Part 1
<Unicode>
စုန်း၊ ကဝေအတတ်တို့နဲ့ ထုံမွှန်းနေသူတွေဆီမှာ မေတ္တာစိတ်ဆိုတာ ရှိနိုင်ပါသလား။
"စုန်းမလေး .. စုန်းမလေး"
ကျောင်းဆောင်ကြီးအနောက်ဖက်မှ ညံနေအောင်ထွက်လာသော မိန်းကလေးတစ်စု၏ လှောင်ပြောင်သံ။
ထိုအသံကြားသည်နှင့် ခပ်မှန်မှန်လျှောက်နေသော ကြေးမုံ၏ခြေလှမ်းတို့ တုန့်ခနဲ ရပ်တန့်သွားသည်။ ဒေါသများထွက်လာသည်မှာ တောင်စောင်းပြို၍ မြေစိုင်များတစ်ဟုန်ထိုးကျလာသည့်နှယ် အထိန်းအကွပ်မရှိ။ အသံလာရာဆီသို့ လှည့်ကြည့်လိုက်သော သူမ၏အကြည့်တို့မှာလည်း ဒေါသမီးလျှံများနှင့် စူးစူးရှရှ။
"ကောင်မတွေ .. နင်တို့ကို ငါ့အမေနဲ့တိုင်မယ်"
ကြေးမုံ လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ အသံကုန်ခြစ်အော်ဟစ်လိုက်သည်။ ကောင်မလေးများလည်း အလျှိုလျှို ထွက်ပြေးကုန်ကြတော့၏။
စိတ်ကြမ်း၊ ကိုယ်ကြမ်းရှိသောသူမမှာ ထိုသို့နှုတ်ကြမ်းသူလည်းဖြစ်သည်။ ကြေးမုံ စိတ်ပေါက်ပေါက်နှင့် အိမ်ရှိရာသို့ ခြေဦးလှည့်ရန်ပြင်ပြီး ရှည်ကျနေသော ထဘီအောက်နားစအား စိတ်မရှည်စွာ ဒူးအထိပင့်ကိုင်လိုက်သေး၏။ ပြီးမှသာ အိမ်အမြန်ပြန်ရောက်စေရန် ခြေလှမ်းကျဲတို့ဖြင့် ခပ်သုတ်သုတ်လျှောက်တော့သည်။
ကျယ်ပြောသော မြေသားလမ်းမှာ ဖုန်ထူထဲနေ၏။ ခုံဖိနပ်စီးထားသော ကြေးမုံ၏ခြေဖမိုးတို့မှာလည်း ဖုန်အလိမ်းလိမ်း ပေကျံလျက်။ ကြေမုံ အိမ်အမြန်ပြန်ရောက်ချင်လှပြီ။ ပြီးလျှင် အမေ့ကို တိုင်ရမည်။ တရှုးရှုး၊ တရှဲရှဲနှင့် ဒေါသထွက်နေသည်မှာ ကြေးမုံ၏ မျက်လုံးအိမ်တွင် မီးတောက်မတတ် အခိုးအငွေ့တွေလည်း ထွက်နေလေသယောင်။ အမှန်စင်စစ် သူ့ကို 'စုန်းမလေး' ခေါ်၍ မကျေနပ်ခြင်းမဟုတ်။ အုပ်စုဖွဲ့ လှောင်ပြောင်ခြင်းကြောင့်သာ ဒေါသဖြစ်ရသည်။ အမေ့ကို သူတိုင်လျှင် ထိုကောင်မတွေ အမေ့လက်ချက်နဲ့ နောက်နေ့ကျောင်းတက်နိုင်မည်မဟုတ်။ လှိမ့်နေအောင်ခံကြရမည်။
မျက်နှာတွင် ဖြာကျနေသော နေအရှိန်အား လက်နှင့်အုပ်ကာရင်း ကြေးမုံ ခပ်ထေ့ထေ့ ပြုံးလိုက်၏။
သစ်ညိုပင်တစ်ရွာလုံးက ကြေးမုံတို့သားအမိအား ပစ်ပယ်ထားကြသည်မှာ ကြာလေပြီ။ ကြေးမုံအမေ ဒေါ်ပိုးဇာတို့မျိုးရိုးမှာ စုန်းအတတ်,တတ်ကြခြင်းကြောင့်ပင်။ ယခင်က ရွာထဲအနေခံကြသော်လည်း ယောကျ်ားဖြစ်သူ ကိုဖိုးလှနှင့်သားအမောင်တို့ ဆုံးပြီးနောက်ပိုင်း ရွာက သူတို့အားလက်မခံထားကြတော့။ မိသားစုကိုပင် ဒေါ်ပိုးဇာက နှုတ်ဝဇီနှင့် သေစေခြင်းဟု ယုံကြည်ကြသည်။ တကယ်လည်း ဒေါ်ပိုးဇာ ပယောဂမကင်းခဲ့ပါချေ။
တစ်ရွာလုံးက ပစ်ပယ်ကြသော်လည်း အမေ့ကို ကြေးမုံချစ်သည်၊ အားကိုးသည်၊ အပြစ်လည်းမမြင်ရက်။ တကယ်ဆို ထိုကိစ္စတွင် သေစေလို၍ သွေးထိုးခဲ့ခြင်းမှာ သူဖြစ်တာမို့ အမေမမှားပါ။ အကြောင်းအရင်းတရားခံက အမေထပ်ယူလိုက်သော နောက်ယောကျ်ားသာ ဖြစ်သည်။ ပြီးလျှင် သူ့သားလည်း မလွတ်စေရ။
ကြေးမုံ အမောင့်ကို မုန်းသည်။ စုန်းမလေးဟု လှောင်ပြောင်ခံရသည်က အမောင့်မျက်နှာကြောင့်လည်း ပါသည်။ သို့သော် အမောင်က အလိုက်ကန်းဆိုးမသိ၊ ကြေးမုံ သွားလေရာ တကောက်ကောက်လိုက်တတ်သည်။ သူ့အနားသာ အမြဲတစေ ကပ်နေတတ်တာမို့ စိတ်ရှုပ်ရသည်။ သွေးသားတစ်ဝက်နှောသည့်တိုင် အမောင့်ကို သူ နည်းနည်းမှမေတ္တာမရှိ။ ကြေးမုံဘဝတွင် မိသားစုဟူ၍ အမေတစ်ယောက်သာ ရှိသည်။ ဒါမို့ အဖေမခေါ်ချင်သူအတွက် အမေ သင့်စေလိုက်သောကျိန်စာအား သူ သဘောကျမိတာအမှန်။
ရိုးမတောနက်ထဲ၌ သားအဖနှစ်ယောက် အကောင်ကြီးစားခံရ၍ သေပြီဟု ပြောကြချိန် ကြေးမုံမှာ ဝမ်းသာမဆုံး။ သတင်းကြောင့် ဝမ်းနည်းသယောင်ရှိသော အမေ့ကိုတော့ သူ တင်းတင်းသာဖက်ပေးထားခဲ့၏။
အဲ့သလောက် အမေ့ကို သူချစ်သည်။ အမေကလည်း သူ့ကိုထပ်တူမက ချစ်ရှာသည်။ သားတစ်ယောက်ပင် အဆုံးရှုံးခံလိုက်သည်မလား။
.
