Truyen3h.Co

ကျွန်မချစ်သူ မြေခွေးမလေး

Final

KimFany059

တစ်လပြီးတစ်လ ကုန်ဆုံးပြီးနောက် Jimin တစ်ယောက်  မုန့်ဖုတ်သမားလေး ဘဝကို ပိုပြီးခင်တွယ်မိလာတယ်

ပေါင်မုန့်လေးတွေ ဖုတ်မယ် စျေးလာဝယ်သူတွေကို ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်မယ် ဆိုင်သန့်ရှင်းရေး လုပ်နေရင် ပျော်ရွှင်တတ်သူ Jimin လေးဟာ ဒီနေ့ ဆိုင်ထဲဝင်လာတဲ့ တစ်စုံတစ်ယောက်ကြောင့် အပြုံးတွေ ပျောက်ကွယ်သွားတယ်

ထို့အပြင် ထိုတစ်ယောက်ကိုလည်း Jimin တစ်ယောက် မျက်စောင်းတွေ ရှယ်ထိုးကျွေးနေတယ်လေ

အဲ့ဒီတစ်စုံတစ်ယောက် အမျိုးသမီးကလည်း Jiminကို မျက်စောင်းတွေ ပြန်ထိုးပြန်သည်

"Hey "

Minjeongက ကြားထဲက တိုးတိုးလေး ဝင်တားပေမယ့် မျက်စောင်းတိုက်ပွဲက ဆက်လက်ပြင်းထန်နေဆဲပါ

"ကလေးဆန်မနေကြနဲ့ ဆိုင်ထဲမှာ တစ်ခြား စျေးဝယ်သူတွေရှိနေတာကို သတိထားကြအုံး "

"နို့ပေါင်မုန့် နှစ်လုံးနဲ့ soft roll ရနိုင်လား "

Joohyunမှာ Jiminကို မျက်စောင်းထိုးရင်း မေးလိုက်သည်

"နင် တစ်ခြား ပေါင်မုန့်ဆိုင် သွားဝယ်လို့မရဘူးလား "

Jiminမှာ Joohyunကို ရန်လုပ်လိုက်သည်

"Jimin...မရိုင်းရဘူးလေ နော် "

Minjeongမှာ တစ်ခြားစျေးဝယ်သူတွေ မကြားအောင် တိုးတိုးလေးပြောလိုက်သည်

Jiminလည်း သက်ပြင်းချပြီး Joohyun ပြောတဲ့ ပေါင်မုန့်တွေကို သွားယူလေသည်

"Cash လား Creditလား "

"Wow နင်က တကယ်ကို တစ်ခြားဝန်ထမ်းတွေနဲ့တူလာတယ် တကယ်ဘဲနော် "

Joohyun က ပြုံးတော့ Jimin မျက်မှောင်ကြုတ်သွားသည်

"နင် ဒီကို ခဏခဏလာနေမှာလား "

"ဒီမြို့ထဲ ရောက်ဖြစ်ရင်တော့ လာမှာပေါ့ ငါ့ရဲ့ favorite demonလေးက လူအဖြစ်ပြောင်းသွားတော့ အမှတ်တရ လာလာကြည့်ရအုံးမယ်လေ "

Jiminမှာ Joohyun ကို ဘာမှပြန်မပြောဘဲ နေတော့ Joohyunမှာ Jiminရဲ့ လက်ထဲကို စာရွက်တစ်ရွက်ထည့်ပေးသည်

Jiminမှာ ထိုစာရွက်ကို မကြည့်ဘဲ လုံးချေပြီး အမှိုက်ပုံးထဲ ထည့်လိုက်တယ်

Joohyun မှာ Jimin အပြုအမူကြောင့် ရယ်လေသည်

"Come on နင် ဘယ်လို လူအဖြစ်ပြောင်းလဲလိုက်တာလဲ ပြောပြစမ်းပါ "

"နင့်ကိစ္စမဟုတ်ဘူး "

Joohyun လည်း Jimin ကို ဆက်မစတော့ဘဲ ငွေရှင်းပေးလိုက်သည်

"ကျေးဇူးပါ ကောင်းသောနေ့လေးပိုင်ဆိုင်ပါစေ "

Jiminမှာ အံကြိတ်ပြီး Joohyunကို နှုတ်ဆက်လိုက်သည်

"You too see you next time Jiminnie "

