Extra-1
<Unicode>
ခြံဝင်းကြီး၏ မြက်ခင်းပြင်ကျယ်တွင် လူတစ်ချို့ကိုယ်စီကိုယ်စီ အလုပ်ရှုပ်နေကြသည်။
ကူစီစဉ်ပေးနေသူတွေက ချထားသည့်စားပွဲဝိုင်းများနှင့် ထိုင်ခုံများကို အစီအစဉ်တကျ နေရာကျအောင် စီမံနေကြသည်။ ချပြီးသားစားပွဲများပေါ်သို့ ပိတ်စအဖြူ၊ အနီများ ခင်းကျင်းပြီး ထိုင်ခုံတို့အား ပန်းဆီရောင်ဖဲစများ စွပ်ကြ၏။ ခြံထောင့်သစ်ပင်ကြီးမှ ဖြာကျနေသော ကိုင်းများပေါ်သို့လည်း အလှမီးတန်းများ ချိတ်ဆွဲနေကြလျက်။
ဘေးတစ်ဖက် ခြံနံရံကပ်လျက်တွင်တော့ စားပွဲရှည်ကြီးများ ချခင်းထားသည်။ မကြာမီတွင် ဤစားပွဲရှည်များပေါ်သို့ Chef Andy ၏ အနံ့အရသာနှင့် ပြည့်စုံသော စားကောင်းသောက်ဖွယ်များ အငွေ့တထောင်းထောင်းနှင့် နေရာယူကြတော့မည်။ ထိုဘေးတွင်တော့ အဖျော်ယမကာများ စီစဉ်ပေးမည့် ကောင်တာငယ်လေးတစ်ခုက နေရာယူထား၏။
ပွဲစဖို့လည်း မကြာတော့ပြီမို့ ဇေယျာ ပြင်ဆင်ဖို့ အိမ်ကြီး၏ အပေါ်ထပ် မင်္ဂလာအခန်းဆီသို့ သွားရတော့သည်။ ကလေးလည်း ပြင်ဆင်နေလောက်ရောပေါ့။
မင်္ဂလာအခန်း။
မင်္ဂလာအိမ်။
မင်္ဂလာညစာစားပွဲ။
ဟုတ်ပါသည်။ သည်နေ့က ဇေယျာနှင့်ခန့်ခန့်တို့အတွက် မင်္ဂလာအဖြာဖြာရှိသည့်နေ့ပင်။ မနက်ခင်းတွင် သံဃာအပါး (၇၀၀)ခန့်ရှိသည့် ကျောင်းတိုက်ကြီးတွင် မင်္ဂလာဦးဆွမ်းကပ်သည့်အမှု ပြီးမြောက်ခဲ့ကြသည်။ နေ့ခင်းတွင်တော့ မိဘမဲ့ကလေးများရှိသည့် ကျောင်း(၃)ကျောင်းတွင် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ညနေစောင်းမှသာ နှစ်ယောက်တစ်ကမ္ဘာ တည်ဆောက်ကြတော့မည့် ဤခြံလေးတွင်ပဲ အသိမိတ်ဆွေအသိုင်းအဝိုင်းများကို ဖိတ်ကြားပြီး Wedding Dinner ပြုလုပ်ကြမည်ဖြစ်သည်။ ဤသည်မှာ နှစ်ဦးသဘောတူတိုင်ပင်ပြီး လုပ်ချင်ခဲ့သောမင်္ဂလာပွဲမို့ မိဘများလည်း မကန့်ကွက်ဘဲ အားတတ်သရော ပါဝင်စီစဉ်ပေးကြသည်။
ဇေယျာတစ်ယောက် အတွေးများစွာဖြင့် ကလေးနှင့်အတူ ရှေ့ဆက်ရမည့်ခရီးအတွက် ကျေနပ်နေမိသည်။ အချိန်လည်းမရှိတော့သည်မို့ လှေကားအဆင့်လေးများအတိုင်း အိမ်အပေါ်ထပ်သို့ တက်လာခဲ့သည်။ အိမ်လေး၏ အပြင်အဆင်အားလုံးက ကလေး စိတ်တိုင်းကျပင်၊ ခန်းဆီးလိုက်ကာများကအစ သူ့အကြိုက် အပြာဖျော့ဖျော့လေးများနှင့်။
အပေါ်ထပ်သို့တက်သည်နှင့် အရှေ့ထောင့်စွန်းဆုံး၌ ဘုရားခန်းကို မြင်ရသည်။ ယခင်တစ်ပတ်ကပင် အိမ်တက်နှင့် ဘုရားအနေကဇာတင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ဇေယျာတို့အတွက် မင်္ဂလာဦးအခန်းမှာ လှေကား၏ ညာဖက်အစွန်တွင်ရှိသည့် အခန်းကျယ်ဖြစ်သည်။
"ကလေး"
အခန်းတံခါးခေါက်ရင်း အသိပေးလိုက်တာဖြစ်သည်။
"လူကြီး ဝင်ခဲ့လေ"
အပြာနုရောင်ဝတ်စုံကို ဝတ်ထားသည့် ချစ်ရသူလေးက ဆံပင်ကို ပုံကျအောင် ပြင်ဆင်နေသည်။ ကိုယ်တိုင်ဝတ်လျှင် ကြောင်တောင်တောင်ဖြစ်နေလောက်ပေမယ့် ကလေး၏ဖြူဥနေသော အသားအရည်၊ ချစ်စဖွယ်မျက်နှာလေးတို့ကြောင့် အပြာနုရောင်နှင့် လိုက်ဖက်လွန်းလှသည်။
ကြည့်ရင်းပင် သူ အသည်းယားလာသည်မို့ ကလေးကို နောက်မှသိုင်းဖက်ကာ ပါးလေးသို့ တစ်ချက်ငုံ့နမ်းမိသည်။ ကလေးကတော့ မှန်ကိုကြည့်၍ ဆံပင်ပြင်တာမပျက်။
"ညစ်ပတ်ကြီး ... ရေချိုးတော့"
ဂျစ်တိုက်တတ်သည့်ကလေးကို ပြန်ဂျစ်ချင်သည်မှာ ဇေယျာပင်။ အသက်အရွယ်အရ ခန့်ခန့်က ချွဲမည်ထင်ရသော်လည်း တကယ်လက်တွေ့တွင် မျက်နှာတည်တည်နေတတ်သည့် ဇေယျာကသာ သူ့ကလေးကို ချွဲမဆုံးနိုင် ဖြစ်ရသည်။
"ကလေးက ကိုယ့်ကိုမစောင့်တော့ မချိုးချင်တော့ဘူး"
ရှေ့ဆံပင် တစ်ချောင်းချင်းစီကို အညီအညာချနေသည့် ခန့်ခန့်မှာ စိတ်မရှည်တော့။ သည်နေ့မှ သည်အိမ်မှာစနေဖူးတာ တစ်ခါမှလည်း ရေချိုးမစောင့်ဖူးတဲ့ကိစ္စကို လာရစ်နေတဲ့လူကြီးမလား။
"သွားချိုးနော် ... မဟုတ်လို့ ချွေးစော်နံရင် တစ်ညလုံးအနားကပ်မခံဘူး"
ခန့်ခန့်ပြောမှ ဇေယျာ ညစ်တွေး,တွေးမိသွားသည်။
"အဟမ်း! ဒါဆိုရင်တော့ ရေသေချာချိုးမှပါ။ မင်္ဂလာဦးညဆိုတော့ အနားကပ်မခံလို့တော့ ဘယ်ဖြစ်မလဲနော့"
"သွားချိုးတော့ဗျာ၊ နောက်ကျနေမယ်"
ခန့်ခန့် ရှက်ရမ်း,ရမ်းပြီး ဇေယျာကို ရေချိုးခန်းတံခါးဆီသို့ အတင်းတွန်းလွှတ်လိုက်သည်။ တကယ်ဆို သည်မင်္ဂလာဦးညဆိုသည်ကို တွေးကြောက်နေခဲ့တာ တစ်လလောက်ပင်ရှိပြီ။ ကျောချမ်းစရာကြီးမလား။
ရှေးအစဉ်အဆက် မင်္ဂလာဦးညကို ကြောက်ကြသူများမှာ အမျိုးသမီးများ ဖြစ်နိုင်ကြသော်လည်း မိမိမှာ ယောကျ်ားလေးပေမဲ့ ကြောက်နေရသည့်အဖြစ်။ အတွေ့အကြုံမရှိဖူး၍ ရှက်သည်ကတစ်ကြောင်း၊ နာမှာကိုတွေးပူကြောက်ရသည်ကတစ်ကြောင်းနှင့် သည်မင်္ဂလာဦးညကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာ ပူပန်နေမိသည်။ တွေးရင်းပင် ကျောချမ်းလာတာမို့ ဆက်မတွေးတော့ပဲ လူကြီးအတွက် အပြာရင့်ရောင်ဝတ်စုံကို ထုတ်ပေးပြီး အောက်ထပ်ဆင်းခဲ့တော့သည်။
.......................
ဟောခန်းအကျယ်ကြီးတွင် လူလေး၊ငါးရာနှင့် ကျင်းပသည့် မင်္ဂလာပွဲဧည့်ခံပွဲမျိုး မဟုတ်သော်လည်း ခန့်ခန့်တို့ ပျော်ရသည်။ မိမိတို့အချစ်ကို ပြစ်တင်ရှုံ့ချမည့်သူများမပါဘဲ ခင်မင်ရင်းနှီးဆုံးသူများသာရှိသည့် အသိုက်အဝန်းငယ်လေးတစ်ခု၊ အားလုံးကလည်း အပြုံးကိုယ်စီနှင့် မင်္ဂလာပွဲအတွက် ဝမ်းသာဂုဏ်ပြုကြသည်။
ရင်းနှီးသူများအား လိုက်လံနှုတ်ဆက်ရာတွင်လည်း ပုံမှန်မင်္ဂလာမောင်မယ်တွေလို လက်မောင်းချင်း ချိတ်ထားကြသည်တော့မဟုတ်။ တစ်ယောက်လက်ကိုတစ်ယောက် မေတ္တာဖြင့် မြဲမြံစွာကိုင်တွယ်ထားကြခြင်း။
ပြေပြစ်သော လေညှင်း...
