Truyen3h.Co

ကျွန်မချစ်သူ မြေခွေးမလေး

Part 15

KimFany059

#unicode

Click clack

မထင်မှတ်ထားတဲ့ သေနတ်မောင်းချိန်သံကြောင့် Jimin မော့ကြည့်လိုက်တော့ သူမတို့ကို သေနတ်နဲ့ ချိန်ထားတဲ့ Minjeong ကို တွေ့လိုက်ရသည်

"Jiminနဲ့ ခပ်ဝေးဝေးမှာ နေစမ်း "

သေနတ်ကို ကျစ်ကျစ်ပါအောင် Minjeong  ဆုပ်ကိုင်ထားသည်

ငါက Minjeongနဲ့ မထိုက်တန်ပါဘူး

ငါ့ကို ဒီလိုကာကွယ်ပေးဖို့ မထိုက်တန်ပါဘူး "

"နင် ဘာလုပ်တာလည်း ကလေးမ သူက ဂူမီဟိုလေ လူတွေကို သတ်တဲ့ သောက်ရမ်း အန္တရာယ် ရှိတဲ့ ဂူမီဟိုဟ "

"ခပ်ဝေးဝေးမှာ နေဖို့ ကျွန်မ ပြောထားတယ်နော် သူ့ကိုထပ်ပြီး နာကျင်အောင်လုပ်ရင် ရှင့်ကို ကျွန်မ ပစ်လိုက်မှာ "

"ဟာ ဒီကလေးမတော့ နင့်ကိုနင် ဘာလုပ်နေတယ်ဆိုတာ သိရဲ့လား "

"ကျွန်မကို ဆရာလာမလုပ်နဲ့ ဒါနောက်ဆုံး အကြိမ်သတိပေးနေတာနော် Jimin နဲ့ ခပ်ဝေးဝေးမှာ နေပေးပါ "

" ငါက နင့်ကို ကာကွယ်ဖို့လုပ်နေတာလေ "

Bang!!

Minjeongဟာ Joohyunကို ခြိမ်းခြောက်တဲ့အနေနဲ့ ပထမတစ်ချက်ကိုတော့ Joohyun ဘေးနားကိုလွဲအောင်ပစ်လိုက်သည်

"ဒါက သတိပေးတဲ့အနေနဲ့ပစ်တာ နောက်တစ်ခါကတော့ ရှင့်ခေါင်းကို ပစ်မယ် သူ့ဘေးကထွက်သွား "

Minjeong သေနတ်မောင်းကိုချိန်ရင်း အော်လိုက်သည်

"နင် အမှားလုပ်မိမယ်နော် ကောင်မလေး "

"ငါ့ဆိုင်က ထွက်သွား "

Minjeong အံကိုကြိတ်ပြီး အော်တော့ Joohyunက အံံသြခြင်းများစွာနဲ့ ခေါင်းခါမိလိုက်သည်

သူမကို အန္တရာယ်ပြုတဲ့ လူသားစား မကောင်းဆိုးဝါးတွေကို တွေ့ကြုံခဲ့ဖူးပေမယ့် သူမကို အန္တရာယ်ပြုတဲ့ မကောင်းဆိုးဝါးဘက်က ကာကွယ်ပေးနေတဲ့ လူကိုတော့ အခုမှကြုံလိုက်ရသည်

"နင် နင်က  ဒီကောင်မလေးကို ဒီမကောင်းဆိုးဝါးကို အသက်ရှင်ဖို့ ကာကွယ်ပေးဖို့ ငါ့ကိုနှင်ထုတ်နေတာလား သေချာစဥ်းစားစမ်းပါ သူတစ်ယောက်အတွက်နဲ့ လူပေါင်းများစွာကို စတေးမလို့လား အသေခံမလို့လား "

Joohyun သူမကိုထောက်ထားတဲ့ ဓားမှာ သံဓာတ်ပါလို့ Jimin တစ်ကိုယ်လုံးနုံးခွေနေသည် သို့သော်လည်း Minjeongက သူမကို ကာကွယ်ပေးနေတာ တွေ့ရတော့ အားပြန်တက်လာတယ်လေ

ငါလည်း Minjeongကို ကာကွယ်ပေးရမယ်

"နှစ်ကိုးရာနဲ့ သုံးဆယ့်ရှစ်ရက်ရှိပြီ... ".

