Truyen3h.Co

ချစ်လှစွာသောသားရဲလေး ( ခ်စ္လွစြာေသာသားရဲေလး)

22

pice200

ေတာ့ရစ္ ႐ုတ္တရက္ျဖစ္သြားေသာ သူ႔ေ႐ွ႕ကျမင္ကြင္းေၾကာင့္ ခဏတာေအးခဲသြားသည္.

သူ႔သူငယ္ခ်င္းမိုမိုက ေအာ္႐ိုခရစ္စတယ္ကို ကိုင္ၿပီးေနာက္ ႐ုတ္တရက္ေမ့ေျမာသြားကာ ဘယ္ကမွန္းမသိေသာ ၾကာပန္းႀကီးတစ္ခု ေပၚလာၿပီး မိုမိုရဲ႕လြင့္ေမ်ာေနေသာ ကိုယ္ကိုဝါးမ်ိဳသြားေလသည္။

ထို႔ေနာက္ ဘယ္ကမွန္းမသိေသာႀကီးမားသည့္ ေႁမြႀကီးတစ္ေကာင္က ႐ုတ္တရက္ ေပၚလာကာ ေအးစက္ေနေသာအ႐ွိန္ဝါေတြျဖာထြက္ေနေသာ အၾကည့္ျဖင့္သူ႔ကိုၾကည့္လာသည္။

ေတာ့ရစ္က ထိုေႁမြႀကီးကိုေၾကာက္တာေၾကာင့္ ေဒါင့္တစ္ေနရာတြင္ကပ္ေနကာ မိုမို အဆင္ေျပဖို႔သာဆုေတာင္းေနရသည္။

ဒုန္း

ထိုေႁမြႀကီးက သူ႔ရဲ႕အၿမီးကိုအသံုးျပဳၿပီး ၾကာပန္းႀကီးကို႐ိုက္ခ်လိုက္သည္။ ထိုသို႔ျဖစ္ေနသည္မွာအခ်ိန္ေပါင္းမနည္းေတာ့ေပ သို႔ေသာ္ၾကာပန္းမွာမေျပာင္းမလဲဘဲ ႐ွိေနသည္။

ထိုအခ်ိန္မွာဘဲ ၾကာပန္းေတြက တစ္လႊာၿပီးတစ္လႊာပြင့္လာကာ အထဲကလူကိုျပသလာသည္။

မိုမို ကထိုၾကာထဲတြင္မတ္တပ္ရပ္ေန ေငးေၾကာင္ေၾကာင္မ်က္ႏွာထားႏွင့္ မတ္တပ္ရပ္ေနသည္။

႐ုတ္တရက္အနားမွာ႐ွိသည့္ေႁမြႀကီးက သူ႔အၿမီးျဖင့္ မိုမိုခါးကိုရစ္ပတ္ကာ ထိုၾကာပြင့္ထဲမွဆြဲထုတ္လိုက္ၿပီး သူ႔အနားသို႔ေခၚလိုက္သည္။

မိုမို ထိုအခ်ိန္ထိေငးေၾကာင္ေၾကာင္ျဖစ္ေနမိၿပီး သူ႔စိတ္အေျခေနက အေတာ္ေလးအဆင္မေျပျဖစ္ေနသည္။ သူ ေနရာတစ္ေနရာကိုေရာက္သြားကာ လူတစ္ေယာက္နဲ႔ေတြ႔ခဲ့တာကိုသာမွတ္မိသည္။ ထိုလူရဲ႕မ်က္ႏွာက သူ႔စိတ္ထဲမႈန္ဝါးေနကာ သူသိတာတစ္ခုက ထိုလူကသူ႔အတြက္အေတာ္ေလး အေရးႀကီးသည္ဆိုတာတစ္ခုသာသိသည္။

"ေဟြ႔လံု "

မိုမို သူ႔ခါးကိုရစ္ပတ္ထားေသာ ေႁမြအၿမီးကိုကိုင္ကာ ထိုေႁမြႀကီးကိုၾကည့္လိုက္သည္။

ေဟြ႔လံုက သူ႔ကိုစိတ္ပူေနေသာမ်က္ႏွာထားျဖင့္ ၾကည့္ေနသည္။

"မိုမိုအဆင္ေျပရဲ႕လား နင္႐ုတ္တရက္ေမ့သြားၿပီး အဲ့ပန္းႀကီးတစ္ခုေပၚလာၿပီး အဲ့ထဲေရာက္သြားတာ ၿပီးေတာ့ ဘယ္ကမွန္းမသိတဲ့ေႁမြႀကီးကေပၚလာေရာ"