ဆယ်စုနှစ်တစ်စုအကြာ ၁၉၃၀ ဝန်းကျင်သို့ ရောက်ချိန်တွင် မြန်မာပြည်အရေးမှာ ပိုလှုပ်လှုပ်ခတ်ခတ် ရှိလာသည်။ တို့ဗမာအစည်းအရုံးကို ဖွဲ့စည်းပြီး အဖွဲ့ဝင်များက အမည်နာမများရှေ့တွင် 'သခင်'ဟူသော အသုံးအနှုန်းကိုထည့်ကာ လှုပ်ရှားနေကြလေပြီ။
မြန်မာပြည်မြောက်ပိုင်းနားကျသော သစ်ညိုပင်ရွာလေးတွင်လည်း အပြောင်းအလဲများစွာ ရှိလာခဲ့၏။ တစ်ရွာလုံးက စုန်းကဝေမကြီးဟု သမှုတ်ကြသော ဒေါ်ပိုးဇာပင် ဆုံးပါးသွားခဲ့လေပြီ။
သစ်ညိုပင်ရွာမှာ ဧရာဝတီမြစ်မှအဖျားခံသော ချောင်းငယ်၏ နံဘေးတွင်ပတ်ရံကာ ရွာတည်ထားသည်။ ချောင်းတစ်ဖက်ကမ်းတွင် ကျားမရဲတောင်စဉ်တန်းတို့ရှိပြီး သားရဲများလည်း ပေါလေ၏။
နွေဦးပေါက်ရာသီ ရောက်လေ၍ ပင်ကျရည်တို့လည်း လှိုင်လှိုင်ပေါလာသည်။ ထန်းတက်သူကတက်၊ သောက်သူကသောက်နှင့် ပြတ်လပ်သည်မရှိ။ ဒါကြောင့် နေမွန်းတည့်ချိန်ဆိုလျှင် ရွာအနောက်ပိုင်း လေးစံထိုက်၏ထန်းတောတွင် လူစုံနေတတ်ကြသည်။ ခေါင်းစဉ်အမျိုးမျိုးပြောင်းကာ ဝိုင်းဖွဲ့သောက်တတ်ကြသူများပီပီ ယခုလည်း ကျောင်းဆရာအသစ်လေးအား ကြိုဆိုပွဲအဖြစ် စုဝေးနေကြလျက်။
အလျှိုလျှိုရောက်လာကြသော လူတစ်စုအား စံထိုက်၏မိန်းမ လုံးခင်က ဖျာကြမ်းတစ်ချပ် ဖုတ်ဖတ်ခါကာ ခင်းပေးရသည်။ ဒါပေသိ သူတို့အုပ်စု ထိုင်သာလောက်အောင် ဖျာချပ်ကမကြီး။ အနားခပ်ဖွာဖွာမို့ အမြည်းနှင့်သောက်စရာများ ချဖို့သာကောင်းသည်။
တအောင့်ကြာသော် ချလာသော မြူအိုးအစီအရီတို့တွင် အခါးရည်များက အဖွေးသား။ ဒီကြိုဆိုပွဲတွင် အမြည်းစိုက်ရသူမှာ ဆတ်အကောင်ကြီးရထားသူ မုဆိုးဘသိုက် ဖြစ်သည်။ ကျက်နေအောင်ဖုတ်ထားသော ဆတ်သားအား ခပ်မွမွထုကာ ဆီရွှဲရွှဲစိမ်သူက ဘသိုက်၏တပည့်ကျော် ဖိုးပိန်ပင်။ ပဲကြီးလှော်ဆားညှပ်ကလေးမှာလည်း မပါမဖြစ်။
"ဆရာလေး မလာသေးပါကလားဟ၊ ငပုလုံးရ"
လက်ကျန်မြူအိုးများချရင်း လေးစံထိုက်က မေးလေ၏။ ပုဆိုးခါးတောင်းကျိုက်ထားသည့် လေးစံထိုက်မှာ ထန်းပင်ပေါ်မှ လောလောလတ်လတ် ဆင်းလာပုံရသည်။ ခြေထောက်တွင်လည်း ထန်းပင်စောင်းနှင့် ခြစ်မိထားသည့် အစင်းရာတွေက အထင်သား။ ခါးကြားတွင် ဓါးမြောင်က ထိုးထားသေးသည်။
"ကျုပ်ထွက်မလာခင်ကတော့ ချောင်းဖက်ရေချိုးဆင်းပြီး လိုက်လာမယ်ပြောတာပဲဗျာ"
ငပုလုံးမှာ နာမည်အတိုင်း ပုလုံးလုံးနှင့်။ ချွေးစိုနေသော အသားအရည်မှာလည်း မဲပြောင်ပြောင်။ လူပျိုပေါက်ငပုလုံးက အသစ်ရောက်လာသည့် ကျောင်းဆရာလေးအား ကူညီပေးရသူ ဖြစ်သည်။
"အေး ဆရာလေးမလာသေးရင်လည်း ဆတ်သားခြောက်တွေ လွှတ်စားမနေနဲ့ဦး။ ဒါနယ်နယ်ရရ မဟုတ်ဘူး၊ အနောက်ဖက်လျှိုစပ်ထိ သက်စွန့်ဆံဖျား လိုက်ခဲ့ရတာမောင်"
ဘသိုက်ကပြောရင်း ငပုလုံးလက်အား ခပ်ဆတ်ဆတ် ရိုက်ချလိုက်သည်။
"ခင်ဗျားတို့ဗျာ .. အနောက်လျှိုစပ်ထိ လိုက်ရတယ်လို့။ ကိုယ့်အသက်ကိုယ်မှ မနှမြော၊ မကြောက်ကြဘူးလား"
ဆတ်သားမနှိုက်လိုက်ရသော ငပုလုံးက ပဲကြီးလှော် တဂျွတ်ဂျွတ်ဝါးရင်း ပြောလေ၏။ ကျားမရဲတောင်စဉ်တန်း၏ အနောက်ဖက်လျှိုစပ်ဆိုလျှင် သွားရဲသည့်မုဆိုးမရှိ။ ရူးမိုက်ကာ ဝင်သွားကြလျှင်လည်း အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူက မရှိသလောက်ရှားသည်ကိုး။
"ကြောက်ပါပကော မင်းနှယ်။ မနေ့က နေထန်းတစ်ပင်လောက်ရောက်ချိန်ပေါ့။ တို့ဆရာ၊ တပည့်နှစ်ယောက် လျှိုစပ်ကနေ ဆတ်ကြီးအမြန်ထမ်းလာကြတုန်း အပုပ်နံ့ကြီးရလိုက်တာဆိုတာ၊ ကြက်သီးများကို ဖျင်းဖျင်းထပါရောဟေ့"
ဖိုးပိန်၏အပြောကြောင့် ငပုလုံးရော၊ လေးစံထိုက်ပါ ကြက်သီးမွေးညှင်းများ ထလာသည်။ ဘယ်သူသတ်၍ ဘယ်သတ္တဝါတွေသေကြသည်မသိ၊ အနောက်လျှိုစပ်နားဆိုလျှင် အပုပ်နံ့များ ဟောင်နေအောင်ရသည်။ ယင်းရိုင်းများကလည်း တဝီဝီနှင့် ဟိုတစ်စု၊ သည်တစ်စု ပေါသေး၏။
"ဟိုမယ် .. ဆရာလေးလာပြီ"
ငပုလုံး မေးဆတ်ပြသော် အားလုံး၏အကြည့်တို့က ကျောင်းဆရာလေးလာရာ အနောက်မြောက်ယွန်းယွန်းဆီသို့။ ရွာလမ်းမအတိုင်းမလာဘဲ ကြေးမုံတို့အိမ်ရှိရာ ချောင်းစပ်ဆင်ခြေလျှောမှ တက်လာ၍ အားလုံးမှာ မျက်စိ၊ မျက်နှာပျက်သွားကြသည်။
"ငပုလုံး မင်းနှယ် .. ဆရာလေးကို မပြောပြထားဘူးလား"
"မနေ့ကမှရောက်တာလေဗျာ၊ ကျုပ် ဘယ်ပြောချိန်ရဦးမလဲ"
ငပုလုံးအား ကြာကြာအပြစ်မတင်နိုင်တော့။ ကျောင်းဆရာလေးရောက်သည်မို့ ထန်းရည်ဝိုင်းကိုချဲ့ကာ နေရာပြင်ပေးကြသည်။ ငပုလုံးကတော့ ဆရာလေးထိုင်ဖို့ ထန်းလက်ခြောက် သပ်သပ်ယူပေးသည်။ ကျန်သူများက ထုံးစံအတိုင်း မြေကြီးတွင်သာ တင်ပျဉ်ခွေထိုင်ကြလျက်။
"ကဲ ဆရာလေး .. ရော့ လွှတ်သောက်ဗျာ။ ဒီချိန်က ပင်ကျရည် အရှိန်အကောင်းဆုံး"