"ဘာပြောတယ် မြေခွေးမ "

"နှစ်ပေါင်းကိုးရာနဲ့ သုံးဆယ့်ရှစ်ရက်ရှိပြီ ငါ လူသားမစားဘဲ နေခဲ့တာ "

"မလိမ်စမ်းနဲ့ "

"ငါ လိမ်ပြောနေတာမဟုတ်ဘူး... ပြီးတော့ နင် ငါ့ကို မသတ်နိုင်လို့ စိတ်ပူမနေနဲ့  ...."

"နင့်မှာ အချိန်ရှိပါသေးတယ် မကြာခင် လကြတ်တော့မှာဘဲ "

"နင်က တကယ်ဘဲ ပြောရခက်လိုက်တာ ငါ တောင်းပန်နေတာပါ မကြာခင် ပျောက်ကွယ်ရမယ့်သူမို့လို့ ဒီလိုမျိုးတော့ မသေချင်ဘူး "

Joohyunလည်း မကောင်းဆိုးဝါးနဲ့ မကောင်းဆိုးဝါးကို ကာကွယ်ပေးနေတဲ့ Minjeongတို့ကြား ဘာလုပ်ရမလည်းမသိတော့ပေ

ခဏလောက် စဥ်းစားပြီးနောက် သူမဓားကို ပြန်သိမ်းလိုက်သည်

"ငါလည်း ငါ့ဓားကို သိမ်းလိုက်ပြီမို့ နင်လည်း ငါ့ကိုချိန်ထားတဲ့ သေနတ်ဖယ်လိုက်ပါ "

Joohyunပြောပြီး ဓားကိုသိမ်းကာ Jimin အနားကပ်သွားတော့ Minjeongမှာ Jiminကို သေနတ်နဲ့ချိန်လိုက်သည်

"ဟေး ငါဘာမှမလုပ်ပါဘူး ဓားကို ခပ်ဝေးဝေးမှာ ပစ်လိုက်ပြီ ကဲ ငါ့မှာ ဘာလက်နက်မှမရှိဘူးနော် ဒီမြေခွေးနဲ့စကားပြောချင်ရုံပါ "

Joohyun ဓားကို မလှမ်းမကမ်းသို့ ပစ်ကာပြောပေမယ့် Minjeongကတော့ သေနတ်နဲ့ချိန်ထားဆဲ

"ဒီမှာ ဂူမီဟို နင်ပြောတာတွေ ငါမယုံပေမယ့် "

"ငါ့ကိုကြည့် Joohyun "

Joohyunမေးဖျားကို Jimin ကိုင်လိုက်ပြီး ထရပ်ကာ သူမကို ကြည့်ခိုင်းလိုက်သည်

Joohyunလည်း ရုတ်တရက်အငိုက်မိပြီး ဂူမီဟိုရဲ့ မျက်လုံးအနီကိုကြည့်မိသွားသည်

Jiminလည်း ဒဏ်ရာရနေတဲ့ ကြားက သူမအစွမ်းကိုထုတ်သုံးလိုက်ရသည် မဟုတ်ရင် Joohyunကလည်း လက်လျော့မှာ မဟုတ်ဘူးလေ

ပြီးတော့ Minjeongကလည်း သူမကို ဆက်ကာကွယ်ပေးနေအုံးမှာ....သူမကြောင့်နဲ့ Minjeongကို တစ်ခုခုမဖြစ်စေချင်ဘူးလေ

"ဒီမုန့်ဆိုင်ကနေထွက်သွား ဘယ်တော့မှ ဒီကို ပြန်မလာနဲ့ ပြီးတော့ Minjeongကိုလည်း တစ်ယောက်တည်း ပေးနေလိုက်ပါ အခုနင့်ကားပေါ်တက်ပြီး ဒီကနေ ထွက်သွား "

