Truyen3h.Co

နှောင်ကြိုး

Part-1

Fi_Lay


<Unicode>

မြောက်လေအသွက်၊ ဆောင်းငွေရက်တွင်
လောင်းဝေတတ်သည့်နှင်းခက်တွေ
ဝေဟင်မှာဟိုသည် ဝဲဂယက်နှင့်
မြေပြင်ဆီ ပွေလီဖျန်းပက်
မှိုင်းမှောင်လို့ထူး ... ။

- Fi

.

.

ပြတင်းဝမှတဆင့် ဖြာကျလာသောနေခြည်နုနုက မကျဉ်းမကျယ်အခန်းလေးအား အနွေးဓာတ်ကောင်းစွာ ကြဲဖြန့်ပေးနေသည်။ တစ်ညတာလုံး လေထုကိုကြီးစိုးခဲ့သော ဆောင်းနှင်းမှုန်တို့မှာ ရောင်ခြည်တန်းတို့၏တစ်စစီဖြိုခွင်းခြင်းကို အလူးအလဲခံနေရချိန်လည်း ဖြစ်၏။ ရန်ကုန်ဆောင်းမို့ အခြားနေရပ်များလို နှင်းဖွေးတွေ သိပ်သိပ်သည်းသည်း ဖွဲမကျတတ်သော်ငြား ဂွင်းစောင်ထဲကိုယ်ဝှက်ကာ ကွေးကောင်းသည်ထိတော့ ချမ်းအေးတာပဲမလား။

အချိန်အားဖြင့် မနက်ရှစ်နာရီထိုးလုလု။ သည်လို နေခြည်နွေးနွေးနှင့် ဆောင်းလေအေးအေးတို့ ကျားကုတ်ကျားခဲ အားပြိုင်နေကြချိန်ကို အခွင့်ကောင်းယူကာ ဇိမ်ခံကောင်းနေသူတစ်ဦးလည်း ပိုးမွေ့ရာထက်တွင် ငြိုးငြိုးငြိမ့်ငြိမ့်ရှိနေခဲ့လေသည်။ သို့သော် မကြာလိုက်၊ သူလည်း သဘာဝ၏နှိုးစက်သံသဲ့သဲ့က လှုပ်နှိုးခြင်းခံလိုက်ရချေ၏။

"ခန့်ခန့်ရေ ... မထသေးဘူးလား၊ ဟဲ့ နောက်ကျနေပြီလေ"

ဒါပေါ့ ... စက်ပစ္စည်းမဟုတ်ပါဘဲ အချိန်မှန်လွန်းသည့် သဘာဝ၏နှိုးစက်သံဆိုတာ ဒါပါပဲပေါ့။ မနက်၃နာရီထိ ရာသီဆောင်းကို အံတုကာ ဂိမ်းဆော့ခဲ့သော ကောင်လေးတစ်ယောက် အိစက်နေသည့်အိပ်ရာထက် ဟိုသည်လူးလာလာလေပြီ။ မိုးလင်းခါနီးမှ အိပ်ပျော်ခဲ့၍ မနက်စောစောထရဖို့ သူ့အတွက် ကြည်လင်ခြင်းလည်းရှိမနေ။

"ခန့်ခန့် ... မင်း ငါးမိနစ်အတွင်းမှ ဆင်းမလာရင် ငါနဲ့တွေ့မယ်"

အောက်ထပ်မှ စူးစူးဝါးဝါး‌အော်ခေါ်နေသောမိခင်ကြောင့် စိုင်းမင်းခန့်တစ်ယောက် စောင်ခြုံထဲမှ ရှူးရှူးရှဲရှဲ ဒေါသတွေထွက်လာသည်။ ကျောင်းပိတ်ရက်လည်း နေဖင်ထိုးအောင်မအိပ်ရ၊ သဘာဝရဲ့နှိုးစက်ကြီးက နေတိုင်းကဲ့သို့ တကျော်ကျော် အော်နှိုးနေပြန်ပါပြီ။ သို့ပေမဲ့ သူဘာတတ်နိုင်ပါမည်နည်း။ ထုံးစံအတိုင်းပဲ ဒယိမ်းဒယိုင်လျှောက်ပြီး ရေချိုးခန်းဝင်ဖို့သာ ရှိတော့၏။ သည်လိုနှင့် ကိုယ်မှာပတ်နေသည့် စောင်ခြုံကြီးကို တစ်လွှာချင်းခွာရင်း နံရံကပ်ထားသည့်မှန်ကို ရုတ်တရက်ကြည့်မိတော့ ...

"ဘုရား၊ ဘုရား"

ဘုရားတမိသည်ထိ သူ့အသွင်သဏ္ဌာန်က စုတ်ချာပြီးပုံပျက်နေတာပင်။ ရှေ့ချနေကျဆံစတွေက ဟိုတစ်ကွဲ၊ သည်တစ်ကွဲနှင့် တချို့ဆံစတွေဆို မိုးထိအောင်ထိုးထောင်နေသည်။ နဂိုဖွေးသည့်မျက်နှာက လူးလွန့်ထားတော့ ရဲရဲစုတ်စုတ်။ ဖူးဖူးဖောင်းဖောင်းကလေး အမြဲရှိသည့် နှုတ်ခမ်းနှင့်ပါးမို့တို့ကတော့ အပျက်မယွင်းရှိနေချေသေးသည်။

"စိုင်းမင်းခန့်!!!"

"ဗျာ ... နိုးပြီလို့ မေမေရ၊ အခုရေချိုးနေပြီ"

ခန့်ခန့် သည်ထက်အချိန်ဆွဲနေ၍ မဖြစ်တော့ချေ။ စောင်ခြုံကိုအမြန်ပုံပြီး ရေချိုးခန်းဆီအပြေးဝင်ရသည်။ ပြီးမှ ပေါ့ပေါ့ပါးပါးဖြစ်မည့် ခဲရောင်ရှပ်လက်ရှည်တစ်ထည်နှင့် ဂျင်းဘောင်းဘီကို ဆွဲဝတ်လိုက်ရတာပင်။ မေမေပြောပုံအရ အတန်းသစ်စတက်ရမည်ဆို‌တော့ လွယ်နေကျကျောပိုးအိတ်ကို ကျောပေါ်အမြန်သိုင်းတင်ပြီး အိမ်အောက်ထပ်ဆီသို့ သုတ်ချေတင်ပြေးရ၏။ အိပ်ရေးမ၀ရသည့်ထဲ အောက်ရောက်ရင်လည်း ထပ်အဆူခံရမှာမို့ ညကမအိပ်မိတာအတွက် နောင်တရချင်သလိုလို။

"မင်းလည်း မနက်၊ မနက်ဆိုအတော်ပင့်ရတယ်နော်။ ပထမဆုံးနေ့မို့ စောစောသွားရပါမယ်ဆို"

"လာပါပြီ မေမေရယ်။ သားကိုဆို ဆူဖို့ချည်းပဲ၊ အခုမှ အစောကြီးရှိပါသေးတယ်"