ငြိမ့်ညောင်းသောတေးသံ...
လှပစွာပုံဖော်ထားသော ပြာလဲ့လဲ့မီးကလေးများ...
အားလုံးက ကြယ်ပေါင်းစုံလင်းလက်နေသည့် ကောင်းကင်ကြီးအောက်တွင် လှပစွာ တည်ရှိနေကြသည်။ ပြည့်ပြည့်ဝဝ ထွန်းလင်းနေသည့် လမင်းကြီးကလည်း မင်္ဂလာပွဲအဆုံးတိုင် ဂုဏ်ပြုပေးနေသယောင်။
"ခန့်ခန့်ရေ ... မမရွယ်တို့ပြန်တော့မယ်၊ ကိုကိုရော"
"ပြန်တော့မှာလား မမရွယ်။ လူကြီးက ကိုရဲရင့်တို့ဝိုင်းမှာ၊ သွားခေါ်လိုက်ဦးမယ်နော် ... ခဏ"
အချိန်လည်း ကိုးနာရီခွဲပြီမို့ မိဘများလည်း ပြန်ဖို့ပြင်ကြတော့သည်။ မနက်အာရုံတက်ကတည်းက ကိုယ်စီအလုပ်ရှုပ်ကြတာမို့ လူကြီးတွေမပြောနှင့်၊ ခန့်ခန့်တို့ပင် ပင်ပန်းနေကြပြီ။ သို့သော် မင်္ဂလာပွဲကို အကြောင်းတည်၍ ငယ်သူငယ်ချင်းများ ပြန်ဆုံရသည်မို့ စားကြသောက်ကြ၊ ပျော်ကြပါးကြနှင့် ပင်ပန်းရန်ပင် မေ့နေတော့သည်။
ဧည့်ခံပွဲအပြီးတွင် ဇေယျာ့သူငယ်ချင်းများနှင့် ခန့်ခန့် သူငယ်ချင်းများရှိသည့် စားပွဲဝိုင်းနှစ်ဝိုင်းသာ သိမ်းရန်ကျန်တော့သည်။ သတို့သားနှစ်ယောက်ကို အချင်းချင်းအကပ်မခံကြဘဲ သူ့ဖက်၊ ကိုယ့်ဖက်ခွဲကာ ဝိုင်းစနောက်နေကြသည်။ လူကြီးဝိုင်း၊ ကလေးဝိုင်းနှင့် တစ်ဖက်စီညာသံတွေက ပေးလိုက်ကြသေးသည်။
လူကြီးဝိုင်းတွင်တော့ အိမ်ထောင်ကျပြီးသား ငယ်သူငယ်ချင်းများလည်းပါသလို လန်ဒန်က ရဲရင့်ပင် ပြန်လာသည်မို့ လူအတော်စုံလှသည်။
"ကဲ ဇေယျာ့ Bachelor Night အတွက် Cheers!"
"Cheers!!!"
လူစုံတာနှင့် ငယ်ကျိုးငယ်နာများ ဖော်သူကဖော်ကြသလို တစ်ယောက်တစ်ပေါက်လည်း ပြောကြရင်း ပျော်စရာကောင်းလှသည်။ သူငယ်ချင်းတွေဆုံရတာလည်း သည်လိုမင်္ဂလာပွဲရှိမှပဲမလား။
"ဟိတ်ကောင်တွေ ဒီကောင်ဇေယျာကို အရမ်းမတိုက်ကြနဲ့၊ တော်ကြာ တိုက်ပွဲမဝင်နိုင်ပဲ နေဦးမယ်"
ကလေးအဖေ မြတ်ကြီးက ဝင်နောက်သည်။ မင်္ဂလာဦးညဆိုတော့လည်း သည်လိုဆင်ဆာမလွတ်သည့် စကားလုံးများနှင့်သာ နောက်ပြောင်ကြတာ ယောက်ျားတို့ထုံးစံ။
"ဘာလဲ ... မင်းတုန်းက အမူးလွန်ပြီး တိုက်ပွဲမဝင်နိုင်ခဲ့လို့လား"
ဇေယျာ ဘီယာတစ်ခွက်မော့ရင်း ပြန်အရွှန်းဖောက်လိုက်သည်။
"ရွတ်ရွတ်ချွန်ချွန်ပဲ ငါ့ကောင်ရေ"
မြတ်ကြီး၏အပြောကို အားလုံးက ဝိုင်းဟားကြပြန်၏။
လူကြီးဝိုင်းက တဟားဟားရှိလှသော်လည်း နှစ်ဆယ်ကျော်ကလေးဝိုင်းက သိပ်ပင်မဟန်နိုင်၊ တပ်ပျက်နေကြလေပြီ။ အဆိုးဆုံးက သတို့သား ခန့်ခန့်။ အပျော်လွန်ပြီး သူငယ်ချင်းတွေ တိုက်သမျှသောက်ကာ ခေါင်းသိပ်မထောင်နိုင်တော့။ နဂိုဂျစ်သည့်ခန့်ခန့်မှာ မူးလာတော့ အကုန်ပတ်ရစ်ကာ ပိုဂျစ်တော့သည်။
"ဒီည မင်းတို့တွေအကုန်မပြန်ရဘူး။ ဆယ်တန်းစာမေးပွဲပြီးတုန်းက လင်းသူတို့အိမ်မှာတုန်းကလို အိမ်အောက်ထပ်မှာ တန်းစီအိပ်ကြမယ် ... ရေး"
ခန့်ခန့်ထအော်ရင်း ယိုင်လာသည်မို့ ဘေးကစည်သူမှ ဝင်ထိန်းပေးထားရသည်။ ထိန်းသာထိန်းပေးရသည်၊ ဟိုဖက်ဝိုင်းက အကြည့်တို့က ခုထိအမျှင်မပြတ်သေး။ သည်ကောင်မူးတာ မတော်,ထထိုးခံရမည့်အပေါက်။
"မအိပ်ရဲပါဘူးကွာ။ မင်းလူကြီးက ခုကို ဟိုဖက်ဝိုင်းကနေ တကြည့်ကြည့်နဲ့"
စည်သူပြောလည်း ပြောချင်စရာပါ။ ဇေယျာက မူးနေသည့်သူ့ကလေးအား ခေါင်းတစောင်းစောင်းနှင့် လိုက်ကြည့်နေရှာသည်။ သူငယ်ချင်းတွေ အလိုလိုက်ပြီး သူ့ခမျာ ဝိုင်းလည်းမကူရဲ။
"ဘာမှကြောက်စရာမလိုဘူး။ ငါ တစ်ခွန်းဆိုတစ်ခွန်းပဲ"
ခန့်ခန့် တစ်ခွက်ပြီးတစ်ခွက် သောက်ရင်း ဟန်ရေးလုပ်ကာ ပြောဆိုနေသည်။ ခန့်ကိုကတော့ သူငယ်ချင်း ပြောနေသည့်ပုံစံကြည့်ပြီး အတော်စိတ်ညစ်ကာ ညည်းညူနေမိသည်။
"ဟိုဖက်ဝိုင်းက တိုက်ပွဲခေါ်သံတွေက ကြမ်းနေပြီ။ ငါတို့ကောင်က ဒီလောက်မူးနေတာ၊ တွေးကြည့်ရုံနဲ့တင် ငါတို့ဖက်က ရှုံးနေပြီ ဟိတ်ကောင်တွေရေ"
"ခန့်ကို နာမနေနဲ့၊ နာမနေနဲ့။ ဒီကောင်ပုံစံနဲ့တော့ မူးမူး၊ မမူးမူး အခံဖက်ကချည်းပဲ"
စည်ကြီးပြောသံကို ခန့်ခန့် ကြားဖြစ်အောင် ကြားလိုက်ပါသည်။ နဂိုမှ ခပ်ရှက်ရှက်ဖြစ်နေသည့် သူ့အဖို့ မီးစာထည့်ကာ အရှိန်ပိုမြှင့်ပေးလိုက်သည့်နှယ်။
"မင်းတို့ကောင်တွေ..."
ဝေါ့!
ခန့်ခန့် သူ့စကားသူ ရှေ့မဆက်နိုင်တော့၊ မြက်ခင်းပြင်တွင်သာ ထိုးချအန်ရတော့သည်။ ခေါင်းမှာလည်း မူးချာလည်ကာ အသိစိတ်က ရှိတစ်ချက်၊ မရှိတစ်ချက်။ သတို့သားမူးပြီးဂျစ်လွန်းလို့ ဧည့်ခန်းပွဲကို စောစောသိမ်းလိုက််ရလေပြီ။
....................
ညဆယ်နာရီထိုးပြီးကတည်းက သူငယ်ချင်းအားလုံး အလိုက်တသိနှင့် ပြန်ကြသလို သိမ်းဆည်းသည့်အဖွဲ့များလည်း ပြီးစီး၍ ပြန်ကုန်ကြသည်။ ဇေယျာ ခြံတံခါးများ သေချာပိတ်၍ အိမ်ကြီးပေါ်သို့ ပြန်တက်ခဲ့သည်။ ခန့်ခန့်တစ်ယောက်မှာတော့ သောင်းကျန်း၍ ကောင်းနေဆဲပင်။
သူ့သူငယ်ချင်းတွေကို ပြန်ခိုင်းရမလားဆိုပြီး တပူပူနှင့် ဂျစ်တိုက်နေတာ နာရီဝက်မကတော့တာမို့ ဇေယျာပါ ခေါင်းကိုက်လာသည်။ မင်္ဂလာဦးညအတွက် ကြိုရင်ခုန်ထားသည့် စိတ်ကူးများသည်လည်း ကြက်ပျောက်ငှက်ပျောက်။ သည်ကလေး သည်လောက် သွေးဆိုးတတ်မှန်းသိလျှင် အစကတည်းက အရက်မသောက်ဖို့ ရအောင်တားခဲ့မှာ သေချာသည်။
"လူကြီး အနားမကပ်နဲ့၊ ဟိုဖက်အခန်းမှာ သွားအိပ်သွား!"
