Truyen3h.Co

ကျွန်မချစ်သူ မြေခွေးမလေး

Extra 4

KimFany059

Jiminတစ်ယောက် truckကားရှေ့တွင် ရပ်ပြီး Matthewကို စောင့်နေသည်

Matthewက Jiminကို မုန့်ဝယ်ကျွေးထားပြီး ဆိုင်ရှေ့တွင် စောင့်ခိုင်းထားတယ်

သူကတော့ အမျိုးသားတစ်ဦးနဲ့ စကားပြောနေတာကို Jimin တွေ့ရသည် 

သူတို့ရဲ့ body language ကို ကြည့်ရသလောက် ပိုက်ဆံကိစ္စပြောနေကြမှန်း Jimin သဘောပေါက်တယ်

လူသားတွေက ဘာလို့ ပိုက်ဆံကို မက်မောနေရတာလဲ

Matthew က သူ့ရဲ့သီးနှံတွေထည့်ထားတဲ့ အိတ်ကို စားပွဲခုံပေါ်တင်ပြီး ပိုက်ဆံနဲ့လဲနေတာကို Jiminတွေ့ရသည်

လူသားတွေက တော်တော်ထူးဆန်းတာဘဲ စားဖို့ အသီးအနှံတွေ အများကြီး ရှိနေတာကို ဘာလို့ ပိုက်ဆံလိုနေသေးတာလဲ

Matthewက ပိုက်ဆံနဲ့လဲပြီး အပြင်ကို ထွက်လာလိုက်သည်

"Come on kid let's go "

Matthew က သူ့ကို kidလို့ ခေါ်လို့ Jimin မျက်မှောင်ကြုတ်သွားတယ်

Matthewက သူ့ကို စာသင်ပေးထားတော့ Kidက ကလေးလို့ ခေါ်မှန်း သိတယ်လေ

Jiminလည်း အနောက်ကို လှည့်ရော Evanတို့ လင်မယားကို တွေ့ပြီး ခြေလှမ်းတွေ ရပ်တန့်အေးခဲသွားတယ်

Evanတို့ လင်မယားကလည်း Jiminကို တွေ့တော့ ခြေလှမ်းတွေ ရပ်သွားတယ်

တစ်ရပ်ကွက်ထဲနေပေမယ့်လည်း Jiminကို အိမ်ကနှင်ထုတ်ပြီး နောက်ပိုင်း Evanတို့ကို Jimin မတွေ့ရတော့ဘူးလေ

Evanကို တွေ့ပြီး Jimin အရမ်းစိတ်တိုလာတယ်

သူ့ရဲ့ဂူမီဟို အစွမ်းတွေသာရှိသေးရင် Evanကို တစ်စစီဖြစ်အောင် လုပ်မိမှာ သေချာတယ်

"You gnitsugid eciep of shit "

Shitဆိုတဲ့စကားက ချီးကို ပြောတာမှန်းသိလို့ Jimin ဒေါသထွက်လာပြီး Evan ကို ရိုက်မယ်လုပ်တော့ Matthew က Jiminကို တားသည်

ထို့နောက် Matthew က Evanကို ရုတ်တရက် ဆောင့်ဆွဲပြီး ပိတ်ထိုးသည်

Alicaမှာ လန့်ပြီး အော်နေစဥ် Jiminမှာလည်း ဘာလုပ်ရမှန်းမသိဖြစ်နေသည်

ကြမ်းပြင်ပေါ်လဲကျသွားတဲ့ Evan ကို Matthew အားပါးတရထိုးပြီးနောက် Jiminကို ခေါ်ပြီး ကားပေါ်သို့ Matthew တက်လာသည်

အိမ်ပြန်လမ်းတွင် Matthewမှာ ကားစီယာတိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ကားမောင်းနေတာကို Jimin ကြည့်နေသည်

Matthew မှာ ကိုယ်ခန္ဓာကြီးမားပေမယ့် လူတစ်ဖက်သားကို ရိုက်နှက်တာမျိုး Jimin တစ်ခါမှ မတွေ့ဖူးဘူးလေ

