Truyen3h.Co

နှောင်ကြိုး

Extra-2

Fi_Lay


<Unicode>

နေဝင်ချိန်ဆိုသော်ငြား ခဲရောင်ခြယ်နေသည့်တိမ်တိုက်များကသာ ကောင်းကင်တွင်‌ နေရာယူထားသည်။ ဒါမို့ နေရောင်ကို ကောင်းမွန်စွာ မရနိုင်တော့။ မိုးကာလလည်းဖြစ်သည့်အလျောက် ညနေဆိုလျှင် အချိန်မှန်စွာ မိုးတဖွဲဖွဲ ကျနေတတ်သည်။

ထုံးစံအတိုင်း ထီးမဆောင်တတ်သည့်ခန့်ခန့်မှာ ခြံတံခါး အဖွင့်၊ အပိတ်နဲ့ပင် မိုးရေတို့ စိုစွတ်ကုန်တော့၏။ ကားပါကင်ထိုးသည့်နေရာက အိမ်၏ဘေးဖက်တွင် အလျားလိုက်ပုံစံရှိတာမို့ ကား၂စီး ရှေ့ဆင့််နောက်ဆင့် ထိုးရသည်။ ညနေတိုင်း ဇေယျာက Gym သွားဆော့သည်မို့ ခန့်ခန့်ကသာ စောရောက်တတ်ပြီး အရှေ့က ထိုးရစမြဲပင်။

မိုးစိုသွားသည်မို့ ခန့်ခန့််တစ်ယောက် ရေအမြန်ချိုးကာ ညနေစာပြင်ရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ညနေစာပြင်ရသည်ဆိုသော်လည်း အခက်ကြီးတော့မဟုတ်။ ဆန်၂လုံးကို ရေစင်အောင်ဆေးပြီး ထမင်းပေါင်းအိုးလေး ချိတ်ရုံပင်။ ပြီးမှသာ ကြီးကြီး ချက်ပေးသွားသည့် ဟင်းတို့ကို နွေးသင့်တန်နွေး၊ ကြော်သင့်တန်ကြော်ရ၏။

တီ ... တီ... ။

ခြံရှေ့တွင် ကားသံကြားသည်မို့ နွှေးနေသည့်ဟင်းအိုးကို သူ လက်စသတ်ကာ တံခါးသွားဖွင့်ရန် ပြင်လိုက်သည်။ ကားဟွန်းသံအရ လူကြီးကားတော့မဖြစ်နိုင်၊ ညနေ အိမ်ဖက်လှည့်ဝင်ခဲ့မည်ဆိုသည့် ခန့်ကိုသာ ဖြစ်လိမ့်မည်။

"မိုးကလည်း ရွာလိုက်တာကွာ၊ စိမ့်နေတာပဲ"

ရှပ်လက်ရှည်အပါးတစ်ထည်သာ ဝတ်ထားပြီး ချမ်းနေသယောင်ရှိသည့် ခန့်ကိုက အိမ်ထဲဝင်ဝင်ချင်း ညည်းတော့သည်။

"အင်္ကျီလဲမလား"

"တော်ပါပြီကွာ၊ ခဏပဲဟာ။ ဒါနဲ့ မှာထားတဲ့ပင်လယ်စာတွေက မင်းဆီမှာလား၊ အန်တီဆီမှာလား"

ခန့်ကိုအမေနှင့် ဒေါ်မိမိနိုင်တို့မှာ ငပလီဖက်က ငါး၊ ပုဇွန် လတ်လတ်ဆတ်ဆတ်တွေရတိုင်း ပေါင်းမှာတတ်ကြသည်ပင်။ ခန့်ကိုကတော့ သယ်ယူပို့ဆောင်ရသူ တစ်ဦးသာ။

"အနောက်မှာ ရေခဲပုံးမြင်တယ်၊ နေ့လယ်က ကြီးကြီး ထားသွားတာနေမှာ"

ခန့်ခန့်ပြောရင်း ကန်စွန်းရွက်ဆက်ကြော်ရန် မီးဖိုခန်းဖက်သို့ လျှောက်လာခဲ့သည်။ ခန့်ကိုလည်း ရေခဲပုံးသယ်ရန် အနောက်မှ လိုက်ဝင်လာ၏။

"မင်းဘာလုပ်နေတာလဲ။ ဟာ ... အိမ်ထောင်ရှင်ကြီးက ဟင်းချက်နေတာလား။ မင်း ချက်တတ်လို့လား"

ရေခဲသေတ္တာထဲမှ သူ ကန်စွန်းရွက်များ ထုတ်နေသည်ကိုမြင်၍ စပ်စပ်စုစု မေးတော့၏။

"ဟင်းကြီးတွေ မချက်တတ်သေးလည်း ကန်စွန်းရွက်လောက်တော့ ကြော်တတ်တယ်။ မင်း အထင်သေးမယ်မကြံနဲ့"

"အထင်မသေးပါဘူး။ မြင်လား၊ မိန်းမမယူဘဲ ယောကျ်ားယူတော့ အခုလို ဟင်းတွေပါချက်နေရပြီ အဟက်"

ခန့်ကို၏ခနဲ့သံက အမြင်ကတ်စရာ ကောင်းလွန်းသည်။ တစ်ခုမဟုတ်တစ်ခုကို အနိုင်ပိုင်းပြောနေရမှ။ သို့သော် သူကိုယ်တိုင်လည်း ထူးမခြားနား။ ပြန်အနိုင်ပိုင်းပြောရန် စကားလုံးတို့ အမြန်စဉ်းစားရသည်။

"ဒါပေမဲ့ ငါကမင်းလို မဟုတ်ဘူး။ အချော့ခံ၊ အချစ်ခံလူတန်းစားကွ"

"ဟားဟား၊ ဘာလဲ။ ညညကျ ချော့ပြီးအချစ်ခံရတဲ့ လူတန်းစားလား။ ငါမပြောချင်ဘူးနော် ဟင်းဟင်း"

သည်ကောင် နာအောင်ပြန်ပြောကာမှ ခန့်ခန့် ထပ်အရယ်ခံရပြန်သည်။

"မင်းပြောချင်လည်း ဘာမှပြောမရပါဘူး။ ငါက အခုထိ လူပျိုစစ်စစ်ပဲရှိတုန်း ... ဟဟ"

သည်တစ်ခါတော့ ခန့်ကို ထပ်မရယ်နိုင်တော့ဘဲ ပါးစပ်အဟောင်းသားဖြင့်သာ။ ဟုတ်တော့လည်းဟုတ်သည်။ အိမ်ထောင်ကျပြီးသားသူက လူပျိုစစ်ကြောင်း ကြွားနေတာတော့ သိပ်သဘာဝမကျလှ။ ဒါပေသိ ခန့်ခန့်၏ 'အဆင်သင့်မဖြစ်သေးလို့' ဆိုသည့်စကားကြောင့် လူကြီးက နမ်းသည်ထက်ပို၍ ဘာမှစည်းမကျော်ဖြစ်ခဲ့။ သူလည်း ဘယ်လိုစကားစရမယ်မှန်းကို မသိတော့ချေ။

"ဟုတ်လို့လား၊ လိမ်မနေနဲ့။ မင်းတို့ မင်္ဂလာဆောင်ပြီးတာပဲ တစ်လကျော်နေပြီကို"

"မယုံလည်းနေ။ လူကြီးက ငါအဆင်သင့်မဖြစ်သေးရင် စောင့်ပေးမယ်တဲ့"

ခန့်ခန့် သင်ထားသည့် ကန်စွန်းရွက်များအား ရေဆေးရင်း ခပ်အေးအေးပြောလိုက်သည်။ ခန့်ကိုကတော့ စားပွဲဝိုင်းဘေးက ခုံတွင်ဝင်ထိုင်လျက်၊

"မင်းတို့ဟာ အဲလိုကြီးတော့ မကောင်းဘူးနော်။ ကိုဇေယျာ မင်းကိုဘယ်လောက်ပဲချစ်တယ်ဆိုဆို သူ့မှာလည်း အလိုရမ္မက်တော့ရှိမှာပဲကွ၊ မင်းလည်းယောကျ်ားပဲ ဒါတွေသိမှာပါ။ ဒီတိုင်းကြာလာရင် သာယာတဲ့သူများဆီ ပါသွားဦးမယ်"

ခန့်ကိုပြောမှ ကန်စွန်းရွက်များကို ရေစင်အောင်ဆယ်နေသည့် ခန့်ခန့်တစ်ယောက် တွေတွေကြီး ဖြစ်သွားမိသည်။ ထိုစဉ် ဘောင်းဘီအိတ်ကပ်ထဲကဖုန်းမှ တုန်ခါလာတာမို့ အတွေးစတို့ပျက်သွားလေသည်။

"အင်း လူကြီး၊ ပြန်လာနေပြီလား"

"...."

ခန့်ကိုကတော့ စားပွဲပေါ်ရှိ Danisa ဗူးထဲမှ ကွတ်ကီးတချို့ ယူစားရင်း ဖုန်းပြောနေသည့်သူငယ်ချင်းအသံကို နားစွင့်နေ၏။

"ရပါတယ်၊ မလိုက်တော့ဘူး။ အလုပ်လုပ်စရာရှိသေးတယ်"

"...."