ေတာ့ရစ္က မိုမို ျပန္ေရာက္လာတာကိုျမင္ေတာ့တစ္ခုၿပီးတစ္ခုတိုင္တန္းေနသည္။

"ေတာ့ရစ္ နင္ ေအာ္႐ိုခရစ္စတယ္ ကိုစထိမိတုန္းကဘာျမင္ခဲ့ရလဲ "

"ငါအဲ့တုန္းက ငါ့အတြက္အေရးပါတဲ့လူတစ္ေယာက္ ေသဆံုးခဲ့တာကိုျမင္ခဲ့ရၿပီး ေရသူတိုင္းျပည္ရဲ႕ အဆံုးသတ္ကိုျမင္ခဲ့ရတယ္ လူတိုင္းကငရဲမွာလိဳေအာ္ေနၿပီး မီးကေရကိုဝါးၿမိဳေနခဲ့တယ္ နင္ေရာဘာျမင္ခဲ့လဲ"

"ငါ ငါ့အတြက္အမ္းအေရးပါတဲ့သူကိုျမင္ခဲ့ေပမယ့္ သူကဘယ္လိုပံုလဲ မသိသလို ဘာျဖစ္ခဲ့မွန္းလဲမသိဘူး"

ေဟြ႔လံုက မိုမို ကိုယ္တစ္ခုလံုးကိုစစ္ေဆးေနၿပီး ေနာက္မွာ ဆံပင္ၾကားထဲ ညႇပ္ေနေသာ ပန္းပုစိေသးေသးေလးတစ္ခုကို႐ွာေတြ႔သြားသည္။

သူသိခ်င္စိတ္ျဖင့္ သူ႔အၿမီးကိုသံုးေပမယ့္ အၿမီးကႀကီးလြန္းတာေၾကာင့္အဆင္ မေျပျဖစ္ေနသည္။ မိုမိုက ေဟြ႔လံုလႈပ္႐ွားမႈကိုသတိထားမိသြားတာေၾကာင့္ သူ႔လက္ကိုေျမာက္ကာ ဆံပင္ၾကားကအရာကိုယူလိုက္သည္။

"အာ့ဘာႀကီးလဲ "

ေတာ့ရစ္က မိုမိုနားေရာက္လာကာ ေသးငယ္သည့္ၾကာဖူးပိစိေလးကို ၾကည့္လိုက္သည္။ ထိုပန္းအရြယ္က လက္သန္းရဲ႕လက္တစ္ဆစ္ထက္ေတာင္မွေသးငယ္သည္။

႐ုတ္တရက္ အနား႐ွိမိုမိုကို ထုပ္သိမ္းထားခဲ့ဖူးေသာ ၾကာပန္းႀကီးက သူ႔ရဲ႕အျမစ္ေတြကိုဆန္႔ထုတ္ကာ ထိုၾကာပန္းပိစိေလးကို လုယူသြားေတာ့သည္။

႐ုတ္တရက္ျဖစ္လာေသာအျဖစ္ပ်က္ေၾကာင့္ အားလံုးက ထိတ္လန္႔သြားၿပီး သူတို႔ေမ့ေနေသာ ၾကာပန္းႀကီးကိုၾကည့္လိုက္ၾကသည္။

ထိုၾကာပန္းႀကီးရဲ႕အျမစ္ေတြက ေအာ္႐ိုခရစ္စတယ္ နားသို႔ ပန္းပိစိေလးကိုယူသြားေလသည္။

ထို႔ေနာက္ထိုပန္းပိစိေလးက အလင္းမ်ားျဖာထြက္လာသည္မွာ မ်က္စိက်န္းဖြယ္မို႔ လူတိုင္းအလိုေလ်ာက္မ်က္စိ မွိတ္မိသြားၾကသည္။ ထို႔ေနာက္ သူတို႔မ်က္စိျပန္ဖြင့္ေတာ့ ယခင္ကလင္းထိန္ေနေသာအခန္းက ယခုေတာ့မိန္ပ်ေနေသာ အလင္းကိုသာထုတ္လြတ္ေနသည္။

ေတာ့ရစ္ ရဲ႕ပါးစပ္က အၾကယ္ႀကီးဟသြားကာ ၾကမ္းျပင္ကိုေတာင္ထိေတာ့မလိုပင္။

သူေဒါသတႀကီးမိုမိုကိုၾကည့္ကာ ဝမ္းနည္းပက္လက္ေလသံျဖင့္ေျပာလိုက္သည္။

"မိုမို အက်င့္မေကာင္းတဲ့လူသား ငါကနင့္ကိုသူငယ္ခ်င္းလို႔ထင္မွတ္ထားတာကို နင္မို႔လို႔လုပ္ရက္တယ္ ငါ့ရဲ႕သနားစရာ ေအာ္႐ိုခရစ္စတယ္ေလးေတြ "

