Truyen3h.Co

ကျွန်မချစ်သူ မြေခွေးမလေး

Extra 6

KimFany059

Jimin တောင်ထိပ်က သစ်တုံးပေါ် ထိုင်ရင်း သက်ပြင်းချမိသည်

သူ ဘယ်လောက်ဘဲဲ ကြိုးစားကြည့်နေနေ ကြိုးစားနေပါစေ Minjeongဆီ မရောက်နိုင်ဘူး ဖြစ်နေတယ်

လူ့ကမ္ဘာမှာ သူနားမလည်သေးတဲ့အရာတွေ ရှိနေပြီး သူ့ဂူမီဟိုပါဝါကလည်း မရှိတော့တဲ့အတွက် Jimim ယောင်လည်လည်ဖြစ်နေတယ်

Jimin သက်ပြင်းထပ်ချရင်း သူ့ဒူးခေါင်းပေါ် မေးတင်လိုက်သည်

သူ ကတိမတည်ခဲ့လို့ Minjeongက သူ့ကို မုန်းသွားရင် ဘယ်လိုလုပ်မလဲ

Minjeongက သူ့ထက်ကောင်းတဲ့ လူသားတစ်ယောက်ကို ရှာတွေ့သွားရင် ဘယ်လိုလုပ်မလဲ

Minjeongက Jimin ပြန်လာတာကို မလိုချင်တော့ရင် ဘယ်လိုလုပ်မလဲ

Jimin အတွေးလွန်နေစဥ် သစ်ရွက်ကို ဖိနပ်နဲ့နင်းတဲ့အသံတစ်သံကြားတာနဲ့ သူ့ဘောင်းဘီခါးကြားထဲ ထိုးထည့်ထားတဲ့ သေနတ်ကို အမြန်ထုတ်ပြီး နောက်ကို လှည့်ချိန်လိုက်သည်

"Easy kid ငါပါ "

Matthew က လက်နှစ်ဖက်ကို မြှောက်ပြီး Jimimကို ပြောလိုက်တယ်

Jimin သက်ပြင်းချပြီး သေနတ်ကို ခါးကြားထဲ  ပြန်ထည့်လိုက်တယ်

"ဘာလို့ တောင်ပေါ်တက်လာတာလဲ ခြေထောက်လည်း ကောင်းသေးတာ မဟုတ်ဘဲနဲ့ "

"မင်း မြို့ပြင်ထွက်နေတာ ငါမကြိုက်ဘူးလို့ပြောဖူးတယ်လေ "

Matthew က ပြောပြီး Jimin ဘေးနား ဝင်ထိုင်သည်

"I can take care off myself "

"သိပါတယ် "

Jiminမှာ Matthew ခြေထောက်ကို ကြည့်ပြီး

"ခြေထောက်က နာသေးလား "

"မင်း ငါ့ကို ပြောသွားတဲ့စကားတွေလောက်တော့ မနာပါဘူး "

Jiminမှာ သူ စိတ်ဆိုးတုန်းက Matthewကို ပြောခဲ့မိတာတွေ ပြန်သတိရသွားပြီး အားနာသွားတယ်

"တောင်းပန်ပါတယ်..."

"မဟုတ်တာ မင်းမှန်ပါတယ် ဘယ်သူမှ ငါ့ကို အဲ့လိုမပြောခဲ့ဖူးတော့ ငါလည်း အဲ့လို မတွေးခဲ့ဖူးဘူး"

Matthewက ပြောရင်း Jiminကို ကြည့်ပြီး

"နေပါအုံး တစ်ကိုယ်ကောင်းဆန်တယ်ဆိုတဲ့ စကား ဘယ်ကနေ သင်လာတာလဲ "

"စာကြည့်တိုက်ကနေ တွေ့လာတာ...ဒါနဲ့ Matthewက ခြင်္သေ့နဲ့တူတယ် "

Jiminရဲ့ စကားကြောင့် Matthew တဟားဟားနဲ့ ရယ်လိုက်တယ်

Jiminက Minjeongကိုကျ အမြဲသေးသေးကွေးကွေးလေးဆိုပြီး ​ပုံဖော်ခဲ့ပြီး Matthewကိုကျ ခြင်္သေ့တဲ့လား