ကျောင်းဆရာလေး ကိုမြင့်ထူးမှာလည်း ထည့်ပေးသည့်အတိုင်း သောက်ရှာပါသည်။ နေမွန်းတည့်ချိန်ဖြစ်၍ ထန်းရည်အရသာမှာ ခါးသက်သက်နှင့် သောက်ကောင်းသည်။ ဆတ်သားခြောက်ဆီစိမ်မှာလည်း အရသာရှိလှသည်။
"ဆရာလေး နောက်ဆိုဘာကိစ္စရှိရှိ ရွာလယ်လမ်းမပဲသုံးနော့။ အနောက်ဖက်ချောင်းစပ်နား မသွားပါနဲ့"
ဘသိုက်က ဆရာလေး တစ်ခွက်သောက်ပြီးသည်ထိစောင့်ပြီးမှ ပြောလေခြင်း။
"ဘာလို့လဲဗျ၊ ကျွန်တော် ပတ်ကြည့်ခဲ့သလောက်ကတော့ သာယာပါတယ်"
ဆရာလေးအပြောကြောင့် ဘသိုက်ကပင် ဆက်ရှင်းပြရန် စကားဆိုရသည်။
"အနောက်ချောင်းစပ်ဘေးမှာ ခြေတံရှည်အိမ်လေးရှိတယ် .. ဆရာလေးရ။ အဲ့သည်မှာ ကြေးမုံဆိုတဲ့ စုန်းမတစ်ယောက် နေတယ်။ သူနဲ့ဆုံမှာစိုးလို့ပါဗျာ။ အဲ့သည်စုန်းမက ယောကျ်ားတွေမြင်ရင် ပြုစားပြီး အသေသတ်စားနေကျ။ ကျုပ်တို့ရွာထဲ သူပြုစားလို့ သူ့ကိုကြိုက်မိတဲ့ ကာလသားတွေဆို အကုန်သေပါရော၊ တစ်ယောက်မှမရှင်ဘူးဗျား"
ခေတ်ပညာတတ်ကိုမြင့်ထူးမှာ ဘသိုက်၏စကားကို ချင့်ချိန်ကြည့်သည်၊ ယုံကြည်ဖွယ်ရာမရှိ။ စုန်း၊ ကဝေများအကြောင်း ကြားဖူးနားဝရှိသော်လည်း သည်လောက်တော့ မလုပ်နိုင်စွမ်းရာဟု သူထင်သည်။
ဒါ့ပြင် ကိုမြင့်ထူးသည် ထိုစုန်းမဟုသမုတ်ခံရသော အမျိုးသမီးနှင့်ပင် ချောင်းစပ်တွင် ဆုံခဲ့ပြီးနှင့်ပြီ။ ပုံစံမှာ သူနှင့်အသက်အရွယ်၊ သိပ်မကွာနိုင်။ အသားအရည်က ဖြူလျပြီး နီဆတ်သယောင်ရှိသည်။ တင်ပါးထိသောဆံနွယ်ရှည်တို့က အရပ်မြင့်မြင့်နှင့် လိုက်ဖက်ညီစွာ။ ဖူးဖူးမောက်မောက်နှုတ်ခမ်းတို့က မပြုံးသော်ငြား မျက်လုံး၊ မျက်ခုံးအကြည့်တို့မှာ စူးရှသည်။ ကိုမြင့်ထူး တစ်ခါမျှမမြင်ဖူးသော အကြည့်ပါပေ။
"ကျုပ်မြင်ခဲ့ပါတယ်၊ ယုန်လေးတွေ ချော့မြူနေတာ ကြင်နာတတ်တဲ့ပုံပါ။ ခင်ဗျားတို့အပြော များမနေဘူးလားဗျာ"
ကိုမြင့်ထူးက ဆားညပ်နေသော ပဲကြီးလှော်စေ့များအား ရွေးကောက်စားရင်း ပြုံးစစနှင့် ပြော၏။
"မယုံမရှိနဲ့မောင်။ ရွာထဲက ကာလသားခေါင်း ကိုအေးဆောင်နဲ့ အရီးမြသား ငထင်တို့ဆို စုန်းပြုစားလို့ သေကုန်တာ။ အဲ့သည်စုန်းမက ပြုစားပြီဆို လူတွေကအသိစိတ်လွတ်ပြီး ညသန်းခေါင် ကျားမရဲတောင်အနောက်ခြမ်းကို သွားတော့တာပဲဗျို့။ ပြီးရင်မချိမဆန့်နဲ့ သေကြရတာချည်း။ အဲ့ဒါမို့ ကျုပ်တို့ဘိုးဘွားတွေက မှာကြတာ၊ ကျားမရဲတောင်အနောက်ခြမ်းက သူတို့စုန်းမျိုးစုန်းနွယ်တွေ ပိုင်တာဆိုင်တာတဲ့လေ"
ကိုမြင့်ထူးက အာရုံစိုက်နားထောင်ရင်း သုံးသပ်နေမိသည်။
"ဟုတ်တယ် ဆရာလေးရ၊ ဒါတင်ဘယ်ကမလဲ။ ဟိုဖက် အုန်းပင်ကုန်းရွာကကောင်တွေ ထန်းရည်မူးပြီး မကြောက်မရွံ့နဲ့ အဲ့စုန်းမကို ဆွဲလားရမ်းလား သွားလုပ်ကြတာ။ နောက်နေ့လျှိုစပ်မှာ အလောင်းတွေသွားကောက်ရပါရော"
"အေးပါဗျာ၊ ကျုပ်သတိထားပါ့မယ်"
ပြိုင်လည်းမငြင်းချင်တာမို့ ကိုမြင့်ထူး ခပ်တိုတိုသာ ခွန်းတုံ့ပြန်လိုက်သည်။ အာရုံတွင် မြင်ယောင်နေသည်ကတော့ အနှီမိန်းကလေး မကြေးမုံ..။
.
လကွယ်ညကား မှောင်မိုက်နေ၏။ ပတ်ဝန်းကျင်တွင် လေတိုးသံသဲ့သဲ့မှလွဲ၍ ဘာမျှမကြားရ။ ကြေးမုံ သစ်သားခုံရှည်ပေါ်ရှိ အနက်ရောင်ဇာပါးအား အသာလှမ်းယူလိုက်သည်။ ပါးလျသောထိုဇာပဝါရှည်အားဖြန့်ချရင်း ခေါင်းမှစကာ တစ်ကိုယ်လုံးလွှမ်းခြုံလိုက်၏။ အခန်းတွင်းရှိ ဆီမီး၏အလင်းရောင်မှာ ခပ်ပြပြသာ။
ကြေးမုံ ဆီမီးခွက်ရှေ့တွင် ပဆစ်တုတ်ထိုင်ရင်း မျက်လုံးအစုံကိုမှိတ်ကာ အာရုံပြုလိုက်သည်။ နှုတ်မှလည်း ဂါထာတစ်ခုကို တိုးညှင်းစွာ ရွတ်ဖတ်နေ၏။ ဤသည်ကား အမေဒေါ်ပိုးဇာနှင့်ဆက်သွယ်ချင်တိုင်း ကြေးမုံပြုလုပ်သည့်အရာပင်။
ဟုတ်သည်။ ကြေးမုံ အမေနှင့် အဆက်အသွယ်ရှိသည်။ သို့သော် အမေက အရိပ်အယောင်မပြ။ လပြည့်၊ လကွယ်ညဆိုလျှင် အမေ မသေခင်ကကဲ့သို့ မီးကွင်း၊ မီးလုံးများနှင့် ကျားမရဲတောင်တွင် စုန်းတောက်စားပြလေ့ရှိသည်။ ထို့ကြောင့် အမေသေသည့်တိုင် ကြေးမုံ အထီးမကျန်ခဲ့။
ဒါသာမက အမေက သူ့လိုအင်ဆန္ဒများပင် ဖြည့်ဆည်းပေးသေး၏။ ကြေးမုံပြောချင်တာရှိလျှင် အမေ့ကိုအာရုံပြုသည်။ မကျေနပ်တာရှိလျှင် အမေ့ကိုတိုင်တည်သည်။ ကြေးမုံက သေစေချင်လျှင်သေစေပြီး ရှင်ဆိုလျှင်ရှင်စေ၏။ ဤသည်ကို ရွာတွင်းက ကြေးမုံ စုန်းအတတ်တတ်သည်ဟု ယုံမှားနေကြသည်။ တကယ်က အမေမှာ ကြေးမုံအား ဘူးသွင်းခြင်းအမှု (စုန်းအတတ်ပညာကို လက်ဆင့်ကမ်းခြင်း) မပြုခဲ့။ စုန်းအတတ်ဆိုသည်မှာ မွေးရာပါတတ်တာမျိုးမဟုတ်လျှင် မိဘက အမွေပေးမှသာ လက်ဆင့်ကမ်းရယူနိုင်သည်။ ဒါတောင် သားသမီးများအနက် တစ်ဦးတစ်ယောက်ကသာ ဆက်ခံခွင့်ရှိတာမျိုး။
အမေ အမွေမပေးခဲ့သည့်တိုင် ကြေးမုံက လိုက်ရှင်းမနေခဲ့။ စုန်းမဟု ထင်ချင်ထင်ကြစမ်းပစေ။ ရွာထဲကလူတွေ သူ့ကိုကြောက်ကြသည်အား အလွန်သဘောကျတာမို့။
.