မင်္ဂလာဦးအခန်းထဲ ပြန်ဝင်လာသည်နှင့် အသံတဆာဆာ အော်ပြန်ပါသည်။
"ကလေး မဆိုးပါနဲ့ကွာ။ သူတို့ဘာသာ ပြန်သွားကြတာပါဆို၊ ကိုယ် ခုနကပဲ ခန့်ကိုကို ဖုန်းဆက်မေးပြပြီးပြီလေ"
"မယုံဘူး သွား ... သွား။ ခေါင်းကိုက်တယ်"
ခန့်ခန့် အိပ်ရာပေါ်ထိုင်ပြီး ဇေယျာ အနားကပ်လာသည်နှင့် ရှိသမျှ ဖက်လုံး၊ ခေါင်းအုံးများဖြင့် ပစ်ပေါက်သည်။
"ဟုတ်ပြီ၊ သွားမယ် ... သွားမယ်။ စိတ်လျှော့ထား။ ခေါင်းကိုက်တာ သက်သာအောင် အောက်ထပ်မှာ သံပရာရည် သွားဖျော်ခဲ့မယ်။ အဲမှာ ငြိမ်ငြိမ်လေး စောင့်နေနော် ... ပြုတ်ကျမယ်"
ဇေယျာ အောက်ထပ်ကိုဆင်း၍ ရေခဲသေတ္တာထဲ သံပရာသီးရှိမလား ရှာရသည်။ နှစ်ယောက်လုံး ထမင်း၊ ဟင်း သေချာမချက်တတ်သော်လည်း ရေခဲသေတ္တာထဲတွင်တော့ အန်တီက စားစရာ အပြည့်ဖြည့်ပေးထားသည်။ အိမ်ချင်းလည်း မဝေးတာကြောင့် ကြီးကြီးကိုလွှတ်ပြီး နေ့ခင်းဖက်မှ ထမင်း၊ ဟင်းချက်ရင်း အိမ်သန့်ရှင်းရေးပါ လုပ်ခိုင်းမည်ဆိုတော့ နှစ်ယောက်သား စားရေး၊ သောက်ရေး အဆင်ပြေလိမ့်မည်။
ကံကောင်းစွာ သံပရာသီး အသေးလေး၂လုံး ရှာတွေ့ပြီး ဆားသေးသေး၊ သကြားနည်းနည်းနှင့် အမြန်ဖျော်ပြီး အပေါ်ပြန်တက်ရသည်။ သည်ကလေး အမူးမပြေလျှင် သူ တစ်ညလုံးကုတင်နားပင် ကပ်ရမည်မထင်။
အခန်းရောက်တော့ အသံတိတ်ဆိတ်နေပြီး ခန့်ခန့်ကုတင်ပေါ်တွင် ကန့်လန့်ဖြတ် အိပ်ပျော်နေလေတော့သည်။
'ဟူး'
'ဟိန်းဇေယျာရေ ... မင်္ဂလာဦးညတဲ့ကွ' ဟူ၍သာ စိတ်ထဲအော်မိသည့်အဖြစ်။
ဇေယျာ ကိုယ့်နဖူးကိုယ် ပြန်ရိုက်ရင်း လေပူတစ်ချက်မှုတ်ထုတ်လိုက်မိသည်။ ဝတ်စုံပင် မလဲရသေးသည့်ကလေးကို ညဝတ်အင်္ကျီလဲပေးပြီး နေရာရွှေ့သိပ်ရပေမည်။ ဇေယျာ သံပရာရည်ခွက်အား နံဘေးခုန်ပေါ်သို့ချကာ ခန့်ခန့်ခါးနှင့် ခေါင်းအောက်တို့မှ လက်အသာလျှိုကာ မ,ရွှေ့ရ၏။
"ဟင်း .. ဘာလုပ်တာလဲဗျာ"
အိပ်ပြီထင်နေသည့် ခန့်ခန့်မှာ ပြန်နိုးလာပြီး ရုန်းကန်ထွက်ပြန်သည်။
"အတည့်အိပ်ရမယ်လေကွာ။ ပြီးတော့ အင်္ကျီလည်းလဲရဦးမယ်။ ကလေး မထနိုင်ရင်ငြိမ်ငြိမ်နေ၊ ကိုယ်လဲပေးမယ်"
အင်္ကျီလဲပေးမယ်ဆိုမှ ခန့်ခန့် အမူးများပင် ချက်ချင်းပြေသွားသလို။ ဒါလမ်းစပဲမလား။
"အာ ... ဖယ်ဖယ်၊ ကိုယ့်ဘာသာလဲမယ်"
ခန့်ခန့်က အကိုင်မခံဘဲ ချက်ချင်းထထိုင်ပါသည်။ ခုလိုကျလည်း မူးနေသည်မထင်ရ၊ ဆတ်ခနဲထထိုင်ပြီး ဇေယျာ အသင့်ထုတ်ပေးထားသည့်အင်္ကျီကို လဲရန်ပြင်သည်။ မျက်လုံးကတော့ ပွင့်တစ်ချက်၊ မပွင့်တစ်ချက်။ ဇေယျာလည်း ဖျော်ထားသည့်သံပရာရည်ခွက်ကို ကိုင်ကာ ခန့်ခန့် အင်္ကျီလဲနေသည့်ရှေ့မှ သေချာထိုင်စောင့်နေလိုက်သည်။
"အဲလိုကြီး ရှေ့တည့်တည့်ကနေ မကြည့်နဲ့လေ"
ပူပူနွေးနွေး မင်္ဂလာဆောင်ထားပြီး မူးနေသည့် မောင်မင်းကြီးသားလေးက ရှက်နေတတ်သေးသည်။ ဒါတောင် ဇေယျာတစ်ယောက် ယောကျ်ားလေးကို ယူထားမိလို့။
"ရော့ ဒါလေးသောက်ဦး။ ခေါင်းအရမ်းကိုက်နေရင် အိပ်မရဘဲနေမယ်"
ခန့်ခန့် ဘာမှပြန်မပြောဘဲ ကမ်းလာသည့်ခွက်ကို တရစပ်မော့သောက်လိုက်သည်။ စိတ်ကောက်ပြီး မသောက်လို့မဖြစ်၊ နားထင်တွေ ထိုးကိုက်နေသည်က ခံရအလွန်ခက်သည်။ တကယ်ဆို သူ ဒီလောက်မသောက်နိုင်ပါဘဲ သောက်လိုက်မိခြင်းကို နောင်တရချင်ချင်။ တစ်ခုခုဆို မူးနေရင် ပိုဆိုးမည်မလား။ တစ်ခုခု၊ အင်း ... တစ်ခုခု။ တွေးရင်း အမူးပြေချင်လာလေပြီ။
"လာ ... ကိုယ် နည်းနည်းနှိပ်ပေးမယ်"
ပြောရင်း ဇေယျာ အရှေ့ကို နည်းနည်းတိုးကာ ခန့်ခန့် နားထင်နှစ်ဖက်ကို အသာအယာ နှိပ်ပေးသည်။ မျက်လုံးလေးစဉ်းကာ အသာငြိမ်ခံနေတာမို့ ဇေယျာ စိတ်အေးသွားရသည်။ ခုနကလို ဆက်သောင်းကျန်းနေလျှင် ဒီကလေး ပိုဆိုးပြီး ခံရခက်နေဦးမှာပင်။
သံပရာရည်ကြောင့်ရော၊ ဇေယျာ၏ အနှိပ်အနယ်ကောင်းမှုကြောင့်ပါ ခန့်ခန့် အမူးပြေလာသည်။ အမူးပြေလာသည်နှင့်အမျှ ကြောက်စိတ်ကလည်း ပိုတိုးလာသည်။ အိမ်ကြီးထဲတွင် အဲ့လူကြီးနှင့်နှစ်ယောက်ထဲသာ ရှိတာမို့ ဘယ်မှလည်း ပြေးမလွတ်နိုင်။ ဒါ့ထက် လူကြီးပြောခဲ့ဖူးသည့် မင်္ဂလာဆောင်ပြီးရင်တော့ အလွတ်မပေးဘူးဆိုသည့် စကားကိုလည်း ခဏခဏ ပြန်ကြားယောင်နေပြန်၏။
ခန့်ခန့်အဖို့ သည်ကိစ္စကြီးကို ကြိုမတွေးထားတာ မဟုတ််သော်လည်း အဆင်မပြေမှာ တွေးစိတ်ပူနေမိသည်။ ချစ်သူချင်းဆိုပေမဲ့ သည်ကိစ္စအတွက် သူ အဆင်သင့်မဖြစ်သေးပေ။
"ကလေး ... ကလေး"
"ဟင်!"
