Part 14
#unicode
"Jimin nah ငါတို့ပြန်ပြီနော် "
Joohyunနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်နေစဥ် အလုပ်သိမ်းချိန်မို့လို့ အိမ်ပြန်ဖို့ထွက်လာတဲ့ NingNingတို့ကြောင့် Joohyun နဲ့ Jimin မှာ ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ကြသည်
"အင်း ဖြည်းဖြည်းပြန်နော် "
"ကဲ ငါတို့မှာ ဘာရှိလည်း ကြည့်ရအောင် "
NingNing တို့ထွက်သွားပြီးနောက် Joohyun ပြောပြီး Jiminရဲ့ မေးစေ့ကိုဆွဲကိုင်ကာ အပေါ်မော့ခိုင်းလိုက်သည်
ထို့နောက် Jimin ပါးကိုဆွဲညှစ်ကာ ပါးစပ်ဟခိုင်းလိုက်သည်
"ဒီလိုအလှတရားတွေနဲ့ ငါ့ကို ဆွဲဆောင်ပြီး တစ်ခြားလူတွေလို အရူးလုပ်လို့ရမယ်ထင်နေလား မြေခွေးမ ဟော အစွယ်လေးတွေ ထွက်လာပြီဘဲ "
Jimin ပါးစပ်ထဲကနေ ရှည်ထွက်လာတဲ့အစွယ်တွေကိုကြည့်ပြီး Joohyun ပြောလိုက်သည်
"နင့်ရဲ့အမြီးတွေလည်း ထုတ်ပြလိုက်တော့...ပြီးတော့ နားရွက်ရောပေါ့....အင်း ဒီလိုအရမ်းသန်မာနေပုံထောက်ရင် နင်တော်တော် အသက်ကြီးတဲ့မြေခွေးမဖြစ်ရမယ် "
Jiminမှာ အံကိုကြိတ်ပြီး Joohyunကို စိုက်ကြည့်နေသည်
Joohyunကတော့ Jiminနဲ့ အကြည့်ချင်းမဆုံဘဲနေသည်
"နင်သိလား နင့်ကိုစတွေ့တဲ့နေ့က ဒီကအဆောင်က ရူးမတတ်အချက်ပြနေတာ ငါ့ရင်ဘတ်တစ်ခုလုံး မီးကျွမ်းသွားသလိုကို ပူလောင်နေတာ "
Joohyunပြောပြီး သူမ T shirtအောက်က ရင်ဘတ်ပေါ်က အဆောင်တက်တူးလေးကို ပြလိုက်သည်
"ဒါကြောင့်မို့လို့ ဒီမှာ မကောင်းဆိုးဝါးရှိလားဆိုပြီး ငါထပ်လာစစ်တာ နင့်လက်ကို ကိုင်လိုက်တဲ့အချိန်မှာ မကောင်းဆိုးဝါးက နင်ဆိုတာ သိသွားတော့တာဘဲ ဟ ဒီလိုမုန့်ဖုတ်ဆိုင်မှာ အကြာကြီးပုန်းနေရလား "
နေရာတစ်နေရာထဲမှာ အကြာကြီးရှိနေတာ မကောင်းဘူးဆိုတာသိရက်သားနဲ့ Jimin သတိမေ့သွားလို့ သူမကိုယ်သူမ နှာခေါင်းရှုံ့မိသည်
"ကဲ နင်လည်း မြေခွေးပုံစံပြောင်းလိုက် ငါလည်း နင့်ကို သတ်ဖို့ အသင့်ပြင်ထားတယ် "
Joohyunပြောပြီး သူမဓားရှည်ကို ဆွဲထုတ်တော့ Jiminက ခေါင်းခါပြသည်
"ခေါင်းမမာစမ်းနဲ့ Jimin နင့်မြေခွေးပုံစံပြောင်းစမ်း ငါ ဒီလှပတဲ့မုန့်ဖုတ်ဆိုင်ရှေ့မှာ သွေးသံရဲရဲမဖြစ်ချင်ဘူး.... နင့်ကိုထိုးသတ်ပြီး အလောင်းကို အမှိုက်အိတ်ထဲထည့်သယ်သွားမယ် "
သူမကို မတိုက်ခိုက်ဘဲ ခေါင်းမာနေတဲ့ Jimin ကို Joohyun ဆောင့်ကန်လိုက်သည်
ဘုန်း!!
