Part 10
#Unicode
Baker Minjeongရဲ့ အဝတ်ဗီဒိုထဲကနေ အနက်ရောင် flannel shirtလေးကို Jimin ယူဝတ်လိုက်သည်
Aeriနဲ့ NingNingက Jimin ကို အဝတ်အစားတွေ ဝယ်ပေးထားပေမယ့်လည်း Minjeong ရဲ့ အဝတ်အစားတွေ ယူဝတ်ရတာက Jiminအတွက် ပိုပြီးနူးညံ့နွေးထွေးသလို ခံစားရသည်
ထိုစဥ် ရုတ်တရက် အနံ့တစ်မျိုးရပြီး NingNingတို့ အော်သံကြားတာကြောင့် Jiminမှာ Minjeong အန္တရာယ်ရှိနေပြီထင်ပြီး အောက်ထပ်သို့ အမြန်ဆင်းပြေးသွားလေသည်
Jimin အောက်ကိုရောက်တော့ Yoonaနဲ့ Wendyက မီးဖိုခန်းအပြင်ဘက်ကို ရောက်နေလို့ Minjeongကို Jimin ပိုစိတ်ပူသွားတယ်
မီးဖိုခန်းထဲ ပြေးဝင်တော့ Minjeongက ထိုင်ခုံပေါ် မတ်တပ်ရပ်နေပြီး NingNningကလည်း Giselleပေါ်တက်ခွထားသည်
"Jimin သတိထား ပင့်ကူ...."
Minjeong လက်ညိုးထိုးပြလို့ကြည့်လိုက်တော့ ကြမ်းပြင်ပေါ်တွင် ပင့်ကူတစ်ကောင်ကိုတွေ့လိုက်ရသည်
မရင်းနှီးတဲ့ အနံ့နဲ့ NingNingတို့ အော်သံကြောင့် တစ်ခုခုဖြစ်နေပြီထင်တာ ပင့်ကူကြောင့် ကောင်မလေးတွေက အော်နေကြတာတဲ့လား
Jimin ခေါင်းခါပြီး ပင့်ကူကိုကောက်ကိုင်လိုက်သည်
အား! !!!!!!!!!
ကောင်မလေးတွေ အော်သံကို ဂရုမစိုက်ဘဲ ပင့်ကူကို ကိုင်ကာ ဆိုင်ပြင်ဘက်သို့ Jimin ခေါ်လွှတ်လိုက်သည်
"Yah Jimin နင် ပင့်ကူကြီးက အရမ်းကြီးတာကို နင်မကြောက်ဘူးလား "
Wendyမှာ ပင့်ကူကိုမကြောက်တဲ့ Jiminကို အံ့သြတကြီးနဲ့ မေးလိုက်သည်
"Jimin ဒီမှာရှိတာ ကောင်းတာဘဲဟေ့ "
Yoonaမှာ ရယ်ပြီး ပြောလိုက်သည်
"Oh my god ဒီပင့်ကူက ငါ့ Apron ပေါ်တက်လာတာ ကြောက်လို့ လိပ်ပြာလွှင့်မတတ်ဘဲ "
"နင့်အော်တာကြောင့် ငါ့မှာပိုတောင်ဆိုးတယ် "
"ဟုတ်ပါ့ "
Minjeongရဲ့ စကားကို Aeriမှာ ဝင်ထောက်ခံလိုက်သည်
"Jiminက တကယ်မိုက်တာဘဲ "
Aeriမှာ လက်မထောင်ပြီး ပြောလိုက်သည်
"Jimin နင့်ဖိနပ်ရော "
Minjeong မှာ Jimin ဖိနပ်မဝတ်ထားတာ သတိထားမိပြီးမေးလိုက်သည်
"Ningning အော်သံကြောင့် နင်တို့ တစ်ခုခုဖြစ်ပြီထင်လို့ စိတ်ပူပြီး အောက်ဆင်းပြေးလာတာ ဖိနပ်စီးဖို့ မေ့သွားတာ "
Jiminရဲ့ စကားကြောင့် Minjeong သဘောကျပြီး ရယ်လိုက်သည်