"ဒီနေ့စနေလေ ကားတွေကကြပ်မှာဟဲ့၊ ခုထိမနက်စာလည်း မစားရသေးနဲ့ ကြိုတင်ပြင်ဆင်မှုကို မရှိဘူး"

ကားကနေ့တိုင်းကြပ်နေတာပဲဟာဟု ပြန်ပြောလိုက်ချင်သော်လည်း မပြောရဲ။ ထုံးစံအတိုင်း အောက်ဆင်းတာနှင့် အဆူခံနေရသည်။ ထမင်းစားခန်းမှာ မနက်စာကိတ်မုန့်လေး သွားသွတ်တာတောင် အလုပ်နှင့်လက်မပြတ်ဘဲ တရစပ်လိုက်ပြောဆိုနိုင်တာ အမေတွေရဲ့ထုံးစံပဲလားကိုမသိပါချေ။

"ဆူညံလို့ပဲ မိမိနိုင်ရယ်၊ ညည်းမလည်း ငါ့မြေးလေးကို ဆူမယ်၊ ငေါက်မယ်ဆိုတာချည်း။ ငါ့မြေးလေးက လိမ္မာရှာပါတယ်"

"ဟုတ်တယ်လေနော့ ဖွားရယ်"

မြေးအသံကြားတာနှင့် အခန်းထဲကထွက်လာသော အဖွားက ရေစိုနေသည့် သူ့ထိုးထိုးထောင်ထောင်ဆံစတွေကို ညီညာအောင်ဖိသပ်ပေးသည်။ သည်ကြားထဲက သမီးဖြစ်သူကို တဆင့်ပြန်ဆူနေတာဖြစ်၏။

"မေမေတို့ အဲ့လိုကြပ်ကြပ်အလိုလိုက်၊ အဲ့ဒါမို့ သူကအခုထိ ကလေးလိုလုပ်ပြီး မရင့်ကျက်နိုင်တာ"

"အိုး ... မရင့်ကျက်ဦးတောင် ငါ့မြေးလေးက ဆေးလိပ်မသောက်၊ အရက်မသောက်နဲ့။ မိန်းကလေးကိစ္စ အရှုပ်အရှင်းလည်းကင်းတဲ့ ကလေးပါဟယ်"

ခန့်ခန့် အဘွားဖြစ်သူကို မျက်စတစ်ချက်ပစ်ပြရင်း အမှတ်ပေးလိုက်သည်။ အမေကြောက်ရပေမဲ့ အဖေနဲ့အဘွားကို သိပ်ပိုင်တာမို့ ကိတ်စားရင်း ကော်ဖီကိုအေးဆေး မျှောချလိုက်နိုင်သေး၏။ အဘွားပြောတာလည်း တကယ်ဟုတ်တာပဲမလား။ သူ့မှာ ဂိမ်းအဆော့လွန်တာကလွဲလို့ ကျန်တာအကုန်ကင်းရှင်းသည်၊ စာလည်းကြိုးစားသည်။ ၁၉နှစ်အရွယ်ကောင်လေးတစ်ယောက်ဖို့ ပျက်စီးဖို့လမ်းစတွေဆိုတာ သင်ပေးစရာမလိုအောင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလျှင်တောင် သူစိတ်မပါတတ်တာမျိုး။

သည်ထဲကမှ ဂိမ်းကိုပဲ စွဲစွဲလမ်းလမ်း ဆော့ဖြစ်သည်။ ကျောင်းစာအရာမှာလည်း လိုအပ်ချက်အနည်းဆုံးဖြစ်အောင် ကြိုးစားနေတာပဲမလား။ ပြီးမှသာ resultကောင်းလေးတွေ အကြောင်းပြပြီး လိုချင်တာတစ်ခုခုရအောင် တောင်းဆိုတတ်တာကတော့ သူဖျက်မရသည့် ဉာဉ်တွေထဲကတစ်ခုပေါ့။

"အား ... ပြီးပြီး၊ မေမေ နောက်နေ့ငချိတ်ပေါင်းစားချင်တယ်နော်။ ဖက်ထုပ်လုပ်မကျွေးတာလည်းကြာပြီ"

"အေးပါဟဲ့ ... အမေဖြစ်သူ ပိတ်ရက်လေးရလည်း ထောင့်စေ့ဦးခိုင်းတတ်တယ်။ ရော့ ... ကားခယူသွား၊ အတန်းကိုမှီအောင်သွားတက်နော်။ သင်တန်းအပ်တဲ့နေ့က မေမေ မိတ်ဆက်ပေးတဲ့ မန်နေဂျာမလေး မှတ်မိတယ်မလား"

"အင်းလေ။ အသားညိုညို၊ ဆံပင်ရှည်ရှည်နဲ့မမ"

ကလေးသူငယ်လည်းမဟုတ် အတန်းလိုက်အပ်ပေးလို့ ရှက်ခဲ့ရသည့်နေ့ကို အခုထိမှတ်မိဆဲပါပဲ။

"အေး အဲ့ဒါ ငါ့တပည့်ပဲ၊ မင်းအတန်းလစ်တာနဲ့ မေမေချက်ချင်းတန်းသိမှာနော် ကြားလား"

ခန့်ခန့် စားသောက်ပြီးစီးလို့ ဖိနပ်လျှိုစီးနေတဲ့နေရာထိလိုက်ကာ မေမေမှာ မှာလို့မဆုံးတော့ပေ။ အဘွားကလည်း သူမသွားမချင်း အနောက်ကပတ်လိုက်ကြည့်နေတာပင်။

"အင်းပါ သားသိပါတယ်၊ အဘွားရေ ... သွားပြီ"

"သိပါတယ်လုပ်မနေနဲ့။ Taxi စီးသွားနော်၊ ဘတ်စ်နဲ့သွားရင် ဘယ်လိုမှအတန်းမှီမှာ မဟုတ်ဘူး"

နေရာတကာ ကလေးလိုသတ်မှတ်နေသည့်မိခင်အား 'ဟုတ်၊ ဟုတ်' ဟုသာ အယုံသွင်းပြောခဲ့သည်။ သို့ပေမဲ့ စိုင်းမင်းခန့်ဆိုတာလည်း ဘတ်စ်စီးရင် နှစ်ရာပဲကုန်မည့်ကိစ္စကို Taxi ဈေးကြီးပေးပြီး စီးသည့်ထုံးစံကိုမှမရှိ။ ကပ်စီးနှဲတာမဟုတ်ပေမဲ့ တစ်ပတ်တစ်ခါပဲရသည့် မုန့်ဖိုးကို ပိုဖြည့်တင်းနိုင်သည်မလား။ တွေးတောရင်း လွယ်အိတ်ကျောပေါ်ပြန်ပစ်တင်ကာ အိမ်ရှေ့လမ်းကလေးဆီ ထွက်လာခဲ့တော့သည်။

...................