ကျယ်လောင်တဲ့အသံကြောင့် Minjeong လန့်ပြီး Jiminကို စိတ်ပူသွားသည်
Jimin. ....
Minjeong မှာ မီးဖိုးခန်းထဲက ပြေးလာပြီး Jiminတို့ဆီရောက်တော့ လဲကျနေတဲ့ Jiminကိုဓားနဲ့ ရွယ်ထားတဲ့ Joohyunကို တွေ့ရလေသည်
"Minjeong မလှုပ်နဲ့ "
Joohyun သတိပေးရင်း သူမရဲ့ဓားဖျားကို Jiminလည်ပင်းထဲ ထိုးစိုက်လိုက်သည်
"ရှင်...Jimin ကို ဘာမှမလုပ်ပါနဲ့ ကျွန်မ တောင်းပန်ပါတယ် ပိုက်ဆံလိုချင်ရင်လည်း အကုန်ယူသွားပါ ဒီကမုန့်တွေလည်း သိမ်းလို့ရပါတယ် Jiminကိုတော့ လွှတ်ပေးပါ "
Minjeongကတောင်းပန်တော့ Joohyunက ရယ်သည်
"ငါ နင့်ပိုက်ဆံတွေကိုမလိုချင်ဘူး ကလေးမ "
"Jimin နင်အဆင်ပြေရဲ့လား '
Minjeongအော်မေးပြီး Jiminဆီ သွားဖို့ ကြိုးစားသည်
"မလှုပ်နဲ့လို့ ငါသတိပေးထားတယ်နော် ထပ်လှုပ်ရင် သူ့လည်ပင်းကိုဖြတ်ပစ်မယ် ငါပြောတာ နားထောင် ကလေးမ သူက နင်ထင်သလို လူမဟုတ်ဘူး မကောင်းဆိုးဝါးမြေခွေးမဘဲ "
"မ မဟုတ်တာ Madam စိတ်ထိန်းပါ သူ့ကိုလွှတ်ပေးလိုက်လေနော် ကျွန်မ ဆေးရုံကို ဖုန်းဆက်ပေးရမလား "
"ငါ ရူးနေတာ မဟုတ်ဘူး ငါ့ကို အရူးလို မဆက်ဆံနဲ့....လွန်ခဲ့တာအပတ်ကလား လွန်ခဲ့တဲ့ လကလား သူ ဘယ်ကမှန်းမသိ ရောက်လာတယ်မဟုတ်လား "
Minjeong တိတ်ဆိတ်သွားတဲ့ အခါမှာတော့ Jimin ငိုချင်လာသည်
Minjeong ကို ဒီလိုပုံစံမျိုးနဲ့ သိစေချင်တာမှမဟုတ်တာ
"လွန်ခဲ့တဲ့နှစ်ဆယ့်ခုနှစ်ရက်လောက်က လကြတ်ခဲ့တယ်ဆိုတာ သိတယ် မဟုတ်လား မကောင်းဆိုးဝါးတွေက အဲ့ဒီတုန်းက လူသားကမ္ဘာဆီကို ထွက်လာတာဘဲ...ပြီးတော့ ဒီကအမျိုးသမီးကလည်း ဘယ်ကမှန်းမသိရောက်လာခဲ့တယ်မဟုတ်လား "
Jimin သူ့မျက်လုံးက တဖြည်းဖြည်းအရောင်ပြောင်းလာတာကို ခံစားမိသည်
ထို့ကြောင့် Minjeong မမြင်အောင် မျက်လုံးကိုမှိတ်ထားလိုက်သည်
"Ji. ..Jimin. ..."
