Extra 3
Minjeong ကို Jimin အရမ်း သတိရနေမိတယ်
မုန့်ဖုတ်ခန်းထဲ Minjeongကို နမ်းခဲ့တဲ့အချိန်တွေကိုလည်း လွမ်းမောနေတယ်
Minjeong ရဲ့ နှုတ်ခမ်းတွေ နို့နှစ်ရောင် အသားရည်တွေ နှစ်ယောက်သား နမ်းနေချိန် သူ့နောက်ကျောကို ကုတ်တွယ်နေတဲ့ Minjeongရဲ့ လက်ဖဝါးလေးတွေ Minjeongရဲ့ ညည်းသံလေးတွေကို Jimin အရမ်းသတိရနေတယ်
အခုချိန်မှာတော့ Minjeong ရဲ့ အင်္ကျီလေးဘဲ Jimin ဖက်တွယ်ပြီး အလွမ်းဖြေနေရသည်
Jimin ညတွေမှာဆို တစ်ခါတစ်လေ အိပ်ပျော်ဖို့ ခက်ခဲတယ် အတွေးတွေဝင်လာပြီး ကုတင်ပေါ် ဟိုလှိမ့်ဒီလှိမ့်နဲ့ အဆင်မပြေပေ
လူတစ်ယောက်ဖြစ်ရတာ တကယ်မလွယ်ကူပါလား
Jimin ညတွေမှာ အိပ်မပျော်တဲ့အခါ တစ်ယောက်တည်း Minjeong သင်ပေးတဲ့အတိုင်း မုန့်ဖုတ်လေ့ရှိသည်
အခုလည်း Minjeongကို အိပ်မက်မက်လို့ နိုးလာပြီး ပြန်အိပ်မရဖြစ်နေတာနဲ့ Jimin မုန့်ဖုတ်ဖို့ ထလာခဲ့သည်
Aliciaက အိပ်နေတာမို့လို့ အနှောင့်အယှက်မဖြစ်အောင် Jimin ဂရုတစိုက်နဲ့ မုန့်တွေနယ်နေသည်
ထိုစဥ် မုန့်နယ်နေရင်း တံခါးဖွင့်သံကို Jimin ကြားလိုက်ရသည်
Evan မှာ အိမ်ထဲကို ဝင်လိုက်တော့ တစ်ယောက်ယောက် မအိပ်သေးတာသိပြီး အံ့သြနေသည်
Jimin ဂူမီဟို အစွမ်းတွေ မရှိတော့တာတောင် Evanဆီက အရက်နံ့တွေကို ရနေတယ်လေ
ဒီအရက်တွေကို ဘာလို့ လူသားတွေ သောက်နေကြလည်းဆိုတာ Jimin ခုထိနားမလည်ပေ
"Tnac sleep "
Evanမှာ မီးဖိုခန်းထဲဝင်လာပြီး Jiminကို တိုးတိုးလေး မေးလိုက်သည်
Jiminလည်း sleepဆိုတဲ့ စကားကို သတိထားမိပြီး မအိပ်သေးဘူးလားလို့ မေးတာမှန်း သဘောပေါက်သွားလို့ ခေါင်းခါပြလိုက်သည်
"Actaw ginkm ?"