ကျပ်ကျပ်တည်းတည်း တိုးရထားသောခုံတွင် ခန့်ခန့်ထိုင်နေရသည်မှာ ကတ်သီးကတ်သတ်။ မှန်ပြတင်းဘေးခုံက ဝဝဖိုင့်ဖိုင့်အန်တီကြီး ထိုင်နေတာမို့ ခန့်ခန့် ပိန်ပိန်ပါးပါးခန္ဓာကိုယ်လည်း သေးသထက်သေးအောင် ပိုကျုံ့နေရသေး၏။ ထိုင်ခုံနေရာရတာကိုက တော်သေးပေမဲ့ ရပ်လိုက်မောင်းလိုက်နှင့် သွားနေသောဘတ်စ်မှာ အချိန်၉နာရီထိုးခါနီးသည်ထိ လိုရာခရီးကို မရောက်နိုင်သေးပေ။ ပထမဆုံး သင်တန်းတက်ရမည့်နေ့မို့ နောက်ကျနေမှာစိုးသည့်စိတ်က အနည်းငယ်ထင့်နေမိတာ အမှန်ပင်။

တတိယနှစ် ကွန်ပျူတာကျောင်းသား ခန့်ခန့်မှာ ပုံမှန််တက်နေကျအတန်းဆိုရင်တော့ 'တီချယ် ဝင်ခွင့်ပြုပါဗျ' ဟုတိုးတိုးပြောရင်း လက်တစ်ချောင်းထောင်လိုက်လျှင် ဝင်လို့ဖြစ်သည်။ အခုကတော့ အပြင်ကျောင်းဖြစ်သည့် Strategy First University (SFU) ကို သူဦးတည်နေရတာမို့ နည်းနည်းရှိန်နေမိ၏။ တက်နေကျကျောင်းလို သူငယ်ချင်းမရှိ၊ ဘယ်ဆရာမှမသိနှင့် သူတော့ခက်ချေဦးမည်။ သို့သော်လည်း မိဘတွေဆန္ဒမို့ သူ ဘာတတ်နိုင်ပါမည်နည်း။

Software ကုမ္ပဏီအသေးလေးထောင်ထားသော ဖခင်ဖြစ်သူက ခန့်ခန့်ကို သူလိုပဲ IT နယ်ပယ်တွင်အလုပ်လုပ်စေချင်၍ ကွန်ပျူတာတက္ကသိုလ်တွင် ကျောင်းတက်စေခဲ့သည်။ ယခုဦးတည်နေရသည့် SFU ကိုတော့ အမေဖြစ်သူက တက်စေခြင်းဖြစ်၏။ စီးပွါးရေးတက္ကသိုလ် စီမံခန့်ခွဲမှုဌာနက ပါမောက္ခ Dr. မိမိနိုင်လို့ မပြောရ၊ သူ့နယ်ပယ်က ပညာရပ်တွေကိုလည်း တစ်စွန်းတစတော့ သင်စေချင်ပုံပင်။ ပိတ်ရက်လေးနှစ်ရက်ရှိတာမို့ အဲသည်အတန်းလည်း မတက်ချင်ပါဘူးငြင်းတော့ အဖေ့ဆီအလုပ်ဝင်လုပ်တဲ့အခါ စီမံခန့်ခွဲမှုလေးအနည်းအကျဉ်းတော့ တက်ရမည်တဲ့လေ။

သည်လိုနှင့် OBM (Own Business Management) အတန်းကို စိတ်မပါ၊ လက်မပါ ဦးတည်နေရသည်။ တွေးနေရင်းတစ်ဖက်မှာလည်း အတန်းနောက်ကျနေပြီမို့ စိုးရိမ်သည့်စိတ်က တရိပ်ရိပ်လှိုက်တက်လာပြန်၏။ Taxiနှင့်ဆို ပိုမြန်နိုင်ပေမဲ့ အခုတော့ ၁၀မိနစ်တိတိပင် နောက်ကျနေလေပြီ။

မှတ်တိုင်အရောက်တွင် ဘတ်စ်ရပ်တာနှင့် ခန့်ခန့်တစ်ယောက် ဖနောင့်နှင့်တင်ပါးတသားတည်းကျအောင် အမောတကော ပြေးရတော့သည်။ အတန်းတက်ရမည့်စင်တာရောက်မှ ဆရာမငယ်လေးတစ်ယောက်ကို OBM သင်တာဘယ်အခန်းလဲ အမြန်မေးရပြန်၏။ သူ့ခမျာလည်း စာသင်ခန်းတောင် ဘယ်နားမှန်းမသိရှာပါချေ။ လက်ညှိုးညွှန်သည့်အတိုင်း အခန်းရှေ့လျှောက်သွားရင်း နဖူးတွင်ဝဲသီနေသော ချွေးစများကို လက်နှင့်သပ်ပစ်လိုက်ရသေး၏။

ကျွီ!

ခန့်ခန့်၏တံခါးဖွင့်သံနှင့်အတူ လှည့်ကြည့်လာကြသော အခန်းတွင်းမှလူတချို့။ မရှိဘူးဆိုတော့ နှစ်ယောက်တွဲထိုင်ခုံတွေနှင့် အပီအပြင်ထိုင်နေကြတာ လူငါးဆယ်အထက်တော့ ရှိလောက်မည်။

"ဆရာ ... ကျွန်တော့်ကို ဝင်ခွင့်ပြုပါခင်ဗျ"

အသားလတ်လတ်၊ ဆံပင်ခပ်ပါးပါးနှင့်ဆရာက အသိအမှတ်ပြုသဖွယ် ခေါင်းတစ်ချက်ညိတ်ပြလိုက်မှ ခန့်ခန့် စိတ်အနည်းငယ်ပေါ့ပါးရ၏။ ရှေ့မှလည်း လူကအပြည့်မို့ နောက်နားကလွတ်သည့်နေရာလေးတွင် ဝင်ထိုင်လိုက်မိတာ ကိုယ်ကလေးခပ်ယို့ယို့။ အခြေအနေကို တစ်ချက်ကြည့်တော့ စင်ပေါ်မှာရပ်နေသော အစ်မတစ်ယောက်က သူ့နာမည်နှင့် သူ့အလုပ်အကိုင်၊ ပြီးနောက် အတန်းကို လာတက်ရသည့်အကြောင်းအရင်းကို ပြောနေသည်။

ဟိုက်! ဒါမိတ်ဆက်နေကြတာမလား။ လူရှေ့သူရှေ့ ထွက်ရတာသိပ်မကြောက်တတ်ပေမဲ့ အခုကသူမသိသည့်သူစိမ်းတွေချည်း။ အခန်းကို ဝေ့ဝဲကြည့်တော့လည်း သူလို ငယ်တာတစ်ယောက်မှမပါ။ အကုန်လုံးလိုလိုက အလုပ်လုပ်နေကြသည့် လူလတ်ပိုင်းအရွယ်တွေ ဖြစ်သည်။ မတက်ချင်ပဲလာတတ်ရတာကို သူ့အလှည့်များရောက်လာရင် ဘာထွက်ပြောရပါမည်နည်း။

" အဟင်း! ကိုယ်ထွက်မလို့"