"နင့်ရည်းစားခေါ်နေတယ် သူ့ကိုကြည့်လိုက်လေ နင့်မျက်လုံးအရောင်ကို သူ့ကိုပြလိုက် နင်က ဘာကောင်မလည်းဆိုတာ ပြလိုက် "
Joohyunက အမိန့်ပေးပေမယ့် Jiminက ခေါင်းအတွင်တွင်ခါရမ်းငြင်းဆန်သည်
"Ji Jimin ငါ့ကိုကြည့် "
Joohyunရဲ့ အမိန့်ကို Jimin ငြင်းဆန်ပေမယ့် Minjeong ရဲ့ စကားကိုတော့ Jimin မလွန်ဆန်နိုင်ဘူးလေ
"နင့်မြေခွေးပုံစံကို နင့်ရည်းစားကို ပြလိုက် မဟုတ်ရင် ဒီဆိုင်ရှေ့ ငါသွေးတွေလွှမ်းသွားအောင်လုပ်ပစ်မှာနော် "
Jimin သက်ပြင်းချပြီး မျက်လုံးဖွင့်လိုက်တော့ သူမရဲ့ နီရဲနေတဲ့ မျက်လုံးတွေကို မြင်ပြီး Minjeong နောက်သို့ဆုတ်သွားသည်
Minjeongရဲ့ ထိတ်လန့်မှုကို မြင်လိုက်ရတော့ Jimin မျက်ရည်တွေကျလာသည်
"Minjeong. ....."
"Oh Jimin... "
"မြင်လား သူ့ပါးစပ်မှာလည်း အစွယ်နဲ့ နားထောင် ကလေးမ ငါ့ဘိုးဘေးတွေနဲ့အတူ ငယ်ကတည်းက နိုင်ငံပေါင်းစုံက မကောင်းဆိုးဝါးတွေကို နှိမ်နင်းလာတာ ဂူမီဟိုတွေကလည်း အရမ်းဆိုးတဲ့မြေခွေးမတွေဆိုတာ နင်ကြားဖူးမှာပါ ဒါကြောင့်မို့လို့ ဒီမြေခွေးမကို "
"မ မလုပ်ပါနဲ့ ကျွန်မ တောင်းပန်ပါတယ် သူ့ကို နာကျင်အောင်မလုပ်ပါနဲ့ "
Jiminက မြေခွေးမဆိုတာ သိသွားတာတောင် အခုထိ တောင်းပန်နေတဲ့ Minjeongကို Joohyun အံ့သြသွားတယ်
"နင် အခုထိ နားမလည်သေးဘူးလား ကလေးမ အခုချိန် သူ့ကိုမသတ်ရင် နောက်လကြတ်တဲ့အချိန်တွေမှာလည်း သူ ထွက်လာပြီး လူပေါင်းများစွာကိုသတ်ပစ်လိမ့်မယ် "
"ရှင် ပြောတာ ကျွန်မမယုံဘူး "
"ကဲ သူ့ကိုပြောလိုက်စမ်း မြေခွေးမ ဒီမုန့်ဆိုင်ကို ရောက်ပြီးကတည်းက ကောင်လေးတွေဘယ်နှယောက်သတ်ခဲ့လည်းဆိုတာ တိတိကျကျပြောပြလိုက်စမ်း "
"ငါမသတ်ခဲ့ဘူး Joohyun "
"မလိမ်စမ်းနဲ့ "
Jiminရဲ့ ဆံပင်ကို ဆောင့်ဆွဲပြီး Joohyunအော်လိုက်သည်
Jiminရဲ့ လည်ပင်းကနေလည်း ဓားနဲ့ထိုးခံရတဲ့ သွေးတွေက စီးကျလာသည်
"ကျွန်မ အနူးညွတ်တောင်းပန်ပါတယ် ကျေးဇူးပြုပြီး Jiminကို လွှတ်ပေးပါ "
Minjeong လက်အုပ်ချီပြီး ငိုရင်း Joohyun ကို ဆက်တိုက်တောင်းပန်နေသည်
"ငါ လူမသတ်ခဲ့ဘူး '
"ပရိယာယ်တွေသုံးပြီး လာလိမ်မနေနဲ့ "
"Jiminက လိမ်ပြောနေတာ မဟုတ်ဘူး ကျွန်မ သူနဲ့အချိန်တိုင်း ရှိနေတာ သူဘယ်သူ့မှနာကျင်အောင်မလုပ်ဘူး "
"ဟ သူက လှည့်ဖျားတတ်တဲ့မြေခွေးနော် နင့်ကိုတောင် လှည့်ဖျားကြိုးကိုင်နေပြီဘဲ "
Minjeong ဘာမှဆက်မပြောတော့ဘဲ ဆိုင်ထဲ ပြေးဝင်သွားတယ်
Minjeongက ဆိုင်ထဲ ပြေးဝင်သွားတာလား
ငါ့ကို Minjeongက မမြင်ချင်တော့ဘူးလား
ကောင်တာထဲ သိမ်းထားတဲ့သေနတ်....
