Truyen3h.Co

လူဆိုးမ​လေး ကိုယ့်​ချစ်​သူ

လူဆိုးမ​လေး ကိုယ့်​ချစ်​သူ Part-7

KimFany059

Mr.Hwangတို့ အိမ်​က​နေ ထွက်​သွားတဲ့ တစ်​နာရီ​လောက်​ကြာ​​နေပြီ....ထိုအချိန်​အတွင်း Fanyမှာ Taeyeon နဲ့ မျက်​နှာချင်း မဆိုင်​ရဖို့ အလုပ်​ရှုပ်​ချင်​​ယောင်​​ဆောင်​​နေ၏ .....

ဆေးပြီးသား ပန်းကန်​​တွေ ပြန်​ပြီး​ဆေး စားပွဲခုံကို ​သေချာသုတ်​​နေတဲ့ Fanyကို ကြည့်​ပြီး Taeyeon ရယ်​​လိုက်​တယ်

Mr.Hwang တို့ ပြန်​လာရင်​​တော့ တစ်​အိမ်​လုံး ​တောက်​​ပြောင်​​သန့်​ရှင်း​နေတာကြည့်​ပြီး အံ့သြ​နေမှာ​သေချာသည်​။

Taeyeon အိမ်​​ပေါ်ကို တက်​သွားတဲ့အခါမှ Fany သက်​ပြင်းချပြီး ထိုင်​ခုံ​ပေါ်မှာ စိတ်​​အေးလက်​​အေးထိုင်​လိုက်​သည်​။

"Ash...Tiffany Hwang အရူးမရဲ့ ဘာလို့ သူ့ကို ​ရှောင်​​နေတာလည်း .....သူ နင့်​ကို တစ်​ခုခုလုပ်​ဖို့ကြိုးစားရင်​ မျိုးတုံးသွား​အောင်​ ​ဆောင့်​ကန်​ရမှာဟဲ့....."

Fany အားတက်​သ​ရော ​ရေရွတ်​လိုက်​သည်​။ သို့​သော်​ ငါးစက္ကန့်​​တောင်​ မပြည့်

"Ash....​ဆောင့်​ကန်​ဖို့ ​နေ​နေသာသာ သူ့ကို​တွေ့ရင်ကို သူ့အထိအ​တွေ့နဲ့ အနမ်းနဲ့တင်​ လူက​ပျော့​ခွေ​နေပြီ ..."

Fany သက်​ပြင်းချကာ ​ပြောလိုက်​သည်​။

"Ok Taeyeon ငါ့ကို ထိ​တွေ့ခွင့်​ ထပ်​မပြုဘူး 😌😌"
Fany သူ့ကိုယ်​သူ အား​ပေးပြီး ထရပ်​လိုက်​သည်​။

ထို့​နောက်​ အိမ်​​ပေါ်ထပ်​က​ သူ့အခန်းကို သွားလိုက်​သည်​...  အခန်းထဲ မ၀င်​ခင်​ လွတ်​​နေတဲ့အခန်း တနည်း အခုလက်​ရှိ Taeyeonရဲ့ အခန်းဘက်​ကို ခိုးကြည့်​သည်​။

ရေစက်​​တွေကို သုတ်​​နေတဲ့ အ​ပေါ်ဗလာကျင်းနဲ့ Taeyeon ကို​တွေ့ပြီး Fany ပါးစပ်​အ​ဟောင်းသားဖြစ်​သွားတယ်

"Omo ဘယ်​နဲ့​ကြောင့်​ ​ရေသုတ်​​နေတာကအစ sexy ဆန်​နေတာလည်း ​​Taeyeon....."

Fany ရုတ်​တရက်​ ​အသံထွက်​​​မိသွား​တော့ Taeyeon ​ရေသုတ်​​နေရာက လှည့်​ကြည့်​​တော့ သူခိုးလူမိသွားတယ်

"Jagiya....အိမ်​ရှင်း​နေတာ ပြီးပြီလား...."

Taeyeon နဲ့ အကြည့်​ချင်းဆုံ​တော့ Fanyရှက်​ပြီး မျက်​နှာကြီး နီရဲ​နေ၏

Taeyeon ​မေးရင်း ​ရှေ့တိုးလာသည်​။

"Yah Yah အ​ရှေ့တိုးမလာနဲ့....ဟဲ့ အ​ရှေ့တိုးမလာပါနဲ့ဆို...."

"Babe.....မင်းကို လွမ်း​နေတာ....မင်း တစ်​နာရီနီးပါး အိမ်​ရှင်း​နေတဲ့အချိန်​ ဒီမှာ အလွမ်းအဆိပ်​တက်​လို့...."

"Kim Taeyeon...."
Fany ​အော်​ပြီး အ​နောက်​ကို ဆုတ်​သွားတယ်

"Wae......မဟုတ်​လည်း ကိုယ်​က ညင်​သာတယ်​ကို ဘာလို့​ကြောက်​​နေတာလည်း...."
Taeyeon sexyကျတဲ့ အသံနဲ့ ​ပြောလိုက်​သည်​။

"Yah...."

