Part 2
#Unicode
ဂူမီဟိုရဲ့ အမဲလိုက်ခြင်း ဒုတိယမြောက်နေ့မှာတော့ Jimin တစ်ယောက် အိမ်သာတက်ချင်လို့ အိပ်ရာက အမြန်ထလိုက်ရသည်
တကယ်ဘဲ လူသား ခန္ဓာကိုယ်ကလည်း အလုပ်ရှုပ်လိုက်တာ
Jimin အိပ်ရာကထပြီး ဘေးပတ်လည်ကို ကြည့်လိုက်တော့ မနေ့က သေးသေးကွေးကွေး Minjeongကို မတွေ့ရပေ
သူ ဘယ်ရောက်သွားလည်း အဲ့တာအရေးမကြီးဘူး အိမ်သာ... အိမ်သာပြေးရမယ်
ကိစ္စတွေကို ရှင်းလင်းပြီးနောက်မှာတော့ Jimin ဘေစင်မှာ လက်သေချာဆေးနေသည်
ထို့နောက် မျက်နှာသစ်ပြီး ခံတွင်းသန့်ရှင်းစေမယ့် ဆေးရည်နဲ့ ပလုတ်ကျင်းပြီးနောက် Minjeongကို ရှာဖို့ အောက်ဆင်းလာသည်
မနေ့က အလင်းမှိန်မှိန်လေးသာရှိလို့ သေချာမမြင်လိုက်ပေမယ့် ဒီနေ့တော့ Jimin ဆိုင်ရဲ့ ပြင်ဆင်ပုံလေးကို မြင်ရပြီလေ
ဘီဒိုအကြီးကြီးတွေပေါ်မှာ ပေါင်မုန့် ကိတ်မုန့်လေးတွေ အစီအရီတင်ထားတာကို Jimin ခေတ္တရပ်ကြည့်နေမိသည်
ထိုစဥ် လှီးဖြတ်အသံတွေနဲ့အတူ လူသားနှလုံးခုန်သံကို ကြားလိုက်ရလို့ Minjeongမှန်း Jimin သိလိုက်သည်
ထို့ကြောင့် အသံကြားရာနောက် လိုက်သွားတော့ မီးဖိုခန်းထဲ အလုပ်ရှုပ်နေတဲ့ Minjeongကို တွေ့လိုက်ရသည်
"နိုးပြီလား Jimin. ...."
မီးဖိုခန်းထဲ ဝင်လာတဲ့ Jiminကို Minjeong သတိထားမိပြီး နှုတ်ဆက်လိုက်သည်
"အင်း နိုးပြီ နင်က ဒီပေါင်မုန့်ဆိုင်မှာ နေတာလား "
"ဟုတ်တယ် ဒီဆိုင်က ငါ ပိုင်တာလေ "
"ဒါဆို နင်က Bakerပေါ့ "
Jimin မေးတာကို Minjeong ခေါင်းညိတ်ပြပြီး မီးဖိုထဲက မုန့်ဗန်းကို ဆွဲထုတ်လိုက်သည်
Jiminမှာ မီးဖိုအခန်းထဲ လျှောက်ကြည့်ရင်း စားပွဲခုံပေါ် တင်ထားတဲ့ မုန့်ဗန်းလေးကို သတိထားမိသွားတယ်
"Jimin တစ်ခုခုရှာနေတာလား "
"အဲ့တာက မနေ့က နင်ငါ့ကိုကျွေးတဲ့ ပဲနီပေါင်မုန့်ဆိုတာလား "
Jimin လက်ညိုးညွှန်ရာကို Minjeong ကြည့်ပြီး ခေါင်းညိတ်လိုက်တယ်
"ဟုတ်တယ်....မနေ့က အဲ့တာကို စားထားတာ ဆိုတော့ ဒီနေ့ မတူတာစားမလား "
"မတူတာက ဘာကြီးလည်း "
Jimin စကားကြောင့် Minjeong ပြုံးပြီး ဗန်းတစ်ခုထဲက မုန့်တစ်ခုကို ယူလိုက်သည်
"ဒါလေးစားကြည့် ပဲနီပေါင်မုန့်ထက် ပိုချိုတယ် "
Jiminလည်း Minjeongပေးတဲ့ မုန့်ကို ယူလိုက်တော့ စေးကပ်နေသလို ခံစားလိုက်ရသည်
မုန့်ကိုတစ်ကိုက်ကိုက်လိုက်ပြီးနောက် Jimin မျက်လုံးပြူးလာပြီး အာမေဍိတ်အသံတောင် ထွက်လာသည်
"Oh "
Jimin အပြုအမူကြောင့် Minjeong လန့်သွားတယ် သူမ ဖုတ်ထားတာ စားမကောင်းလို့များလား
"ဘာ ဘာဖြစ်လို့လည်းဟင် "
ပါးစပ်ထဲ မုန့်အပြည့် ပလုတ်ပလောင်းနဲ့စားနေတဲ့ Jiminကို ကြည့်ပြီး Minjeongမေးလိုက်သည်
"အဲ့တာက...."
Jimin သူမနှုတ်ခမ်းပေါ်က မုန့်အပိုင်းအစလေးကို လျှာနဲ့ လျက်လိုက်ရင်း Minjeongမေးတာကို ဖြေလိုက်သည်
"အရမ်းကောင်းတယ် ဂျုံသားလေးတွေကလည်း အရမ်းအရသာရှိတယ် "
ထိုအခါမှ Minjeong သက်ပြင်းချနိုင်သွားတယ်
"Oh နင်သဘောကျလို့ တော်သေးတာပေါ့ "
"နောက်တစ်ခုလောက် ပေးလို့ ရမလား "
"ရတာပေါ့ ရော့...."
သူမရဲ့ သကြားပေါင်မုန့်ကို အားပါတရ စားနေတဲ့ Jiminကို ကြည့်ရင်း Minjeong ပြုံးနေမိတယ်
"နင် အမြဲ အဲ့လို ဗိုက်ဆာနေကျလား'
"အဲ့လိုတော့ မဟုတ်ပါဘူး ငါ အစားမစားထားတာ တော်တော်ကြာပြီလေ "
Jiminရဲ့ စကားကြောင့် Minjeong မျက်မှောင်ကြုတ်သွားတယ်
ဒီမိန်းကလေးမှာ ဘာကိစ္စတွေဖြစ်နေတာလည်း.....