Aeriကတော့ ဆိုင်ထဲက လူတွေကို ကာကွယ်ဖို့လို့ပြောဖူးတယ်
ဘာလို့ Minjeongက အဲ့သေနတ်ကိုထုတ်မသုံးတာလည်း
ငါက လူမဟုတ်လို့လား
ဟုတ်သား ငါက မြေခွေးဘဲ
ငါက မုန့်ဖုတ်သမားမှ မဟုတ်တာ
ငါက.... ငါက လူ့အသက်ပေါင်းများစွာကို သတ်ခဲ့ဖူးတဲ့ မြေခွေးဘဲ
ဝဋ်လည်တာဘဲ လူပေါင်းများစွာ သတ်ခဲ့ပြီး အခု ငါချစ်တဲ့သူရှေ့မှာ အကူအညီမဲ့စွာ ရုပ်ပျက်ဆင်းပျက်သေရတော့မှာဘဲ
အခုဆို Joohyunက သံရည်ကျိုထားတဲ့ အရည်ကို ငါ့ပါးစပ်ထဲလောင်းထည့်တော့မယ်
ပုပ်ပွနေတဲ့မြေခွေးပုံစံနဲ့ Minjeong ရှေ့သေရတော့မယ်
Joohyunကို ခုခံပြီးထွက်ပြေးလို့ရပေမယ့် Minjeong. ...Minjeong ကို ငါဘယ်လိုလုပ်ရမလည်း
#tbc
#zawgyi
"Jimin nah ငါတို႔ျပန္ၿပီေနာ္ "
Joohyunနဲ႕ ႐ုန္းရင္းဆန္ခတ္ျဖစ္ေနစဥ္ အလုပ္သိမ္းခ်ိန္မို႔လို႔ အိမ္ျပန္ဖို႔ထြက္လာတဲ့ NingNingတို႔ေၾကာင့္ Joohyun နဲ႕ Jimin မွာ ဘာမွမျဖစ္သလို ဟန္ေဆာင္လိုက္ၾကသည္
"အင္း ျဖည္းျဖည္းျပန္ေနာ္ "
"ကဲ ငါတို႔မွာ ဘာရွိလည္း ၾကည့္ရေအာင္ "
NingNing တို႔ထြက္သြားၿပီးေနာက္ Joohyun ေျပာၿပီး Jiminရဲ႕ ေမးေစ့ကိုဆြဲကိုင္ကာ အေပၚေမာ့ခိုင္းလိုက္သည္
ထို႔ေနာက္ Jimin ပါးကိုဆြဲညွစ္ကာ ပါးစပ္ဟခိုင္းလိုက္သည္
"ဒီလိုအလွတရားေတြနဲ႕ ငါ့ကို ဆြဲေဆာင္ၿပီး တစ္ျခားလူေတြလို အ႐ူးလုပ္လို႔ရမယ္ထင္ေနလား ေျမေခြးမ ေဟာ အစြယ္ေလးေတြ ထြက္လာၿပီဘဲ "
Jimin ပါးစပ္ထဲကေန ရွည္ထြက္လာတဲ့အစြယ္ေတြကိုၾကည့္ၿပီး Joohyun ေျပာလိုက္သည္
"နင့္ရဲ႕အၿမီးေတြလည္း ထုတ္ျပလိုက္ေတာ့...ၿပီးေတာ့ နား႐ြက္ေရာေပါ့....အင္း ဒီလိုအရမ္းသန္မာေနပုံေထာက္ရင္ နင္ေတာ္ေတာ္ အသက္ႀကီးတဲ့ေျမေခြးမျဖစ္ရမယ္ "
Jiminမွာ အံကိုႀကိတ္ၿပီး Joohyunကို စိုက္ၾကည့္ေနသည္
Joohyunကေတာ့ Jiminနဲ႕ အၾကည့္ခ်င္းမဆုံဘဲေနသည္
