Introduction
နှောင်ကြိုး
ရေစက်ရယ်ကြုံ
ဆုံလင့်ကစား
တားဆီးချစ်ခြင်း
ညှဉ်းဖယ်ခွာထွေ
ကွေကွင်းစေတောင်
နှောင်ကြိုးရင်ဝယ်
ဘယ်ပြတ်အံ့နည်း။
- Fi
.
အချစ်ကို ဆေးတစ်ခွက်နှင့် တင်စားညွှန်းဆိုလျှင် ရနိုင်မည်လား။ သည်လိုသာဆို ဇေယျာ့အတွက်တော့ ပျော်ရွှင်စေသည့်ဆေး (Happy pill) လို့သာ ဆိုချင်မိသည်။ အဘယ်ကြောင့်ဆိုသော် အချစ်ရဆုံးသော 'ကလေး' ဆိုတာသာ ရှိမလာခဲ့လျှင် သူ့ဘဝကြီးက ရှင်လျက်နဲ့သေနေသလို ပျော်ရွှင်ခြင်းဆိုတာလည်း ကင်းမဲ့နေမှာမို့လို့ပဲ။
ဟိန်းဇေယျာ
.
~ အချစ်က စကားလုံးနှစ်လုံးသာဆိုပေမဲ့ အဓိပ္ပါယ်များစွာ ပါဝင်နိုင်တယ်မလား။ ခန့်ခန့်အတွက်တော့ ချစ်ခင်မှု၊ လေးစားမှု၊ ယုယကြင်နာမှု၊ ယုံကြည်စိတ်ချရမှု၊ ထိန်းကျောင်းပေးနိုင်မှု စတာတွေနှင့် ပြည့်စုံလွန်းတာက အချစ်ပဲဖြစ်သည်။ ဘဝ၏အခြေအနေ အမျိုးမျိုးမှာသာ 'လူကြီး' က ပါဝင်ပတ်သတ်မှု မရှိတော့လျှင် သူ အသက်ဆက်ရှင်နိုင်ဖို့ဆိုတာလည်း လွယ်ကူမှာမဟုတ်တော့ပါပေ။
စိုင်းမင်းခန့်
.
~ ဘယ်အခြေအနေ၊ ဘယ်အရာကမှ မဖျက်စီးနိုင်သော 'နှောင်ကြိုး' ဆိုတာ ပုံမှန်မဟုတ်သော ချစ်ခြင်းမျိုးမှာတောင် တကယ်တည်ရှိကြောင်း သူတို့နှစ်ဦး သက်သေပြချင်ကြသည်။ နွယ်ပင်တွေလို အဆုံးမရှိ ရစ်နှောင်တတ်သည့် သူတို့ချစ်ခြင်း၊ သံယောဇဉ်ကို အခြေတည်လို့ ချေဖျက်မရသည့် သူတို့ချစ်ခြင်း ... ဒါတွေသည်လျှင်် ဆက်ထုံးပင်မရှိသော 'နှောင်ကြိုး' ကို ခိုင်မြဲစေသည့်အရာတွေပေတည်း။
••••••••••••••••••••••••••••••••••••
ေႏွာင္ႀကိဳး
ေရစက္ရယ္ၾကဳံ
ဆုံလင့္ကစား
တားဆီးခ်စ္ျခင္း
ညႇဥ္းဖယ္ခြာေထြ
ေကြကြင္းေစေတာင္
ေႏွာင္ႀကိဳးရင္ဝယ္
ဘယ္ျပတ္အံ့နည္း။
- Fi
.
အခ်စ္ကို ေဆးတစ္ခြက္ႏွင့္ တင္စားညႊန္းဆိုလၽွင္ ရနိုင္မည္လား။ သည္လိုသာဆို ေဇယ်ာ့အတြက္ေတာ့ ေပ်ာ္ရႊင္ေစသည့္ေဆး (Happy pill) လို႔သာ ဆိုခ်င္မိသည္။ အဘယ္ေၾကာင့္ဆိုေသာ္ အခ်စ္ရဆုံးေသာ 'ကေလး' ဆိုတာသာ ရွိမလာခဲ့လၽွင္ သူ႔ဘဝႀကီးက ရွင္လ်က္နဲ႔ေသေနသလို ေပ်ာ္ရႊင္ျခင္းဆိုတာလည္း ကင္းမဲ့ေနမွာမို႔လို႔ပဲ။
ဟိန္းေဇယ်ာ
.
~ အခ်စ္က စကားလုံးႏွစ္လုံးသာဆိုေပမဲ့ အဓိပၸါယ္မ်ားစြာ ပါဝင္နိုင္တယ္မလား။ ခန့္ခန့္အတြက္ေတာ့ ခ်စ္ခင္မွု၊ ေလးစားမွု၊ ယုယၾကင္နာမွု၊ ယုံၾကည္စိတ္ခ်ရမွု၊ ထိန္းေက်ာင္းေပးနိုင္မွု စတာေတြႏွင့္ ျပည့္စုံလြန္းတာက အခ်စ္ပဲျဖစ္သည္။ ဘဝ၏အေျခအေန အမ်ိဳးမ်ိဳးမွာသာ 'လူႀကီး' က ပါဝင္ပတ္သတ္မွု မရွိေတာ့လၽွင္ သူ အသက္ဆက္ရွင္နိုင္ဖို႔ဆိုတာလည္း လြယ္ကူမွာမဟုတ္ေတာ့ပါေပ။
စိုင္းမင္းခန႔္
.
~ ဘယ္အေျခအေန၊ ဘယ္အရာကမွ မဖ်က္စီးနိုင္ေသာ 'ေႏွာင္ႀကိဳး' ဆိုတာ ပုံမွန္မဟုတ္ေသာ ခ်စ္ျခင္းမ်ိဳးမွာေတာင္ တကယ္တည္ရွိေၾကာင္း သူတို႔ႏွစ္ဦး သက္ေသျပခ်င္ၾကသည္။ ႏြယ္ပင္ေတြလို အဆုံးမရွိ ရစ္ေႏွာင္တတ္သည့္ သူတို႔ခ်စ္ျခင္း၊ သံေယာဇဥ္ကို အေျခတည္လို႔ ေခ်ဖ်က္မရသည့္ သူတို႔ခ်စ္ျခင္း ... ဒါေတြသည္လၽွင္္ ဆက္ထုံးပင္မရွိေသာ 'ေႏွာင္ႀကိဳး' ကို ခိုင္ျမဲေစသည့္အရာေတြေပတည္း။
••••••••••••••••••••••••••••••••••••
Bạn đang đọc truyện trên: Truyen3h.Co