"အင်း ဒါပဲနော်"

ခန့်ခန့် ဖုန်းချပြီး ဆယ်ထားသည့်ကန်စွန်းရွက်တို့ကို ရေခဲသေတ္တာထဲပြန်ထည့်ကာ အရှိန်ပြင်းပြင်းဖြင့် ပိတ်ချလိုက်သည်။

"အသာလုပ်ပါဟ၊ ဘာတဲ့လဲ"

ခန့်ခန့်မျက်နှာတွင် ဒေါသရိပ် အနည်းငယ်တွေ့နေရသည်မို့ တိုးလျှိုးစွာပင် မေးရ၏။

"Gym က ဆရာရဲ့မွေးနေ့မို့ အကုန်လုံးကို လိုက်ကျွေးမလို့တဲ့။ အဲဒါအရမ်းလည်းရင်းနှီးနေတော့ လိုက်မှကောင်းမှာဆိုပြီး ပါသွားပြီ။ ငါက ဟင်းတွေနွှေးပြီး စောင့်နေတာကို"

ပြောရင်း စားပွဲပေါ်တင်ထားသည့် ပုဇွန်ဆီပြန်ချက်ကို ရေခဲသေတ္တာထဲ ပြန်ထည့်ရပြန်သည်။

"ကိုဇေယျာက ဘယ် Gym သွားတာလဲ။ Royal လား"

"ဟုတ်တယ်"

"မင်း သတိတော့ထားနော်။ Royal က ဆယ်လီတွေကစ လာဆော့ကြတာ။ Gym ဆော့တာကနည်းနည်း အချင်းချင်းအထာပေးပြီး အတွဲရှာကြတာ ခပ်များများ"

"အေးပါကွာ"

ခန့်ခန့်လည်း ဆက်မသိချင်တော့တာမို့ စကားစဖြတ်ပြီး ခန့်ကိုကို ပြန်ခိုင်းလိုက်ရသည်။ တကယ်ဆို သူလည်းစိတ်ချထားသည်တော့ မဟုတ်။ လူကြီးနှင့်တူတူပင် Gym လိုက်ဆော့ခဲ့သေးသည်ပင်။ သို့သော် နဂိုကတည်းက ကိုယ်ခံအားမကောင်းတာမို့ လေး၊ ငါးရက်ဆော့ပြီး အညောင်းမိကာ ဖျားတော့သည်။ လူကြီးကလည်း ထိုအချိန်ကတည်းက Gym ဆို လိုက်ခွင့်မပေးတော့။

ခဏကြာတော့ ခန့်ကိုလည်း ပြန်သွားပြီမို့ ခန့်ခန့် အဖော်မဲ့သွားသည်။ တစ်ယောက်တည်းလည်း ညနေစာမစားချင်တော့တာမို့ ခုနှစ်အိမ်ကျော်တွင်ရှိသည့် မေမေတို့ဆီသာ သွားစားရန် သူ ဆုံးဖြတ်လိုက်သည်။

မေမေတို့နှင့် အိမ်ခွဲနေကြသော်လည်း ခန့်ခန့် မကြာမကြာ သွားလည်ဖြစ်သည်။ အခုလက်ဖွဲ့ထားသည့် ခြံဝင်းကျယ်ကို ဝယ်ရန်မှာ မေမေတို့အတွက် အလွန်တန်ဖိုးကြီးမည်ဆိုတာကို သူ နားလည်မိသည်။ ဒါပေသိ တစ်ဦးတည်းသောသားကို အဝေးမလွှတ်နိုင်တာမို့ အိမ်နီးနီးနားနားမှာပင် မေမေတို့ရအောင် ဝယ်ခဲ့ကြခြင်း။ ဒါမို့ သူ့ဖက်ကလည်း မိဘတွေအပေါ်  အနေစိမ်းသွား၍မဖြစ်၊ ပိုသိတတ်ရမည်ပင်။

ပတ်ဝန်းကျင်က တဖြည်းဖြည်း မှောင်ရိပ်သန်းလာ၏။ တစ်ညနေလုံးရွာနေသည့် မိုးကစဲသွားသော်လည်း အအေးဓာတ်လေးတော့ ကျန်နေသေးသည်။ သူလျှောက်လာနေသော ကတ္တရာလမ်း၏ ချိုင့်ခွက်တချို့တွင်တော့ မိုးရေများ တင်ကျန်နေခဲ့သည်။

ရှေ့နည်းနည်းဆို မေမေ့အိမ်ရောက်ပြီပင်။ အိမ်ရောက်ခါနီးမှ ဤလမ်းမပေါ်တွင်ရှိခဲ့ဖူးသည့် အမှတ်တရတချို့ကို တွေးမိကာ နှုတ်ခမ်းလေးအနည်းငယ်တွန့်ကာ ပြုံးမိသည်။

သူ့ကို လူကြီးက ချစ်စကားဆိုခဲ့သည်မှာ သည်လမ်းပေါ်တွင်ဖြစ်သည်။ ခပ်ကြမ်းကြမ်းအကိုင်အတွယ်တို့ကြောင့်  လက်သီးပြင်းပြင်းတစ်ချက် ထိုးခဲ့မိဖူးသည်ကိုလည်း အမှတ်ရ၏။ အရင်ရည်းစားနှင့် အထင်လွဲမိတော့ မနက်အစောကြီး လာစောင့်ပြီး ချော့ခဲ့သည်မှာလည်း သည်လမ်းမပေါ်ပင်။

မေမေတို့ခြံရှေ့အရောက် တံခါးဖွင့်မည်ပြင်တော့ ချစ်သူဖြစ်တာ ခြောက်လပြည့်သည့်နေ့ကို ပြန်ပြောင်းအမှတ်ရသွားပြန်၏။ သည်ခြံတံခါးမှာပင် ဖိနပ်မစီးနိုင်ဘဲ ထွက်တွေ့ခဲ့ပြီး အဲ့လူကြီး၏လက်ခုံကိုလည်း မျက်ရည်တွေနှင့် နမ်းခဲ့ဖူးသည်။ အိမ်အပေါ်ထပ်အခန်းမှလည်း လှပသည့် မီးရောင်စုံပူပေါင်းများကို ငေးကြည့်ခဲ့ဖူးသည်။

သည်လိုတွေ ခက်ခက်ခဲခဲ ချစ်ခဲ့ရသူမို့ လူကြီးနှင့်ပတ်သက်လျှင် အတ္တကြီး၏၊ သဝန်တိုစိတ်များရ၏၊ ဘယ်နည်းနဲ့မှလည်း အဆုံးရှုံးမခံနိုင်။ ဒါ့ကြောင့်လည်း ခုနက ခန့်ကိုပြောသွားသည့်အကြောင်းကို ခေါင်းထဲကမထုတ်နိုင် ဖြစ်နေရသည်။

လူကြီးက တကယ်ပဲ တခြားစီကနေ သာယာမှုကို ရှာသွားလေမလား။ သူ့ဆီကရော ရှေ့ဆက်တိုးပြီး တောင်းဆိုဖို့ မတွေးတော့ဘူးလား။ သူ ထုတ်ပြောမှ ဖြစ်တော့မှာလား။ အမှောင်ထုနှင့်အတူ အတွေးတို့က တစ်စတစ်စ နက်လာတော့၏။

.......................

အချိန်ကား ည ၁၀နာရီထိုးခါနီးပြီဖြစ်သည်။

သူ့အား သုံး၊ လေးနှစ်မက သင်ပြပေးခဲ့ဖူးသည့် Trainer က ဇွတ်ခေါ်တော့ ဇေယျာ ငြင်းမရခဲ့။ အားနာနာနှင့်သာ လိုက်သွားရသည်။ ဟိုရောက်မှ ခဏထိုင်ပြန်ရန် ကြံရွယ်သော်လည်း အထွက်မခံသည့်အပြင် အကုန်မသောက်မနေရဆိုပြီး အရက်ပါ ဇွတ်သောက်ခဲ့ရသည်။

သို့သော် အချိန်လည်း ကိုးနာရီကျော်လာတာမို့ သိပ်အားမနာနေတော့ဘဲ မဖြစ်ဖြစ်အောင် ပြောပြန်ခဲ့ရသည်။ ကလေးကို ညဖက်အိမ်မှာ တစ်ယောက်တည်းထားရသည်ကို နည်းနည်းမှစိတ်မချနိုင် ဖြစ်ရသည်။ စာပို့ကာ မိဘတွေဆီ သွားနေရန်ပြောထားသော်လည်း ဘာမှအကြောင်းပြန်မလာခဲ့။ စိတ်များခုနေပြီလားဟု စိတ်ပူ၍ အမြန်လစ်ထွက်လာခဲ့ရ၏။

အမျိုးအစား မတူသည့်အရက်နှစ်မျိုးစပ်ကာ ပေါင်းတိုက်ကြ၍ နှစ်ပင်လိမ်ကာ  သူ မူးနောက်နောက် ဖြစ်နေသည်။ သို့သော် အိမ်မြန်မြန်ရောက်နိုင်ဖို့အရေး ကားကို အာရုံစိုက်မောင်းလာခဲ့ရသည်။ ဇေယျာ ခြံရှေ့ရောက်သော် တံခါးကို အပြင်ကသော့ခတ်ထားသည်မို့ စိတ်နည်းနည်းအေးသွားရတာပင်။ မိဘတွေအိမ်မှာဆိုလျှင်တော့ အထီးကျန်မနေနိုင်ပါ။ ဇေယျာ အိမ်မဝင်သေးဘဲ ကလေးကို အရင်သွားခေါ်ရတော့၏။

နောက်ကျမှပြန်လာပြီး ဟိုအိမ်သည်အိမ်ကူးကာ လာခေါ်တော့မှ မိဘအိမ်ကနေ ငူငူငိုင်ငိုင်နှင့် ပြန်ပါလာတာ ခန့်ခန့်ပါပဲ။ အိမ်ရောက်လျှင်ရောက်ချင်း အခန်းသို့ အတူတက်လာခဲ့ရပြီး ခန့်ခန့်ကို ခဏထားကာ ဇေယျာ ရေအမြန်ချိုးရသည်။ ကားပေါ်၌ပင် အရက်နံ့ရထားသည်မို့ ခန့်ခန့်က မကြည်ချင်တော့။ သည်လိုချိန် ရေမချိုးဘဲ အနားသွားကပ်လျှင် သေချာပေါက် အအော်ခံရမည်ဖြစ်သည်။

ရေသေချာချိုးလိုက်၍ အနံ့အသက် ပျောက်သွားသော်လည်း ဇေယျာ သိပ်အမူးမပြေချင်။ တရိပ်ရိပ်နှင့်မို့ သတိထားနေရသည်။ သို့သော် Mac ကိုပေါင်ပေါ်တင်ပြီး အလုပ်ရှုပ်ချင်ယောင်ဆောင်နေသည့် ကလေးကိုတော့ စိတ်ကျေနပ်အောင် ချော့ရဦးမည်။

"ကလေး ညစာစားရဲ့လား"