"အင်းပါ စားပြီးရင် လက်ဆေးလိုက်အုံး သကြားကြောင့် စေးကပ်ကပ်နဲ့ ဖြစ်နေမယ် "
"ဟုတ်တယ်နော် စေးကပ်ကပ်ဖြစ်နေတယ် လက်ဆေးအုံးမှ "
Jiminပြောပြီး မီးဖိုခန်းထဲက ဘေစင်မှာ လက်သွားဆေးလိုက်သည်
"Jimin. ... နင့်ပါးစပ်နားမှာ မုန့်ဖတ်ကပ်နေတယ် "
Minjeong စကားကြောင့် Jimin နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်သည်
"မဟုတ်သေးဘူး... ဒီနား အာ ငါဖယ်ပေးမယ် "
Jimin မေးစေ့ပေါ်က မုန့်ဖတ်လေးကို Minjeong ဖယ်ပေးနေစဥ် Jimin ကတော့ Minjeongရဲ့ မျက်လုံးနက်နက်လေးကို စိုက်ကြည့်နေမိသည်
"ရပြီ....ငါဖယ်လိုက်ပြီ ဘာမှမရှိတော့ဘူး "
"ကျေးဇူးဘဲ Minjeong "
"ရပါတယ် ဒီရက်ပိုင်း နင် စားချင်တာရှိရင်ပြောလေ ငါလုပ်ပေးမယ် "
"ဒီရက်ပိုင်း.. "
Jimin ဒီနေရာမှာ ဘယ်လောက်ထိ နေရမလည်းဆိုတာ တွေးလိုက်မိသည်
အမျိုးသား တွေကို ရှာပြီး စားရမယ့် အချိန်ကို Jimin ဒီမှာနေရင်း ဖြုန်းတီးနေမိတယ်လေ
ဒါပေမယ့် Jimin ခံတွင်းထဲ အမျိုးသားတွေရဲ့ အသည်းနှလုံးထက် Minjeong လုပ်ပေးတဲ့ ပေါင်မုန့်တွေက ပိုလို့စားကောင်းနေတယ်
"နင် ဝက်ရိုးစွပ်ပြုတ်ကြိုက်လား "
"ဟင် အင်း စားကောင်းမယ့်ပုံဘဲ "
"ဒါဆို ညကျ ငါချက်ကျွေးမယ် "
"ညစာလား "
"ဒါပေါ့ Jiminရေ ဒီနေ့ တနဂ်နွေ နေ့မို့လို့ ဆိုင်ပိတ်ပေမယ့်လေ မနက်ဖြန်အတွက် ငါ ပေါင်မုန့်လေးလုပ်မလို့ နင်ဗိုက်ဆာရင် ကြိုက်ရာ ဗီဒိုထဲက မုန့်ယူစားလို့ရတယ် "
"အင်းပါ...ကျေးဇူးတင်ပါတယ်"
"ဒါနဲ့ နင် ဒီနေ့ အပြင်ထွက်မှာလား....ဟို ငါပြောချင်တာက နင် ဒီမှာဆက်နေလည်းရပါတယ်လို့.... ဒါပေမယ့်လည်း နင်သွားရမယ့်နေရာကို သတိရလာရင်တော့ နင့်သဘောပေါ့ "
တကယ်တော့ ဒီနေ့ Jimin မှာ Minjeong အိမ်ကနေ ထွက်သွားဖို့ တွေးနေတာလေ
သို့ပေမယ့် ပေါင်မုန့်ဗန်းတွေနဲ့အတူ Minjeongရဲ့ စေတနာတွေကို ဥပေက္ခာ မပြုနိုင်လို့ ဆက်နေဖို့ ဆုံးဖြတ်လိုက်သည်
"အင်း မသွားဘူး ဒီမှာဘဲ နေမယ်လေ "
Jiminရဲ့ စကားကြောင့် Minjeong ပျော်သွားတယ်
"ဟုတ်ပြီ ကိုယ့်အိမ်လို သဘောထားပြီး သက်တောင့်သက်သာ နေနော် "
"Ok. .."
Jiminမှာ Minjeongရဲ့ အောက်ထပ်က ဆိုင်ကို လှည့်ပတ်ကြည့်နေစဥ် မာတောင့်နေတဲ့ ပေါင်မုန့်တစ်ခုကို တွေ့လိုက်ရသည်
Jimin ကိုင်ကြည့်နေစဥ် Minjeongက သူမဘေးနားသို့ ရောက်လာသည်
"ဒါက ငါ့အဘိုးလက်ရာလေ တကယ် အစစ်တော့ မဟုတ်ဘူး အရုပ်ပေါ့ "
"အဘိုး...."
"အင်း ဟုတ်တယ် အခုတော့ သူမရှိတော့ပါဘူး အမေ ဆုံးပြီး သူလည်း ကွယ်လွန်သွားတယ် "
"ဒါဆို ဒီဆိုင်က family business ပေါ့ "
"ဟုတ်တယ် အဘိုးနဲ့အမေ ဆုံးသွားတော့ အဖေက ဆက်ဦးစီးတာပေါ့..... အဖေလည်း ဆုံးသွားတော့ ငါဘဲ ဆက်ဦးဆောင်ရတာပေါ့လေ "
"ဒါဆို နင့်မိသားစုတွေမရှိတော့ဘူးပေါ့ '
"အင်း အဲ့လိုပေါ့ ဒီစင်ပေါ်က အရုပ်တွေက မိသားစုအမွေမို့ ဂရုစိုက်နော် Jimin. ..ငါ မုန့်ဆက်လုပ်လိုက်အုံးမယ် "
Minjeongက မိသားစုမရှိတဲ့ တစ်ကောင်ကြွက်မှန်းသိလိုက်ရတော့ Minjeongကို သတ်စားပစ်ရင်တောင် ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူးလို့ Jimin တွေးနေမိသည်
မုန့်ဆိုင်ပိုင်ရှင်ကို သတ်လိုက်ပြီး ဆိုင်ပိတ်ထားရင် ဆိုင်ရှင်က ခရီးထွက်နေလို့ ပိတ်ထားတာလို့ဘဲ လူတွေကတွေးပြီး အာရုံစိုက်ကြမှာ မဟုတ်ဘူးလေ.....