"ကဲ ဟုတ်ပါပြီ ငါတို့ရဲ့ သူရဲကောင်းလေး Jimin ငါတို့ကို ကာကွယ်ပေးလို့ ကျေးဇူးတင်ပါတယ် ဖိနပ်တက်စီးပြီး လက်သွားဆေးလိုက်ပါအုံး "
"Ok "
Jimin ဖိနပ်စီးပြီး အောက်ကိုဆင်းလာတော့ Minjeongက တိရစ္ဆာန် ခေါင်းပုံလေးတွေနဲ့ ကွတ်ကီးတွေ လုပ်နေတာကို တွေ့လိုက်ရသည်
"Jimin ဘယ်ဟာလေးကြိုက်လည်း "
Minjeongကမေးတော့ Jimin သူအကြိုက်ဆုံးတစ်ခုကို လက်ညိုးထိုးပြလိုက်သည်
"မြေခွေးကို ကြိုက်တာလား "
"ဟုတ်တယ် ငါမြေခွေးကို အရမ်းသဘောကျတယ် "
Aeriက နေ့လည်ခင်း ပြန်သွားလို့ Jiminက casherလုပ်နေရသည်
Minjeong တို့ကတော့ သီချင်းညည်းရင်း မုန့်လုပ်နေသည်
"Jiminနဲ့ နင်က အီစီကလီလုပ်နေတာလား Minjeong "
Wendyရဲ့ မေးခွန်းကြောင့် Minjeong သီချင်းစာသားတွေတောင် မှားဆိုမိသွားတယ်
"မ မဟုတ်ပါဘူး "
"မနေ့ကတည်းက နင်တို့ တစ်ပူးပူးတစ်တွဲတွဲ ဖြစ်နေတာ "
Wendyကပြောတော့ NingNingက Minjeongကို လှမ်းကြည့်လိုက်သည်
"Kim Minjeong အပေါ်တက်ခဲ့ပါ "
"ငါ.... "
Minjeong ဘာမှမပြောနိုင်ခင် NingNingမှာ Minjeong ရဲ့ လက်ကိုဆောင့်ဆွဲပြီး အပေါ်ထပ်ကို တက်လာသည်
"နင်တို့ နှစ်ယောက်ကြား တစ်ခုခုဖြစ်ခဲ့တာ မဟုတ်လား "
"ငါ ငါ...."
NingNingမေးတာကို Minjeong မဖြေနိုင်ဘဲ စကားတွေထစ်နေသည်
"နင် ငါတို့စကားကို နားမထောင်ဘူးပေါ့ ဟုတ်လား "
NingNingက မျက်မှောင်ကြုတ်ပြီး မေးလိုက်တော့ Minjeongမှာ ခေါင်းအမြန်ခါလိုက်သည်
"မ မဟုတ်တာ နင့်စကား ငါနားထောင်ပါတယ် ဒါပေမယ့် သူနဲ့ ငါ စကားပြောပြီး "
"စကားပြောပြီး Jiminကို နမ်းလိုက်တယ်ပေါ့ ဟုတ်လား "
"အင်း ငါ နမ်းလိုက်မိတယ် "
Minjeong အောက်နှုတ်ခမ်းကို ဖိကိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်
"မျှော်လင့်ချက်မရှိတော့ဘူး နင်တကယ်ဘဲ ကြောက်ဖို့ကောင်းလောက်အောင် မျှော်လင့်ချက်မရှိတော့ဘူး "
NingNing သက်ပြင်းချပြီး Minjeongရဲ့ ပခုံးနှစ်ဖက်ကို လက်နဲ့ကိုင်လိုက်သည်
"ဒီဟာက ကောင်းတဲ့ ideaဆိုတာ သေချာလား Minjeong ....ငါလည်း Jiminကို သဘောကျပါတယ် ဒါပေမယ့် သူ့အကြောင်းနဲ့ ပတ်သက်ပြီး အခုထိ ငါတို့ ဘာမှမသိသေးဘူးလေ "
NingNingမှာ သူ့သူငယ်ချင်း ထပ်ပြီး နာကျင်မှာကို စိတ်ပူနေမိသည်
"Ning ငါသူ့ကို တကယ်သဘောကျတယ် "