နောက်မှ Jimin တစ်ခုခုကို သတိရသွားတယ်

Jimin နှင်ထုတ်ခံရတဲ့နေ့က Matthew က Jiminကို အကျိုးအကြောင်းမေးတော့ Jiminက သူပြောတတ်လောက် Matthew ကို လက်ဟန်ခြေဟန်တွေနဲ့ ပြောပြရှင်းပြခဲ့တယ်လေ

အဲ့တုံးက Matthewက အရမ်းလန့်ပြီး ဒေါသတွေထွက်နေတာကိုလည်း Jimin မှတ်မိသေးတယ်

သိချင်စိတ်ကြောင့် Jimin နောက်ဆုံးတော့ Matthewကို မေးလိုက်သည်

"ဘာလို့ Matthew က "

Jiminမှာ မေးသင့်လားမမေးသင့်လား မသိလို့ ပြောလိုက်စ စကားကို ရပ်လိုက်သည်

"I can't stand tispar eciep of shit "

Jimin နားမလည်ပေမယ့် ခေါင်းညိတ်ပြလိုက်တယ်

"မင်းက ငါ့ရဲ့.....နောင်တကို သတိရစေတယ်....သူ့ကိုလည်း တစ်ယောက်ယောက်က အဲ့လိုလုပ်ရင် ငါသတ်မိမှာ "

Matthew englishလို ပြောတာကို Jimin နည်းနည်းနားလည်သည်

"Your daughter?"

"yes my daughter "

သြော် သူနေနေတဲ့ အခန်းက Matthewရဲ့ သမီးအခန်းကိုး ဒါကြောင့်မို့လို့ အခန်းထဲ ပစ္စည်းအစုံအလင်ရှိနေတာ

ပြီးတော့ Minjeong ပြောပြဖူးတဲ့ အဖေအကြောင်းလည်း သတိရသွားတယ်

အဖေတစ်ယောက်ရှိရတဲ့ ခံစားချက်က ဘယ်လိုမျိုးလည်းဆိုတာ Jimin သိချင်မိသည်

"Where is your daughter "

Jiminကမေးတော့ Matthew သက်ပြင်းချသည်

"she left me "

"Why? "

"Because of me..."

Matthewက သူ့ရင်ဘတ်ကိုသူ ပုတ်ပြီး ပြောလိုက်သည်

"Why?"

သိချင်နေတဲ့ Jimin တစ်ယောက် ထပ်မေးပြန်သည်

"ငါဆိုးတာတွေ အများကြီးလုပ်ခဲ့တယ် သူက အဲ့လိုလုပ်တာမကြိုက်ဘူး "

Matthew englishလို ပြောလိုက်သည်

"အဲ့တာကြောင့်လေ သူက ငါ့ကို ထားသွားတာ "

"ဘာလို့ အဲ့လိုလုပ်ရတာလဲ '

"ရှင်သန်ဖို့လေ အသက်ရှင်ဖို့ဆိုရင် မကောင်းတဲ့အလုပ်လုပ်ရမယ်ဆိုလည်း လုပ်ရမှာပေါ့ "

"We're same...."

Jiminရဲ့ စကားကြောင့် Mattewက ရယ်လိုက်သည်

"မင်းလို ကလေးက ..."

"Jimin do many bad things too "
.Jiminပြောပြီး ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်တယ်

ညသန်းခေါင်တွင် Minjeong နဲ့အတူ Jimin ပေါင်မုန့်တွေလုပ်နေသည်

အလုပ်ကြိုးစားလွန်းတဲ့ Minjeongကို ကူညီချင်လို့ Jimin ညမအိပ်ဘဲ အောက်ဆင်းလာကူနေတာလေ

ပေါင်မုန့်ဖုတ်ရင်း ပြုံးနေတဲ့ Minjeong အပြုံးလေးကို Jimin ကြည့်ရတာ အရမ်းသဘောကျသည်

"Jimin ဘီဒိုပေါ်က အိုးလေး ယူပေးပါအုံး "

