ချစ်လှစွာသောသားရဲလေး ( ခ်စ္လွစြာေသာသားရဲေလး)
23
မိုမို တို့ လုပ်စရာမရှိတာကြောင့် နန်းတော်ကိုပြန်သွားကြတော့သည်။ တော့ရစ်ကတော့ ဂူကြီးကိုကြည့်ကာ တွန့်ဆုတ်တွန့်ဆုတ် ဖြင့် နောက်မှလိုက်လာ ရှာသည်။
သူတို့ နန်းတော်နားမရောက်ခင်တော်တော်ဝေးဝေးကနေတောင် ကြယ်လောင်သော အသံများကိုကြားနေရသည်။
အစက နန်းတော်ထဲ ခိုးကြောင်ခိုးဝှက်နှင့် ဝင်ဖို့လုပ်ပေမယ့် ခုလိုအသံတွေကြောင့် ပထမအကြံကို စွန့်လွတ်လိုက်ပြီး အသံကြားရာနောက်သို့ နှစ်ယောက်သား သွားကြသည်။
အသံကြားရာနေရာကတော့ နန်းတော်ရှေ့ဘက်အဝင်ဝမှာဖြစ်ကာ မြင်ကွင်းက အတော်လေးရှုပ်နေပြီး အခြေနေကိုမြင်ရဖို့အတော်လေး ကြိုးစားလိုက်ရသည် ။
အခင်းဖြစ်ရာနေရာမှာတော့ ပြိုကျနေသည့် အဆောက်ဦးများနှင့် အမှိုက်များဖြင့် ပြည့်နေကာ အလယ်တွက်တော့ ရေသူမိဖုရားနှင့် သုံးခွ ခရင်းလက်နက်ကိုင်ထားသော ရေသူဘုရင်ရယ်ရပ်နေပြီး ခရစ်ကတော့ သူ့အမေကိုထိန်းကိုင်ထားလေသည်။
ကျန်တစ်ဖက်မှာတော့ အယ်လ် ရှိနေကာ သူ့လက်ထဲတွင် ထူးဆန်းသည့် တုတ်ချောင်းတစ်ခုကိုကိုင်ထားကာ ခရစ်ကို နာမည်တပ်ဖို့ခက်ခဲသည့်အကြည့်နှင့်ကြည့်နေသည်။
"အမေ..."
သူ့ဘေးက တော့ရစ်က စိုးရိမ်တကြီး အော်ကာ အားနည်းဟန်ပေါ်နေသော အမေဖြစ်သူဆီပြေးသွားသည်။
သားရဲကမ္ဘာမှာ မိန်းမတွေမရှိတော့တာမှန်ပေမယ့်လို့ လုံးဝမရှိဘူးလို့ မဆိုလိုပေ။ ရေသူဘုရင်မက ထိုသူတွေထဲကတစ်ယောက်ဖြစ်ကာ သားရဲကမ္ဘာမှာတော့ မိန်းမတွေက နတ်ဘုရားတမန်တော်နီးပါးထိ တန်ဖိုးထားခံရသည်။
ထို့ကြောင့်လဲ ရေသူဘုရင်က သူ့မိန်းမကို အဖိုးတန်ရတနာလေးလို ဆက်ဆံကာ တခြားရေသူဘုရင်တွေလို မိန်းမအများကြီးမယူရသည့်အကြောင်းလဲဖြစ်သည်။
တော့ရစ် သူ့အမေဖြစ်သူကို ဘေးကထိန်းကိုင်လိုက်ပြီး သူ့ရှေ့ရပ်နေသော အယ်လ် ကိုကြည့်လိုက်သည်။
"ဘာတွေဖြစ်နေတာလဲ"
သူမေးခွန်းထုတ်နေသောလေသံဖြင့်မေးလိုက်သည်။
"တော့ရစ်!!!"