Jiminလည်း Joohyun ထွက်သွားတာကို မျက်တောင်မခတ်ဘဲ ရပ်ကြည့်နေသည်

Joohyunက စိတ်အနှောင့်အယှက်ဖြစ်စရာ တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာဘဲ ငါ့ကို ပြဿနာတွေရှာပြီး ဘယ်လိုများ ဒီကို လာရဲတာလဲ

"hey...မျက်မှောင်ကြုတ်လွန်းပြီး နဖူးက လှိုင်းတွန့်တွေ ထွက်လာလိမ့်မယ် "

Minjeong တစ်ယောက် Jimin ကို စလေသည်

"နင် ဘာလို့ သူ့ကို နှင်မထုတ်တာလဲ "

"Look နင် သူ့ကို မုန်းတယ်ဆိုတာ ငါသိပါတယ် ဒါပေမယ့် သူက နင့်ကို နာကျင်အောင် ထပ်မလုပ်တော့ဘူးလေ နာကျင်အောင်လုပ်ဖို့ အကြောင်းပြချက်လည်း မရှိဘူးရယ် ဒီတော့ သူနင့်ကို နာအောင်လုပ်စရာမလိုတော့ဘူး အကယ်၍ သူတစ်ခုခုထပ်လုပ်ရင် ငါလည်း သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး "

Minjeongက ကွန်ဖီးဒန့် ရှိရှိပြောတော့ Jimin သဘောကျပြီး ပြုံးလေသည်

ဒါပေမယ့် နှုတ်ခမ်းလေးပြန်စူပြီး

"ဘယ်လိုနေနေ ငါသူ့ကို သဘောမကျဘူးဟာ "

Minjeongရဲ့ အင်နိုးစန့်မျက်နှာလေးကို ကြည့်ပြီး ပြောလိုက်သည်

"Well ဒါပေမယ့် သူ့ပိုက်ဆံတော့ ငါတို့ သဘောကျတယ် မဟုတ်လား "

Minjeongမှာ ပြောပြီး Jimin ပါးလေးကို နမ်းလိုက်သည်

"ဟွန့် အဲ့လိုလုပ်လို့ စိတ်မကြည်တဲ့ ခံစားချက်တွေ ပြောင်းသွားမှာ ဟုတ်ဘူးနော် "

"ဒါဆိုလည်း ညကျမှ ခံစားချက်ကောင်းအောင် လုပ်ပေးမယ် ဟုတ်ပြီလား "

Jiminရဲ့ နားနားလေးကို ကပ်ပြီး Minjeong တိုးတိုးလေးပြောတော့ Jimin တစ်ယောက် ရှက်လို့ မျက်နှာလေး နီရဲလာတယ်

****

"Jimin Yah Yu Jimin "

Minjeongနဲ့ စျေးဝယ်လိုက်သွားပြီး အိမ်ပြန်ရောက်လာလာချင်းဘဲ Minjeong တစ်ယောက် ကားပေါ်က ဆင်းရင်း သူ့နာမည်ကို ဆက်တိုက်အော်ဟစ်နေတာကို Jimin ကြားရသည်

Jiminကတော့ စျေးကဝယ်လာတဲ့ ပစ္စည်းတွေကို သယ်ရင်း အိမ်ထဲဝင်သွားတယ်

"နင် ဘာဖြစ်နေတာလဲ သူက ဘယ်သူလဲ Jimin "

"ဘယ်သူလဲ "

"နင် စျေးသွားတုံးက ငါ့ကိုပြောပြနေတဲ့ကောင်လေးလေ "

"sung chanလား "

"နင် ငါ့ကို သစ္စာဖောက်ခဲ့တာလား နင် သူနင်နဲ့ နမ်းခဲ့လား ဖြေ "

Minjeongမှာ Jiminရဲ့ နောက်ကျောကို ရိုက်ပြီး ရန်လုပ်လေသည်

"အု နာတယ်ဟ ...သူ့ကို လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က နမ်းခဲ့ဖူးပါတယ် အဲ့တုံးက ငါ့အသက်က နှစ်ဆယ်ဘဲ ရှိသေးတယ်လေ သူ့အကြောင်းပြောပြတာလည်း ငါနဲ့အရမ်းခင်ခဲ့တဲ့ကောင်လေးဆိုလို့ သူဘဲရှိခဲ့တာ နင်ဘဲ ငါ့အတိတ်အကြောင်းတွေ ပြောပြဆို ဘာလို့ ခုကျမှ လာရိုက်နေရတာလဲ ငါ နင့်ကို သစ္စာမဖောက်ဖူးပါဘူး Minjeongရ "

