Truyen3h.Co

ကျွန်မချစ်သူ မြေခွေးမလေး

Extra 7

KimFany059

မြေပြင်ပေါ်ကို ရောက်တော့ Jimin တစ်ယောက် အိတ်ကို အမြန်ယူပြီး အန်လေသည်

Matthewဆီ အလည်သွားချင်ရင်တောင် လေယာဥ်စီးလို့ မဖြစ်တော့ဘူးလို့ Jimin တွေးမိသွားတယ်

လေယာဥ်ပေါ်ကဆင်းတော့ Korea စကားတွေ ပြောနေလို့ Jimin တစ်ယောက် လူတွေ ဘာပြောနေမှန်း နားလည်တယ်လေ ပြီးတော့ Matthew ပြောတဲ့ နည်းတွေ လိုက်နာတော့ ပိုပြီး အဆင်ပြေဖြစ်နေတယ်

ငွေလဲကောင်တာသွားပြီး Matthew ပြောသလို အကြွေလေးတွေ ငွေတွေကို Jimin လဲလိုက်သည်

လေယာဥ်စီးလာတဲ့ တစ်လျှောက်လုံး Jimin ပင်ပန်းနေပေမယ့် Minjeongကို တွေ့ရမှာမို့လို့ အရမ်း တက်ကြွနေတယ်

ရထားပေါ်မှာ Jimin တစ်ယောက် အိပ်ချင်နေပေမယ့် တော်ကြာ အိပ်ရာက နိုးလာလို့ ပေါက်ကရနေရာထပ်ရောက်သွားမှာ ကြောက်ပြီး Jimin မအိပ်ဘဲ ရှုခင်းတွေကိုဘဲကြည့်ရင်း လိုက်လာသည်

မြို့ပြကြီးက အရင်ကလို မဟုတ်ဘဲ ပြောင်းလဲသွားတယ်.... ဟိုးတစ်ခါတုံးကလည်း အဲ့လိုဘဲ Jimin သူသိခဲ့တဲ့နေရာကို ရှာခဲ့ပေမယ့် အဲ့နေရာက companyကြီး ဖြစ်နေတာတွေပေါ့

နေပါအုံး မုန့်ဖုတ်ဆိုင်ကြီး မရှိတော့ရင် ဘယ်လိုလုပ်မလဲ Minjeongက အဲ့မှာ မရှိတော့ရင် မနေတော့ရင် ဘယ်လိုလုပ်မလဲ

နောက်ဆုံးတော့ နာရီပေါင်းများစွာ မီးရထားစီးပြီးတဲ့နောက် မုန့်ဖုတ်ဆိုင်နားကို ရောက်လာတယ်

ရထားပေါ်ကဆင်းပြီး အချိန်ကို ကြည့်လိုက်တော့ တော်တော်လေးနောက်ကျနေတာဘဲ

Minjeong အိပ်ရင်အိပ်နေလောက်ရောပေါ့

Jimin တံခါးခေါက်လိုက်ပေမယ့် ဘာတုံ့ပြန်မှုမှ မရပေ

အပြင်ကလည်း အရမ်းအေးနေပြီး Jimin တစ်ယောက် ဒူးတွေတုန်နေပြီလေ

တံခါးထပ်ခေါက်ပေမယ့် လာမဖွင့်သေးတာကြောင့် Minjeong အပေါ်ကနေ မကြားတာများလားလို့ တွေးပူမိသေးသည်

နောက်တစ်ခေါက် ထပ်ခေါက်ပေမယ့် ဘာတုံ့ပြန်မှုမှမရပေ

Jimin တံခါးကို သူ့ခေါင်းနဲ့ဆောင့်လိုက်သည်

God...တစ်ညလုံး အေးခဲနေတဲ့ ဒီအပြင်မှာ အိပ်ရရင် သေတော့မှာဘဲ လူသားခန္ဓာကိုယ်ကလည်း အားနည်းလိုက်တာ Minjeong မနက်ကျမှ တံခါးဖွင့်ရင် ငါ့အေးခဲနေတဲ့အလောင်းတွေ့ရင် အံ့သြလန့်သွားမှာဘဲ

"Minjeong "