ခန့်ခန့် ပြန်မဖြေဘဲ မျက်လုံးကိုသာ လှန်ကြည့်လာသည်။ ခန္ဓာကိုယ်အနေအထားပင် တစ်ချက်မပျက်။

အိပ်ယာပေါ်မှ အေးခဲသွားနိုင်သည့် အကြည့်တစ်ချက်ကြောင့် ဇေယျာ နည်းနည်းတော့လန့်မိ၏။ ဒါမို့ ဆက်မပြောသေးဘဲ အိပ်ယာဘေးတစ်ဖက်မှ ဝင်ထိုင်ကာ စောင်ပါးလေးကိုဖြန့်ရင်း ကလေးကို တစ်ချက်စောင်းကြည့်ရသည်။ ပေါင်ပေါ်က Mac ကိုသာ စူးစူးစိုက်စိုက်ကြည့်ပြီး သည်းကြီးမဲကြီး coding ရေးနေသည့်ကလေး။

ဒါဆို သေချာပေါက် စိတ်ဆိုးနေပြီပင်။ သူ့လက်ကို မသိမသာဆန့်တန်းပြီး ကလေးပုခုံးအား မသိမသာ ဖက်လိုက်မိ၏။

"ညစာစားရဲ့လားလို့ ကိုယ်မေးနေတယ်လေ"

ခန့်ခန့် သူ့လက်ကို ဆွဲဖယ်ချကာ ဘေးဖက်လှည့်ကြည်လာသည်။ အနီးကပ်ရှိနေသည်မို့ နှစ်ယောက်သားမျက်နှာတို့မှာ သိပ်မကွာနေကြ။

"ပစ်ထားပြီးမှ စိတ်ပူချင်ယောင်ဆောင်မနေနဲ့"

ခန့်ခန့် စိတ်ထဲတွင်တော့ တကယ်ဆို အပြင်မှာစားလျှင်တောင် စောစောတော့ ပြန်လာသင့်သည်ဟု တွေးနေတာဖြစ်သည်။ အခုတော့ စောပြန်မလာသည့်အပြင် အရက်ကပါ သောက်လာလိုက်သေး၏။ ဘယ်လောက်များ ပျော်ပါးလာခဲ့သလဲဆိုသည်ကို ခန့်ခန့် တွေးပင်မကြည့်ချင်။ သဝန်တိုရလွန်း၍ ရူးသွားနိုင်သည်။ ခန့်ကိုစကားကြောင့် သည်ညတော့ ခွင့်ပြုပေးတော့မည်ဟု တွေးထားသည့် အတွေးတို့မှာလည်း လေထဲသို့ အငွေ့ပြန်သွားတော့သည်။

"တမင်ပစ်ထားတာ မဟုတ်ရပါဘူး ကလေးရယ်။ တကယ်ငြင်းမရလို့ ပါသွားရာက ပြန်ဖို့ထိပါ ကြာနေတော့တာ။ သောက်ရတာကလည်း လူတိုင်းစေ့သောက်ရတာမို့ ကိုယ်သောက်လာတာပါ။ ပုံမှန်ဆို ခေါင်းကိုက်တတ်လို့ ကိုယ်မသောက်တာ ကလေးလည်း သိလျက်နဲ့"

အသံလေးတိန်ပြီး ဇေယျာ တည်တည်ငြိမ်ငြိမ် ရှင်းပြတော့ ခန့်ခန့် နည်းနည်းစိတ်ပူသွားသည်။ အနံ့အရပင် သောက်လာတာများသည်ကို မှန်းမိသည်။ နှစ်ယောက်လုံး နည်းနည်းသောက်ရင်တောင် ခေါင်းကိုက်တတ်ကြတာ ... ခုဆို ခေါင်းကိုက်နေပြီလားမသိ။ စိတ်ကောက်နေရင်းက စိတ်ပူနေမိသည့် ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ချင်လာသည်။ သို့သော်လည်း မေးချင်သည်၊ ဂရုစိုက်ပေးချင်သည်။

"ခေါင်းကိုက်နေလား"

ဇေယျာ့အတွက်တော့ မထင်မှတ်ထားသည့် မေးခွန်းပင်။ မျက်လုံးတွင်လည်း စိတ်ပူနေသည့် အရိပ်အယောင်များ သူ တွေ့နေရသည်။

"အင်း နည်းနည်း"

သူ့အဖြေကြောင့် ခန့်ခန့် ပေါင်ပေါ်တင်ထားသည့် Mac ကို ပိတ်လိုက်ပြီး ဘေးက စားပွဲအသေးလေးပေါ်သို့ တင်လိုက်၏။ ပြီးမှ ဇေယျာ အရှေ့သို့လှည့်ထိုင်ကာ နားထင်စပ်လေးအား လက်ချောင်းသေးသေးတို့ဖြင့် နှိပ်ပေးတော့သည်။

သည်ကလေး စိတ်ဆိုးနေတာသေချာသော်လည်း မပြောမဆိုနှင့် နှိပ်ပေးလာတာမို့ သူအနည်းငယ် ကြောင်သွား၏။ ရှေ့တည့်တည့်မှ ထိုင်နှိပ်ပေးနေသော်လည်း သူ့က်လုံးတို့ကို တမင်ရှောင်ပြီး နှိပ်ပေးနေသည်။ ဘယ်လောက်အသည်းယားစရာ ကောင်းလိုက်သလဲ။ သူ့အား ချစ်လျက်၊ စိတ်ပူပါလျက်နှင့် ကောက်နေသည့်ကလေး။ သူ မနေနိုင်စွာ မျက်လုံးချင်းဆုံအောင် လိုက်ကြည့်ကာ စနေမိတော့သည်။

"ခင်ဗျားကြီးနော်"

အကောင်းနှိပ်ပေးနေသည်ကို လိုက်စနေတာမို့ ခန့်ခန့် စိတ်တိုတိုနဲ့ အော်လိုက်ပြီး ဆက်မနှိပ်ပေးချင်တော့။ ဒါမို့ဘေးဖက်သို့ ပြန်ရွှေ့ထိုင်ရန် ပြင်လိုက်စဉ် အနောက်မှ ဆွဲပွေ့ခြင်းကို ခံလိုက်ရသည်။

"ဒီလိုပြေးလို့ရမလား ကိုယ့်ကလေးရဲ့"

"အား လွှတ်နော်၊ ကိုက်လိုက်မှာ"

"ကိုက်ပေါ့၊ ကိုယ်ကနမ်းမှာ"

အမြင်ကတ်လာတာမို့ ခန့်ခန့် ဖက်ထားသည့် လက်မောင်းတစ်ဖက်အား အသည်းတယားယားနှင့် ကိုက်ခဲလိုက်၏။ အချိန်ကြာကြာခဲထားသည်အထိ လူကြီးက မရုန်းတာမို့ ခန့်ခန့် ဆက်မကိုက်ထားရက်ဘဲ ပြန်ဖယ်ပေးလိုက်သည်။ ကြွက်သားအပြည့်နှင့် လက်မောင်းပေါ်ရှိ သွားရာအကွင်းလေးကို ပြန်ကြည့်လိုက်ရ၍ ခန့်ခန့် ကျေနပ်ပြီး တချက်လှစ်ခနဲ ပြုံးလိုက်သည်။ စိတ်ဆိုးနေသည့်အချိန်တိုင်း ဒီလိုအားရပါးရကိုက်လိုက်ရမှ ခန့်ခန့် ကျေနပ်တာကို ဇေယျာသိတာမို့ ငြိမ်ခံနေပေးလိုက်ခြင်းပင်။

"ကဲ ကိုက်လို့အားရပြီဟုတ်"

ပြောပြီးပြီးချင်း ခန့်ခန့်ကိုယ်လေးအား ဆွေ့ခနဲပွေ့ပြီး ပေါင်ပေါ်တွင် ရင်ခွင်ပိုက်ကလေးသဖွယ် ထွေးပွေ့ထားလိုက်သည်။ အနည်းငယ်ထိတ်လန့်သွားသည့်ကလေးကို အကြင်နာအကြည့်တို့ဖြင့် ရွှန်းရွှန်းဝေအောင် ကြည့်ရင်း၊

"ကလေးကကိုက်ပေမယ့် ကိုယ်ကတော့နမ်းပဲနမ်းမှာ"

ပြောပြီးပြီးချင်း ခန့်ခန့် နှုတ်ခမ်းလေးအား အပေါ်အောက်ဆွဲယူကာ အနမ်းပန်းတို့ ဆွတ်ခြွေတော့သည်။ အနည်းငယ် အရိုင်းဆန်နေသော်ငြား ခန့်ခန့် မရုန်းထွက်မိ၊ မတွန်းကန်မိ၊ နှစ်သက်သာနေမိသည်။

တစ်စတစ်စနှင့် အနမ်းတို့က ပိုပိုပြင်းထန်လာပြီး ခန့်ခန့်လည်း လက်နှစ်ဖက်ကို လည်တိုင်တွင်ယှက်လျက်  အနမ်းကြမ်းတို့ကို တုန့်ပြန်နေမိ၏။ နှုတ်ခမ်းနှစ်လွှာ၏ ထိတွေ့မှုသာမက ဇေယျာ၏ ညင်သာသော အကိုင်အတွယ်တို့ကြောင့် ခန့်ခန့် ကြက်ဆူးများထပြီး အသွေးအသားတို့ပင် လှိုက်ခုန်လာတော့သည်။

အရက်အရှိန်နှင့် ရီဝေဝေရစ်မူးနေသည့် ဇေယျာမှာလည်း လွတ်ထွက်ချင်နေသည့် အသိစိတ်တို့ကို မနည်းစုစည်းနေရ၏။ အဆင်သင့်ဖြစ်အောင် စောင့်ပါမယ်လို့ သူကိုယ်တိုင်ပေးခဲ့သောကတိက ဒီထက်ရှေ့ဆက်မတိုးမိစေရန် အတွင်တွင် သတိပေးနေသည်။ နောက်ဆုံးတော့ ဇေယျာ စိတ်အာရုံတို့ကို ပြန်စုစည်းကာ နှုတ်ခမ်းတစ်စုံကို အသာလွှတ်ချပေးလိုက်ရသည်။ ထို့နောက် ခပ်ယဲ့ယဲ့ အပြုံးတစ်ပွင့်နှင့်သာ စကားဆိုလိုက်၏။