"နင္သိလား နင့္ကိုစေတြ႕တဲ့ေန႕က ဒီကအေဆာင္က ႐ူးမတတ္အခ်က္ျပေနတာ ငါ့ရင္ဘတ္တစ္ခုလုံး မီးကြၽမ္းသြားသလိုကို ပူေလာင္ေနတာ "
Joohyunေျပာၿပီး သူမ T shirtေအာက္က ရင္ဘတ္ေပၚက အေဆာင္တက္တူးေလးကို ျပလိုက္သည္
"ဒါေၾကာင့္မို႔လို႔ ဒီမွာ မေကာင္းဆိုးဝါးရွိလားဆိုၿပီး ငါထပ္လာစစ္တာ နင့္လက္ကို ကိုင္လိုက္တဲ့အခ်ိန္မွာ မေကာင္းဆိုးဝါးက နင္ဆိုတာ သိသြားေတာ့တာဘဲ ဟ ဒီလိုမုန့္ဖုတ္ဆိုင္မွာ အၾကာႀကီးပုန္းေနရလား "
ေနရာတစ္ေနရာထဲမွာ အၾကာႀကီးရွိေနတာ မေကာင္းဘူးဆိုတာသိရက္သားနဲ႕ Jimin သတိေမ့သြားလို႔ သူမကိုယ္သူမ ႏွာေခါင္းရႈံ႕မိသည္
"ကဲ နင္လည္း ေျမေခြးပုံစံေျပာင္းလိုက္ ငါလည္း နင့္ကို သတ္ဖို႔ အသင့္ျပင္ထားတယ္ "
Joohyunေျပာၿပီး သူမဓားရွည္ကို ဆြဲထုတ္ေတာ့ Jiminက ေခါင္းခါျပသည္
"ေခါင္းမမာစမ္းနဲ႕ Jimin နင့္ေျမေခြးပုံစံေျပာင္းစမ္း ငါ ဒီလွပတဲ့မုန့္ဖုတ္ဆိုင္ေရွ႕မွာ ေသြးသံရဲရဲမျဖစ္ခ်င္ဘူး.... နင့္ကိုထိုးသတ္ၿပီး အေလာင္းကို အမွိုက္အိတ္ထဲထည့္သယ္သြားမယ္ "
သူမကို မတိုက္ခိုက္ဘဲ ေခါင္းမာေနတဲ့ Jimin ကို Joohyun ေဆာင့္ကန္လိုက္သည္
ဘုန္း!!
က်ယ္ေလာင္တဲ့အသံေၾကာင့္ Minjeong လန့္ၿပီး Jiminကို စိတ္ပူသြားသည္
Jimin. ....
Minjeong မွာ မီးဖိုးခန္းထဲက ေျပးလာၿပီး Jiminတို႔ဆီေရာက္ေတာ့ လဲက်ေနတဲ့ Jiminကိုဓားနဲ႕ ႐ြယ္ထားတဲ့ Joohyunကို ေတြ႕ရေလသည္
"Minjeong မလႈပ္နဲ႕ "
Joohyun သတိေပးရင္း သူမရဲ႕ဓားဖ်ားကို Jiminလည္ပင္းထဲ ထိုးစိုက္လိုက္သည္
"ရွင္...Jimin ကို ဘာမွမလုပ္ပါနဲ႕ ကြၽန္မ ေတာင္းပန္ပါတယ္ ပိုက္ဆံလိုခ်င္ရင္လည္း အကုန္ယူသြားပါ ဒီကမုန့္ေတြလည္း သိမ္းလို႔ရပါတယ္ Jiminကိုေတာ့ လႊတ္ေပးပါ "
Minjeongကေတာင္းပန္ေတာ့ Joohyunက ရယ္သည္
"ငါ နင့္ပိုက္ဆံေတြကိုမလိုခ်င္ဘူး ကေလးမ "
"Jimin နင္အဆင္ေျပရဲ႕လား '