"အင်းပါ နင်ကမှ တကယ်သဘောကျတယ်ဆိုတော့ ငါတို့က ဘာဆက်ပြောလို့ရမှာလည်း ဒါပေမယ့် တစ်ခုတော့ မှတ်ထားနော် ငါတို့က နင်နာကျင်မှာကို မလိုလားဘူး Minjeong ဒါကြောင့်မို့ Jiminနဲ့ ပတ်သက်ပြီး ဂရုစိုက်ပါ "
NingNing ပြောပြီး Minjeongကို ဖက်လိုက်သည်
"ငါ့အတွက် စိတ်မပူပါနဲ့ ငါအဆင်ပြေတယ် အေးဆေး "
NingNing ပခုံးကိုပုတ်ပြီး Minjeong ပြောလိုက်ပေမယ့် Minjeongစိတ်ထဲမှာလည်း NingNingလိုဘဲ သူမကိုယ်တိုင် နာကျင်မှာကိုလည်း စိတ်ပူနေမိသည်
"Hey တို့ကို မှတ်မိလား "
ကောင်တာကို လာခေါက်ပြီး မေးတဲ့ ကောင်မလေးကြောင့် Jimin မော့ကြည့်လိုက်သည်
"အာ မှတ်မိတယ် တစ်နေ့က ကျွန်မ မုန့်ညွှန်းဖူးတဲ့ တစ်ယောက်မဟုတ်လား "
"မှန်တယ် တို့နာမည်တောင် မပြောရသေးဘူး Joohyun တဲ့ မှတ်ထားနော် "
NingNingနဲ့ စကားပြောပြီး အောက်ဆင်းလာတဲ့ Minjeong တစ်ယောက် Jiminနဲ့ ဟိုတစ်နေ့က Jiminကို အီစီကလီလုပ်ခဲ့တဲ့ ကောင်မလေးကို တွေ့လိုက်ရတော့ မျက်မှောင်ကြုတ်သွားတယ်
ကောင်မလေးက နတ်ဘုရားမလေးလို တော်တော်လေးလှသည် ....Jiminက ထိုအလှမျိုးမှာ ကြွေဆင်းသွားနိုင်တယ် မဟုတ်လား
"ဒါနဲ့ မင်းရဲ့ လက်သည်းလေး ပုံဖော်ထားတာ လှတယ်နော် "
"ဟုတ် ကျေးဇူးတင်ပါတယ် ဒါက ကျွန်မရဲ့ မုန့်ဖုတ်တဲ့သူငယ်ချင်းလုပ်ပေးထားတာပါ "
"အိုး ချစ်စရာလေးဘဲ"
"ဟုတ်...."
"ဒါနဲ့လေ တစ်နေ့က မင်း တို့ကိုရောင်းလိုက်တဲ့ ပေါင်မုန့်ရှိသေးလား အရမ်းကောင်းလို့ ထပ်ဝယ်ချင်လို့ "
"ရှိပါတယ် နှစ်ဗန်းတောင်ဖုတ်ထားတယ် အဲ့တာအပြင် တိရစ္ဆာန်ပုံနဲ့ကွတ်ကီးတွေလည်း ရှိသေးတယ် "
တက်ကြွလက်ကြွနဲ့ စျေးရောင်းနေတဲ့ Jiminကို ကြည့်ပြီး Joohyunသဘောကျမိပြီး တခစ်ခစ်နဲ့ ရယ်လေသည်
ရယ်မောနေတဲ့ နှစ်ယောက်ကို ကြည့်ပြီး Minjeong ဒေါသထွက်လာသည်...
ဘာလည်းဟ တစ်ခြားသူတွေက သူ့ကို ကြိုက်တာကို သဝန်တိုတယ်လို့ ငါဝန်ခံထားပြီးသားကို သူက အခု တစ်ခြားတစ်ယောက်နဲ့ flirt နေတာလား
Minjeongဒေါသထွက်လွန်းလို့ ဘာလုပ်ရမှန်းမသိဖြစ်နေတယ်
မီးဖိုခန်းထဲဝင်ပြီး ကိတ်မုန့်ပေါင်မုန့်ဆက်ဖုတ်နေရမလား
ဒါပေမယ့် သူမ တရှူးရှူးတရှဲရှဲနဲ့ ဒေါသထွက်နေတာကို ကျန်တဲ့သူတွေက သတိထားမိမှာဘဲလေ.....
