Part 1
#Unicode
ဂူမီဟို....ဂူမီဟိုတွေဟာ လကြတ်ခါနီးလေ စွမ်းအားတွေ ပြောင်းလဲလာသလို ခံစားနိုင်စွမ်း ရှိကြသည်
ဂူမီဟိုမလေးတစ်ကောင် ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်ရင်း အမဲလိုက်ထွက်သင့် မထွက်သင့် စဥ်းစားနေသည်
သူမ အမဲလိုက်ပြီး လူ့အသည်းကိုစားခဲ့ချိန်က တစ်နှစ်ကျော်နီးပါးကြာခဲ့ပြီလေ
ဂူမီဟိုမလေးက အမဲလိုက်တဲ့အခါမျိုးဆို အမျိုးသားတွေနဲ့ bond တွယ်ဖို့အတွက် အမျိုးသားတွေ စည်စည်ကားကားရှိနေတတ်တဲ့ Bar တွေ Clubတွေကို ဦးစားပေးသွားလေ့ရှိသည်
ဒါမှ ငယ်ရွယ်ပြီး တက်ကြွတဲ့ ကောင်ဆိုးလေးတွေရဲ့ အသည်းကို ဂူမီဟိုမလေးက စားနိုင်မှာ
"အမဲလိုက်ဖို့ အချိန်ကောင်းဘဲ "
ဂူမီဟိုမလေး ရေရွတ်ပြီး မြို့ထဲကို ထွက်လာခဲ့သည်
တံတားပေါ်က ဖြတ်သွားဖြတ်လာ ကားတွေ ကြည့်ရင်း သားကောင်ကို ဂူမီဟိုမလေး ရွေးချယ်နေသည်
ဖြောက်ဖြောက်ဖြောက်
ဟော အမဲလိုက်မယ့်နေ့ကျမှဘဲ အဖျက်မိုးက လာရွာနေသည်
ဂူမီဟိုမလေး မိုးခိုဖို့ တံတားပေါ်ကနေ ဖြတ်ပြေးကာ ဆိုင်တစ်ဆိုင်ရှေ့ ရပ်နေလိုက်သည်
"ဒီအတိုင်း လမ်းပေါ်က အိမ်ခြေယာမဲ့ တစ်ယောက်ကိုဘဲ ဖမ်းစားရမလား "
ဂူမီဟိုမလေး တွေးနေစဥ် တံခါးဖွင့်သံနဲ့အတူ ထွက်ပေါ်လာတဲ့ ခေါင်းလောင်းသံကြောင့် လန့်သွားတယ်
"Hi. ...ဟိုလေ အဆင်ပြေရဲ့လားဟင် "
ဆိုင်တစ်ဆိုင်ထဲကနေ ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်မလေး က ထီးလေးကိုင်ပြီး ထွက်လာတာကို ဂူမီဟိုတွေ့လိုက်ရသည်
"ဒီက တစ်ယောက် အဆင်ပြေရဲ့လားဟင် "
ဆံပင်ရွှေရောင်ဆိုးထားပြီး hoodieကြား မြုပ်နေတဲ့ ကောင်မလေးကို ဂူမီဟိုမလေး မျက်လုံးအဝိုင်းသားနဲ့ စိုက်ကြည့်နေမိသည်
ထိုကောင်မလေးကို ငေးကြည့်ရင်း ကောင်လေးတွေနဲ့သာ bond တွယ်စရာမလိုဘဲ ကောင်မလေးတွေနဲ့လည်း bondတွယ်လို့ရနိုင်ကြောင်း ဂူမီဟိုတွေးမိသွားတယ်
သူမ ဘဝမှာ တစ်ခါမှ ကောင်မလေးတွေနဲ့ တွဲမကြည့်ဖူးဘူးလေ ...