Jiminက ရှင်းပြနေပေမယ့် Minjeongက သဝန်တိုလို့မပြီးသေး

"ဟူး ငါ သူ့ကို သတ်ခဲ့သင့်တာ "

"အယ် နင် ဘာတွေပြောနေတာလဲ Jimin အဲ့တာ ပြစ်မှုမြောက်တယ်နော် "

"ငါ ဂရုမစိုက်ဘူး "

Jiminက နှုတ်ခမ်းထော်ပြီး ပြောလိုက်တယ်

မြေခွေးဖြစ်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်နဲ့ ချစ်သူဖြစ်ရတာ တကယ်မလွယ်ကူပါလား

တော်သေးတာပေါ့ Minjeong တို့ မုန့်ဆိုင်ဘေး ဘယ်သူမှမနေလို့ မဟုတ်ရင် သူတို့ ငြင်းခုန်စကားများနေတာ ဘေးလူတွေ ကြားသွားရင် ပြဿနာဘဲ ဖမ်းခံရမှာ သူတို့နှစ်ယောက်

"နေပါအုံး နင်တစ်ခါက ကျောင်းကို သွားတာလည်း ကျောင်းသားတွေကို သတ်ဖို့လား"

"မသတ်ဘူးလေ သတ်ရမလားဘဲ တွေးဖူးခဲ့တာလို့ ပြောတယ် မဟုတ်လား "

"သူ့ရဲ့ ဝိညာဥ်ကို စုပ်ယူရင်း တန်းလန်းက ရပ်လိုက်တာလို့ နင်ပြောဖူးသလားလို့ ပြီးတော့ ငါတို့ကို သတ်ပြီးစားရမလားလို့ နင်တွေးဖူးတယ်ဆို  "

"အင်းလေ စစချင်းတုံးက ငါက နင်တို့ လူသားတွေကိုမှ သဘောမကျတာ "

Jimin စကားလည်းဆုံးရော Minjeong တစ်ယောက် Jiminကို ထပ်ပြီး ရိုက်ပြန်သည်

"အယ် စစချင်းကလို့ပြောတယ်လေ "

Jiminမှာ အရိုက်ခံရတဲ့ကြားကနေ ပြန်ဖြေလိုက်သည်

"အရင်က ငါ လူတွေကို မကြိုက်ဘူးလေ သူတို့က ဆိုးသွမ်းပြီး အသိဥာဏ်မရှိကြဘူး "

"နင် လူတွေကို အဲ့သလောက်တောင် မကြိုက်ရင် ဘာလို့ ပြန်လာနေသေးလဲ "

"ဘာလို့လည်းဆိုတော့ ငါနင့်ကိုချစ်လို့ပေါ့ Minjeong "

Jiminရဲ့ စကားကြောင့် Minjeongရဲ့ ဒေါသတွေက မီးကို ရေနဲ့ငြိမ်းလိုက်သလို ရှဲခနဲပျောက်သွားတယ်

"ဒါပေမယ့် နင်ကတော့ ငါ့ကို သဘောမကျတော့ဘူး မဟုတ်လား"

"ဟော ဘာတွေပြောနေတာလဲ နင့်ကို ငါ သဘောကျရုံတင်မဟုတ်ဘူး ချစ်တယ် ချစ်လွန်းလို့ ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ဘူး stupid foxရဲ့ "

"နင် အရင်က ငါ့ကို အဲ့လိုမအော်ဖူးပါဘူး "

Jiminက နှုတ်ခမ်းလေးထော်ပြီး ပြောလိုက်သည်

"အဲ့အကြောင်းတွေကို နင်က အရင်က ငါ့ကို ပြောမပြဖူးဘူးလေ အဲ့တော့ ငါက သဝန်တိုတာပေါ့ သဝန်တိုလို့ အော်မိသွားတာပါ တောင်းပန်ပါတယ်နော် "

Minjeongမှာ Jiminရဲ့ လက်ကလေးကို ကိုင်ပြီး ချော့လိုက်သည်

"ငါ့ကို စိတ်မဆိုးပါနဲ့တော့ နော် "

'မဆိုးတော့ပါဘူး ငါတို့ ရန်ဖြစ်ပေမယ့် အချစ်မလျော့ဘူးလေ ဟုတ်တယ်မလား လူတွေက ရန်ဖြစ်လေ ပိုချစ်လေတဲ့ သိလား Jimin "