"ဪ ... ဟုတ်"

ဘေးကလူအသံကြားမှ သတိပြန်ဝင်လာပြီး ကိုယ်လေးယို့ပြီး လမ်းပေးလိုက်ရသည်။ ဒါဆို သည်လူပြီးရင် ခန့်ခန့်အလှည့်ပဲပေါ့။ Whiteboard နှင့်တန်းလျက် ၈လက်မလောက်သာ ရှိမည်ထင်ရသော စင်ပုလေးပေါ်တတ်သွားသည့်ထိုလူက သူကိုယ်သူ စတင်မိတ်ဆက်တော့၏။

"ကျွန်တော်နာမည် ဟိန်းဇေယျာပါ။ ခုလောလောဆယ် Global Star ဆောက်လုပ်ရေးလုပ်ငန်းသုံးကုမ္ပဏီမှာ ဖေဖေကိုကူပြီး လုပ်ကိုင်ပေးနေပါတယ်။ သင်တန်းလာတက်တာလည်း စာတွေ့ပိုင်းပိုသင်ယူချင်လို့ ဆိုပါတော့။ ဟုတ်ကဲ့၊ လိုအပ်တာများရှိရင် ကျွန်တော့်ကို အကူအညီတောင်းနိုင်ပါတယ်"

လက်ခုပ်သံတွေဆုံးအောင်ပင် မစောင့်ဘဲ ခပ်ပြတ်ပြတ်ပြောပြီး ပြန်ဆင်းလာသည့်ထိုလူပါပဲ။ အရပ်ကတော့ ခန့်ခန့်ထက်အတော်ရှည်ပြီး ၆ပေနီးပါးတော့ ရှိလောက်မည်၊ သည်လိုလူဘေးမှာ ထိုင်မိတဲ့ခန့်ခန့်ကတော့ ၅ပေနှင့်၈လက်မကို ဇွတ်ဖြည့်ထားရသူပါ။ အကြည့်စူးစူး၊ မေးရိုးထင်းထင်းနှင့် ထိုလူပြန်ရောက်လာတော့ ခန့်ခန့်လည်း ထရပ်လိုက်သည်။ ဘာပြောရမလဲမသိတဲ့အတူတူ စိတ်ထဲပေါ်ရာပဲပြောပစ်တော့မည် စိတ်ကူး၏။ ခန့်ခန့် လေးလေးပင်ပင်နှင့် ရှေ့ထွက်ပြီး စင်ခုံလေးပေါ်အတက်၊

ဂွက်!!!

"အားလားလား"

မမြင်မကန်းနှင့် ဆရာချွတ်ထားသောဖိနပ်ကို ခလုတ်တိုက်တော့ စင်ပေါ်၌ အနည်းငယ် ဟန်ချက်ပျက်သွားသည်။ မေမေသာမြင်ရင် နမော်နမဲ့နိုင်လိုက်တာဆိုပြီး ငေါက်မှာပဲဟု ချက်ချင်းတွေးမိလိုက်သေး၏။ ခန့်ခန့် ခလုတ်တိုက်သည်ကို အခန််းထဲကသူများသာမက ဆရာကပါ ဟက်ခနဲရယ်လိုက်တော့ ရှက်ရှက်နှင့်ပဲ စနှုတ်ဆက်ဖို့ပြင်ရတော့သည်။

"ကျွန်တော့်နာမည် စိုင်းမင်းခန့်ပါ။ ကွန်ပျူတာတက္ကသိုလ်မှာ 3rd year တက်နေပါတယ်ဗျ"

သုံးခုမှာ နှစ်ခုတော့ပြောပြီးသွားလေပြီ။ နောက်တစ်ခုအတွက် သူကအလုပ်လုပ်နေတဲ့သူမဟုတ်လို့ ဘာဆက်ပြောရမည်နည်း။ စဉ်းစားရင်း အောက်ကလူတွေကို တစ်ချက်ဝေ့ဝဲကြည့်တော့ ငယ်သေးတာပဲဟု တိုးတိုးပြောသူများ၊ ချစ်စရာလေးလို့ပြောနေသံများ ခပ်သဲ့သဲ့ကြားရသေး၏။

"ဟို ဒီကို လာတက်ရတဲ့အကြောင်းအရင်းက .... မေမေ လွှတ် လိုက် လို့ ပါ ဗျ"

"ဟား ဟား"

သူတစ်လုံးချင်းပြောအပြီး ဝါးလုံးကွဲထရယ်သည်မှာ ဘေးကဆရာပင်ဖြစ်သည်။ ပြီးမှ အောက်ကရယ်သံများပါ ကြားရတာဖြစ်၏။ လူတွေကလည်း အခက်သား။ ဟန်လုပ်မပြောဘဲ အမှန်အဟုတ်ပြောတော့ သူ့ကိုလှောင်ရယ်ကြသတဲ့။

"မမနိုင်သားကတော့ လုပ်ချလိုက်ပြီကွာ"

ဟမ်! ဆရာကမေမေ့သားမှန်း သိနေသတဲ့လား။ ခန့်ခန့်အတွက် ဒုက္ခတော့ရောက်လေပြီ၊ စာသင်လျှင်တောင် ဖုန်းခိုးသုံးလို့ မလွယ်လောက်တော့မည့်အဖြစ်။ အတော်ဆိုးသည့်မေမေကတော့ သည်အတန်းလေးတက်တာကို အကုန်ပတ်ပြောထားသလားမသိ။ ခန့်ခန့်တစ်ယောက် စာသင်ရမည့်ပထမဆုံးနေ့မှာတင် နမော်နမဲ့ အလွဲအချော်များနှင့် စိတ်ညစ်ရတော့၏။

(5/9/2020)

•••••••••••••••••••••••••••••••••••••••••••

<Zawgyi>

ေျမာက္ေလအသြက္၊ ေဆာင္းေငြရက္တြင္
ေလာင္းေဝတတ္သည့္ႏွင္းခက္ေတြ
ေဝဟင္မွာဟိုသည္ ဝဲဂယက္ႏွင့္
ေျမျပင္ဆီ ေပြလီဖ်န္းပက္
မွိုင္းေမွာင္လို႔ထူး ... ။

- Fi

.

.

