Truyen3h.Co

ကျွန်မချစ်သူ မြေခွေးမလေး

Part 9

KimFany059

#unicode

"အပျိုစင်လေးက အခုလို အချိန်မှာ ပိုဂရုစိုက်ရမှာလေ ညသန်းခေါင်ကြီး မိန်းကလေးတစ်ယောက်ထဲ အပြင်မှာ ရှိနေတာ မကောင်းဘူး အန္တရာယ် ရှိတယ် "

သစ်သားတံခါးကို ဆွဲဖွင့်ပြီး အထဲဝင်သွားတဲ့ ရဲမက်နောက် လိုက်သွားရင်း ဂူမီဟိုမေးလိုက်သည်

"အန္တရာယ် "

"ဒါပေါ့ မင်းလို မျက်နှာလှလှလေးရှိတဲ့ ကောင်မလေးအတွက် အရမ်းအန္တရာယ်များတယ် "

ပန်းရောင်နဲ့အဖြူရောင် hanbokလေး ဝတ်ထားတဲ့ ဂူမီဟိုကို ရဲမက်မှာ ကြည့်ပြီး ပြောလိုက်သည်

"ငါလို လူမျိုးက မင်းကိုတွေ့တာ မင်းအတွက်ကံကောင်းတယ်မှတ် "

"ရှင့်အတွက် မဟုတ်ဘူးလား ခိခိ စတာပါ ဒါပေါ့ ခန့်ညားတဲ့ အပြင် ရဲမက်ပါဖြစ်နေတဲ့ ရှင်က ကျွန်မကို ကာကွယ်ပေးတာဆိုတော့ ကျွန်မအရမ်း ကံကောင်းတာပေါ့ရှင် "

"အဲ့အတွက် ကျေးဇူးမဆပ်ချင်ဘူးလား "

ရဲမက်အမျိုးသားမှာ အခန်းထဲက ဖယောင်းတိုင်ထွန်းပြီး ဂူမီဟိုကို လှမ်းကြည့်တော့ မျက်လုံးနီရဲနေပြီး အမြီးတွေထွက်လာတာကို မြင်ပြီး အရမ်းလန့်သွားတယ်

" မင်း မင်း ဘယ်သူလည်း "

ရဲမက်မှာ ဓားကိုထုတ်ပြီး ဂူမီဟိုကို တိုက်ခိုက်တော့ ဂူမီဟိုမှာ သူ့အစွမ်းနဲ့ ပြန်ချလေသည်

"မင်း ဘာလုပ်တာလည်း "

"အို ရှင့်ကို ဘာလုပ်မယ်ထင်လည်း စားမှာပေါ့ စိတ်မပူပါနဲ့ ကျွန်မ မြန်မြန်လက်စသတ်ပြီး စားပေးပါမယ် "

ဂူမီဟိုမှာ သူမ လက်သည်းတွေနဲ့ ရဲမက်ရဲ့ ဝမ်းဗိုက်ကို ထိုးဖောက်လေသည်

"မကောင်းဆိုးဝါးမ "

"ခစ်ခစ် "

"ငါ့ကိုလွှတ်ပေးပါ ငါ့မှာ သားလေးတစ်ယောက်ရှိပါတယ် '

"အို ကလေးအဖေဖြစ်နေတာတောင် မိန်းကလေးတွေနဲ့ပွေရှုပ်ဖို့ ကြိုးစားသေးတယ်နော် ရှင့်သားလေးအတွက် ရှင်လိုအဖေမျိုးမရှိတာ ပိုကောင်းတယ် မဟုတ်ဘူးလား "

ဂူမီဟိုမှာ ပြောပြီး ရဲမက်အမျိုးသားကို သတ်လိုက်သည်

"ညစာအတွက် ကျေးဇူးတင်ပါတယ် "

ဝုန်း

နံရံကို လက်နဲ့ရိုက်မိလို့ လန့်ပြီး Jimin နိုးလာသည်

အာ အိမ်မက်ဖြစ်နေတာဘဲ အိမ်မက်တော့ အိမ်မက်ဘဲ တကယ်ဖြစ်ခဲ့တဲ့ အိမ်မက် Jimin ဂျိုဆွန်းခေတ်ကတည်းက ရှင်သန်နေတာ အခုထိဘဲလေ