"အိပ်တော့နော် ကလေး"

ရင်ခွင်ထဲမှ ခေါင်းအုံးပေါ်သို့ အသာအယာချပေးတော့ နားမလည်သည့်ဟန်ဖြင့် ကြည့်နေသောကလေး၏ မျက်ဝန်းတစ်စုံကို ခေတ္တမျှတော့ မြင်လိုက်ရသည်။ ထို့နောက် သူစောင်ပါးကို ကိုယ်ပေါ်လွှားခြုံပေးကာ နဖူးတွင် အနမ်းတစ်ချက်ပေးပြီး Toilet အမြန်ဝင်ရန် အိပ်ယာပေါ်မှ ဆင်းလာခဲ့သည်။

ခန့်ခန့် စိတ်ထဲတွင်တော့ ခံစားချက်မျိုးစုံနှင့် အတွေးပင်လယ်ဝေရပြန်၏။ အဆင်သင့်ဖြစ်ပြီလို့ ပြောရမှာကို ရှက်နေသည့်မိမိကိုယ်ကိုလည်း စိတ်တိုသလို ညတိုင်းသည်လိုနှင့်သာ အဆုံးသတ်သွားသည်။ ရှက်နေသူကို တဖြည်းဖြည်းကျင့်သားရအောင် မစမ်းသပ်ပေးဘဲ လူရိုးကြီးလုပ်ကာ ရှေ့ဆက်မတိုးတော့သည့် လူကြီးကိုလည်း အားမလို၊ အားမရဖြစ်မိသည်။ တကယ်ပဲ သူ့ဆီကသာယာမှုကို မလိုချင်တော့တာလားဟူသည့် အတွေးကပါ လူကို ရူးသွားစေနိုင်၏။

"ကလေး မအိပ်သေးဘူးလား"

ဇေယျာပြန်လာသည်ထိ ခန့်ခန့်မှာ လဲလျောင်းမနေဘဲ ငုတ်တုပ်ထိုင်လျက် အတွေးများနေသေးသည်။ တစ်ညနေလုံး တွေးထားသည့်ကိစ္စကို ထုတ်မေးသင့်၊ မမေးသင့် ချင့်ချိန်နေရသည်မှာလည်း ခေါင်းပေါက်ထွက်မတတ်။

"ဘာဖြစ်လို့လဲ ကလေး"

ခန့်ခန့်မှာ မဖြေသေးဘဲ လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ထောင်ထားသည့် ဒူးပေါ်တင်ကာ ငူငူကြီးထိုင်နေသည်။ ခန္ဓာကိုယ်က မလှုပ်သော်လည်း မျက်လုံးများက တဖျတ်ဖျတ်ခတ်နေတာမို့ တစ်ခုခုကို စိတ်လှုပ်ရှားနေမှန်း သိသာသည်။

"ဟိုဟာ..."

"အင်း ဘယ်ဟာလဲ"

"ဟို..."

"အင်း"

"ခင်ဗျားကြီး အသစ်တွေ့နေတာမလား"

ဇေယျာ မျက်လုံးပြူးသွားသည်။ သည်ကလေး ဘာစိတ်ကူးပေါက်ပြီး ဒီလိုမေးနေပါလိမ့်။ ခုနကိစ္စ ခုထိစိတ်ဆိုးမပြေသေးတာလားမသိ။

"တွေ့စရာလားကွ၊ ကိုယ့်မှာ ကလေးကိုတောင် ချစ်လို့မဝနိုင်တာကို"

"အဲဒါဆို ဘာလို့ရှေ့ဆက်မတိုးတာလဲ"

ရုတ်တရက် ဇေယျာ နားမလည်၊ ကလေးကို သေချာကြည့်ကာ ပြန်မေးရသည်။

"ဟင် ဘာကိုလဲ"

ခန့်ခန့် စိတ်မရှည်တော့၊ အကုန်လုံးကို ထုတ်ပြောလိုက်ချင်တော့သည်။ သည်လောက်စိတ်ပါပါ ပြန်နမ်းနေတာတောင် တန်းလန်းကြီး ထားပစ်ခဲ့သေးသည်။ အရိပ်ပြလည်း အကောင်မမြင်။ သည်လောက် ရိုးအ,တဲ့လူကြီးလား။

"ခုနကလေ။ နမ်းပြီး ဘာလို့ရှေ့ဆက်မတိုးတာလဲ၊ အသစ်တွေ့နေလို့မလား။ အဲဒါမို့ ကျွန်တော့်ဆီက သာယာမှုရဖို့ မကြိုးစားတော့တာမလား"

မြတ်စွာဘုရား။

ဘုရားတမိသည်ထိအောင် ဇေယျာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ကလေးကလည်း သူ့လိုဆန္ဒရှိနေခဲ့သည်ကို လုံးဝမရိပ်မိခဲ့။ စိတ်ပူပြီးသာ ကတိအတိုင်း ရှောင်ဖယ်နေခဲ့သည်ချည်းပင်။ ခုတော့...၊

"အဲဒါဆို ကလေး အဆင်သင့်ဖြစ်နေပြီပေါ့ ဟုတ်လား။ ကိုယ်က ပေးထားတဲ့ကတိကိုတည်အောင် မနည်းစောင့်ထိန်းနေရတာ၊ ဘယ်အသစ်မှမရှိဘူး ကလေးရ"

မိမိမေးဖျားအားကိုင်ကာ ဝမ်းသာအားရပြောနေသည့် လူကြီးပုံစံကိုမြင်မှ ခန့်ခန့် စိတ်ချနိုင်တော့သည်။ တကယ်ကို အ,တဲ့လူကြီး။ သူလည်း ထိုအရာကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပါပြီ။

နာကျင်မှုလား၊ သာယာမှုလား ဒါတော့ သူ မသိနိုင်သေး။

"ကိုယ်မေးတာဖြေဦးလေ၊ အဆင်သင့်ဖြစ်နေပြီလားလို့"

ခန့်ခန့် ရှက်ပြုံး,ပြုံးလျက် ခေါင်းတစ်ချက်သာ ငြိမ့်ပြလိုက်မိသည်။ သည်လူကြီးကိုလည်း စိတ်ချမ်းသာစေချင်သလို အိမ်ထောင်ရေးသုခဆိုတာကိုလည်း ခံစားဖူးချင်တာမို့။

"ဟာ ... ကိုယ်ပျော်လိုက်တာကွာ"

"ဘာလုပ်တာလဲ ဖယ်"

ရုတ်တရက် အပေါ်ကအုပ်မိုးလာသည့် လူကြီးခန္ဓာကိုယ်အား သူ ပြန်ရုန်းကန်မိသည်။

"မဖယ်ဘူး၊ အဆင်သင့်ဖြစ်ပြီဆို"

"အဲလို အရမ်းမကြမ်းနဲ့လေ"

"အင်းပါ၊ ညင်ညင်သာသာပါပဲ"

"လူကြီးနော်၊ အဲလို စိုင်းအောင်တင့်အပြုံးကြီး မပြုံးနဲ့"

"ပြုံးမှာပဲ ... ဒီညကကိုယ့်ည"

"လွှတ် ... လွှတ် ... လွှတ်လို့"

"ငြိမ်ငြိမ်နေတော့ ... ကလေး"

"အား"

လက်ထပ်ပြီး တစ်လအကြာမှသာ သူတို့မင်္ဂလာဦးညက အသက်ဝင်ခဲ့တော့သည့်အဖြစ်။ တိတ်ဆိတ်သောညအမှောင်တွင် တဒိတ်ဒိတ်ခုန်နေသော ရင်ခုန်သံတို့နှင့်အပြိုင် မိုးစက်တို့မှာလည်း စည်းချက်ညီစွာ တဖြောက်ဖြောက်ကျလျက်။

26/11/2020
•••••••••••••••••••••••••••••••••••••••••••

<Zawgyi>

ေနဝင္ခ်ိန္ဆိုေသာ္ျငား ခဲေရာင္ျခယ္ေနသည့္တိမ္တိုက္မ်ားကသာ ေကာင္းကင္တြင္‌ ေနရာယူထားသည္။ ဒါမို႔ ေနေရာင္ကို ေကာင္းမြန္စြာ မရနိုင္ေတာ့။ မိုးကာလလည္းျဖစ္သည့္အေလ်ာက္ ညေနဆိုလၽွင္ အခ်ိန္မွန္စြာ မိုးတဖြဲဖြဲ က်ေနတတ္သည္။

ထုံးစံအတိုင္း ထီးမေဆာင္တတ္သည့္ခန႔္ခန႔္မွာ ၿခံတံခါး အဖြင့္၊ အပိတ္နဲ႔ပင္ မိုးေရတို႔ စိုစြတ္ကုန္ေတာ့၏။ ကားပါကင္ထိုးသည့္ေနရာက အိမ္၏ေဘးဖက္တြင္ အလ်ားလိုက္ပုံစံရွိတာမို႔ ကား၂စီး ေရွ႕ဆင့္္ေနာက္ဆင့္ ထိုးရသည္။ ညေနတိုင္း ေဇယ်ာက Gym သြားေဆာ့သည္မို႔ ခန႔္ခန႔္ကသာ ေစာေရာက္တတ္ၿပီး အေရွ႕က ထိုးရစျမဲပင္။

မိုးစိုသြားသည္မို႔ ခန႔္ခန့္္တစ္ေယာက္ ေရအျမန္ခ်ိဳးကာ ညေနစာျပင္ရန္ ေအာက္ထပ္သို႔ ဆင္းလာခဲ့သည္။ ညေနစာျပင္ရသည္ဆိုေသာ္လည္း အခက္ႀကီးေတာ့မဟုတ္။ ဆန္၂လုံးကို ေရစင္ေအာင္ေဆးၿပီး ထမင္းေပါင္းအိုးေလး ခ်ိတ္႐ုံပင္။ ၿပီးမွသာ ႀကီးႀကီး ခ်က္ေပးသြားသည့္ ဟင္းတို႔ကို ေႏြးသင့္တန္ေႏြး၊ ေၾကာ္သင့္တန္ေၾကာ္ရ၏။