ျပတင္းဝမွတဆင့္ ျဖာက်လာေသာေနျခည္ႏုႏုက မက်ဥ္းမက်ယ္အခန္းေလးအား အေႏြးဓာတ္ေကာင္းစြာ ၾကဲျဖန႔္ေပးေနသည္။ တစ္ညတာလုံး ေလထုကိုႀကီးစိုးခဲ့ေသာ ေဆာင္းႏွင္းမွုန္တို႔မွာ ေရာင္ျခည္တန္းတို႔၏တစ္စစီၿဖိဳခြင္းျခင္းကို အလူးအလဲခံေနရခ်ိန္လည္း ျဖစ္၏။ ရန္ကုန္ေဆာင္းမို႔ အျခားေနရပ္မ်ားလို ႏွင္းေဖြးေတြ သိပ္သိပ္သည္းသည္း ဖြဲမက်တတ္ေသာ္ျငား ဂြင္းေစာင္ထဲကိုယ္ဝွက္ကာ ေကြးေကာင္းသည္ထိေတာ့ ခ်မ္းေအးတာပဲမလား။

အခ်ိန္အားျဖင့္ မနက္ရွစ္နာရီထိုးလုလု။ သည္လို ေနျခည္ေႏြးေႏြးႏွင့္ ေဆာင္းေလေအးေအးတို႔ က်ားကုတ္က်ားခဲ အားၿပိဳင္ေနၾကခ်ိန္ကို အခြင့္ေကာင္းယူကာ ဇိမ္ခံေကာင္းေနသူတစ္ဦးလည္း ပိုးေမြ႕ရာထက္တြင္ ၿငိဳးၿငိဳးၿငိမ့္ၿငိမ့္ရွိေနခဲ့ေလသည္။ သို႔ေသာ္ မၾကာလိုက္၊ သူလည္း သဘာဝ၏ႏွိုးစက္သံသဲ့သဲ့က လွုပ္ႏွိုးျခင္းခံလိုက္ရေခ်၏။

"ခန႔္ခန႔္ေရ ... မထေသးဘူးလား၊ ဟဲ့ ေနာက္က်ေနၿပီေလ"

ဒါေပါ့ ... စက္ပစၥည္းမဟုတ္ပါဘဲ အခ်ိန္မွန္လြန္းသည့္ သဘာဝ၏ႏွိုးစက္သံဆိုတာ ဒါပါပဲေပါ့။ မနက္၃နာရီထိ ရာသီေဆာင္းကို အံတုကာ ဂိမ္းေဆာ့ခဲ့ေသာ ေကာင္ေလးတစ္ေယာက္ အိစက္ေနသည့္အိပ္ရာထက္ ဟိုသည္လူးလာလာေလၿပီ။ မိုးလင္းခါနီးမွ အိပ္ေပ်ာ္ခဲ့၍ မနက္ေစာေစာထရဖို႔ သူ႔အတြက္ ၾကည္လင္ျခင္းလည္းရွိမေန။

"ခန႔္ခန႔္ ... မင္း ငါးမိနစ္အတြင္းမွ ဆင္းမလာရင္ ငါနဲ႔ေတြ႕မယ္"

ေအာက္ထပ္မွ စူးစူးဝါးဝါး‌ေအာ္ေခၚေနေသာမိခင္ေၾကာင့္ စိုင္းမင္းခန႔္တစ္ေယာက္ ေစာင္ျခဳံထဲမွ ရွူးရွူးရွဲရွဲ ေဒါသေတြထြက္လာသည္။ ေက်ာင္းပိတ္ရက္လည္း ေနဖင္ထိုးေအာင္မအိပ္ရ၊ သဘာဝရဲ့ႏွိုးစက္ႀကီးက ေနတိုင္းကဲ့သို႔ တေက်ာ္ေက်ာ္ ေအာ္ႏွိုးေနျပန္ပါၿပီ။ သို႔ေပမဲ့ သူဘာတတ္နိုင္ပါမည္နည္း။ ထုံးစံအတိုင္းပဲ ဒယိမ္းဒယိုင္ေလၽွာက္ၿပီး ေရခ်ိဳးခန္းဝင္ဖို႔သာ ရွိေတာ့၏။ သည္လိုႏွင့္ ကိုယ္မွာပတ္ေနသည့္ ေစာင္ျခဳံႀကီးကို တစ္လႊာခ်င္းခြာရင္း နံရံကပ္ထားသည့္မွန္ကို ႐ုတ္တရက္ၾကည့္မိေတာ့ ...

"ဘုရား၊ ဘုရား"

ဘုရားတမိသည္ထိ သူ႔အသြင္သဏၭာန္က စုတ္ခ်ာၿပီးပုံပ်က္ေနတာပင္။ ေရွ႕ခ်ေနက်ဆံစေတြက ဟိုတစ္ကြဲ၊ သည္တစ္ကြဲႏွင့္ တခ်ိဳ႕ဆံစေတြဆို မိုးထိေအာင္ထိုးေထာင္ေနသည္။ နဂိုေဖြးသည့္မ်က္ႏွာက လူးလြန႔္ထားေတာ့ ရဲရဲစုတ္စုတ္။ ဖူးဖူးေဖာင္းေဖာင္းကေလး အျမဲရွိသည့္ ႏွုတ္ခမ္းႏွင့္ပါးမို႔တို႔ကေတာ့ အပ်က္မယြင္းရွိေနေခ်ေသးသည္။

"စိုင္းမင္းခန႔္!!!"

"ဗ်ာ ... နိုးၿပီလို႔ ေမေမရ၊ အခုေရခ်ိဳးေနၿပီ"

ခန႔္ခန႔္ သည္ထက္အခ်ိန္ဆြဲေန၍ မျဖစ္ေတာ့ေခ်။ ေစာင္ျခဳံကိုအျမန္ပုံၿပီး ေရခ်ိဳးခန္းဆီအေျပးဝင္ရသည္။ ၿပီးမွ ေပါ့ေပါ့ပါးပါးျဖစ္မည့္ ခဲေရာင္ရွပ္လက္ရွည္တစ္ထည္ႏွင့္ ဂ်င္းေဘာင္းဘီကို ဆြဲဝတ္လိုက္ရတာပင္။ ေမေမေျပာပုံအရ အတန္းသစ္စတက္ရမည္ဆို‌ေတာ့ လြယ္ေနက်ေက်ာပိုးအိတ္ကို ေက်ာေပၚအျမန္သိုင္းတင္ၿပီး အိမ္ေအာက္ထပ္ဆီသို႔ သုတ္ေခ်တင္ေျပးရ၏။ အိပ္ေရးမ၀ရသည့္ထဲ ေအာက္ေရာက္ရင္လည္း ထပ္အဆူခံရမွာမို႔ ညကမအိပ္မိတာအတြက္ ေနာင္တရခ်င္သလိုလို။

"မင္းလည္း မနက္၊ မနက္ဆိုအေတာ္ပင့္ရတယ္ေနာ္။ ပထမဆုံးေန႔မို႔ ေစာေစာသြားရပါမယ္ဆို"

"လာပါၿပီ ေမေမရယ္။ သားကိုဆို ဆူဖို႔ခ်ည္းပဲ၊ အခုမွ အေစာႀကီးရွိပါေသးတယ္"

"ဒီေန႔စေနေလ ကားေတြကၾကပ္မွာဟဲ့၊ ခုထိမနက္စာလည္း မစားရေသးနဲ႔ ႀကိဳတင္ျပင္ဆင္မွုကို မရွိဘူး"

