လူဆိုးမလေး ကိုယ့်ချစ်သူ Part-14
"Gomawo....."
Taeyeon ၀တ်ပေးတဲ့ လက်စွပ်လေးကို ကြည့်ပြီး Fanyပြောလိုက်သည်....
"No problem, anything for you......"
Taeyeonပြုံးပြီး Fanyရဲ့ နဖူးကို နမ်းလိုက်ပြန်သည်....
"လာ ဘုရားကျောင်းရောက်တုံး ဆုတောင်းရအောင်....."
Taeyeon မျက်လုံးမှိတ်ကာ ပြောလိုက်သည်
"Chawတို့နှစ်ယောက်စလုံးက ပုံစံရော အခြေအနေရောကွဲပြားပါတယ်.....ပြီးတော့ chawကို သူ တကယ်ချစ်တာရော ဟုတ်ရဲ့လား....အဆုံးသတ်မှာ ငိုရတာမျိုး မလိုချင်ဘူး💭💭💭 "
Fany စိတ်ထဲကနေ ဆုတောင်းလိုက်သည်
"Jagiya အဆင်ပြေရဲ့လား တစ်ခုခုဖြစ်နေတာလား..... "
Fany မျက်လုံး မှိတ်ကာ အကြာကြီး ဆုတောင်းနေသောကြောင့် Taeyeon မေးလိုက်သည်
"နည်းနည်းပင်ပန်းလို့ပါ......"
"Arasso ပြန်ကြစို့ မဟုတ်ရင် သူတို့ ငါတို့ကို မိသွားလိမ့်မယ်....အခုတောင်....လေးနာရီခွဲနေပြီ....."
Taeyeon စနောက်ရင်း ပြောလိုက်သည်
~~~~~~~~~~~~ ~~~~~~~~~~~~~
နောက်တစ်နေ့ မနက်ရောက်တော့ ကျောင်းသားကျောင်းသူတွေ စုပြီး လေ့လာရေးခရီး သွားကြလေသည်....
Fany မှာတော့ ညက အိပ်ရေးပျက်ထားတော့ အိပ်ချင်မူးတူးနဲ့ Sicaပခုံးပေါ် မှီအိပ်ရင်း ပါလာသည်.....
Taeyeonကတော့ ဆရာတွေရဲ့ ဆွဲခေါ်မှုကြောင့် ယောင်္ကျားလေးသီးသန့်ကားပေါ်သို့ ပါလာလေသည်.....
ပန်းချီပြခန်းရောက်သောအခါမှတော့ ဘယ်သူမှ Kim Taeyeon ကို တားလို့မရ.... Fany အနားဘဲ ကပ်နေပြီး ပန်းချီအကြောင်းတွေ ရှင်းပြနေ၏.....
ပန်းချီပြခန်းတွင် ပန်းချီများကြည့်ပြီးနောက် Taeny တို့ အပြင်ထွက်လာကာ ခုံတန်းရှည်တွင် ထိုင်ရင်း လေညှင်းခံနေကြသည်.....
"Fany...ရေခဲမုန့်စားမလား......"
Fany စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ပြလေသည်...
"ဟုတ်ပြီ ခဏလေးစောင့်နေနော်....ကိုယ်သွားဝယ်ပြီး ပြန်လာမယ်.... "
Taeyeonမှာ Fanyကို နမ်းပြီး ရေခဲမုန့် သွားဝယ်လေသည်
"ဒီနှာဘူးကတော့ အသားယူလိုက်ရမှ "
Fany မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်
Taeyeonကို ထိုင်စောင့်နေရင်း မနီးမနားကနေ ငိုသံတွေ Fany ကြားနေရသည်
Fany ထရှာကြည့်တော့ ကလေး တစ်ယောက်ငိုနေတာကို တွေ့လိုက်ရသည်....
"Hey ညီမလေး ဘာလို့ ငိုနေတာလည်း...."
Fanyမှာ ကလေးမလေးဆီ လျှောက်သွားပြီး မေးလိုက်သည်
"ညီမလေးရဲ့ စွန် သစ်ပင်ပေါ် တင်သွားလို့....."
"မငိုနဲ့တော့ ကလေးလေး.....အဲ့စွန်ရအောင် အမပြန်ယူပေးမယ် ဟုတ်ပြီလား...."