ချောင်းရေကား တသွင်သွင်စီးဆင်းနေသည်။ ကြည်လင်နေရုံမက အေးစိမ့်ကာနေသေး၏။ ကျောက်စရစ်ခဲများမှာလည်း ချောင်းစပ်တစ်လျှောက် ပြန့်ကျဲလျက်။ ကြေးမုံတစ်ယောက်မှာ များစွာသော ယုန်ပေါက်များနှင့် အလုပ်ရှုပ်နေသည်။ သူမချစ်သည့် တစ်ခုတည်းသောသတ္တဝါမှာ ယုန်သာရှိသည်။ ဒါမို့လည်း အမေ့ကို လကွယ်ညတွေတွင် ပူဆာခဲ့ခြင်း။
ယခုတော့ အမေပို့လိုက်သော သူမအဖော်များအား တစ်ရက်ခြားစီ ရေချိုး၊ သန့်ရှင်းရေးလုပ်ပေးရသည်။ အကောင်အရေများလှသော ယုန်ပေါက်တို့ကြောင့် ချောင်းစပ်မှ ဖွေးဖွေးဖြူနေသယောင်။
ဂျွပ်!!!
ကြေးမုံ ကြားလိုက်ရသည်ကား ကျောက်စရစ်ခဲတို့အား ဖိနင်းသံ။ အသိ၊ သတိကြီးစွာ လှည့်ကြည့်ခိုက် ယုန်ပေါက်တစ်ကောင်အား ပွေ့ချီလာသည့် ယောကျ်ားတစ်ဦး။ အတိအကျဆိုလျှင် တစ်နေ့ကမြင်လိုက်ရသည့် မျက်နှာစိမ်း ဖြစ်သည်။
မည်းနက်သောဆံပင်တို့ကို သပ်ရပ်စွာ ဖြီးလိမ်းထားပြီး မဖြူသောအသားအရည်က စိုပြေနေသယောင်။ မျက်ခုံး၊ မျက်လုံးတို့က ယောကျ်ားဆန်ကာ ကြင်နာတတ်သည့်အသွင်။ ဖျဉ်အင်္ကျီနှင့် ပုဆိုးအကွက်ဝတ်ထားသောသူက ရွာထဲမှယောကျ်ားမဟုတ်တာတော့ သိသာနေသည်။
"ကျုပ် ယုန်ပေါက်ကို ချလိုက်စမ်း"
ခေါင်းအစ၊ ခြေအဆုံးကြည့်ပြီး ကြေးမုံက လေသံခပ်မာမာနှင့် မာန်လိုက်သည်။
"ဪ .. တောင်းပန်ပါတယ်။ အမိရဲ့ယုန်ပေါက်ကို ယူလိုစိတ်မရှိပါဘူးကွယ်။ ထွက်ပြေးလာလို့ လာပို့ရတာပါ"
စကားပြောကပါ မထင်ထားအောင် ယဉ်ကျေးနေသေး၏။
"ထားခဲ့"
ခပ်ပြတ်ပြတ်အပြော၏နောက်တွင် စကားသံထပ်မကြားရ၊ ချာခနဲလှည့်ထွက်သွားသည်။ ဒါမျိုးကို ကြေးမုံ သဘောကျသည်။ အရိပ်ပြလျှင် အကောင်မြင်သည်။ ကြေးမုံ ပြန်စေချင်လျှင် ပြန်ရမည်ပင်။ ဒီလိုနှင့် ကျေနပ်သွားပြီး ရေစိုနေသော ယုန်ပေါက်လေး၏အမွှေးနုတို့အား ပြန်ဆေးကြောပေးလေသည်။
နောက်တစ်ရက်ခြားတွင် ထိုယောကျ်ား ဒုတိယအကြိမ် ပြန်ရောက်လာပြန်သည်။ လက်ထဲတွင်လည်း ထွက်ပြေးသွားသော ယုန်ပေါက်နှစ်ကောင်နှင့်။ ကြေးမုံ တစ်ရက်ခြားတစ်ခါ ရေသန့်စင်ပေးသည်ကို သိနေသည့်အလား။
"ချထားခဲ့"
ကြေးမုံ စိတ်သဘောကျ ချခဲ့ပြီးပြန်လေသည်။
တတိယအကြိမ်...
စတုတ္ထအကြိမ်...
ပဥ္စမအကြိမ်...
ဆဌမအကြိမ်...
ညနေဆိုလျှင် ကြေးမုံ၏မသိစိတ်က ထိုယောကျ်ားကို မျှော်တတ်နေလေပြီ။ ဒါ့အပြင် ကြေးမုံ သူနှင့်စကားပြောချင်စိတ် ဖြစ်မိသည်။ ဘယ်သူ၊ ဘယ်ဝါဆိုတာမျိုး သိချင်လာသည်။ ယုန်ပေါက်များချကာ ပြန်သွားတတ်သော ထိုယောကျ်ားကို ကြေးမုံ အားမရတော့။ မြင်းကမလှုပ်၊ ခုံကလှုပ်ချင်လာသည်။
သတ္တမအကြိမ်...
"ထားခဲ့လိုက်"
ကြေးမုံ စကားအဆုံးတွင် သူက ညင်သာစွာချပေးခဲ့ပြီး လှည့်ထွက်သွားပြန်သည်။
"နေဦး"
လှည့်ကြည့်လာသော ထိုသူ့အကြည့်တွင် အံ့ဩဟန်အပြည့်။ ထင်မှတ်ထားပုံလည်းမပေါ်။
သို့နှင့် ကိုမြင့်ထူးဆိုသူ ကျောင်းဆရာလေးနှင့် ကြေးမုံ စကားစပြောဖြစ်လာသည်။ တစ်ရက်ခြားတိုင်းရောက်လာတတ်သည့် အမျိုးသားနှင့် ရင်းနှီးလာသည်။ အပေါင်းအဖော် ဖြစ်လာခဲ့သည်။
ကိုမြင့်ထူးတွင် ကြေးမုံအပေါ် အထင်သေးခြင်း၊ ကြောက်ရွံ့ခြင်း အလျဉ်းမရှိ။ ရွာထဲကသမုတ်ကြသော စုန်းမဟူသည့် အပြောအဆိုကိုလည်း လက်မခံသူဖြစ်သည်။ ဒါသာမက ကြေးမုံအား ဂရုစိုက်သည်။ ဖေးမသည်။ မှားယွင်းသည့်အယူများအား စိတ်ရှည်သည်းခံကာ သင်ပြပေးရှာသေး၏။
တဖြည်းဖြည်းနှင့် ကြေးမုံတစ်ယောက် ကိုမြင့်ထူးအပေါ် လေးစားလာသည်။ အားကိုးခင်တွယ်လာသည်။ အပစ်ပယ်ခံထားရသော၊ နှုတ်ကြမ်းအာကြမ်းရှိလှပါသော ကြေးမုံသည်လည်း ဘာသားနှင့်ထုထားတာရိုးမို့နည်း။ ချစ်ခင်ကျွမ်းဝင်စိတ်ပါ ရှိလာတော့သည်။
ဒီလိုနှင့် တစ်ရာသီကြာသော် နှစ်ဦးသား မေတ္တာသက်ဝင် ချစ်ခင်ကြသည်ထိ ခရီးရောက်ခဲ့လေပြီ။
•••••••••••••••••••••••••••••••••••••••