Minjeongေအာ္ေမးၿပီး Jiminဆီ သြားဖို႔ ႀကိဳးစားသည္
"မလႈပ္နဲ႕လို႔ ငါသတိေပးထားတယ္ေနာ္ ထပ္လႈပ္ရင္ သူ႕လည္ပင္းကိုျဖတ္ပစ္မယ္ ငါေျပာတာ နားေထာင္ ကေလးမ သူက နင္ထင္သလို လူမဟုတ္ဘူး မေကာင္းဆိုးဝါးေျမေခြးမဘဲ "
"မ မဟုတ္တာ Madam စိတ္ထိန္းပါ သူ႕ကိုလႊတ္ေပးလိုက္ေလေနာ္ ကြၽန္မ ေဆး႐ုံကို ဖုန္းဆက္ေပးရမလား "
"ငါ ႐ူးေနတာ မဟုတ္ဘူး ငါ့ကို အ႐ူးလို မဆက္ဆံနဲ႕....လြန္ခဲ့တာအပတ္ကလား လြန္ခဲ့တဲ့ လကလား သူ ဘယ္ကမွန္းမသိ ေရာက္လာတယ္မဟုတ္လား "
Minjeong တိတ္ဆိတ္သြားတဲ့ အခါမွာေတာ့ Jimin ငိုခ်င္လာသည္
Minjeong ကို ဒီလိုပုံစံမ်ိဳးနဲ႕ သိေစခ်င္တာမွမဟုတ္တာ
"လြန္ခဲ့တဲ့ႏွစ္ဆယ့္ခုႏွစ္ရက္ေလာက္က လၾကတ္ခဲ့တယ္ဆိုတာ သိတယ္ မဟုတ္လား မေကာင္းဆိုးဝါးေတြက အဲ့ဒီတုန္းက လူသားကမၻာဆီကို ထြက္လာတာဘဲ...ၿပီးေတာ့ ဒီကအမ်ိဳးသမီးကလည္း ဘယ္ကမွန္းမသိေရာက္လာခဲ့တယ္မဟုတ္လား "
Jimin သူ႕မ်က္လုံးက တျဖည္းျဖည္းအေရာင္ေျပာင္းလာတာကို ခံစားမိသည္
ထို႔ေၾကာင့္ Minjeong မျမင္ေအာင္ မ်က္လုံးကိုမွိတ္ထားလိုက္သည္
"Ji. ..Jimin. ..."
"နင့္ရည္းစားေခၚေနတယ္ သူ႕ကိုၾကည့္လိုက္ေလ နင့္မ်က္လုံးအေရာင္ကို သူ႕ကိုျပလိုက္ နင္က ဘာေကာင္မလည္းဆိုတာ ျပလိုက္ "
Joohyunက အမိန့္ေပးေပမယ့္ Jiminက ေခါင္းအတြင္တြင္ခါရမ္းျငင္းဆန္သည္
"Ji Jimin ငါ့ကိုၾကည့္ "
Joohyunရဲ႕ အမိန့္ကို Jimin ျငင္းဆန္ေပမယ့္ Minjeong ရဲ႕ စကားကိုေတာ့ Jimin မလြန္ဆန္နိုင္ဘူးေလ
"နင့္ေျမေခြးပုံစံကို နင့္ရည္းစားကို ျပလိုက္ မဟုတ္ရင္ ဒီဆိုင္ေရွ႕ ငါေသြးေတြလႊမ္းသြားေအာင္လုပ္ပစ္မွာေနာ္ "
Jimin သက္ျပင္းခ်ၿပီး မ်က္လုံးဖြင့္လိုက္ေတာ့ သူမရဲ႕ နီရဲေနတဲ့ မ်က္လုံးေတြကို ျမင္ၿပီး Minjeong ေနာက္သို႔ဆုတ္သြားသည္
Minjeongရဲ႕ ထိတ္လန့္မႈကို ျမင္လိုက္ရေတာ့ Jimin မ်က္ရည္ေတြက်လာသည္
"Minjeong. ....."