တစ်ခြားအမျိုးသားတွေကို သတ်တာထက် Minjeongကို သတ်လိုက်တာ ပိုလွယ်ကူတယ်လို့ Jimin တွေးနေမိတယ်
နေ့လည်စာစားပြီးနောက်မှာတော့ Jiminကို Minjeong စတိုးဆိုင်သို့ ခေါ်လာသည်
"ဒီကို ဘာလို့ ခေါ်လာတာလည်း "
"နင့်ကြည့်ရတာ ရုတ်တရက် မိုးပေါ်က ပြုတ်ကျလာတဲ့ လူတစ်ယောက်လိုဘဲ ဘာမှမပါလာလို့လေ ငါ့အဝတ်အစားတွေဝတ်ရင်လည်း ရပေမယ့် သက်တောင့်သက်သာ ဖြစ်စေချင်လို့ အဝတ်အစား လိုက်ဝယ်ပေးတာ "
"ဟင်..."
"ဒါလေး စမ်းဝတ်ကြည့်ပါလား ပြီးတော့ ဟို....Underwear ပါ ဝတ်ကြည့် "
Minjeong မျက်နှာလေး နီရဲသွားတာကို Jimin သတိထားမိသွားတယ်
Minjeong ပေးသမျှ စမ်းဝတ်ကြည့်ဖို့ ယူလိုက်သည်
နှစ်ယောက်သား shopping ထွက်ပြီးနောက်မှာတော့ အိမ်ကို ပြန်လာပြီး ညစာ အတွက် Minjeong ပြင်ဆင်နေသည်
"Jimin ညစာရပြီ '
ဝက်ရိုးစွပ်ပြုတ်အနံ့က အရမ်းမွှေးနေလို့ Jimin ချက်ချင်းစားဖို့ လုပ်လိုက်သည်
"နေအုံး Jimin ပူသေးတယ် မစားနဲ့အုံး လျှာကျက်သွားမယ် "
Minjeong လှမ်းတားလို့ Jimin နှုတ်ခမ်းလေးစူပြီး Minjeongကို ကြည့်လိုက်သည်
"Aigoo "
ကလေးတစ်ယောက်လို နှုတ်ခမ်းစူနေတဲ့ Jiminကို ကြည့်ပြီး Minjeong ရယ်လိုက်သည်
"စားလို့ကောင်းလား Jimin "
Minjeong ရဲ့ မေးခွန်းကို Jimin ဝက်ရိုးကိုက်ရင်း လက်မထောင်ပြီး ဖြေလိုက်သည်
စားသောက်ပြီးနောက် Minjeongက ပန်းကန်ဆေးမယ်လုပ်တော့ Jiminက ဝင်တားလိုက်သည်
"ငါ ဆေးလိုက်မယ် Minjeong နင် နားနေလိုက်တော့ '
"ကျေးဇူးပါ Jimin. ...အယ် ခုမှသတိရတယ် ငါ့ပိုက်ဆံအိတ် ကားထဲကျန်ခဲ့လို့ သွားယူအုံးမယ် ခဏနော် "
Minjeong ပြောပြီး ဆိုင်ထဲက ထွက်သွားတော့ Jiminမှာ ပန်းကန်တွေကို စဆေးဖို့ ပြင်ဆင်လိုက်သည်
Jimin ပန်းကန်ဆေးရင်း ခြေသံနှစ်သံအထဲကို ဝင်လာတာကို ကြားလိုက်ရသည်
"Minjeong သူ့သူငယ်ချင်းကို ခေါ်လာတာများလား "
သို့သော်လည်း နှာခေါင်းထဲ သူမရင်းနှီးတဲ့ အနံ့ရလိုက်ရတော့.....ဟုတ်တယ် သူမ အမျိုးသားတွေကို ဆွဲဆောင်ရင် အမျိုးသားတွေဆီကရတဲ့ အရက်နံ့....
"ဦးလေး ဆိုင်ပိတ်ပါတယ်ရှင့် "
Minjeongအသံကြားတော့ Jimin ပန်းကန်ဆေးလိုက်စကို ရပ်လိုက်သည်
"အိမ်ကလည်း မီးသိပ်မထွန်းထားဘူးနော် တစ်ယောက်တည်းနေတာလား ကောင်မလေး ကိုကြီးနဲ့ အချိန်မဖြုန်းချင်ဘူးလား...."
Minjeong ပိုက်ဆံအိတ်ယူလာပြီး အိမ်ထဲဝင်စဥ် အနောက်ကနေ အမူးသမားက လိုက်လာပြီး ဇွတ်တံခါးဆွဲဖွင့်ကာ အထဲဝင်လာခြင်း ဖြစ်သည်
"ကျွန်မမှာ သေနတ်ရှိတယ်နော် မသေချင်ရင် ထွက်သွားပါ "
"သေနတ်သွားယူဖို့အချိန်တောင်ရ. ....အု.... "
အရက်သမားကြီးမှာ စကားဆုံးအောင်တောင်မပြောလိုက်ရ
လေ၏လျှင်မြန်ခြင်းနဲ့အတူ ရောက်လာတဲ့ ဂူမီဟိုရဲ့ လက်နှစ်ဖက်က သူ့ရဲ့ လည်ပင်းပေါ် ကျရောက်လာသည်
"Jimin လွှတ်လိုက်ပါ...."
Jiminမှာ အရက်သမားရဲ့လည်ပင်းကို အသေညှစ်ထားလို့ အရက်သမားမှာ အသက်ရှုမရဖြစ်လာပြီး မျက်နှာတစ်ခုလုံး နီရဲလာတယ်
"Jimin. ..."