"အဆင်ပြေရဲ့လားဟင် အကူအညီလိုလား မသိဘူး "
ကောင်မလေးမှာ ဂူမီဟိုပေါ်သို့ ထီးလေးမိုးပေးရင်း မေးလိုက်သည်
ဂူမီဟိုလည်း သူမနှုတ်ခမ်းပေါ်က မိုးရေစက်တွေကို လျှာနဲ့သပ်ပြီး တစ်ခုခုပြောဖို့ စဥ်းစားလိုက်သည်
"ဟို လမ်းပျောက်နေလို့ "
"ဟင် လမ်းပျောက်နေလို့ ဟုတ်လား ဘယ်ကိုသွားနေတာလည်းဟင် "
ကောင်မလေးမှာ ဂူမီဟိုက လိမ်ပြောလိုက်တာကို တကယ်ထင်သွားသည်
"မမှတ်မိဘူး ဖြစ်နေတယ် "
"အာ.... ဒါဆိုလည်း ဆိုင်ထဲကို အရင်ဝင်ပါ့လား အပြင်မှာ မိုးရွာပြီးအေးနေတာ ခဲသွားလိမ့်မယ် "
ဂူမီဟိုလည်း ကောင်မလေးရဲ့ ဖိတ်ခေါ်ခြင်းကို မငြင်းဘဲ ကောင်မလေးနောက် လိုက်သွားသည်
ဆိုင်ထဲကို ရောက်တော့ ကောင်မလေးမှာ ထီးကိုပိတ်ပြီး တံခါးကိုသော့ခတ်လိုက်သည်
ဂူမီဟိုကတော့ ဆိုင်ကို တစ်ချက်ကြည့်ပေမယ့် မီးသီးလေးသာ ဖွင့်ထားသောကြောင့် သိပ်မမြင်ရပေ
"Sorryနော် ကိုယ့်ကိုကိုယ် မိတ်ဆက်ဖို့ မေ့သွားလို့ ငါ့နာမည်က Minjeong ပါ "
"ဟုတ် Minjeong shii "
"ဒီက တစ်ယောက်နာမည်ကရော "
"ငါလား "
"ဟုတ်တယ် နင်ပေါ့ ဒီမှာ နင်နဲ့ ငါ နှစ်ယောက်ဘဲ ရှိတာကို "
Minjeongကြောင့် ဂူမီဟိုမှာ နာမည်တွေ စဥ်းစားနေရပြီ
ကောင်လေးတွေအနား ချဥ်းကပ်တုံးက ဂူမီဟိုမှာ နာမည်တွေကို အတည်တကျမသုံးဘဲ ကျပန်းနာမည်တွေနဲ့ ချဥ်းကပ်ခဲ့တာလေ
"နာမည်က "
"Jimin. ..."
"Jimin ဘဲလား "
"အင်း ဟုတ်တယ် ကျန်တာ ငါမမှတ်မိတော့ဘူး "
"ဟုတ်ပါပြီ လာခဲ့ "
Jiminလည်း Minjeongခေါ်ရာနောက်သို့ လိုက်သွားသည်
Minjeongလည်း လှေကားပေါ်သို့ တက်ပြီး သူမအခန်းထဲ ခေါ်သွားသည်
Jiminမှာ လူသားတွေရဲ့ အိမ်အလည်လာဖို့ ဖိတ်ခေါ်ခြင်းကို မကြာခဏခံခဲ့ရသောကြောင့် Minjeongရဲ့ အိမ်မှာ သူမရောက်ဖူးတဲ့အိမ်တွေထဲ အကျဥ်းဆုံးဖြစ်နေမှန်း သတိထားမိသည်
"ရော့ တဘတ်.... ဆံပင် အစိုတွေကို သုတ်လိုက်ပါအုံး.... "
Minjeong မှာ သူ့ဗီဒိုထဲက တဘတ်ကို ထုတ်ပြီး Jiminကို ပေးလိုက်သည်
"ဒီတော့ နင့်နာမည်က Jimin. ...နေရာတစ်ခုကို ရှာနေပေမယ့် ဘယ်နေရာမှန်း မမှတ်မိဘူး... ဟုတ်လား "
Minjeong သူမ ခြေအိတ်ကို ချွတ်ရင်း မေးလိုက်သည်
"အင်း ဟုတ်တယ် ဘယ်သွားနေမှန်းမမှတ်မိဘူး "
Jimin လိမ်ပြောလိုက်တော့ Minjeongမှာ Jiminကို ကြည့်လိုက်သည်
"Amnesiaဘဲ..."