ကားကေန႔တိုင္းၾကပ္ေနတာပဲဟာဟု ျပန္ေျပာလိုက္ခ်င္ေသာ္လည္း မေျပာရဲ။ ထုံးစံအတိုင္း ေအာက္ဆင္းတာႏွင့္ အဆူခံေနရသည္။ ထမင္းစားခန္းမွာ မနက္စာကိတ္မုန႔္ေလး သြားသြတ္တာေတာင္ အလုပ္ႏွင့္လက္မျပတ္ဘဲ တရစပ္လိုက္ေျပာဆိုနိုင္တာ အေမေတြရဲ့ထုံးစံပဲလားကိုမသိပါေခ်။

"ဆူညံလို႔ပဲ မိမိနိုင္ရယ္၊ ညည္းမလည္း ငါ့ေျမးေလးကို ဆူမယ္၊ ေငါက္မယ္ဆိုတာခ်ည္း။ ငါ့ေျမးေလးက လိမၼာရွာပါတယ္"

"ဟုတ္တယ္ေလေနာ့ ဖြားရယ္"

ေျမးအသံၾကားတာႏွင့္ အခန္းထဲကထြက္လာေသာ အဖြားက ေရစိုေနသည့္ သူ႔ထိုးထိုးေထာင္ေထာင္ဆံစေတြကို ညီညာေအာင္ဖိသပ္ေပးသည္။ သည္ၾကားထဲက သမီးျဖစ္သူကို တဆင့္ျပန္ဆူေနတာျဖစ္၏။

"ေမေမတို႔ အဲ့လိုၾကပ္ၾကပ္အလိုလိုက္၊ အဲ့ဒါမို႔ သူကအခုထိ ကေလးလိုလုပ္ၿပီး မရင့္က်က္နိုင္တာ"

"အိုး ... မရင့္က်က္ဦးေတာင္ ငါ့ေျမးေလးက ေဆးလိပ္မေသာက္၊ အရက္မေသာက္နဲ႔။ မိန္းကေလးကိစၥ အရွုပ္အရွင္းလည္းကင္းတဲ့ ကေလးပါဟယ္"

ခန႔္ခန႔္ အဘြားျဖစ္သူကို မ်က္စတစ္ခ်က္ပစ္ျပရင္း အမွတ္ေပးလိုက္သည္။ အေမေၾကာက္ရေပမဲ့ အေဖနဲ႔အဘြားကို သိပ္ပိုင္တာမို႔ ကိတ္စားရင္း ေကာ္ဖီကိုေအးေဆး ေမၽွာခ်လိုက္နိုင္ေသး၏။ အဘြားေျပာတာလည္း တကယ္ဟုတ္တာပဲမလား။ သူ႔မွာ ဂိမ္းအေဆာ့လြန္တာကလြဲလို႔ က်န္တာအကုန္ကင္းရွင္းသည္၊ စာလည္းႀကိဳးစားသည္။ ၁၉ႏွစ္အရြယ္ေကာင္ေလးတစ္ေယာက္ဖို႔ ပ်က္စီးဖို႔လမ္းစေတြဆိုတာ သင္ေပးစရာမလိုေအာင္ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္လာလၽွင္ေတာင္ သူစိတ္မပါတတ္တာမ်ိဳး။

သည္ထဲကမွ ဂိမ္းကိုပဲ စြဲစြဲလမ္းလမ္း ေဆာ့ျဖစ္သည္။ ေက်ာင္းစာအရာမွာလည္း လိုအပ္ခ်က္အနည္းဆုံးျဖစ္ေအာင္ ႀကိဳးစားေနတာပဲမလား။ ၿပီးမွသာ resultေကာင္းေလးေတြ အေၾကာင္းျပၿပီး လိုခ်င္တာတစ္ခုခုရေအာင္ ေတာင္းဆိုတတ္တာကေတာ့ သူဖ်က္မရသည့္ ဉာဥ္ေတြထဲကတစ္ခုေပါ့။

"အား ... ၿပီးၿပီး၊ ေမေမ ေနာက္ေန႔ငခ်ိတ္ေပါင္းစားခ်င္တယ္ေနာ္။ ဖက္ထုပ္လုပ္မေကၽြးတာလည္းၾကာၿပီ"

"ေအးပါဟဲ့ ... အေမျဖစ္သူ ပိတ္ရက္ေလးရလည္း ေထာင့္ေစ့ဦးခိုင္းတတ္တယ္။ ေရာ့ ... ကားခယူသြား၊ အတန္းကိုမွီေအာင္သြားတက္ေနာ္။ သင္တန္းအပ္တဲ့ေန႔က ေမေမ မိတ္ဆက္ေပးတဲ့ မန္ေနဂ်ာမေလး မွတ္မိတယ္မလား"

"အင္းေလ။ အသားညိဳညိဳ၊ ဆံပင္ရွည္ရွည္နဲ႔မမ"

ကေလးသူငယ္လည္းမဟုတ္ အတန္းလိုက္အပ္ေပးလို႔ ရွက္ခဲ့ရသည့္ေန႔ကို အခုထိမွတ္မိဆဲပါပဲ။

"ေအး အဲ့ဒါ ငါ့တပည့္ပဲ၊ မင္းအတန္းလစ္တာနဲ႔ ေမေမခ်က္ခ်င္းတန္းသိမွာေနာ္ ၾကားလား"

ခန႔္ခန႔္ စားေသာက္ၿပီးစီးလို႔ ဖိနပ္လၽွိုစီးေနတဲ့ေနရာထိလိုက္ကာ ေမေမမွာ မွာလို႔မဆုံးေတာ့ေပ။ အဘြားကလည္း သူမသြားမခ်င္း အေနာက္ကပတ္လိုက္ၾကည့္ေနတာပင္။

"အင္းပါ သားသိပါတယ္၊ အဘြားေရ ... သြားၿပီ"

"သိပါတယ္လုပ္မေနနဲ႔။ Taxi စီးသြားေနာ္၊ ဘတ္စ္နဲ႔သြားရင္ ဘယ္လိုမွအတန္းမွီမွာ မဟုတ္ဘူး"

ေနရာတကာ ကေလးလိုသတ္မွတ္ေနသည့္မိခင္အား 'ဟုတ္၊ ဟုတ္' ဟုသာ အယုံသြင္းေျပာခဲ့သည္။ သို႔ေပမဲ့ စိုင္းမင္းခန႔္ဆိုတာလည္း ဘတ္စ္စီးရင္ ႏွစ္ရာပဲကုန္မည့္ကိစၥကို Taxi ေဈးႀကီးေပးၿပီး စီးသည့္ထုံးစံကိုမွမရွိ။ ကပ္စီးႏွဲတာမဟုတ္ေပမဲ့ တစ္ပတ္တစ္ခါပဲရသည့္ မုန႔္ဖိုးကို ပိုျဖည့္တင္းနိုင္သည္မလား။ ေတြးေတာရင္း လြယ္အိတ္ေက်ာေပၚျပန္ပစ္တင္ကာ အိမ္ေရွ႕လမ္းကေလးဆီ ထြက္လာခဲ့ေတာ့သည္။

...................