Joohyunမျက်လုံးကို စိုက်ကြည့်ပြီး Jimin အမိန့်ပေးလိုက်သည်

Joohyun လည်း Jimin မျက်လုံးကို ကျောက်ရုပ်လို ကြည့်နေရာက ခေါင်းညိတ်ပြီး

"ကောင်းပြီ ငါထွက်သွားမယ် ဘယ်တော့မှပြန်မလာတော့ဘူး "

Jiminရဲ့ ညို့ငင်စွမ်းတွေကြား Joohyunရောက်သွားပြီး သူမရဲ့ဓားကိုတောင် မယူဘဲ ကားပေါ်တက်ကာ မောင်းထွက်သွားသည်

"Jimin "

Jiminကို အမြန် ကောက်တွဲပြီး Minjeong ဆိုင်ထဲသို့ ခေါ်သွားလိုက်သည်

စနေနေ့ဖြစ်လို့ ကျောင်းသားတွေဝန်ထမ်းတွေ မရှိ မလာကြလို့ လူရှင်းနေတာကိုဘဲ Minjeong ကျေးဇူးတင်မိသည်

မဟုတ်ရင် ဖြတ်သွားဖြတ်လာတွေ စျေးဝယ်တွေက Jiminကို တွေ့ပြီး အန္တရာယ်ပေးလျှင်......

Minjeong ဆိုင်တံခါးကို သေချာသော့ခတ်ပြီး ပြတင်းပေါက်နဲ့လိုက်ကာတွေကိုပါ သေချာလိုက်ပိတ်နေသည်

အိပ်ခန်းထဲက ပြတင်းပေါက်တွေရော အခန်းတံခါးပါသော့ခတ်နေတဲ့ Minjeongကို Jimin ကြည့်နေမိသည်

"သူ ပြန်မလာတော့ပါဘူး "

"နင် ဘယ်လိုသိလည်း Jimin "

"ငါလုပ်လိုက်တာလေ မြေခွေးတွေရဲ့ လုပ်နိုင်စွမ်းတစ်ခုပေါ့ '

Minjeong သေနတ်ကို ကုတင်ပေါ်သို့ ပစ်တင်ကာ သူမရဲ့ ဆံပင်တွေကို စိတ်ရှုပ်ရှုပ်နဲ့ ထိုးဖွလိုက်သည်

"တောင်းပန်ပါတယ်....Minjeong "

Minjeongရဲ့ လက်တွေတုန်ရီနေတာကိုလည်း Jimin သတိထားမိသည်

"ငါတောင်းပန်ပါတယ် Minjeong ရယ် "

Minjeong ခေါင်းထဲမှာလည်း အတွေးပေါင်းစုံနဲ့ ချာချာလည်နေသည်

ငါက Customer ကို အော်ဟစ်ခဲ့တာ

အဖေ့ရဲ့သေနတ်နဲ့ ဆိုင်ရှေ့က ကြမ်းပြင်ကို ပစ်ခဲ့တာ

ပြီးတော့ ငါ့အိမ်မှာ ရှိနေတဲ့ Jiminက ဂူမီဟိုတဲ့လား

မျက်လုံးက နီရဲနေတဲ့အပြင် အမြီးပါထွက်လာတဲ့ Jiminကို Minjeong ကြောင်ပြီး ကြည့်နေမိသည်

Jiminက တကယ် ဂူမီဟိုဘဲ

Jimin လည်ပင်းကနေ သွေးတွေမတိတ်သေးဘဲ သွေးတွေစိမ့်ထွက်နေတာကိုပါ Minjeong တွေ့လိုက်ရသည်

"Jimin နင် အဆင်ပြေရဲ့လား "

"နာ နာတယ်...."

Jiminမှာ အပူလောင်ထားသလို နာကျင်နေတဲ့လည်ပင်းက ဒဏ်ရာကိုပြပြီး ပြောတော့ Minjeong ဘီဒိုထဲကဆေးသေတ္တာကို ထုတ်ယူလိုက်သည်

Jimin လည်ပင်းက ဒဏ်ရာကို ဆေးသေချာထည့်ပေးရင်း Jiminရဲ့ မျက်လုံးတွေကို Minjeongကြည့်နေမိသည်

"နင် နင် တကယ်ဘဲ"