"Amnesia. .."
"ဟုတ်တယ် အတိတ်မေ့ရောဂါပေါ့ အဲ့အတိတ်မေ့ရောဂါက တစ်ခုခုကြောင့် ဖြစ်တာ ဒါမို့ နင်မတော်တဆ တစ်ခုခုများဖြစ်ခဲ့သလား "
"ဟင့်အင်း...."
Jimin က ခေါင်းခါပြတော့ Minjeong သက်ပြင်းချလိုက်သည်
"သနားစရာကောင်းလိုက်တာ Jiminရယ်.... ဒါဆို နင် ဆေးရုံသွားမှဖြစ်မှာပေါ့ "
"ဟင့်အင်း မသွားချင်ဘူး "
Minjeongရဲ့ အကြံပေးချက်ကို Jimin အမြန်ခေါင်းခါပြီး ငြင်းလိုက်သည်
"ဆေးရုံကိုသွားရမှာပေါ့ ဒါမှ သူတို့က နင့်ကို ကူညီနိုင်မှာ နင့်မိသားစုကိုတောင် သူတို့ ကူရှာပေးနိုင်အုံးမယ် "
"ဆေးရုံမသွားချင်ဘူး "
"သူတို့ ကူညီနိုင်မှာပါဆို "
"ဆေးရုံကို မကြိုက်ဘူး ပြီးတော့ ငါ့မှာ မိသားစုမရှိဘူး...."
Jiminရဲ့ စကားကြောင့် Minjeong စိတ်မကောင်း ဖြစ်သွားသည်...
ဟပ်ချိုးးးးးး
"အယ် မေ့နေတာ နင်အဝတ်စိုကြီးနဲ့ ထိုင်နေတာဘဲ.... ခဏ "
Minjeong ဗီဒိုကိုဖွင့်ပြီး သူမအဝတ်အစားတွေကို မွှေနှောက်ရှာနေသည်
"ရော့ ငါ့အဝတ်အစား လဲဝတ်လိုက်.....ငါကျောပေးထားမယ် လှည့်မကြည့်ဘူးမို့ စိတ်ချလက်ချနဲ့သာ အဝတ်လဲ "
Minjeong အဝတ်အစားတွေကို Jimin လက်ထဲထည့်ပေးပြီး တစ်ဖက်ကိုလှည့်သွားသည်
Jiminကတော့ အဝတ်အစားတွေကိုင်ပြီး Minjeongကို စိုက်ကြည့်နေမိသည်
"ဒါဆို ငါအဝတ်အစားလဲပြီနော် "
Jiminမှာ အဝတ်အစားလဲနေစဥ် Minjeong တစ်ယောက် လည်ချောင်းတွေခြောက်လာပြီး ပူလာသလို ခံစားရသည်
"ဘာလို့ ပူနေသလို ခံစားရတာလည်း "
Minjeong တိုးတိုးလေး ရေရွတ်လိုက်သည်
"ဟို ဗိုက်ဆာနေတယ်မလား Jimin "
"အင်း "
"ခဏနော် အောက်ကိုဆင်းပြီး မုန့်သွားယူပေမယ်"
Minjeong ထူးဆန်းနေတဲ့အခြေအနေကြားက ထွက်လာဖို့ အောက်ကိုပြေးဆင်းသွားသည်
Minjeong မုန့်ယူပြီး အပေါ်တက်လာတော့ Jiminမှာ သူမပေးထားတဲ့ hoodieလေးကို ဝတ်ပြီး ထိုင်နေသည်
"ရော့ ငါကိုယ်တိုင်လုပ်ထားတဲ့ မုန့်လေး "
"ဘာလေးလည်း "