ဒါကြောင့်မို့ Jiminတို့ ရှေ့ကို ဖြတ်ပြီး ဆိုင်ရှေ့ကို ထွက်သွားတယ်
ထို့နောက် နံရံကိုမှီပြီး ခဲလုံးတွေကို ကန်ကျောက်ပြီး ဆူပုပ်နေသည်
Jiminက ငါ့ရဲ့ ကောင်မလေးကို အခု သူက ဘာလုပ်နေတာလည်း....ဒီထူးဆန်းတဲ့ ကောင်မလေးနဲ့ ဘာဆက်လုပ်ရမလည်း....NingNing တို့ပြောတာ မှန်နေမလား
Joohyun စျေးဝယ်ပြီး အပြင်ထွက်သွားတာနဲ့ Minjeong အပြင်မှာ ရှိနေတာကို Jimin သိပြီး ထွက်လာလိုက်သည်
Minjeongဆီက အရင်ကလို နွေးထွေးတဲ့ ခံစားချက်မရလို့ တစ်နေ့ကလိုဘဲ စိတ်ဆိုးနေမှန်း Jimin သိလိုက်သည်
"Minjeong အပြင်မှာ အေးနေတာကို ဘာလုပ်နေတာလည်း "
"လေကောင်းလေသန့်ရှူချင်လို့ ထွက်လာတာ "
"Minjeong နင် ထပ်ပြီး စိတ်ဆိုးနေတာလား "
.....
"ဘာလို့ စိတ်ဆိုးနေရတာလည်း "
"နင်က ဟိုတစ်ယောက်နဲ့ အီစီကလီလုပ်နေတာလေ "
"Aww ငါ ညွှန်းလိုက်တဲ့ ပေါင်မုန့် စားကောင်းကြောင်း ပြောပြီး စျေးလာဝယ်တဲ့ သူလေ နင်တစ်ခါပြောဖူးသလားလို့ တစ်ရက်ထဲနဲ့ မုန့်တွေအများကြီး ရောင်းရရင်ကောင်းမယ်ဆိုပြီးလေ "
"ဟင် "
"တစ်ခါတည်းနဲ့ ပေါင်မုန့်အများကြီးရောင်းရတာ မကောင်းဘူးလား "
"ဒါဆို ဘာလည်း အခုနင်က သူ့ကို မုန့်ရောင်းနေတာပေါ့ ဟုတ်လား "
"Minjeong ငါနင့်ကိုပြောဖူးပြီးသားလေ တစ်ခြားသူတွေနဲ့ အီစီကလီလုပ်ပြီး နမ်းဖို့ စိတ်မဝင်စားဘူးလို့....အဲ့တာကို နင်က ငါ့ကို အီစီကလီလုပ်တယ်လို့ စွပ်စွဲတာတော့ ရိုင်းတယ်နော် ဟွန်းးး "
Jimin စကားကြောင့် Minjeong ရယ်လိုက်မိသည်
ထို့နောက် Jiminရဲ့ ပခုံးကို Minjeong ရိုက်လိုက်ပြီး
"နင်က တကယ်လှည့်ဖြားတတ်တဲ့ မြေခွေးမလေးဘဲ "
"ဒါပေါ့ "
"Jimim. ...ငါတို့က တွဲနေတာလို့ နင်တွေးဖူးလား "
"ဟင်..."
"သမီးရည်းစားတွေလိုလေ...."