"သူက နင့်ကို အန္တရာယ်ပေးဖို့ ကြိုးစားခဲ့တာလေ သတ်ပစ်ရမယ် ဒီလိုခွေးမသားမျိုးကို "
"သူလိုအရက်သမားအတွက် နင် သွေးစွန်းမခံပါနဲ့ Jimin. ...ငါလည်း ဘာမှမဖြစ်ပါဘူး နော် လွှတ်ပေးလိုက်ပါ '
Minjeongမှာ အရက်သမားကို လည်ပင်းညှစ်ထားတဲ့ Jiminရဲ့ လက်တွေကိုဆွဲကိုင်ရင်း တားနေသည်
"Jimin. ....Jiminလို့ "
Minjeong မှာ သနားစရာမျက်နှာလေးနဲ့ အသနားခံနေသောကြောင့် Jimin သက်ပြင်းချပြီး လည်ပင်းညှစ်ထားတာကို လွှတ်လိုက်သည်
"ဦးလေးကြီး ထွက်သွားပါတော့ မဟုတ်ရင် ကျွန်မ ရဲတိုင်လိုက်မယ် "
"ရူးနေတဲ့ကောင်မဘဲ "
အရက်သမားမှာ Jiminကို လက်ညိုးထိုးပြီးဆဲတော့ Jiminမှာ မဲ့ပြုံးပြုံးလိုက်သည်
"နောက်တစ်ခါ လမ်းမှာ မတွေ့မိစေနဲ့ တွေ့ရင် ရူးနေတဲ့ကောင်မအကြောင်းသိစေရမယ် "
Jimin က ကြိမ်းဝါးတော့ Minjeong မှာ Jiminရဲ့ ခါးကို ဖက်ထားပြီး တားနေသည်
"Jimin... ကံကြမ္မာကို ယုံလားဟင် "
Jimin စောင်ခြုံပြီး လှဲအိပ်စဥ် Minjeong က ကုတင်ပေါ်ကနေ လှမ်းမေးလိုက်သည်
"မသိဘူး ဘာလို့လည်း "
"အင်း နင်သာ ဒီည ဒီမှာမရှိရင် ငါ့ကို ဟိုအရက်သမားဘာလုပ်မယ်မသိဘူး....ငါ တွေးနေတာ ဆိုင်ရှေ့မှာ မိုးရေစိုနေတဲ့ နင့်ကို ထီးထွက်မပေးခဲ့ရင်.... ဒါမှမဟုတ် အဲ့ဒီညက နင့်ကို ဆေးရုံဇွတ်ပို့ခဲ့ရင်....နင် အခု ငါနဲ့ရှိနေမှာ မဟုတ်ဘူးနော့် အဲ့တာဆို ငါလည်း....အရက်သမားနဲ့ "
Minjeongမှာ တွေးရင်း ကြက်သီးတွေထလာသည်
"ဒါဆို ငါက နင့်ကိုကယ်ဖို့ ကံပါလာတာ ရေစက်ပါလာတာပေါ့ ဟုတ်လား "
Jiminက ရယ်ချင်စိတ်ကိုထိန်းထားပြီး မေးပေမယ့် Minjeongကတော့ Jiminရဲ့ စကားကြောင့် ရယ်လိုက်မိသည်
"ငါ ငါလည်း မသိဘူး...ဒီတိုင်း လျှောက်တွေးမိတာ "
Jiminရဲ့ လူတွေနဲ့ထိတွေ့ဆက်ဆံခြင်းက ပုံမှန်ဆို ခဏတဖြုတ်ပါဘဲ.. လူတစ်ယောက်နဲ့ တစ်ခါမှ စကားအကြာကြီးမပြောဖူးပေ
Minjeong က Jiminနဲ့စကားအကြာကြီး ပြောဖူးတဲ့ ပထမဆုံးလူသားတစ်ယောက်ဆိုတာ Jimin ရုတ်တရက် သတိထားမိသွားသည်
"အာ ဒီတော့ မနက်ဖြန်ကျ ငါအလုပ်ရှိတယ်... ဒီနေ့လို နင့်ကိုအပြင်ခေါ်သွားပြီး မုန့်လုပ်မကျွေးနိုင်လောက်ဘူး ဒါနဲ့ နင်ရော သွားစရာနေရာတစ်ခုခုကို မှတ်မိပြီလား "
"ငါ ဘာကိုမှ သေချာမမှတ်မိဘူးရယ် "
Jimin လိမ်ပြောလိုက်သည်
"ဒါဆို ဆေးရုံကို သွားစရာမလိုဘဲ ရှာစရာမိသားစုလည်း မရှိဘူးဆိုတာသေချာလား"
"သေချာတာပေါ့ ပြီးတော့ နင့်ကိုကယ်စရာကိစ္စတွေရှိလာရင်ရှိလာမှာ ဒါကြောင့်မို့ နင့်အနားမှာ ရှိနေရမှာပေါ့ "
Jimin ရဲ့ စကားကြောင့် Minjeong ရယ်လိုက်သည်
"ဒါပေါ့လေ ကယ်ရမယ့် ကံကြမ္မာကရှိလာတော့ "
Minjeong ရဲ့ စကားကြောင့် Jimin တွေးစရာပေါ်လာတယ်
ကံကြမ္မာကြောင့် အမဲလိုက်နေရမယ့်အစား ဒီကောင်မလေးရဲ့ အနားမှာ ရှိနေရတာလား?