တီ ... တီ... ။

ၿခံေရွ႕တြင္ ကားသံၾကားသည္မို႔ ေႏႊးေနသည့္ဟင္းအိုးကို သူ လက္စသတ္ကာ တံခါးသြားဖြင့္ရန္ ျပင္လိုက္သည္။ ကားဟြန္းသံအရ လူႀကီးကားေတာ့မျဖစ္နိုင္၊ ညေန အိမ္ဖက္လွည့္ဝင္ခဲ့မည္ဆိုသည့္ ခန႔္ကိုသာ ျဖစ္လိမ့္မည္။

"မိုးကလည္း ရြာလိုက္တာကြာ၊ စိမ့္ေနတာပဲ"

ရွပ္လက္ရွည္အပါးတစ္ထည္သာ ဝတ္ထားၿပီး ခ်မ္းေနသေယာင္ရွိသည့္ ခန႔္ကိုက အိမ္ထဲဝင္ဝင္ခ်င္း ညည္းေတာ့သည္။

"အကၤ်ီလဲမလား"

"ေတာ္ပါၿပီကြာ၊ ခဏပဲဟာ။ ဒါနဲ႔ မွာထားတဲ့ပင္လယ္စာေတြက မင္းဆီမွာလား၊ အန္တီဆီမွာလား"

ခန႔္ကိုအေမႏွင့္ ေဒၚမိမိနိုင္တို႔မွာ ငပလီဖက္က ငါး၊ ပုဇြန္ လတ္လတ္ဆတ္ဆတ္ေတြရတိုင္း ေပါင္းမွာတတ္ၾကသည္ပင္။ ခန့္ကိုကေတာ့ သယ္ယူပို႔ေဆာင္ရသူ တစ္ဦးသာ။

"အေနာက္မွာ ေရခဲပုံးျမင္တယ္၊ ေန႔လယ္က ႀကီးႀကီး ထားသြားတာေနမွာ"

ခန့္ခန့္ေျပာရင္း ကန္စြန္းရြက္ဆက္ေၾကာ္ရန္ မီးဖိုခန္းဖက္သို႔ ေလၽွာက္လာခဲ့သည္။ ခန႔္ကိုလည္း ေရခဲပုံးသယ္ရန္ အေနာက္မွ လိုက္ဝင္လာ၏။

"မင္းဘာလုပ္ေနတာလဲ။ ဟာ ... အိမ္ေထာင္ရွင္ႀကီးက ဟင္းခ်က္ေနတာလား။ မင္း ခ်က္တတ္လို႔လား"

ေရခဲေသတၱာထဲမွ သူ ကန္စြန္းရြက္မ်ား ထုတ္ေနသည္ကိုျမင္၍ စပ္စပ္စုစု ေမးေတာ့၏။

"ဟင္းႀကီးေတြ မခ်က္တတ္ေသးလည္း ကန္စြန္းရြက္ေလာက္ေတာ့ ေၾကာ္တတ္တယ္။ မင္း အထင္ေသးမယ္မႀကံနဲ႔"

"အထင္မေသးပါဘူး။ ျမင္လား၊ မိန္းမမယူဘဲ ေယာက်္ားယူေတာ့ အခုလို ဟင္းေတြပါခ်က္ေနရၿပီ အဟက္"

ခန့္ကို၏ခနဲ႔သံက အျမင္ကတ္စရာ ေကာင္းလြန္းသည္။ တစ္ခုမဟုတ္တစ္ခုကို အနိုင္ပိုင္းေျပာေနရမွ။ သို႔ေသာ္ သူကိုယ္တိုင္လည္း ထူးမျခားနား။ ျပန္အနိုင္ပိုင္းေျပာရန္ စကားလုံးတို႔ အျမန္စဥ္းစားရသည္။

"ဒါေပမဲ့ ငါကမင္းလို မဟုတ္ဘူး။ အေခ်ာ့ခံ၊ အခ်စ္ခံလူတန္းစားကြ"

"ဟားဟား၊ ဘာလဲ။ ညညက် ေခ်ာ့ၿပီးအခ်စ္ခံရတဲ့ လူတန္းစားလား။ ငါမေျပာခ်င္ဘူးေနာ္ ဟင္းဟင္း"

သည္ေကာင္ နာေအာင္ျပန္ေျပာကာမွ ခန့္ခန့္ ထပ္အရယ္ခံရျပန္သည္။

"မင္းေျပာခ်င္လည္း ဘာမွေျပာမရပါဘူး။ ငါက အခုထိ လူပ်ိဳစစ္စစ္ပဲရွိတုန္း ... ဟဟ"

သည္တစ္ခါေတာ့ ခန့္ကို ထပ္မရယ္နိုင္ေတာ့ဘဲ ပါးစပ္အေဟာင္းသားျဖင့္သာ။ ဟုတ္ေတာ့လည္းဟုတ္သည္။ အိမ္ေထာင္က်ၿပီးသားသူက လူပ်ိဳစစ္ေၾကာင္း ႂကြားေနတာေတာ့ သိပ္သဘာဝမက်လွ။ ဒါေပသိ ခန့္ခန့္၏ 'အဆင္သင့္မျဖစ္ေသးလို႔' ဆိုသည့္စကားေၾကာင့္ လူႀကီးက နမ္းသည္ထက္ပို၍ ဘာမွစည္းမေက်ာ္ျဖစ္ခဲ့။ သူလည္း ဘယ္လိုစကားစရမယ္မွန္းကို မသိေတာ့ေခ်။

"ဟုတ္လို႔လား၊ လိမ္မေနနဲ႔။ မင္းတို႔ မဂၤလာေဆာင္ၿပီးတာပဲ တစ္လေက်ာ္ေနၿပီကို"

"မယုံလည္းေန။ လူႀကီးက ငါအဆင္သင့္မျဖစ္ေသးရင္ ေစာင့္ေပးမယ္တဲ့"

ခန့္ခန့္ သင္ထားသည့္ ကန္စြန္းရြက္မ်ားအား ေရေဆးရင္း ခပ္ေအးေအးေျပာလိုက္သည္။ ခန့္ကိုကေတာ့ စားပြဲဝိုင္းေဘးက ခုံတြင္ဝင္ထိုင္လ်က္၊

"မင္းတို႔ဟာ အဲလိုႀကီးေတာ့ မေကာင္းဘူးေနာ္။ ကိုေဇယ်ာ မင္းကိုဘယ္ေလာက္ပဲခ်စ္တယ္ဆိုဆို သူ႔မွာလည္း အလိုရမၼက္ေတာ့ရွိမွာပဲကြ၊ မင္းလည္းေယာက်္ားပဲ ဒါေတြသိမွာပါ။ ဒီတိုင္းၾကာလာရင္ သာယာတဲ့သူမ်ားဆီ ပါသြားဦးမယ္"

ခန့္ကိုေျပာမွ ကန္စြန္းရြက္မ်ားကို ေရစင္ေအာင္ဆယ္ေနသည့္ ခန့္ခန့္တစ္ေယာက္ ေတြေတြႀကီး ျဖစ္သြားမိသည္။ ထိုစဥ္ ေဘာင္းဘီအိတ္ကပ္ထဲကဖုန္းမွ တုန္ခါလာတာမို႔ အေတြးစတို႔ပ်က္သြားေလသည္။

"အင္း လူႀကီး၊ ျပန္လာေနၿပီလား"

"...."

ခန့္ကိုကေတာ့ စားပြဲေပၚရွိ Danisa ဗူးထဲမွ ကြတ္ကီးတခ်ိဳ႕ ယူစားရင္း ဖုန္းေျပာေနသည့္သူငယ္ခ်င္းအသံကို နားစြင့္ေန၏။

"ရပါတယ္၊ မလိုက္ေတာ့ဘူး။ အလုပ္လုပ္စရာရွိေသးတယ္"

"...."

"အင္း ဒါပဲေနာ္"

ခန့္ခန့္ ဖုန္းခ်ၿပီး ဆယ္ထားသည့္ကန္စြန္းရြက္တို႔ကို ေရခဲေသတၱာထဲျပန္ထည့္ကာ အရွိန္ျပင္းျပင္းျဖင့္ ပိတ္ခ်လိုက္သည္။

"အသာလုပ္ပါဟ၊ ဘာတဲ့လဲ"

ခန့္ခန့္မ်က္ႏွာတြင္ ေဒါသရိပ္ အနည္းငယ္ေတြ႕ေနရသည္မို႔ တိုးလၽွိုးစြာပင္ ေမးရ၏။

"Gym က ဆရာရဲ့ေမြးေန႔မို႔ အကုန္လုံးကို လိုက္ေကၽြးမလို႔တဲ့။ အဲဒါအရမ္းလည္းရင္းႏွီးေနေတာ့ လိုက္မွေကာင္းမွာဆိုၿပီး ပါသြားၿပီ။ ငါက ဟင္းေတြေႏႊးၿပီး ေစာင့္ေနတာကို"

ေျပာရင္း စားပြဲေပၚတင္ထားသည့္ ပုဇြန္ဆီျပန္ခ်က္ကို ေရခဲေသတၱာထဲ ျပန္ထည့္ရျပန္သည္။

"ကိုေဇယ်ာက ဘယ္ Gym သြားတာလဲ။ Royal လား"

"ဟုတ္တယ္"

"မင္း သတိေတာ့ထားေနာ္။ Royal က ဆယ္လီေတြကစ လာေဆာ့ၾကတာ။ Gym ေဆာ့တာကနည္းနည္း အခ်င္းခ်င္းအထာေပးၿပီး အတြဲရွာၾကတာ ခပ္မ်ားမ်ား"

"ေအးပါကြာ"