ခန့်ခန့် အတွေးများနေ၍ ခေါ်နေတာကို သတိမထားမိလိုက်။
"သက်သာလားလို့၊ ဘာတွေတွေးနေတာလဲ"
"ဟင့်အင်း မတွေးပါဘူး၊ သက်သာတယ်။ ဖယ်တော့ ... အိပ်တော့မယ်"
ခန့်ခန့် ဘာမှမသိချင်ယောင်ဆောင်ကာ ခြေရင်းရှိ စောင်ပါးလေးကို ဆွဲခြုံပြီး တစ်ဖက်စောင်းအိပ်တော့သည်။
နှစ်ဦးသား စကားသံများ မရှိတော့တာမို့ ညကပိုတိတ်ဆိတ်သွားသည်။ တစ်ယောက်က ဝင်လှဲအိပ်လိုက်တာမို့ ခပ်ကြောင်ကြောင် ထိုင်နေမိသူမှာလည်း အလိုက်တသိနှင့် Wall lamp ကိုသာချန်ပြီး ကျန်မီးများ ပိတ်လိုက်ရသည်။ အခန်းက မီးပြပြသာရှိတော့သည်။ ဇေယျာလည်း အိပ်ဖို့လဲလျောင်းကာ ကျောပြင်ငယ်လေးအား ငေးယောင်ကြည့်နေမိသည်။
သူ့ကလေး ကြောက်နေသည်ကို မူးနေကတည်းက ရိပ်မိခဲ့ပြီးပင်။ ဒါကြောင့်မို့လည်း သူငယ်ချင်းတွေကို အတင်းဆွဲခေါ်သိပ်ချင်နေခြင်း ဖြစ်လိမ့်မည်။ သူ့အဖို့ သည်အချိန်မှာ ကလေးကို အပိုင်သိမ်းလိုက်ချင်သည့် စိတ်မရှိဘူးလို့တော့ မညာချင်။ ချစ်သူနှင့်နမ်းရှိုက်ရသည့်အချိန်တိုင်း၊ အသားစိုင်ချင်းထိတွေ့မိသည့်အချိန်တိုင်း ပြောမပြတတ်အောင် ရင်ဖိုပြီး ကန့်သတ်နယ်မြေထဲသို့ တိုးဝင်ချင်မိသည့်ဆန္ဒများ ဖြစ်ပေါ်လာစမြဲပါပဲ။
သို့သော် ကိုယ့်စိတ်တစ်ခုတည်းအတွက်နှင့် ကလေး၏ ပထမဆုံးအကြိမ်တွင် အထိတ်တလန့် စိတ်အနှောင့်အယှက် မဖြစ်စေချင်မိတာကလည်း မိမိစိတ်ရင်းအမှန် ဖြစ်၏။
ဘာအကြောင်းကြောင့် ခန့်ခန့် ကြောက်ရသည်ကိုလည်း ပြန်တွေးကြည့်ရုံနဲ့တင် သူ အပြည့်အဝ နားလည်ပေးလို့ရသည်။
သူတို့နှစ်ဦးသား ချစ်သူသက်တမ်း သုံးနှစ်ကျော်နှင့် လက်ထပ်ဖြစ်ခဲ့ကြသည်။ သို့သော် အချိန်နှစ်နှစ်ခွဲကျော်က တစ်ယောက်နှင့်တစ်ယောက် ခွဲနေခဲ့ရတာမို့ သည်လိုအထိအတွေ့နှင့်ဆိုင်သည့်ကိစ္စများက အလွန်နည်းပါးခဲ့သည်။ ဒါမို့ အတွေ့အကြုံမရှိသည့် လူပျိုလေးတစ်ယောက်အနေနဲ့ရော၊ ကလေးလိုသာ ဆိုးနွဲ့တတ်သူတစ်ယောက်အနေနဲ့ပါ သည်ကိစ္စကို ကြောက်နေလိမ့်မည်မှာ သူ မှန်းကြည့်၍ရပါသည်။
ဒါကြောင့်လည်း တည်ငြိမ်နေသော ကျောပြင်ငယ်ကိုကြည့်ကာ ဇေယျာ ဆုံးဖြတ်လိုက်တော့သည်။ အချင်းချင်း အတူတူနေကြရင်းမှ ဒီကိစ္စကို တဖြည်းဖြည်း အသားကျအောင် ကြိုးစားတော့မည်သာ။
"ကလေး အိပ်သွားပြီလား"
"...."
ခန့်ခန့်ကြားသော်လည်း မလှည့်ရဲ၊ ဆက်သာအိပ်ချင်ယောင်ဆောင်နေလိုက်သည်။
"ကိုယ့်ကို ကြောက်နေလား"
"...."
တုံ့ပြန်သံမကြားတာမို့ ဇေယျာ အနောက်မှ အသာသိုင်းဖက်လိုက်ချိန် ခန့်ခန့် အနည်းငယ်လှုပ်ရှားသွားသည်။ ဇေယျာ တစ်ချက်ပြုံးပြီး ရနံ့သင်းနေသည့် ဆံနွယ်များအား အသာနမ်းရှိုက်လိုက်သည်။
"ကလေး မအိပ်သေးတာ ကိုယ်သိပါတယ်။ ကိုယ့်ကို ကြောက်နေတာလည်း ကိုယ်သိတယ်"
"...."
အချိန်အနည်းငယ်ကြာသည်ထိ ခန့်ခန့်ဆီက ဘာသံမှထွက်မလာသေးတာမို့ ဇေယျာကသာ စကားဆက်ရသည်။
"ဘာလို့လဲ ကလေးရဲ့။ ကိုယ် ကတိပေးထားတာ မေ့သွားပြီလား။ ကလေးဆန္ဒမပါရင် ဘာမှမလုပ်ပါဘူးဆိုတာလေ"
သည်တော့မှ ခန့်ခန့်လည်း ဝမ်းနည်းသွားရသည်။ တစ်ညလုံး ဘယ်လောက်ဂျစ်ခဲ့သလဲဆိုတာ ကိုယ့်ကိုယ်ကို အသိဆုံး။ ဆိုးလွန်းလို့ အငြှိုးနဲ့တောင် ရက်စက်လေမလားဟု ထင်ခဲ့သော်လည်း လူကြီးက မိမိအပေါ် သိပ်တွေးပေးတတ်လွန်းသည်။ အနွံတာခံတတ်လွန်းသည်။ သူကသာ မှတ်ချင်သည့်စကားကို မှတ်ထားပြီး အကြောက်လွန်နေခဲ့တာ။ ဒါကိစ္စဟာ တကယ်က ကြောက်စရာလား၊ ပျော်စရာလား သူလည်း သဲသဲကွဲကွဲတော့ မသိနေပါ။
ခုချိန်တွင်တော့ လူကြီးကို သနားစိတ်သာ ဖြစ်မိသည်။ ဒါမို့ သူ ကြာကြာမနေနိုင်တော့ဘဲ တစ်ဖက်သို့လှည့်ကာ ရင်ခွင်ထဲအတင်းဝင်တိုးမိတော့သည်။ နှုတ်ခမ်းဖျားမှလည်း တိုးလျှိုးစွာဖြင့်၊
"အဆင်သင့်မဖြစ်သေးလို့"
မထင်မှတ်ဘဲ ထွက်လာသည့်ထိုစကားသံလေးကြောင့် ဇေယျာ ပိုတင်းတင်းကြပ်ကြပ်ဖက်ရင်း နဖူးပြင်လေးကို အနမ်းတစ်ချက်ပေးလိုက်၏။
"အိုခေ စောင့်မှာပေါ့။ အခုအိပ်တော့ ... ကိုယ့်ကလေး"
ဒီတော့မှသာ စိတ်ချလက်ချနှင့် ခေါင်းအုံးမလို၊ ကြွက်သားအပြည့်နှင့် လက်မောင်းတစ်ဖက်ကို အားပြုကာ အိပ်ပျော်သွားတော့သည်။
စိတ်နှလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အိပ်စက်ပါ ... ကလေးရေ။
မင်းလေး အဆင်သင့်ဖြစ်မယ့်နေ့ထိ ကိုယ် စိတ်ရှည်ရှည်နဲ့ စောင့်ပေးပါမယ်။ ကိုယ်တို့ရဲ့ မင်္ဂလာဦးညလေးကိုတော့ နားလည်မှုနှင့်အတူ အရိုးရှင်းဆုံး ဖြတ်သန်းကြတာပေါ့။
20/11/2020
•••••••••••••••••••••••••••••••••••••••
<Zawgyi>
ၿခံဝင္းႀကီး၏ ျမက္ခင္းျပင္က်ယ္တြင္ လူတစ္ခ်ိဳ႕ကိုယ္စီကိုယ္စီ အလုပ္ရွုပ္ေနၾကသည္။
ကူစီစဥ္ေပးေနသူေတြက ခ်ထားသည့္စားပြဲဝိုင္းမ်ားႏွင့္ ထိုင္ခုံမ်ားကို အစီအစဥ္တက် ေနရာက်ေအာင္ စီမံေနၾကသည္။ ခ်ၿပီးသားစားပြဲမ်ားေပၚသို႔ ပိတ္စအျဖဴ၊ အနီမ်ား ခင္းက်င္းၿပီး ထိုင္ခုံတို႔အား ပန္းဆီေရာင္ဖဲစမ်ား စြပ္ၾက၏။ ၿခံေထာင့္သစ္ပင္ႀကီးမွ ျဖာက်ေနေသာ ကိုင္းမ်ားေပၚသို႔လည္း အလွမီးတန္းမ်ား ခ်ိတ္ဆြဲေနၾကလ်က္။