#Tbc
#zawgyi
ဂူမီဟိုရဲ႕ အမဲလိုက္ျခင္း ဒုတိယေျမာက္ေန႕မွာေတာ့ Jimin တစ္ေယာက္ အိမ္သာတက္ခ်င္လို႔ အိပ္ရာက အျမန္ထလိုက္ရသည္
တကယ္ဘဲ လူသား ခႏၶာကိုယ္ကလည္း အလုပ္ရႈပ္လိုက္တာ
Jimin အိပ္ရာကထၿပီး ေဘးပတ္လည္ကို ၾကည့္လိုက္ေတာ့ မေန႕က ေသးေသးေကြးေကြး Minjeongကို မေတြ႕ရေပ
သူ ဘယ္ေရာက္သြားလည္း အဲ့တာအေရးမႀကီးဘူး အိမ္သာ... အိမ္သာေျပးရမယ္
ကိစၥေတြကို ရွင္းလင္းၿပီးေနာက္မွာေတာ့ Jimin ေဘစင္မွာ လက္ေသခ်ာေဆးေနသည္
ထို႔ေနာက္ မ်က္ႏွာသစ္ၿပီး ခံတြင္းသန႔္ရွင္းေစမယ့္ ေဆးရည္နဲ႕ ပလုတ္က်င္းၿပီးေနာက္ Minjeongကို ရွာဖို႔ ေအာက္ဆင္းလာသည္
မေန႕က အလင္းမွိန္မွိန္ေလးသာရွိလို႔ ေသခ်ာမျမင္လိုက္ေပမယ့္ ဒီေန႕ေတာ့ Jimin ဆိုင္ရဲ႕ ျပင္ဆင္ပုံေလးကို ျမင္ရၿပီေလ
ဘီဒိုအႀကီးႀကီးေတြေပၚမွာ ေပါင္မုန႔္ ကိတ္မုန႔္ေလးေတြ အစီအရီတင္ထားတာကို Jimin ေခတၱရပ္ၾကည့္ေနမိသည္
ထိုစဥ္ လွီးျဖတ္အသံေတြနဲ႕အတူ လူသားႏွလုံးခုန္သံကို ၾကားလိုက္ရလို႔ Minjeongမွန္း Jimin သိလိုက္သည္
ထို႔ေၾကာင့္ အသံၾကားရာေနာက္ လိုက္သြားေတာ့ မီးဖိုခန္းထဲ အလုပ္ရႈပ္ေနတဲ့ Minjeongကို ေတြ႕လိုက္ရသည္
"နိုးၿပီလား Jimin. ...."
မီးဖိုခန္းထဲ ဝင္လာတဲ့ Jiminကို Minjeong သတိထားမိၿပီး ႏႈတ္ဆက္လိုက္သည္
"အင္း နိုးၿပီ နင္က ဒီေပါင္မုန့္ဆိုင္မွာ ေနတာလား "
"ဟုတ္တယ္ ဒီဆိုင္က ငါ ပိုင္တာေလ "
"ဒါဆို နင္က Bakerေပါ့ "
Jimin ေမးတာကို Minjeong ေခါင္းညိတ္ျပၿပီး မီးဖိုထဲက မုန့္ဗန္းကို ဆြဲထုတ္လိုက္သည္
Jiminမွာ မီးဖိုအခန္းထဲ ေလွ်ာက္ၾကည့္ရင္း စားပြဲခုံေပၚ တင္ထားတဲ့ မုန့္ဗန္းေလးကို သတိထားမိသြားတယ္
"Jimin တစ္ခုခုရွာေနတာလား "
"အဲ့တာက မေန႕က နင္ငါ့ကိုေကြၽးတဲ့ ပဲနီေပါင္မုန့္ဆိုတာလား "
Jimin လက္ညိုးၫႊန္ရာကို Minjeong ၾကည့္ၿပီး ေခါင္းညိတ္လိုက္တယ္
"ဟုတ္တယ္....မေန႕က အဲ့တာကို စားထားတာ ဆိုေတာ့ ဒီေန႕ မတူတာစားမလား "
"မတူတာက ဘာႀကီးလည္း "
Jimin စကားေၾကာင့္ Minjeong ၿပဳံးၿပီး ဗန္းတစ္ခုထဲက မုန့္တစ္ခုကို ယူလိုက္သည္
"ဒါေလးစားၾကည့္ ပဲနီေပါင္မုန့္ထက္ ပိုခ်ိဳတယ္ "
Jiminလည္း Minjeongေပးတဲ့ မုန့္ကို ယူလိုက္ေတာ့ ေစးကပ္ေနသလို ခံစားလိုက္ရသည္
မုန့္ကိုတစ္ကိုက္ကိုက္လိုက္ၿပီးေနာက္ Jimin မ်က္လုံးျပဴးလာၿပီး အာေမဍိတ္အသံေတာင္ ထြက္လာသည္
"Oh "
Jimin အျပဳအမူေၾကာင့္ Minjeong လန့္သြားတယ္ သူမ ဖုတ္ထားတာ စားမေကာင္းလို႔မ်ားလား
"ဘာ ဘာျဖစ္လို႔လည္းဟင္ "
ပါးစပ္ထဲ မုန့္အျပည့္ ပလုတ္ပေလာင္းနဲ႕စားေနတဲ့ Jiminကို ၾကည့္ၿပီး Minjeongေမးလိုက္သည္
"အဲ့တာက...."
Jimin သူမႏႈတ္ခမ္းေပၚက မုန့္အပိုင္းအစေလးကို လွ်ာနဲ႕ လ်က္လိုက္ရင္း Minjeongေမးတာကို ေျဖလိုက္သည္
"အရမ္းေကာင္းတယ္ ဂ်ဳံသားေလးေတြကလည္း အရမ္းအရသာရွိတယ္ "
ထိုအခါမွ Minjeong သက္ျပင္းခ်နိဳင္သြားတယ္
"Oh နင္သေဘာက်လိဳ႕ ေတာ္ေသးတာေပါ့ "
"ေနာက္တစ္ခုေလာက္ ေပးလို႔ ရမလား "
"ရတာေပါ့ ေရာ့...."
သူမရဲ႕ သၾကားေပါင္မုန့္ကို အားပါတရ စားေနတဲ့ Jiminကို ၾကည့္ရင္း Minjeong ၿပဳံးေနမိတယ္
"နင္ အၿမဲ အဲ့လို ဗိုက္ဆာေနက်လား'
"အဲ့လိုေတာ့ မဟုတ္ပါဘူး ငါ အစားမစားထားတာ ေတာ္ေတာ္ၾကာၿပီေလ "
Jiminရဲ႕ စကားေၾကာင့္ Minjeong မ်က္ေမွာင္ၾကဳတ္သြားတယ္
ဒီမိန္းကေလးမွာ ဘာကိစၥေတြျဖစ္ေနတာလည္း.....