"Oh Jimin... "
"ျမင္လား သူ႕ပါးစပ္မွာလည္း အစြယ္နဲ႕ နားေထာင္ ကေလးမ ငါ့ဘိုးေဘးေတြနဲ႕အတူ ငယ္ကတည္းက နိုင္ငံေပါင္းစုံက မေကာင္းဆိုးဝါးေတြကို ႏွိမ္နင္းလာတာ ဂူမီဟိုေတြကလည္း အရမ္းဆိုးတဲ့ေျမေခြးမေတြဆိုတာ နင္ၾကားဖူးမွာပါ ဒါေၾကာင့္မို႔လို႔ ဒီေျမေခြးမကို "
"မ မလုပ္ပါနဲ႕ ကြၽန္မ ေတာင္းပန္ပါတယ္ သူ႕ကို နာက်င္ေအာင္မလုပ္ပါနဲ႕ "
Jiminက ေျမေခြးမဆိုတာ သိသြားတာေတာင္ အခုထိ ေတာင္းပန္ေနတဲ့ Minjeongကို Joohyun အံ့ၾသသြားတယ္
"နင္ အခုထိ နားမလည္ေသးဘူးလား ကေလးမ အခုခ်ိန္ သူ႕ကိုမသတ္ရင္ ေနာက္လၾကတ္တဲ့အခ်ိန္ေတြမွာလည္း သူ ထြက္လာၿပီး လူေပါင္းမ်ားစြာကိုသတ္ပစ္လိမ့္မယ္ "
"ရွင္ ေျပာတာ ကြၽန္မမယုံဘူး "
"ကဲ သူ႕ကိုေျပာလိုက္စမ္း ေျမေခြးမ ဒီမုန့္ဆိုင္ကို ေရာက္ၿပီးကတည္းက ေကာင္ေလးေတြဘယ္ႏွေယာက္သတ္ခဲ့လည္းဆိုတာ တိတိက်က်ေျပာျပလိုက္စမ္း "
"ငါမသတ္ခဲ့ဘူး Joohyun "
"မလိမ္စမ္းနဲ႕ "
Jiminရဲ႕ ဆံပင္ကို ေဆာင့္ဆြဲၿပီး Joohyunေအာ္လိုက္သည္
Jiminရဲ႕ လည္ပင္းကေနလည္း ဓားနဲ႕ထိုးခံရတဲ့ ေသြးေတြက စီးက်လာသည္
"ကြၽန္မ အႏူးၫြတ္ေတာင္းပန္ပါတယ္ ေက်းဇူးျပဳၿပီး Jiminကို လႊတ္ေပးပါ "
Minjeong လက္အုပ္ခ်ီၿပီး ငိုရင္း Joohyun ကို ဆက္တိုက္ေတာင္းပန္ေနသည္
"ငါ လူမသတ္ခဲ့ဘူး '
"ပရိယာယ္ေတြသုံးၿပီး လာလိမ္မေနနဲ႕ "
"Jiminက လိမ္ေျပာေနတာ မဟုတ္ဘူး ကြၽန္မ သူနဲ႕အခ်ိန္တိုင္း ရွိေနတာ သူဘယ္သူ႕မွနာက်င္ေအာင္မလုပ္ဘူး "
"ဟ သူက လွည့္ဖ်ားတတ္တဲ့ေျမေခြးေနာ္ နင့္ကိုေတာင္ လွည့္ဖ်ားႀကိဳးကိုင္ေနၿပီဘဲ "
Minjeong ဘာမွဆက္မေျပာေတာ့ဘဲ ဆိုင္ထဲ ေျပးဝင္သြားတယ္
Minjeongက ဆိုင္ထဲ ေျပးဝင္သြားတာလား
ငါ့ကို Minjeongက မျမင္ခ်င္ေတာ့ဘူးလား
ေကာင္တာထဲ သိမ္းထားတဲ့ေသနတ္....
Aeriကေတာ့ ဆိုင္ထဲက လူေတြကို ကာကြယ္ဖို႔လို႔ေျပာဖူးတယ္
ဘာလို႔ Minjeongက အဲ့ေသနတ္ကိုထုတ္မသုံးတာလည္း
ငါက လူမဟုတ္လို႔လား
ဟုတ္သား ငါက ေျမေခြးဘဲ
ငါက မုန့္ဖုတ္သမားမွ မဟုတ္တာ
ငါက.... ငါက လူ႕အသက္ေပါင္းမ်ားစြာကို သတ္ခဲ့ဖူးတဲ့ ေျမေခြးဘဲ
ဝဋ္လည္တာဘဲ လူေပါင္းမ်ားစြာ သတ္ခဲ့ၿပီး အခု ငါခ်စ္တဲ့သူေရွ႕မွာ အကူအညီမဲ့စြာ ႐ုပ္ပ်က္ဆင္းပ်က္ေသရေတာ့မွာဘဲ
အခုဆို Joohyunက သံရည္က်ိဳထားတဲ့ အရည္ကို ငါ့ပါးစပ္ထဲေလာင္းထည့္ေတာ့မယ္
ပုပ္ပြေနတဲ့ေျမေခြးပုံစံနဲ႕ Minjeong ေရွ႕ေသရေတာ့မယ္
Joohyunကို ခုခံၿပီးထြက္ေျပးလို႔ရေပမယ့္ Minjeong. ...Minjeong ကို ငါဘယ္လိုလုပ္ရမလည္း
#tbc
Bạn đang đọc truyện trên: Truyen3h.Co