<Zawgyi>
စုန္း၊ ကေဝအတတ္တို႔နဲ႔ ထုံမႊန္းေနသူေတြဆီမွာ ေမတၱာစိတ္ဆိုတာ ရွိနိုင္ပါသလား။
"စုန္းမေလး .. စုန္းမေလး"
ေက်ာင္းေဆာင္ႀကီးအေနာက္ဖက္မွ ညံေနေအာင္ထြက္လာေသာ မိန္းကေလးတစ္စု၏ ေလွာင္ေျပာင္သံ။
ထိုအသံၾကားသည္ႏွင့္ ခပ္မွန္မွန္ေလၽွာက္ေနေသာ ေၾကးမုံ၏ေျခလွမ္းတို႔ တုန့္ခနဲ ရပ္တန့္သြားသည္။ ေဒါသမ်ားထြက္လာသည္မွာ ေတာင္ေစာင္းၿပိဳ၍ ေျမစိုင္မ်ားတစ္ဟုန္ထိုးက်လာသည့္ႏွယ္ အထိန္းအကြပ္မရွိ။ အသံလာရာဆီသို႔ လွည့္ၾကည့္လိုက္ေသာ သူမ၏အၾကည့္တို႔မွာလည္း ေဒါသမီးလၽွံမ်ားႏွင့္ စူးစူးရွရွ။
"ေကာင္မေတြ .. နင္တို႔ကို ငါ့အေမနဲ႔တိုင္မယ္"
ေၾကးမုံ လက္သီးႏွစ္ဖက္ကို က်စ္က်စ္ပါေအာင္ဆုပ္ကာ အသံကုန္ျခစ္ေအာ္ဟစ္လိုက္သည္။ ေကာင္မေလးမ်ားလည္း အလၽွိုလၽွို ထြက္ေျပးကုန္ၾကေတာ့၏။
စိတ္ၾကမ္း၊ ကိုယ္ၾကမ္းရွိေသာသူမမွာ ထိုသို႔ႏွုတ္ၾကမ္းသူလည္းျဖစ္သည္။ ေၾကးမုံ စိတ္ေပါက္ေပါက္ႏွင့္ အိမ္ရွိရာသို႔ ေျခဦးလွည့္ရန္ျပင္ၿပီး ရွည္က်ေနေသာ ထဘီေအာက္နားစအား စိတ္မရွည္စြာ ဒူးအထိပင့္ကိုင္လိုက္ေသး၏။ ၿပီးမွသာ အိမ္အျမန္ျပန္ေရာက္ေစရန္ ေျခလွမ္းက်ဲတို႔ျဖင့္ ခပ္သုတ္သုတ္ေလၽွာက္ေတာ့သည္။
က်ယ္ေျပာေသာ ေျမသားလမ္းမွာ ဖုန္ထူထဲေန၏။ ခုံဖိနပ္စီးထားေသာ ေၾကးမုံ၏ေျခဖမိုးတို႔မွာလည္း ဖုန္အလိမ္းလိမ္း ေပက်ံလ်က္။ ေၾကမုံ အိမ္အျမန္ျပန္ေရာက္ခ်င္လွၿပီ။ ၿပီးလၽွင္ အေမ့ကို တိုင္ရမည္။ တရွုးရွုး၊ တရွဲရွဲႏွင့္ ေဒါသထြက္ေနသည္မွာ ေၾကးမုံ၏ မ်က္လုံးအိမ္တြင္ မီးေတာက္မတတ္ အခိုးအေငြ႕ေတြလည္း ထြက္ေနေလသေယာင္။ အမွန္စင္စစ္ သူ႔ကို 'စုန္းမေလး' ေခၚ၍ မေက်နပ္ျခင္းမဟုတ္။ အုပ္စုဖြဲ႕ ေလွာင္ေျပာင္ျခင္းေၾကာင့္သာ ေဒါသျဖစ္ရသည္။ အေမ့ကို သူတိုင္လၽွင္ ထိုေကာင္မေတြ အေမ့လက္ခ်က္နဲ႔ ေနာက္ေန႔ေက်ာင္းတက္နိုင္မည္မဟုတ္။ လွိမ့္ေနေအာင္ခံၾကရမည္။
မ်က္ႏွာတြင္ ျဖာက်ေနေသာ ေနအရွိန္အား လက္ႏွင့္အုပ္ကာရင္း ေၾကးမုံ ခပ္ေထ့ေထ့ ျပဳံးလိုက္၏။
သစ္ညိဳပင္တစ္ရြာလုံးက ေၾကးမုံတို႔သားအမိအား ပစ္ပယ္ထားၾကသည္မွာ ၾကာေလၿပီ။ ေၾကးမုံအေမ ေဒၚပိုးဇာတို႔မ်ိဳးရိုးမွာ စုန္းအတတ္,တတ္ၾကျခင္းေၾကာင့္ပင္။ ယခင္က ရြာထဲအေနခံၾကေသာ္လည္း ေယာက်္ားျဖစ္သူ ကိုဖိုးလွႏွင့္သားအေမာင္တို႔ ဆုံးၿပီးေနာက္ပိုင္း ရြာက သူတို႔အားလက္မခံထားၾကေတာ့။ မိသားစုကိုပင္ ေဒၚပိုးဇာက ႏွုတ္ဝဇီႏွင့္ ေသေစျခင္းဟု ယုံၾကည္ၾကသည္။ တကယ္လည္း ေဒၚပိုးဇာ ပေယာဂမကင္းခဲ့ပါေခ်။
တစ္ရြာလုံးက ပစ္ပယ္ၾကေသာ္လည္း အေမ့ကို ေၾကးမုံခ်စ္သည္၊ အားကိုးသည္၊ အျပစ္လည္းမျမင္ရက္။ တကယ္ဆို ထိုကိစၥတြင္ ေသေစလို၍ ေသြးထိုးခဲ့ျခင္းမွာ သူျဖစ္တာမို႔ အေမမမွားပါ။ အေၾကာင္းအရင္းတရားခံက အေမထပ္ယူလိုက္ေသာ ေနာက္ေယာက်္ားသာ ျဖစ္သည္။ ၿပီးလၽွင္ သူ႔သားလည္း မလြတ္ေစရ။
ေၾကးမုံ အေမာင့္ကို မုန္းသည္။ စုန္းမေလးဟု ေလွာင္ေျပာင္ခံရသည္က အေမာင့္မ်က္ႏွာေၾကာင့္လည္း ပါသည္။ သို႔ေသာ္ အေမာင္က အလိုက္ကန္းဆိုးမသိ၊ ေၾကးမုံ သြားေလရာ တေကာက္ေကာက္လိုက္တတ္သည္။ သူ႔အနားသာ အျမဲတေစ ကပ္ေနတတ္တာမို႔ စိတ္ရွုပ္ရသည္။ ေသြးသားတစ္ဝက္ေႏွာသည့္တိုင္ အေမာင့္ကို သူ နည္းနည္းမွေမတၱာမရွိ။ ေၾကးမုံဘဝတြင္ မိသားစုဟူ၍ အေမတစ္ေယာက္သာ ရွိသည္။ ဒါမို႔ အေဖမေခၚခ်င္သူအတြက္ အေမ သင့္ေစလိုက္ေသာက်ိန္စာအား သူ သေဘာက်မိတာအမွန္။
ရိုးမေတာနက္ထဲ၌ သားအဖႏွစ္ေယာက္ အေကာင္ႀကီးစားခံရ၍ ေသၿပီဟု ေျပာၾကခ်ိန္ ေၾကးမုံမွာ ဝမ္းသာမဆုံး။ သတင္းေၾကာင့္ ဝမ္းနည္းသေယာင္ရွိေသာ အေမ့ကိုေတာ့ သူ တင္းတင္းသာဖက္ေပးထားခဲ့၏။
အဲ့သေလာက္ အေမ့ကို သူခ်စ္သည္။ အေမကလည္း သူ႔ကိုထပ္တူမက ခ်စ္ရွာသည္။ သားတစ္ေယာက္ပင္ အဆုံးရွုံးခံလိုက္သည္မလား။
.