ခန့္ခန့္လည္း ဆက္မသိခ်င္ေတာ့တာမို႔ စကားစျဖတ္ၿပီး ခန့္ကိုကို ျပန္ခိုင္းလိုက္ရသည္။ တကယ္ဆို သူလည္းစိတ္ခ်ထားသည္ေတာ့ မဟုတ္။ လူႀကီးႏွင့္တူတူပင္ Gym လိုက္ေဆာ့ခဲ့ေသးသည္ပင္။ သို႔ေသာ္ နဂိုကတည္းက ကိုယ္ခံအားမေကာင္းတာမို႔ ေလး၊ ငါးရက္ေဆာ့ၿပီး အေညာင္းမိကာ ဖ်ားေတာ့သည္။ လူႀကီးကလည္း ထိုအခ်ိန္ကတည္းက Gym ဆို လိုက္ခြင့္မေပးေတာ့။

ခဏၾကာေတာ့ ခန႔္ကိုလည္း ျပန္သြားၿပီမို႔ ခန႔္ခန႔္ အေဖာ္မဲ့သြားသည္။ တစ္ေယာက္တည္းလည္း ညေနစာမစားခ်င္ေတာ့တာမို႔ ခုႏွစ္အိမ္ေက်ာ္တြင္ရွိသည့္ ေမေမတို႔ဆီသာ သြားစားရန္ သူ ဆုံးျဖတ္လိုက္သည္။

ေမေမတို႔ႏွင့္ အိမ္ခြဲေနၾကေသာ္လည္း ခန့္ခန့္ မၾကာမၾကာ သြားလည္ျဖစ္သည္။ အခုလက္ဖြဲ႕ထားသည့္ ၿခံဝင္းက်ယ္ကို ဝယ္ရန္မွာ ေမေမတို႔အတြက္ အလြန္တန္ဖိုးႀကီးမည္ဆိုတာကို သူ နားလည္မိသည္။ ဒါေပသိ တစ္ဦးတည္းေသာသားကို အေဝးမလႊတ္နိုင္တာမို႔ အိမ္နီးနီးနားနားမွာပင္ ေမေမတို႔ရေအာင္ ဝယ္ခဲ့ၾကျခင္း။ ဒါမို႔ သူ႔ဖက္ကလည္း မိဘေတြအေပၚ  အေနစိမ္းသြား၍မျဖစ္၊ ပိုသိတတ္ရမည္ပင္။

ပတ္ဝန္းက်င္က တျဖည္းျဖည္း ေမွာင္ရိပ္သန္းလာ၏။ တစ္ညေနလုံးရြာေနသည့္ မိုးကစဲသြားေသာ္လည္း အေအးဓာတ္ေလးေတာ့ က်န္ေနေသးသည္။ သူေလၽွာက္လာေနေသာ ကတၱရာလမ္း၏ ခ်ိဳင့္ခြက္တခ်ိဳ႕တြင္ေတာ့ မိုးေရမ်ား တင္က်န္ေနခဲ့သည္။

ေရွ႕နည္းနည္းဆို ေမေမ့အိမ္ေရာက္ၿပီပင္။ အိမ္ေရာက္ခါနီးမွ ဤလမ္းမေပၚတြင္ရွိခဲ့ဖူးသည့္ အမွတ္တရတခ်ိဳ႕ကို ေတြးမိကာ ႏွုတ္ခမ္းေလးအနည္းငယ္တြန့္ကာ ျပဳံးမိသည္။

သူ႔ကို လူႀကီးက ခ်စ္စကားဆိုခဲ့သည္မွာ သည္လမ္းေပၚတြင္ျဖစ္သည္။ ခပ္ၾကမ္းၾကမ္းအကိုင္အတြယ္တို႔ေၾကာင့္  လက္သီးျပင္းျပင္းတစ္ခ်က္ ထိုးခဲ့မိဖူးသည္ကိုလည္း အမွတ္ရ၏။ အရင္ရည္းစားႏွင့္ အထင္လြဲမိေတာ့ မနက္အေစာႀကီး လာေစာင့္ၿပီး ေခ်ာ့ခဲ့သည္မွာလည္း သည္လမ္းမေပၚပင္။

ေမေမတို႔ၿခံေရွ႕အေရာက္ တံခါးဖြင့္မည္ျပင္ေတာ့ ခ်စ္သူျဖစ္တာ ေျခာက္လျပည့္သည့္ေန႔ကို ျပန္ေျပာင္းအမွတ္ရသြားျပန္၏။ သည္ၿခံတံခါးမွာပင္ ဖိနပ္မစီးနိုင္ဘဲ ထြက္ေတြ႕ခဲ့ၿပီး အဲ့လူႀကီး၏လက္ခုံကိုလည္း မ်က္ရည္ေတြႏွင့္ နမ္းခဲ့ဖူးသည္။ အိမ္အေပၚထပ္အခန္းမွလည္း လွပသည့္ မီးေရာင္စုံပူေပါင္းမ်ားကို ေငးၾကည့္ခဲ့ဖူးသည္။

သည္လိုေတြ ခက္ခက္ခဲခဲ ခ်စ္ခဲ့ရသူမို႔ လူႀကီးႏွင့္ပတ္သက္လၽွင္ အတၱႀကီး၏၊ သဝန္တိုစိတ္မ်ားရ၏၊ ဘယ္နည္းနဲ႔မွလည္း အဆုံးရွုံးမခံနိုင္။ ဒါ့ေၾကာင့္လည္း ခုနက ခန့္ကိုေျပာသြားသည့္အေၾကာင္းကို ေခါင္းထဲကမထုတ္နိုင္ ျဖစ္ေနရသည္။

လူႀကီးက တကယ္ပဲ တျခားစီကေန သာယာမွုကို ရွာသြားေလမလား။ သူ႔ဆီကေရာ ေရွ႕ဆက္တိုးၿပီး ေတာင္းဆိုဖို႔ မေတြးေတာ့ဘူးလား။ သူ ထုတ္ေျပာမွ ျဖစ္ေတာ့မွာလား။ အေမွာင္ထုႏွင့္အတူ အေတြးတို႔က တစ္စတစ္စ နက္လာေတာ့၏။

.......................

အခ်ိန္ကား ည ၁၀နာရီထိုးခါနီးၿပီျဖစ္သည္။

သူ႔အား သုံး၊ ေလးႏွစ္မက သင္ျပေပးခဲ့ဖူးသည့္ Trainer က ဇြတ္ေခၚေတာ့ ေဇယ်ာ ျငင္းမရခဲ့။ အားနာနာႏွင့္သာ လိုက္သြားရသည္။ ဟိုေရာက္မွ ခဏထိုင္ျပန္ရန္ ႀကံရြယ္ေသာ္လည္း အထြက္မခံသည့္အျပင္ အကုန္မေသာက္မေနရဆိုၿပီး အရက္ပါ ဇြတ္ေသာက္ခဲ့ရသည္။

သို႔ေသာ္ အခ်ိန္လည္း ကိုးနာရီေက်ာ္လာတာမို႔ သိပ္အားမနာေနေတာ့ဘဲ မျဖစ္ျဖစ္ေအာင္ ေျပာျပန္ခဲ့ရသည္။ ကေလးကို ညဖက္အိမ္မွာ တစ္ေယာက္တည္းထားရသည္ကို နည္းနည္းမွစိတ္မခ်နိုင္ ျဖစ္ရသည္။ စာပို႔ကာ မိဘေတြဆီ သြားေနရန္ေျပာထားေသာ္လည္း ဘာမွအေၾကာင္းျပန္မလာခဲ့။ စိတ္မ်ားခုေနၿပီလားဟု စိတ္ပူ၍ အျမန္လစ္ထြက္လာခဲ့ရ၏။

အမ်ိဳးအစား မတူသည့္အရက္ႏွစ္မ်ိဳးစပ္ကာ ေပါင္းတိုက္ၾက၍ ႏွစ္ပင္လိမ္ကာ  သူ မူးေနာက္ေနာက္ ျဖစ္ေနသည္။ သို႔ေသာ္ အိမ္ျမန္ျမန္ေရာက္နိုင္ဖို႔အေရး ကားကို အာ႐ုံစိုက္ေမာင္းလာခဲ့ရသည္။ ေဇယ်ာ ၿခံေရွ႕ေရာက္ေသာ္ တံခါးကို အျပင္ကေသာ့ခတ္ထားသည္မို႔ စိတ္နည္းနည္းေအးသြားရတာပင္။ မိဘေတြအိမ္မွာဆိုလၽွင္ေတာ့ အထီးက်န္မေနနိုင္ပါ။ ေဇယ်ာ အိမ္မဝင္ေသးဘဲ ကေလးကို အရင္သြားေခၚရေတာ့၏။

ေနာက္က်မွျပန္လာၿပီး ဟိုအိမ္သည္အိမ္ကူးကာ လာေခၚေတာ့မွ မိဘအိမ္ကေန ငူငူငိုင္ငိုင္ႏွင့္ ျပန္ပါလာတာ ခန့္ခန့္ပါပဲ။ အိမ္ေရာက္လၽွင္ေရာက္ခ်င္း အခန္းသို႔ အတူတက္လာခဲ့ရၿပီး ခန႔္ခန႔္ကို ခဏထားကာ ေဇယ်ာ ေရအျမန္ခ်ိဳးရသည္။ ကားေပၚ၌ပင္ အရက္နံ႔ရထားသည္မို႔ ခန႔္ခန႔္က မၾကည္ခ်င္ေတာ့။ သည္လိုခ်ိန္ ေရမခ်ိဳးဘဲ အနားသြားကပ္လၽွင္ ေသခ်ာေပါက္ အေအာ္ခံရမည္ျဖစ္သည္။

ေရေသခ်ာခ်ိဳးလိုက္၍ အနံ႔အသက္ ေပ်ာက္သြားေသာ္လည္း ေဇယ်ာ သိပ္အမူးမေျပခ်င္။ တရိပ္ရိပ္ႏွင့္မို႔ သတိထားေနရသည္။ သို႔ေသာ္ Mac ကိုေပါင္ေပၚတင္ၿပီး အလုပ္ရွုပ္ခ်င္ေယာင္ေဆာင္ေနသည့္ ကေလးကိုေတာ့ စိတ္ေက်နပ္ေအာင္ ေခ်ာ့ရဦးမည္။

"ကေလး ညစာစားရဲ့လား"