Minjeongက ပြောပြီး Jiminကို ဆွဲဖက်ကာ နမ်းလိုက်သည်

Jiminနဲ့ Minjeongတို့ တစ်ယောက်ကို တစ်ယောက် သဝန်တိုလို့ ရန်ဖြစ်ကြပေမယ့် နှစ်ယောက်သားက ခဏနဲ့စိတ်ဆိုးပြေပြီး အချစ်တွေ ပိုကြစမြဲပင်

မြေခွေးမှန်းသိတာတောင် ဆက်ချစ်ပေးခဲ့တဲ့ ပြန်လာမယ့်အချိန်ကို မျှော်နေခဲ့တဲ့ Minjeong နဲ့ Minjeongအတွက် မြေခွေးဘဝကို ရအောင် စွန့်လွှတ်ပြီး တိုင်းတစ်ပါးကို ရောက်သွားပေမယ့် ရအောင် ပြန်လာခဲ့တဲ့ Jiminတို့ဟာ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရင်း ကုန်ဆုံးသွားကြလေသတဲ့

#the end

မြေခွေးမလေးတို့ အတွဲကို အဆုံးထိ ဖတ်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်။

#zawgyi

တစ္လၿပီးတစ္လ ကုန္ဆုံးၿပီးေနာက္ Jimin တစ္ေယာက္  မုန့္ဖုတ္သမားေလး ဘဝကို ပိုၿပီးခင္တြယ္မိလာတယ္

ေပါင္မုန့္ေလးေတြ ဖုတ္မယ္ ေစ်းလာဝယ္သူေတြကို ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႕ ႏႈတ္ဆက္မယ္ ဆိုင္သန့္ရွင္းေရး လုပ္ေနရင္ ေပ်ာ္႐ႊင္တတ္သူ Jimin ေလးဟာ ဒီေန႕ ဆိုင္ထဲဝင္လာတဲ့ တစ္စုံတစ္ေယာက္ေၾကာင့္ အၿပဳံးေတြ ေပ်ာက္ကြယ္သြားတယ္

ထို႔အျပင္ ထိုတစ္ေယာက္ကိုလည္း Jimin တစ္ေယာက္ မ်က္ေစာင္းေတြ ရွယ္ထိုးေကြၽးေနတယ္ေလ

အဲ့ဒီတစ္စုံတစ္ေယာက္ အမ်ိဳးသမီးကလည္း Jiminကို မ်က္ေစာင္းေတြ ျပန္ထိုးျပန္သည္

"Hey "

Minjeongက ၾကားထဲက တိုးတိုးေလး ဝင္တားေပမယ့္ မ်က္ေစာင္းတိုက္ပြဲက ဆက္လက္ျပင္းထန္ေနဆဲပါ

"ကေလးဆန္မေနၾကနဲ႕ ဆိုင္ထဲမွာ တစ္ျခား ေစ်းဝယ္သူေတြရွိေနတာကို သတိထားၾကအုံး "

"နို႔ေပါင္မုန့္ ႏွစ္လုံးနဲ႕ soft roll ရနိုင္လား "

Joohyunမွာ Jiminကို မ်က္ေစာင္းထိုးရင္း ေမးလိုက္သည္

"နင္ တစ္ျခား ေပါင္မုန့္ဆိုင္ သြားဝယ္လို႔မရဘူးလား "

Jiminမွာ Joohyunကို ရန္လုပ္လိုက္သည္

"Jimin...မရိုင္းရဘူးေလ ေနာ္ "

Minjeongမွာ တစ္ျခားေစ်းဝယ္သူေတြ မၾကားေအာင္ တိုးတိုးေလးေျပာလိုက္သည္

Jiminလည္း သက္ျပင္းခ်ၿပီး Joohyun ေျပာတဲ့ ေပါင္မုန့္ေတြကို သြားယူေလသည္

"Cash လား Creditလား "

"Wow နင္က တကယ္ကို တစ္ျခားဝန္ထမ္းေတြနဲ႕တူလာတယ္ တကယ္ဘဲေနာ္ "

Joohyun က ၿပဳံးေတာ့ Jimin မ်က္ေမွာင္ၾကဳတ္သြားသည္

"နင္ ဒီကို ခဏခဏလာေနမွာလား "