တော့ရစ်မေးခွန်းပြီးသည်နှင့် ဘေးကရေသူဘုရင်မကအသံစူးစူးဖြင့် အော်လိုက်ကာ သူမကိုထိန်းကိုင်ထားပေးသော ခရစ်လက်မှ ရုန်းထွက်ကာ တော့ရစ်ကို ဘယ်ညာ လှည့်ပြီး စစ်ဆေးနေသည်။
"နေမကောင်းဖြစ်နေသေးတာကို ဘာလို့အပြင်ထွက်ရတာလဲ အခန်းထဲမှာပဲနားနေခိုင်းတယ်မလား ခုဘယ်ကပြန်လာတာလဲ တစ်နေရာရာထိခိုက်သွားသေးလား"
တော့ရစ်သူ့ကိုမရပ်မနား ဆူနေသော အမေဖြစ်သူကိုကြည့်ကာ သက်ပျင်းရှည်ကြီးတစ်ခုကို ချလိုက်ပြီးနောက် ရုတ်တရက် မိုမို ကိုသူထားခဲ့မိကြောင်း သတိရသွားကာ ရှာကြည့်လိုက်တော့ မိုမိုက သူတို့ရှိရာသို့ တဖြည်းတဖြည်းချင်း ရေကူးလာတာကို တွေ့လိုက်ရသည်။
"မာမား ဘားတွေဖြစ်နေတာလဲ"
သူးမေးခွန်းဆုံးသည်နှင့် ရေသူဘုရင်မက တော့ရစ်ကို တင်းကြပ်စွာ ဖက်ကာ အယ်လ်ကို မုန်းတီးစွာကြည့်နေသည်။
အယ်လ် ကသူမအကြည့်ကိုခံစားမိဟန်ပင် သူတို့ဘက်သို့လှည့်ကြည့်လာလေသည်။ အယ်လ်အကြည့်ကိုမြင်သည်နှင့် ရေသူဘုရင်က သူ့သားနှင့် ဇနီး ဖြစ်သူရှေ့တွက် ရပ်လိုက်ကာ အယ်လ်ရဲ့ မြင်ကွင်းကိုကွယ်လိုက်သည်။
တစ်ဖက်တွင်တော့ ခရစ်က အလျင်မလိုဟန်ဖြင့် သူ့ဖခင်ဘေးတွင်ရပ်လိုက်ကာ သူ့အသံကိုမြင့်ပြီးပြောလိုက်သည်။
"ဘိုးဘေးတွေပြောသလိုပဲ လူသားတွေကအလိုလောဘကြီးပြီး အမြဲ ရေသူမျိုးနွယ်ကို သတ်ဖြတ်ဖို့ ကြိုးစားနေတယ်ဆိုတာအမှန်ပဲ အယ်လ် ငါတို့တွေက လူသားဖြစ်တဲ့ သင့်ကို ကူညီခဲ့တာတောင် သင်ကခုလိုကျေးဇူးဆပ်လိုက်တာလား "
"မဟုတ်ဘူး ရစ် နင်သိပါတယ် ငါဘာလို့ခုလိုလုပ်လဲဆိုတာ ငါ ငါက ရေသူမျိုးနွယ်ပေါ် အဲ့လိုစိတ်မရှိပါဘူး ငါ့ကိုယုံပါ"
အယ်လ်က ခရစ်စကားကြားသည်နှင့် စိုးရိမ်တကြီးရှင်းပြလာကာ သူ့အမူရာတွေက တကယ်ကိုစစ်မှန်နေကာ ဟန်ဆောင်နေသည့်ဟန်မပေါ်ပေ။
"ဟက် ရေသူမျိုးနွယ်ပေါ် ရန်မပြုဘူးတဲ့လား အာ့ဆို ငါ့ ခမည်းတော်လက်မောင်းပေါ်က ဒဏ်ရာကရော ငါ့ညီတော်ရဲ့ ရောဂါရောကိုဘယ်လိုရှင်းပြမှာလဲ "
"အစ်ကို ကျွန်တော့်ရောဂါက"
တော့ရစ်စကားမဆုံးခင်မှာတင် ခရစ်ဖြတ်ပြောလာပြန်သည်။
"အစထဲက အကြံစည်တွေနဲ့ ငါတို့ရေသူမျိုးနွယ်ကိုချဥ်းကပ်ခဲ့တာမလား အရင်က ခေါ်လာတဲ့လူသားတွေကလဲ နင့်ဘက်ကပဲမလား မဟုတ်ဘူး မဟုတ်ဘူး ငါ့ညီတော်ကို တမင်တကာ ဒဏ်ရာရအောင်လုပ်ပြီး လူသားတွေရဲ့သွေးနဲ့ ကုသနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်မရှိတဲ့အရာကို ငါတို့ယုံခဲ့တာ တကယ်တော့နင်က ကိုယ့်လူမျိုးတောင် ကိုယ်သတ်တဲ့ မကောင်းဆိုးဝါးပဲ"
"မဟုတ်ဘူး! !!"