"ဒါပေါ့ တွေးတာပေါ့ အပြင်မှာ အေးနေတာမို့လို့ လာအထဲဝင်ရအောင် "
Minjeongရဲ့ လက်ကို တွဲပြီး Jimin ဆိုင်ထဲကို ပြန်ခေါ်သွားတယ်
ညစာစားပြီး Minjeongကို ပန်းကန်ကူဆေးပေးပြီးနောက် အခန်းထဲတွင် Jimin တစ်ယောက် Minjeongကို စောင့်နေပေမယ့် Minjeongက ပေါ်မလာပေ
Jimin စိတ်မရှည်လို့ အောက်ကို ဆင်းလာတော့ Minjeongတစ်ယောက် မီးဖိုခန်းထဲ ရောက်နေသည်
"Minjeong ဘာလုပ်နေတာလည်း "
"မနက်ဖြန်အတွက် မုန့်အော်ဒါရှိလို့ ပြင်နေတာ "
"ကူလုပ်ပေးရမလား "
"ရတယ်ရယ် ဒါပြီးရင် ကွတ်ကီးလုပ်မလို့ နင်အိပ်ချင်သွားအိပ်တော့လေ "
အရင်တစ်ခါကလို Minjeong သူမကိုရှောင်နေတာ Jimin သိပြီး စိတ်မရှည်တော့ပေ
"Minjeong ငါ ပျင်းလာပြီ စိတ်မရှည်တော့ဘူး "
Jimin ပြောပြီး Minjeongကို ပွေ့ချီလိုက်သည်
ထို့နောက် Minjeongရဲ့ နှုတ်ခမ်းလေးကို Jiminက စနမ်းလိုက်သောကြောင့် Minjeong အံ့သြသွားတယ်
Minjeongလည်း Jiminကို ခွထားပြီး Jiminရဲ့ လည်ပင်းကိုဖက်ထားကာ အနမ်းတွေကို တုံ့ပြန်လိုက်သည်
ထို့နောက် Jiminရဲ့ လျှာလေးဟာ Minjeongရဲ့ အာခံတွင်းထဲသို့ တိုးဝင်လာသည်
Hummm. .....
"Minjeong နင်အဆင်ပြေရဲ့လား "
နမ်းနေရာကရပ်ပြီး Jimin က မေးတော့ Minjeong ခေါင်းညိတ်ပြသည်
"နင့်ဆီက အနံ့တစ်ခုရတယ် ငါအရမ်းသဘောကျတယ် "
Jiminရဲ့ စကားကြောင့် Minjeong သူမ စိုစွတ်နေတာကို သတိထားမိသွားတယ်
"အခန်းထဲသွားကြစို့ Minjeong "
🌚🌚🌚🌚
#Tbc
#zawgyi
"Jimin သတိထား ပင့်ကူ...."
အား! !!!!!!!!!
"ဟုတ်ပါ့ "
"Jiminက တကယ်မိုက်တာဘဲ "
"Jimin နင့်ဖိနပ်ရော "
"Ok "
Jimin ဖိနပ်စီးပြီး အောက်ကိုဆင်းလာတော့ Minjeongက တိရစ်ဆာန် ခေါင်းပုံလေးတွေနဲ့ ကွတ်ကီးတွေ လုပ်နေတာကို တွေ့လိုက်ရသည်
"မ မဟုတ်ပါဘူး "
"ငါ.... "
"ငါ ငါ...."
"Hey တို့ကို မှတ်မိလား "
"အိုး ချစ်စရာလေးဘဲ"
"ဟုတ်...."
"ရှိပါတယ် နှစ်ဗန်းတောင်ဖုတ်ထားတယ် အဲ့တာအပြင် တိရစ်ဆာန်ပုံနဲ့ကွတ်ကီးတွေလည်း ရှိသေးတယ် "
တက်ကြွလက်ကြွနဲ့ ဈေးရောင်းနေတဲ့ Jiminကို ကြည့်ပြီး Joohyunသဘောကျမိပြီး တခစ်ခစ်နဲ့ ရယ်လေသည်
Joohyun ဈေးဝယ်ပြီး အပြင်ထွက်သွားတာနဲ့ Minjeong အပြင်မှာ ရှိနေတာကို Jimin သိပြီး ထွက်လာလိုက်သည်
.....
"Aww ငါ ညွှန်းလိုက်တဲ့ ပေါင်မုန့် စားကောင်းကြောင်း ပြောပြီး ဈေးလာဝယ်တဲ့ သူလေ နင်တစ်ခါပြောဖူးသလားလို့ တစ်ရက်ထဲနဲ့ မုန့်တွေအများကြီး ရောင်းရရင်ကောင်းမယ်ဆိုပြီးလေ "
"ဟင် "
"ဒါပေါ့ "
"ဟင်..."
"သမီးရည်းစားတွေလိုလေ...."
"ကူလုပ်ပေးရမလား "
Hummm. .....
#Tbc
Bạn đang đọc truyện trên: Truyen3h.Co