ေဘးတစ္ဖက္ ၿခံနံရံကပ္လ်က္တြင္ေတာ့ စားပြဲရွည္ႀကီးမ်ား ခ်ခင္းထားသည္။ မၾကာမီတြင္ ဤစားပြဲရွည္မ်ားေပၚသို႔ Chef Andy ၏ အနံ႔အရသာႏွင့္ ျပည့္စုံေသာ စားေကာင္းေသာက္ဖြယ္မ်ား အေငြ႕တေထာင္းေထာင္းႏွင့္ ေနရာယူၾကေတာ့မည္။ ထိုေဘးတြင္ေတာ့ အေဖ်ာ္ယမကာမ်ား စီစဥ္ေပးမည့္ ေကာင္တာငယ္ေလးတစ္ခုက ေနရာယူထား၏။
ပြဲစဖို႔လည္း မၾကာေတာ့ၿပီမို႔ ေဇယ်ာ ျပင္ဆင္ဖို႔ အိမ္ႀကီး၏ အေပၚထပ္ မဂၤလာအခန္းဆီသို႔ သြားရေတာ့သည္။ ကေလးလည္း ျပင္ဆင္ေနေလာက္ေရာေပါ့။
မဂၤလာအခန္း။
မဂၤလာအိမ္။
မဂၤလာညစာစားပြဲ။
ဟုတ္ပါသည္။ သည္ေန႔က ေဇယ်ာႏွင့္ခန့္ခန့္တို႔အတြက္ မဂၤလာအျဖာျဖာရွိသည့္ေန႔ပင္။ မနက္ခင္းတြင္ သံဃာအပါး (၇၀၀)ခန့္ရွိသည့္ ေက်ာင္းတိုက္ႀကီးတြင္ မဂၤလာဦးဆြမ္းကပ္သည့္အမွု ၿပီးေျမာက္ခဲ့ၾကသည္။ ေန႔ခင္းတြင္ေတာ့ မိဘမဲ့ကေလးမ်ားရွိသည့္ ေက်ာင္း(၃)ေက်ာင္းတြင္ အလွူေငြမ်ား ေပးအပ္လွူဒါန္းခဲ့ၾကသည္။
ညေနေစာင္းမွသာ ႏွစ္ေယာက္တစ္ကမၻာ တည္ေဆာက္ၾကေတာ့မည့္ ဤၿခံေလးတြင္ပဲ အသိမိတ္ေဆြအသိုင္းအဝိုင္းမ်ားကို ဖိတ္ၾကားၿပီး Wedding Dinner ျပဳလုပ္ၾကမည္ျဖစ္သည္။ ဤသည္မွာ ႏွစ္ဦးသေဘာတူတိုင္ပင္ၿပီး လုပ္ခ်င္ခဲ့ေသာမဂၤလာပြဲမို႔ မိဘမ်ားလည္း မကန့္ကြက္ဘဲ အားတတ္သေရာ ပါဝင္စီစဥ္ေပးၾကသည္။
ေဇယ်ာတစ္ေယာက္ အေတြးမ်ားစြာျဖင့္ ကေလးႏွင့္အတူ ေရွ႕ဆက္ရမည့္ခရီးအတြက္ ေက်နပ္ေနမိသည္။ အခ်ိန္လည္းမရွိေတာ့သည္မို႔ ေလွကားအဆင့္ေလးမ်ားအတိုင္း အိမ္အေပၚထပ္သို႔ တက္လာခဲ့သည္။ အိမ္ေလး၏ အျပင္အဆင္အားလုံးက ကေလး စိတ္တိုင္းက်ပင္၊ ခန္းဆီးလိုက္ကာမ်ားကအစ သူ႔အႀကိဳက္ အျပာေဖ်ာ့ေဖ်ာ့ေလးမ်ားႏွင့္။
အေပၚထပ္သို႔တက္သည္ႏွင့္ အေရွ႕ေထာင့္စြန္းဆုံး၌ ဘုရားခန္းကို ျမင္ရသည္။ ယခင္တစ္ပတ္ကပင္ အိမ္တက္ႏွင့္ ဘုရားအေနကဇာတင္ ျပဳလုပ္ခဲ့ၿပီးျဖစ္သည္။ ေဇယ်ာတို႔အတြက္ မဂၤလာဦးအခန္းမွာ ေလွကား၏ ညာဖက္အစြန္တြင္ရွိသည့္ အခန္းက်ယ္ျဖစ္သည္။
"ကေလး"
အခန္းတံခါးေခါက္ရင္း အသိေပးလိုက္တာျဖစ္သည္။
"လူႀကီး ဝင္ခဲ့ေလ"
အျပာႏုေရာင္ဝတ္စုံကို ဝတ္ထားသည့္ ခ်စ္ရသူေလးက ဆံပင္ကို ပုံက်ေအာင္ ျပင္ဆင္ေနသည္။ ကိုယ္တိုင္ဝတ္လၽွင္ ေၾကာင္ေတာင္ေတာင္ျဖစ္ေနေလာက္ေပမယ့္ ကေလး၏ျဖဴဥေနေသာ အသားအရည္၊ ခ်စ္စဖြယ္မ်က္ႏွာေလးတို႔ေၾကာင့္ အျပာႏုေရာင္ႏွင့္ လိုက္ဖက္လြန္းလွသည္။
ၾကည့္ရင္းပင္ သူ အသည္းယားလာသည္မို႔ ကေလးကို ေနာက္မွသိုင္းဖက္ကာ ပါးေလးသို႔ တစ္ခ်က္ငုံ႔နမ္းမိသည္။ ကေလးကေတာ့ မွန္ကိုၾကည့္၍ ဆံပင္ျပင္တာမပ်က္။
"ညစ္ပတ္ႀကီး ... ေရခ်ိဳးေတာ့"
ဂ်စ္တိုက္တတ္သည့္ကေလးကို ျပန္ဂ်စ္ခ်င္သည္မွာ ေဇယ်ာပင္။ အသက္အရြယ္အရ ခန့္ခန့္က ခၽြဲမည္ထင္ရေသာ္လည္း တကယ္လက္ေတြ႕တြင္ မ်က္ႏွာတည္တည္ေနတတ္သည့္ ေဇယ်ာကသာ သူ႔ကေလးကို ခၽြဲမဆုံးနိုင္ ျဖစ္ရသည္။
"ကေလးက ကိုယ့္ကိုမေစာင့္ေတာ့ မခ်ိဳးခ်င္ေတာ့ဘူး"
ေရွ႕ဆံပင္ တစ္ေခ်ာင္းခ်င္းစီကို အညီအညာခ်ေနသည့္ ခန့္ခန့္မွာ စိတ္မရွည္ေတာ့။ သည္ေန႔မွ သည္အိမ္မွာစေနဖူးတာ တစ္ခါမွလည္း ေရခ်ိဳးမေစာင့္ဖူးတဲ့ကိစၥကို လာရစ္ေနတဲ့လူႀကီးမလား။
"သြားခ်ိဳးေနာ္ ... မဟုတ္လို႔ ေခၽြးေစာ္နံရင္ တစ္ညလုံးအနားကပ္မခံဘူး"
ခန့္ခန့္ေျပာမွ ေဇယ်ာ ညစ္ေတြး,ေတြးမိသြားသည္။
"အဟမ္း! ဒါဆိုရင္ေတာ့ ေရေသခ်ာခ်ိဳးမွပါ။ မဂၤလာဦးညဆိုေတာ့ အနားကပ္မခံလို႔ေတာ့ ဘယ္ျဖစ္မလဲေနာ့"
"သြားခ်ိဳးေတာ့ဗ်ာ၊ ေနာက္က်ေနမယ္"
ခန့္ခန့္ ရွက္ရမ္း,ရမ္းၿပီး ေဇယ်ာကို ေရခ်ိဳးခန္းတံခါးဆီသို႔ အတင္းတြန္းလႊတ္လိုက္သည္။ တကယ္ဆို သည္မဂၤလာဦးညဆိုသည္ကို ေတြးေၾကာက္ေနခဲ့တာ တစ္လေလာက္ပင္ရွိၿပီ။ ေက်ာခ်မ္းစရာႀကီးမလား။
ေရွးအစဥ္အဆက္ မဂၤလာဦးညကို ေၾကာက္ၾကသူမ်ားမွာ အမ်ိဳးသမီးမ်ား ျဖစ္နိုင္ၾကေသာ္လည္း မိမိမွာ ေယာက်္ားေလးေပမဲ့ ေၾကာက္ေနရသည့္အျဖစ္။ အေတြ႕အၾကဳံမရွိဖူး၍ ရွက္သည္ကတစ္ေၾကာင္း၊ နာမွာကိုေတြးပူေၾကာက္ရသည္ကတစ္ေၾကာင္းႏွင့္ သည္မဂၤလာဦးညကို ဘယ္လိုေက်ာ္ျဖတ္ရမလဲဆိုတာ ပူပန္ေနမိသည္။ ေတြးရင္းပင္ ေက်ာခ်မ္းလာတာမို႔ ဆက္မေတြးေတာ့ပဲ လူႀကီးအတြက္ အျပာရင့္ေရာင္ဝတ္စုံကို ထုတ္ေပးၿပီး ေအာက္ထပ္ဆင္းခဲ့ေတာ့သည္။
.......................
ေဟာခန္းအက်ယ္ႀကီးတြင္ လူေလး၊ငါးရာႏွင့္ က်င္းပသည့္ မဂၤလာပြဲဧည့္ခံပြဲမ်ိဳး မဟုတ္ေသာ္လည္း ခန့္ခန့္တို႔ ေပ်ာ္ရသည္။ မိမိတို႔အခ်စ္ကို ျပစ္တင္ရွုံ႔ခ်မည့္သူမ်ားမပါဘဲ ခင္မင္ရင္းႏွီးဆုံးသူမ်ားသာရွိသည့္ အသိုက္အဝန္းငယ္ေလးတစ္ခု၊ အားလုံးကလည္း အျပဳံးကိုယ္စီႏွင့္ မဂၤလာပြဲအတြက္ ဝမ္းသာဂုဏ္ျပဳၾကသည္။
ရင္းႏွီးသူမ်ားအား လိုက္လံႏွုတ္ဆက္ရာတြင္လည္း ပုံမွန္မဂၤလာေမာင္မယ္ေတြလို လက္ေမာင္းခ်င္း ခ်ိတ္ထားၾကသည္ေတာ့မဟုတ္။ တစ္ေယာက္လက္ကိုတစ္ေယာက္ ေမတၱာျဖင့္ ျမဲၿမံစြာကိုင္တြယ္ထားၾကျခင္း။
ေျပျပစ္ေသာ ေလညႇင္း...
ၿငိမ့္ေညာင္းေသာေတးသံ...
လွပစြာပုံေဖာ္ထားေသာ ျပာလဲ့လဲ့မီးကေလးမ်ား...