"ဒီၿမိဳ႕ထဲ ေရာက္ျဖစ္ရင္ေတာ့ လာမွာေပါ့ ငါ့ရဲ႕ favorite demonေလးက လူအျဖစ္ေျပာင္းသြားေတာ့ အမွတ္တရ လာလာၾကည့္ရအုံးမယ္ေလ "

Jiminမွာ Joohyun ကို ဘာမွျပန္မေျပာဘဲ ေနေတာ့ Joohyunမွာ Jiminရဲ႕ လက္ထဲကို စာ႐ြက္တစ္႐ြက္ထည့္ေပးသည္

Jiminမွာ ထိုစာ႐ြက္ကို မၾကည့္ဘဲ လုံးေခ်ၿပီး အမွိုက္ပုံးထဲ ထည့္လိုက္တယ္

Joohyun မွာ Jimin အျပဳအမူေၾကာင့္ ရယ္ေလသည္

"Come on နင္ ဘယ္လို လူအျဖစ္ေျပာင္းလဲလိုက္တာလဲ ေျပာျပစမ္းပါ "

"နင့္ကိစၥမဟုတ္ဘူး "

Joohyun လည္း Jimin ကို ဆက္မစေတာ့ဘဲ ေငြရွင္းေပးလိုက္သည္

"ေက်းဇူးပါ ေကာင္းေသာေန႕ေလးပိုင္ဆိုင္ပါေစ "

Jiminမွာ အံႀကိတ္ၿပီး Joohyunကို ႏႈတ္ဆက္လိုက္သည္

"You too see you next time Jiminnie "

Jiminလည္း Joohyun ထြက္သြားတာကို မ်က္ေတာင္မခတ္ဘဲ ရပ္ၾကည့္ေနသည္

Joohyunက စိတ္အႏွောင့္အယွက္ျဖစ္စရာ တကယ္ကို စိတ္အႏွောင့္အယွက္ျဖစ္စရာဘဲ ငါ့ကို ျပႆနာေတြရွာၿပီး ဘယ္လိုမ်ား ဒီကို လာရဲတာလဲ

"hey...မ်က္ေမွာင္ၾကဳတ္လြန္းၿပီး နဖူးက လွိုင္းတြန့္ေတြ ထြက္လာလိမ့္မယ္ "

Minjeong တစ္ေယာက္ Jimin ကို စေလသည္

"နင္ ဘာလို႔ သူ႕ကို ႏွင္မထုတ္တာလဲ "

"Look နင္ သူ႕ကို မုန္းတယ္ဆိုတာ ငါသိပါတယ္ ဒါေပမယ့္ သူက နင့္ကို နာက်င္ေအာင္ ထပ္မလုပ္ေတာ့ဘူးေလ နာက်င္ေအာင္လုပ္ဖို႔ အေၾကာင္းျပခ်က္လည္း မရွိဘူးရယ္ ဒီေတာ့ သူနင့္ကို နာေအာင္လုပ္စရာမလိုေတာ့ဘူး အကယ္၍ သူတစ္ခုခုထပ္လုပ္ရင္ ငါလည္း သူ႕ကို အလြတ္ေပးမွာ မဟုတ္ဘူး "

Minjeongက ကြန္ဖီးဒန့္ ရွိရွိေျပာေတာ့ Jimin သေဘာက်ၿပီး ၿပဳံးေလသည္

ဒါေပမယ့္ ႏႈတ္ခမ္းေလးျပန္စူၿပီး

"ဘယ္လိုေနေန ငါသူ႕ကို သေဘာမက်ဘဴးဟာ "

Minjeongရဲ႕ အင္နိုးစန့္မ်က္ႏွာေလးကို ၾကည့္ၿပီး ေျပာလိုက္သည္

"Well ဒါေပမယ့္ သူ႕ပိုက္ဆံေတာ့ ငါတို႔ သေဘာက်တယ္ မဟုတ္လား "

Minjeongမွာ ေျပာၿပီး Jimin ပါးေလးကို နမ္းလိုက္သည္

"ဟြန့္ အဲ့လိုလုပ္လို႔ စိတ္မၾကည္တဲ့ ခံစားခ်က္ေတြ ေျပာင္းသြားမွာ ဟုတ္ဘူးေနာ္ "

"ဒါဆိုလည္း ညက်မွ ခံစားခ်က္ေကာင္းေအာင္ လုပ္ေပးမယ္ ဟုတ္ၿပီလား "