Jimin ရေချိုး အဝတ်အစားလဲပြီး အောက်ကို ဆင်းလာသည်

"Good morning Yoona Unnie "

"Morningပါ Jiminရေ နိုးပြီလား "

"ဟုတ် "

"နင့်အတွက် ညစာချက်ကျွေးဖို့ ငါဝယ်လာတယ် "

"အာ ကျေးဇူးတင်ပါတယ် Unnie ဟိုတစ်ခါချက်ကျွေးတာလေး တော်တော်စားကောင်းတယ် "

"စားကောင်းတယ်လား "

"ဟုတ် ကျေးဇူးတင်ပါတယ် Unnie "

"အမလေး အချင်းချင်းဘဲ ရပါတယ်အေ Minjeong ကပြောတယ် နင်က အသားကြိုက်တယ်တဲ့ ဒါကြောင့်မို့လို့ ဝက်သား စပ်ကြော်နဲ့ အမဲသားဘူဂိုဂီရောဘဲ ဂင်ချီနဲ့ ထမင်းနဲ့ ရောစားရင် ရှယ်ဘဲ"

Yoonaရဲ့ ဂရုစိုက်မှုအပြင် Minjeongကပါ သူမအကြိုက်ဆုံးအစားအစာတွေ သူမအကြောင်းကို Yoonaကို ပြောပြထားသောကြောင့် Jiminနွေးထွေးသလို ခံစားရသည်

"အိမ်ထမင်းဟင်း စားရတာအကောင်းဆုံးဘဲသိလား Minjeongကတော့ နင့်ကို ပီဇာတွေပေါင်မုန့်တွေဘဲ ကျွေးနေမှာပေါ့ "

"ရှင် "

"အိမ်ထမင်းဟင်းစားရတာ အကောင်းဆုံးလို့ minjeong က အရင်က ဟင်းခဏခဏချက်လေ့ရှိပေမယ့် အခုတော့ အဲ့ကလေးက ဟင်းချက်တာရပ်ပစ်တယ်လေ "

"သူက ဟင်းမချက်တော့ဘူးလို့ ပြောချင်တာလား Unnie "

Yoonaရဲ့ စကားကြောင့် Jimin အံ့သြသွားတယ်

"အင်း သူ့အဖေဆုံးပြီး သူ့ရည်းစားနဲ့ လမ်းခွဲပြီးနောက် သူအလုပ်ကိုဘဲဖိလုပ်နေခဲ့တာ နေပါအုံး နင့်ကြည့်ရတာ အံ့သြနေပုံဘဲ "

"ဟုတ် ဘာလို့ဆို Minjeongက ညီမကို ညတိုင်း ဟင်းချက်ကျွေးလို့ "

Jimin ရဲ့ စကားကြောင့် Yoonaက ပိုအံ့သြသွားရသည်

"ဟယ်..... သူက ဟင်းချက်ကျွေးတာပေါ့ ကောင်းတာဘဲ "

"ဟုတ်တယ် Minjeongက တကယ်ကောင်းတယ် "

"unnie ပြောတာက သူ့စိတ်အခြေအနေကောင်းလာတာကိုပြောတာ "

Minjeongက Aeri အလုပ်ရှိလို့မလာနိုင်သောကြောင့် ရှေ့တွင် casherလုပ်နေရသည်

Jiminကတော့ Yoonaတို့နဲ့အတူ မုန့်ဖုတ်နေသည်

"Jimin အလုပ်များနေလို့ ရှေ့လာကူပေးပါ့လား "

မီးဖိုခန်းထဲ ဝင်လာမေးတဲ့ Minjeongကြောင့် Jiminလည်း ခေါင်းညိတ်ပြီး လုပ်လက်စမုန့်လေးတွေကို လက်စသတ်လိုက်သည်

Jimin မီးဖိုခန်းထဲက ထွက်လာတော့ ဆိုင်ထဲ တစ်ယောက်မှမရှိတာကို တွေ့ပြီး အူကြောင်ကြောင်ဖြစ်သွားတယ်

ခုန Minjeongက သူမကို အလုပ်များလို့ လာကူဖို့ပြောခဲ့တာမဟုတ်လား

"Minjeong ဘာလုပ်ပေး "

Jiminစကားမဆုံးခင် Minjeong မှာ ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး Jiminရဲ့ နှုတ်ခမ်းလေးကို ပြွတ်ခနဲနမ်းလိုက်သည်

"လွမ်းလို့....ဒါကြောင့်မို့ ခေါ်လိုက်တာ..... "

"အာ "

"ဘယ်လိုလုပ်မလည်း Jimin ငါ နင့်ကို ပိုပိုပြီး သဘောကျလာတယ်......"