ဆယ္စုႏွစ္တစ္စုအၾကာ ၁၉၃၀ ဝန္းက်င္သို႔ ေရာက္ခ်ိန္တြင္ ျမန္မာျပည္အေရးမွာ ပိုလွုပ္လွုပ္ခတ္ခတ္ ရွိလာသည္။ တို႔ဗမာအစည္းအ႐ုံးကို ဖြဲ႕စည္းၿပီး အဖြဲ႕ဝင္မ်ားက အမည္နာမမ်ားေရွ႕တြင္ 'သခင္'ဟူေသာ အသုံးအႏွုန္းကိုထည့္ကာ လွုပ္ရွားေနၾကေလၿပီ။
ျမန္မာျပည္ေျမာက္ပိုင္းနားက်ေသာ သစ္ညိဳပင္ရြာေလးတြင္လည္း အေျပာင္းအလဲမ်ားစြာ ရွိလာခဲ့၏။ တစ္ရြာလုံးက စုန္းကေဝမႀကီးဟု သမွုတ္ၾကေသာ ေဒၚပိုးဇာပင္ ဆုံးပါးသြားခဲ့ေလၿပီ။
သစ္ညိဳပင္ရြာမွာ ဧရာဝတီျမစ္မွအဖ်ားခံေသာ ေခ်ာင္းငယ္၏ နံေဘးတြင္ပတ္ရံကာ ရြာတည္ထားသည္။ ေခ်ာင္းတစ္ဖက္ကမ္းတြင္ က်ားမရဲေတာင္စဥ္တန္းတို႔ရွိၿပီး သားရဲမ်ားလည္း ေပါေလ၏။
ေႏြဦးေပါက္ရာသီ ေရာက္ေလ၍ ပင္က်ရည္တို႔လည္း လွိုင္လွိုင္ေပါလာသည္။ ထန္းတက္သူကတက္၊ ေသာက္သူကေသာက္ႏွင့္ ျပတ္လပ္သည္မရွိ။ ဒါေၾကာင့္ ေနမြန္းတည့္ခ်ိန္ဆိုလၽွင္ ရြာအေနာက္ပိုင္း ေလးစံထိုက္၏ထန္းေတာတြင္ လူစုံေနတတ္ၾကသည္။ ေခါင္းစဥ္အမ်ိဳးမ်ိဳးေျပာင္းကာ ဝိုင္းဖြဲ႕ေသာက္တတ္ၾကသူမ်ားပီပီ ယခုလည္း ေက်ာင္းဆရာအသစ္ေလးအား ႀကိဳဆိုပြဲအျဖစ္ စုေဝးေနၾကလ်က္။
အလၽွိုလၽွိုေရာက္လာၾကေသာ လူတစ္စုအား စံထိုက္၏မိန္းမ လုံးခင္က ဖ်ာၾကမ္းတစ္ခ်ပ္ ဖုတ္ဖတ္ခါကာ ခင္းေပးရသည္။ ဒါေပသိ သူတို႔အုပ္စု ထိုင္သာေလာက္ေအာင္ ဖ်ာခ်ပ္ကမႀကီး။ အနားခပ္ဖြာဖြာမို႔ အျမည္းႏွင့္ေသာက္စရာမ်ား ခ်ဖို႔သာေကာင္းသည္။
တေအာင့္ၾကာေသာ္ ခ်လာေသာ ျမဴအိုးအစီအရီတို႔တြင္ အခါးရည္မ်ားက အေဖြးသား။ ဒီႀကိဳဆိုပြဲတြင္ အျမည္းစိုက္ရသူမွာ ဆတ္အေကာင္ႀကီးရထားသူ မုဆိုးဘသိုက္ ျဖစ္သည္။ က်က္ေနေအာင္ဖုတ္ထားေသာ ဆတ္သားအား ခပ္မြမြထုကာ ဆီရႊဲရႊဲစိမ္သူက ဘသိုက္၏တပည့္ေက်ာ္ ဖိုးပိန္ပင္။ ပဲႀကီးေလွာ္ဆားညႇပ္ကေလးမွာလည္း မပါမျဖစ္။
"ဆရာေလး မလာေသးပါကလားဟ၊ ငပုလုံးရ"
လက္က်န္ျမဴအိုးမ်ားခ်ရင္း ေလးစံထိုက္က ေမးေလ၏။ ပုဆိုးခါးေတာင္းက်ိဳက္ထားသည့္ ေလးစံထိုက္မွာ ထန္းပင္ေပၚမွ ေလာေလာလတ္လတ္ ဆင္းလာပုံရသည္။ ေျခေထာက္တြင္လည္း ထန္းပင္ေစာင္းႏွင့္ ျခစ္မိထားသည့္ အစင္းရာေတြက အထင္သား။ ခါးၾကားတြင္ ဓါးေျမာင္က ထိုးထားေသးသည္။
"က်ဳပ္ထြက္မလာခင္ကေတာ့ ေခ်ာင္းဖက္ေရခ်ိဳးဆင္းၿပီး လိုက္လာမယ္ေျပာတာပဲဗ်ာ"
ငပုလုံးမွာ နာမည္အတိုင္း ပုလုံးလုံးႏွင့္။ ေခၽြးစိုေနေသာ အသားအရည္မွာလည္း မဲေျပာင္ေျပာင္။ လူပ်ိဳေပါက္ငပုလုံးက အသစ္ေရာက္လာသည့္ ေက်ာင္းဆရာေလးအား ကူညီေပးရသူ ျဖစ္သည္။
"ေအး ဆရာေလးမလာေသးရင္လည္း ဆတ္သားေျခာက္ေတြ လႊတ္စားမေနနဲ႔ဦး။ ဒါနယ္နယ္ရရ မဟုတ္ဘူး၊ အေနာက္ဖက္လၽွိုစပ္ထိ သက္စြန့္ဆံဖ်ား လိုက္ခဲ့ရတာေမာင္"
ဘသိုက္ကေျပာရင္း ငပုလုံးလက္အား ခပ္ဆတ္ဆတ္ ရိုက္ခ်လိုက္သည္။
"ခင္ဗ်ားတို႔ဗ်ာ .. အေနာက္လၽွိုစပ္ထိ လိုက္ရတယ္လို႔။ ကိုယ့္အသက္ကိုယ္မွ မႏွေျမာ၊ မေၾကာက္ၾကဘူးလား"
ဆတ္သားမႏွိုက္လိုက္ရေသာ ငပုလုံးက ပဲႀကီးေလွာ္ တဂၽြတ္ဂၽြတ္ဝါးရင္း ေျပာေလ၏။ က်ားမရဲေတာင္စဥ္တန္း၏ အေနာက္ဖက္လၽွိုစပ္ဆိုလၽွင္ သြားရဲသည့္မုဆိုးမရွိ။ ႐ူးမိုက္ကာ ဝင္သြားၾကလၽွင္လည္း အသက္ရွင္လ်က္ ျပန္ထြက္လာနိုင္သူက မရွိသေလာက္ရွားသည္ကိုး။
"ေၾကာက္ပါပေကာ မင္းႏွယ္။ မေန႔က ေနထန္းတစ္ပင္ေလာက္ေရာက္ခ်ိန္ေပါ့။ တို႔ဆရာ၊ တပည့္ႏွစ္ေယာက္ လၽွိုစပ္ကေန ဆတ္ႀကီးအျမန္ထမ္းလာၾကတုန္း အပုပ္နံ႔ႀကီးရလိုက္တာဆိုတာ၊ ၾကက္သီးမ်ားကို ဖ်င္းဖ်င္းထပါေရာေဟ့"
ဖိုးပိန္၏အေျပာေၾကာင့္ ငပုလုံးေရာ၊ ေလးစံထိုက္ပါ ၾကက္သီးေမြးညႇင္းမ်ား ထလာသည္။ ဘယ္သူသတ္၍ ဘယ္သတၱဝါေတြေသၾကသည္မသိ၊ အေနာက္လၽွိုစပ္နားဆိုလၽွင္ အပုပ္နံ႔မ်ား ေဟာင္ေနေအာင္ရသည္။ ယင္းရိုင္းမ်ားကလည္း တဝီဝီႏွင့္ ဟိုတစ္စု၊ သည္တစ္စု ေပါေသး၏။
"ဟိုမယ္ .. ဆရာေလးလာၿပီ"
ငပုလုံး ေမးဆတ္ျပေသာ္ အားလုံး၏အၾကည့္တို႔က ေက်ာင္းဆရာေလးလာရာ အေနာက္ေျမာက္ယြန္းယြန္းဆီသို႔။ ရြာလမ္းမအတိုင္းမလာဘဲ ေၾကးမုံတို႔အိမ္ရွိရာ ေခ်ာင္းစပ္ဆင္ေျခေလၽွာမွ တက္လာ၍ အားလုံးမွာ မ်က္စိ၊ မ်က္ႏွာပ်က္သြားၾကသည္။
"ငပုလုံး မင္းႏွယ္ .. ဆရာေလးကို မေျပာျပထားဘူးလား"
"မေန႔ကမွေရာက္တာေလဗ်ာ၊ က်ဳပ္ ဘယ္ေျပာခ်ိန္ရဦးမလဲ"
ငပုလုံးအား ၾကာၾကာအျပစ္မတင္နိုင္ေတာ့။ ေက်ာင္းဆရာေလးေရာက္သည္မို႔ ထန္းရည္ဝိုင္းကိုခ်ဲ့ကာ ေနရာျပင္ေပးၾကသည္။ ငပုလုံးကေတာ့ ဆရာေလးထိုင္ဖို႔ ထန္းလက္ေျခာက္ သပ္သပ္ယူေပးသည္။ က်န္သူမ်ားက ထုံးစံအတိုင္း ေျမႀကီးတြင္သာ တင္ပ်ဥ္ေခြထိုင္ၾကလ်က္။
"ကဲ ဆရာေလး .. ေရာ့ လႊတ္ေသာက္ဗ်ာ။ ဒီခ်ိန္က ပင္က်ရည္ အရွိန္အေကာင္းဆုံး"