Minjeongရဲ့ နာမည်ကို Jimin အော်ခေါ်လိုက်သည်

Jiminကတော့ အခက်အခဲများစွာ ဖြတ်ကျော်လာခဲ့ပေမယ့် Minjeongကို မတွေ့ရဘဲ အေးခဲမှုကြောင့် သေတော့မှာဘဲ 

ရုတ်တရက် တံခါးဖွင့်သံကြားလို့ Jimin နောက်ကို ဆုတ်လိုက်တယ်

တံခါးလည်း ပွင့်လာရော နောက်ဆုံးတော့ Jimin မြင်ချင်လွမ်းနေတဲ့ Minjeongကို တွေ့ရပြီလေ

Minjeongက အရင်ကလိုဘဲ ချောမောလှပနေဆဲပါလား ....

Minjeongကလည်း Jiminကို တအံ့တသြနဲ့ ကြည့်နေတယ်

Jiminကလည်း Minjeongကို ကြည့်ရင်း မျက်ရည်တွေဝဲလာတယ်

"ငါ အထဲကို ဝင်လာလို့ ရလား Minjeong "

*****

"ဟင် နင် မူးယစ်ဆေးတွေပါ ရောင်းခဲ့တာလား "

Minjeongရဲ့ အာမေဋိတ်အသံက  Jiminအတွက် နားထောင်လို့ကောင်းပြီး နားဝင်ချိုနေလေရဲ့

Jiminကတော့ Minjeong ပြင်ပေးတဲ့ မုန့်တွေစားရင်း Minjeongကို မလန့်အောင် ချော့ပြောနေတယ်

"ဟုတ်တယ် ပိုက်ဆံရှာဖို့ နည်းလမ်းမရှိတော့လို့ Matthewက လေယာဥ်လက်မှတ်ကလည်း စျေးကြီးပြီး passportအတုလုပ်ဖို့ မလွယ်ဘူးပြောလို့ ငါလည်း.... အဲ့လိုလုပ်မိသွားတာ "

"နင် နင်က passport အတုလုပ်ခဲ့တာလား ဒါက အတုပေါ့ "

Innocentလေး Minjeongမှာ Jiminရဲ့ passportကို ကြည့်ပြီး အံ့သြနေတယ် 

'ဒါပေါ့ အဲ့တာအတုပေါ့ Minjeongရဲ့ ငါ့မှာ မှတ်ပုံတင်ဘာညာ ဘယ်လိုလုပ်ရှိမှာလဲ "

"နင်က မူးယစ်ဆေးရောင်းခဲ့တဲ့သူဆိုတာ အခုထိ မယုံသေးဘူး "

"ငါ ရိုးရိုးသားသားနဲ့ ပိုက်ဆံရှာရင် ​မလွယ်မှာသိလို့ ဘယ်လိုလုပ်ရင် ပိုက်ဆံအများကြီး ရမလဲမဆိုတာ လေ့လာခဲ့တာ အဖော်အချွတ်မယ်လုပ်ရမလားလို့တောင် တွေးမိခဲ့သေးတယ် "

Jiminရဲ့ အတွေးကြောင့် Minjeong ပါးစပ်အဟောင်းသားဖြစ်သွားတယ်

"Matthewက ငါ့အကြံကို သိသွားတော့ ငါပြောပြလိုက်တာပါ ငါ့ကိုအော်ပါလေရော "

"တော်သေးတာပေါ့ "

Matthewက ဘယ်သူမှန်းမသိပေမယ့် Jiminကို ကူညီပေးခဲ့လို့ Minjeong ကျေးဇူးတင်မိသည်

"Minjeong နင် ငါ့ကို အင်တာနက်သုံးနည်းလည်း မသင်ပေးဘူးနော် အရင်လတွေတုံးက နင့်ဆီကို ဆက်သွယ်ဖို့ ငါကြိုးစားခဲ့ဖူးသေးတယ် "

"ရော် ငါ့ဂူမီဟိုကောင်မလေးက အင်တာနက် မသုံးတတ်ဘူးဆိုတာ ဘယ်လိုလုပ်သိမှာလဲ ပြီးတော့ နှစ်တွေထောင်ချီနေလာတာကို အင်တာနက်သုံးနည်းမသင်ဖူးလား Jiminရဲ့"

