လူဆိုးမလေး ကိုယ့်ချစ်သူ Part-6
"Fany သူက ဘယ်သူလဲ ......."
Fanyနဲ့ Taeyeon ဘာမှပြန်မဖြေဘဲ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြသည်
"Yeah....finally.. ...Tiffanyမှာ ချစ်သူရှိသွားပြီဟေ့.....အမလေး သမီးအတွက် Omar ဂုဏ်ယူလိုက်တာ ....."
"Omar...."
Fany မျက်မှောင်ကြုတ်ကာ သူ့အမေကို ကြည့်လိုက်သည်
"Omar တွေ့ရတာ ၀မ်းသာပါတယ် Fanyရဲ့ ချစ်သူ Kim Taeyeonပါ...."
Taeyeon အရိုအသေပေးကာ နှုတ်ဆက်စကားပြောလိုက်သည်
"လာ လာ ကလေးတို့ အထဲဝင်ကြ Aigoo....Gangster လို ပုံစံနဲ့ ငါ့သမီးက အခုလို မင်းသားရှုံးလောက်အောင် ချောတဲ့ကောင်လေးနဲ့ ချစ်သူဖြစ်နေမယ်လို့ ဘယ်သူကတွေးကြမှာလည်း...."
Fany သူ့အမေစကားကို ကြားတော့ မဲ့ရွဲ့ကာ သက်ပြင်းချလိုက်သည်။
"တော်သေးတာပေါ့ ဒီနေ့ ဟင်းများများချက်ထားလို့ ..."
"Jinja....."
Fany အမေ ပြုံးပြီး ခေါင်းညိတ်ပြသည်။
"ဒါနဲ့ ဘာလို့ ဟင်းအများကြီး ချက်ထားတာလည်း....."
'မနက်က ဧည့်သည်က Omarကို မုန့်ဖိုးတွေအများကြီး ပေးသွားတာလေ ...."
Fany အမေ ပြုံးရင်းပြောကာ မီးဖိုခန်းထဲ ၀င်သွားတယ်
"ချီးထုပ်ရေ နင်တော့ ကံကောင်းတာဘဲ ငါ့အမေက ဟင်းချက်တော်တယ်...."
Fany မျက်ခုံးပင့်ကာပြောပြီး ထိုင်ခုံမှာ ထိုင်လိုက်သည်။
"ကြားရတာ ကျေနပ်မိ......"
Taeyeon ရယ်ပြီး ပြောလိုက်သည်
"Fany ရေ.....ရွေးပေးပါအုံး Omar ဘယ်အင်္ကျီကို ၀တ်ရမလည်းဆိုတာ..."
လက်ထဲက အင်္ကျီတွေနဲ့အတူ Mrs.Hwang ရောက်လာပြန်သည်
"Omar မီးဖိုခန်းထဲကနေ ဘယ်လိုဖြစ်လို့......ထားပါတော့ ပန်းရောင်လေး လှတယ် 😒😒😒"
"Taeyeon သားလေးရော ဘယ်အရောင်လေး လှလည်း "
"Fany ရွေးတဲ့ ပန်းရောင်လေး လှတယ်......."
"Omo Fanyရယ် သမီး ကံကောင်းလိုက်တာ ဒီလိုချစ်သူမျိုးရထားလို့ ...."
"Omar....."
"အာ ဒါနဲ့ သမီးအတွက် အင်္ကျီတွေ ၀ယ်လာတယ်....."
"Omar....အသုံးမလိုတာတွေ ၀ယ်မလာပါနဲ့လို့ ပြောနေတာကို...."
Fanyတို့ မိသားစုက တစ်ခါတစ်ရံ ငွေကြေးကျပ်တည်းတော့ အခုလိုအ၀တ်အစားတွေ အများကြီး ၀ယ်ပေးတာမျိုး Fany သဘောမကျပါ
"Fany အဲ့အ၀တ်အစားတွေက သမီးအတွက် လိုအပ်တယ် ဟုတ်ပြီလား....."
"သမီးအတွက် .....အဲ့တာဆိုလည်း အ၀တ်အစား ၀ယ်ပေးမယ့်အစား LAကို ပညာတော်သင်လွှတ်ပေးပါ့လား......."
'Fany....သမီး....Appaသာ ဒီစကားကြားရင် ၀မ်းနည်းသွားမှာ သေချာတယ်......."
အငြင်းအခုန် ဖြစ်နေရာနေ ပတ်ဝန်းကျင်ကြီးက ရုတ်တရက် တိတ်ဆိတ်သွားတယ်.......Taeyeonလည်း ရုတ်တရက် ထူးဆန်းတိတ်ဆိတ်နေတဲ့ အခြေအနေကို ဖြိုခွဲလိုက်သည်။
"ကျွန်တော်....ကူညီပေးရမလား......"
"ရပါတယ် သားလေးရယ်....ဧည့်သည်ကို မခိုင်းရက်ပါဘူး...."
"Come On Omar....ကျွန်တော်က...Omarရဲ့ သားဘဲလေ....ကူညီပေးရမှာပေါ့...."
"အမလေး ဒီလိုသားမျိုးရထားရတာ ကံကောင်းလိုက်တာ....."
*Knock Knock*
"Omo Appa ပြန်လာပြီ ထင်တယ်...."
Fany တံခါးကို ဖွင့်ပေးလိုက်သည်။
"Oh god...ရပ်ကွက်ထဲ ကြားနေရတဲ့ သတင်းက မှန်သားဘဲ.........Fany yah....Appaတော့ သမီးအတွက် ဂုဏ်ယူတယ်....."