ခန့္ခန့္ ျပန္မေျဖဘဲ မ်က္လုံးကိုသာ လွန္ၾကည့္လာသည္။ ခႏၶာကိုယ္အေနအထားပင္ တစ္ခ်က္မပ်က္။

အိပ္ယာေပၚမွ ေအးခဲသြားနိုင္သည့္ အၾကည့္တစ္ခ်က္ေၾကာင့္ ေဇယ်ာ နည္းနည္းေတာ့လန့္မိ၏။ ဒါမို႔ ဆက္မေျပာေသးဘဲ အိပ္ယာေဘးတစ္ဖက္မွ ဝင္ထိုင္ကာ ေစာင္ပါးေလးကိုျဖန့္ရင္း ကေလးကို တစ္ခ်က္ေစာင္းၾကည့္ရသည္။ ေပါင္ေပၚက Mac ကိုသာ စူးစူးစိုက္စိုက္ၾကည့္ၿပီး သည္းႀကီးမဲႀကီး coding ေရးေနသည့္ကေလး။

ဒါဆို ေသခ်ာေပါက္ စိတ္ဆိုးေနၿပီပင္။ သူ႔လက္ကို မသိမသာဆန့္တန္းၿပီး ကေလးပုခုံးအား မသိမသာ ဖက္လိုက္မိ၏။

"ညစာစားရဲ့လားလို႔ ကိုယ္ေမးေနတယ္ေလ"

ခန့္ခန့္ သူ႔လက္ကို ဆြဲဖယ္ခ်ကာ ေဘးဖက္လွည့္ၾကည္လာသည္။ အနီးကပ္ရွိေနသည္မို႔ ႏွစ္ေယာက္သားမ်က္ႏွာတို႔မွာ သိပ္မကြာေနၾက။

"ပစ္ထားၿပီးမွ စိတ္ပူခ်င္ေယာင္ေဆာင္မေနနဲ႔"

ခန႔္ခန႔္ စိတ္ထဲတြင္ေတာ့ တကယ္ဆို အျပင္မွာစားလၽွင္ေတာင္ ေစာေစာေတာ့ ျပန္လာသင့္သည္ဟု ေတြးေနတာျဖစ္သည္။ အခုေတာ့ ေစာျပန္မလာသည့္အျပင္ အရက္ကပါ ေသာက္လာလိုက္ေသး၏။ ဘယ္ေလာက္မ်ား ေပ်ာ္ပါးလာခဲ့သလဲဆိုသည္ကို ခန့္ခန့္ ေတြးပင္မၾကည့္ခ်င္။ သဝန္တိုရလြန္း၍ ႐ူးသြားနိုင္သည္။ ခန့္ကိုစကားေၾကာင့္ သည္ညေတာ့ ခြင့္ျပဳေပးေတာ့မည္ဟု ေတြးထားသည့္ အေတြးတို႔မွာလည္း ေလထဲသို႔ အေငြ႕ျပန္သြားေတာ့သည္။

"တမင္ပစ္ထားတာ မဟုတ္ရပါဘူး ကေလးရယ္။ တကယ္ျငင္းမရလို႔ ပါသြားရာက ျပန္ဖို႔ထိပါ ၾကာေနေတာ့တာ။ ေသာက္ရတာကလည္း လူတိုင္းေစ့ေသာက္ရတာမို႔ ကိုယ္ေသာက္လာတာပါ။ ပုံမွန္ဆို ေခါင္းကိုက္တတ္လို႔ ကိုယ္မေသာက္တာ ကေလးလည္း သိလ်က္နဲ႔"

အသံေလးတိန္ၿပီး ေဇယ်ာ တည္တည္ၿငိမ္ၿငိမ္ ရွင္းျပေတာ့ ခန့္ခန့္ နည္းနည္းစိတ္ပူသြားသည္။ အနံ႔အရပင္ ေသာက္လာတာမ်ားသည္ကို မွန္းမိသည္။ ႏွစ္ေယာက္လုံး နည္းနည္းေသာက္ရင္ေတာင္ ေခါင္းကိုက္တတ္ၾကတာ ... ခုဆို ေခါင္းကိုက္ေနၿပီလားမသိ။ စိတ္ေကာက္ေနရင္းက စိတ္ပူေနမိသည့္ ကိုယ့္ကိုယ္ကိုသာ အျပစ္တင္ခ်င္လာသည္။ သို႔ေသာ္လည္း ေမးခ်င္သည္၊ ဂ႐ုစိုက္ေပးခ်င္သည္။

"ေခါင္းကိုက္ေနလား"

ေဇယ်ာ့အတြက္ေတာ့ မထင္မွတ္ထားသည့္ ေမးခြန္းပင္။ မ်က္လုံးတြင္လည္း စိတ္ပူေနသည့္ အရိပ္အေယာင္မ်ား သူ ေတြ႕ေနရသည္။

"အင္း နည္းနည္း"

သူ႔အေျဖေၾကာင့္ ခန့္ခန့္ ေပါင္ေပၚတင္ထားသည့္ Mac ကို ပိတ္လိုက္ၿပီး ေဘးက စားပြဲအေသးေလးေပၚသို႔ တင္လိုက္၏။ ၿပီးမွ ေဇယ်ာ အေရွ႕သို႔လွည့္ထိုင္ကာ နားထင္စပ္ေလးအား လက္ေခ်ာင္းေသးေသးတို႔ျဖင့္ ႏွိပ္ေပးေတာ့သည္။

သည္ကေလး စိတ္ဆိုးေနတာေသခ်ာေသာ္လည္း မေျပာမဆိုႏွင့္ ႏွိပ္ေပးလာတာမို႔ သူအနည္းငယ္ ေၾကာင္သြား၏။ ေရွ႕တည့္တည့္မွ ထိုင္ႏွိပ္ေပးေနေသာ္လည္း သူ႔က္လုံးတို႔ကို တမင္ေရွာင္ၿပီး ႏွိပ္ေပးေနသည္။ ဘယ္ေလာက္အသည္းယားစရာ ေကာင္းလိုက္သလဲ။ သူ႔အား ခ်စ္လ်က္၊ စိတ္ပူပါလ်က္ႏွင့္ ေကာက္ေနသည့္ကေလး။ သူ မေနနိုင္စြာ မ်က္လုံးခ်င္းဆုံေအာင္ လိုက္ၾကည့္ကာ စေနမိေတာ့သည္။

"ခင္ဗ်ားႀကီးေနာ္"

အေကာင္းႏွိပ္ေပးေနသည္ကို လိုက္စေနတာမို႔ ခန့္ခန့္ စိတ္တိုတိုနဲ႔ ေအာ္လိုက္ၿပီး ဆက္မႏွိပ္ေပးခ်င္ေတာ့။ ဒါမို႔ေဘးဖက္သို႔ ျပန္ေရႊ႕ထိုင္ရန္ ျပင္လိုက္စဥ္ အေနာက္မွ ဆြဲေပြ႕ျခင္းကို ခံလိုက္ရသည္။

"ဒီလိုေျပးလို႔ရမလား ကိုယ့္ကေလးရဲ့"

"အား လႊတ္ေနာ္၊ ကိုက္လိုက္မွာ"

"ကိုက္ေပါ့၊ ကိုယ္ကနမ္းမွာ"

အျမင္ကတ္လာတာမို႔ ခန့္ခန့္ ဖက္ထားသည့္ လက္ေမာင္းတစ္ဖက္အား အသည္းတယားယားႏွင့္ ကိုက္ခဲလိုက္၏။ အခ်ိန္ၾကာၾကာခဲထားသည္အထိ လူႀကီးက မ႐ုန္းတာမို႔ ခန့္ခန့္ ဆက္မကိုက္ထားရက္ဘဲ ျပန္ဖယ္ေပးလိုက္သည္။ ႂကြက္သားအျပည့္ႏွင့္ လက္ေမာင္းေပၚရွိ သြားရာအကြင္းေလးကို ျပန္ၾကည့္လိုက္ရ၍ ခန့္ခန့္ ေက်နပ္ၿပီး တခ်က္လွစ္ခနဲ ျပဳံးလိုက္သည္။ စိတ္ဆိုးေနသည့္အခ်ိန္တိုင္း ဒီလိုအားရပါးရကိုက္လိုက္ရမွ ခန့္ခန့္ ေက်နပ္တာကို ေဇယ်ာသိတာမို႔ ၿငိမ္ခံေနေပးလိုက္ျခင္းပင္။

"ကဲ ကိုက္လို႔အားရၿပီဟုတ္"

ေျပာၿပီးၿပီးခ်င္း ခန့္ခန့္ကိုယ္ေလးအား ေဆြ႕ခနဲေပြ႕ၿပီး ေပါင္ေပၚတြင္ ရင္ခြင္ပိုက္ကေလးသဖြယ္ ေထြးေပြ႕ထားလိုက္သည္။ အနည္းငယ္ထိတ္လန့္သြားသည့္ကေလးကို အၾကင္နာအၾကည့္တို႔ျဖင့္ ရႊန္းရႊန္းေဝေအာင္ ၾကည့္ရင္း၊

"ကေလးကကိုက္ေပမယ့္ ကိုယ္ကေတာ့နမ္းပဲနမ္းမွာ"

ေျပာၿပီးၿပီးခ်င္း ခန့္ခန့္ ႏွုတ္ခမ္းေလးအား အေပၚေအာက္ဆြဲယူကာ အနမ္းပန္းတို႔ ဆြတ္ေႁခြေတာ့သည္။ အနည္းငယ္ အရိုင္းဆန္ေနေသာ္ျငား ခန့္ခန့္ မ႐ုန္းထြက္မိ၊ မတြန္းကန္မိ၊ ႏွစ္သက္သာေနမိသည္။

တစ္စတစ္စႏွင့္ အနမ္းတို႔က ပိုပိုျပင္းထန္လာၿပီး ခန့္ခန့္လည္း လက္ႏွစ္ဖက္ကို လည္တိုင္တြင္ယွက္လ်က္  အနမ္းၾကမ္းတို႔ကို တုန့္ျပန္ေနမိ၏။ ႏွုတ္ခမ္းႏွစ္လႊာ၏ ထိေတြ႕မွုသာမက ေဇယ်ာ၏ ညင္သာေသာ အကိုင္အတြယ္တို႔ေၾကာင့္ ခန့္ခန့္ ၾကက္ဆူးမ်ားထၿပီး အေသြးအသားတို႔ပင္ လွိုက္ခုန္လာေတာ့သည္။