ေက်ာင္းဆရာေလး ကိုျမင့္ထူးမွာလည္း ထည့္ေပးသည့္အတိုင္း ေသာက္ရွာပါသည္။ ေနမြန္းတည့္ခ်ိန္ျဖစ္၍ ထန္းရည္အရသာမွာ ခါးသက္သက္ႏွင့္ ေသာက္ေကာင္းသည္။ ဆတ္သားေျခာက္ဆီစိမ္မွာလည္း အရသာရွိလွသည္။
"ဆရာေလး ေနာက္ဆိုဘာကိစၥရွိရွိ ရြာလယ္လမ္းမပဲသုံးေနာ့။ အေနာက္ဖက္ေခ်ာင္းစပ္နား မသြားပါနဲ႔"
ဘသိုက္က ဆရာေလး တစ္ခြက္ေသာက္ၿပီးသည္ထိေစာင့္ၿပီးမွ ေျပာေလျခင္း။
"ဘာလို႔လဲဗ်၊ ကၽြန္ေတာ္ ပတ္ၾကည့္ခဲ့သေလာက္ကေတာ့ သာယာပါတယ္"
ဆရာေလးအေျပာေၾကာင့္ ဘသိုက္ကပင္ ဆက္ရွင္းျပရန္ စကားဆိုရသည္။
"အေနာက္ေခ်ာင္းစပ္ေဘးမွာ ေျခတံရွည္အိမ္ေလးရွိတယ္ .. ဆရာေလးရ။ အဲ့သည္မွာ ေၾကးမုံဆိုတဲ့ စုန္းမတစ္ေယာက္ ေနတယ္။ သူနဲ႔ဆုံမွာစိုးလို႔ပါဗ်ာ။ အဲ့သည္စုန္းမက ေယာက်္ားေတြျမင္ရင္ ျပဳစားၿပီး အေသသတ္စားေနက်။ က်ဳပ္တို႔ရြာထဲ သူျပဳစားလို႔ သူ႔ကိုႀကိဳက္မိတဲ့ ကာလသားေတြဆို အကုန္ေသပါေရာ၊ တစ္ေယာက္မွမရွင္ဘူးဗ်ား"
ေခတ္ပညာတတ္ကိုျမင့္ထူးမွာ ဘသိုက္၏စကားကို ခ်င့္ခ်ိန္ၾကည့္သည္၊ ယုံၾကည္ဖြယ္ရာမရွိ။ စုန္း၊ ကေဝမ်ားအေၾကာင္း ၾကားဖူးနားဝရွိေသာ္လည္း သည္ေလာက္ေတာ့ မလုပ္နိုင္စြမ္းရာဟု သူထင္သည္။
ဒါ့ျပင္ ကိုျမင့္ထူးသည္ ထိုစုန္းမဟုသမုတ္ခံရေသာ အမ်ိဳးသမီးႏွင့္ပင္ ေခ်ာင္းစပ္တြင္ ဆုံခဲ့ၿပီးႏွင့္ၿပီ။ ပုံစံမွာ သူႏွင့္အသက္အရြယ္၊ သိပ္မကြာနိုင္။ အသားအရည္က ျဖဴလ်ၿပီး နီဆတ္သေယာင္ရွိသည္။ တင္ပါးထိေသာဆံႏြယ္ရွည္တို႔က အရပ္ျမင့္ျမင့္ႏွင့္ လိုက္ဖက္ညီစြာ။ ဖူးဖူးေမာက္ေမာက္ႏွုတ္ခမ္းတို႔က မျပဳံးေသာ္ျငား မ်က္လုံး၊ မ်က္ခုံးအၾကည့္တို႔မွာ စူးရွသည္။ ကိုျမင့္ထူး တစ္ခါမၽွမျမင္ဖူးေသာ အၾကည့္ပါေပ။
"က်ဳပ္ျမင္ခဲ့ပါတယ္၊ ယုန္ေလးေတြ ေခ်ာ့ျမဴေနတာ ၾကင္နာတတ္တဲ့ပုံပါ။ ခင္ဗ်ားတို႔အေျပာ မ်ားမေနဘူးလားဗ်ာ"
ကိုျမင့္ထူးက ဆားညပ္ေနေသာ ပဲႀကီးေလွာ္ေစ့မ်ားအား ေရြးေကာက္စားရင္း ျပဳံးစစႏွင့္ ေျပာ၏။
"မယုံမရွိနဲ႔ေမာင္။ ရြာထဲက ကာလသားေခါင္း ကိုေအးေဆာင္နဲ႔ အရီးျမသား ငထင္တို႔ဆို စုန္းျပဳစားလို႔ ေသကုန္တာ။ အဲ့သည္စုန္းမက ျပဳစားၿပီဆို လူေတြကအသိစိတ္လြတ္ၿပီး ညသန္းေခါင္ က်ားမရဲေတာင္အေနာက္ျခမ္းကို သြားေတာ့တာပဲဗ်ိဳ႕။ ၿပီးရင္မခ်ိမဆန့္နဲ႔ ေသၾကရတာခ်ည္း။ အဲ့ဒါမို႔ က်ဳပ္တို႔ဘိုးဘြားေတြက မွာၾကတာ၊ က်ားမရဲေတာင္အေနာက္ျခမ္းက သူတို႔စုန္းမ်ိဳးစုန္းႏြယ္ေတြ ပိုင္တာဆိုင္တာတဲ့ေလ"
ကိုျမင့္ထူးက အာ႐ုံစိုက္နားေထာင္ရင္း သုံးသပ္ေနမိသည္။
"ဟုတ္တယ္ ဆရာေလးရ၊ ဒါတင္ဘယ္ကမလဲ။ ဟိုဖက္ အုန္းပင္ကုန္းရြာကေကာင္ေတြ ထန္းရည္မူးၿပီး မေၾကာက္မရြံ႕နဲ႔ အဲ့စုန္းမကို ဆြဲလားရမ္းလား သြားလုပ္ၾကတာ။ ေနာက္ေန႔လၽွိုစပ္မွာ အေလာင္းေတြသြားေကာက္ရပါေရာ"
"ေအးပါဗ်ာ၊ က်ဳပ္သတိထားပါ့မယ္"
ၿပိဳင္လည္းမျငင္းခ်င္တာမို႔ ကိုျမင့္ထူး ခပ္တိုတိုသာ ခြန္းတုံ႔ျပန္လိုက္သည္။ အာ႐ုံတြင္ ျမင္ေယာင္ေနသည္ကေတာ့ အႏွီမိန္းကေလး မေၾကးမုံ..။
.
လကြယ္ညကား ေမွာင္မိုက္ေန၏။ ပတ္ဝန္းက်င္တြင္ ေလတိုးသံသဲ့သဲ့မွလြဲ၍ ဘာမၽွမၾကားရ။ ေၾကးမုံ သစ္သားခုံရွည္ေပၚရွိ အနက္ေရာင္ဇာပါးအား အသာလွမ္းယူလိုက္သည္။ ပါးလ်ေသာထိုဇာပဝါရွည္အားျဖန့္ခ်ရင္း ေခါင္းမွစကာ တစ္ကိုယ္လုံးလႊမ္းျခဳံလိုက္၏။ အခန္းတြင္းရွိ ဆီမီး၏အလင္းေရာင္မွာ ခပ္ျပျပသာ။
ေၾကးမုံ ဆီမီးခြက္ေရွ႕တြင္ ပဆစ္တုတ္ထိုင္ရင္း မ်က္လုံးအစုံကိုမွိတ္ကာ အာ႐ုံျပဳလိုက္သည္။ ႏွုတ္မွလည္း ဂါထာတစ္ခုကို တိုးညႇင္းစြာ ရြတ္ဖတ္ေန၏။ ဤသည္ကား အေမေဒၚပိုးဇာႏွင့္ဆက္သြယ္ခ်င္တိုင္း ေၾကးမုံျပဳလုပ္သည့္အရာပင္။
ဟုတ္သည္။ ေၾကးမုံ အေမႏွင့္ အဆက္အသြယ္ရွိသည္။ သို႔ေသာ္ အေမက အရိပ္အေယာင္မျပ။ လျပည့္၊ လကြယ္ညဆိုလၽွင္ အေမ မေသခင္ကကဲ့သို႔ မီးကြင္း၊ မီးလုံးမ်ားႏွင့္ က်ားမရဲေတာင္တြင္ စုန္းေတာက္စားျပေလ့ရွိသည္။ ထို႔ေၾကာင့္ အေမေသသည့္တိုင္ ေၾကးမုံ အထီးမက်န္ခဲ့။
ဒါသာမက အေမက သူ႔လိုအင္ဆႏၵမ်ားပင္ ျဖည့္ဆည္းေပးေသး၏။ ေၾကးမုံေျပာခ်င္တာရွိလၽွင္ အေမ့ကိုအာ႐ုံျပဳသည္။ မေက်နပ္တာရွိလၽွင္ အေမ့ကိုတိုင္တည္သည္။ ေၾကးမုံက ေသေစခ်င္လၽွင္ေသေစၿပီး ရွင္ဆိုလၽွင္ရွင္ေစ၏။ ဤသည္ကို ရြာတြင္းက ေၾကးမုံ စုန္းအတတ္တတ္သည္ဟု ယုံမွားေနၾကသည္။ တကယ္က အေမမွာ ေၾကးမုံအား ဘူးသြင္းျခင္းအမွု (စုန္းအတတ္ပညာကို လက္ဆင့္ကမ္းျခင္း) မျပဳခဲ့။ စုန္းအတတ္ဆိုသည္မွာ ေမြးရာပါတတ္တာမ်ိဳးမဟုတ္လၽွင္ မိဘက အေမြေပးမွသာ လက္ဆင့္ကမ္းရယူနိုင္သည္။ ဒါေတာင္ သားသမီးမ်ားအနက္ တစ္ဦးတစ္ေယာက္ကသာ ဆက္ခံခြင့္ရွိတာမ်ိဳး။
အေမ အေမြမေပးခဲ့သည့္တိုင္ ေၾကးမုံက လိုက္ရွင္းမေနခဲ့။ စုန္းမဟု ထင္ခ်င္ထင္ၾကစမ္းပေစ။ ရြာထဲကလူေတြ သူ႔ကိုေၾကာက္ၾကသည္အား အလြန္သေဘာက်တာမို႔။
.