"My....Minjeong...သူကလေ သူ့အဖေအကြောင်း အမြဲပြောလေ့ရှိတယ် သူကျလ သူ့အဖေကို တော်တော်ချစ်တာ သိလား အဲ့တာကြောင့် Matthewရဲ့ သမီးလည်း Matthewကို စိတ်ဆိုးနေပေမယ့် ချစ်နေမယ်ဆိုတာ သေချာပါတယ် "

Matthewမှာ သက်ပြင်းချပြီး

"သူက ငါ့ကို တစ်သက်လုံး မတွေ့ချင်တော့ဘူးလို့ ပြောတယ်လေ ဒါကြောင့် သူ့ဆုံးဖြတ်ချက်ကို ငါလေးစားမှုပေးတာပါ "

"ဘယ်နှနှစ်ရှိနေပြီလဲ "

"oh..."

Matthewမှာ သူ့မုတ်ဆိတ်မွှေးတွေကို ကိုင်ရင်း စဥ်းစားနေသည်

"ဆယ်နှစ်လောက်ရှိရောပေါ့ "

"Omg...ကိုယ်ချစ်တဲ့သူဆီကနေ အဲ့လောက်အကြာကြီး ဘယ်လောက်ထိ နေနိုင်နေတာလဲ "

Jiminက အံ့သြပြီး မေးပေမယ့် Matthewက မဖြေပေ....

ခဏကြာတဲ့ထိ တိတ်ဆိတ်ပြီးမှ Matthew အသံထွက်လာတယ်

"မင်းအတွက် ငါ လူရှာပေးထားတယ် kid..ID  အတုလုပ်ဖို့ ကူညီပေးမယ့်သူပေါ့"

Jiminမှာ Matthewစကားကြောင့် ထပ်ပြီး အံ့သြသွားပြန်တယ်

"ဘာ ဘယ်လို "

"မင်းအတွက် လူရှာပေးထားတယ်လို့ "

"Passportနဲ့ လေယာဥ်လက်မှတ် ဝယ်နိုင်ဖို့ ကူညီပေးနိုင်တယ်ပေါ့ "

"no promise...ဒီအတိုင်း ရှာထားတာကို ပြောတာနော် ကတိတော့ မပေးနိုင်ဘူး  "

Matthewက​ ပြောတော့ Jiminမှာ ပျော်ပြီး Matthewကို ဖက်လိုက်သည်

"ကျေးဇူးအများကြီးတင်ပါတယ် Matthew "

******

Airportကို သွားတဲ့တစ်လျှောက်လုံး Jimin စိတ်လှုပ်ရှားနေမိသည်

ပြီးတော့ လေဆိပ်ကိုရောက်တော့လည်း လေယာဥ်ကြီးကိုကြည့်ပြီး Jimin အံ့သြနေတယ်

အဲ့သေးသေးလေးထဲ လူတွေက ဝင်ပြီး ဘယ်လိုပျံသန်းနေကြတာပါလိမ့်

"အခုကစပြီး မင်း ကိုယ့်ဘာသာကိုယ် နေရတော့ သွားရတော့မယ်နော် "

Matthewက​ပြောတော့ Jimin စိတ်လှုပ်ရှားစွာနဲ့ ခေါင်းညိတ်ပြသည်

"သူတို့ ပြောသလို လိုက်လုပ်နော် သူတို့ကို ပြဿနာမရှာနဲ့အုံး ပြီးတော့ ဒါက မင်းခရီးလမ်းတစ်လျှောက်မှာ သုံးဖို့ အဆင်ပြေမယ်ထင်တယ် "

Matthewကပြောပြီး သူ့အိတ်ထဲက စာအိတ်လေးကို Jiminရဲ့ ဂျာကင်ထဲထည့်ပေးလိုက်သည်

"ပြီးတော့ မင်းမှာ ပိုက်ဆံတွေအများကြီးပါတာ လူတွေမသိစေနဲ့ သိရင် မင်းကို ဒုက္ခပေးလိမ့်မယ် ဒါမို့လို့ လေယာဥ်ပေါ်ကဆင်းတာနဲ့ ငွေလဲကောင်တာသွားပြီး မင်းပိုက်ဆံတွေကို အနုတ်တွေအဖြစ် လဲလိုက်နော် ငါပြောတာ မှတ်မိတယ် မဟုတ်လား အတန်ကြီးတွေဆို မင်းသုံးရတာ အဆင်ပြေမှာ မဟုတ်ဘူး "