Minjeongမှာ သူ့ရည်းစားကို စနောက်လိုက်သည်

"ဟွန့်... "

Jiminမှာ သူ့ရည်းစားကို နှုတ်ခမ်းထော်ကာ ကောက်လိုက်သည်

'ဒါနဲ့ နင်က မူးယစ်ဆေးတွေ ရောင်းခဲ့တာဆိုတော့ နင်...ဆေးသုံးခဲ့လား ဆေးလိပ်သောက်တာမျိုးလေ "

"ဟာ အဲ့လိုမျိုးတွေ မသုံးပါဘူး စိတ်မပူပါနဲ့ "

"စိတ်မပူလို့မရဘူးလေ မတော်တဆသုံးမိသွားရင် ဘယ်လိုလုပ်မလဲ "

"Minjeong yah "

"ငါ အတည်ပြောနေတာ နင် အခုမှ ပြန်လာတာကို ထောင်မကျစေချင်ဘူး ပြီးတော့ ဆေးစွဲပြီး နင်တစ်ခုခုဖြစ်သွားရင် ဘယ်လို လုပ်မလဲဟ "

Minjeongမှာ ပြောပြီး ငိုလေသည်

"ရော် ငါ တကယ် ဘာမှမလုပ်ခဲ့ဘူး ဘာမှမလုပ်လို့ နင့်ရှေ့ရောက်နေတာပေါ့ မဟုတ်ရင် လေဆိပ်မှာကတည်းက ဖမ်းခံရပြီးပြီကို "

Jiminမှာ ထရပ်ပြီး ငိုနေတဲ့ သူ့ကောင်မလေးကို ဖက်ကာ ချော့လေသည်

ပြီးနောက် Minjeongရဲ့ နှုတ်ခမ်းလေးကို ပြွတ်ခနဲ Jimin နမ်းလိုက်သည်

"ငါ့ကို စိတ်ပူပေးတဲ့သူတစ်ယော​က်ရှိတာ အရမ်း ကောင်းတာဘဲ "

*********
"Morning အိပ်ပုတ် "

Jimin အိပ်ရာက နိုးလို့ မျက်လုံးဖွင့်ဖွင့်ချင်း သူ့ကို နှုတ်ဆက်နေတဲ့ Minjeongကို တွေ့ရလေသည်

"Morning "

မျက်လုံး ဖွင့်ဖွင့်ချင်း သူချစ်ရတဲ့ Minjeongကို မြင်ရတာ အရမ်းကောင်းတာဘဲလို့ Jimin တွေးလိုက်မိသည်

"ဒီတော့ ဒီနေ့ အောက်ဆင်းလာမှာလား "

Minjeong သိချင်လို့ မေးလိုက်သည်

Jimin ပြန်ရောက်ပြီး ပထမတစ်ရက်က လေယာဥ်မူးပြီး ပင်ပန်းလို့ဆိုပြီး တစ်နေကုန် အခန်းတွင်းအောင်းနေတာလေ

ဒုတိယတစ်ရက်ကျတော့လည်း နေသိပ်မကောင်းသေးလို့ဆိုပြီး အခန်းထဲက ထွက်မလာဘူးလေ

တကယ်က နေမကောင်းတာ မဟုတ်ပါဘူး Yizhuoတို့ကို ရင်ဆိုင်ဖို့ Jimin ကြောက်နေတာရယ်

Yizhuoတို့က သူပြန်လာတာကို မကြိုဆိုရင် ဘယ်လိုလုပ်မလဲ?