က်ပ္က်ပ္တည္းတည္း တိုးရထားေသာခုံတြင္ ခန႔္ခန႔္ထိုင္ေနရသည္မွာ ကတ္သီးကတ္သတ္။ မွန္ျပတင္းေဘးခုံက ဝဝဖိုင့္ဖိုင့္အန္တီႀကီး ထိုင္ေနတာမို႔ ခန႔္ခန႔္ ပိန္ပိန္ပါးပါးခႏၶာကိုယ္လည္း ေသးသထက္ေသးေအာင္ ပိုက်ဳံ႕ေနရေသး၏။ ထိုင္ခုံေနရာရတာကိုက ေတာ္ေသးေပမဲ့ ရပ္လိုက္ေမာင္းလိုက္ႏွင့္ သြားေနေသာဘတ္စ္မွာ အခ်ိန္၉နာရီထိုးခါနီးသည္ထိ လိုရာခရီးကို မေရာက္နိုင္ေသးေပ။ ပထမဆုံး သင္တန္းတက္ရမည့္ေန႔မို႔ ေနာက္က်ေနမွာစိုးသည့္စိတ္က အနည္းငယ္ထင့္ေနမိတာ အမွန္ပင္။

တတိယႏွစ္ ကြန္ပ်ဴတာေက်ာင္းသား ခန႔္ခန႔္မွာ ပုံမွန္္တက္ေနက်အတန္းဆိုရင္ေတာ့ 'တီခ်ယ္ ဝင္ခြင့္ျပဳပါဗ်' ဟုတိုးတိုးေျပာရင္း လက္တစ္ေခ်ာင္းေထာင္လိုက္လၽွင္ ဝင္လို႔ျဖစ္သည္။ အခုကေတာ့ အျပင္ေက်ာင္းျဖစ္သည့္ Strategy First University (SFU) ကို သူဦးတည္ေနရတာမို႔ နည္းနည္းရွိန္ေနမိ၏။ တက္ေနက်ေက်ာင္းလို သူငယ္ခ်င္းမရွိ၊ ဘယ္ဆရာမွမသိႏွင့္ သူေတာ့ခက္ေခ်ဦးမည္။ သို႔ေသာ္လည္း မိဘေတြဆႏၵမို႔ သူ ဘာတတ္နိုင္ပါမည္နည္း။

Software ကုမၸဏီအေသးေလးေထာင္ထားေသာ ဖခင္ျဖစ္သူက ခန႔္ခန႔္ကို သူလိုပဲ IT နယ္ပယ္တြင္အလုပ္လုပ္ေစခ်င္၍ ကြန္ပ်ဴတာတကၠသိုလ္တြင္ ေက်ာင္းတက္ေစခဲ့သည္။ ယခုဦးတည္ေနရသည့္ SFU ကိုေတာ့ အေမျဖစ္သူက တက္ေစျခင္းျဖစ္၏။ စီးပြါးေရးတကၠသိုလ္ စီမံခန႔္ခြဲမွုဌာနက ပါေမာကၡ Dr. မိမိနိုင္လို႔ မေျပာရ၊ သူ႔နယ္ပယ္က ပညာရပ္ေတြကိုလည္း တစ္စြန္းတစေတာ့ သင္ေစခ်င္ပုံပင္။ ပိတ္ရက္ေလးႏွစ္ရက္ရွိတာမို႔ အဲသည္အတန္းလည္း မတက္ခ်င္ပါဘူးျငင္းေတာ့ အေဖ့ဆီအလုပ္ဝင္လုပ္တဲ့အခါ စီမံခန႔္ခြဲမွုေလးအနည္းအက်ဥ္းေတာ့ တက္ရမည္တဲ့ေလ။

သည္လိုႏွင့္ OBM (Own Business Management) အတန္းကို စိတ္မပါ၊ လက္မပါ ဦးတည္ေနရသည္။ ေတြးေနရင္းတစ္ဖက္မွာလည္း အတန္းေနာက္က်ေနၿပီမို႔ စိုးရိမ္သည့္စိတ္က တရိပ္ရိပ္လွိုက္တက္လာျပန္၏။ Taxiႏွင့္ဆို ပိုျမန္နိုင္ေပမဲ့ အခုေတာ့ ၁၀မိနစ္တိတိပင္ ေနာက္က်ေနေလၿပီ။

မွတ္တိုင္အေရာက္တြင္ ဘတ္စ္ရပ္တာႏွင့္ ခန႔္ခန႔္တစ္ေယာက္ ဖေနာင့္ႏွင့္တင္ပါးတသားတည္းက်ေအာင္ အေမာတေကာ ေျပးရေတာ့သည္။ အတန္းတက္ရမည့္စင္တာေရာက္မွ ဆရာမငယ္ေလးတစ္ေယာက္ကို OBM သင္တာဘယ္အခန္းလဲ အျမန္ေမးရျပန္၏။ သူ႔ခမ်ာလည္း စာသင္ခန္းေတာင္ ဘယ္နားမွန္းမသိရွာပါေခ်။ လက္ညႇိုးညႊန္သည့္အတိုင္း အခန္းေရွ႕ေလၽွာက္သြားရင္း နဖူးတြင္ဝဲသီေနေသာ ေခၽြးစမ်ားကို လက္ႏွင့္သပ္ပစ္လိုက္ရေသး၏။

ကၽြီ!

ခန႔္ခန႔္၏တံခါးဖြင့္သံႏွင့္အတူ လွည့္ၾကည့္လာၾကေသာ အခန္းတြင္းမွလူတခ်ိဳ႕။ မရွိဘူးဆိုေတာ့ ႏွစ္ေယာက္တြဲထိုင္ခုံေတြႏွင့္ အပီအျပင္ထိုင္ေနၾကတာ လူငါးဆယ္အထက္ေတာ့ ရွိေလာက္မည္။

"ဆရာ ... ကၽြန္ေတာ့္ကို ဝင္ခြင့္ျပဳပါခင္ဗ်"

အသားလတ္လတ္၊ ဆံပင္ခပ္ပါးပါးႏွင့္ဆရာက အသိအမွတ္ျပဳသဖြယ္ ေခါင္းတစ္ခ်က္ညိတ္ျပလိုက္မွ ခန႔္ခန႔္ စိတ္အနည္းငယ္ေပါ့ပါးရ၏။ ေရွ႕မွလည္း လူကအျပည့္မို႔ ေနာက္နားကလြတ္သည့္ေနရာေလးတြင္ ဝင္ထိုင္လိုက္မိတာ ကိုယ္ကေလးခပ္ယို႔ယို႔။ အေျခအေနကို တစ္ခ်က္ၾကည့္ေတာ့ စင္ေပၚမွာရပ္ေနေသာ အစ္မတစ္ေယာက္က သူ႔နာမည္ႏွင့္ သူ႔အလုပ္အကိုင္၊ ၿပီးေနာက္ အတန္းကို လာတက္ရသည့္အေၾကာင္းအရင္းကို ေျပာေနသည္။

