Extra 8
"မနက်ဖြန်မှ ဆင်းလာမယ်လေ ဒီနေ့တော့... "
"ထပ်ပြီး ပုန်းမနေနဲ့တော့ Jimin "
Minjeongမှာ Jimin စကားကို ဖြတ်ပြောလိုက်သည်
"ငါ့ကောင်မလေးကို ထပ်ပြီး အပေါ်ထပ်မှာ မဖွတ်နိုင်တော့ဘူး Jimin "
"ငါ...ငါ စိတ်လှုပ်ရှားနေတယ် "
Minjeong က တက်ကြွနေပေမယ့် Jiminကတော့ စိတ်လှုပ်ရှားတယ်
Jiminရဲ့ စကားကြောင့် Minjeongမှာ Jimin ပခုံးကို ကိုင်လိုက်ပြီး
"Aigoo နှစ်တစ်ရာကျော်နေပြီဖြစ်တဲ့ ဂူမီဟိုမလေးက ကြောက်တတ်တဲ့အရာတွေ ရှိခဲ့သေးတာလား "
"မစပါနဲ့ Minjeongရယ် သူတို့ ငါ့ကို ပြန်မလိုချင်တော့ရင် ဘယ်လိုလုပ်မလဲ "
"Jiminကလည်း သူတို့က နင့်ကို စိတ်ပူနေခဲ့ကြတာ သိလား နင်ပြန်ရောက်လာတာ သူတို့သိရင် ပိုလို့တောင် ဝမ်းသာနေကြမှာ "
Minjeongက အားပေးနေပေမယ့် Jiminကတော့ သက်ပြင်းချပြီး
"ငါ့ကို နင့်လိုလူသားတစ်ယောက်က လက်ခံပေးနေရုံနဲ့တင် ဘုရားပေးတဲ့ဆုလာဘ်ပါဘဲဟာ တစ်ခြားသာမန်သူတွေကိုတော့ ငါမမျှော်မှန်းရဲတော့ဘူး"
"What ငါလည်း သာမန်လူဘဲလေ "
"မဟုတ်တာ နင်က သာမန်လူမဟုတ်ပါဘူး specialပါ Minjeong yah "
"နင်ကလည်း specialပါဘဲ Jiminရယ် ဒါကြောင့်မို့လို့ နင်ပြန်လာတာကို အားလုံးက ဝမ်းသာနေကြမှာ စိတ်ပူမနေနဲ့ရယ် "
"ငါ့အကြောင်းကို Aeriနဲ့Yizhuoကို ပြောပြတော့ သူတို့က ဘာတုံ့ပြန်မှုမှ မလုပ်ဘူးလို့ နင်ပြောခဲ့တယ်လေ "
Jiminရဲ့ စကားကြောင့် Minjeong တစ်ယောက် ရယ်လေသည်
"မဟုတ်တာ ငါပြောတာကလေ နင့်အကြောင်းတွေ သူတို့ကို အမှန်တိုင်းပြောပြတုံးက ငါက ရူးနေတဲ့ မိန်းမတစ်ယောက်လို တစ်ငိိုငိုတစ်ရယ်ရယ်နဲ့ ဖြစ်နေခဲ့တာလေ ငါလည်း တော်တော်အံ့သြသွားခဲ့မယ်ဆိုတာ နင်လည်းသိပါတယ် "
Minjeongက ပြောပြီး Jiminရဲ့ လက်ကို ကိုင်လိုက်သည်
"ဒီမှာ နင်က ဂူမီဟိုဆိုတာ Aeriနဲ့Yizhuoဘဲသိတာ
တစ်ခြားအစ်မတွေက မသိဘူးရယ် ဒါမို့လို့ အောက်ကိုဆင်းလာခဲ့ပါ Jiminရယ် "
"ငါ့ကို ပြန်လိုချင်တယ်ဆိုတာ သေချာလို့လား တစ်ခါက နင့်ကိုနာကျင်အောင် ငိုအောင်လုပ်ရင် ငါ့ကိုရိုက်မယ်လို့ Yizhuoက ပြောဖူးတယ်ဟ "
"What...သူက အဲ့လိုပြောခဲ့တာလား "
Minjeongမှာ မေးပြီး သဘောကျလို့ တခစ်ခစ်နဲ့ရယ်ပြန်သည်
"ဟုတ်တယ် ငါ့ကို ရိုက်မယ်လို့ သူတကယ်ပြောခဲ့တာဟ...ပြီးတော့ ငါလည်း နင့်ကို နာကျင်အောင်လုပ်ခဲ့တယ်မဟုတ်လား.... '