ကလေးလေးရဲ့ ခေါင်းကို ပုတ်ပြီး Fanyပြောလိုက်သည်
"Omo jinja....Unnie "
"ဒါပေါ့ Unnieက သစ်ပင်ပေါ်တက်တတ်တယ် "
Fany ဂုဏ်ယူစွာပြောလိုက်သည်
"Unnie တကယ်ဘဲ အဆင်ပြေလို့လား.... "
"Aigoo...သစ်ပင်က ငါ့အတွက် ဒုတိယအိမ်လိုဘဲ...."
Fany ပြောပြီး သစ်ပင်ပေါ် တက်သွားသည်....
သစ်ကိုင်းစွန်းမှာ တင်နေတဲ့ စွန်ကို လှမ်းယူရင်း သစ်ကိုင်းကျိုးကျသံကို ကြားလိုက်ရသည်....
ကလေးမလေးမှာလည်း ကြောက်ပြီး အော်လေ၏
Fanyမှာ ဘာမှမလုပ်နိုင်တော့တာ သိလို့ မျက်လုံးသာ မှိတ်ထားလိုက်သည်
သစ်ပင်ပေါ်က ပြုတ်ကျပေမယ့် ဘာနာကျင်မှုမှ မခံစားရလို့ မျက်လုံးဖွင့်ကြည့်တော့ သူ့ရဲ့စီနီယာဖြစ်နေသည်....
"မင်းကို သစ်ပင်ပေါ်မတက်ဖို့ ဘယ်နှခါပြောရမလည်း မယ်မင်းကြီးမ...."
"Donghae Oppa..."
"Anyways Happy Birthday Fany....."
Donghae ပြုံးပြီး Fanyရဲ့ နဖူးကို နမ်းလိုက်သည်
"Arr...."
Fany ရှက်သွားပြီး မျက်နှာကြီးနီရဲသွားသည်.....
'ကလေးလေး ဒီမှာမင်းရဲ့ စွန်....သစ်ပင်ပေါ်က ပြုတ်ကျခံပြီး ယူပေးတဲ့အမကို ကျေးဇူးတင်စကားပြောလိုက်ပါအုံး "
Donghae ကလေးကို စွန်ပေးရင်း ပြောလိုက်သည်
"Gomawo Unnie ....Oppa....."
ကလေးမှာ ကျေးဇူးတင်စကားပြောပြီး စွန်လေးကိုင်ကာ ထွက်သွားလေသည်.....
"Oppa gomawo....."
"ကျေးဇူးတင်ရင် ငါနဲ့ တစ်ရက်အချိန်ဖြုန်းပေးရမယ်....."
"Ok Oppa...."
Taeyeon ရေခဲမုန့်ဝယ်ပြီး ပြန်လာတော့ သစ်ပင်ပေါ်ကပြုတ်ကျတော့မယ် သူ့ချစ်သူကို မြင်ပြီး အရမ်းစိတ်ပူသွားကာ လက်ထဲက ရေခဲမုန့် ကို လွှင့်ပစ်ပြီး ပြေးလာလေ၏
ဒါပေမယ့် သူ့ချစ်သူကို တခြားကောင်လေးက နမ်းလိုက်တာမြင်ပြီး အရမ်းစိတ်တိုသွားတယ် အဲ့တာအပြင် ဒိတ်ဖို့မေးတာကို လက်ခံလိုက်လို့တော်တော် စိတ်တိုသွားတယ်
"Fuvk.. ....သူ ရူးသွားတာလားဟ သူ့မှာ ငါတစ်ယောက်လုံး Kim Taeyeonဆိုတဲ့ ငါတစ်ယောက်လုံးရှိနေတာကို ဘာလည်းဟ...."
Taeyeon အော်ဟစ်လိုက်သည်....
Taeyeon အော်သံကြောင့် Fany လန့်ပြီး အသံကြားရာကြည့်တော့ ဒေါသထွက်နေတဲ့ Taeyeonကို တွေ့လိုက်ရသည်....
Taeyeonကတော့ ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ လှည့်ထွက်သွားလေသည်....
Bạn đang đọc truyện trên: Truyen3h.Co