ေတာ့ရစ္က အေရာင္မွိန္သြားေသာေအာ္႐ိုခရစ္စတယ္ ဂူႀကီးကိုၾကည့္ကာ ဝမ္းနည္းပက္လက္ငိုေနသည္။

"ငါဘာမွကိုမလုပ္ရေသးတာကို''

မိုမိုက ေတာ့ရစ္ကို သူမတားခံေနရေသာေလသံႏွင့္မေက်မနပ္ေျပာလိုက္သည္။

uni

တော့ရစ် ရုတ်တရက်ဖြစ်သွားသော သူ့ရှေ့ကမြင်ကွင်းကြောင့် ခဏတာအေးခဲသွားသည်.

သူ့သူငယ်ချင်းမိုမိုက အော်ရိုခရစ်စတယ်ကို ကိုင်ပြီးနောက် ရုတ်တရက်မေ့မြောသွားကာ ဘယ်ကမှန်းမသိသော ကြာပန်းကြီးတစ်ခု ပေါ်လာပြီး မိုမိုရဲ့လွင့်မျောနေသော ကိုယ်ကိုဝါးမျိုသွားလေသည်။

ထို့နောက် ဘယ်ကမှန်းမသိသောကြီးမားသည့် မြွေကြီးတစ်ကောင်က ရုတ်တရက် ပေါ်လာကာ အေးစက်နေသောအရှိန်ဝါတွေဖြာထွက်နေသော အကြည့်ဖြင့်သူ့ကိုကြည့်လာသည်။

တော့ရစ်က ထိုမြွေကြီးကိုကြောက်တာကြောင့် ဒေါင့်တစ်နေရာတွင်ကပ်နေကာ မိုမို အဆင်ပြေဖို့သာဆုတောင်းနေရသည်။

ဒုန်း

ထိုမြွေကြီးက သူ့ရဲ့အမြီးကိုအသုံးပြုပြီး ကြာပန်းကြီးကိုရိုက်ချလိုက်သည်။ ထိုသို့ဖြစ်နေသည်မှာအချိန်ပေါင်းမနည်းတော့ပေ သို့သော်ကြာပန်းမှာမပြောင်းမလဲဘဲ ရှိနေသည်။

ထိုအချိန်မှာဘဲ ကြာပန်းတွေက တစ်လွှာပြီးတစ်လွှာပွင့်လာကာ အထဲကလူကိုပြသလာသည်။

မိုမို ကထိုကြာထဲတွင်မတ်တပ်ရပ်နေ ငေးကြောင်ကြောင်မျက်နှာထားနှင့် မတ်တပ်ရပ်နေသည်။

ရုတ်တရက်အနားမှာရှိသည့်မြွေကြီးက သူ့အမြီးဖြင့် မိုမိုခါးကိုရစ်ပတ်ကာ ထိုကြာပွင့်ထဲမှဆွဲထုတ်လိုက်ပြီး သူ့အနားသို့ခေါ်လိုက်သည်။

မိုမို ထိုအချိန်ထိငေးကြောင်ကြောင်ဖြစ်နေမိပြီး သူ့စိတ်အခြေနေက အတော်လေးအဆင်မပြေဖြစ်နေသည်။ သူ နေရာတစ်နေရာကိုရောက်သွားကာ လူတစ်ယောက်နဲ့တွေ့ခဲ့တာကိုသာမှတ်မိသည်။ ထိုလူရဲ့မျက်နှာက သူ့စိတ်ထဲမှုန်ဝါးနေကာ သူသိတာတစ်ခုက ထိုလူကသူ့အတွက်အတော်လေး အရေးကြီးသည်ဆိုတာတစ်ခုသာသိသည်။

"ဟွေ့လုံ "

မိုမို သူ့ခါးကိုရစ်ပတ်ထားသော မြွေအမြီးကိုကိုင်ကာ ထိုမြွေကြီးကိုကြည့်လိုက်သည်။

ဟွေ့လုံက သူ့ကိုစိတ်ပူနေသောမျက်နှာထားဖြင့် ကြည့်နေသည်။

"မိုမိုအဆင်ပြေရဲ့လား နင်ရုတ်တရက်မေ့သွားပြီး အဲ့ပန်းကြီးတစ်ခုပေါ်လာပြီး အဲ့ထဲရောက်သွားတာ ပြီးတော့ ဘယ်ကမှန်းမသိတဲ့မြွေကြီးကပေါ်လာရော"

တော့ရစ်က မိုမို ပြန်ရောက်လာတာကိုမြင်တော့တစ်ခုပြီးတစ်ခုတိုင်တန်းနေသည်။

"တော့ရစ် နင် အော်ရိုခရစ်စတယ် ကိုစထိမိတုန်းကဘာမြင်ခဲ့ရလဲ "