Jiminမှာ Evanက တစ်ခုခုမေးလိုက်မှန်းသိပေမယ့် ဘာကိုမေးမှန်း နားမလည်ပေ
"Cake....Cakeလုပ်နေတာ "
"Wow cake? "
Evanမှာ ကိတ်မုန့်ဆိုတဲ့စကားကို ကြားတော့ စိတ်လှုပ်ရှားသွားပြီး Jiminနား လျှောက်လာသည်
ပြီးတော့ ပန်းကန်ထဲ လက်နဲ့နှိုက်တော့ Jiminက Evanရဲ့ လက်ကို လှမ်းကိုင်သည်
Aeriက မုန့်ပန်းကန်ထဲ လက်နဲ့မနှိုက်ဖို့ ဇွန်းသုံးဖို့ Jiminကို သင်ပေးခဲ့တာ သတိရသွားလို့လေ
Jimin အပြုအမူကြောင့် Evan ရယ်လိုက်သည်
ပြီးတော့ အရက်ကလည်းမူးနေတော့ ဒယိမ်းဒယိုင်ဖြစ်သွားတာနဲ့ Jiminမှာ Evanကို အမြန်လှမ်းဖမ်းလိုက်သည်
Evan အမူးသမားမှာ အခွင့်အရေးယူပြီး Jiminရဲ့ ခါးကိုဖက်လိုက်သည်
Jiminလည်း Evanက သူ့ကို အခွင့်အရေးယူတာ သိပြီး ဘေးနားက Panနဲ့ကောက်ရိုက်လိုက်တယ်
"တောက် you fucking bitch"
Jimin အဲ့စကားကိုတော့ သူ့ကိုဆဲနေမှန်း နားလည်သည် ဘာလို့လဲဆိုတော့ ယောင်္ကျားတွေက သူ့ကို ခဏခဏဆဲဖူးတယ် မဟုတ်လား
Evanက သူ့လက်ကို ဖမ်းချုပ်ပြီး အတင်းနမ်းမယ်လုပ်တော့ Jiminက Evanကို ဆောင့်ကန်သည်
Evanမှာ Jiminကို ပိတ်ရိုက်ပြီး တက်ခွမယ်လုပ်စဥ် ဆူညံသံတွေကြောင့် Alicia နိုးလာပြီး မီးဖိုခန်းထဲ အမြန် ပြေးဝင်လာတယ်
Jimin လက်ထဲက ကြွပ်ကြွပ်အိတ်ကို မြဲမြဲကိုင်ရင်း အံကိုကြိတ်ထားမိသည်
Aliciaက သူ့ကို တံခါးပေါက်ဘက် သွားဖို့ ညွှန်ပြနေတာကိုလည်း တွေ့ရသည်
"ကျွန်မမှာ သွားစရာနေရာမရှိဘူးလေ "
Jiminက ပြောတော့ Aliciaမှာ နားလည်တဲ့ပုံစံနဲ့ခေါင်းညိတ်ပြပြီး Jiminကို တောင်းပန်တယ်
သူ့ကိုနားလည်ပေးဖို့ အတွက်ပေါ့
"I t'nac evah you dnuora ya Evan.Im... Jimin "
"ကျွန်မ ဘာအမှားမှမလုပ်ဘူးလေ...."
Jimin ရှင်းပြဖို့ ကြိုးစားလေသည်
ဒါပေမယ့် Aliciaကတော့ Jiminကို အိမ်ကနေ ထွက်သွားဖို့ဘဲ နှင်ထုတ်နေသည်
Jiminလည်း သက်ပြင်းချပြီး Aliciaအိမ်ကနေ ထွက်လာသည်
လမ်းမပေါ်လျှောက်သွားရင်း Minjeongကို Jimin အရမ်းသတိရနေတယ်
Aeriနဲ့ Yizhuo ကိုလည်း Jimin လွမ်းနေတယ် သူ့အပေါ် အရမ်းနွေးထွေးခဲ့တယ်မဟုတ်လား
Jimin ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး သက်ပြင်းထပ်ချပြန်သည်
ဒီညတော့ လမ်းဘေးမှာ အိပ်ရတော့မှာဘဲ
Jimin ငုတ်တုတ်ထိုင်ချတုံး ထရပ်ကားတစ်စီးက သူ့ဘေးလာရပ်သည်
"Hey you...."