Jiminရဲ႕ နားနားေလးကို ကပ္ၿပီး Minjeong တိုးတိုးေလးေျပာေတာ့ Jimin တစ္ေယာက္ ရွက္လို႔ မ်က္ႏွာေလး နီရဲလာတယ္

****

"Jimin Yah Yu Jimin "

Minjeongနဲ႕ ေစ်းဝယ္လိုက္သြားၿပီး အိမ္ျပန္ေရာက္လာလာခ်င္းဘဲ Minjeong တစ္ေယာက္ ကားေပၚက ဆင္းရင္း သူ႕နာမည္ကို ဆက္တိုက္ေအာ္ဟစ္ေနတာကို Jimin ၾကားရသည္

Jiminကေတာ့ ေစ်းကဝယ္လာတဲ့ ပစၥည္းေတြကို သယ္ရင္း အိမ္ထဲဝင္သြားတယ္

"နင္ ဘာျဖစ္ေနတာလဲ သူက ဘယ္သူလဲ Jimin "

"ဘယ္သူလဲ "

"နင္ ေစ်းသြားတုံးက ငါ့ကိုေျပာျပေနတဲ့ေကာင္ေလးေလ "

"sung chanလား "

"နင္ ငါ့ကို သစၥာေဖာက္ခဲ့တာလား နင္ သူနင္နဲ႕ နမ္းခဲ့လား ေျဖ "

Minjeongမွာ Jiminရဲ႕ ေနာက္ေက်ာကို ရိုက္ၿပီး ရန္လုပ္ေလသည္

"အု နာတယ္ဟ ...သူ႕ကို လြန္ခဲ့တဲ့ ႏွစ္တစ္ရာေလာက္က နမ္းခဲ့ဖူးပါတယ္ အဲ့တုံးက ငါ့အသက္က ႏွစ္ဆယ္ဘဲ ရွိေသးတယ္ေလ သူ႕အေၾကာင္းေျပာျပတာလည္း ငါနဲ႕အရမ္းခင္ခဲ့တဲ့ေကာင္ေလးဆိုလို႔ သူဘဲရွိခဲ့တာ နင္ဘဲ ငါ့အတိတ္အေၾကာင္းေတြ ေျပာျပဆို ဘာလို႔ ခုက်မွ လာရိုက္ေနရတာလဲ ငါ နင့္ကို သစၥာမေဖာက္ဖူးပါဘူး Minjeongရ "

Jiminက ရွင္းျပေနေပမယ့္ Minjeongက သဝန္တိုလို႔မၿပီးေသး

"ဟူး ငါ သူ႕ကို သတ္ခဲ့သင့္တာ "

"အယ္ နင္ ဘာေတြေျပာေနတာလဲ Jimin အဲ့တာ ျပစ္မႈေျမာက္တယ္ေနာ္ "

"ငါ ဂ႐ုမစိုက္ဘူး "

Jiminက ႏႈတ္ခမ္းေထာ္ၿပီး ေျပာလိုက္တယ္

ေျမေခြးျဖစ္ခဲ့ဖူးတဲ့ မိန္းကေလးတစ္ေယာက္နဲ႕ ခ်စ္သူျဖစ္ရတာ တကယ္မလြယ္ကူပါလား

ေတာ္ေသးတာေပါ့ Minjeong တို႔ မုန့္ဆိုင္ေဘး ဘယ္သူမွမေနလို႔ မဟုတ္ရင္ သူတို႔ ျငင္းခုန္စကားမ်ားေနတာ ေဘးလူေတြ ၾကားသြားရင္ ျပႆနာဘဲ ဖမ္းခံရမွာ သူတို႔ႏွစ္ေယာက္

"ေနပါအုံး နင္တစ္ခါက ေက်ာင္းကို သြားတာလည္း ေက်ာင္းသားေတြကို သတ္ဖို႔လား"

"မသတ္ဘူးေလ သတ္ရမလားဘဲ ေတြးဖူးခဲ့တာလို႔ ေျပာတယ္ မဟုတ္လား "

"သူ႕ရဲ႕ ဝိညာဥ္ကို စုပ္ယူရင္း တန္းလန္းက ရပ္လိုက္တာလို႔ နင္ေျပာဖူးသလားလို႔ ၿပီးေတာ့ ငါတို႔ကို သတ္ၿပီးစားရမလားလို႔ နင္ေတြးဖူးတယ္ဆို  "