အားလုံးက ၾကယ္ေပါင္းစုံလင္းလက္ေနသည့္ ေကာင္းကင္ႀကီးေအာက္တြင္ လွပစြာ တည္ရွိေနၾကသည္။ ျပည့္ျပည့္ဝဝ ထြန္းလင္းေနသည့္ လမင္းႀကီးကလည္း မဂၤလာပြဲအဆုံးတိုင္ ဂုဏ္ျပဳေပးေနသေယာင္။
"ခန့္ခန့္ေရ ... မမရြယ္တို႔ျပန္ေတာ့မယ္၊ ကိုကိုေရာ"
"ျပန္ေတာ့မွာလား မမရြယ္။ လူႀကီးက ကိုရဲရင့္တို႔ဝိုင္းမွာ၊ သြားေခၚလိုက္ဦးမယ္ေနာ္ ... ခဏ"
အခ်ိန္လည္း ကိုးနာရီခြဲၿပီမို႔ မိဘမ်ားလည္း ျပန္ဖို႔ျပင္ၾကေတာ့သည္။ မနက္အာ႐ုံတက္ကတည္းက ကိုယ္စီအလုပ္ရွုပ္ၾကတာမို႔ လူႀကီးေတြမေျပာႏွင့္၊ ခန့္ခန့္တို႔ပင္ ပင္ပန္းေနၾကၿပီ။ သို႔ေသာ္ မဂၤလာပြဲကို အေၾကာင္းတည္၍ ငယ္သူငယ္ခ်င္းမ်ား ျပန္ဆုံရသည္မို႔ စားၾကေသာက္ၾက၊ ေပ်ာ္ၾကပါးၾကႏွင့္ ပင္ပန္းရန္ပင္ ေမ့ေနေတာ့သည္။
ဧည့္ခံပြဲအၿပီးတြင္ ေဇယ်ာ့သူငယ္ခ်င္းမ်ားႏွင့္ ခန့္ခန့္ သူငယ္ခ်င္းမ်ားရွိသည့္ စားပြဲဝိုင္းႏွစ္ဝိုင္းသာ သိမ္းရန္က်န္ေတာ့သည္။ သတို႔သားႏွစ္ေယာက္ကို အခ်င္းခ်င္းအကပ္မခံၾကဘဲ သူ႔ဖက္၊ ကိုယ့္ဖက္ခြဲကာ ဝိုင္းစေနာက္ေနၾကသည္။ လူႀကီးဝိုင္း၊ ကေလးဝိုင္းႏွင့္ တစ္ဖက္စီညာသံေတြက ေပးလိုက္ၾကေသးသည္။
လူႀကီးဝိုင္းတြင္ေတာ့ အိမ္ေထာင္က်ၿပီးသား ငယ္သူငယ္ခ်င္းမ်ားလည္းပါသလို လန္ဒန္က ရဲရင့္ပင္ ျပန္လာသည္မို႔ လူအေတာ္စုံလွသည္။
"ကဲ ေဇယ်ာ့ Bachelor Night အတြက္ Cheers!"
"Cheers!!!"
လူစုံတာႏွင့္ ငယ္က်ိဳးငယ္နာမ်ား ေဖာ္သူကေဖာ္ၾကသလို တစ္ေယာက္တစ္ေပါက္လည္း ေျပာၾကရင္း ေပ်ာ္စရာေကာင္းလွသည္။ သူငယ္ခ်င္းေတြဆုံရတာလည္း သည္လိုမဂၤလာပြဲရွိမွပဲမလား။
"ဟိတ္ေကာင္ေတြ ဒီေကာင္ေဇယ်ာကို အရမ္းမတိုက္ၾကနဲ႔၊ ေတာ္ၾကာ တိုက္ပြဲမဝင္နိုင္ပဲ ေနဦးမယ္"
ကေလးအေဖ ျမတ္ႀကီးက ဝင္ေနာက္သည္။ မဂၤလာဦးညဆိုေတာ့လည္း သည္လိုဆင္ဆာမလြတ္သည့္ စကားလုံးမ်ားႏွင့္သာ ေနာက္ေျပာင္ၾကတာ ေယာက္်ားတို႔ထုံးစံ။
"ဘာလဲ ... မင္းတုန္းက အမူးလြန္ၿပီး တိုက္ပြဲမဝင္နိုင္ခဲ့လို႔လား"
ေဇယ်ာ ဘီယာတစ္ခြက္ေမာ့ရင္း ျပန္အရႊန္းေဖာက္လိုက္သည္။
"ရြတ္ရြတ္ခၽြန္ခၽြန္ပဲ ငါ့ေကာင္ေရ"
ျမတ္ႀကီး၏အေျပာကို အားလုံးက ဝိုင္းဟားၾကျပန္၏။
လူႀကီးဝိုင္းက တဟားဟားရွိလွေသာ္လည္း ႏွစ္ဆယ္ေက်ာ္ကေလးဝိုင္းက သိပ္ပင္မဟန္နိုင္၊ တပ္ပ်က္ေနၾကေလၿပီ။ အဆိုးဆုံးက သတို႔သား ခန့္ခန့္။ အေပ်ာ္လြန္ၿပီး သူငယ္ခ်င္းေတြ တိုက္သမၽွေသာက္ကာ ေခါင္းသိပ္မေထာင္နိုင္ေတာ့။ နဂိုဂ်စ္သည့္ခန့္ခန့္မွာ မူးလာေတာ့ အကုန္ပတ္ရစ္ကာ ပိုဂ်စ္ေတာ့သည္။
"ဒီည မင္းတို႔ေတြအကုန္မျပန္ရဘူး။ ဆယ္တန္းစာေမးပြဲၿပီးတုန္းက လင္းသူတို႔အိမ္မွာတုန္းကလို အိမ္ေအာက္ထပ္မွာ တန္းစီအိပ္ၾကမယ္ ... ေရး"
ခန့္ခန့္ထေအာ္ရင္း ယိုင္လာသည္မို႔ ေဘးကစည္သူမွ ဝင္ထိန္းေပးထားရသည္။ ထိန္းသာထိန္းေပးရသည္၊ ဟိုဖက္ဝိုင္းက အၾကည့္တို႔က ခုထိအမၽွင္မျပတ္ေသး။ သည္ေကာင္မူးတာ မေတာ္,ထထိုးခံရမည့္အေပါက္။
"မအိပ္ရဲပါဘူးကြာ။ မင္းလူႀကီးက ခုကို ဟိုဖက္ဝိုင္းကေန တၾကည့္ၾကည့္နဲ႔"
စည္သူေျပာလည္း ေျပာခ်င္စရာပါ။ ေဇယ်ာက မူးေနသည့္သူ႔ကေလးအား ေခါင္းတေစာင္းေစာင္းႏွင့္ လိုက္ၾကည့္ေနရွာသည္။ သူငယ္ခ်င္းေတြ အလိုလိုက္ၿပီး သူ႔ခမ်ာ ဝိုင္းလည္းမကူရဲ။
"ဘာမွေၾကာက္စရာမလိုဘူး။ ငါ တစ္ခြန္းဆိုတစ္ခြန္းပဲ"
ခန့္ခန့္ တစ္ခြက္ၿပီးတစ္ခြက္ ေသာက္ရင္း ဟန္ေရးလုပ္ကာ ေျပာဆိုေနသည္။ ခန့္ကိုကေတာ့ သူငယ္ခ်င္း ေျပာေနသည့္ပုံစံၾကည့္ၿပီး အေတာ္စိတ္ညစ္ကာ ညည္းညဴေနမိသည္။
"ဟိုဖက္ဝိုင္းက တိုက္ပြဲေခၚသံေတြက ၾကမ္းေနၿပီ။ ငါတို႔ေကာင္က ဒီေလာက္မူးေနတာ၊ ေတြးၾကည့္႐ုံနဲ႔တင္ ငါတို႔ဖက္က ရွုံးေနၿပီ ဟိတ္ေကာင္ေတြေရ"
"ခန့္ကို နာမေနနဲ႔၊ နာမေနနဲ႔။ ဒီေကာင္ပုံစံနဲ႔ေတာ့ မူးမူး၊ မမူးမူး အခံဖက္ကခ်ည္းပဲ"
စည္ႀကီးေျပာသံကို ခန့္ခန့္ ၾကားျဖစ္ေအာင္ ၾကားလိုက္ပါသည္။ နဂိုမွ ခပ္ရွက္ရွက္ျဖစ္ေနသည့္ သူ႔အဖို႔ မီးစာထည့္ကာ အရွိန္ပိုျမႇင့္ေပးလိုက္သည့္ႏွယ္။
"မင္းတို႔ေကာင္ေတြ..."
ေဝါ့!
ခန့္ခန့္ သူ႔စကားသူ ေရွ႕မဆက္နိုင္ေတာ့၊ ျမက္ခင္းျပင္တြင္သာ ထိုးခ်အန္ရေတာ့သည္။ ေခါင္းမွာလည္း မူးခ်ာလည္ကာ အသိစိတ္က ရွိတစ္ခ်က္၊ မရွိတစ္ခ်က္။ သတို႔သားမူးၿပီးဂ်စ္လြန္းလို႔ ဧည့္ခန္းပြဲကို ေစာေစာသိမ္းလိုက္္ရေလၿပီ။
....................