"Jimin...နင် ပြန်လာလို့ ငါအရမ်းစိတ်လှုပ်ရှားနေတာ သိလား ငါ့စိတ်လှုပ်ရှားမှုကိုလေ ငါ့သူငယ်ချင်းတွေဆီလည်း ဝေမျှချင်တယ် "
Minjeongက puppy eyesလေးနဲ့ တောင်းဆိုနေတော့ Jiminလည်း ဆက်မငြင်းနိုင်တော့ဘူးလေ
သက်ပြင်းချပြီး ခေါင်းညိတ်ကာ
"ကောင်းပြီ ငါ ဆင်းလာခဲ့မယ် Aeriနဲ့Yizhuoက ငါ့ကို သတ်ဖို့လုပ်ရင်တော့ ကယ်ပေးနော် "
"ဟားဟား ဟုတ်ပါပြီ နင့်ကို ကာကွယ်ပေးပါမယ်လို့ ကတိပေးတယ် "
မီးဖိုချောင်ထဲတွင် Yizhuoတစ်ယောက် Aeri ဖုတ်ကျွေးတဲ့ ပန်ကိတ်ကို စားနေသည်
"အရသာက ဘယ်လိုလဲ "
"တစ်အားချိုနေတယ် နောက်တစ်ခါ အချိုလျော့လုပ်ပေါ့ Aeri "
"ဟုတ်ပြီ...."
"ရှေ့ခဏသွားကြည့်လိုက်အုံးမယ် Minjeong တစ်ယောက် ဘယ်သွားနေတယ်မသိဘူး "
Yizhuoက ပြောပြီး မီးဖိုခန်းထဲကနေ ထွက်လာစဥ် တစ်ယောက်ယောက်နဲ့ ဝင်တိုက်မိလေသည်
"အား "
"Oh sorry ငါ မမြင်လို့ "
Yizhuoမှာ သူဝင်တိုက်မိတဲ့ သူကိုကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေသည်
"Ji...Jimin "
Aeriမှာ Yizhuo အော်သံကြားလို့ ထွက်ကြည့်တော့ Jiminကို တွေ့ပြီး ပါးစပ်အဟောင်းသား ဖြစ်ရပြန်သည်
"Ahh ငါ ပြန်သွားတော့မယ် "
Jiminမှာ လှည့်ပြန်မလို့ရှိသေး Yizhuoက ထအော်သည်
"Minjeongရေ "
Yizhuoရဲ့ ကျယ်လောင်တဲ့အသံကြောင့် Jimin တစ်ယောက် နားစည်ကွဲတော့မလို ခံစားရသည်
"Yeah "
Minjeongက အော်ထူးမှ Yizhuo က သက်ပြင်းချလိုက်သည်
"သြော် တော်သေးတယ် နင်အသက်ရှင်သေးလို့ "
Yizhuoရဲ့ စကားကြောင့် Jiminမှာ ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်
"Su...suprise....အံ့သြသွားလား တကယ်တော့ Jiminက လွန်ခဲ့တဲ့ရက်ကတည်းက ပြန်ရောက်လာတာရယ် "
"ဟမ် လွန်ခဲ့တဲ့ ရက်ကတည်းက ဟုတ်လား "
Aeriက အံ့သြပြီး မေးသည်
"နင် ဘယ်တွေရောက်နေတာလဲ Jimin "
"ပြောရရင်တော့ အရှည်ကြီးဘဲ Yizhuo "
Yizhulက သူ့အနားကို ကပ်လာလို့ Jimin တစ်ယောက် အရိုက်ခံရပြီထင်ပြီး မျက်လုံးကို မှိတ်ထားလိုက်သည်
သို့သော်လည်း Yizhuoက Jiminရဲ့ မျက်နှာလေးကို လာထိသည်
"နင်...နင်က.... '
"ဟုတ်တယ် ငါပါ "
"နင်က တကယ်ဘဲ ...ငါပြောချင်တာကို သိတယ်မလား "
"ဂူမီဟိုလား Yizhuo "
"ဟုတ်တယ်..."