ဟိုက္! ဒါမိတ္ဆက္ေနၾကတာမလား။ လူေရွ႕သူေရွ႕ ထြက္ရတာသိပ္မေၾကာက္တတ္ေပမဲ့ အခုကသူမသိသည့္သူစိမ္းေတြခ်ည္း။ အခန္းကို ေဝ့ဝဲၾကည့္ေတာ့လည္း သူလို ငယ္တာတစ္ေယာက္မွမပါ။ အကုန္လုံးလိုလိုက အလုပ္လုပ္ေနၾကသည့္ လူလတ္ပိုင္းအရြယ္ေတြ ျဖစ္သည္။ မတက္ခ်င္ပဲလာတတ္ရတာကို သူ႔အလွည့္မ်ားေရာက္လာရင္ ဘာထြက္ေျပာရပါမည္နည္း။

" အဟင္း! ကိုယ္ထြက္မလို႔"

"ဪ ... ဟုတ္"

ေဘးကလူအသံၾကားမွ သတိျပန္ဝင္လာၿပီး ကိုယ္ေလးယို႔ၿပီး လမ္းေပးလိုက္ရသည္။ ဒါဆို သည္လူၿပီးရင္ ခန႔္ခန႔္အလွည့္ပဲေပါ့။ Whiteboard ႏွင့္တန္းလ်က္ ၈လက္မေလာက္သာ ရွိမည္ထင္ရေသာ စင္ပုေလးေပၚတတ္သြားသည့္ထိုလူက သူကိုယ္သူ စတင္မိတ္ဆက္ေတာ့၏။

"ကၽြန္ေတာ္နာမည္ ဟိန္းေဇယ်ာပါ။ ခုေလာေလာဆယ္ Global Star ေဆာက္လုပ္ေရးလုပ္ငန္းသုံးကုမၸဏီမွာ ေဖေဖကိုကူၿပီး လုပ္ကိုင္ေပးေနပါတယ္။ သင္တန္းလာတက္တာလည္း စာေတြ႕ပိုင္းပိုသင္ယူခ်င္လို႔ ဆိုပါေတာ့။ ဟုတ္ကဲ့၊ လိုအပ္တာမ်ားရွိရင္ ကၽြန္ေတာ့္ကို အကူအညီေတာင္းနိုင္ပါတယ္"

လက္ခုပ္သံေတြဆုံးေအာင္ပင္ မေစာင့္ဘဲ ခပ္ျပတ္ျပတ္ေျပာၿပီး ျပန္ဆင္းလာသည့္ထိုလူပါပဲ။ အရပ္ကေတာ့ ခန့္ခန့္ထက္အေတာ္ရွည္ၿပီး ၆ေပနီးပါးေတာ့ ရွိေလာက္မည္၊ သည္လိုလူေဘးမွာ ထိုင္မိတဲ့ခန႔္ခန႔္ကေတာ့ ၅ေပႏွင့္၈လက္မကို ဇြတ္ျဖည့္ထားရသူပါ။ အၾကည့္စူးစူး၊ ေမးရိုးထင္းထင္းႏွင့္ ထိုလူျပန္ေရာက္လာေတာ့ ခန႔္ခန႔္လည္း ထရပ္လိုက္သည္။ ဘာေျပာရမလဲမသိတဲ့အတူတူ စိတ္ထဲေပၚရာပဲေျပာပစ္ေတာ့မည္ စိတ္ကူး၏။ ခန့္ခန့္ ေလးေလးပင္ပင္ႏွင့္ ေရွ႕ထြက္ၿပီး စင္ခုံေလးေပၚအတက္၊

ဂြက္!!!

"အားလားလား"

မျမင္မကန္းႏွင့္ ဆရာခၽြတ္ထားေသာဖိနပ္ကို ခလုတ္တိုက္ေတာ့ စင္ေပၚ၌ အနည္းငယ္ ဟန္ခ်က္ပ်က္သြားသည္။ ေမေမသာျမင္ရင္ နေမာ္နမဲ့နိုင္လိုက္တာဆိုၿပီး ေငါက္မွာပဲဟု ခ်က္ခ်င္းေတြးမိလိုက္ေသး၏။ ခန႔္ခန႔္ ခလုတ္တိုက္သည္ကို အခန္္းထဲကသူမ်ားသာမက ဆရာကပါ ဟက္ခနဲရယ္လိုက္ေတာ့ ရွက္ရွက္ႏွင့္ပဲ စႏွုတ္ဆက္ဖို႔ျပင္ရေတာ့သည္။

"ကၽြန္ေတာ့္နာမည္ စိုင္းမင္းခန့္ပါ။ ကြန္ပ်ဴတာတကၠသိုလ္မွာ 3rd year တက္ေနပါတယ္ဗ်"

သုံးခုမွာ ႏွစ္ခုေတာ့ေျပာၿပီးသြားေလၿပီ။ ေနာက္တစ္ခုအတြက္ သူကအလုပ္လုပ္ေနတဲ့သူမဟုတ္လို႔ ဘာဆက္ေျပာရမည္နည္း။ စဥ္းစားရင္း ေအာက္ကလူေတြကို တစ္ခ်က္ေဝ့ဝဲၾကည့္ေတာ့ ငယ္ေသးတာပဲဟု တိုးတိုးေျပာသူမ်ား၊ ခ်စ္စရာေလးလို႔ေျပာေနသံမ်ား ခပ္သဲ့သဲ့ၾကားရေသး၏။

"ဟို ဒီကို လာတက္ရတဲ့အေၾကာင္းအရင္းက .... ေမေမ လႊတ္ လိုက္ လို႔ ပါ ဗ်"

"ဟား ဟား"

သူတစ္လုံးခ်င္းေျပာအၿပီး ဝါးလုံးကြဲထရယ္သည္မွာ ေဘးကဆရာပင္ျဖစ္သည္။ ၿပီးမွ ေအာက္ကရယ္သံမ်ားပါ ၾကားရတာျဖစ္၏။ လူေတြကလည္း အခက္သား။ ဟန္လုပ္မေျပာဘဲ အမွန္အဟုတ္ေျပာေတာ့ သူ႔ကိုေလွာင္ရယ္ၾကသတဲ့။

"မမနိုင္သားကေတာ့ လုပ္ခ်လိုက္ၿပီကြာ"

ဟမ္! ဆရာကေမေမ့သားမွန္း သိေနသတဲ့လား။ ခန႔္ခန႔္အတြက္ ဒုကၡေတာ့ေရာက္ေလၿပီ၊ စာသင္လၽွင္ေတာင္ ဖုန္းခိုးသုံးလို႔ မလြယ္ေလာက္ေတာ့မည့္အျဖစ္။ အေတာ္ဆိုးသည့္ေမေမကေတာ့ သည္အတန္းေလးတက္တာကို အကုန္ပတ္ေျပာထားသလားမသိ။ ခန့္ခန့္တစ္ေယာက္ စာသင္ရမည့္ပထမဆုံးေန႔မွာတင္ နေမာ္နမဲ့ အလြဲအေခ်ာ္မ်ားႏွင့္ စိတ္ညစ္ရေတာ့၏။

(5/9/2020)

•••••••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co