Jiminလည်း ပြုံးပြီး Minjeong ကို ပြန်နမ်းမလို့ရှိသေး စျေးဝယ်တစ်ယောက်ရောက်လာသောကြောင့် နှစ်ယောက်သား ခွဲထွက်လိုက်ရသည်

Minjeong အနောက်ခဏသွားချိန် Jiminက casherနေရာတွင်ထိုင်နေသည်

ဒီခေတ်လူသားတွေသုံးတဲ့ ငွေသားတွေကို လေ့လာရင်း ငွေတွေထည့်ထားတဲ့ အံဆွဲထဲတွင် သေနတ်တစ်လက်မြင်သောကြောင့် လန့်သွားသည်

"Oh Jimin နင်က ကောင်တာထိုင်ရတာလား "

Aeriမှာ ဓာတ်ပုံကိစ္စအလုပ်ပြီးလို့ Minjeongဆိုင်ကိုရောက်လာတော့ ကောင်တာတွင် ထိုင်နေတဲ့ Jiminကို တွေ့ရသည်

"ဟုတ်တယ် Minjeongက အနောက်ခဏသွားလို့ အလုပ်ပြီးပြီပေါ့ Aeri "

"အင်း ပြီးပြီ ငါ ကိုလာဝယ်ခဲ့တယ် သောက်ရအောင် "

"ဒါနဲ့ ဒီကောင်တာထဲ သေနတ်ကို ဘာလို့ထားထားတာလည်း '

"Minjeongအဖေ ထားခဲ့တာလေ ဆိုင်ကို ဓားပြဘာညာလာတိုက်ပြီး အန္တရာယ်ပေးရင် သုံးလို့ရအောင်တဲ့ "

အမှန်တိုင်း ပြောရရင် သေနတ်ကို Jiminကြောက်မိသည်

သေနတ်ကို Jiminစိုက်ကြည့်နေစဥ် Aeri က သူမပခုံးကို လာပုတ်သည်

"Jimin အအေးသောက်မယ်လာ "

"အာ ဟုတ် "

Jiminလည်း သေနတ်ကို ပြန်ထားပြီး Aeriနောက်လိုက်သွားသည်

Jimin လက်ထဲတွင် သွေးတွေနဲ့ခုန်နေသော အသည်းတစ်စုံရှိနေတာကို မြင်ပြီး လန့်သွားတယ် သူမ ထပ်ပြီး အိမ်မက်ဆိုးမက်နေပြန်သည်

"Jimin. ..Jimin. ..."

Minjeongရဲ့ကျေးဇူးကြောင့် Jimin အိမ်မက်ဆိုးကနေ နိုးလာသည်

"ရေသောက်လိုက်အုံးရော့ "

Jimin အာခေါင်ခြောက်နေတာကို Minjeongသိပုံပေါ်သည် ရေခွက်လေးကအသင့်ရှိနေသည်

"Sorry ငါ့ကြောင့် နင်နိုးသွားမှာပေါ့ "

"ရပါတယ် နင်အဆင်ပြေရဲ့လား Jiminကြည့်ရတာ အိမ်မက်ဆိုးမက်နေတာနဲ့တူတယ် "

"ငါမသိဘူး "

Jimin ခေါင်းခါပြီး ဖြေတော့ Minjeong သက်ပြင်းချလိုက်သည်

ထို့နောက် Jiminကို ပွေ့ဖက်လိုက်ပြီး ကျောပြင်လေးကို ဖွဖွလေးပုတ်ပေးလိုက်သည်

"နင့်အတိတ်နဲ့ ပတ်သက်ပြီး သတိရလာလို့လား...."