ညဆယ္နာရီထိုးၿပီးကတည္းက သူငယ္ခ်င္းအားလုံး အလိုက္တသိႏွင့္ ျပန္ၾကသလို သိမ္းဆည္းသည့္အဖြဲ႕မ်ားလည္း ၿပီးစီး၍ ျပန္ကုန္ၾကသည္။ ေဇယ်ာ ၿခံတံခါးမ်ား ေသခ်ာပိတ္၍ အိမ္ႀကီးေပၚသို႔ ျပန္တက္ခဲ့သည္။ ခန့္ခန့္တစ္ေယာက္မွာေတာ့ ေသာင္းက်န္း၍ ေကာင္းေနဆဲပင္။
သူ႔သူငယ္ခ်င္းေတြကို ျပန္ခိုင္းရမလားဆိုၿပီး တပူပူႏွင့္ ဂ်စ္တိုက္ေနတာ နာရီဝက္မကေတာ့တာမို႔ ေဇယ်ာပါ ေခါင္းကိုက္လာသည္။ မဂၤလာဦးညအတြက္ ႀကိဳရင္ခုန္ထားသည့္ စိတ္ကူးမ်ားသည္လည္း ၾကက္ေပ်ာက္ငွက္ေပ်ာက္။ သည္ကေလး သည္ေလာက္ ေသြးဆိုးတတ္မွန္းသိလၽွင္ အစကတည္းက အရက္မေသာက္ဖို႔ ရေအာင္တားခဲ့မွာ ေသခ်ာသည္။
"လူႀကီး အနားမကပ္နဲ႔၊ ဟိုဖက္အခန္းမွာ သြားအိပ္သြား!"
မဂၤလာဦးအခန္းထဲ ျပန္ဝင္လာသည္ႏွင့္ အသံတဆာဆာ ေအာ္ျပန္ပါသည္။
"ကေလး မဆိုးပါနဲ႔ကြာ။ သူတို႔ဘာသာ ျပန္သြားၾကတာပါဆို၊ ကိုယ္ ခုနကပဲ ခန့္ကိုကို ဖုန္းဆက္ေမးျပၿပီးၿပီေလ"
"မယုံဘူး သြား ... သြား။ ေခါင္းကိုက္တယ္"
ခန့္ခန့္ အိပ္ရာေပၚထိုင္ၿပီး ေဇယ်ာ အနားကပ္လာသည္ႏွင့္ ရွိသမၽွ ဖက္လုံး၊ ေခါင္းအုံးမ်ားျဖင့္ ပစ္ေပါက္သည္။
"ဟုတ္ၿပီ၊ သြားမယ္ ... သြားမယ္။ စိတ္ေလၽွာ့ထား။ ေခါင္းကိုက္တာ သက္သာေအာင္ ေအာက္ထပ္မွာ သံပရာရည္ သြားေဖ်ာ္ခဲ့မယ္။ အဲမွာ ၿငိမ္ၿငိမ္ေလး ေစာင့္ေနေနာ္ ... ျပဳတ္က်မယ္"
ေဇယ်ာ ေအာက္ထပ္ကိုဆင္း၍ ေရခဲေသတၱာထဲ သံပရာသီးရွိမလား ရွာရသည္။ ႏွစ္ေယာက္လုံး ထမင္း၊ ဟင္း ေသခ်ာမခ်က္တတ္ေသာ္လည္း ေရခဲေသတၱာထဲတြင္ေတာ့ အန္တီက စားစရာ အျပည့္ျဖည့္ေပးထားသည္။ အိမ္ခ်င္းလည္း မေဝးတာေၾကာင့္ ႀကီးႀကီးကိုလႊတ္ၿပီး ေန႔ခင္းဖက္မွ ထမင္း၊ ဟင္းခ်က္ရင္း အိမ္သန့္ရွင္းေရးပါ လုပ္ခိုင္းမည္ဆိုေတာ့ ႏွစ္ေယာက္သား စားေရး၊ ေသာက္ေရး အဆင္ေျပလိမ့္မည္။
ကံေကာင္းစြာ သံပရာသီး အေသးေလး၂လုံး ရွာေတြ႕ၿပီး ဆားေသးေသး၊ သၾကားနည္းနည္းႏွင့္ အျမန္ေဖ်ာ္ၿပီး အေပၚျပန္တက္ရသည္။ သည္ကေလး အမူးမေျပလၽွင္ သူ တစ္ညလုံးကုတင္နားပင္ ကပ္ရမည္မထင္။
အခန္းေရာက္ေတာ့ အသံတိတ္ဆိတ္ေနၿပီး ခန့္ခန့္ကုတင္ေပၚတြင္ ကန့္လန့္ျဖတ္ အိပ္ေပ်ာ္ေနေလေတာ့သည္။
'ဟူး'
'ဟိန္းေဇယ်ာေရ ... မဂၤလာဦးညတဲ့ကြ' ဟူ၍သာ စိတ္ထဲေအာ္မိသည့္အျဖစ္။
ေဇယ်ာ ကိုယ့္နဖူးကိုယ္ ျပန္ရိုက္ရင္း ေလပူတစ္ခ်က္မွုတ္ထုတ္လိုက္မိသည္။ ဝတ္စုံပင္ မလဲရေသးသည့္ကေလးကို ညဝတ္အကၤ်ီလဲေပးၿပီး ေနရာေရႊ႕သိပ္ရေပမည္။ ေဇယ်ာ သံပရာရည္ခြက္အား နံေဘးခုန္ေပၚသို႔ခ်ကာ ခန့္ခန့္ခါးႏွင့္ ေခါင္းေအာက္တို႔မွ လက္အသာလၽွိုကာ မ,ေရႊ႕ရ၏။
"ဟင္း .. ဘာလုပ္တာလဲဗ်ာ"
အိပ္ၿပီထင္ေနသည့္ ခန့္ခန့္မွာ ျပန္နိုးလာၿပီး ႐ုန္းကန္ထြက္ျပန္သည္။
"အတည့္အိပ္ရမယ္ေလကြာ။ ၿပီးေတာ့ အကၤ်ီလည္းလဲရဦးမယ္။ ကေလး မထနိုင္ရင္ၿငိမ္ၿငိမ္ေန၊ ကိုယ္လဲေပးမယ္"
အကၤ်ီလဲေပးမယ္ဆိုမွ ခန့္ခန့္ အမူးမ်ားပင္ ခ်က္ခ်င္းေျပသြားသလို။ ဒါလမ္းစပဲမလား။
"အာ ... ဖယ္ဖယ္၊ ကိုယ့္ဘာသာလဲမယ္"
ခန႔္ခန႔္က အကိုင္မခံဘဲ ခ်က္ခ်င္းထထိုင္ပါသည္။ ခုလိုက်လည္း မူးေနသည္မထင္ရ၊ ဆတ္ခနဲထထိုင္ၿပီး ေဇယ်ာ အသင့္ထုတ္ေပးထားသည့္အကၤ်ီကို လဲရန္ျပင္သည္။ မ်က္လုံးကေတာ့ ပြင့္တစ္ခ်က္၊ မပြင့္တစ္ခ်က္။ ေဇယ်ာလည္း ေဖ်ာ္ထားသည့္သံပရာရည္ခြက္ကို ကိုင္ကာ ခန့္ခန့္ အကၤ်ီလဲေနသည့္ေရွ႕မွ ေသခ်ာထိုင္ေစာင့္ေနလိုက္သည္။
"အဲလိုႀကီး ေရွ႕တည့္တည့္ကေန မၾကည့္နဲ႔ေလ"
ပူပူေႏြးေႏြး မဂၤလာေဆာင္ထားၿပီး မူးေနသည့္ ေမာင္မင္းႀကီးသားေလးက ရွက္ေနတတ္ေသးသည္။ ဒါေတာင္ ေဇယ်ာတစ္ေယာက္ ေယာက်္ားေလးကို ယူထားမိလို႔။
"ေရာ့ ဒါေလးေသာက္ဦး။ ေခါင္းအရမ္းကိုက္ေနရင္ အိပ္မရဘဲေနမယ္"
ခန့္ခန့္ ဘာမွျပန္မေျပာဘဲ ကမ္းလာသည့္ခြက္ကို တရစပ္ေမာ့ေသာက္လိုက္သည္။ စိတ္ေကာက္ၿပီး မေသာက္လို႔မျဖစ္၊ နားထင္ေတြ ထိုးကိုက္ေနသည္က ခံရအလြန္ခက္သည္။ တကယ္ဆို သူ ဒီေလာက္မေသာက္နိုင္ပါဘဲ ေသာက္လိုက္မိျခင္းကို ေနာင္တရခ်င္ခ်င္။ တစ္ခုခုဆို မူးေနရင္ ပိုဆိုးမည္မလား။ တစ္ခုခု၊ အင္း ... တစ္ခုခု။ ေတြးရင္း အမူးေျပခ်င္လာေလၿပီ။
"လာ ... ကိုယ္ နည္းနည္းႏွိပ္ေပးမယ္"
ေျပာရင္း ေဇယ်ာ အေရွ႕ကို နည္းနည္းတိုးကာ ခန့္ခန့္ နားထင္ႏွစ္ဖက္ကို အသာအယာ ႏွိပ္ေပးသည္။ မ်က္လုံးေလးစဥ္းကာ အသာၿငိမ္ခံေနတာမို႔ ေဇယ်ာ စိတ္ေအးသြားရသည္။ ခုနကလို ဆက္ေသာင္းက်န္းေနလၽွင္ ဒီကေလး ပိုဆိုးၿပီး ခံရခက္ေနဦးမွာပင္။
သံပရာရည္ေၾကာင့္ေရာ၊ ေဇယ်ာ၏ အႏွိပ္အနယ္ေကာင္းမွုေၾကာင့္ပါ ခန့္ခန့္ အမူးေျပလာသည္။ အမူးေျပလာသည္ႏွင့္အမၽွ ေၾကာက္စိတ္ကလည္း ပိုတိုးလာသည္။ အိမ္ႀကီးထဲတြင္ အဲ့လူႀကီးႏွင့္ႏွစ္ေယာက္ထဲသာ ရွိတာမို႔ ဘယ္မွလည္း ေျပးမလြတ္နိုင္။ ဒါ့ထက္ လူႀကီးေျပာခဲ့ဖူးသည့္ မဂၤလာေဆာင္ၿပီးရင္ေတာ့ အလြတ္မေပးဘူးဆိုသည့္ စကားကိုလည္း ခဏခဏ ျပန္ၾကားေယာင္ေနျပန္၏။
ခန႔္ခန႔္အဖို႔ သည္ကိစၥႀကီးကို ႀကိဳမေတြးထားတာ မဟုတ္္ေသာ္လည္း အဆင္မေျပမွာ ေတြးစိတ္ပူေနမိသည္။ ခ်စ္သူခ်င္းဆိုေပမဲ့ သည္ကိစၥအတြက္ သူ အဆင္သင့္မျဖစ္ေသးေပ။
"ကေလး ... ကေလး"
"ဟင္!"