Minjeongပေးတာကို ယူစားရင်း Jimin ပေးလိုက်သည်
"ပဲပေါင်မုန့်လေ စားဖူးတယ်မလား "
"ဟင့်အင်း မစားဖူးဘူး ဒါ ပထမဆုံးစားတာဘဲ "
"စားကောင်းလား "
"အင်း စားကောင်းတယ် "
Jimin သူ့နှုတ်ခမ်းပေါ်က ပဲစေ့လေးယူစားရင်း ပြန်ဖြေလိုက်သည်
"နင် ထပ်စားချင်ရင်ပြော ငါဆင်းယူပေးမယ် "
"နေပါစေ ဝပြီရယ်... "
တကယ်တမ်းတော့ Jimin တော်တော်လေးဗိုက်ဆာနေတာလေ ပဲပေါင်မုန့်က ဂူမီဟိုတွေစားတဲ့အစားအစာမဟုတ်ပေမယ့် အရသာတော့ရှိတယ်လို့ Jimin သတ်မှတ်လိုက်သည်
Minjeongကို Jimin စိုက်ကြည့်ရင်း ဘယ်လိုအရသာရှိမလည်းဆိုတာ ပုံဖော်ကြည့်နေသည်
ဗိုက်ဆာလိုက်တာ ဒီအဖြူလုံး သေးသေးကွေးကွေးလေးကို စားလိုက်ရရင်ကောင်းမယ်
"ဒီမှာဘဲ အိပ်သွားလိုက်လေ Jimin. ..ညလည်းနက်နေပြီဆိုတော့ "
" အာ အင်း...."
"ငါ ဒီကြမ်းပြင်မှာ စောင်ခင်းပေးမယ် အိပ်လိုက် မနက်ကျ နင်သွားစရာရှိတဲ့ နေရာကိုမှတ်မိရင် မှတ်မိနေမှာ "
Minjeong ပြောပြီး Jimin အိပ်ဖို့ စောင်ခင်းပေးလေသည်
"နေအုံး မအိပ်ခင် ဆံပင်ခြောက်အောင် လေမှုတ်ပေးမယ် ဆံပင်ရေစိုနဲ့ အိပ်ရင်ဖျားလိမ့်မယ် "
Minjeong အံဆွဲထဲက hair dryerကို ယူပြီး Jiminရဲ့ စိုနေတဲ့ ဆံပင်တွေကို ခြောက်အောင်လုပ်ပေးလေသည်
"ရပြီ Jimin အိပ်လို့ရပြီ "
Jiminလည်း Minjeong ခင်းပေးတဲ့ စောင်ပေါ်တက်အိပ်တော့ ဘီဒိုထဲက ဂွမ်းစောင်ကို Minjeong ထုတ်ကာ Jiminကို ခြုံပေးလိုက်သည်
"နွေးသွားပြီမလား good night Jimin မနက်ကျ သက်သာဖို့မျှော်လင့်ပါတယ် "
ဆံပင်ရွှေရောင်နဲ့ ပေါက်စလေးမှာ Jiminကို နှုတ်ဆက်ပြီး အခန်းမီးပိတ်လိုက်သည်
ထို့နောက် Jimin ဘေးနားက သူမ အိပ်ရာပေါ်သို့ လှဲအိပ်လိုက်သည်
ဒီနေ့ အမဲလိုက်တာ မိုးရွာလို့ အခက်အခဲရှိသွားပေမယ့် Minjeongကြောင့် သက်တောင့်သက်သာရှိသလို Jimin ခံစားရတယ်
ဘာမှမတွေးတော့ဘဲ Jimin အိပ်လိုက်ဖို့ ဆုံးဖြတ်ပြီး မျက်လုံးမှိတ်လိုက်သည်