#tbc

#zawgyi

ေျမျပင္ေပၚကို ေရာက္ေတာ့ Jimin တစ္ေယာက္ အိတ္ကို အျမန္ယူၿပီး အန္ေလသည္

Matthewဆီ အလည္သြားခ်င္ရင္ေတာင္ ေလယာဥ္စီးလို႔ မျဖစ္ေတာ့ဘူးလို႔ Jimin ေတြးမိသြားတယ္

ေလယာဥ္ေပၚကဆင္းေတာ့ Korea စကားေတြ ေျပာေနလို႔ Jimin တစ္ေယာက္ လူေတြ ဘာေျပာေနမွန္း နားလည္တယ္ေလ ၿပီးေတာ့ Matthew ေျပာတဲ့ နည္းေတြ လိုက္နာေတာ့ ပိုၿပီး အဆင္ေျပျဖစ္ေနတယ္

ေငြလဲေကာင္တာသြားၿပီး Matthew ေျပာသလို အေႂကြေလးေတြ ေငြေတြကို Jimin လဲလိုက္သည္

ေလယာဥ္စီးလာတဲ့ တစ္ေလွ်ာက္လုံး Jimin ပင္ပန္းေနေပမယ့္ Minjeongကို ေတြ႕ရမွာမို႔လို႔ အရမ္း တက္ႂကြေနတယ္

ရထားေပၚမွာ Jimin တစ္ေယာက္ အိပ္ခ်င္ေနေပမယ့္ ေတာ္ၾကာ အိပ္ရာက နိုးလာလို႔ ေပါက္ကရေနရာထပ္ေရာက္သြားမွာ ေၾကာက္ၿပီး Jimin မအိပ္ဘဲ ရႈခင္းေတြကိုဘဲၾကည့္ရင္း လိုက္လာသည္

ၿမိဳ႕ျပႀကီးက အရင္ကလို မဟုတ္ဘဲ ေျပာင္းလဲသြားတယ္.... ဟိုးတစ္ခါတုံးကလည္း အဲ့လိုဘဲ Jimin သူသိခဲ့တဲ့ေနရာကို ရွာခဲ့ေပမယ့္ အဲ့ေနရာက companyႀကီး ျဖစ္ေနတာေတြေပါ့

ေနပါအုံး မုန့္ဖုတ္ဆိုင္ႀကီး မရွိေတာ့ရင္ ဘယ္လိုလုပ္မလဲ Minjeongက အဲ့မွာ မရွိေတာ့ရင္ မေနေတာ့ရင္ ဘယ္လိုလုပ္မလဲ

ေနာက္ဆုံးေတာ့ နာရီေပါင္းမ်ားစြာ မီးရထားစီးၿပီးတဲ့ေနာက္ မုန့္ဖုတ္ဆိုင္နားကို ေရာက္လာတယ္

ရထားေပၚကဆင္းၿပီး အခ်ိန္ကို ၾကည့္လိုက္ေတာ့ ေတာ္ေတာ္ေလးေနာက္က်ေနတာဘဲ

Minjeong အိပ္ရင္အိပ္ေနေလာက္ေရာေပါ့

Jimin တံခါးေခါက္လိုက္ေပမယ့္ ဘာတုံ႕ျပန္မႈမွ မရေပ

အျပင္ကလည္း အရမ္းေအးေနၿပီး Jimin တစ္ေယာက္ ဒူးေတြတုန္ေနၿပီေလ

တံခါးထပ္ေခါက္ေပမယ့္ လာမဖြင့္ေသးတာေၾကာင့္ Minjeong အေပၚကေန မၾကားတာမ်ားလားလို႔ ေတြးပူမိေသးသည္

ေနာက္တစ္ေခါက္ ထပ္ေခါက္ေပမယ့္ ဘာတုံ႕ျပန္မႈမွမရေပ

Jimin တံခါးကို သူ႕ေခါင္းနဲ႕ေဆာင့္လိုက္သည္

God...တစ္ညလုံး ေအးခဲေနတဲ့ ဒီအျပင္မွာ အိပ္ရရင္ ေသေတာ့မွာဘဲ လူသားခႏၶာကိုယ္ကလည္း အားနည္းလိုက္တာ Minjeong မနက္က်မွ တံခါးဖြင့္ရင္ ငါ့ေအးခဲေနတဲ့အေလာင္းေတြ႕ရင္ အံ့ၾသလန့္သြားမွာဘဲ

"Minjeong "

Minjeongရဲ႕ နာမည္ကို Jimin ေအာ္ေခၚလိုက္သည္

Jiminကေတာ့ အခက္အခဲမ်ားစြာ ျဖတ္ေက်ာ္လာခဲ့ေပမယ့္ Minjeongကို မေတြ႕ရဘဲ ေအးခဲမႈေၾကာင့္ ေသေတာ့မွာဘဲ