"အင္းပါ စားၿပီးရင္ လက္ေဆးလိုက္အုံး သၾကားေၾကာင့္ ေစးကပ္ကပ္နဲ႕ ျဖစ္ေနမယ္ "
"ဟုတ္တယ္ေနာ္ ေစးကပ္ကပ္ျဖစ္ေနတယ္ လက္ေဆးအုံးမွ "
Jiminေျပာၿပီး မီးဖိုခန္းထဲက ေဘစင္မွာ လက္သြားေဆးလိုက္သည္
"Jimin. ... နင့္ပါးစပ္နားမွာ မုန့္ဖတ္ကပ္ေနတယ္ "
Minjeong စကားေၾကာင့္ Jimin ႏႈတ္ခမ္းကို လွ်ာနဲ႕သပ္လိုက္သည္
"မဟုတ္ေသးဘူး... ဒီနား အာ ငါဖယ္ေပးမယ္ "
Jimin ေမးေစ့ေပၚက မုန့္ဖတ္ေလးကို Minjeong ဖယ္ေပးေနစဥ္ Jimin ကေတာ့ Minjeongရဲ႕ မ်က္လုံးနက္နက္ေလးကို စိုက္ၾကည့္ေနမိသည္
"ရၿပီ....ငါဖယ္လိုက္ၿပီ ဘာမွမရွိေတာ့ဘူး "
"ေက်းဇူးဘဲ Minjeong "
"ရပါတယ္ ဒီရက္ပိုင္း နင္ စားခ်င္တာရွိရင္ေျပာေလ ငါလုပ္ေပးမယ္ "
"ဒီရက္ပိုင္း.. "
Jimin ဒီေနရာမွာ ဘယ္ေလာက္ထိ ေနရမလည္းဆိုတာ ေတြးလိုက္မိသည္
အမ်ိဳးသား ေတြကို ရွာၿပီး စားရမယ့္ အခ်ိန္ကို Jimin ဒီမွာေနရင္း ျဖဳန္းတီးေနမိတယ္ေလ
ဒါေပမယ့္ Jimin ခံတြင္းထဲ အမ်ိဳးသားေတြရဲ႕ အသည္းႏွလုံးထက္ Minjeong လုပ္ေပးတဲ့ ေပါင္မုန့္ေတြက ပိုလို႔စားေကာင္းေနတယ္
"နင္ ဝက္ရိုးစြပ္ျပဳတ္ႀကိဳက္လား "
"ဟင္ အင္း စားေကာင္းမယ့္ပုံဘဲ "
"ဒါဆို ညက် ငါခ်က္ေကြၽးမယ္ "
"ညစာလား "
"ဒါေပါ့ Jiminေရ ဒီေန႕ တနဂ္ႏြေ ေန႕မို႔လို႔ ဆိုင္ပိတ္ေပမယ့္ေလ မနက္ျဖန္အတြက္ ငါ ေပါင္မုန့္ေလးလုပ္မလို႔ နင္ဗိုက္ဆာရင္ ႀကိဳက္ရာ ဗီဒိုထဲက မုန့္ယူစားလို႔ရတယ္ "
"အင္းပါ...ေက်းဇူးတင္ပါတယ္"
"ဒါနဲ႕ နင္ ဒီေန႕ အျပင္ထြက္မွာလား....ဟို ငါေျပာခ်င္တာက နင္ ဒီမွာဆက္ေနလည္းရပါတယ္လို႔.... ဒါေပမယ့္လည္း နင္သြားရမယ့္ေနရာကို သတိရလာရင္ေတာ့ နင့္သေဘာေပါ့ "
တကယ္ေတာ့ ဒီေန႕ Jimin မွာ Minjeong အိမ္ကေန ထြက္သြားဖို႔ ေတြးေနတာေလ
သို႔ေပမယ့္ ေပါင္မုန့္ဗန္းေတြနဲ႕အတူ Minjeongရဲ႕ ေစတနာေတြကို ဥေပကၡာ မျပဳနိုင္လို႔ ဆက္ေနဖို႔ ဆုံးျဖတ္လိုက္သည္
"အင္း မသြားဘူး ဒီမွာဘဲ ေနမယ္ေလ "
Jiminရဲ႕ စကားေၾကာင့္ Minjeong ေပ်ာ္သြားတယ္
"ဟုတ္ၿပီ ကိုယ့္အိမ္လို သေဘာထားၿပီး သက္ေတာင့္သက္သာ ေနေနာ္ "
"Ok. .."
Jiminမွာ Minjeongရဲ႕ ေအာက္ထပ္က ဆိုင္ကို လွည့္ပတ္ၾကည့္ေနစဥ္ မာေတာင့္ေနတဲ့ ေပါင္မုန့္တစ္ခုကို ေတြ႕လိုက္ရသည္
Jimin ကိုင္ၾကည့္ေနစဥ္ Minjeongက သူမေဘးနားသို႔ ေရာက္လာသည္
"ဒါက ငါ့အဘိုးလက္ရာေလ တကယ္ အစစ္ေတာ့ မဟုတ္ဘူး အ႐ုပ္ေပါ့ "
"အဘိုး...."
"အင္း ဟုတ္တယ္ အခုေတာ့ သူမရွိေတာ့ပါဘူး အေမ ဆုံးၿပီး သူလည္း ကြယ္လြန္သြားတယ္ "
"ဒါဆို ဒီဆိုင္က family business ေပါ့ "
"ဟုတ္တယ္ အဘိုးနဲ႕အေမ ဆုံးသြားေတာ့ အေဖက ဆက္ဦးစီးတာေပါ့..... အေဖလည္း ဆုံးသြားေတာ့ ငါဘဲ ဆက္ဦးေဆာင္ရတာေပါ့ေလ "
"ဒါဆို နင့္မိသားစုေတြမရွိေတာ့ဘူးေပါ့ '
"အင္း အဲ့လိုေပါ့ ဒီစင္ေပၚက အ႐ုပ္ေတြက မိသားစုအေမြမို႔ ဂ႐ုစိုက္ေနာ္ Jimin. ..ငါ မုန့္ဆက္လုပ္လိုက္အုံးမယ္ "
Minjeongက မိသားစုမရွိတဲ့ တစ္ေကာင္ႂကြက္မွန္းသိလိုက္ရေတာ့ Minjeongကို သတ္စားပစ္ရင္ေတာင္ ဘယ္သူမွ သတိထားမိမွာ မဟုတ္ဘူးလို႔ Jimin ေတြးေနမိသည္
မုန့္ဆိုင္ပိုင္ရွင္ကို သတ္လိုက္ၿပီး ဆိုင္ပိတ္ထားရင္ ဆိုင္ရွင္က ခရီးထြက္ေနလို႔ ပိတ္ထားတာလို႔ဘဲ လူေတြကေတြးၿပီး အာ႐ုံစိုက္ၾကမွာ မဟုတ္ဘူးေလ.....