#tbc
#zawgyi
#Unicode
ဂူမီဟို....ဂူမီဟိုေတြဟာ လၾကတ္ခါနီးေလ စြမ္းအားေတြ ေျပာင္းလဲလာသလို ခံစားနိုင္စြမ္း ရွိၾကသည္
ဂူမီဟိုမေလးတစ္ေကာင္ ျပတင္းေပါက္အျပင္ဘက္ကို လွမ္းၾကည့္ရင္း အမဲလိုက္ထြက္သင့္ မထြက္သင့္ စဥ္းစားေနသည္
သူမ အမဲလိုက္ၿပီး လူ႕အသည္းကိုစားခဲ့ခ်ိန္က တစ္ႏွစ္ေက်ာ္နီးပါးၾကာခဲ့ၿပီေလ
ဂူမီဟိုမေလးက အမဲလိုက္တဲ့အခါမ်ိဳးဆို အမ်ိဳးသားေတြနဲ႕ bond တြယ္ဖို႔အတြက္ အမ်ိဳးသားေတြ စည္စည္ကားကားရွိေနတတ္တဲ့ Bar ေတြ Clubေတြကို ဦးစားေပးသြားေလ့ရွိသည္
ဒါမွ ငယ္႐ြယ္ၿပီး တက္ႂကြတဲ့ ေကာင္ဆိုးေလးေတြရဲ႕ အသည္းကို ဂူမီဟိုမေလးက စားနိုင္မွာ
"အမဲလိုက္ဖို႔ အခ်ိန္ေကာင္းဘဲ "
ဂူမီဟိုမေလး ေရ႐ြတ္ၿပီး ၿမိဳ႕ထဲကို ထြက္လာခဲ့သည္
တံတားေပၚက ျဖတ္သြားျဖတ္လာ ကားေတြ ၾကည့္ရင္း သားေကာင္ကို ဂူမီဟိုမေလး ေ႐ြးခ်ယ္ေနသည္
ေျဖာက္ေျဖာက္ေျဖာက္
ေဟာ အမဲလိုက္မယ့္ေန႕က်မွဘဲ အဖ်က္မိုးက လာ႐ြာေနသည္
ဂူမီဟိုမေလး မိုးခိုဖို႔ တံတားေပၚကေန ျဖတ္ေျပးကာ ဆိုင္တစ္ဆိုင္ေရွ႕ ရပ္ေနလိုက္သည္
"ဒီအတိုင္း လမ္းေပၚက အိမ္ေျခယာမဲ့ တစ္ေယာက္ကိုဘဲ ဖမ္းစားရမလား "
ဂူမီဟိုမေလး ေတြးေနစဥ္ တံခါးဖြင့္သံနဲ႕အတူ ထြက္ေပၚလာတဲ့ ေခါင္းေလာင္းသံေၾကာင့္ လန့္သြားတယ္
"Hi. ...ဟိုေလ အဆင္ေျပရဲ႕လားဟင္ "
ဆိုင္တစ္ဆိုင္ထဲကေန ငယ္ငယ္႐ြယ္႐ြယ္နဲ႕ ေကာင္မေလး က ထီးေလးကိုင္ၿပီး ထြက္လာတာကို ဂူမီဟိုေတြ႕လိုက္ရသည္
"ဒီက တစ္ေယာက္ အဆင္ေျပရဲ႕လားဟင္ "
ဆံပင္ေ႐ႊေရာင္ဆိုးထားၿပီး hoodieၾကား ျမဳပ္ေနတဲ့ ေကာင္မေလးကို ဂူမီဟိုမေလး မ်က္လုံးအဝိုင္းသားနဲ႕ စိုက္ၾကည့္ေနမိသည္
ထိုေကာင္မေလးကို ေငးၾကည့္ရင္း ေကာင္ေလးေတြနဲ႕သာ bond တြယ္စရာမလိုဘဲ ေကာင္မေလးေတြနဲ႕လည္း bondတြယ္လို႔ရနိုင္ေၾကာင္း ဂူမီဟိုေတြးမိသြားတယ္
သူမ ဘဝမွာ တစ္ခါမွ ေကာင္မေလးေတြနဲ႕ တြဲမၾကည့္ဖူးဘူးေလ ...