"ဟုတ်တယ် "

Jimin အောက်နှုတ်ခမ်းကို ဖိကိုက်ထားမိသည် Minjeong ဆက်ပြီးသာမေးနေရင် သူမအမှန်တိုင်း ပြောပြမိမှာ

"နင် ငါ့ကိုပြောမပြချင်ဘူးလား "

"ဟင့်အင်း "

Minjeong ငါက ဂူမီဟိုပါ ဟုတ်တယ် လူသားစားတဲ့ မြေခွေးလေ ငါ ကျောင်းကိုသွားခဲ့တာလည်း ငါ့အတိတ်ကိုရှာဖို့မဟုတ်ဘူး ကျောင်းသားတွေကိုသတ်စားဖို့...ပြီးတော့ နင့်ကိုရော နင့်သူငယ်ချင်းတွေကိုပါ သတ်စားဖို့ စဥ်းစားခဲ့ဖူးတယ်

အဲ့လိုပြောပြရင် နင်ငါ့ကို ကြောက်သွားမှာ Minjeong ပြောပြလို့ မဖြစ်ဘူး

Jimin စိတ်ထဲကနေတွေးလိုက်မိသည်

"အင်းပါ မပြောပြချင်လည်းရတယ် အခု နင့်ဘေးမှာ ငါရှိတယ်နော် အိမ်မက်ဆိုးကိုမေ့လိုက်တော့ နင်အိပ်ပျော်တဲ့ထိ ငါစောင့်ပေးမယ် "

Minjeongကပြောတော့ Jiminခေါင်းညိတ်ပြီး Minjeong ရဲ့ ပေါင်ပေါ်တွင် လှဲအိပ်လိုက်သည်

Minjeongသာ ဘေးနားရှိရင် အိမ်မက်ဆိုးမက်မှာ မဟုတ်တော့ဘူး

#tbc

#zawgyi

"အပ်ိဳစင္ေလးက အခုလို အခ်ိန္မွာ ပိုဂ႐ုစိုက္ရမွာေလ ညသန္းေခါင္ႀကီး မိန္းကေလးတစ္ေယာက္ထဲ အျပင္မွာ ရွိေနတာ မေကာင္းဘူး အႏၱရာယ္ ရွိတယ္ "

သစ္သားတံခါးကို ဆြဲဖြင့္ၿပီး အထဲဝင္သြားတဲ့ ရဲမက္ေနာက္ လိုက္သြားရင္း ဂူမီဟိုေမးလိုက္သည္

"အႏၱရာယ္ "

"ဒါေပါ့ မင္းလို မ်က္ႏွာလွလွေလးရွိတဲ့ ေကာင္မေလးအတြက္ အရမ္းအႏၱရာယ္မ်ားတယ္ "

ပန္းေရာင္နဲ႕အျဖဴေရာင္ hanbokေလး ဝတ္ထားတဲ့ ဂူမီဟိုကို ရဲမက္မွာ ၾကည့္ၿပီး ေျပာလိုက္သည္

"ငါလို လူမ်ိဳးက မင္းကိုေတြ႕တာ မင္းအတြက္ကံေကာင္းတယ္မွတ္ "

"ရွင့္အတြက္ မဟုတ္ဘူးလား ခိခိ စတာပါ ဒါေပါ့ ခန့္ညားတဲ့ အျပင္ ရဲမက္ပါျဖစ္ေနတဲ့ ရွင္က ကြၽန္မကို ကာကြယ္ေပးတာဆိုေတာ့ ကြၽန္မအရမ္း ကံေကာင္းတာေပါ့ရွင္ "

"အဲ့အတြက္ ေက်းဇူးမဆပ္ခ်င္ဘူးလား "

ရဲမက္အမ်ိဳးသားမွာ အခန္းထဲက ဖေယာင္းတိုင္ထြန္းၿပီး ဂူမီဟိုကို လွမ္းၾကည့္ေတာ့ မ်က္လုံးနီရဲေနၿပီး အၿမီးေတြထြက္လာတာကို ျမင္ၿပီး အရမ္းလန့္သြားတယ္

" မင္း မင္း ဘယ္သူလည္း "

ရဲမက္မွာ ဓားကိုထုတ္ၿပီး ဂူမီဟိုကို တိုက္ခိုက္ေတာ့ ဂူမီဟိုမွာ သူ႕အစြမ္းနဲ႕ ျပန္ခ်ေလသည္

"မင္း ဘာလုပ္တာလည္း "

"အို ရွင့္ကို ဘာလုပ္မယ္ထင္လည္း စားမွာေပါ့ စိတ္မပူပါနဲ႕ ကြၽန္မ ျမန္ျမန္လက္စသတ္ၿပီး စားေပးပါမယ္ "