Jimin သူ့ကိုခေါ်လို့ ကြည့်လိုက်တော့ ထရပ်ကားပေါ်က အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်
ထိုအမျိုးသားကို Evanတို့က မိတ်ဆက်ပေးထားတာကို သတိရပြီး ပြုံးပြလိုက်တယ်
"ekgoy you gina tuo ereh. Evan? dna Alicia hago "
Jiminမှာ ထိုအမျိုးသား ဘာပြောနေမှန်း နားမလည်ပေမယ့် Evanတို့ နာမည်ကြားလို့ ခေါင်းခါပြလိုက်သည် သူတို့နဲ့အခု Jiminက မပတ်သက်တော့ဘူး မဟုတ်လား
Jiminက ခေါင်းခါပြလို့ ထိုအမျိုးသားမှာ မျက်မှောင်ကြုတ်သွားတယ်
"You deen erehwemos ot hsarc? "
ထိုအမျိုးသားက ဘာပြောမှန်းမသိလို့ Jimin ဘာမှပြန်မဖြေဘဲ ရပ်ကြည့်နေသည်
ထိုအမျိုးသားက ကားတံခါးဖွင့်ပေးမှ သူ့ကို ကားပေါ်တက်ဖို့ ခေါ်မှန်း Jimin သဘောပေါက်သွားတယ်
Jiminမှာ ကားပေါ်တက်သင့်မတက်သင့် တွေးနေပေမယ့် ထိုအမျိုးသားက ကားပေါ်က ဆင်းလာပြီး Jiminကို တက်ခိုင်းသည်
ကားပေါ်တွင်
"Jimin right....I'm Matty...Matthew..."
ထိုအမျိုးသားက သူ့ကိုယ်သူ မိတ်ဆက်ပေးတော့ Jimin ခေါင်းညိတ်ပြတယ်
********
"Hey...Emoc on "
Donutကို ကြည့်ပြီး ငိုင်နေတဲ့ Jiminကို Mattyက လက်ဖျောက်တီးကာ ခေါ်လိုက်သည်
"အာ...It's donut? "
Jiminက မေးတော့ Mattyက ခေါင်းညိတ်ပြတယ်
"yes donut good job "
Donutကို ကြည့်ရင်း Minjeongကို သတိရမိသွားပြန်တယ် ဘာလို့ အရာအားလုံးက Minjeong ကို သတိရစေတာလဲ
Mattyက Donutကို Jiminလက်ကနေ ယူပြီး တစ်ခြား ပစ္စည်းတစ်ခုကို လိုက်ရှာနေတယ်
Mattyက အပြင်ပိုင်းသွင်ပြင်ကတော့ ကြမ်းတမ်းတဲ့ပုံပေါ်ပေမယ့် အတွင်းစိတ်ကတော့ မတူဘူးပြောရမလားဘဲ
Jiminကို သူတို့ဘာသာစကား သင်ပေးဖို့ ကြိုးစားပေးနေတယ်လေ
Evanကြောင့် ထိတ်လန့်ခဲ့ရတဲ့ Jiminမှာ ယခုတော့ Mattyနဲ့တစ်အိမ်ထဲ နေရတာ သက်တောင့်သက်သာဖြစ်နေတယ်
Mattyက Jiminကို အိပ်ခန်းတစ်ခန်းသီးသန့်ပေးတယ်
နေဖို့စားဖို့ပေးတဲ့အပြင် စာလည်း သင်ပေးသေးတယ်
Evanလို sexual attackလုပ်ဖို့တော့ တစ်ခါမှ မကြိုးစားခဲ့ဖူးဘူး
"What is this ?"
Mattyက လက်ထဲကပန်းသီးကို ကိုင်ပြီး မေးတော့ Jiminမှာ
"Apple "
"Right...Now what is this? "
Mattyက စာအုပ်ကိုင်ပြီးမေးတော့ Jimin ထပ်ဖြေနိုင်ပြန်သည်
"good job "
နောက်ဆုံးတော့ Matty ကျေးဇူးကြောင့် Koreaစကားအပြင် တစ်ခြားဘာသာစကားကိုပါ Jimin နည်းနည်းနားလည်လာပြီလေ
#tbc
#zawgyi
"Tnac sleep "
"Actaw ginkm ?"
"Cake....Cakeလုပ်နေတာ "
"Wow cake? "
"Hey you...."
ကားပေါ်တွင်
********
"Hey...Emoc on "
"အာ...It's donut? "
"yes donut good job "
"What is this ?"
"Apple "
"Right...Now what is this? "
"good job "
#tbc
Bạn đang đọc truyện trên: Truyen3h.Co