"အဆင္ေျပရဲ႕လားဟင္ အကူအညီလိုလား မသိဘူး "
ေကာင္မေလးမွာ ဂူမီဟိုေပၚသို႔ ထီးေလးမိုးေပးရင္း ေမးလိုက္သည္
ဂူမီဟိုလည္း သူမႏႈတ္ခမ္းေပၚက မိုးေရစက္ေတြကို လွ်ာနဲ႕သပ္ၿပီး တစ္ခုခုေျပာဖို႔ စဥ္းစားလိုက္သည္
"ဟို လမ္းေပ်ာက္ေနလို႔ "
"ဟင္ လမ္းေပ်ာက္ေနလို႔ ဟုတ္လား ဘယ္ကိုသြားေနတာလည္းဟင္ "
ေကာင္မေလးမွာ ဂူမီဟိုက လိမ္ေျပာလိုက္တာကို တကယ္ထင္သြားသည္
"မမွတ္မိဘူး ျဖစ္ေနတယ္ "
"အာ.... ဒါဆိုလည္း ဆိုင္ထဲကို အရင္ဝင္ပါ့လား အျပင္မွာ မိုး႐ြာၿပီးေအးေနတာ ခဲသြားလိမ့္မယ္ "
ဂူမီဟိုလည္း ေကာင္မေလးရဲ႕ ဖိတ္ေခၚျခင္းကို မျငင္းဘဲ ေကာင္မေလးေနာက္ လိုက္သြားသည္
ဆိုင္ထဲကို ေရာက္ေတာ့ ေကာင္မေလးမွာ ထီးကိုပိတ္ၿပီး တံခါးကိုေသာ့ခတ္လိုက္သည္
ဂူမီဟိုကေတာ့ ဆိုင္ကို တစ္ခ်က္ၾကည့္ေပမယ့္ မီးသီးေလးသာ ဖြင့္ထားေသာေၾကာင့္ သိပ္မျမင္ရေပ
"Sorryေနာ္ ကိုယ့္ကိုကိုယ္ မိတ္ဆက္ဖို႔ ေမ့သြားလို႔ ငါ့နာမည္က Minjeong ပါ "
"ဟုတ္ Minjeong shii "
"ဒီက တစ္ေယာက္နာမည္ကေရာ "
"ငါလား "
"ဟုတ္တယ္ နင္ေပါ့ ဒီမွာ နင္နဲ႕ ငါ ႏွစ္ေယာက္ဘဲ ရွိတာကို "
Minjeongေၾကာင့္ ဂူမီဟိုမွာ နာမည္ေတြ စဥ္းစားေနရၿပီ
ေကာင္ေလးေတြအနား ခ်ဥ္းကပ္တုံးက ဂူမီဟိုမွာ နာမည္ေတြကို အတည္တက်မသုံးဘဲ က်ပန္းနာမည္ေတြနဲ႕ ခ်ဥ္းကပ္ခဲ့တာေလ
"နာမည္က "
"Jimin. ..."
"Jimin ဘဲလား "
"အင္း ဟုတ္တယ္ က်န္တာ ငါမမွတ္မိေတာ့ဘူး "
"ဟုတ္ပါၿပီ လာခဲ့ "
Jiminလည္း Minjeongေခၚရာေနာက္သို႔ လိုက္သြားသည္
Minjeongလည္း ေလွကားေပၚသို႔ တက္ၿပီး သူမအခန္းထဲ ေခၚသြားသည္
Jiminမွာ လူသားေတြရဲ႕ အိမ္အလည္လာဖို႔ ဖိတ္ေခၚျခင္းကို မၾကာခဏခံခဲ့ရေသာေၾကာင့္ Minjeongရဲ႕ အိမ္မွာ သူမေရာက္ဖူးတဲ့အိမ္ေတြထဲ အက်ဥ္းဆုံးျဖစ္ေနမွန္း သတိထားမိသည္
"ေရာ့ တဘတ္.... ဆံပင္ အစိုေတြကို သုတ္လိုက္ပါအုံး.... "
Minjeong မွာ သူ႕ဗီဒိုထဲက တဘတ္ကို ထုတ္ၿပီး Jiminကို ေပးလိုက္သည္
"ဒီေတာ့ နင့္နာမည္က Jimin. ...ေနရာတစ္ခုကို ရွာေနေပမယ့္ ဘယ္ေနရာမွန္း မမွတ္မိဘူး... ဟုတ္လား "
Minjeong သူမ ေျခအိတ္ကို ခြၽတ္ရင္း ေမးလိုက္သည္
"အင္း ဟုတ္တယ္ ဘယ္သြားေနမွန္းမမွတ္မိဘူး "
Jimin လိမ္ေျပာလိုက္ေတာ့ Minjeongမွာ Jiminကို ၾကည့္လိုက္သည္
"Amnesiaဘဲ..."