ဂူမီဟိုမွာ သူမ လက္သည္းေတြနဲ႕ ရဲမက္ရဲ႕ ဝမ္းဗိုက္ကို ထိုးေဖာက္ေလသည္

"မေကာင္းဆိုးဝါးမ "

"ခစ္ခစ္ "

"ငါ့ကိုလႊတ္ေပးပါ ငါ့မွာ သားေလးတစ္ေယာက္ရွိပါတယ္ '

"အို ကေလးအေဖျဖစ္ေနတာေတာင္ မိန္းကေလးေတြနဲ႕ေပြရႈပ္ဖို႔ ႀကိဳးစားေသးတယ္ေနာ္ ရွင့္သားေလးအတြက္ ရွင္လိုအေဖမ်ိဳးမရွိတာ ပိုေကာင္းတယ္ မဟုတ္ဘူးလား "

ဂူမီဟိုမွာ ေျပာၿပီး ရဲမက္အမ်ိဳးသားကို သတ္လိုက္သည္

"ညစာအတြက္ ေက်းဇူးတင္ပါတယ္ "

ဝုန္း

နံရံကို လက္နဲ႕ရိုက္မိလို႔ လန့္ၿပီး Jimin နိုးလာသည္

အာ အိမ္မက္ျဖစ္ေနတာဘဲ အိမ္မက္ေတာ့ အိမ္မက္ဘဲ တကယ္ျဖစ္ခဲ့တဲ့ အိမ္မက္ Jimin ဂ်ိဳဆြန္းေခတ္ကတည္းက ရွင္သန္ေနတာ အခုထိဘဲေလ

Jimin ေရခ်ိဳး အဝတ္အစားလဲၿပီး ေအာက္ကို ဆင္းလာသည္

"Good morning Yoona Unnie "

"Morningပါ Jiminေရ နိုးၿပီလား "

"ဟုတ္ "

"နင့္အတြက္ ညစာခ်က္ေကြၽးဖို႔ ငါဝယ္လာတယ္ "

"အာ ေက်းဇူးတင္ပါတယ္ Unnie ဟိုတစ္ခါခ်က္ေကြၽးတာေလး ေတာ္ေတာ္စားေကာင္းတယ္ "

"စားေကာင္းတယ္လား "

"ဟုတ္ ေက်းဇူးတင္ပါတယ္ Unnie "

"အမေလး အခ်င္းခ်င္းဘဲ ရပါတယ္ေအ Minjeong ကေျပာတယ္ နင္က အသားႀကိဳက္တယ္တဲ့ ဒါေၾကာင့္မို႔လို႔ ဝက္သား စပ္ေၾကာ္နဲ႕ အမဲသားဘူဂိုဂီေရာဘဲ ဂင္ခ်ီနဲ႕ ထမင္းနဲ႕ ေရာစားရင္ ရွယ္ဘဲ"

Yoonaရဲ႕ ဂ႐ုစိုက္မႈအျပင္ Minjeongကပါ သူမအႀကိဳက္ဆုံးအစားအစာေတြ သူမအေၾကာင္းကို Yoonaကို ေျပာျပထားေသာေၾကာင့္ Jiminႏြေးေထြးသလို ခံစားရသည္

"အိမ္ထမင္းဟင္း စားရတာအေကာင္းဆုံးဘဲသိလား Minjeongကေတာ့ နင့္ကို ပီဇာေတြေပါင္မုန့္ေတြဘဲ ေကြၽးေနမွာေပါ့ "

"ရွင္ "

"အိမ္ထမင္းဟင္းစားရတာ အေကာင္းဆုံးလို႔ minjeong က အရင္က ဟင္းခဏခဏခ်က္ေလ့ရွိေပမယ့္ အခုေတာ့ အဲ့ကေလးက ဟင္းခ်က္တာရပ္ပစ္တယ္ေလ "

"သူက ဟင္းမခ်က္ေတာ့ဘူးလို႔ ေျပာခ်င္တာလား Unnie "