ခန့္ခန့္ အေတြးမ်ားေန၍ ေခၚေနတာကို သတိမထားမိလိုက္။
"သက္သာလားလို႔၊ ဘာေတြေတြးေနတာလဲ"
"ဟင့္အင္း မေတြးပါဘူး၊ သက္သာတယ္။ ဖယ္ေတာ့ ... အိပ္ေတာ့မယ္"
ခန့္ခန့္ ဘာမွမသိခ်င္ေယာင္ေဆာင္ကာ ေျခရင္းရွိ ေစာင္ပါးေလးကို ဆြဲျခဳံၿပီး တစ္ဖက္ေစာင္းအိပ္ေတာ့သည္။
ႏွစ္ဦးသား စကားသံမ်ား မရွိေတာ့တာမို႔ ညကပိုတိတ္ဆိတ္သြားသည္။ တစ္ေယာက္က ဝင္လွဲအိပ္လိုက္တာမို႔ ခပ္ေၾကာင္ေၾကာင္ ထိုင္ေနမိသူမွာလည္း အလိုက္တသိႏွင့္ Wall lamp ကိုသာခ်န္ၿပီး က်န္မီးမ်ား ပိတ္လိုက္ရသည္။ အခန္းက မီးျပျပသာရွိေတာ့သည္။ ေဇယ်ာလည္း အိပ္ဖို႔လဲေလ်ာင္းကာ ေက်ာျပင္ငယ္ေလးအား ေငးေယာင္ၾကည့္ေနမိသည္။
သူ႔ကေလး ေၾကာက္ေနသည္ကို မူးေနကတည္းက ရိပ္မိခဲ့ၿပီးပင္။ ဒါေၾကာင့္မို႔လည္း သူငယ္ခ်င္းေတြကို အတင္းဆြဲေခၚသိပ္ခ်င္ေနျခင္း ျဖစ္လိမ့္မည္။ သူ႔အဖို႔ သည္အခ်ိန္မွာ ကေလးကို အပိုင္သိမ္းလိုက္ခ်င္သည့္ စိတ္မရွိဘူးလို႔ေတာ့ မညာခ်င္။ ခ်စ္သူႏွင့္နမ္းရွိုက္ရသည့္အခ်ိန္တိုင္း၊ အသားစိုင္ခ်င္းထိေတြ႕မိသည့္အခ်ိန္တိုင္း ေျပာမျပတတ္ေအာင္ ရင္ဖိုၿပီး ကန့္သတ္နယ္ေျမထဲသို႔ တိုးဝင္ခ်င္မိသည့္ဆႏၵမ်ား ျဖစ္ေပၚလာစျမဲပါပဲ။
သို႔ေသာ္ ကိုယ့္စိတ္တစ္ခုတည္းအတြက္ႏွင့္ ကေလး၏ ပထမဆုံးအႀကိမ္တြင္ အထိတ္တလန့္ စိတ္အေႏွာင့္အယွက္ မျဖစ္ေစခ်င္မိတာကလည္း မိမိစိတ္ရင္းအမွန္ ျဖစ္၏။
ဘာအေၾကာင္းေၾကာင့္ ခန့္ခန့္ ေၾကာက္ရသည္ကိုလည္း ျပန္ေတြးၾကည့္႐ုံနဲ႔တင္ သူ အျပည့္အဝ နားလည္ေပးလို႔ရသည္။
သူတို႔ႏွစ္ဦးသား ခ်စ္သူသက္တမ္း သုံးႏွစ္ေက်ာ္ႏွင့္ လက္ထပ္ျဖစ္ခဲ့ၾကသည္။ သို႔ေသာ္ အခ်ိန္ႏွစ္ႏွစ္ခြဲေက်ာ္က တစ္ေယာက္ႏွင့္တစ္ေယာက္ ခြဲေနခဲ့ရတာမို႔ သည္လိုအထိအေတြ႕ႏွင့္ဆိုင္သည့္ကိစၥမ်ားက အလြန္နည္းပါးခဲ့သည္။ ဒါမို႔ အေတြ႕အၾကဳံမရွိသည့္ လူပ်ိဳေလးတစ္ေယာက္အေနနဲ႔ေရာ၊ ကေလးလိုသာ ဆိုးႏြဲ႕တတ္သူတစ္ေယာက္အေနနဲ႔ပါ သည္ကိစၥကို ေၾကာက္ေနလိမ့္မည္မွာ သူ မွန္းၾကည့္၍ရပါသည္။
ဒါေၾကာင့္လည္း တည္ၿငိမ္ေနေသာ ေက်ာျပင္ငယ္ကိုၾကည့္ကာ ေဇယ်ာ ဆုံးျဖတ္လိုက္ေတာ့သည္။ အခ်င္းခ်င္း အတူတူေနၾကရင္းမွ ဒီကိစၥကို တျဖည္းျဖည္း အသားက်ေအာင္ ႀကိဳးစားေတာ့မည္သာ။
"ကေလး အိပ္သြားၿပီလား"
"...."
ခန့္ခန့္ၾကားေသာ္လည္း မလွည့္ရဲ၊ ဆက္သာအိပ္ခ်င္ေယာင္ေဆာင္ေနလိုက္သည္။
"ကိုယ့္ကို ေၾကာက္ေနလား"
"...."
တုံ႔ျပန္သံမၾကားတာမို႔ ေဇယ်ာ အေနာက္မွ အသာသိုင္းဖက္လိုက္ခ်ိန္ ခန့္ခန့္ အနည္းငယ္လွုပ္ရွားသြားသည္။ ေဇယ်ာ တစ္ခ်က္ျပဳံးၿပီး ရနံ႔သင္းေနသည့္ ဆံႏြယ္မ်ားအား အသာနမ္းရွိုက္လိုက္သည္။
"ကေလး မအိပ္ေသးတာ ကိုယ္သိပါတယ္။ ကိုယ့္ကို ေၾကာက္ေနတာလည္း ကိုယ္သိတယ္"
"...."
အခ်ိန္အနည္းငယ္ၾကာသည္ထိ ခန့္ခန့္ဆီက ဘာသံမွထြက္မလာေသးတာမို႔ ေဇယ်ာကသာ စကားဆက္ရသည္။
"ဘာလို႔လဲ ကေလးရဲ့။ ကိုယ္ ကတိေပးထားတာ ေမ့သြားၿပီလား။ ကေလးဆႏၵမပါရင္ ဘာမွမလုပ္ပါဘူးဆိုတာေလ"
သည္ေတာ့မွ ခန့္ခန့္လည္း ဝမ္းနည္းသြားရသည္။ တစ္ညလုံး ဘယ္ေလာက္ဂ်စ္ခဲ့သလဲဆိုတာ ကိုယ့္ကိုယ္ကို အသိဆုံး။ ဆိုးလြန္းလို႔ အျငႇိုးနဲ႔ေတာင္ ရက္စက္ေလမလားဟု ထင္ခဲ့ေသာ္လည္း လူႀကီးက မိမိအေပၚ သိပ္ေတြးေပးတတ္လြန္းသည္။ အႏြံတာခံတတ္လြန္းသည္။ သူကသာ မွတ္ခ်င္သည့္စကားကို မွတ္ထားၿပီး အေၾကာက္လြန္ေနခဲ့တာ။ ဒါကိစၥဟာ တကယ္က ေၾကာက္စရာလား၊ ေပ်ာ္စရာလား သူလည္း သဲသဲကြဲကြဲေတာ့ မသိေနပါ။
ခုခ်ိန္တြင္ေတာ့ လူႀကီးကို သနားစိတ္သာ ျဖစ္မိသည္။ ဒါမို႔ သူ ၾကာၾကာမေနနိုင္ေတာ့ဘဲ တစ္ဖက္သို႔လွည့္ကာ ရင္ခြင္ထဲအတင္းဝင္တိုးမိေတာ့သည္။ ႏွုတ္ခမ္းဖ်ားမွလည္း တိုးလၽွိုးစြာျဖင့္၊
"အဆင္သင့္မျဖစ္ေသးလို႔"
မထင္မွတ္ဘဲ ထြက္လာသည့္ထိုစကားသံေလးေၾကာင့္ ေဇယ်ာ ပိုတင္းတင္းၾကပ္ၾကပ္ဖက္ရင္း နဖူးျပင္ေလးကို အနမ္းတစ္ခ်က္ေပးလိုက္၏။
"အိုေခ ေစာင့္မွာေပါ့။ အခုအိပ္ေတာ့ ... ကိုယ့္ကေလး"
ဒီေတာ့မွသာ စိတ္ခ်လက္ခ်ႏွင့္ ေခါင္းအုံးမလို၊ ႂကြက္သားအျပည့္ႏွင့္ လက္ေမာင္းတစ္ဖက္ကို အားျပဳကာ အိပ္ေပ်ာ္သြားေတာ့သည္။
စိတ္ႏွလုံး ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ အိပ္စက္ပါ ... ကေလးေရ။
မင္းေလး အဆင္သင့္ျဖစ္မယ့္ေန႔ထိ ကိုယ္ စိတ္ရွည္ရွည္နဲ႔ ေစာင့္ေပးပါမယ္။ ကိုယ္တို႔ရဲ့ မဂၤလာဦးညေလးကိုေတာ့ နားလည္မွုႏွင့္အတူ အရိုးရွင္းဆုံး ျဖတ္သန္းၾကတာေပါ့။
20/11/2020
•••••••••••••••••••••••••••••••••••••••
Bạn đang đọc truyện trên: Truyen3h.Co