"Amnesia. .."
"ဟုတ္တယ္ အတိတ္ေမ့ေရာဂါေပါ့ အဲ့အတိတ္ေမ့ေရာဂါက တစ္ခုခုေၾကာင့္ ျဖစ္တာ ဒါမို႔ နင္မေတာ္တဆ တစ္ခုခုမ်ားျဖစ္ခဲ့သလား "
"ဟင့္အင္း...."
Jimin က ေခါင္းခါျပေတာ့ Minjeong သက္ျပင္းခ်လိဳက္သည္
"သနားစရာေကာင္းလိုက္တာ Jiminရယ္.... ဒါဆို နင္ ေဆး႐ုံသြားမွျဖစ္မွာေပါ့ "
"ဟင့္အင္း မသြားခ်င္ဘူး "
Minjeongရဲ႕ အႀကံေပးခ်က္ကို Jimin အျမန္ေခါင္းခါၿပီး ျငင္းလိုက္သည္
"ေဆး႐ုံကိုသြားရမွာေပါ့ ဒါမွ သူတို႔က နင့္ကို ကူညီနိုင္မွာ နင့္မိသားစုကိုေတာင္ သူတို႔ ကူရွာေပးနိုင္အုံးမယ္ "
"ေဆး႐ုံမသြားခ်င္ဘူး "
"သူတို႔ ကူညီနိုင္မွာပါဆို "
"ေဆး႐ုံကို မႀကိဳက္ဘူး ၿပီးေတာ့ ငါ့မွာ မိသားစုမရွိဘူး...."
Jiminရဲ႕ စကားေၾကာင့္ Minjeong စိတ္မေကာင္း ျဖစ္သြားသည္...
ဟပ္ခ်ိဳးးးးးး
"အယ္ ေမ့ေနတာ နင္အဝတ္စိုႀကီးနဲ႕ ထိုင္ေနတာဘဲ.... ခဏ "
Minjeong ဗီဒိုကိုဖြင့္ၿပီး သူမအဝတ္အစားေတြကို ေမႊႏွောက္ရွာေနသည္
"ေရာ့ ငါ့အဝတ္အစား လဲဝတ္လိုက္.....ငါေက်ာေပးထားမယ္ လွည့္မၾကည့္ဘူးမို႔ စိတ္ခ်လက္ခ်နဲ႕သာ အဝတ္လဲ "
Minjeong အဝတ္အစားေတြကို Jimin လက္ထဲထည့္ေပးၿပီး တစ္ဖက္ကိုလွည့္သြားသည္
Jiminကေတာ့ အဝတ္အစားေတြကိုင္ၿပီး Minjeongကို စိုက္ၾကည့္ေနမိသည္
"ဒါဆို ငါအဝတ္အစားလဲၿပီေနာ္ "
Jiminမွာ အဝတ္အစားလဲေနစဥ္ Minjeong တစ္ေယာက္ လည္ေခ်ာင္းေတြေျခာက္လာၿပီး ပူလာသလို ခံစားရသည္
"ဘာလို႔ ပူေနသလို ခံစားရတာလည္း "
Minjeong တိုးတိုးေလး ေရ႐ြတ္လိုက္သည္
"ဟို ဗိုက္ဆာေနတယ္မလား Jimin "
"အင္း "
"ခဏေနာ္ ေအာက္ကိုဆင္းၿပီး မုန့္သြားယူေပမယ္"
Minjeong ထူးဆန္းေနတဲ့အေျခအေနၾကားက ထြက္လာဖို႔ ေအာက္ကိုေျပးဆင္းသြားသည္
Minjeong မုန့္ယူၿပီး အေပၚတက္လာေတာ့ Jiminမွာ သူမေပးထားတဲ့ hoodieေလးကို ဝတ္ၿပီး ထိုင္ေနသည္
"ေရာ့ ငါကိုယ္တိုင္လုပ္ထားတဲ့ မုန့္ေလး "
"ဘာေလးလည္း "
Minjeongေပးတာကို ယူစားရင္း Jimin ေပးလိုက္သည္