Fanyမှာ ဆာ​လောင်​​နေတဲ့ ကျားလက်ထဲက​နေ အမြန်​ သူ့အခန်းထဲ​ပြေးဝင်​သွားတယ်​.....သို့​သော်​ အခန်းထဲက သူ့ရဲ့အ၀တ်​ပုံ​ကြောင့်​ ခလုတ်​တိုက်​ကာ ကုတင်​​ပေါ်သို့ ပစ်​လဲသွား​လေသည်​။

Taeyeon အခန်းထဲ ၀င်​လာပြီး တံခါး​လော့ချကာ Fanyအ​ပေါ် ခုပ်​အုပ်​​လေ၏

"Yah yah အသက်​ရှူ လို့မရဘူး......"

"Relax babe. ...."

"Taeyeon ဖယ်ဆို မဖယ်​ရင်​ လုပ်​မှာ​နော်​ ...."

"အ​ကောင်းဆုံးသာယာမှု ​ပေးပါမယ်​ဆို........."

"Yah...."

Fanyရဲ့ ​ကြောက်​​နေတဲ့မျက်​နှာ​ကြောင့်​ Taeyeon ခွက်​ထိုးခွက်​လန်​ရယ်​လိုက်​သည်​။

"Fany မင်းမျက်​နှာမင်း မှန်​ထဲပြန်​ကြည့်​သင့်​တယ်​.....ခွီး စုန်းမကြီးလိုဘဲ အိုစာသွားလိုက်​တာ......"

Taeyeon ကို ကုတင်​​ပေါ်က​နေ Fany ကန်​ချလိုက်​သည်​​။

"မုန်းလိုက်​တာ......"

"Come on baby.....ဒါက မင်းကို စတာပါ "

'ထွက်​သွား ရှင့်​ကို မုန်းတယ်​.....'

Fany နှုတ်​ခမ်းစူကာ ​ပြောလိုက်​သည်

"Fany ​နောက်​ အဲ့လို မစ​တော့ဘူးလို့ ကတိ​ပေးတယ်​​လေ ​နော်​​နော်​ ......"

Fany ဘာမှမ​ပြောဘဲ ပြတင်း​ပေါက်​အပြင်​ကို ​ငေးကြည့်​လိုက်​သည်​။

ထိုစဉ်​ ရုတ်​တရက်​ ကြယ်​​ကြွေသွား​သော​ကြောင့်​ Fany မျက်​လုံးမှိတ်​ကာ ဆု​တောင်းလိုက်​သည်​။

"Fany ဘာဆု​တောင်းတာလည်း....."

"ရှင့်​ကို ပုံဆိုးပန်းဆိုးနဲ့​သေပါ​သေလို့ ဆု​တောင်းတာ....."
Fany ဘုကလန့်​​ပြောလိုက်​သည်​။

"ကိုယ်​အ​သေဆိုးနဲ့​သေလို့ မင်း​ပျော်​ရင်​ ကိုယ်​​သေရကျိုးနပ်​ပါတယ်​...."
Taeyeon ရဲ့ စကား​ကြောင့်​ Fany အားနာသွားတယ်​.....

"အာ ငါက စတာ...​တော်​ပြီ အိပ်​​တော့မယ်​​ ထွက်​သွား​တော့...."

Taeyeon အခန်းထဲက ထွက်​မသွားဘဲ ကုတင်​​ပေါ်တက်​ကာ ​စောင်​ခြုံ​ပြီး အိပ်​​လေ၏

"Yah နှာဘူး ဘာလုပ်​တာလည်း.."

"အိပ်​​နေတာ​လေ...​ရော်​ မင်းကသာ နှာဗူးအ​တွေး​တွေ ​တွေး​နေတာ....."

'ငါ ဘာမှမ​တွေးပါဘူး ...ထွက်​သွား​...."

"Fany yah ကိုယ်​ဘာမှမလုပ်​ဘူး​လေ ဒီတိုင်း မင်း​ဘေးနား အိပ်​ချင်​လို့ပါ...."

'ငါ့​ဘေး လူရှိရင်​ မအိပ်​တတ်​ဘူး ....'

"ဒါဆို အိပ်​​ပျော်​​အောင်​ သီချင်းဆိုပြမယ်​​လေ.....​ချော့သိပ်​မယ်​....."

"အသံဆိုးကြီးနဲ့လား ......"

Taeyeon ဘာမှပြန်​မ​ပြောဘဲ သီချင်းစဆိုလိုက်​သည်

"Omo အသံက တကယ်​​ကောင်းတာဟ💭..."

Fany သီချင်းနား​ထောင်​ရင်း Taeyeonရဲ့ လက်​​မောင်း​ပေါ် အိပ်​​ပျော်​သွား​လေသည်​။

Bạn đang đọc truyện trên: Truyen3h.Co