အယ်လ်က ခရစ်စကားကိုဖြတ်ကာအော်လာပြီး သူ့မျက်လုံးကနီလာကာ ငိုနေပုံရသည်။ သို့ပေမယ့်ရေထဲမှာဖြစ်နေတာကြောင့်မျက်ရည်တွေကိုတော့မြင်ရမည်မဟုတ်ပေ။
"ငါသူတို့ကိုမသတ်ခဲ့ဘူးဆိုတာ နင်လဲသိနေတာပဲလေ"
"ဒါဆိုနင့်အခန်းကသွေးကန်ကြီးကိုရော ဘယ်လိုရှင်းပြမလဲ"
"ငါ. ငါသူတို့သွေးနည်းနည်းပဲယူတာပါ တကယ်နည်းနည်းပဲယူပြီး သူတို့ကို ကျွန်းပေါ် ပြန်လွတ်ပေးခဲ့တာပါ ငါခုလိုလုပ်တဲ့အကြောင်းကိုလဲ နင်သိနေတာပဲလေ"
"ဒီလိုညစ်ပတ်တဲ့အရာတွေကို ကိုယ့်ဘာသာပဲလုပ် ငါ့ကိုတော့မဆွဲချနဲ့"
"မဟုတ် မဟုတ်ဘူး"
အာ်လ်က တော့ရစ်နဲ့စကားအချေတင်ဖြစ်နေချိန်ကိုအခွင့်ကောင်းယူကာ ရေသူဘုရင်က သူ့မိန်းကိုမြောက်ပြီး မှော်ဂါထာ တစ်ခုကိုရေရွတ်လိုက်သည်။
အယ်လ် ရုတ်တရက်သူ့ဆီရောက်လာသောရေဝဲတွေကို ရှောင်တိမ်းနေကာ သူ့ရဲ့ မှော်နှင်တံကိုမြောက်ပြီးနောက် မှော်ဂါထာကို ရေရွတ်လိုက်သည်။
"အစ်ဘလစ်တစ်"
ဂါတာဆုံးသည်နှင့် ရုတ်တရတ်အတော်လေးကြီးသည့် မီးလုံးကြီး ပေါ်လာပြီး ထိုမီးလုံးက ကြီးသထက်ကြီးလာကာ ၃ ပေနီးပါးထိကြီးမားလာပြီးနောက် ေရသူဘုရင်ဆီတန်းရောက်သွားသည်။
မိုမို တော့ရစ်ရှိရာသို့ရေကူးသွားနေသည်။ သူကရေသူမဟုတ်တာကြောင့် အရှိန်ကအေတာ်လေးနှေးနေသည်။ ရုတ်တရက်ဆိုသလို သူ့မျက်နှာဘေးမှ လျပ်တိုက်ပြီး ကြီးမားသည့်မီးလုံးကြီးပျံထွက်သွားကာ ဘန်းခနဲ အသံကျယ်ကြီးကိုကြားလိုက်ရသည်။
မီးလုံး..... မီးလုံး!!!!