"ငါအဲ့တုန်းက ငါ့အတွက်အရေးပါတဲ့လူတစ်ယောက် သေဆုံးခဲ့တာကိုမြင်ခဲ့ရပြီး ရေသူတိုင်းပြည်ရဲ့ အဆုံးသတ်ကိုမြင်ခဲ့ရတယ် လူတိုင်းကငရဲမှာလိုအော်နေပြီး မီးကရေကိုဝါးမြိုနေခဲ့တယ် နင်ရောဘာမြင်ခဲ့လဲ"

"ငါ ငါ့အတွက်အမ်းအရေးပါတဲ့သူကိုမြင်ခဲ့ပေမယ့် သူကဘယ်လိုပုံလဲ မသိသလို ဘာဖြစ်ခဲ့မှန်းလဲမသိဘူး"

ဟွေ့လုံက မိုမို ကိုယ်တစ်ခုလုံးကိုစစ်ဆေးနေပြီး နောက်မှာ ဆံပင်ကြားထဲ ညှပ်နေသော ပန်းပုစိသေးသေးလေးတစ်ခုကိုရှာတွေ့သွားသည်။

သူသိချင်စိတ်ဖြင့် သူ့အမြီးကိုသုံးပေမယ့် အမြီးကကြီးလွန်းတာကြောင့်အဆင် မပြေဖြစ်နေသည်။ မိုမိုက ဟွေ့လုံလှုပ်ရှားမှုကိုသတိထားမိသွားတာကြောင့် သူ့လက်ကိုမြောက်ကာ ဆံပင်ကြားကအရာကိုယူလိုက်သည်။

"အာ့ဘာကြီးလဲ "

တော့ရစ်က မိုမိုနားရောက်လာကာ သေးငယ်သည့်ကြာဖူးပိစိလေးကို ကြည့်လိုက်သည်။ ထိုပန်းအရွယ်က လက်သန်းရဲ့လက်တစ်ဆစ်ထက်တောင်မှသေးငယ်သည်။

ရုတ်တရက် အနားရှိမိုမိုကို ထုပ်သိမ်းထားခဲ့ဖူးသော ကြာပန်းကြီးက သူ့ရဲ့အမြစ်တွေကိုဆန့်ထုတ်ကာ ထိုကြာပန်းပိစိလေးကို လုယူသွားတော့သည်။

ရုတ်တရက်ဖြစ်လာသောအဖြစ်ပျက်ကြောင့် အားလုံးက ထိတ်လန့်သွားပြီး သူတို့မေ့နေသော ကြာပန်းကြီးကိုကြည့်လိုက်ကြသည်။

ထိုကြာပန်းကြီးရဲ့အမြစ်တွေက အော်ရိုခရစ်စတယ် နားသို့ ပန်းပိစိလေးကိုယူသွားလေသည်။

ထို့နောက်ထိုပန်းပိစိလေးက အလင်းများဖြာထွက်လာသည်မှာ မျက်စိကျိန်းဖွယ်မို့ လူတိုင်းအလိုလျောက်မျက်စိ မှိတ်မိသွားကြသည်။ ထို့နောက် သူတို့မျက်စိပြန်ဖွင့်တော့ ယခင်ကလင်းထိန်နေသောအခန်းက ယခုတော့မိန်ပျနေသော အလင်းကိုသာထုတ်လွတ်နေသည်။

တော့ရစ် ရဲ့ပါးစပ်က အကြယ်ကြီးဟသွားကာ ကြမ်းပြင်ကိုတောင်ထိတော့မလိုပင်။

သူဒေါသတကြီးမိုမိုကိုကြည့်ကာ ဝမ်းနည်းပက်လက်လေသံဖြင့်ပြောလိုက်သည်။

"မိုမို အကျင့်မကောင်းတဲ့လူသား ငါကနင့်ကိုသူငယ်ချင်းလို့ထင်မှတ်ထားတာကို နင်မို့လို့လုပ်ရက်တယ် ငါ့ရဲ့သနားစရာ အော်ရိုခရစ်စတယ်လေးတွေ "

တော့ရစ်က အရောင်မှိန်သွားသောအော်ရိုခရစ်စတယ် ဂူကြီးကိုကြည့်ကာ ဝမ်းနည်းပက်လက်ငိုနေသည်။

"ငါဘာမှကိုမလုပ်ရသေးတာကို''

မိုမိုက တော့ရစ်ကို သူမတရားခံနေရသောလေသံနှင့်မကျေမနပ်ပြောလိုက်သည်။

Bạn đang đọc truyện trên: Truyen3h.Co