Yoonaရဲ႕ စကားေၾကာင့္ Jimin အံ့ၾသသြားတယ္

"အင္း သူ႕အေဖဆုံးၿပီး သူ႕ရည္းစားနဲ႕ လမ္းခြဲၿပီးေနာက္ သူအလုပ္ကိုဘဲဖိလုပ္ေနခဲ့တာ ေနပါအုံး နင့္ၾကည့္ရတာ အံ့ၾသေနပုံဘဲ "

"ဟုတ္ ဘာလို႔ဆို Minjeongက ညီမကို ညတိုင္း ဟင္းခ်က္ေကြၽးလို႔ "

Jimin ရဲ႕ စကားေၾကာင့္ Yoonaက ပိုအံ့ၾသသြားရသည္

"ဟယ္..... သူက ဟင္းခ်က္ေကြၽးတာေပါ့ ေကာင္းတာဘဲ "

"ဟုတ္တယ္ Minjeongက တကယ္ေကာင္းတယ္ "

"unnie ေျပာတာက သူ႕စိတ္အေျခအေနေကာင္းလာတာကိုေျပာတာ "

Minjeongက Aeri အလုပ္ရွိလို႔မလာနိုင္ေသာေၾကာင့္ ေရွ႕တြင္ casherလုပ္ေနရသည္

Jiminကေတာ့ Yoonaတို႔နဲ႕အတူ မုန့္ဖုတ္ေနသည္

"Jimin အလုပ္မ်ားေနလို႔ ေရွ႕လာကူေပးပါ့လား "

မီးဖိုခန္းထဲ ဝင္လာေမးတဲ့ Minjeongေၾကာင့္ Jiminလည္း ေခါင္းညိတ္ၿပီး လုပ္လက္စမုန့္ေလးေတြကို လက္စသတ္လိုက္သည္

Jimin မီးဖိုခန္းထဲက ထြက္လာေတာ့ ဆိုင္ထဲ တစ္ေယာက္မွမရွိတာကို ေတြ႕ၿပီး အူေၾကာင္ေၾကာင္ျဖစ္သြားတယ္

ခုန Minjeongက သူမကို အလုပ္မ်ားလို႔ လာကူဖို႔ေျပာခဲ့တာမဟုတ္လား

"Minjeong ဘာလုပ္ေပး "

Jiminစကားမဆုံးခင္ Minjeong မွာ ေဘးပတ္ဝန္းက်င္ကို တစ္ခ်က္ၾကည့္ၿပီး Jiminရဲ႕ ႏႈတ္ခမ္းေလးကို ႁပြတ္ခနဲနမ္းလိုက္သည္

"လြမ္းလို႔....ဒါေၾကာင့္မို႔ ေခၚလိုက္တာ..... "

"အာ "

"ဘယ္လိုလုပ္မလည္း Jimin ငါ နင့္ကို ပိုပိုၿပီး သေဘာက်လာတယ္......"

Jiminလည္း ၿပဳံးၿပီး Minjeong ကို ျပန္နမ္းမလို႔ရွိေသး ေစ်းဝယ္တစ္ေယာက္ေရာက္လာေသာေၾကာင့္ ႏွစ္ေယာက္သား ခြဲထြက္လိုက္ရသည္

Minjeong အေနာက္ခဏသြားခ်ိန္ Jiminက casherေနရာတြင္ထိုင္ေနသည္

ဒီေခတ္လူသားေတြသုံးတဲ့ ေငြသားေတြကို ေလ့လာရင္း ေငြေတြထည့္ထားတဲ့ အံဆြဲထဲတြင္ ေသနတ္တစ္လက္ျမင္ေသာေၾကာင့္ လန့္သြားသည္

"Oh Jimin နင္က ေကာင္တာထိုင္ရတာလား "

Aeriမွာ ဓာတ္ပုံကိစၥအလုပ္ၿပီးလို႔ Minjeongဆိုင္ကိုေရာက္လာေတာ့ ေကာင္တာတြင္ ထိုင္ေနတဲ့ Jiminကို ေတြ႕ရသည္

"ဟုတ္တယ္ Minjeongက အေနာက္ခဏသြားလို႔ အလုပ္ၿပီးၿပီေပါ့ Aeri "

"အင္း ၿပီးၿပီ ငါ ကိုလာဝယ္ခဲ့တယ္ ေသာက္ရေအာင္ "

"ဒါနဲ႕ ဒီေကာင္တာထဲ ေသနတ္ကို ဘာလို႔ထားထားတာလည္း '