"အရင်က ဖြစ်ခဲ့တာပါ အခုတော့ ငါက ဂူမီဟိုမဟုတ်တော့ဘူး "
"ဂူမီဟို မဟုတ်တော့ဘူးဆိုတာ ဘာလဲ "
"ပြောရရင်တော့ အရှည်ကြီးဘဲ Aeri "
Minjeongကို ပြောပြဖို့တောင် တစ်ညခွဲလောက် ကြာခဲ့တာလေ
"ထားပါလေ အဓိကက နင်အဆင်ပြေနေဖို့ အရေးကြီးတာ နင်ဘာမှမဖြစ်တာဘဲ တော်သေးတာပေါ့ Jiminရ....နင်ရောက်နေမှန်းမသိလို့ ငါ ကိုလာတော့ မဝယ်လာခဲ့ဘူး "
"ရပါတယ်ဟ "
"ငါတို့က နင့်ကို လွမ်းနေတာ "
Aeri Yizhuo Minjeong သုံးယောက်က Jiminကို ဝိုင်းဖက်တော့ Jiminမှာ မျက်ရည်တွေဝဲလာပြီး ငိုမိမလိုတောင် ဖြစ်သွားတယ်
တကယ်ဘဲ ပင်ပန်းရကျိုးနပ်လိုက်တာ အရမ်းနွေးထွေးတဲ့ ပေါင်မုန့်ဆိုင်လေးဘဲ
Wendyတို့ကိုတော့ Jiminက အလုပ်ကိစ္စနဲ့ ခရီးသွားနေတယ်လို့ Minjeong က လိမ်ပြောထားသည်
Wendyတို့ကလည်း Jiminကို ပြန်လည်ကြိုဆိုကြသည်
Jiminက Wendyတို့ကို သူနိုင်ငံခြားမှာ Matthew သင်ယူခဲ့တဲ့ မုန့်ဖုတ်နည်း တစ်ချို့ကို ပြန်သင်ကြားပေးသည်
Wendyတို့မှာ Jimin ပြောသလို လုပ်ကြည့်ပြီး မုန့်က ရလာဒ်ကောင်းလို့ အရမ်းသဘောကျကာ ဝိုင်းချီးကျူးကြလေသည်
Matthew က လွဲပြီး စကားပြောစရာမရှိခဲ့လို့ အထီးကျန်နေခဲ့တဲ့ Jimin တစ်ယောက် အခုတော့ ပေါင်မုန့်ဆိုင်မှာ ချစ်ရသူနဲ့ သူငယ်ချင်းတွေရဲ့ နွေးထွေးမှုတွေကြောင့် အရမ်းပျော်ရွှင်နေပြီလေ
#Tbc
#zawgyi
"မဟုတ်တာ ငါပြောတာကလေ နင့်အကြောင်းတွေ သူတို့ကို အမှန်တိုင်းပြောပြတုံးက ငါက ရူးနေတဲ့ မိန်းမတစ်ယောက်လို တစ်ငိုငိုတစ်ရယ်ရယ်နဲ့ ဖြစ်နေခဲ့တာလေ ငါလည်း တော်တော်အံ့သြသွားခဲ့မယ်ဆိုတာ နင်လည်းသိပါတယ် "
"အရသာက ဘယ်လိုလဲ "
"ဟုတ်ပြီ...."
"အား "
"Oh sorry ငါ မမြင်လို့ "
"Ji...Jimin "
"Minjeongရေ "
"Yeah "
"နင်...နင်က.... '
"ဟုတ်တယ် ငါပါ "
"ဂူမီဟိုလား Yizhuo "
"ဟုတ်တယ်..."
"ရပါတယ်ဟ "
#
Bạn đang đọc truyện trên: Truyen3h.Co