောက်တောက်နဲ့ မြည်သံကြောင့်
"ကျွတ် ဘယ်ကောင် လက်ကမြင်းနေတယ်မသိ...... "
ခဏကြာတော့ အသံကရပ်သွားတယ် သို့သော်.....Fanyဆီသို့ ဖုန်းဝင်လာသည်
Fanyမှာ ဖုန်းခေါ်တဲ့သူကို သေချာမကြည့်ဘဲ ဖုန်းကိုင်ကာ
'What the hell....လူအိပ်ချိန်ဟဲ့ ဘယ်နှယ့်ကြောင့် ဖုန်းဆက်နေတာလည်း....."
'Ph ချပစ်မယ် မကြံနဲ့ Tiffany....."
Fanyမှာ ဖြစ်နိုင်လျှင် phချပြီး အိပ်ပစ်လိုက်ချင်ပေမယ့် နှာဘူးအပြစ်ပေးမှာကို ကြောက်ရသည်
"What!"
"ပြတင်းပေါက် ဖွင့်လိုက်...."
Fany ကုတင်ပေါ်က ဆင်းပြီး လိုက်ကာကို ဆွဲဖွင့်တော့ ပြတင်းပေါက်ပေါ် ရပ်နေတဲ့ Taeyeonကို တွေ့လိုက်ရသည်....
"ပြတင်းပေါက် ဖွင့်ပါဆို....."
Taeyeon ထပ်ပြီး အမိန့်ပေးလိုက်သည်
Fanyလည်း ရွေးချယ်စရာမရှိတော့ ပြတင်းပေါက် ဖွင့်ပေးလိုက်သည်
Taeyeonလည်း ပြတင်းပေါက်ကို ကျော်ခွကာ အခန်းထဲသို့ ၀င်လာလိုက်သည်
"ဒီကို ဘာလာလုပ်တာလည်း.....round လှည့်နေတဲ့ ဆရာတွေနဲ့ မမိဘူးလား....."
"Hey မင်းချစ်သူက perfect Kim Taeyeonဆိုတာ မေ့နေပြီလား......."
"......"
"အ၀တ်အစားလဲ......"
"ဘာလုပ်မလို့ လဲ.. ..."
"ကိုယ်လာလဲပေးရမလား....ကိုယ့်ဘာသာကိုယ်လဲမလား.... "
"Fuck...."
Fanyမှာ ကျိန်ဆဲပြီး ရေချိုးခန်းထဲသို့ ၀င်သွားလိုက်သည်။
ထို့နောက် လွတ်လွတ်လပ်လပ် ဘောင်းဘီနဲ့ အင်္ကျီဝတ်ကာ ထွက်လာလေသည်
"Nice....."
Fanyမှာ သူ့ကို မျက်စိမှိတ်ပြတဲ့ Taeyeonကို မျက်စောင်းထိုးလိုက်တယ်
"Come on......"
Fanyကို ပြတင်းပေါက်ပေါ်ကနေ ခုန်ချခိုင်းပြီး အပြင်ကို ခိုးထွက်ကြသည် (Fanyနေတာ မြေညီထပ်ဆိုတော့ ပြတင်းပေါက်ကထွက်ရတာ လွယ်တယ်လေ)
"Taeyeon ဘယ်သွားမလို့လဲ.. ..."
"ညဘက် လူရှင်းတုံးလေး ပင်လယ်လေကို တစ်ဝကြီးရှူ ရင်း စက်ဘီးနင်းရအောင်....."
~~~~~~~~~~~~~~ ~~~~~~~~~~~~~~~
Taeyeon အရှေ့က နင်းပြီး Fanyက အနောက်ကနေ Taeyeonခါးကိုဖက်ကာ လိုက်လာလေသည်....
Taenyတို့ စက်ဘီးစီးနေကြရင်း မိသားစုတစ်စုကိုတွေ့တော့ ရပ်ကာ ငေးကြည့်နေကြ၏
ကလေးလေးကို လက်တွဲကာ လျှောက်လာတဲ့ လင်မယားနှစ်ယောက်ကို ကြည့်ကာ Taeyeon ကြည်နူးမိနေသည်
"မင်းက တကယ့်တော်တဲ့ အမေဖြစ်မှာ သေချာတယ်......ကိုယ်တို့ little Taeyeon....little Fany လေးတွေ လုပ်ရအောင်....."
"နှာဘူးကောင်....."
Fany ပြောပြီး Taeyeon ကျောကုန်းကို ထုလိုက်သည်
"Ah နာတယ်ဟ..... "
"ဒါနဲ့ အခု ဘယ်သွားနေတာလည်း...."
"တစ်နေရာရာ......"
Taeyeon အားကြိုးမာန်တက် စက်ဘီးနင်းနေသော်လည်း အနောက်က Hwangကတော့ Taeyeon နောက်ကျောကိုမှီကာ အိပ်လိုက်လာသည်
Taeyeon စက်ဘီးရပ်ပြီး Fanyကို နှိုးလိုက်သည်
"Fany...."
Fany အိပ်ချင်မူးတူးဖြင့်
"ဟင် ဘာလည်း ဘာလို့ ငါက ဘုရားကျောင်းရှေ့ရောက်နေတာလည်း....."
"Happy Birthday Fany...."
Taeyeo သူ့လက်က နာရီကို ငုံ့ကြည့်ပြီး ပြောလိုက်သည်
Fany အရမ်းကို အံ့သြသွားသည်.....Taeyeon က အသေးစိတ်ကအစ သူ့အပေါ်ကို ဂရုစိုက်ပေးလွန်းသည်....
"ကိုယ်က ပထမဆုံး မွေးနေ့ဆုတောင်းပေးတဲ့ သူ မဟုတ်လား...."
Taeyeon ပြောပြီး Fanyကို ဆွဲနမ်းလိုက်သည်
Fanyလည်း Taeyeon ခါးကို ပြန်ဖက်ကာ အလိုက်သင့် ပြန်နမ်းလိုက်သည်
Night dutyကျတော့ မအိပ်ဘဲ ဒိတ်လိုက်ပြီ😘
Bạn đang đọc truyện trên: Truyen3h.Co