"တောင်းပန်ပါတယ် ဒီညဘဲ ပြောပြတော့မလို့ကို ခုလိုဖြစ်သွားရတယ် ငါ မပြောဘဲနေမိလို့ တကယ်တောင်းပန်ပါတယ်.... "

"နင့်ဒဏ်ရာ မီးလောင်ထားသလိုဖြစ်နေတာဘဲ တော်တော်နာနေမှာဘဲ "

"Minjeong ငါက မကောင်းဆိုးဝါးမှန်း သိခဲ့တာတောင် ဘာလို့ ကူညီခဲ့တာလည်း ဘာလို့ Joohyun ကို မသတ်ခိုင်းရတာလည်း "

"ရူးကြောင်ကြောင် မေးခွန်းတွေမမေးစမ်းနဲ့Jimin "

"Minjeong... ဟုတ်တယ် ငါက ဘယ်ကလာတယ်ဆိုတာ မမှတ်မိဘူးလို့ ပြောခဲ့တာက နင့်ကို လိမ်ခဲ့မိတာဘဲ Joohyunပြောသလို ငါက လူပေါင်းများစွာကို သတ်ခဲ့ပြီး စားခဲ့တာ...."

"ဘာလို့ လူတွေကိုစားရတာလည်း "

"လူတွေက ငါတို့အစားအစာဘဲလေ  သူတို့ကို မစားရင် "

"Jimin "

"ဒါပေမယ့် ငါ.... နင်နဲ့တွေ့ပြီးနောက်မှာ လူတစ်ယောက်မှ မသတ်ခဲ့ဘူး ငါ ကျိန်ရဲတယ် Minjeong. ....ငါ နင်နဲ့တွေ့ပြီး အရင်နဲ့ မတူဘဲ ပြောင်းလဲသွားချင်ခဲ့တာ ပြောင်းလဲခဲ့တာ "

Jiminရဲ့ မျက်ဝန်းထဲ မျက်ရည်လေးတွေကို Minjeong တွေ့နေရသည်

"ဒါဆို ဟိုအရက်သမားကိုလည်း နင်သတ်ချင်ခဲ့တာလား '

"ဟုတ်တယ် ငါသတ်ချင်ခဲ့တာ ဒေါသထွက်တာရော ဆာလောင်နေလို့ ငါ..."

"နင် ဆာလောင်မှုကြောင့်ဘဲ လူသတ်ခဲ့တာ မဟုတ်လား သတ်ချင်လို့သတ်ခဲ့တာ အမဲလိုက်ခဲ့တာမဟုတ်ဘဲနဲ့လေ "

"ဒါပေမယ့် ငါ...."

"ငါ ဂရုမစိုက်ဘူး နင့်ဘာသာ လူဖြစ်နေနေ ဂူမီဟိုဖြစ်နေနေ ငါဂရုမစိုက်ဘူး နင်က ငါ့ရဲ့ Jimin ဘဲ Joohyunက နင့်ကို မကောင်းဆိုးဝါးလို့ပြောလည်း ငါသောက်ဂရုမစိုက်ဘူး Jiminရယ် ငါ.... "

Minjeongဆက်မပြောနိုင်တော့ဘဲ Jiminကို ဆွဲဖက်ကာ နမ်းလိုက်သည်

#tbc

#zawgyi

Click clack











Bang!!





"ငါ့ဆိုင်က ထွက်သွား "

Minjeong အံကိုကြိတ်ပြီး အော်တော့ Joohyunက အံသြခြင်းများစွာနဲ့ ခေါင်းခါမိလိုက်သည်






"ဘာပြောတယ် မြေခွေးမ "


"မလိမ်စမ်းနဲ့ "











"ငါ့ကိုကြည့် Joohyun "










"Jimin "



မဟုတ်ရင် ဖြတ်သွားဖြတ်လာတွေ ဈေးဝယ်တွေက Jiminကို တွေ့ပြီး အန္တရာယ်ပေးလျှင်......



"သူ ပြန်မလာတော့ပါဘူး "












Jiminက တကယ် ဂူမီဟိုဘဲ



"နာ နာတယ်...."



"နင် နင် တကယ်ဘဲ"








"Jimin "






"ဒါပေမယ့် ငါ...."



#tbc

Bạn đang đọc truyện trên: Truyen3h.Co