အရက္အရွိန္ႏွင့္ ရီေဝေဝရစ္မူးေနသည့္ ေဇယ်ာမွာလည္း လြတ္ထြက္ခ်င္ေနသည့္ အသိစိတ္တို႔ကို မနည္းစုစည္းေနရ၏။ အဆင္သင့္ျဖစ္ေအာင္ ေစာင့္ပါမယ္လို႔ သူကိုယ္တိုင္ေပးခဲ့ေသာကတိက ဒီထက္ေရွ႕ဆက္မတိုးမိေစရန္ အတြင္တြင္ သတိေပးေနသည္။ ေနာက္ဆုံးေတာ့ ေဇယ်ာ စိတ္အာ႐ုံတို႔ကို ျပန္စုစည္းကာ ႏွုတ္ခမ္းတစ္စုံကို အသာလႊတ္ခ်ေပးလိုက္ရသည္။ ထို႔ေနာက္ ခပ္ယဲ့ယဲ့ အျပဳံးတစ္ပြင့္ႏွင့္သာ စကားဆိုလိုက္၏။

"အိပ္ေတာ့ေနာ္ ကေလး"

ရင္ခြင္ထဲမွ ေခါင္းအုံးေပၚသို႔ အသာအယာခ်ေပးေတာ့ နားမလည္သည့္ဟန္ျဖင့္ ၾကည့္ေနေသာကေလး၏ မ်က္ဝန္းတစ္စုံကို ေခတၱမၽွေတာ့ ျမင္လိုက္ရသည္။ ထို႔ေနာက္ သူေစာင္ပါးကို ကိုယ္ေပၚလႊားျခဳံေပးကာ နဖူးတြင္ အနမ္းတစ္ခ်က္ေပးၿပီး Toilet အျမန္ဝင္ရန္ အိပ္ယာေပၚမွ ဆင္းလာခဲ့သည္။

ခန့္ခန့္ စိတ္ထဲတြင္ေတာ့ ခံစားခ်က္မ်ိဳးစုံႏွင့္ အေတြးပင္လယ္ေဝရျပန္၏။ အဆင္သင့္ျဖစ္ၿပီလို႔ ေျပာရမွာကို ရွက္ေနသည့္မိမိကိုယ္ကိုလည္း စိတ္တိုသလို ညတိုင္းသည္လိုႏွင့္သာ အဆုံးသတ္သြားသည္။ ရွက္ေနသူကို တျဖည္းျဖည္းက်င့္သားရေအာင္ မစမ္းသပ္ေပးဘဲ လူရိုးႀကီးလုပ္ကာ ေရွ႕ဆက္မတိုးေတာ့သည့္ လူႀကီးကိုလည္း အားမလို၊ အားမရျဖစ္မိသည္။ တကယ္ပဲ သူ႔ဆီကသာယာမွုကို မလိုခ်င္ေတာ့တာလားဟူသည့္ အေတြးကပါ လူကို ႐ူးသြားေစနိုင္၏။

"ကေလး မအိပ္ေသးဘူးလား"

ေဇယ်ာျပန္လာသည္ထိ ခန့္ခန့္မွာ လဲေလ်ာင္းမေနဘဲ ငုတ္တုပ္ထိုင္လ်က္ အေတြးမ်ားေနေသးသည္။ တစ္ညေနလုံး ေတြးထားသည့္ကိစၥကို ထုတ္ေမးသင့္၊ မေမးသင့္ ခ်င့္ခ်ိန္ေနရသည္မွာလည္း ေခါင္းေပါက္ထြက္မတတ္။

"ဘာျဖစ္လို႔လဲ ကေလး"

ခန့္ခန့္မွာ မေျဖေသးဘဲ လက္သီးႏွစ္ဖက္ကို က်စ္က်စ္ပါေအာင္ဆုပ္ၿပီး ေထာင္ထားသည့္ ဒူးေပၚတင္ကာ ငူငူႀကီးထိုင္ေနသည္။ ခႏၶာကိုယ္က မလွုပ္ေသာ္လည္း မ်က္လုံးမ်ားက တဖ်တ္ဖ်တ္ခတ္ေနတာမို႔ တစ္ခုခုကို စိတ္လွုပ္ရွားေနမွန္း သိသာသည္။

"ဟိုဟာ..."

"အင္း ဘယ္ဟာလဲ"

"ဟို..."

"အင္း"

"ခင္ဗ်ားႀကီး အသစ္ေတြ႕ေနတာမလား"

ေဇယ်ာ မ်က္လုံးျပဴးသြားသည္။ သည္ကေလး ဘာစိတ္ကူးေပါက္ၿပီး ဒီလိုေမးေနပါလိမ့္။ ခုနကိစၥ ခုထိစိတ္ဆိုးမေျပေသးတာလားမသိ။

"ေတြ႕စရာလားကြ၊ ကိုယ့္မွာ ကေလးကိုေတာင္ ခ်စ္လို႔မဝနိုင္တာကို"

"အဲဒါဆို ဘာလို႔ေရွ႕ဆက္မတိုးတာလဲ"

႐ုတ္တရက္ ေဇယ်ာ နားမလည္၊ ကေလးကို ေသခ်ာၾကည့္ကာ ျပန္ေမးရသည္။

"ဟင္ ဘာကိုလဲ"

ခန့္ခန့္ စိတ္မရွည္ေတာ့၊ အကုန္လုံးကို ထုတ္ေျပာလိုက္ခ်င္ေတာ့သည္။ သည္ေလာက္စိတ္ပါပါ ျပန္နမ္းေနတာေတာင္ တန္းလန္းႀကီး ထားပစ္ခဲ့ေသးသည္။ အရိပ္ျပလည္း အေကာင္မျမင္။ သည္ေလာက္ ရိုးအ,တဲ့လူႀကီးလား။

"ခုနကေလ။ နမ္းၿပီး ဘာလို႔ေရွ႕ဆက္မတိုးတာလဲ၊ အသစ္ေတြ႕ေနလို႔မလား။ အဲဒါမို႔ ကၽြန္ေတာ့္ဆီက သာယာမွုရဖို႔ မႀကိဳးစားေတာ့တာမလား"

ျမတ္စြာဘုရား။

ဘုရားတမိသည္ထိေအာင္ ေဇယ်ာ ပါးစပ္အေဟာင္းသား ျဖစ္သြားရသည္။ ကေလးကလည္း သူ႔လိုဆႏၵရွိေနခဲ့သည္ကို လုံးဝမရိပ္မိခဲ့။ စိတ္ပူၿပီးသာ ကတိအတိုင္း ေရွာင္ဖယ္ေနခဲ့သည္ခ်ည္းပင္။ ခုေတာ့...၊

"အဲဒါဆို ကေလး အဆင္သင့္ျဖစ္ေနၿပီေပါ့ ဟုတ္လား။ ကိုယ္က ေပးထားတဲ့ကတိကိုတည္ေအာင္ မနည္းေစာင့္ထိန္းေနရတာ၊ ဘယ္အသစ္မွမရွိဘူး ကေလးရ"

မိမိေမးဖ်ားအားကိုင္ကာ ဝမ္းသာအားရေျပာေနသည့္ လူႀကီးပုံစံကိုျမင္မွ ခန့္ခန့္ စိတ္ခ်နိုင္ေတာ့သည္။ တကယ္ကို အ,တဲ့လူႀကီး။ သူလည္း ထိုအရာကို ရင္ဆိုင္ဖို႔ အသင့္ျဖစ္ေနပါၿပီ။

နာက်င္မွုလား၊ သာယာမွုလား ဒါေတာ့ သူ မသိနိုင္ေသး။

"ကိုယ္ေမးတာေျဖဦးေလ၊ အဆင္သင့္ျဖစ္ေနၿပီလားလို႔"

ခန့္ခန့္ ရွက္ျပဳံး,ျပဳံးလ်က္ ေခါင္းတစ္ခ်က္သာ ၿငိမ့္ျပလိုက္မိသည္။ သည္လူႀကီးကိုလည္း စိတ္ခ်မ္းသာေစခ်င္သလို အိမ္ေထာင္ေရးသုခဆိုတာကိုလည္း ခံစားဖူးခ်င္တာမို႔။

"ဟာ ... ကိုယ္ေပ်ာ္လိုက္တာကြာ"

"ဘာလုပ္တာလဲ ဖယ္"

႐ုတ္တရက္ အေပၚကအုပ္မိုးလာသည့္ လူႀကီးခႏၶာကိုယ္အား သူ ျပန္႐ုန္းကန္မိသည္။

"မဖယ္ဘူး၊ အဆင္သင့္ျဖစ္ၿပီဆို"

"အဲလို အရမ္းမၾကမ္းနဲ႔ေလ"

"အင္းပါ၊ ညင္ညင္သာသာပါပဲ"

"လူႀကီးေနာ္၊ အဲလို စိုင္းေအာင္တင့္အျပဳံးႀကီး မျပဳံးနဲ႔"

"ျပဳံးမွာပဲ ... ဒီညကကိုယ့္ည"

"လႊတ္ ... လႊတ္ ... လႊတ္လို႔"

"ၿငိမ္ၿငိမ္ေနေတာ့ ... ကေလး"

"အား"

လက္ထပ္ၿပီး တစ္လအၾကာမွသာ သူတို႔မဂၤလာဦးညက အသက္ဝင္ခဲ့ေတာ့သည့္အျဖစ္။ တိတ္ဆိတ္ေသာညအေမွာင္တြင္ တဒိတ္ဒိတ္ခုန္ေနေသာ ရင္ခုန္သံတို႔ႏွင့္အၿပိဳင္ မိုးစက္တို႔မွာလည္း စည္းခ်က္ညီစြာ တေျဖာက္ေျဖာက္က်လ်က္။

26/11/2020
•••••••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co