တစ္ျခားအမ်ိဳးသားေတြကို သတ္တာထက္ Minjeongကို သတ္လိုက္တာ ပိုလြယ္ကူတယ္လို႔ Jimin ေတြးေနမိတယ္
ေန႕လည္စာစားၿပီးေနာက္မွာေတာ့ Jiminကို Minjeong စတိုးဆိုင္သို႔ ေခၚလာသည္
"ဒီကို ဘာလို႔ ေခၚလာတာလည္း "
"နင့္ၾကည့္ရတာ ႐ုတ္တရက္ မိုးေပၚက ျပဳတ္က်လာတဲ့ လူတစ္ေယာက္လိုဘဲ ဘာမွမပါလာလို႔ေလ ငါ့အဝတ္အစားေတြဝတ္ရင္လည္း ရေပမယ့္ သက္ေတာင့္သက္သာ ျဖစ္ေစခ်င္လို႔ အဝတ္အစား လိုက္ဝယ္ေပးတာ "
"ဟင္..."
"ဒါေလး စမ္းဝတ္ၾကည့္ပါလား ၿပီးေတာ့ ဟို....Underwear ပါ ဝတ္ၾကည့္ "
Minjeong မ်က္ႏွာေလး နီရဲသြားတာကို Jimin သတိထားမိသြားတယ္
Minjeong ေပးသမွ် စမ္းဝတ္ၾကည့္ဖို႔ ယူလိုက္သည္
ႏွစ္ေယာက္သား shopping ထြက္ၿပီးေနာက္မွာေတာ့ အိမ္ကို ျပန္လာၿပီး ညစာ အတြက္ Minjeong ျပင္ဆင္ေနသည္
"Jimin ညစာရၿပီ '
ဝက္ရိုးစြပ္ျပဳတ္အနံ႕က အရမ္းေမႊးေနလို႔ Jimin ခ်က္ခ်င္းစားဖို႔ လုပ္လိုက္သည္
"ေနအုံး Jimin ပူေသးတယ္ မစားနဲ႕အုံး လွ်ာက်က္သြားမယ္ "
Minjeong လွမ္းတားလို႔ Jimin ႏႈတ္ခမ္းေလးစူၿပီး Minjeongကို ၾကည့္လိုက္သည္
"Aigoo "
ကေလးတစ္ေယာက္လို ႏႈတ္ခမ္းစူေနတဲ့ Jiminကို ၾကည့္ၿပီး Minjeong ရယ္လိုက္သည္
"စားလို႔ေကာင္းလား Jimin "
Minjeong ရဲ႕ ေမးခြန္းကို Jimin ဝက္ရိုးကိုက္ရင္း လက္မေထာင္ၿပီး ေျဖလိုက္သည္
စားေသာက္ၿပီးေနာက္ Minjeongက ပန္းကန္ေဆးမယ္လုပ္ေတာ့ Jiminက ဝင္တားလိုက္သည္
"ငါ ေဆးလိုက္မယ္ Minjeong နင္ နားေနလိုက္ေတာ့ '
"ေက်းဇူးပါ Jimin. ...အယ္ ခုမွသတိရတယ္ ငါ့ပိုက္ဆံအိတ္ ကားထဲက်န္ခဲ့လို႔ သြားယူအုံးမယ္ ခဏေနာ္ "
Minjeong ေျပာၿပီး ဆိုင္ထဲက ထြက္သြားေတာ့ Jiminမွာ ပန္းကန္ေတြကို စေဆးဖို႔ ျပင္ဆင္လိုက္သည္
Jimin ပန္းကန္ေဆးရင္း ေျခသံႏွစ္သံအထဲကို ဝင္လာတာကို ၾကားလိုက္ရသည္
"Minjeong သူ႕သူငယ္ခ်င္းကို ေခၚလာတာမ်ားလား "
သို႔ေသာ္လည္း ႏွာေခါင္းထဲ သူမရင္းႏွီးတဲ့ အနံ႕ရလိုက္ရေတာ့.....ဟုတ္တယ္ သူမ အမ်ိဳးသားေတြကို ဆြဲေဆာင္ရင္ အမ်ိဳးသားေတြဆီကရတဲ့ အရက္နံ႕....
"ဦးေလး ဆိုင္ပိတ္ပါတယ္ရွင့္ "
Minjeongအသံၾကားေတာ့ Jimin ပန္းကန္ေဆးလိုက္စကို ရပ္လိုက္သည္
"အိမ္ကလည္း မီးသိပ္မထြန္းထားဘူးေနာ္ တစ္ေယာက္တည္းေနတာလား ေကာင္မေလး ကိုႀကီးနဲ႕ အခ်ိန္မျဖဳန္းခ်င္ဘူးလား...."
Minjeong ပိုက္ဆံအိတ္ယူလာၿပီး အိမ္ထဲဝင္စဥ္ အေနာက္ကေန အမူးသမားက လိုက္လာၿပီး ဇြတ္တံခါးဆြဲဖြင့္ကာ အထဲဝင္လာျခင္း ျဖစ္သည္
"ကြၽန္မမွာ ေသနတ္ရွိတယ္ေနာ္ မေသခ်င္ရင္ ထြက္သြားပါ "
"ေသနတ္သြားယူဖို႔အခ်ိန္ေတာင္ရ. ....အု.... "
အရက္သမားႀကီးမွာ စကားဆုံးေအာင္ေတာင္မေျပာလိုက္ရ
ေလ၏လွ်င္ျမန္ျခင္းနဲ႕အတူ ေရာက္လာတဲ့ ဂူမီဟိုရဲ႕ လက္ႏွစ္ဖက္က သူ႕ရဲ႕ လည္ပင္းေပၚ က်ေရာက္လာသည္
"Jimin လႊတ္လိုက္ပါ...."