႐ုတ္တရက္ တံခါးဖြင့္သံၾကားလို႔ Jimin ေနာက္ကို ဆုတ္လိုက္တယ္

တံခါးလည္း ပြင့္လာေရာ ေနာက္ဆုံးေတာ့ Jimin ျမင္ခ်င္လြမ္းေနတဲ့ Minjeongကို ေတြ႕ရၿပီေလ

Minjeongက အရင္ကလိုဘဲ ေခ်ာေမာလွပေနဆဲပါလား ....

Minjeongကလည္း Jiminကို တအံ့တၾသနဲ႕ ၾကည့္ေနတယ္

Jiminကလည္း Minjeongကို ၾကည့္ရင္း မ်က္ရည္ေတြဝဲလာတယ္

"ငါ အထဲကို ဝင္လာလို႔ ရလား Minjeong "

*****

"ဟင္ နင္ မူးယစ္ေဆးေတြပါ ေရာင္းခဲ့တာလား "

Minjeongရဲ႕ အာေမဋိတ္အသံက Jiminအတြက္ နားေထာင္လို႔ေကာင္းၿပီး နားဝင္ခ်ိဳေနေလရဲ႕

Jiminကေတာ့ Minjeong ျပင္ေပးတဲ့ မုန့္ေတြစားရင္း Minjeongကို မလန့္ေအာင္ ေခ်ာ့ေျပာေနတယ္

"ဟုတ္တယ္ ပိုက္ဆံရွာဖို႔ နည္းလမ္းမရွိေတာ့လို႔ Matthewက ေလယာဥ္လက္မွတ္ကလည္း ေစ်းႀကီးၿပီး passportအတုလုပ္ဖို႔ မလြယ္ဘူးေျပာလို႔ ငါလည္း.... အဲ့လိုလုပ္မိသြားတာ "

"နင္ နင္က passport အတုလုပ္ခဲ့တာလား ဒါက အတုေပါ့ "

Innocentေလး Minjeongမွာ Jiminရဲ႕ passportကို ၾကည့္ၿပီး အံ့ၾသေနတယ္

'ဒါေပါ့ အဲ့တာအတုေပါ့ Minjeongရဲ႕ ငါ့မွာ မွတ္ပုံတင္ဘာညာ ဘယ္လိုလုပ္ရွိမွာလဲ "

"နင္က မူးယစ္ေဆးေရာင္းခဲ့တဲ့သူဆိုတာ အခုထိ မယုံေသးဘူး "

"ငါ ရိုးရိုးသားသားနဲ႕ ပိုက္ဆံရွာရင္ မလြယ္မွာသိလို႔ ဘယ္လိုလုပ္ရင္ ပိုက္ဆံအမ်ားႀကီး ရမလဲမဆိုတာ ေလ့လာခဲ့တာ အေဖာ္အခြၽတ္မယ္လုပ္ရမလားလို႔ေတာင္ ေတြးမိခဲ့ေသးတယ္ "

Jiminရဲ႕ အေတြးေၾကာင့္ Minjeong ပါးစပ္အေဟာင္းသားျဖစ္သြားတယ္

"Matthewက ငါ့အႀကံကို သိသြားေတာ့ ငါေျပာျပလိုက္တာပါ ငါ့ကိုေအာ္ပါေလေရာ "

"ေတာ္ေသးတာေပါ့ "

Matthewက ဘယ္သူမွန္းမသိေပမယ့္ Jiminကို ကူညီေပးခဲ့လို႔ Minjeong ေက်းဇူးတင္မိသည္

"Minjeong နင္ ငါ့ကို အင္တာနက္သုံးနည္းလည္း မသင္ေပးဘူးေနာ္ အရင္လေတြတုံးက နင့္ဆီကို ဆက္သြယ္ဖို႔ ငါႀကိဳးစားခဲ့ဖူးေသးတယ္ "