"Minjeongအေဖ ထားခဲ့တာေလ ဆိုင္ကို ဓားျပဘာညာလာတိုက္ၿပီး အႏၱရာယ္ေပးရင္ သုံးလို႔ရေအာင္တဲ့ "

အမွန္တိုင္း ေျပာရရင္ ေသနတ္ကို Jiminေၾကာက္မိသည္

ေသနတ္ကို Jiminစိုက္ၾကည့္ေနစဥ္ Aeri က သူမပခုံးကို လာပုတ္သည္

"Jimin အေအးေသာက္မယ္လာ "

"အာ ဟုတ္ "

Jiminလည္း ေသနတ္ကို ျပန္ထားၿပီး Aeriေနာက္လိုက္သြားသည္

Jimin လက္ထဲတြင္ ေသြးေတြနဲ႕ခုန္ေနေသာ အသည္းတစ္စုံရွိေနတာကို ျမင္ၿပီး လန့္သြားတယ္ သူမ ထပ္ၿပီး အိမ္မက္ဆိုးမက္ေနျပန္သည္

"Jimin. ..Jimin. ..."

Minjeongရဲ႕ေက်းဇူးေၾကာင့္ Jimin အိမ္မက္ဆိုးကေန နိုးလာသည္

"ေရေသာက္လိုက္အုံးေရာ့ "

Jimin အာေခါင္ေျခာက္ေနတာကို Minjeongသိပုံေပၚသည္ ေရခြက္ေလးကအသင့္ရွိေနသည္

"Sorry ငါ့ေၾကာင့္ နင္နိုးသြားမွာေပါ့ "

"ရပါတယ္ နင္အဆင္ေျပရဲ႕လား Jiminၾကည့္ရတာ အိမ္မက္ဆိုးမက္ေနတာနဲ႕တူတယ္ "

"ငါမသိဘူး "

Jimin ေခါင္းခါၿပီး ေျဖေတာ့ Minjeong သက္ျပင္းခ်လိဳက္သည္

ထို႔ေနာက္ Jiminကို ေပြ႕ဖက္လိုက္ၿပီး ေက်ာျပင္ေလးကို ဖြဖြေလးပုတ္ေပးလိုက္သည္

"နင့္အတိတ္နဲ႕ ပတ္သက္ၿပီး သတိရလာလို႔လား...."

"ဟုတ္တယ္ "

Jimin ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ထားမိသည္ Minjeong ဆက္ၿပီးသာေမးေနရင္ သူမအမွန္တိုင္း ေျပာျပမိမွာ

"နင္ ငါ့ကိုေျပာမျပခ်င္ဘူးလား "

"ဟင့္အင္း "

Minjeong ငါက ဂူမီဟိုပါ ဟုတ္တယ္ လူသားစားတဲ့ ေျမေခြးေလ ငါ ေက်ာင္းကိုသြားခဲ့တာလည္း ငါ့အတိတ္ကိုရွာဖို႔မဟုတ္ဘူး ေက်ာင္းသားေတြကိုသတ္စားဖို႔...ၿပီးေတာ့ နင့္ကိုေရာ နင့္သူငယ္ခ်င္းေတြကိုပါ သတ္စားဖို႔ စဥ္းစားခဲ့ဖူးတယ္

အဲ့လိုေျပာျပရင္ နင္ငါ့ကို ေၾကာက္သြားမွာ Minjeong ေျပာျပလို႔ မျဖစ္ဘူး

Jimin စိတ္ထဲကေနေတြးလိုက္မိသည္

"အင္းပါ မေျပာျပခ်င္လည္းရတယ္ အခု နင့္ေဘးမွာ ငါရွိတယ္ေနာ္ အိမ္မက္ဆိုးကိုေမ့လိုက္ေတာ့ နင္အိပ္ေပ်ာ္တဲ့ထိ ငါေစာင့္ေပးမယ္ "

Minjeongကေျပာေတာ့ Jiminေခါင္းညိတ္ၿပီး Minjeong ရဲ႕ ေပါင္ေပၚတြင္ လွဲအိပ္လိုက္သည္

Minjeongသာ ေဘးနားရွိရင္ အိမ္မက္ဆိုးမက္မွာ မဟုတ္ေတာ့ဘူး

#tbc

Bạn đang đọc truyện trên: Truyen3h.Co