Jiminမွာ အရက္သမားရဲ႕လည္ပင္းကို အေသညွစ္ထားလို႔ အရက္သမားမွာ အသက္ရႈမရျဖစ္လာၿပီး မ်က္ႏွာတစ္ခုလုံး နီရဲလာတယ္
"Jimin. ..."
"သူက နင့္ကို အႏၱရာယ္ေပးဖို႔ ႀကိဳးစားခဲ့တာေလ သတ္ပစ္ရမယ္ ဒီလိုေခြးမသားမ်ိဳးကို "
"သူလိုအရက္သမားအတြက္ နင္ ေသြးစြန္းမခံပါနဲ႕ Jimin. ...ငါလည္း ဘာမွမျဖစ္ပါဘူး ေနာ္ လႊတ္ေပးလိုက္ပါ '
Minjeongမွာ အရက္သမားကို လည္ပင္းညွစ္ထားတဲ့ Jiminရဲ႕ လက္ေတြကိုဆြဲကိုင္ရင္း တားေနသည္
"Jimin. ....Jiminလို႔ "
Minjeong မွာ သနားစရာမ်က္ႏွာေလးနဲ႕ အသနားခံေနေသာေၾကာင့္ Jimin သက္ျပင္းခ်ၿပီး လည္ပင္းညွစ္ထားတာကို လႊတ္လိုက္သည္
"ဦးေလးႀကီး ထြက္သြားပါေတာ့ မဟုတ္ရင္ ကြၽန္မ ရဲတိုင္လိုက္မယ္ "
"႐ူးေနတဲ့ေကာင္မဘဲ "
အရက္သမားမွာ Jiminကို လက္ညိုးထိုးၿပီးဆဲေတာ့ Jiminမွာ မဲ့ၿပဳံးၿပဳံးလိုက္သည္
"ေနာက္တစ္ခါ လမ္းမွာ မေတြ႕မိေစနဲ႕ ေတြ႕ရင္ ႐ူးေနတဲ့ေကာင္မအေၾကာင္းသိေစရမယ္ "
Jimin က ႀကိမ္းဝါးေတာ့ Minjeong မွာ Jiminရဲ႕ ခါးကို ဖက္ထားၿပီး တားေနသည္
"Jimin... ကံၾကမၼာကို ယုံလားဟင္ "
Jimin ေစာင္ၿခဳံၿပီး လွဲအိပ္စဥ္ Minjeong က ကုတင္ေပၚကေန လွမ္းေမးလိုက္သည္
"မသိဘူး ဘာလို႔လည္း "
"အင္း နင္သာ ဒီည ဒီမွာမရွိရင္ ငါ့ကို ဟိုအရက္သမားဘာလုပ္မယ္မသိဘူး....ငါ ေတြးေနတာ ဆိုင္ေရွ႕မွာ မိုးေရစိုေနတဲ့ နင့္ကို ထီးထြက္မေပးခဲ့ရင္.... ဒါမွမဟုတ္ အဲ့ဒီညက နင့္ကို ေဆး႐ုံဇြတ္ပို႔ခဲ့ရင္....နင္ အခု ငါနဲ႕ရွိေနမွာ မဟုတ္ဘူးေနာ့္ အဲ့တာဆို ငါလည္း....အရက္သမားနဲ႕ "
Minjeongမွာ ေတြးရင္း ၾကက္သီးေတြထလာသည္
"ဒါဆို ငါက နင့္ကိုကယ္ဖို႔ ကံပါလာတာ ေရစက္ပါလာတာေပါ့ ဟုတ္လား "
Jiminက ရယ္ခ်င္စိတ္ကိုထိန္းထားၿပီး ေမးေပမယ့္ Minjeongကေတာ့ Jiminရဲ႕ စကားေၾကာင့္ ရယ္လိုက္မိသည္
"ငါ ငါလည္း မသိဘူး...ဒီတိုင္း ေလွ်ာက္ေတြးမိတာ "
Jiminရဲ႕ လူေတြနဲ႕ထိေတြ႕ဆက္ဆံျခင္းက ပုံမွန္ဆို ခဏတျဖဳတ္ပါဘဲ.. လူတစ္ေယာက္နဲ႕ တစ္ခါမွ စကားအၾကာႀကီးမေျပာဖူးေပ
Minjeong က Jiminနဲ႕စကားအၾကာႀကီး ေျပာဖူးတဲ့ ပထမဆုံးလူသားတစ္ေယာက္ဆိုတာ Jimin ႐ုတ္တရက္ သတိထားမိသြားသည္
"အာ ဒီေတာ့ မနက္ျဖန္က် ငါအလုပ္ရွိတယ္... ဒီေန႕လို နင့္ကိုအျပင္ေခၚသြားၿပီး မုန့္လုပ္မေကြၽးနိုင္ေလာက္ဘူး ဒါနဲ႕ နင္ေရာ သြားစရာေနရာတစ္ခုခုကို မွတ္မိၿပီလား "
"ငါ ဘာကိုမွ ေသခ်ာမမွတ္မိဘူးရယ္ "
Jimin လိမ္ေျပာလိုက္သည္
"ဒါဆို ေဆး႐ုံကို သြားစရာမလိုဘဲ ရွာစရာမိသားစုလည္း မရွိဘူးဆိုတာေသခ်ာလား"
"ေသခ်ာတာေပါ့ ၿပီးေတာ့ နင့္ကိုကယ္စရာကိစၥေတြရွိလာရင္ရွိလာမွာ ဒါေၾကာင့္မို႔ နင့္အနားမွာ ရွိေနရမွာေပါ့ "
Jimin ရဲ႕ စကားေၾကာင့္ Minjeong ရယ္လိုက္သည္
"ဒါေပါ့ေလ ကယ္ရမယ့္ ကံၾကမၼာကရွိလာေတာ့ "
Minjeong ရဲ႕ စကားေၾကာင့္ Jimin ေတြးစရာေပၚလာတယ္
ကံၾကမၼာေၾကာင့္ အမဲလိုက္ေနရမယ့္အစား ဒီေကာင္မေလးရဲ႕ အနားမွာ ရွိေနရတာလား?
#Tbc
Bạn đang đọc truyện trên: Truyen3h.Co