မိုမို သူ့စိတ်ထဲအော်ဟစ်နေကာ နေရာမှာတင်ခဲသွားသည်။ ရေထဲမှာ မီးလုံးရှိနေတယ်။
မိုမိုတစ်ယောက်ထဲ ထိတ်လန့်သွားတာမဟုတ်ပဲ တော့ရစ်လဲ နေရာမှာတင်အေးခဲသွားပြီး အော်ရိုခရစ်စတယ်ဂူ ထဲရောက်တုန်းက သူမြင်ခဲ့သည့်မြင်ကွင်းကိုသတိရသွားကာ ဇတ်ရည်မလည်သေးသော ဇာတ်လမ်းက တဖြည်းဖြည်း ပင့်ကူအိမ်လို တစ်ခုနှင့်တစ်ခုချိတ်ဆက်မိသွားပြီး ရလဒ်ကသူ့ကို သွေးပျက်ကာ ရူးမလိုထိတ်လန့်စေသည်။
မီးလုံးကြီးက ခုနကတင် မှော်ဂါထာ သုံးထားသော ရေသူဘုရင်ထံ အတော်လေးမြန်သည့်အရှိန်ဖြင့် ပျံသွားသည်။ ဘေးနားတွင်ရပ်နေသော ခရစ်က ရေသူဘုရင်ကိုတစ်ဖက်သို့တွန်းလိုက်ကာ သူက ရေသူဘုရင်လက်ထဲမှ ချော်သွားသော သုံးခွခရင်းကို ယူပြီး အယ်လ် ထံသို့ရေကူးသွားလိုက်သည်။
အယ်လ်က မီးမှော်ဂါထာပြီးနောက် နောက်ထက်မှော်ဂါထာ ရွတ်နေတုန်းမှာတင် သူ့ထံ အရှိန်နှင့်ရေကူးလာသော ခရစ်ကိုမြင်လိုက်ရကာ ပျော်သွားပြီး သူ့မှော်နှင်တံကို အောက်ချလိုက်စဥ် ခရစ်ကိုင်လာသော သုံးခွမိန်းကိုပါတစ်ဆက်ထဲမြင်လိုက်ရပြီး သူ့မျက်လုံးကအံသြမှု့ကြောင့်ပြူးကျယ်သွားသည်။
"ဘာလို့"
စကားမဆုံးခင် အယ်လ်ရဲ့ ရင်ဘက်ကတုတ်ချင်းပေါက်သွားကာ ခရစ်ရဲ့ တောင်းပန်သည့်အသံတိုးတိုးလေးကိုကြားလိုက်ရပြီးနောက် အရာအားလုံးဆုံးရှုံးသွားသည့်လူလို မျက်လုံးကိုမှိတ်လိုက်ကာ သူ့ရဲ့ကံတရားကိုလက်ခံလိုက်သည်။
ခရစ်က ညာလက်မှာ သုံးခွခရင်းကိုင်ထားပြီး ထိပ်မှာ အယ်လ်ရဲ့အလောင်းရှိနေကာ ခါးကိုမတ်မတ်ရပ်နေပုံက စစ်ပွဲအတွင်း ရန်သူ့ခေါင်းဆောင်ရဲ့ခေါဂ်းကို ကိုင်ပြီးရပ်နေသော စစ်သူကြီးနှင့်တောင်တူသည်။
ဖြစ်ပျက်သွားသည်များကအလွန်မြန်နေသဖြင့် မိုမိုမှာ ဘာမှမတုန့်ပြန်နိုင်ဖြစ်နေပြီး သူ့စိတ်ထဲ မီးလုံးကြီးကသာကြီးဆိုးနေသည်။
တော့ရစ်က သုံးခွမိန်းကြီးကိုင်ထားသော အစ်ကိုဖြစ်သူကိုသာ မျက်နှာသေနှင့် ကြည့်နေမိသည်။ သုံးခွမိန်းဆိုတာ ဘုရင်တွေသာကိုင်ခွင့်ရတာဖြစ်ပြီး ခရစ်က ခုလို ကိုင်လိုက်တာက သူကနောက်တက်မည့်ဘုရင်ဖြစ်ကြောင်း ပြောလိုက်တာနှင့်တောင် တူနေသည်။
ပိုထူးဆန်းတာက သူ့ခမည်းတော်ကလဲ ဘာမှမကန့်ကွက်ပဲ နေရာမှာပဲ တိတ်တဆိတ်ရပ်နေသည်။ သူတစ်ဖက်သို့လှည့်လိုက်တော့ နေရာမှာတင်ကြောင်တောင်တောင်ရပ်နေသော မိုမိုကို တွေ့လိုက်တာကြောင့် အမြန်ပုန်းဖို့အချက်ပြလိုက်ရသည်။
ခုအချိန်က လူသားတွေရှိနေဖို့အချိန်ကောင်းဟုတ်မနေဘူး။ အယ်လ်ရဲ့အလောင်းကိုတော့ နန်းတော်အစောင့်တွေက ယူသွားလေသည်။
zawgyi သမားတွေခနစောင့်ပေးနော်နောက်မှပြန်ထည့်ပေးမယ်
Bạn đang đọc truyện trên: Truyen3h.Co