Jiminက Minjeong ထက် အရပ်ပိုရှည်တော့ Minjeong ယူခိုင်းတဲ့ အိုးလေးကိုယူပေးလိုက်သည်

"ရော့ Minjeong "

"ကျေးဇူးပါ "

"Blondie လုပ်နည်း Aeriတို့က နင့်ကို သင်ပေးထားလား Jimin "

"အင်း သင်ပေးထားတယ် Minjeong "

"ငါ့ကို အရသာထုပ်လေး ရေခဲသေတ္တာပေါ်ကနေ ယူပေးပါအုံး "

Minjeong က ခိုင်းလို့ Jimin သွားယူစဥ် Minjeongက သူ့ခါးကို အနောက်ကနေ သိုင်းဖက်သည်

"Jimin "

"Humm.. "

"နင် ဘယ်အချိန်မှ ပြန်လာမှာလဲ "

Minjeong ရဲ့ စကားကြောင့် Jimin မျက်မှောင်ကြုတ်သွားတယ်

"ငါ ဒီမှာ ရှိနေတယ်လေ "

"နင် ဘယ်မှာလဲ...."

ရုတ်တရက် လင်းထိန်းနေတဲ့ မီးဖိုခန်းက မှောင်မဲသွားလေသည်

"ငါ ငါလည်း မသိဘူး "

"နင် ငါ့ဆီ ပြန်လာမယ်လို့ ကတိပေးခဲ့တယ်လေ အခု နင်ဘယ်ရောက်နေလဲ ဘယ်မှာလဲ ဘာလုပ်နေလဲ "

"ငါ ငါ ဘယ်မှာမှန်း မသိဘူး "

Jimin ရုတ်တရက် အိမ်မက်ကနေ လန့်နိုးလာတယ် သူအိမ်မက်မက်နေတာဘဲ

အိမ်မက်ထဲမှာ Minjeong က သူ့ကို ပြန်လာခိုင်းနေပြီ

Minjeongဆီ ပြန်သွားဖို့ ဘယ်လိုလုပ်ရမလဲ

Jimin အိပ်မပျော်ဘဲ ဟိုလှိမ့်ဒီလှိမ့်လုပ်နေစဥ် Matthewရဲ့ အော်သံကို ကြားရလေသည်

"မင်းတို့ကောင်တွေ ဘာလာလုပ်တာလဲ "

Jimin ကုတင်ပေါ်က အမြန်ဆင်းပြီး ပြတင်းပေါက်ကနေ လှမ်းကြည့်တော့ ခြံထဲကို တုတ်တွေနဲ့ဝင်လာတဲ့ Evanနဲ့ လူတစ်ချို့ကို တွေ့လိုက်ရသည်

မနက်က ကိစ္စအတွက် Evanက လက်စားချေဖို့ လာတာဘဲ မဖြစ်ဘူး Matthewကို သွားကူမှဖြစ်မယ်

Jimin အမြန်ဘဲ အိမ်အောက်ကို ပြေးဆင်းလာသည်

တစ်ခါတစ်လေ လူသားခန္ဓာကိုယ်ကို စိတ်ပျက်မိသည် အားနည်းလို့လေ ဂူမီဟိုသာဖြစ်နေသေးရင် Evanတို့လောက်ကတော့ အပျော့ဘဲ

အခုတော့ တတ်နိုင်သလောက် Matthewဘက်ကနေ ဝင်ကူပေးလိုက်ပါအုံးမယ်

#tbc

#zawgyi









"Come on kid let's go "



















"ဘာလို့ Matthew က "






"Your daughter?"

"yes my daughter "




"Where is your daughter "


"she left me "

"Why? "

"Because of me..."


"Why?"







"We're same...."


"မင်းလို ကလေးက ..."







"ရော့ Minjeong "

"ကျေးဇူးပါ "





"Jimin "

"Humm.. "



"ငါ ဒီမှာ ရှိနေတယ်လေ "

"နင် ဘယ်မှာလဲ...."


"ငါ ငါလည်း မသိဘူး "













#tbc

Bạn đang đọc truyện trên: Truyen3h.Co