"ေရာ္ ငါ့ဂူမီဟိုေကာင္မေလးက အင္တာနက္ မသုံးတတ္ဘူးဆိုတာ ဘယ္လိုလုပ္သိမွာလဲ ၿပီးေတာ့ ႏွစ္ေတြေထာင္ခ်ီေနလာတာကို အင္တာနက္သုံးနည္းမသင္ဖူးလား Jiminရဲ႕"

Minjeongမွာ သူ႕ရည္းစားကို စေနာက္လိုက္သည္

"ဟြန့္... "

Jiminမွာ သူ႕ရည္းစားကို ႏႈတ္ခမ္းေထာ္ကာ ေကာက္လိုက္သည္

'ဒါနဲ႕ နင္က မူးယစ္ေဆးေတြ ေရာင္းခဲ့တာဆိုေတာ့ နင္...ေဆးသုံးခဲ့လား ေဆးလိပ္ေသာက္တာမ်ိဳးေလ "

"ဟာ အဲ့လိုမ်ိဳးေတြ မသုံးပါဘူး စိတ္မပူပါနဲ႕ "

"စိတ္မပူလို႔မရဘူးေလ မေတာ္တဆသုံးမိသြားရင္ ဘယ္လိုလုပ္မလဲ "

"Minjeong yah "

"ငါ အတည္ေျပာေနတာ နင္ အခုမွ ျပန္လာတာကို ေထာင္မက်ေစခ်င္ဘူး ၿပီးေတာ့ ေဆးစြဲၿပီး နင္တစ္ခုခုျဖစ္သြားရင္ ဘယ္လို လုပ္မလဲဟ "

Minjeongမွာ ေျပာၿပီး ငိုေလသည္

"ေရာ္ ငါ တကယ္ ဘာမွမလုပ္ခဲ့ဘူး ဘာမွမလုပ္လို႔ နင့္ေရွ႕ေရာက္ေနတာေပါ့ မဟုတ္ရင္ ေလဆိပ္မွာကတည္းက ဖမ္းခံရၿပီးၿပီကို "

Jiminမွာ ထရပ္ၿပီး ငိုေနတဲ့ သူ႕ေကာင္မေလးကို ဖက္ကာ ေခ်ာ့ေလသည္

ၿပီးေနာက္ Minjeongရဲ႕ ႏႈတ္ခမ္းေလးကို ႁပြတ္ခနဲ Jimin နမ္းလိုက္သည္

"ငါ့ကို စိတ္ပူေပးတဲ့သူတစ္ေယာက္ရွိတာ အရမ္း ေကာင္းတာဘဲ "

*********
"Morning အိပ္ပုတ္ "

Jimin အိပ္ရာက နိုးလို႔ မ်က္လုံးဖြင့္ဖြင့္ခ်င္း သူ႕ကို ႏႈတ္ဆက္ေနတဲ့ Minjeongကို ေတြ႕ရေလသည္

"Morning "

မ်က္လုံး ဖြင့္ဖြင့္ခ်င္း သူခ်စ္ရတဲ့ Minjeongကို ျမင္ရတာ အရမ္းေကာင္းတာဘဲလို႔ Jimin ေတြးလိုက္မိသည္

"ဒီေတာ့ ဒီေန႕ ေအာက္ဆင္းလာမွာလား "

Minjeong သိခ်င္လို႔ ေမးလိုက္သည္

Jimin ျပန္ေရာက္ၿပီး ပထမတစ္ရက္က ေလယာဥ္မူးၿပီး ပင္ပန္းလို႔ဆိုၿပီး တစ္ေနကုန္ အခန္းတြင္းေအာင္းေနတာေလ

ဒုတိယတစ္ရက္က်ေတာ့လည္း ေနသိပ္မေကာင္းေသးလို႔ဆိုၿပီး အခန္းထဲက ထြက္မလာဘူးေလ

တကယ္က ေနမေကာင္းတာ မဟုတ္ပါဘူး Yizhuoတို႔ကို ရင္ဆိုင္ဖို႔ Jimin ေၾကာက္ေနတာရယ္

Yizhuoတို႔က သူျပန္လာတာကို မႀကိဳဆိုရင္ ဘယ္လိုလုပ္မလဲ?

#tbc

Bạn đang đọc truyện trên: Truyen3h.Co