"ပဲေပါင္မုန့္ေလ စားဖူးတယ္မလား "
"ဟင့္အင္း မစားဖူးဘူး ဒါ ပထမဆုံးစားတာဘဲ "
"စားေကာင္းလား "
"အင္း စားေကာင္းတယ္ "
Jimin သူ႕ႏႈတ္ခမ္းေပၚက ပဲေစ့ေလးယူစားရင္း ျပန္ေျဖလိုက္သည္
"နင္ ထပ္စားခ်င္ရင္ေျပာ ငါဆင္းယူေပးမယ္ "
"ေနပါေစ ဝၿပီရယ္... "
တကယ္တမ္းေတာ့ Jimin ေတာ္ေတာ္ေလးဗိုက္ဆာေနတာေလ ပဲေပါင္မုန့္က ဂူမီဟိုေတြစားတဲ့အစားအစာမဟုတ္ေပမယ့္ အရသာေတာ့ရွိတယ္လို႔ Jimin သတ္မွတ္လိုက္သည္
Minjeongကို Jimin စိုက္ၾကည့္ရင္း ဘယ္လိုအရသာရွိမလည္းဆိုတာ ပုံေဖာ္ၾကည့္ေနသည္
ဗိုက္ဆာလိုက္တာ ဒီအျဖဴလုံး ေသးေသးေကြးေကြးေလးကို စားလိုက္ရရင္ေကာင္းမယ္
"ဒီမွာဘဲ အိပ္သြားလိုက္ေလ Jimin. ..ညလည္းနက္ေနၿပီဆိုေတာ့ "
" အာ အင္း...."
"ငါ ဒီၾကမ္းျပင္မွာ ေစာင္ခင္းေပးမယ္ အိပ္လိုက္ မနက္က် နင္သြားစရာရွိတဲ့ ေနရာကိုမွတ္မိရင္ မွတ္မိေနမွာ "
Minjeong ေျပာၿပီး Jimin အိပ္ဖို႔ ေစာင္ခင္းေပးေလသည္
"ေနအုံး မအိပ္ခင္ ဆံပင္ေျခာက္ေအာင္ ေလမႈတ္ေပးမယ္ ဆံပင္ေရစိုနဲ႕ အိပ္ရင္ဖ်ားလိမ့္မယ္ "
Minjeong အံဆြဲထဲက hair dryerကို ယူၿပီး Jiminရဲ႕ စိုေနတဲ့ ဆံပင္ေတြကို ေျခာက္ေအာင္လုပ္ေပးေလသည္
"ရၿပီ Jimin အိပ္လို႔ရၿပီ "
Jiminလည္း Minjeong ခင္းေပးတဲ့ ေစာင္ေပၚတက္အိပ္ေတာ့ ဘီဒိုထဲက ဂြမ္းေစာင္ကို Minjeong ထုတ္ကာ Jiminကို ၿခဳံေပးလိုက္သည္
"ႏြေးသြားၿပီမလား good night Jimin မနက္က် သက္သာဖို႔ေမွ်ာ္လင့္ပါတယ္ "
ဆံပင္ေ႐ႊေရာင္နဲ႕ ေပါက္စေလးမွာ Jiminကို ႏႈတ္ဆက္ၿပီး အခန္းမီးပိတ္လိုက္သည္
ထို႔ေနာက္ Jimin ေဘးနားက သူမ အိပ္ရာေပၚသို႔ လွဲအိပ္လိုက္သည္
ဒီေန႕ အမဲလိုက္တာ မိုး႐ြာလို႔ အခက္အခဲရွိသြားေပမယ့္ Minjeongေၾကာင့္ သက္ေတာင့္သက္သာရွိသလို Jimin ခံစားရတယ္
ဘာမွမေတြးေတာ့ဘဲ Jimin အိပ္လိုက္ဖို႔ ဆုံးျဖတ္ၿပီး မ်က္လုံးမွိတ္လိုက္သည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co