"အင္းေလ စစခ်င္းတုံးက ငါက နင္တို႔ လူသားေတြကိုမွ သေဘာမက်တာ "

Jimin စကားလည္းဆုံးေရာ Minjeong တစ္ေယာက္ Jiminကို ထပ္ၿပီး ရိုက္ျပန္သည္

"အယ္ စစခ်င္းကလို႔ေျပာတယ္ေလ "

Jiminမွာ အရိုက္ခံရတဲ့ၾကားကေန ျပန္ေျဖလိုက္သည္

"အရင္က ငါ လူေတြကို မႀကိဳက္ဘူးေလ သူတို႔က ဆိုးသြမ္းၿပီး အသိဥာဏ္မရွိၾကဘူး "

"နင္ လူေတြကို အဲ့သေလာက္ေတာင္ မႀကိဳက္ရင္ ဘာလို႔ ျပန္လာေနေသးလဲ "

"ဘာလို႔လည္းဆိုေတာ့ ငါနင့္ကိုခ်စ္လို႔ေပါ့ Minjeong "

Jiminရဲ႕ စကားေၾကာင့္ Minjeongရဲ႕ ေဒါသေတြက မီးကို ေရနဲ႕ၿငိမ္းလိုက္သလို ရွဲခနဲေပ်ာက္သြားတယ္

"ဒါေပမယ့္ နင္ကေတာ့ ငါ့ကို သေဘာမက်ေတာ့ဘူး မဟုတ္လား"

"ေဟာ ဘာေတြေျပာေနတာလဲ နင့္ကို ငါ သေဘာက်႐ုံတင္မဟုတ္ဘူး ခ်စ္တယ္ ခ်စ္လြန္းလို႔ ဘယ္လိုလုပ္ရမွန္းေတာင္ မသိေတာ့ဘူး stupid foxရဲ႕ "

"နင္ အရင္က ငါ့ကို အဲ့လိုမေအာ္ဖူးပါဘူး "

Jiminက ႏႈတ္ခမ္းေလးေထာ္ၿပီး ေျပာလိုက္သည္

"အဲ့အေၾကာင္းေတြကို နင္က အရင္က ငါ့ကို ေျပာမျပဖူးဘူးေလ အဲ့ေတာ့ ငါက သဝန္တိုတာေပါ့ သဝန္တိုလို႔ ေအာ္မိသြားတာပါ ေတာင္းပန္ပါတယ္ေနာ္ "

Minjeongမွာ Jiminရဲ႕ လက္ကေလးကို ကိုင္ၿပီး ေခ်ာ့လိုက္သည္

"ငါ့ကို စိတ္မဆိုးပါနဲ႕ေတာ့ ေနာ္ "

'မဆိုးေတာ့ပါဘူး ငါတို႔ ရန္ျဖစ္ေပမယ့္ အခ်စ္မေလ်ာ့ဘူးေလ ဟုတ္တယ္မလား လူေတြက ရန္ျဖစ္ေလ ပိုခ်စ္ေလတဲ့ သိလား Jimin "

Minjeongက ေျပာၿပီး Jiminကို ဆြဲဖက္ကာ နမ္းလိုက္သည္

Jiminနဲ႕ Minjeongတို႔ တစ္ေယာက္ကို တစ္ေယာက္ သဝန္တိုလို႔ ရန္ျဖစ္ၾကေပမယ့္ ႏွစ္ေယာက္သားက ခဏနဲ႕စိတ္ဆိုးေျပၿပီး အခ်စ္ေတြ ပိုၾကစၿမဲပင္

ေျမေခြးမွန္းသိတာေတာင္ ဆက္ခ်စ္ေပးခဲ့တဲ့ ျပန္လာမယ့္အခ်ိန္ကို ေမွ်ာ္ေနခဲ့တဲ့ Minjeong နဲ႕ Minjeongအတြက္ ေျမေခြးဘဝကို ရေအာင္ စြန့္လႊတ္ၿပီး တိုင္းတစ္ပါးကို ေရာက္သြားေပမယ့္ ရေအာင္ ျပန္လာခဲ့တဲ့ Jiminတို႔ဟာ ဘဝကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းရင္း ကုန္ဆုံးသြားၾကေလသတဲ့

#the end

ေျမေခြးမေလးတို႔ အတြဲကို အဆုံးထိ ဖတ္ေပးၾကလို႔ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။

Bạn đang đọc truyện trên: Truyen3h.Co