"အာ.....ရင်ဘတ်ထဲ ဓားကြီးက စိုက်လို့...."
Taeyeon Mr.Hwangရဲ့ ရင်ဘတ်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"ထားလိုက်....ဘာမှမဖြစ်ဘူး သားရေ...."
Mr.Hwang ပြောပြီး ရင်ဘတ်ထဲက ဓားကို ဆွဲထုတ်လိုက်သည်။
Taeyeonမှာတော့ ဓားနဲ့ထိုးခံရတာတောင် သွေးမထွက်လို့ အံ့သြနေ၏
"ဒီမဂ္ဂဇင်းလေး ဖတ်လို့ရအုံးမယ် ထင်တယ်....."
ရင်ဘတ်ထဲက မဂ္ဂဇင်းအထူကြီးကို Mr.Hwang ထုတ်လိုက်မှ ဘာလို့ သွေးမထွက်ရသလည်းဆိုတဲ့ အဖြေကို Taeyeon ရှာတွေ့သွားတယ်
Taeyeonမှာ Fanyတို့ မိသားစုကို ကြည့်ပြီး အားကျနေ၏....သူ့မိသားစုမှာ အခုလိုပျော်ပျော်ရွှင်ရွှင်နဲ့ စကားပြောဖို့ နေနေသာသာ ထမင်းတောင်အတူမစားရပေ.....အမြဲတမ်း အလုပ်များနေကြ၏
အခုတော့ Fanyတို့ မိသားစုနဲ့ ထမင်းအတူစားရင်း
"Fany သမီး ကျောင်းလခပေးရမှာ မဟုတ်လား ရော့...."
"Appa ပိုက်ဆံတွေအများကြီး ဘယ်လိုရလာတာလည်း...."
Fany တက်နေတဲ့ ကျောင်းက Taeyeonတို့လို သူဌေးသားတွေတက်တဲ့ကျောင်းဆိုတော့ ကျောင်းစရိတ်ကတော်တော်များသည်။
"ဒီအတိုင်း....."
Mr.Hwang မျက်နှာပေါ်က ဒဏ်ရာတွေကို ကြည့်ပြီး
"appa..ထပ်မလုပ်ပါနဲ့တော့......"
"Appaအတွက် စိတ်မပူပါနဲ့  သမီးက အဲ့အစား ဘွဲ့ရအောင် ကြိုးစားပေး...."
Mr.Hwangတို့်ကို ကြည့်ပြီး Taeyeonမှာ စိတ်မကောင်းဖြစ်နေသည်။
"Taeyeon....မင်း ဒီည ဒီမှာနေမှာလား...."
"Nae....နေလို့ရလားဟင်......'
"ရတာပေါ့ကွ ဒီည ငါ အပြင်သွားမှာ သားယောင်္ကျားလေး အိမ်မှာမရှိတာနဲ့ အတော်ဘဲ...."
"Omarလည်း အချိန်ပိုဆင်းရအုံးမှာ......"
"Omar...Chaw ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရှိစေချင်တာလား...."
Fanyရဲ့ စကားကြောင့် ဟင်းရည် သောက်နေတဲ့ Taeyeon မှာ သီးသွားလေသည်။
ထမင်းစားပြီးနောက် Hwang မိန်းကလေးနှစ်ယောက်က မီးဖိုခန်းထဲကျန်ခဲ့ပြီး Taeyeonတို့က ဧည့်ခန်းထဲမှာ စကားပြောနေကြ၏
"Taeyeon...."
"Nae Appa...."
"ငါ့သမီးနဲ့ တွဲနေတာကြာပြီ်လား....."
"Nae...."
"ဒါဆို ငါ့သမီး လူဆိုးမအကြောင်း သိရောပေါ့ ....သူက အာပြဲစိန်.....ဆိုးကလည်းဆိုးသေး ဂျစ်ကန်ကန်နဲ့...."
"ဒါပေမယ့် ချစ်ဖို့ကောင်းပါတယ်....."
Taeyeon ဖျက်ပြောလိုက်တဲ့ စကားကြောင့် Mr.Hwangရယ်လိုက်သည်။
"ငါ့မိသားစု အခြေအနေကို တွေ့တယ်မလား....အားလုံးက ငါတို့အခြေအနေကို မကောင်းဘူးလို့သတ်မှတ်ကြတာ...."
"No Appa....ကျွန်တော့် မိသားစု နဲ့ ယှဉ်ရင်......Appaတို့ မိသားစုက ပြီးပြည့်စုံတယ်......အားကျမိတယ်...."
"အားကျစရာမလိုပါဘူးကွ မင်းလည်း ငါ့မိသားစုဘဲလေ....ငါ့သမီးကို ချစ်တဲ့နေ့ကစပြီး ငါ့မိသားစုဖြစ်သွားပြီ....."
"ကျေးဇူးတင်ပါတယ်.. ....."
"ငါ မင်းကို မကန့်ကွက်ဘူးနော်...ဒါပေမယ့် ငါ့သမီးကို ငိုအောင်လုပ်ရင် မင်းသေပြီသာမှတ်......"
"မလုပ်ရက်ပါဘူးဗျာ....."
Taeyeon ပြန်ပြောလိုက်သည်
"အသီးတွေ ခွဲလာတယ် စားကြရအောင် ...."
Mrs.Hwang အသီးပန်းကန်ယူလာပြီး ပြောလိုက်သည်။
Taeyeonလည်း Fany တို့မိသားစုနဲ့အတူ အသီးစားရင်း စကားပြောနေ၏.....ဒီအချိန်လေးမှာ Taeyeon အရမ်းပျော်နေတယ်....
Bạn đang đọc truyện trên: Truyen3h.Co