ေခ်ာင္းေရကား တသြင္သြင္စီးဆင္းေနသည္။ ၾကည္လင္ေန႐ုံမက ေအးစိမ့္ကာေနေသး၏။ ေက်ာက္စရစ္ခဲမ်ားမွာလည္း ေခ်ာင္းစပ္တစ္ေလၽွာက္ ျပန႔္က်ဲလ်က္။ ေၾကးမုံတစ္ေယာက္မွာ မ်ားစြာေသာ ယုန္ေပါက္မ်ားႏွင့္ အလုပ္ရွုပ္ေနသည္။ သူမခ်စ္သည့္ တစ္ခုတည္းေသာသတၱဝါမွာ ယုန္သာရွိသည္။ ဒါမို႔လည္း အေမ့ကို လကြယ္ညေတြတြင္ ပူဆာခဲ့ျခင္း။
ယခုေတာ့ အေမပို႔လိုက္ေသာ သူမအေဖာ္မ်ားအား တစ္ရက္ျခားစီ ေရခ်ိဳး၊ သန့္ရွင္းေရးလုပ္ေပးရသည္။ အေကာင္အေရမ်ားလွေသာ ယုန္ေပါက္တို႔ေၾကာင့္ ေခ်ာင္းစပ္မွ ေဖြးေဖြးျဖဴေနသေယာင္။
ဂၽြပ္!!!
ေၾကးမုံ ၾကားလိုက္ရသည္ကား ေက်ာက္စရစ္ခဲတို႔အား ဖိနင္းသံ။ အသိ၊ သတိႀကီးစြာ လွည့္ၾကည့္ခိုက္ ယုန္ေပါက္တစ္ေကာင္အား ေပြ႕ခ်ီလာသည့္ ေယာက်္ားတစ္ဦး။ အတိအက်ဆိုလၽွင္ တစ္ေန႔ကျမင္လိုက္ရသည့္ မ်က္ႏွာစိမ္း ျဖစ္သည္။
မည္းနက္ေသာဆံပင္တို႔ကို သပ္ရပ္စြာ ၿဖီးလိမ္းထားၿပီး မျဖဴေသာအသားအရည္က စိုေျပေနသေယာင္။ မ်က္ခုံး၊ မ်က္လုံးတို႔က ေယာက်္ားဆန္ကာ ၾကင္နာတတ္သည့္အသြင္။ ဖ်ဥ္အကၤ်ီႏွင့္ ပုဆိုးအကြက္ဝတ္ထားေသာသူက ရြာထဲမွေယာက်္ားမဟုတ္တာေတာ့ သိသာေနသည္။
"က်ဳပ္ ယုန္ေပါက္ကို ခ်လိုက္စမ္း"
ေခါင္းအစ၊ ေျခအဆုံးၾကည့္ၿပီး ေၾကးမုံက ေလသံခပ္မာမာႏွင့္ မာန္လိုက္သည္။
"ဪ .. ေတာင္းပန္ပါတယ္။ အမိရဲ့ယုန္ေပါက္ကို ယူလိုစိတ္မရွိပါဘူးကြယ္။ ထြက္ေျပးလာလို႔ လာပို႔ရတာပါ"
စကားေျပာကပါ မထင္ထားေအာင္ ယဥ္ေက်းေနေသး၏။
"ထားခဲ့"
ခပ္ျပတ္ျပတ္အေျပာ၏ေနာက္တြင္ စကားသံထပ္မၾကားရ၊ ခ်ာခနဲလွည့္ထြက္သြားသည္။ ဒါမ်ိဳးကို ေၾကးမုံ သေဘာက်သည္။ အရိပ္ျပလၽွင္ အေကာင္ျမင္သည္။ ေၾကးမုံ ျပန္ေစခ်င္လၽွင္ ျပန္ရမည္ပင္။ ဒီလိုႏွင့္ ေက်နပ္သြားၿပီး ေရစိုေနေသာ ယုန္ေပါက္ေလး၏အေမႊးႏုတို႔အား ျပန္ေဆးေၾကာေပးေလသည္။
ေနာက္တစ္ရက္ျခားတြင္ ထိုေယာက်္ား ဒုတိယအႀကိမ္ ျပန္ေရာက္လာျပန္သည္။ လက္ထဲတြင္လည္း ထြက္ေျပးသြားေသာ ယုန္ေပါက္ႏွစ္ေကာင္ႏွင့္။ ေၾကးမုံ တစ္ရက္ျခားတစ္ခါ ေရသန့္စင္ေပးသည္ကို သိေနသည့္အလား။
"ခ်ထားခဲ့"
ေၾကးမုံ စိတ္သေဘာက် ခ်ခဲ့ၿပီးျပန္ေလသည္။
တတိယအႀကိမ္...
စတုတၳအႀကိမ္...
ပဥၥမအႀကိမ္...
ဆဌမအႀကိမ္...
ညေနဆိုလၽွင္ ေၾကးမုံ၏မသိစိတ္က ထိုေယာက်္ားကို ေမၽွာ္တတ္ေနေလၿပီ။ ဒါ့အျပင္ ေၾကးမုံ သူႏွင့္စကားေျပာခ်င္စိတ္ ျဖစ္မိသည္။ ဘယ္သူ၊ ဘယ္ဝါဆိုတာမ်ိဳး သိခ်င္လာသည္။ ယုန္ေပါက္မ်ားခ်ကာ ျပန္သြားတတ္ေသာ ထိုေယာက်္ားကို ေၾကးမုံ အားမရေတာ့။ ျမင္းကမလွုပ္၊ ခုံကလွုပ္ခ်င္လာသည္။
သတၱမအႀကိမ္...
"ထားခဲ့လိုက္"
ေၾကးမုံ စကားအဆုံးတြင္ သူက ညင္သာစြာခ်ေပးခဲ့ၿပီး လွည့္ထြက္သြားျပန္သည္။
"ေနဦး"
လွည့္ၾကည့္လာေသာ ထိုသူ႔အၾကည့္တြင္ အံ့ဩဟန္အျပည့္။ ထင္မွတ္ထားပုံလည္းမေပၚ။
သို႔ႏွင့္ ကိုျမင့္ထူးဆိုသူ ေက်ာင္းဆရာေလးႏွင့္ ေၾကးမုံ စကားစေျပာျဖစ္လာသည္။ တစ္ရက္ျခားတိုင္းေရာက္လာတတ္သည့္ အမ်ိဳးသားႏွင့္ ရင္းႏွီးလာသည္။ အေပါင္းအေဖာ္ ျဖစ္လာခဲ့သည္။
ကိုျမင့္ထူးတြင္ ေၾကးမုံအေပၚ အထင္ေသးျခင္း၊ ေၾကာက္ရြံ႕ျခင္း အလ်ဥ္းမရွိ။ ရြာထဲကသမုတ္ၾကေသာ စုန္းမဟူသည့္ အေျပာအဆိုကိုလည္း လက္မခံသူျဖစ္သည္။ ဒါသာမက ေၾကးမုံအား ဂ႐ုစိုက္သည္။ ေဖးမသည္။ မွားယြင္းသည့္အယူမ်ားအား စိတ္ရွည္သည္းခံကာ သင္ျပေပးရွာေသး၏။
တျဖည္းျဖည္းႏွင့္ ေၾကးမုံတစ္ေယာက္ ကိုျမင့္ထူးအေပၚ ေလးစားလာသည္။ အားကိုးခင္တြယ္လာသည္။ အပစ္ပယ္ခံထားရေသာ၊ ႏွုတ္ၾကမ္းအာၾကမ္းရွိလွပါေသာ ေၾကးမုံသည္လည္း ဘာသားႏွင့္ထုထားတာရိုးမို႔နည္း။ ခ်စ္ခင္ကၽြမ္းဝင္စိတ္ပါ ရွိလာေတာ့သည္။
ဒီလိုႏွင့္ တစ္ရာသီၾကာေသာ္ ႏွစ္ဦးသား ေမတၱာသက္ဝင္ ခ်စ္ခင္ၾကသည္ထိ ခရီးေရာက္ခဲ့ေလၿပီ။
•••••••••••••••••••••••••••••••••••••••
Bạn đang đọc truyện trên: Truyen3h.Co