"နားလည်ပါပြီ "

"ရော့ ဒီမှာ မင်းရဲ့လက်မှတ်နဲ့ passport "

Jiminကို Matthewက သူ့ရဲ့ passportနဲ့လက်မှတ်ကို ထပ်ပေးပြန်သည်

"နာမည် မွေးနေ့ မှတ်ပုံတင်နာမည်မှတ်ထားနော် ဒါမှ လူတွေကမေးရင် မင်း ချက်ချင်းဖြေနိုင်မှာ "

"Yu Jimin "

"ဟုတ်တယ် အဲ့တာ မင်းရဲ့ Korea နာမည်ဘဲ "

Jiminမှာ ပြုံးပြီး ခေါင်းညိတ်ပြတယ်

"ကျေးဇူးတင်ပါတယ် Matthew...နောက်တစ်ခါကျ မင်းဆီကို ပြန်လာတွေ့ပါအုံးမယ် "

"မလာပါနဲ့ မင်း passportက အတုကြီးကို တစ်ခါလောက်သုံးဖို့ဘဲ အဆင်ပြေတယ် မဟုတ်ရင် လူတွေက ရိပ်မိပြီး မင်းကို ဖမ်းသွားလိမ့်မယ် "

"မဟုတ်ဘူးလေ....ဘာလဲ Matthew ကို ထပ်မတွေ့ရတော့ဘူးလို့ ပြောတာလား "

"ဟုတ်တယ် ဒါနောက်ဆုံး နှုတ်ဆက်ခြင်းဘဲ kid. ....အိမ်ကို သေချာပြန်နော် "

Matthewကပြောတော့ Jiminက ဝမ်းနည်းပြီး Matthewကို ဖက်လိုက်သည်

"အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် Matthew...ဘယ်တော့မှ ရှင့်ကို မေ့သွားမှာ မဟုတ်ပါဘူးနော် "

"Take care kid....Minjeong ဆီကို ပြန်သွားတော့နော် "

Jiminရဲ့ ခေါင်းလေးကို ပွတ်ပေးပြီး Matthew ပြောလိုက်သည်

"Matthew...chaw ရှင့်ရဲ့ ခေါင်းအုံးအောက်မှာ ပိုက်ဆံတစ်ချို့ထားခဲ့သေးတယ် ပြီးတော့ စာလည်းရေးပေးထားတယ် အဲ့စာတွေဖတ်ပြီး စိတ်ရှင်းသွားရင် ရှင့်သမီးဆီ တစ်ခါလောက် သွားရှာကြည့်လိုက်ပါ "

"ဒီကလေးကတော့..."

"အတိတ်ကို အတိတ်မှာ ထားပြီး ကိုယ့်ကိုကိုယ် အပြစ်မပေးဘဲ သမီးဆီရအောင်သွားနော် "

"Come on လေယာဥ်ပေါ်တက်လိုက်ပါတော့ သောက်ကလေးရယ် "

Matthew ကပြောတော့ Jiminက ရယ်ပြီး Matthewကို လက်ပြနှုတ်ဆက်လိုက်သည်

ထို့နောက် လေယာဥ်ပေါ်ကို တက်သွားတော့ Matthewမှာ လက်ပြနှုတ်ဆက်ရင်း သူ့ရဲ မျက်ရည်တွေကို သုတ်လိုက်လေသည်

"Good bye Jimin သမီးလေး တစ်ယောက်လို နွေးထွေးပေးလို့ ကျေးဇူးတင်ပါတယ် "

#tbc

နောက်တစ်ပိုင်းဆို koreaပြန်ရောက်ပြီး တွေ့ပါပြီဗျာ့

#zawgyi

သူ ဘယ်လောက်ဘဲ ကြိုးစားကြည့်နေနေ ကြိုးစားနေပါစေ Minjeongဆီ မရောက်နိုင်ဘူး ဖြစ်နေတယ်







"Easy kid ငါပါ "







"သိပါတယ် "


"ခြေထောက်က နာသေးလား "



"တောင်းပန်ပါတယ်..."










"ဘယ်နှနှစ်ရှိနေပြီလဲ "

"oh..."








"ဘာ ဘယ်လို "






******









"နားလည်ပါပြီ "




"Yu Jimin "












"ဒီကလေးကတော့..."






#tbc


Bạn đang đọc truyện trên: Truyen3h.Co